Channel Myanmar

Romance

May I Help You(2022) [Complete]
May I Help You(2022) [Complete] May I Help You(2022) [အစ-အဆုံး]အပိုင်းသစ် - ၁၅ နှင့် ၁၆ (ဇာတ်သိမ်းပိုင်း)(1080p များရပါပြီ ခင်ဗျာ)Baek Dong Ju (Hyeri) က နာရေးကူညီမှုက ဒါရိုက်တာတစ်ယောက်ဖြစ်ပြီး သေသွားတဲ့လူတွေကို မြင်နိုင်၊ ပြောဆိုနိုင်တဲ့ အထူးစွမ်းရည်တစ်ခု ပိုင်ဆိုင်ထားပါတယ်။ သေသွားတဲ့လူတွေဟာ Dong Ju ဆီကို သူတို့ရဲ့ နောက်ဆုံးဆန္ဒကို တောင်းဆိုတယ်။ တကယ်လို့ Dong Ju က မလုပ်ပေးဘူးဆိုရင် အဲ့နေ့တစ်နေ့လုံး ကံဆိုးမှုတွေကို ကြုံရမှာပါ။ Kim Jib Sa (Lee Jun Young) ကတော့ ဦးလေးဖြစ်သူပိုင်ဆိုင်တဲ့ "အီဒန်းဘဲ့" ကုမ္ပဏီက ဝန်ထမ်းဖြစ်ပြီး "အီဒန်းဘဲ့" ဆိုတာကတော့ တစ်နေ့ကို ဝမ် 100 ကနေစပြီး ဖောက်သည်တွေ တောင်းဆိုသမျှ အလုပ်အားလုံးကို အကောင်းဆုံးဝန်ဆောင်မှုပေးတဲ့ လုပ်ငန်း‌မျိုးပါ။ Baek Dong ...

May I Help You(2022) [Complete]

2022
The Fabulous (2022) [Complete]
The Fabulous (2022) [Complete] The Fabulous (2022) [အစ-အဆုံး]အပိုင်းသစ် - ၈ (ဇာတ်သိမ်းပိုင်း) ရပြီနော်အားလုံးစောင့်နေကြတဲ့ Minho နဲ့ Soo Bin တို့ရဲ့ The Fabulous ဇာတ်လမ်းတွဲလေးထွက်လာပါပြီ။ဖက်ရှင်လောကထဲမှာ သူတို့ဘဝတွေကို နှစ်မြှုပ်ထားပြီးတော့ ရှင်သန်နိုင်ဖို့အတွက် ရုန်းကန်နေကြတဲ့ လူငယ်တွေအကြောင်းကို ရိုက်ကူးထားတာပါ။ ဖက်ရှင်ဦးစားပေး ဇာတ်ကားလေးဖြစ်လို့ လူငယ်တွေ တော်တော်များများ ကြိုက်နှစ်သက်ကြမယ်လို့ ထင်ပါတယ်။ဇာတ်လမ်းအကျဉ်း ...ဂျီအူမင်ကတော့ ဓာတ်ပုံတွေကို ပိုမိုပြီး လှပအောင်လို့ ပြုပြင်ပေးတဲ့ freelancer retoucher တစ်ယောက်ဖြစ်ပါတယ်။ ရုပ်ရည်ချောမောရုံသာမကဘဲ အလုပ်လုပ်တဲ့နေရာမှာလည်း အရည်အချင်းရှိတဲ့လူငယ်တစ်ယောက်ပါ။ ဒါပေမဲ့ သူ့ရဲ့အလုပ်မှာ အချစ်ရေးမှာရော သူက သိပ်ပြီး စိတ်အားထက်သန်မှုတွေ ရှိမနေခဲ့ပါဘူး။ဖြိုဂျီအွန်းဆိုတဲ့ကောင်မလေးကတော့ ငယ်ငယ်လေးကတည်းက ဖက်ရှင်လောကမှာ အလုပ်လုပ်ဖို့အတွက် အိပ်မက်တွေရှိခဲ့တဲ့ ကောင်မလေးတစ်ယောက်ပါ။ ဇိမ်ခံဘရန်းတွေကို ပရိုမိုးရှင်းဆင်းပေးတဲ့ ကုမ္ပဏီတစ်ခုမှာ ဌာနခွဲမှူးတစ်ယောက်အဖြစ်အလုပ်လုပ်ကိုင်လျက်ရှိပါတယ်။ ဖက်ရှင်လောကမှာ ရှင်သန်နိုင်ဖို့အတွက် ကြိုးစားချိန်မှာတော့ ဒီလောကထဲမှာ အမြဲတမ်း တက်ကြွပြီး ...

The Fabulous (2022) [Complete]

2022
You Are My Makeup Artist (2022) 8.5
You Are My Makeup Artist (2022) You Are My Make up Artist (2022)စူပါစတားမလေးရဲ့နှလုံးသားပိုင်ရှင်ဝါစီတာ အဖြစ် Janie Tienphosuwan ကတ် အဖြစ် Gulf Kanawutဇာတ်လမ်းအကျဉ်းဝါစီတာက နာမည်ကြီး မင်းသမီးတစ်ယောက်ဖြစ်ပြီး ချစ်ရသူ ရတ်ချာနွန်နဲ့ လက်ထပ်ပြီး မိသားစုဘဝကို တည်ဆောက်ချင်နေတဲ့ မိန်းကလေးတစ်ယောက်ပါကတ်ကတော့ ဝါတို့အိမ်က ကောင်လေးဖြစ်ပြီး ငယ်ကတည်းက မိတ်ကပ်လိမ်းတာဝါသနာပါတာမို့ လက်ရှိမှာတော့ ထိုင်းနိုင်ငံရဲ့ နာမည်ကြီးမိတ်ကပ်ဆရာတစ်ယောက်လည်း ဖြစ်ပါတယ်ကတ်က ခွန်ဝါ့ကို ချစ်ကြောက်ရိုသေသူဖြစ်ပြီး ခွန်ဝါ့စကားတစ်ခွန်းဆို တစ်ခွန်းအတိုင်း အလိုလိုက် အကြိုက်ဆောင်သူလည်းဖြစ်ပါတယ်ခွန်ဝါကတော့ ကတ်ကို မောင်လေးတစ်ယောက်လို သဘောထားပြီး ဂေးနေတယ်လို့ မှတ်ယူထားပါတယ်ဝါရဲ့သတို့သားလောင်း နွန်က အမြဲဖောက်ပြန်နေတတ်သူဖြစ်ပြီး မိသွားတိုင်း ဝါ့ကို တောင်းပန်ကာ သက်သေမရှိတာကြောင့် ခွင့်လွှတ်ပေးခံရသူပေါ့တစ်ရက် နွန်က ဝါ့အမေ စျာပနကို မလာဘဲ ဖောက်ပြန်နေခဲ့တဲ့အပြင် ဗီဒီယိုကပါ လူထုဆီ ပျံ့လာခဲ့ချိန်မှာတော့...ဝါတစ်ယောက် အကြီးအကျယ် ပေါက်ကွဲကာ ကတ်နဲ့ တူတူ ...
8.5
TMDb: 8.5/10 votes
tv

You Are My Makeup Artist (2022)

2022
Emily in Paris (2022) Season 3 7.9
Emily in Paris (2022) Season 3   နက်ဖလစ်ရဲ့ ကမ္ဘာကျော်စီးရီးဖြစ်တဲ့အမ်မလီ တဂျိန်းဂျိန်းအင် ပဲရစ် အတွဲ-၃ ထွက်လာပါပြီ။ဒီစီးရီးဟာ ဖက်ရှင်၊ ဟာသ၊ အချစ်၊ ပဲရစ်အလှအပတွေကြောင့်အရမ်းနာမည်ကြီးခဲ့တဲ့ စီးရီးလည်းဖြစ်ပါတယ်။ အတွဲ-၂ ရဲ့အဆုံးအတိုင်းအမ်မလီနဲ့အယ်လ်ဖီ၊ ဂါဘရီရယ်နဲ့ ကာမီလ်တို့ ဘယ်လို စခန်းသွားကြမလဲ။ဆရာမကြီးနှစ်ယောက်ဖြစ်တဲ့ မက်ဒ်လင်းနဲ့ ဆယ်လ်ဗီတို့ အားပြိုင်မှုကြားမှာအမ်မလီ ဘာဆက်လုပ်မလဲ။အမ်မလီနဲ့ သူငယ်ချင်း မင်ဒီတို့နှစ်ယောက်ရောကြားထဲမှာဘယ်လိုတွေ ခွီကြဦးမလဲဆိုတာဆက်ကြည့်လိုက်ရအောင်။ File Size –  300MB / 500MB @EpisodeQuality – 720p / 1080p AAC 5.1CHDuration – 35 minute (@Episode)Total Episodes: 10EpsSubtitle – Myanmar HardsubFormat – Mp4Genre : Comedy / DramaTranslator – Mr Anderson , JimX , Thet Hnin Hsu ...
7.9
TMDb: 7.9/10 941 votes
tv

Emily in Paris (2022) Season 3

2020
First Love (2022)
First Love (2022) အချစ်ဦးဆိုတာ အချစ်ဆိုတဲ့အရာကို ပထမဆုံးသိရှိပြီးဘဝရဲ့ ပထမဆုံး ရင်ခုန်စိတ်လှုပ်ရှားမှုအမျိုးစုံကို ခံစားစေတဲ့သူ၊အကြောင်းရင်းမရှိ သတိမမူမိဘဲနဲ့ အချစ်ဆိုတဲ့အရာထဲ ရောက်ရှိပြီးရင်ထဲမှာ လိပ်ပြာတွေပျံဝဲနေသလို ခံစားရအောင်လုပ်နိုင်သူပါ။ဒီတစ်ခါမှာတော့ CM ပရိသတ်တိုအတွက် ချစ်စရာအချစ်ဦးအမှတ်တရတွေအများကြီးပါတဲ့ ဇာတ်ကားလေးတစ်ကားကို တင်ဆက်ပေးလိုက်ပါတယ်။ဒီကားလေးမှာတော့ New Life Begin မင်းသမီးလေး Tian Xiwei နဲ့Delicacies Destiny မင်းသားချော Wang Xingyue ကအဓိကပါဝင်သရုပ်ဆောင်ထားပါတယ်နော်။ဆေးတက္ကသိုလ် ဒုတိယနှစ်ကျောင်းသူ လုဝမ်ဝမ်က မဝံ့မရဲဖြစ်တဲ့စိတ်ကြောင့်စာမေးပွဲ ခဏခဏ ကျနေသူတစ်ဦးပါ။ တစ်နေ့ အမူးလွန်ပြီးနောက်မှာထိပ်တန်းဆေးကျောင်းသား ရန်ချူနဲ့ ကောလဟာလသတင်း ထွက်ပါတော့တယ်။ဒီကောလဟာလကို ဖယ်ရှားဖိုအတွက် နှစ်ဦးသား သဘောတူစီမံကိန်းဆွဲပြီးလုပ်ဆောင်တဲ့အခါမှာတော့ နှစ်ယောက်ကြား အပြန်အလှန်အားသာချက်တွေရှာတွေ့ပြီး ခံစားချက်တွေ ပေါက်ဖွားလာကြပါတယ်။တစ်ယောက်နဲ့တစ်ယောက် မသိမသာ ဖေးမကူညီကြရင်း...ရန်ချူရဲ့အကူအညီနဲ့ လုဝမ်ဝမ်တစ်ယောက်မဝံ့မရဲဖြစ်တဲ့စိတ်ကို ကျော်လွှားနိုင်မှာလား။ရန်ချူကလည်း လုဝမ်ဝမ်ကြောင့် သွေးအေးတဲ့ပုံစံကနေဖော်ရွေတဲ့သူတစ်ယောက်အဖြစ် ပြောင်းလဲသွားမှာလား။အချစ်ဆိုတဲ့ ပုစ္ဆာတစ်ပုဒ်ကို ဘယ်လိုဖြေရှင်းကြမလဲဆိုတာကိုရိုဆန်မှုအပြည့်ပါဝင်တဲ့ လူငယ်အချစ်ဟာသဇာတ်ကားလေးမှာအခုပဲကြည့်ရှုလိုက်ပါဦးနော်။[Reviewed by Chan]Quality : WEB-DL 720p,1080pTotal ...

First Love (2022)

2022
The White Lotus (2021) Season1 + Season2 7.3
The White Lotus (2021) Season1 + Season2 The White Lotus (2021)The White Lotus က HBOကနေ 2021မှာ ထွက်ခဲ့တဲ့ အပိုင်း ၆ပိုင်းပဲ ပါတဲ့limited စီးရီးပါ။ HBOရဲ့ limited စီးရီးတွေဟာ ဘယ်တော့မှ စိတ်မပျက်ရတာကိုChernobyl, Watchman, Mare of East Town, Big Little Lies တို့ကိုကြည့်ဖူးတဲ့ သူတိုင်းသိကြမှာပါ။ဒီစီးရီးကလဲ မြန်မာနိူင်ငံမှာ လူပြော မများပေမယ့် အနောက်ဘက်မှာတော့ ပရိတ်သတ်ရောဝေဖန်ရေးဆရာတွေဆီကပါ ချီးကျူးသံညံခဲ့တဲ့ စီးရီးပါ။review ဖတ်ပျင်းမယ့် လူတွေကိုတော့၊ Alexander Daddario တို့ Euphoriaထဲက Sydney Sweeney တို့လိုအလှနတ်ဖုရားမလေးတွေရဲ့ ကမ်းခြေက အလှတရားတွေ အများကြီး မြင်ရမှာကို တွေးပြီးကြည့်ဖြစ်အောင်ကြည့်လိုက်ကြပါလို့ပဲ တိုက်တွန်းပါ့မယ်။ plotထက် သူတို့လေးတွေကို ဦးစားပေးကြမယ့်ပုဂ္ဂိုလ်များကတော့ အောက်က synopsisတွေ reviewတွေ ဆက်မဖတ်လဲ ရပါပြီ။ဇာတ်အိမ်ကတော့ ဟာဝိုင်အီက ...
7.3
TMDb: 7.3/10 137 votes
tv

The White Lotus (2021) Season1 + Season2

2021
Mere HumSafar(2021) Season 1 10
Mere HumSafar(2021) Season 1 Mere HumSafar============မိသားစုကြီးတစ်ခုမှာ အလိုအပ်ဆုံးအရာတခုဆိုတာကတော့နွေးထွေးမှုလို့ပြောရမှာပါပဲ။နွေးထွေးမှုမရှိ တယောက်နဲ့တယောက်ကြင်နာနားလည်မှုကလည်းမရှိ ဖြစ်နေတဲ့မိသားစုကြီးတခုကတော့အေးချမ်းရမှာကိုမဟုတ်ပါဘူး ရီဖတ် မိသားစုကြီးကလည်းဒီလိုပါပဲ။ငွေကြေးကလည်းချို့တဲ့။ ချွေးမဖြစ်တဲ့ရှာဂျာဟန်, ဆိုဖီရာတို့နဲ့ယောက္ခမဖြစ်သူကလည်း တယောက်နဲ့တယောက်မတည့်။သားတွေဖြစ်တဲ့‌ ရေးနဲ့ဂျလီကလည်းလိုရာထပ်ပိုပြောတတ်တဲ့အမေ ရီဖတ်ဘက်ကအမြဲပါလို့ ရန်တကျက်ကျက်ဖြစ်နေရတဲ့အိမ်ကြီးပါ။ဒီလိုမိသားစုကြီးကို ကံမကောင်းအကြောင်းမလှစွာနဲ့ရောက်လာရတာကတော့ အငယ်ဆုံးသား နာဖီးစ်ရဲ့သမီးလေးဖြစ်သူ ဟာလာပါပဲ။နာဖီးစ်ဟာ အိမ်ထောင်သစ်ကြောင့် ဟာလာ့ကိုငွေကြေးအပြည့်အစုံနဲ့‌စောင့်ရှောက်ဖို့အပ်ထားခဲ့ပေမယ့် ဒီ‌ငွေမက်ပြသာနာပေါင်းစုံမိသားစုကြီးဟာ ဟာလာ့ကို‌ မျိုးစုံနှိပ်စက်ပါတော့တယ်။အထူးသဖြင့်ကတော့ အငြှိုးအတေးကြီးတဲ့ ရှာဂျာဟန်ပါပဲ။ဟာလာတယောက် ဒီမိသားစု ဒီလောကဓံတွေကိုဘယ်လိုမျိုးရင်စည်းခံသွားမလဲ။မိမိကိုချစ်ရတဲ့သူနဲ့တောင်မှပျော်ရွှင်ခွင့်ရနိုင်ပါ့မလားဆိုတာကိုMere Humsafar ပါကစ္စတန် ဇာတ်လမ်းတွဲမှာကြည့်ရှုခံစားပေးပါဦး။ Episodes: 40File Size: 600MBQuality : 1080pGenres: Drama , RomanceTranslated by Sai Sumali , Elizabeth Khant , Jerrica , Chole Khin , Thet Ko , BrackmanEncoded by  Min Wai  Episode 1 1080P>>>> UsersDrive   | Yoteshin ...
10
TMDb: 10/10 1 votes
tv

Mere HumSafar(2021) Season 1

2021
Catch me Baby (2022)
Catch me Baby (2022) “အချစ်စိန်ပြေးတမ်း” Catch Me Baby (2022)သူ့ရဲ့စားဝတ်နေရေးအတွက် Relationship Juggler လို့ခေါ်တဲ့ အိမ်ထောင်ရေးအကျိုးဆောင်အလုပ်ကို လုပ်နေတဲ့ Phat ဟာ အသွင်ပြောင်းတဲ့နေရာမှာ ကျွမ်းကျင်ပြီး ဘယ်သူကမှ သူ့ကိုမဖမ်းမိနိုင်လောက်အောင်တော်တဲ့ ဉာဏ်ကြီးရှင်ပါ"အိမ်ထောင်ရေးအကျိုးဆောင်" ဆိုတဲ့ အလုပ်ကတော့ ‌ နောက်မီးလင်းချင်တဲ့သူတွေ လင်းနေတဲ့သူတွေကို သူတို့ရဲ့ဆိုင်ရာပိုင်ရာတွေ မသိရှိရအောင် လိုက်လံကူညီပြီး စီစဉ်ပေးရတဲ့အလုပ်မျိုးပါပဲဝင်ငွေကောင်းတဲ့အလုပ်တစ်ခုဖြစ်တာကြောင့် Phat ကတော့ ဒီအလုပ်ကို လက်လွှတ်လိုက်ဖို့ လုံးဝ စိတ်ကူးမရှိပါဘူးတစ်ဖက်မှာလည်း Cher က အိမ်ထောင်ရေးဖောက်ပြန်မှုတွေကို လိုက်လံစုံစမ်းအရေးယူနေတဲ့ စုံထောက်တစ်ယောက် ဖြစ်နေပါတယ်ဒီလိုနဲ့ အလုပ်အကိုင်ကအစ ဆန့်ကျင်ဘက်ဖြစ်နေကြတဲ့ Phat နဲ့ Cher တို့နှစ်ယောက်ကို ကံကြမ္မာက တွေ့ဆုံခွင့်ပေးလိုက်တဲ့အခါမှာတော့...Phat ရဲ့ အလုပ်အကိုင်နဲ့ပတ်သက်ပြီး Cher တစ်ယောက် ဘယ်လိုတွေလိုက်လံဖော်ထုတ်သွားမလဲ၊ အိမ်ထောင်ရေးဖောက်ပြန်မှုတွေကြားမှာ ကျင်လည်လာတဲ့ ဒီနှစ်ယောက်ရဲ့ အချစ်ရေးကရော ဘယ်လိုများဖြစ်လာမလဲဆိုတာ စိတ်ဝင်စားဖွယ် ကြည့်ရှုကြရမှာပါNetJames တို့နှစ်ယောက်ကိုလည်း ဒီဇာတ်ကားလေးထဲမှာ BL Couples အနေနဲ့ Support Role မှာ ရှုစားကြရမှာဖြစ်လို့ BL ပရိသတ်ကြီးတို့လည်း လက်မလွှတ်သင့်တဲ့ဇာတ်ကားတစ်ကားပါပဲအညွှန်းကိုတော့ Hmwe Thet Winn ...

Catch me Baby (2022)

2022
(18+)X Sutra (2021)
(18+)X Sutra (2021) X Sutraဂေါင်းကြီးတို့အတွက် ဒီတစ်ခါမိတ်ဆက်ပေးမယ့် စီးရီးလေးကတော့ အပြောနဲ့မဟုတ်ဘဲ လက်တွေ့ဗျင်းမယ့် အပိုင်း ၃ ပိုင်းပါဝင်တဲ့ အိန္ဒိယစီးရီးလေးပါပဲဗြဟ္မနွယ်ဝင်တွေပေါ့ ပြောရမယ်ဆိုရင် အိန္ဒိယမှာ ပုဏ္ဍားမျိုးရိုးတွေ... ဇာတ်မြင့်တွေပေါ့ဗျာဒီလိုဇာတ်မြင့်တွေကိုဆို အိန္ဒိယအခြေခံလူတန်းစားတွေက နေရာတကာမှာ ရှေ့တန်းတင် ဆရာတင်ကြသလို လေးလည်းလေးစားကြတယ်ဇာတ်လမ်းက အဲ့ဒီမှာစတာပဲဂုရုကြီးက စကီလေးတွေကို အတွင်းစိတ်ရဲ့နက်ရှိုင်းမှုကို နက်နက်ရှိုင်းရှိုင်း ကိုယ်ဖိရင်ဖိ သင်ပြပေးတာပါပဲဒါလေးကြည့်ပြီး ဂေါင်းကြီးတို့လည်း ကိုယ်ဖိရင်ဖိသင်ပေးနိုင်ပါစေနော်Quality : 720pTotal Episodes :3EpsFormat : mp4Genres :RomanceDuration :20minSubtitle : Myanmar Subtitle ( Hardsub )Translated by DevilEncoded by X Cross Episode1 >> Yoteshin / Userdrive / Megaup / Meganz / Streambvid Episode2 >> Yoteshin / Userdrive / Megaup / Meganz ...

(18+)X Sutra (2021)

Happy Ending Romance S01 (2022) [Complete]
Happy Ending Romance S01 (2022) [Complete] Happy Ending Romance S01 (2022) [အစ-အဆုံး]အပိုင်းသစ် (၇ နှင့် ၈) (ဇာတ်သိမ်းပိုင်း)(1080p ရပါပြီ)ဂျောင်ဝူဟာ အလားအလာရှိတဲ့စာရေးဆရာတစ်ယောက်ပေမယ့် အတိတ်ကပြဿနာတစ်ခုကြောင့် အချိန်ပိုင်းအလုပ်တွေလုပ်ရင်း ဇာတ်မြုပ်နေထိုင်နေရသူပါ။ ဒီလိုခက်ခဲတဲ့အချိန်အတွင်း သူ့ဘေးနားမှာရှိနေပေးတဲ့သူကတော့ အရင်းနှီးဆုံးသူငယ်ချင်းလည်းဖြစ်၊ best-selling စာရေးဆရာလည်းဖြစ်တဲ့ ဂျောင်ဟျွန်းပဲဖြစ်ပါတယ်။တစ်နေ့ အထင်ကရထုတ်ဝေသူတစ်ဦးဖြစ်တဲ့ လူငယ်စီအီးအို ဟန်ထယ်ယောင်းက ဂျောင်ဝူဆီချဥ်းကပ်လာပြီး စာပေလောကထဲပြန်ဝင်ဖို့ကြိုးစားစည်းရုံးတဲ့အခါမှာတော့ ...ဂျောင်ဝူ၊ ဂျောင်ဟျွန်းနဲ့ ထယ်ယောင်းတို့သုံးယောက်ရဲ့ ကံကြမ္မာတွေ ဘယ်လိုပတ်သက်သွားကြမလဲ? ဇာတ်ကားနာမည်အတိုင်း happy ending ဖြစ်ပါ့မလား? ဆိုတာကတော့ ကြာသပတေးနေ့တိုင်း ဒီကားလေးထဲမှာစောင့်မျှော်ကြည့်ရှုပေးပါကုန်။(အညွှန်းကိုတော့ Ei Phyu Khin က ရေးပေးထားပါတယ်)Aired: Nov 24, 2022 --  Aired On: Thursday Genres: Drama, Romance Duration: 30mins Episodes: 9 Original Network: Viki & GagaOOLala File Size: 720p(~150MB) & 1080p(~300MB) Translated ...

Happy Ending Romance S01 (2022) [Complete]

2022
The Kinnaree Conspiracy (2022) 8.5
The Kinnaree Conspiracy (2022) လုန်အင်း အဖြစ် Nadech Kugimiya ဖွတ်စွမ်းန် အဖြစ် Yaya urassaya ရိုဘတ် အဖြစ် New Chaiyapolဇာတ်လမ်းအကျဉ်းနရိုင်မင်းတရားကြီးလက်ထက် အယုဒ္ဓယပြည်ကြီးဟာ သာယာဝပြောခဲ့သလို အနောက်တိုင်းသားတွေနဲ့ ကုန်ကူးသန်းရောင်းဝယ်မှုတွေရှိနေပြီး နေရာတိုင်းဟာ နိုင်ငံခြားသား ကုန်သည်၊သံတမန်၊စစ်ရေးအရာရှိတွေနဲ့ ပြည့်နေပါတယ်မယ့်ယင်းဖွတ်စွမ်းန်က ဆုံးပါးသွားပြီဖြစ်တဲ့ နာမည်ကြီးသမားတော်တစ်ဦးရဲ့သမီးဖြစ်ပြီး ဖခင်ဖြစ်သူဆီက ဆေးပညာဗဟုသုတတွေကိုရယူကာ အစ်ကိုဖြစ်သူနောက်ကွယ်ကနေ ကုသပေးနေသူဖြစ်ပါတယ်လုန်အင်းထရာဖတ်ခ်ဒီကတော့ မြို့သူမြို့သားတွေရဲ့ ဘေးကင်းလုံခြုံမှုကိုတာဝန်ယူရတဲ့ တပ်ရင်းမှူးတစ်ယောက်ပါရိုဘတ်ကတော့ နရိုင်မင်းတရားကြီး ပြင်သစ်ဘုရင်ဆီကခေါ်ယူထားတဲ့ ပြင်သစ်သံတမန်အရာရှိနဲ့ရင်းနှီးသူ အရာရှိတစ်ယောက်ပဲဖြစ်ပါတယ်တစ်ရက် ရေနစ်သေသူအလောင်းပေါ်လာခဲ့ပြီး သေသူက ပြင်သစ်အရာရှိတစ်ဦးဖြစ်နေတဲ့အခါအရာရှိက ရေနစ်သေဆုံးသွားရုံမဟုတ်တဲ့အပြင် နန်းတွင်းထဲကမိန်းမပျိုတွေသာဝတ်တဲ့ ကိန္နရီဝတ်စုံကိုပါဝတ်ထားခဲ့တဲ့အခါ...ပြင်သစ်နဲ့အယုဒ္ဓယ နှစ်နိုင်ငံကြား ပဋိပက္ခတွေဖြစ်လာရပြီး ပြင်သစ်ဘက်က အကြောင်းပြကာ နိုင်ငံသိမ်းဖို့ ကြံလာပါတော့တယ်လုန်အင်း ၊ဖွတ်စွမ်းန်နဲ့ရိုဘယ်တို့က ဒီဖြစ်ရပ်ကြီးဖြစ်မလာအောင် အမှုမှန်ကို စုံစမ်းစစ်ဆေးပါတော့တယ်လုန်အင်းနဲ့ရိုဘယ်တို့ ဖွတ်စွမ်းန်အပေါ် ခံစားချက်တွေရှိလာတဲ့အခါ ဖွတ်စွမ်းန်တစ်ယောက် ဘယ်သူ့ကိုရွေးမလဲကိန္နရီအဆင်နောက်ကွယ်က လူသတ်သမားရောဖမ်းဆီးနိုင်ပါ့မလားဆိုတာ "ကိန္နရီဆင်နောက်ကွယ်က အမှန်တရား"ဇာတ်လမ်းတွဲမှာ ကြည့်ရမှာပဲဖြစ်ပါတယ် ။( အညွှန်းရေးသားထားသူကတော့ Kyi Nue Zin ...
8.5
TMDb: 8.5/10 votes
tv

The Kinnaree Conspiracy (2022)

Behind Every Star (2022) 7.5
Behind Every Star (2022) Behind Every Star (2022)EP5***************************ဒီဇာတ်လမ်းလေးကတော့ ပရိတ်သတ်တွေ ပေါ့ပေါ့ပါးပါးကြည့်ရှုနိုင်မဲ့ Comedy/Romance Drama လေးတစ်ခုဖြစ်ပါတယ် ဒီဇာတ်လမ်းမှာ နာမည်ကြီးမင်းသား မင်းသမီးများရဲ့နောက်ကွယ်ကနေ ပံ့ပိုးပေးနေကြတဲ့ မန်နေဂျာတွေနဲ့ အခြားရိုက်ကွင်းအဖွဲ့သားတွေရဲ့ ဘဝတွေ၊ ဖျော်ဖြေရေးလုပ်ငန်းတွေမှာ ဖြစ်လေ့ဖြစ်ထရှိတဲ့ အခက်အခဲတွေကို ရိုက်ကူးပြသထားပါတယ်ဇာတ်လမ်းအကျဉ်းMETHOD Entertainment ကတော့ မင်းသားမင်းသမီးတွေများစွာနဲ့ အလုပ်တွဲလုပ်နေတဲ့ နာမည်ကြီး အေဂျင်စီကြီးတစ်ခုဖြစ်တယ် ဒီအေဂျင်စီကြီးမှာရှိတဲ့ ဝန်ထမ်းတွေကတော့ သရုပ်ဆောင်တွေအတွက် အလုပ်အကိုင်နဲ့ ကိုယ်ရေးကိုယ်တာ ကိစ္စတွေကိုပါ ဖြေရှင်းပေးနေရတာပါမာထယ်အိုကတော့ ကျွမ်းကျင်မန်နေဂျာတစ်ယောက်ဖြစ်ပြီး ကုမ္ပဏီမှာတော့ ဒါရိုက်တာရာထူးနဲ့ လုပ်ကိုင်ဆောင်ရွက်နေပါတယ် ဉာဏ်ကောင်းပြီး သိမ်မွေ့ပေမယ့် ဗျူဟာကောင်းတဲ့လူတစ်ယောက်ဖြစ်တာကြောင့် ဘယ်လိုလှည့်စားမှုမျိုးကိုမဆို သူက ကျွမ်းကျင်စွာ လုပ်ဆောင်တတ်တယ်ချွန်းဂျယ်အင်ကတော့ မန်နေဂျာလုပ်သက် ၁၄ နှစ်ရှိတဲ့ ဝါရင့်မန်နေဂျာတစ်ယောက်ပါ အလုပ်မှာဆိုရင်လည်း မန်နေဂျာအဖွဲ့ရဲ့ အဖွဲ့မှူးတစ်ယောက်ဖြစ်တယ် အရည်အချင်းရှိပြီး အလုပ်ဂျပိုးတစ်ယောက်လည်းဖြစ်တယ် ဒေါသကြီးပြီး သူဖြစ်ချင်တာဆိုရင် ဘာကိုမှဂရုမစိုက်ဘဲ ရအောင်လုပ်တတ်လို့ မာထယ်အိုနဲ့သူမက အမြဲတမ်း ပြဒါးတစ်လမ်း သံတစ်လမ်းလိုဖြစ်နေကျပါဂင်ဂျောင်ဒွန် ကတော့ ချွန်းဂျယ်အင်ရဲ့ အချစ်ဆုံးသူငယ်ချင်းဖြစ်ပြီး အလုပ်မှာလည်း ဂျယ်အင်နဲ့ ...
7.5
TMDb: 7.5/10 votes
tv

Behind Every Star (2022)

2022
She and Her Perfect Husband (2022)
She and Her Perfect Husband (2022) ဟဲလို ဒီတစ်ခေါက် CM မှာတင်ဆက်ချင်တဲ့ကားလေးကတော့Xu Kai နဲ့ yang mi နာမည်ကြီး မင်းသား မင်းသမီးပါဝင်သရုပ်ထားတဲ့ ဇာတ်ကားလေးဖြစ်ပါတယ် ရှေ့နေ့ချင်းစစ်ဟာ အလုပ်မှာပဲစိတ်၀င်စားသူတစ်ဦးဖြစ်ပြီးသူ့မိဘနှစ်ပါးက သူ့ကို အတင်းအိမ်ထောင်ပြုခိုင်းတယ်။ထိပ်တန်း ရှေနေ့ကုမ္ပဏီဖြစ်တဲ့ Chen And Hui ဟာအိမ်တွင်းရေးကိစ္စမှာ နိုင်နင်းတဲ့ ရှေ့နေတစ်ယောက်ကိုအလုပ်ခန့်ချင်တယ်။ သူ့သတ်မှတ်ချက်က‌တော့အလုပ်လျှောက်သူဟာ အိမ်ထောင်ပြုပြီးသားသူ ဖြစ်ရမယ် ။ချင်းဝိန်းက ချင်းစစ်ရဲ့ အလုပ်လျှောက်လွှာမှာmarriage status မှာ သူခွင့်ပြုချက် မရှိဘဲအိမ်ထောင်ပြုပြီးသူ အဖြစ် တိတ်တခိုးပြင်ရေးခဲ့တယ်။ချင်းစစ်မှာ ဘာမသိလိုက်ရဘဲ အလုပ်ခန့်အပ်ခြင်းခံရတယ် ။ချင်းစစ်က အလွန်ထက်မြတ်သောကြောင့်လုပ်ငန်းရှင် လောင်ကျင်းရဲ့ အသိမှတ်ပြုတာခံရပြီးသူ့ကို အမျိုးသမီးလုပ်ငန်းရှင် အသင်းအဖွဲရဲ့ရှေ့နေအကြံပေးအဖြစ် ထောက်ခံချက်ပေးတဲ့အခါဘယ်လိုတွေဆက်ဖြစ်နိုင်မလဲထိုစဉ် သူ၏ ခင်ပွန်းလောင်းအဖြစ်ရုတ်တရက် ပေါ်ထွက်လာတဲ့ ရန်ဟွာကရောဘယ်လိုမျိုးချင်းစစ်ဆီ အကူညီတောင်းမလဲ ....အိမ်ထောင်မပြုချင်တဲ့ နှစ်ယောက်ကြားမှာဘယ်လို သံယောဇဉ်တွေ ညှိနိုင်မလဲအဲ့အချိန်မှာ ချင်းစစ်ရည်စားဟောင်းဖြစ်သူမှာလည်းရှေ့နေကုမ္ပဏီသို ဝင်ရောက်လာတဲ့အခါမှာဘာ‌တွေဆက်ဖြစ်နိုင်မလဲ သူတိုသုံးယောက်ကြားကရှုပ်ထွေးမယ့် အချစ်ဇာတ်လမ်းကိုစိတ်၀င်တစား ကြည့်ရှုနိုင်ရန် CM မှတင်ဆက်လိုက်ပါသည်။(အညွှန်းရေးသားထားသူကတော့ Mei ...

She and Her Perfect Husband (2022)

2022
(18+)Sursuri Li (2022)
(18+)Sursuri Li (2022) Sursuri-Li (2022)ဒီတစ်ခါမှာတော့ အိန္ဒိယ 18+ ဟာသ စီးရီးလေးတစ်ခုကို တင်ဆက်ပေးပါ့မယ်ဒီစီးရီးလေးမှာ ဆူး နဲ့ ဆူရီလီးက အဓိက ဇာတ်လိုက်တွေပေါ့နော်ဆူးက သိပ်ကိုမင်္ဂလာဦးညနဲ့ကြုံချင်နေတဲ့ အသက် ၃၀ ကျော် လူပျိုကြီး.. တဏှာစိတ်အားထက်သန်တယ်ဆိုပေမယ့် သူ့ရဲ့ဒီဆန္ဒကို သူယူမယ့်မိန်းမနဲ့ပဲ ဖြတ်သန်းချင်နေတဲ့သူပေါ့ဗျာ...အဲ..ဆူရီလီးကတော့ ယောက်ျားလေးတွေနဲ့ အွန်လိုင်းကနေ အဖေါ်အချွတ်စကားပြောပြီး ကိုယ့်အသုံးစရိတ်ရှာနေတဲ့ ကောင်မလေး... သူဟာလည်းပဲ သူ့ရဲ့မင်္ဂလာဦးညကို သူယူမယ့်ယောက်ျားနဲ့ပဲ ဖြတ်သန်းချင်နေသူပါဒီလိုနဲ့ ကြောင်ခံတွင်းပျက်နဲ့ ဇရက်တောင်ပံကျိုးတို့ တွေ့ကြရာဝယ်...။ဘယ်လိုတွေ နှစ်ပါးသွားကြမလဲဆိုတာကို ကြည့်ရှုခံစားပေးကြပါဦးနော်ဒီစီရီးလေးက 18+ ကြီးကို အသာမပေးထားဘဲ ဟာသလေးတွေလည်း နှောပေးထားပါတယ်...။ဆိုတော့ ကြည့်လို့ရပါပြီနော်File Size – 500MB / 250MBQuality – 1080p / 720pDuration – 24minsTotal Episodes: 12EpsSubtitle – Myanmar HardsubFormat – Mp4Genre : RomanceTranslator – DevilEncoder – XCross 720p ==== Episode ...

(18+)Sursuri Li (2022)

2022
Young Royals – Season (01)(02) 8.5
Young Royals – Season (01)(02) Young Royals - Season (01)(02) ====================== IMDb Rating - 8.3/10ဇာတ်လမ်းနာမည်အတိုင်းပါပဲ။ နန်းတွင်းထဲကတော်ဝင်မျိုးနွယ် လူငယ်လေးတစ်ယောက်ရဲ့ဇာတ်လမ်းပါ။ အတိအကျပြောရရင်တော့ ဆွီဒင်နိုင်ငံရဲ့မင်းသားတစ်ပါးဖြစ်တဲ့ မင်းသားဝီလ်ဟမ်ရဲ့ဇာတ်လမ်း လေးပါ။မင်းသားဝီလ်ဟမ်ဟာ အထက်တန်းကျောင်းသား ဆယ်ကျော်သက် လူငယ်လေးတစ်ယောက်ပါ။ တစ်နေ့ သူကလပ်မှာ ရန်ဖြစ်တဲ့ဗီဒီယို အွန်လိုင်းမှာပြန့်သွားပြီးနောက်မှာတော့ သူတို့ဆွီဒင်နိုင်ငံရဲ့ အချမ်းသာဆုံး လူကုံထံသားသမီးတွေတက်တဲ့ ဟီလာစကာဆိုတဲ့ ဘော်ဒါမှာ ကျောင်းအိပ် ကျောင်းစားသွားတက်ရပါတော့တယ်။ အဲဒီဘော်ဒါက တော်ဝင်မျိုးနွယ် ကစလို့ ကုမ္ပဏီပိုင်ရှင်၊ မြေပိုင်ရှင်သားသမီး ခေတ်စကားနဲ့ဆို RK တွေပဲ တက်တဲ့ကျောင်း၊ လူတန်းစားခွဲခြားမှုလည်းသိပ်များတဲ့ကျောင်းပေါ့။အဲဒီထဲမှာမှ စီမွန်နဲ့ဆာရာကတော့ သာမန်လူလတ်တန်းစား မိသားစုက ဘော်ဒါမနေဘဲနေ့ကျောင်းတက်တဲ့ မောင်နှမနှစ်​ယောက်ပါ။ ဝီလ်ဟမ်က တော်ဝင်မျိုးနွယ်ရဲ့ဂုဏ်အဆောင်အယောင်တွေကို ကြိုက်လည်းမကြိုက်၊ လွန်လည်းမလွန်ဆန်နိုင်ဘူး။ ဒီလူကုံထံတွေရဲ့ လူတန်းစားခွဲခြားပြီး ခေါင်းပုံ ဖြတ်တဲ့အတွေးအခေါ်တွေကိုလည်း သူမကြိုက်တော့ အတန်းထဲက တစ်ဦး တည်းသောလူလတ်တန်းစား စီမွန်ရဲ့အတွေးအခေါ်တွေက သူ့သဘောထားနဲ့ သွားတိုက်ဆိုင်တာပေါ့။အဲလိုနဲ့ သူတို့နှစ်​ယောက်ဟာ ကျောင်းသားသစ်ကြိုဆိုပွဲပါတီမှာ ရင်းနှီးသွား ကြတယ်။ ရင်းနှီးရုံသာမက တစ်ယောက်နဲ့တစ်ယောက်ချစ်မိသွားကြတယ် ဆိုပါတော့။ သာမန်လူလတ်တန်းစားတစ်​ယောက်လည်း ဖြစ်တဲ့အပြင် လိင်တူ ချစ်သူလည်းဖြစ်နေတော့...စည်းမျဥ်းတင်းကြပ်လှတဲ့ တော်ဝင်မျိုးနွယ်မှာ ဝီလ်ဟမ်တစ်ယောက် ဘယ်လိုတွေရှေ့ဆက်မှာလဲ။ သူ့အမေဘုရင်မကြီးပြောတဲ့ "မင်းသားဖြစ်ရတာ ပြစ်ဒဏ်မဟုတ်ဘူး။ အခွင့်ထူးစံစားရတာပဲ" ဆိုတဲ့စကားက ဝီလ်ဟမ့်အတွက်ရောမှန်ပါ့မလားဆိုတာတွေကိုတော့ ဆက်လက်ကြည့်ရှုလိုက် ကြပါဦး။(ဒီဇာတ်လမ်းရဲ့ အညွှန်းကို MTA ...
8.5
TMDb: 8.5/10 23000 votes
tv

Young Royals – Season (01)(02)

2021
Lighter and Princess (2022)
Lighter and Princess (2022) ❏ ခပ်ဆိုးဆိုး/ခပ်မိုက်မိုက်ကောင်လေး - လီရွှင် နဲ့❏ စာတော်တဲ့ တက္ကသိုလ်ကျောင်းသူလေး - ကျူးယွင့် တိုရဲ့အချစ် အမုန်း ဆုံးရှုးမှုတွေ ပေးဆပ်မှုတွေ ကြားထဲမှပေါက်ဖွားလာမဲ့ အချစ်ဇာတ်လမ်းလေးတစ်ပုဒ်...!တက္ကသိုလ်ကျောင်းသူဘဝကိုပထမဆုံးခြေလှမ်းခါစပြုနေတဲ့ ကျူးယွင့်ဟာခပ်ဆိုးဆိုးကောင်လေး လီရွှင်နဲ့ တွေ့ဆုံခဲ့ပြီးသူမရဲ့ဘဝဟာ ဇောက်ထိုးမိုးမျှော်ဖြစ်ခဲ့ရပါတော့တယ်ဘာကိုမှမသိနားမလည် ပိုက်ဆံဖြုန်းဖိုသာသိတဲ့သူဌေးသားတစ်ယောက်လို ကျူးယွင့်ရဲ့ အထင်မှားခြင်းကိုခံထားရတဲ့ "သူ" ဟာ တကယ်တမ်းတော့Programming ပိုင်းမှာ တစ်ဖက်ကမ်းခပ်ကျွမ်းကျင်တဲ့ပညာရှင်လေးတစ်ဦးဖြစ်နေခဲ့ပါတယ် နှစ်ယောက်သားဟာအကြိမ်ပေါင်းများစွာ တွေ့ဆုံပြီးတဲ့နောက်မှာတော့တစ်ဦးနဲ့ တစ်ဦး လေးနက်မှူတွေ/တန်ဖိုးထားမှုတွေဖြစ်ပေါ်လိုလာခဲ့ပါတယ် ကျူးယွင့်အခက်အခဲတွေနဲ့ရင်ဆိုင်ကြုံတွေ့ရတဲ့ အချိန်မှာလဲ လီရွှင်ဟာသူမရှေ့ကနေပြီး မားမားမက်မက် ရပ်တည်ကာကွယ်ပေးခဲ့ပါတယ်ဒီလိုနဲ့ နှစ်ယောက်သားရဲ့ ရိုးရှင်းတဲ့ဆက်ဆံရေးကြားမှာချစ်ခြင်းမေတ္တာတွေ တစ်ဖြည်းဖြည်းပေါက်ဖွားလာခဲ့ပြီးတော့မိသားစုအခြေအနေ ကွာခြားမှုတွေကိုတောင် ဂရုမပြုပဲသတ္တိရှိရှိနဲ့ ရှေ့ဆက်လျှောက်လှမ်းခဲ့ပါတယ်ဒါပေမဲ့လို သူတိုနှစ်ဦးရဲ့ အချစ်ရေးလမ်းကြောင်းဟာဖြောင့်ဖြူးဖိုအတွက် ကံပါမလာခဲ့ပါဘူးကံကြမ္မာရဲ့အလှည့်အပြောင်းတွေကံကြမ္မာရဲ့မျက်နှာသာမပေးမှုတွေကြောင့်လီရွှင်ရဲ့အစ်မဖြစ်သူဟာ မသမာသူတစ်ဦးကြောင့်ကားတိုက်မှုမတော်တဆဖြစ်ပွားခဲ့ပြီး အစ်မဇောနဲ့စိတ်မထိန်းနိုင်တဲ့ လီရွှင်ဟာ တရားခံဖြစ်သူကိုထိခိုက်မှုဖြစ်စေခဲ့တာကြောင့်ထောင်ဒဏ်ချမှတ်ခံလိုက်ရတဲ့အချိန်မှာတော့...?❐ သူတိုနှစ်ဦးရဲ့ အချစ်ဇာတ်လမ်းလေးဟာ ဘယ်လိုဆက်ဖြစ်သွားမှာလဲ ?❐ ကြုံလာတဲ့ အခက်အခဲတွေကိုရော သူတိုနှစ်ဦး ရင်ဆိုင်ကျော်ဖြတ်နိုင်ပါ့မလား ?❐ သူတိုအပေါ် မသမာခဲ့တဲ့ ...

Lighter and Princess (2022)

2022
Unexpected Falling (2022)
Unexpected Falling (2022) ဟယ်လို ဟယ်လို ~~~ The Confidence (2020) က ဖုရှန်ရှင်း(Peng Guan Ying)နဲ့ဟယ်ယန်(Elvira Cai) တို ၂ ယောက် Unexpected Falling (2022) မှာပြန်ဆုံပြီပေါ့ကွယ် သူတိုရဲ့ ၂၀၂၀ က ill fated destiny က၂၀၂၂ မှာလည်း ဆက်လိုက်လိုလာပြန်တယ်Unexpected Falling (2022) ဇာတ်လမ်းထဲမှာရွမ်ကျန်းကျန်း (Elvira Cai)ဟာကောင်းကျွင်း(Peng Guan Ying)နဲ့ မဆုံခင်တည်းကအိမ်ထောင်သည်အမျိုးသမီးဖြစ်နေလိုပါပဲ...ဇာတ်လမ်း အကျဉ်းလေးက ဒီလိုပေါ့နော်ရွမ်ကျန်းကျန်းဟာသူ့ရဲ့ ငွေကြေးပညာရှင် အမျိုးသားရဲ့ ကာကွယ်မှုအောက်မှာအပူပင်းကင်းတဲ့ ရိုးရှင်းသောဘဝကို ဖြတ်သန်းနေခဲ့ရာကနေသူ့ခင်ပွန်းရဲ့ ရုတ်တရက် သေဆုံးမှုနဲ့အတူ သူ့ဘဝလေးလည်းကမောက်ကမဖြစ်ပြီး မုန်တိုင်းထန်ခဲ့တာပေါ့...ဘာလိုလဲဆိုတော့ ရုတ်တရက်ကြီး သူဟာငွေပမာဏအများကြီး အကြွေးတင်သွားခဲ့တာနဲ့အတူဒီငွေကို ပြန်ဆပ်ဖို အင်အားလည်း မရှိသူဖြစ်နေလိုပေါ့...ဒီအချိန်မှာ ရှေ့နေ ကောင်းကျွင်းဟာ သူ့ဘဝထဲရောက်လာခဲ့တယ်...ရွမ်ကျန်းကျန်းကို တတ်နိုင်သမျှ ကူညီပေးရာကနေcp fan တွေမျှော်လင့်သလို အချိုဇာတ်သိမ်းလေးလာမလား...အရင်The Confidence ...

Unexpected Falling (2022)

2022
To Sir, With Love (2022) 9.0
To Sir, With Love (2022) ထီယင်း အဖြစ် Film Thanapat ယန် အဖြစ် Tongtong Kitsakornဇာတ်လမ်းအကျဉ်းစုန့်လူကြီးမင်းက နဂါးငါးကောင်အဖွဲ့အစည်းကို ဦးဆောင်နေသူဖြစ်ပြီး စီးပွားရေးနယ်ပယ်မှာလည်း အရည်အချင်းပြည့်ဝတဲ့သူ တစ်ယောက်ပါသူဌေးစုန့်မှာ ပထမဇနီးဖြစ်သူ လီနဲ့ ထီယင်းဆိုတဲ့သားကြီးရထားသလို ဒုတိယဇနီးဖြစ်သူ ကျမ်န်နဲ့လည်း ယန်ဖြစ်တဲ့သားငယ်ရှိထားပါတယ်တရုတ်မိသားစုဖြစ်တဲ့ စုန့်အိမ်တော်မှာ ထီယင်းက သားကြီးဖြစ်လို့ သခင်လေးနေရာနဲ့ တာဝန်အားလုံးကိုအမွေဆက်ခံရမယ့်သူ ဖြစ်ပါတယ်ဒီလိုစည်းကမ်းတင်းကြပ်တဲ့ အိမ်တော်ရဲ့သခင်လေးဖြစ်တဲ့ထီယင်းက "လိင်တူချစ်ကြိုက်သူ" တစ်ဦးဖြစ်နေတဲ့အခါမှာတော့မိခင်ဖြစ်သူ လီက နည်းလမ်းမျိုးစုံသုံးကာ သားဖြစ်သူရဲ့စိတ်ကို ဖုံးဖိပါတော့တယ်ဘယ်လိုပိတ်ပင်တားဆီးပါစေ သခင်လေးထီယင်းတစ်ယောက် အရွယ်ရောက်လာပြီး သာမန်ယောက်ျားသားတစ်ဦးကို မေတ္တာသက်ဝင်လာတဲ့အခါ...ဒုတိယဇနီးဖြစ်သူ ကျမ်န်ကလည်း သားဖြစ်သူ ယန် ကို သခင်လေးနေရာရဖို့ နည်းလမ်းမျိုးစုံ ကြိုးစားလာခဲ့တဲ့အခါ...​အိမ်တော်ကြီးရဲ့တာဝန်ဝတ္တရားနဲ့ချစ်ရသူကြား သနားစရာ သခင်လေး ထီယင်းတစ်ယောက် ဘယ်လမ်းကိုရွေးချယ်မလဲဆိုတာကြည့်ရှုရမှာပဲ ဖြစ်ပါတယ် ။( အညွှန်းရေးသားထားသူကတော့ Kyi Nue Zin ပါ )Native Title: คุณชาย Episodes: 10 Aired: Oct 3, 2022 ...
9.0
TMDb: 9.0/10 votes
tv

To Sir, With Love (2022)

Mr. Rose: The Secret Spy (2022) [Complete]
Mr. Rose: The Secret Spy (2022) [Complete] Mr. Rose: The Secret Spy (2022) [အစ-အဆုံး]အပိုင်းသစ် - ၃၀ (ဇာတ်သိမ်းပိုင်း)ကုလာဘ်ဆိုတဲ့ ကောင်လေးဟာ ငယ်ငယ်တည်းက အဖေ အသတ်ခံရပြီးနောက် မှတ်ဉာဏ်ပျောက်ဆုံးသွားခဲ့ရရှာတယ်။ ဒါပေမဲ့ ကံကောင်းစွာနဲ့ အရွယ်ရောက်လာတော့ ကုလာဘ်ဟာ မှတ်ဉာဏ်တွေ ပြန်ရရှိခဲ့ပြီး သူ့အဖေကို သတ်ခဲ့တဲ့ သူကိုလည်း မှတ်မိလာခဲ့တယ်။လင်လဖတ်ဆိုတဲ့ ကောင်မလေးကလည်း ကုလာဘ်နဲ့ မတော်တဆ တွေ့ဆုံခဲ့ပြီး သဘောကျမိသွားခဲ့တယ်။ ကံကောင်းစွာဖြင့် ကုလာဘ်ရဲ့ အဖေကို သတ်ခဲ့တဲ့ သူက လင်လဖတ်ရဲ့ အဖေ ဖြစ်နေတဲ့အခါမှာတော့ ...သူ့အဖေအတွက် ကလဲ့စားချေဖို ပိုလွယ်ကူသွားနိုင်မှာလား?အရည်အချင်းရှိတဲ့ ရဲအရာရှိ နမ်နင်မ်လည်း လူဆိုးဖြစ်တဲ့ လင်လဖတ်အဖေ "ဖိုင်ဆန်"ကို ဥပဒေနဲ့ ဆန့်ကျင်တဲ့ စီးပွားရေးသမားတစ်ယောက်ကို ဖမ်းဖို ကြိုးစားနေရင်း ကုလာဘ်နဲ့ တွေ့ဆုံခဲ့ပြီး နှစ်ယောက် အတူရှိတိုင်း သူတိုဖန်တီးထားတဲ့ ပရမ်းပတာတွေကြားမှာ၊ သူတို့ ရှင်သန်နိုင်တဲ့ အန္တရာယ်တွေနဲ့ ...

Mr. Rose: The Secret Spy (2022) [Complete]

2022
The Psychologist ( 2021 )
The Psychologist ( 2021 ) Hello…အခု မိတ်ဆက်ပေးမှာကတော့ (Ashes Of Love) ထဲက မင်းသမီး Yang Ziကအမျိုးသမီးစိတ်ပညာရှင် ဟဲ့သွမ့်အနေနဲ့ (Monster Hunt)ထဲက မင်းသား Jing Boranကရေဒီယိုအသံလွှင့် စီစဉ်တင်ဆက်သူ ချန်ခိုင်ယိအနေနဲ့ အဓိကပါဝင်သရုပ်ဆောင်ထားတဲ့The Psychologist ဆိုတဲ့ကားလေးပဲဖြစ်ပါတယ်။ ဇာတ်လမ်းလေးကတော့ အမျိုးသမီးစိတ်ပညာရှင်ဖြစ်တဲ့ဟဲ့သွမ့်က မိမိကိုယ်ကိုသေကြောင်းကြံစည်မှုအသိပေးတားမြစ်ရေးကြော်ငြာကြောင့်သူရဲ့အသက်မွေးဝမ်းကြောင်းအကြပ်ရိုက်ခဲ့တယ်။ စိတ်ဓာတ်ကျနေတဲ့ ဟဲ့သွမ့်ကသူ့အချစ်ဆုံးသူငယ်ချင်းနဲ့ စားသောက်ဆိုင်မှာတူတူရှိချိန်မှာဘဲ အမှတ်မထင် ရဲ့ကျားဝေးနဲ့ရေဒီယိုအသံလွှင့်ဌာနက တင်ဆက်သူ ချန်ခိုင်ယိနဲ့ ဆုံတွေ့သွားကြတယ်။ချန်ခိုင်ယိက ဟဲ့သွမ့်ကို စိတ်ပညာရေးဆိုင်ရာရေဒီယိုအစီအစဉ်လုပ်ဖို့ ကမ်းလှမ်းရာကနေ တူတူလုပ်ဖြစ်သွားကြတယ်။အဲ့အစီအစဉ်က လူသိများလားပြီး ဟဲ့သွမ့်လည်း အလုပ်တွေများလာသလို ဟဲ့သွမ့်အပေါ်ချန်ခိုင်ယိရဲ့လျှို့ဝှက်တဲ့ချစ်ခြင်းမေတ္တာတွေရှိလာပြီး နောက်ပိုင်းတော့……. အဲ့အချိန်မှာဘဲ ဟဲ့သွမ့်ရဲ့ကျေးဇူးရှင်ဆရာကျိမင်ချုံးက အရှုပ်တော်ပုံတွေနဲ့ရင်ဆိုင်ရတဲ့အခါ…. ဟဲ့သွမ့်က ပြဿနာ ဖြစ်ရပ်မှန်ကိုရှာဖွေရင်းသူ့ဆရာရဲ့လျှို့ဝှက်ချက်ကိုသိသွားတဲ့နောက်မှာ….. နောက်ပြီး အချစ်ဆုံးသူငယ်ချင်းရဲ့ အိမ်တွင်းရေးပြဿနာတွေ……ရဲ့ကျားဝေးက သူ့ကိုအသုံးချပြီး ကျေးဇူးရှင်ဆရာကို ကလဲ့စားချေတာကို ဟဲ့သွမ့်သိသွားတဲ့အခါ…..မထင်ထားတဲ့ အဖြစ်ပျက်တွေကြားမှာ စိုးရိမ်ပူပန်လွန်းတာကြောင့် စိတ်ဖိစီးလာတဲ့ ဟဲ့သွမ့်ဟာငယ်ငယ်ကမကောင်းတဲ့အတိတ်တွေပြန်နိုးလာပြီး Sleepwalkingရောဂါပြန်ပေါ်လာတဲ့နောက်…..ကျောက်ရှီးဖင်(ဟဲ့သွမ့် အမေ)နဲ့ ဟဲ့သွမ့်တို့ရဲ့ ...

The Psychologist ( 2021 )

2021