Channel Myanmar

Romance

Once Upon a Small Town (2022) 8.0
Once Upon a Small Town (2022) ဒီညတော့ မြိုပြမွန်းကြပ်မှုတွေရဲ့အဝေး နယ်မြိုလေးရဲ့ နွေရာသီတစ်ခုဆီ အတူတူထွက်ပြေးကြရအောင်လား💚နောက်ဆုံးတော့ Lawထဲကရုန်းထွက်လာတဲ့ KakaoTV နဲ့ Netflix ရဲ့ Romcom series လေးတစ်ခုဖြစ်တဲ့ Once Upon A Small Town ပြသမယ့်နေ့ရောက်ရှိလာပါပြီ။Han JiYool ဆိုတဲ့ တိရစ္ဆာန်ဆေးကုဆရာဝန်လေးက သူ့အဖိုးရဲ့ဇာတိဖြစ်တဲ့ HeeDong ရွာလေးကို ရောက်ရှိလာပြီး အဖိုးရဲ့ တိရစ္ဆာန်ဆေးခန်းလေးကို တာဝန်ယူ‌ရဖိုဖြစ်လာပါတယ် ။Ahn JaYoung ဆိုတဲ့ ရဲအရာရှိစာမေးပွဲဖြေဖိုပြင်ဆင်နေတဲ့ ကောင်မလေးက‌တော့ ဇာတိရွာလေးရဲ့ သာရေးနာရေး ကိစ္စအဝဝကို ကူညီဖိုအသင့်ဖြစ်နေတဲ့ ရဲမေလောင်းလေးဖြစ်ပါတယ် ။ဒီလိုနဲ့ သူတိုနှစ်ဦးတွေ့ဆုံမိပြီး ရွာရဲ့အရေးအကြောင်းပေါင်းစုံမှာ အပြန်အလှန်ကူညီပေးကြရင်း နှစ်ဦးကြားမှာ Romance အချစ်ဇာတ်လမ်းလေးတစ်ခုပေါ်ပေါက်လာပါတော့တယ် ။ကျေးလက်ရှုခင်းတွေနဲ့ သဘာဝဆန်တဲ့ ဇာတ်ကောင်စရိုက်လေးတွေကို ဟာသအနှော၊ ရိုမန့်စ်အရောလေးနဲ့ ခံစားရမှာမို သေချာပေါက် Healing ဖြစ်စေမယ့် ဒရာမာလေးပါ ။main casts တွေကတော့ Joy ...
8.0
TMDb: 8.0/10 votes
tv

Once Upon a Small Town (2022)

2022
P.S I Hate You (2022) 8.1
P.S I Hate You (2022) ဖရယ် အဖြစ် Pearwah မင် အဖြစ် Jan ployshompoo ဝမ်ဝမ် အဖြစ် Pat Chayanit မေ အဖြစ် Fah Yongwaree စရတ် အဖြစ် Aye Sarunchana ဖစ် အဖြစ် Lee Thanat ဖူ အဖြစ် Papang Phromphiriyaဇာတ်လမ်းအကျဉ်းလူတွေ မေ့နေကြတဲ့ စကားတစ်ခွန်းရှိတယ် “သစ္စာဖောက်ခြင်း” တဲ့ ဒီစကားဟာ ရန်သူတွေဆီက ဖြစ်လာတာမဟုတ်ပါဘူး…ဖရယ် ၊မင် ၊ ဝမ်ဝမ်၊ မေ နဲ့ စရတ်တိုက ကျောင်းကတည်းက အရမ်းရင်းနှီးကြတဲ့ သူငယ်ချင်းတွေဖြစ်ကြပါတယ်ဖရယ့် မင်္ဂလာပွဲမှာ ကျန်လေးယောက်က သတိုသမီးအရံလုပ်ပေးရင်း ပျော်ရွှင်နေခဲ့ပေမဲ့ မထင်မှတ်ထားတဲ့ ဖြစ်ရပ်ဆိုးတစ်ခု ဖြစ်လာခဲ့တယ်အဲဒီဖြစ်ရပ်ကတော့ မင်္ဂလာစုံတွဲရဲ့ ကြည်နူးဖွယ်ဗီဒီယိုကို ပိတ်ကားထက်မှာ ပြရမယ့်အစား ဖရယ့်ရဲ့ HD ကို ပြလိုက်မိတာပါပဲဗီဒီယိုက သူတို၅ဦးဆီမှာသာရှိခဲ့ပြီး သက်သေတွေအရ “မင်” လုပ်တယ်လို ညွှန်ပြလာတဲ့အခါ အရှက်ရရတဲ့ ဖရယ်လည်း သတ်သေသွားခဲ့ပါတယ်ဖရယ်ဆုံးပါးပြီးနောက် သူငယ်ချင်းအဖွဲလည်း လျှိဝှက်ချက်တွေ ...
8.1
TMDb: 8.1/10 votes
tv

P.S I Hate You (2022)

2022
Erkenci Kus (2018) Daydreamer 8.0
Erkenci Kus (2018) Daydreamer Erkenci Kuş (Early Bird) (Daydreamer)CM Drama Romance ပရိသတ်တွေအတွက် ကမ္ဘာ​ကျော်သွားခဲ့တဲ့ တူရကီ အချစ်ရိုမန့်စီးရီးလေးတစ်ခုနဲ့ မိတ်ဆက်​ပေးပါရ​စေ....မင်းသားချော Can Yaman နဲ့ မင်းသမီးချော Demet Ozdemir တို့ပါဝင်ထားတဲ့ ၂၀၁၈ ခုနှစ်တုန်းက ထွက်ရှိခဲ့တဲ့ Erkenci Kuş ဆိုတဲ့ စီးရီးလေးပါ။IMDb Rating (7.3) ထိ ရရှိခဲ့ပြီး ကမ္ဘာတစ်လွှားက မိန်းကလေး ပရိသတ်များအကြား ဝက်ဝက်ကွဲအောင်မြင်ခဲ့တာပါ။ Best Romantic Comedy TV series ဆုကိုလဲ ရရှိခဲ့ပါတယ်...Can Yaman နဲ့  Demet Ozdemir တို့ကို အလွန်လိုက်ဖက်တဲ့ တူရကီစုံတွဲသရုပ်ဆောင်အဖြစ် သတ်မှတ်ကြတဲ့အထိ ဒီစီးရီးမှာ သူတို့နှစ်ယောက်က အသက်ဝင်ခဲ့ကြပါတယ်။တကယ်လဲ သူတို့နှစ်ယောက်ရဲ့ အရိုခန်းတွေက ကြည့်ရှုသူတွေကိုပါ ကြည်နူးပြုံးပျော်လာစေတာမျိုးပါ။ဒီစီးရီးက ဇာတ်လမ်းဇာတ်ကွက်တွေကြောင့် နာမည်ကြီးတာမျိုးမဟုတ်ဘဲ ချစ်ခြင်းမေတ္တာအကြောင်းကို ရှုထောင့်မျိုးစုံက တင်ဆက်နိုင်တာကြောင့် ရင်မှာစွဲငြိကြတာမျိုးဖြစ်ပါတယ်။ ...
8.0
TMDb: 8.0/10 39 votes
tv

Erkenci Kus (2018) Daydreamer

2018
Aye, Khoi Huk Jao (2022) [Complete]
Aye, Khoi Huk Jao (2022) [Complete] Aye, Khoi Huk Jao (2022)[အစ-အဆုံး]အပိုင်းအားလုံး HD Quality နဲ့ ကြည့်လို့ရပါပြီအပိုင်းသစ် - ၃၀ (ဇာတ်သိမ်းပိုင်း)ဖူဓနိုင်လို့ခေါ်တဲ့ ဘန်ကောက်မြိုသားလေးတစ်ယောက်ဟာ သူ့အဖေဖြစ်သူက ငွေကြေးပြဿနာတွေနဲ့ ရင်ဆိုင်နေရတဲ့အတွက် စိတ်ဓာတ်ကျနေရှာတယ်။ အကြွေးမဆပ်နိုင်တာကြောင့် အိမ်နဲ့ အခြားသော ပိုင်ဆိုင်မှုတွေကိုလည်း ဘဏ်က သိမ်းသွားတာမို့ နောက်ဆုံးမှာတော့ သူတို့ဆွေမျိုးတွေ ရှိတဲ့ ထေဖ်စုရင်ရွာလေးကို ပြောင်းလာခဲ့ရပါတယ်။ မြို့သားဖြစ်တာကြောင့် ရွာရဲ့ဓလေ့တွေနဲ့ လိုက်လျောညီထွေဖြစ်ဖို့တော့ အတော်လေး ကြိုးစားရရှာတယ်။ရွာမှာ အခြေချမယ်လို့ ဆုံးဖြတ်ထားတဲ့အတွက် ဆေးဆိုင်လေး ဖွင့်ပြီး အသက်မွေးဝမ်းကျောင်း ပြုဖို့ ကြံစည်ခဲ့ပါတယ်။ ဒါပေမဲ့ သူမသိတာက ရွာသားတွေက ခေတ်မီဆေးဝါးတွေထက် တိုင်းရင်းဆေးတွေကိုသာ ယုံယုံကြည်ကြည် မှီဝဲသုံးစွဲကြတာပါ။ရွာမှာနေရင်း ချတ်တဝမ်လို့ ခေါ်တဲ့ နောက်နောက်ပြောင်ပြောင်နေတတ်တဲ့ ကောင်မလေးတစ်ယောက်နဲ့ ဆုံတွေ့ခဲ့ပါတယ်။ ဒီလိုနဲ့ ဖူဓနိုင်တစ်ယောက် ချတ်တဝမ်အပေါ် မေတ္တာရှိလာတဲ့အခါမှာတော့ ပြဿနာ စတတ်ပါတော့တယ်။ ပက်ကျိုးဆိုတဲ့ ရွာခံကောင်လေးတစ်ယောက်ကလည်း ဖူဓနိုင်ကို ...

Aye, Khoi Huk Jao (2022) [Complete]

2022
Husband in Disguise (2022) [Complete]
Husband in Disguise (2022) [Complete] Husband in Disguise (2022) [အစ-အဆုံး] Samee Ngoen Phon "အယောင်ဆောင် သတို့သား" --------------------------------------အပိုင်း - ၂၄ (ဇာတ်သိမ်းပိုင်း)ယခုတစ်ခါ CM Thai Team မှတင်ဆက်ပေးမယ့်ဇာတ်ကားကတော့2016တုန်းက Ch 3 Thailand ပြသခဲ့သော Jamesma နဲ့ Kimberley ဇာတ်ကားကိုRemake ပြန်ရိုက်ကူးထားပါတယ်❤️ Main Casts: ဆတဝပ် "ဝပ်" အဖြစ် Mai Warit အနွတ်စယာ "နွတ်" အဖြစ် Kwan Usamaneeဇာတ်လမ်းအကျဥ်း"နွတ်" ဟာ ချမ်းသာတဲ့မျိုးရိုးကဆင်းသက်လာတဲ့ထက်မြက်တဲ့မိန်းမသားတစ်ယောက်ဖြစ်ပြီး အရာရာကိုငွေနဲ့ ကိစ္စရှင်းပြီး အခွင့်အရေးယူတဲ့လူကို မုန်းတဲ့လူ တစ်ယောက်ပါ"ဝပ်" ဟာ ဆရာဝန်တစ်ယောက်ဖြစ်ပြီး သာမန်လူလတ်တန်းစားတစ်ယောက် ဆိုပေမယ့်ရိုးသားကြိုးစားပြီး ကျွန်းပေါ်မှာ အခမဲ့ဆေးခန်းဖွင့်ထားပါတယ် အမေဖြစ်သူက လောင်းကစားမက်တဲ့အတွက်ကြောင့် မထင်မှတ်ပဲ "နွတ်" အဒေါ်ဆီမှာ အကြွေးတင်သွားပါတယ်"နွတ်" အကြွေးအကြောင်းသိသွားပြီး အကြွေးကိုပြန်တောင်းခိုင်းပေမယ့် ချက်ချင်းအကြွေးမဆပ်နိုင်တဲ့ "ဝပ်" အမေက "နွတ်"အဒေါ်နဲ့ပူးပေါင်းပြီး "ဝပ်"နဲ့ "နွတ်"တို့ကို လက်ထပ်ဖို့ စီစဥ်တဲ့အခါမှာတော့ ဘယ်လိုဆက်ဖြစ်မလဲ...?ဦးလေးဖြစ်သူက ကိုယ့်အပေါ်မေတ္တာမျှနေတာသိလိုက်ရသော "နွတ်" တစ်ယောက် ဦးလေးဖြစ်သူကိုမျှော်လင့်ချက်မပေးချင်လို့ ...

Husband in Disguise (2022) [Complete]

It’s Beautiful Now (2022) 9.0
It’s Beautiful Now (2022) It's Beautiful Now (2022)==================Lee Yoon-Jae (Oh Min-Suk), Lee Hyun-Jae (Yoon Si-Yoon) နဲ့ Lee Soo-Jae (Seo Bum-June) တို့က လက်ထပ်တာတွေ ရည်းစားထား တာတွေမှာ စိတ်မဝင်စားတဲ့ လူပျိုကြီးညီအစ်ကိုတွေပါ။ သူတို့ရဲ့ အဘိုး Lee Kyung-Cheol (Park In-Hwan) နဲ့ သူတို့မိဘတွေဖြစ်တဲ့ Lee Min-Ho (Park Sang-Won) နဲ့ Han Kyung -Ae တို့က သူတို့သားတွေ ဒီလိုဖြစ် နေတာကို စိုးရိမ်နေကြတယ်။ အဲဒါကြောင့် သူတို့သားသုံးယောက်ကို အပေးအယူတစ်ခု ကမ်းလှမ်းလိုက်တယ်။ ညီအစ်ကိုတွေထဲမှာ အရင်ဆုံး လက်ထပ်တဲ့ ပထမတစ်ယောက်ကို တိုက်ခန်း အပိုင်ရမယ်ဆိုတဲ့ အပေးအယူပဲ ဖြစ်ပါတယ်။အဲလိုနဲ့ တိုက်ခန်းလိုချင်တဲ့ ညီအစ်ကိုသုံးယောက် ကြိုးစားပြီး အပြိုင်အဆိုင် လက်ထပ်ဖို့ မိန်းမရှာကြမှာပါ။ အကြီးဆုံးအစ်ကိုဖြစ်တဲ့ Lee Yoon-Jae က သွားဆရာဝန်အဖြစ်လုပ်ကိုင်ပြီး လူနာတွေကြားထဲမှာ ဂုဏ်သတင်းကျော်ကြားတဲ့ သမားတော်ကောင်းတစ်ယောက်ဖြစ်ပါတယ်။အလတ်လေးကတော့ Lee Hyun ...
9.0
TMDb: 9.0/10 2300 votes
tv

It’s Beautiful Now (2022)

2022
Tomorrow, I’ll Be Someone’s Girlfriend (2022) 7
Tomorrow, I’ll Be Someone’s Girlfriend (2022) Tomorrow I Will Be Someone's Girlfriend (2022)Disney Plus က ထုတ်ထားတဲ့ ၁၂ပိုင်းပါဝင်တဲ့ ဂျပန်ဇာတ်လမ်းတွဲလေးပါ။ မန်ဂါလည်း ရှိခဲ့ပြီး မန်ဂါကို ပြန်ရိုက်ထားတဲ့ ဇာတ်လမ်းတွဲပါပဲ။ ဇာတ်လမ်းကတော့ သိပ်မကြာသေးခင်ကတင် နာမည်ကြီးလိုက်သေးတဲ့ ဂျပန်က အငှားရည်းစားခေါ် အချိန်အတူဖြုန်းပေး ရည်းစားဟန်ဆောင်ပေးတဲ့ အလုပ်ကိုလုပ်တဲ့ ကောင်မလေးတွေအကြောင်းပါပဲ။ဒီလို အငှားရည်းစားလုပ်တဲ့ အကြောင်းကို ရိုက်ပြတဲ့ ဒါရိုက်တာကလည်း အမျိးသမီးပါ။ အမျိုးသမီးတွေ ပွိုင့်ကနေ သေချာကို ဘာလို့လုပ်ဖြစ်သွားတယ် ဘာအခက်အခဲတွေကြုံရတယ်ဆိုတာကို သေချာပုံဖော်ထားပါတယ်။ ဒီလိုပုံဖော်ရာမှာ အငှားရည်းစား အလုပ်ဘာလို့လုပ်ဖြစ်သွားကြတယ်ဆိုတဲ့ ပွိုင့်ကို ကောင်မလေးလေးငါးယောက်လောက်သုံးပြီး ရှု့ထောင့်အမျိုးမျိုးကနေ တင်ပြထားပါတယ်။ တစ်ချို့ကျတော့လည်း တကယ်သနားဖို့ကောင်းနေတာတွေ တစ်ချို့ကတော့လည်း မိုက်တွင်းနက်နေတာတွေ စုံလို့ပါပဲ။ ဒီအလုပ်ကိုလုပ်ဖို့ အလှအပက အရေးကြီးလို့ မလှတဲ့မိန်းကလေးတွေ ကြုံရတဲ့အခက်အခဲတွေပါပါတယ်။ နောက် အငှားရည်းစားဆိုတာ ရည်းစားအဖြစ်ဟန်ဆောင်ပေးရုံ လွန်ရောလက်ထိပဲကိုင်ခွင့်ပေးထားပေမဲ့ တစ်ချို့က ကိုယ်ကိုပါ ...
7
TMDb: 7/10 1 votes
tv

Tomorrow, I’ll Be Someone’s Girlfriend (2022)

2022
See You Again (2022)
See You Again (2022) See You Again (2022)ဒီတစ်ခါမှာတော့CM ပရိသတ်တွေအတွက်ရိုဆန်မှုတွေအပြည့်နဲ့အချစ်ဖန်တက်စီကားလေးတစ်ကားနဲ့မိတ်ဆက်ပေးချင်ပါတယ်။ main cast တွေအဖြစ်မင်းသားချော Hu Yi Tian(Checkmate) နဲ့မင်းသမီးချော Chen Yu Qi(Mirror: A Tale of Twin Cities) တိုကပါဝင်သရုပ်ဆောင်ထားပါတယ်နော်။ ဇာတ်လမ်းအကျဥ်းလေးကတော့1930ခုနှစ် Republican ခေတ်အချိန်ရဲ့နာမည်ကြီးကြယ်ပွင့်သရုပ်ဆောင်Xiang Qin Yu ကမမျှော်လင့်ဘဲကံကြမ္မာအလှည့်မှာ21ရာစုခေတ်ကိုအချိန်ခရီးသွားပြီးရောက်လာခဲ့ပါတယ်။1930နှစ်နဲ့မတူညီဘဲ ထူးခြားဆန်းသစ် နေတဲ့နေရာမှာတစ်ယောက်တည်း ယောင်လည်လည်ဖြစ်နေတဲ့အချိန်Xiang Qin Yu ရဲ့ ဖန်အကြီးစား,screenwriter ဖြစ်သူ Jin A Yin နဲ့ဆုံတွေ့ကြတဲ့အခါမှာတော့...နာမည်ကျော်သရုပ်ဆောင်တစ်ယောက်နဲ့သာမန်ဇာတ်ညွှန်းရေးဆရာမလေးရဲ့ဇာတ်လမ်းက ဘယ်လိုဖြစ်မလဲ။တစ်ယောက်ကိုတစ်ယောက်အပြန်အလှန် ကူညီကြရင်းရင်ခုန်သံတွေ နီးကပ်လာမှာလား။ဒါ့အပြင် 21 ရာစုကို ရောက်လာခဲ့ရတဲ့အကြောင်းရင်းကို ရှာဖွေတဲ့အခါမှာတော့အမှန်တရားကရော ဘာလဲ ဆိုတာတွေကိုရိုရိုချိုချို, ဟာသရသမျိုးစုံ ,ရင်ခုန်စိတ်လှုပ်ရှားစရာအပြည့်နဲ့ခံစားကြည့်ရှုရမှာပါနော်။(အညွှန်းရေးသားထားသူကတော့ Chan Mya Mya Thein ဖြစ်ပါတယ်) Quality : WEB-DL 720pTotal Episodes : 30Format : ...

See You Again (2022)

2022
Minato’s Laundromat: Wash My Heart! (2022)
Minato’s Laundromat: Wash My Heart! (2022) Minato's Laundromat: Wash My Heart! (2022) ဇာတ်လမ်းတွဲ*********************************************************အပိုင်း ( ၁  မှ ၁၂  )   စ  / ဆုံးအရမ်းSweet ဖြစ်တဲ့ Japan BL စီးရီးလေးကိုတင်ဆက်ပေးလိုက်ပါတယ်..Inter မှာလည်း တော်တော်လေး ပေါက်ခဲ့သလို ကောင်းမွန်တဲ့ Review တွေပဲရရှိခဲ့လို့CM ပရိတ်သတ်တွေအတွက် တင်ဆက်ပေးလိုက်ပါတယ်.. Minato Akira ဆိုတဲ့ကောင်လေးတစ်ယောက်ဟာ ခေါင်းပုံဖြတ်တဲ့ကုမ္ပဏီတစ်ခုမှာအချိန်ပိုတွေဆင်းရင်း ကျန်းမာရေးဖောက်လာလို့ အလုပ်ထွက်လိုက်တယ်...အနားယူပြီး ကျန်းမာရေးကောင်းလာတဲ့အချိန်မှာ အဘိုးဖြစ်သူရဲ့အကြွေစေ့ပင်းမင်းဆိုင်လေးကိုအမွေဆက်ခံဦးစီးခဲ့တယ် ...Minatoရဲ့ဆိုင်လေးမှာ လာတဲ့ဖောက်သည်တွေကတော့အိမ်ရှင်မတွေ၊ အိမ်နီးချင်းတွေနဲ့ လူကြီးတွေပေါ့ တစ်နေ့တော့ Minatoရဲ့ဆိုင်လေးကိုShinဆိုတဲ့ခပ်ချောချောကောင်ငယ်လေးတစ်ယောက်ရောက်လာတယ်Shinကတော့ သူ့အိမ်ကမိသားစုဝင်များတော့ အဝတ်လျှော်စက်မနိုင်လို့Minatoဆိုင်မှာအမြဲလာလျှော်တဲ့ဖော်သည်လေးဖြစ်လာခဲ့တယ်အသက်အရွယ်မတူပေမဲ့ Minataနဲ့ Shinတို့ဟာဘော်ဒါတွေလိုရင်းနှီးလာကြတယ်တစ်နေ့မှာ နှစ်ယောက်သားစကားပြောရင်း Minatoက သူ Gayဆိုတဲ့အကြောင်းမထင်မှတ်ဘဲပြောမိသွားတဲ့အခါ…. Shinက Minatoကို အရင်လိုဆက်ခင်မလားMinatoနားကပဲထွက်သွားမလား Minatoကကော မြင်မြင်ချင်းကြွေခဲ့ရတဲ့Shinကိုသူ့အနားမှာဆက်နေဖို့ဆွဲထားနိုင်ပါ့မလားဆိုတာကိုတော့ ဆက်လက်ကြည့်ရှူကြပါဦး..... Episodes: 12Aired: Jun 29, 2022 - Sep ...

Minato’s Laundromat: Wash My Heart! (2022)

2022
Bad Romeo (2022) [Complete]
Bad Romeo (2022) [Complete] Bad Romeo (2022)[အစ-အဆုံး]အပိုင်းသစ် - ၁၇ (ဇာတ်သိမ်းပိုင်း)(1080p ရပါပြီ)ပရိတ်သတ်တွေ မျှော်လင့်နေတဲ့ YA YA နဲ့ MARIO တို့ရဲ့ BAD ROMEO ဇာတ်လမ်းတွဲအသစ်လေးကို CM မှ တင်ဆက်ပေးလိုက်ပါတယ်။ဇာတ်လမ်းအကျဉ်း ...ဖခင်ရဲ့ချုပ်ချယ်မှုတွေအောက်မှာ ကြီးပြင်းလာခဲ့ရတဲ့ စိုင်ခင်မ်ဆိုတဲ့ကောင်မလေး ... တစ်နေ့မှာတော့ သူမနေခဲ့ဖူးတဲ့ ဘဝနဲ့ နေထိုင်ကြည့်ချင်လို့ ဖခင်ရဲ့ အရိပ်အောက်ကနေ ထွက်လာခဲ့တယ်။ အဲဒီလိုထွက်လာချိန်မှာတော့ ကလာ့ဆိုတဲ့ ကောင်လေးနဲ့တွေ့ပြီး သူမဘဝရဲ့ ကြီးမားတဲ့ ပြောင်းလဲမှုတွေ စတင်တော့တာပါပဲ။ ကလာ့ကတော့ ရိုးသားကြိုးစားတဲ့ ကောင်လေးတစ်ယောက် ... ခင်မ်နဲ့ တွေ့ဆုံပြီးနောက်ပိုင်း ကလာ့ရဲ့ ဘဝမှာလည်း ပြောင်းလဲမှုတွေ ဖြစ်လာခဲ့တယ်။ချစ်သူရဲ့ သစ္စာဖောက်ခြင်းကိုလည်း ခံလိုက်ရပြီး အသဲကွဲနေတဲ့ ကလာ့နဲ့ ဖခင်ဆီကနေ ထွက်ပြေးလာတဲ့ စိုင်ခင်မ် သူတို့နှစ်ယောက် ရှေ့ဆက်ပြီး ဘာတွေဖြစ်မလဲဆိုတာကို ဒီဇာတ်လမ်းမှာ ဆက်လက်ကြည့်ရှုကြပါရှင့် ။(အညွှန်းကိုတော့ Angel က ရေးပေးထားပါတယ်။)Aired: July 20, ...

Bad Romeo (2022) [Complete]

2022
Unforgotten Night(2022) [Complete]
Unforgotten Night(2022) [Complete] Unforgotten Night (2022) [အစ-အဆုံး] ==================အပိုင်းသစ် (၁၂) (ဇာတ်သိမ်းပိုင်း)အရမ်းကြမ်းတဲ့ ဇာတ်ဝင်ခန်းတွေပါဝင်မှာမို့လို့ မထွက်လာခင်တည်းက နာမည်ကြီးနေတဲ့ ဒီ စီးရီးလေးရဲ့ ဇာတ်လမ်းအကျဉ်းကတော့မာဖီးယားဂိုဏ်းခေါင်းဆောင်ဖြစ်တဲ့ ခမိုက လိင်စိတ်နဲ့ပတ်သက်လာရင် ကြမ်းကြမ်းတမ်းတမ်းဆက်ဆံရတာ (BDSM) ကို သဘောကျနှစ်ခြိုက်သူတစ်ယောက်ဖြစ်ပြီး ဘယ်သူကမှ သူ့ကို စိတ်ကျေနပ်အောင် ဖြည့်ဆည်းပေးနိုင်စွမ်းမရှိသေးလို့ ပိုက်ဆံတွေချမ်းသာပြီး လိုအင်ဆန္ဒတွေမပြည့်ဝရတဲ့ သူတစ်ယောက်ပါအဲ့လိုမာဖီးယားဂိုဏ်းခေါင်းဆောင်က ရည်းစားနဲ့လောလောလတ်လတ်ပြတ်ထားပြီး အချစ်ရေးမှာ စလုံးရေစတည်းက ကံမကောင်းတဲ့ ကင် ဆိုတဲ့ ကောင်လေးနဲ့ တစ်ညတာ အချိန်ဖြုန်းပြီးတဲ့နောက်မှာတစ်သက်လုံး ဆန္ဒတွေမပြည့်ဝလာခဲ့ရတဲ့ မာဖီးယားကြီးကို ဘယ်လိုတွေဖြည့်ဆည်းပေးလိုက်လို့ ကင်တစ်ယောက် သူ့ရဲ့ ချစ်သူဖြစ်သွားရလဲခမိုရဲ့ ‌ဘေးနားမှာ နေရဖို့က ထင်ထားသလိုလွယ်ကူတဲ့ခရီးလမ်းဖြစ်နေမှာ မဟုတ်လို့ ဘယ်လိုအခက်အခဲတွေနဲ့ ရင်ဆိုင်ရမလဲဆိုတာကို ၂၁ ယောက်စုပြီး တူတူထိုင်ကြည့်ကြရမှာဖြစ်ပါတယ်ရိုးရိုးအိပ်ယာပေါ်ချော့သိပ်တဲ့ဇာတ်ဝင်ခန်း‌မျိုးတွေ မဟုတ်ပဲ အားလုံးထက်ကြမ်းတဲ့ BDSM Scene တွေ ဖောဖောသီသီပါဝင်မှာဖြစ်တာကြောင့် ၂၁ ယောက်ပြည့်မှ ကြည့်ရှုကြဖို့ တောင်းဆိုအပ်ပါတယ်နော် Episodes: 12Aired: June.22 , 2022Aired On: WedGenres: Drama , RomanceTranslated ...

Unforgotten Night(2022) [Complete]

Love in Spring (2022)
Love in Spring (2022) Love in Spring (2022)ဒီတစ်ခေါက်မှာတော့ CM ရဲ့ BL fan လေးတွေအတွက် Korea Historical/Romance BL Series လေးတင်ဆက်ပေးလိုက်ပါတယ် ဒီဇာတ်လမ်းမှာတော့ မင်းသား Yoo Young Jae နဲ့ Kim Song တို့က အဓိကပါဝင်သရုပ်ဆောင်ထားပါတယ်ဇာတ်လမ်းအကျဉ်းလေးကတော့- အလုပ်အကျွေးပြုနေရတဲ့ သခင်လေးက ကိုယ့်ကိုစွဲလမ်းနေလို့ ထွက်ပြေးနေရှာတဲ့ အစေခံလေး ဆယ်ဗြော ဆယ်ဗြောရဲ့အသက်ကို အမတ်ကြီး ချွဲဂျင်ဆာက ကယ်ဆယ်ပေးခဲ့ပါတယ် အမတ်ကြီးက ဆယ်ဗြောကို မိန်းကလေးလို ဟန်ဆောင်ခိုင်းပြီး သူ့ရဲ့ တတိယသမီး ချွဲဟယ်ဆောင်းအဖြစ်နေထိုင်စေခဲ့တယ်- အမေနဲ့အတူ နေထိုင်တဲ့ ဆင်းရဲတဲ့ မျိုးရိုးမြင့်ကောင်လေး ဂျင်ဂွန်ဆောင်း ဂွန်ဆောင်းကတော့ သိုင်းပညာကျွမ်းကျင်တဲ့သူတစ်ယောက်ပါ- တစ်ရက်မှာတော့ တောင်ပေါ်သစ်ခုတ်ဖို့သွားတဲ့ဂွန်ဆောင်းက ရေထဲခုန်ချသွားတဲ့ မိန်းကလေးတစ်ယောက်ကို ကယ်တင်ဖို့ကြိုးစားခဲ့တယ် ဒါပေမယ့် မိန်းကလေးကပဲ သူ့ကိုပြန်ပြီးကယ်တင်ပေးခဲ့တယ်အဲဒီမိန်းကလေးကတော့ အခြားလူမဟုတ်ပါဘူး မိန်းကလေးပုံစံဟန်ဆောင်ထားတဲ့ ဆယ်ဗြောပါရုတ်တရက် ဆယ်ဗြောနဲ့ ဂွန်ဆောင်းလက်ထပ်ဖို့အကြောင်းဖန်လာတဲ့အခါမှာ ဘာတွေဆက်ဖြစ်မလဲဆိုတာကို CM က ဘာသာပြန်တင်ဆက်ပေးမယ့် Love in Spring မှာ ဆက်လက်ကြည့်ရှုကြပါရှင်စုစုပေါင်း ...

Love in Spring (2022)

2022
The Deadly Affair (2022)
The Deadly Affair (2022) The Deadly Affair (2022) စ / ဆုံး ------------------------------- Apinan တစ်ယောက် အရက်မူးပြီးကားမောင်းရင်းလမ်းမှာ လူတစ်ယောက်ကို တိုက်မိပြီးနောက် အဲဒီလူက သေဆုံးသွားခဲ့ပါတယ်။ ဖြစ်ချင်တော့ သေသွားတဲ့သူဆီမှာ စေ့စပ်ထားတဲ့ကောင်မလေး Jaytiya ရှိနေတာပါ။Apinan ကလည်း ကိုယ့်အပြစ်ကိုယ်သိလို့ ကိုယ်တိုင် ပြစ်မှုဝန်ခံလိုက်တဲ့နောက် ၆ နှစ် ထောင်ကျသွားခဲ့ပါတယ်။ ထောင်မကျခင်မှာ သူ့ကောင်မလေး Mink က ကိုယ်ဝန်ရှိနေခဲ့တာပါ။ထောင်ထဲမှာ ကောင်းကောင်းနေထိုင်ခဲ့လို့ လျှော့ရက်ရပြီး ၃ နှစ်တည်းနဲ့ ထောင်ထဲကပြန်ထွက်လာနိုင်တဲ့အခါမှာတော့ သူ့ကောင်မလေး Mink က ကိုယ်ဝန်ပျက်ကျပြီး Mink ပါ တစ်ပါတည်း ဆုံးပါးသွားခဲ့ပါပြီ။နောက်ပိုင်း Jaytiya နဲ့ Apinan တို့ဆုံတွေ့ကြတဲ့အခါ Jaytaya မှာတော့ သူ့ကောင်လေးကိုကားတိုက်ခဲ့ပြီး ၃ နှစ်တည်းနဲ့ ထောင်ထဲကထွက်လာတဲ့ Apinan ကို မကျေမချမ်း ဖြစ်နေတော့တာပါ။ အဲဒီနောက် Apinan ကို အပြစ်ဒဏ်ဆက်ခံရစေဖို့အတွက် Jaytaya တစ်ယောက် ဘယ်လိုကြိုးပမ်းသွားမလဲဆိုတာကို ရင်ခုန်စွာစောင့်မျှော်ကြည့်ရှုပေးကြပါဦးနော်Episodes: 18Aired: July.4 , 2022Aired On: ...

The Deadly Affair (2022)

Love Between Fairy and Devil (2022)
Love Between Fairy and Devil (2022) CM ပရိသတ်တွေအတွက်ဒီတစ်ခါမှာLove Between Fairy and Devil ဆိုတဲ့တရုတ်ဇာတ်ကားကောင်းလေးနဲ့မိတ်ဆက်ပေးချင်ပါတယ်။ဒီဇာတ်ကားထဲမှာ Dong Fang Qing Cang အဖြစ် Wang He Di,Xiao Lan Hua အဖြစ် Yu Shu Xin တိုကပါဝင်သရုပ်ဆောင်ထားတာဖြစ်ပါတယ်။ ဇာတ်လမ်းအကျဉ်းလေးကတော့Po Xin မျိုးနွယ်နဲ့မိစ္ဆာမျိုးနွယ်နဲ့တိုက်ခိုက်ရင်းPo Xin မျိုးနွယ်ရဲ့နတ်ဘုရားမတစ်ပါးကိုမိစ္ဆာအရှင်ဖြစ်တဲ့ Dong Fang Qing Cang ကရှင်းလင်းပစ်ခဲ့တယ်။နှစ်တစ်သောင်းကျော်ကြာပြီးနောက် ကောင်းကင်ဘုံမှာအဆင့်နိမ့်နတ်သမီး Xiao Lan Hua အဖြစ်တဖန်ပြန်လည်မွေးဖွားလာပြီးHao Tian စင်မှာပိတ်မိခံထားရတဲ့ Dong Fang Qing Cang ကိုမရည်ရွယ်ပဲနဲ့ပြန်လည်နှိးထအောင်လုပ်လိုက်မိပါတယ်Dong Fang Qing Cang ကလည်းသူ့လွတ်လပ်မှုကိုရယူဖိုကြိုးစားရင်း Xiao Lan Hua နဲ့ဝိဉာဉ်ချင်းလဲသွားခဲ့တယ်။ရက်စက်ကြမ်းကြုတ်တဲ့မိစ္ဆာအရှင်နဲ့ဖြူစင်ပြီးကြင်နာတတ်တဲ့နတ်မိမယ်လေးဘယ်လိုဖြစ်ပြီးတော့များဝိဉာဉ်ချင်းလဲသွားရတာလဲ။မတူညီတဲ့အကျင့်စရိုက်နဲ့မတူညီတဲ့စွမ်းအားတွေကြားမှာဝိဉာဉ်ချင်းလဲမိနေတဲ့နှစ်ဦးသားဘယ်လိုအခက်အခဲတွေတွေ့ကြုံလာရမလဲ။လဲမိသွားတဲ့ဝိဉာဉ်နှစ်ခုကိုကောပြန်ရယူနိုင်ပါ့မလားဆိုတာကိုအားလုံးပဲအတူတူစောင့်ကြည့်လိုက်ကြရအောင် ~ (အညွှန်းရေးသားထားသူကတော့ Ann Chi ဖြစ်ပါတယ်) Quality : WEB-DL 720pTotal Episodes : ...

Love Between Fairy and Devil (2022)

2022
Check Out (2022)
Check Out (2022) Check Out(2022) စ / ဆုံး................................. လူငယ်လည်းဆန် ရိုမန့်တစ်လည်းဆန်တဲ့ BL လေးတွေမှကြိုက်ကြပါတယ်ဆိုတဲ့ BL fan များအတွက်Thai BL Series အသစ်လေးတစ်ခု တင်တက်ပေးလိုက်ပါတယ်Nine အဖြစ် Chahub Marut Ghoummeddin Daonuea အဖြစ် Best Vittawin Veeravidhayanant တို့က အဓိကပါဝင်သရုပ်ဆောင်ထားပါတယ်ဇာတ်လမ်းအကျဥ်းချစ်သူနဲ့လမ်းခွဲပြီးတော့ အသဲကွဲပြီး တစ်ယောက်တည်း ခရီးတွေထွက်နေတဲ့ ကောင်လေးတစ်ယောက်နဲ့ အချစ်ကို အယုံအကြည်မရှိ စိတ်ပျက်နေပြီး တစ်ယောက်တည်းနေမယ်ဆိုတဲ့စိတ်လေးနဲ့ တစ်ယောက်တည်း ခရီးထွက်နေတဲ့ကောင်လေးတစ်ယောက်ရဲ့ အမှတ်မထင် တွေ့ဆုံမှုမထင်မှတ်ဘဲ နှစ်ယောက် အခန်းတစ်ခုကို တူတူငှားမိပြီး မျှသုံးကြတဲ့အခါ.......တစ်ယောက်အကြောင်း တစ်ယောက်နားလည်လာကြပြီး အချင်းချင်း ပိုရင်းနှီးလာကြချိန်မှာ သူတို့ရဲ့ခံစားချက်တွေက ဘယ်လိုဘယ်ပုံပြောင်းလဲသွားမလဲဒီဇာတ်လမ်းလေးကို အပတ်စဥ် စနေနေ့တိုင်း CM ကနေဘာသာပြန်တင်ဆက်ပေးသွားမှာဖြစ်ပါတယ် channelmyanmar.org မှာ ဆက်လက်ကြည့်ရှုကြပါရှင်Episodes: 12Aired: June.4 , 2022Aired On: SATGenres:  RomanceTranslated by Angel , Shoon , Myo ...

Check Out (2022)

Pretty Little Liars: Original Sin (2022) 7.2
Pretty Little Liars: Original Sin (2022) Pretty Little Liars: Original Sin (2022) =========================== IMDb Rating - 7.2/10HBO MAX ကနေ အသစ်ထွက်ရှိလာတဲ့စီးရီးလေးဖြစ်ပါတယ်။1999 ခုနှစ်မှာ ပါတီတက်နေတဲ့ အထက်တန်းကျောင်းသူ သူငယ်ချင်းမလေးတစ်စုတို့ဟာ ပါတီမှာ ရုတ်တရတ် သေဆုံးမှု တစ်ခုနဲ့ကြုံခဲ့ကြရပြီး သွေးပျက်ဖွယ် အတွေ့အကြုံကို ရင်ဆိုင်ခဲ့ ကြရတယ်။နှစ်ပေါင်းများစွာကြာပြီးတဲ့နောက် သူတို့ရဲ့ သမီးလေးတွေအထက်တန်း ရောက်လာတဲ့အခါမှာ လွန်ခဲ့တဲ့ နှစ်ပေါင်း ၂၀ ကျော်ကကိစ္စနဲ့ပတ်သက်ပြီး အမည်မသိ မကျေနပ်သူတစ်ယောက်က ကောင်မလေးတွေကို နည်းအမျိုး မျိုးနဲ့ စတင်နှိပ်စက်တော့တယ်။ အီမိုဂျင်၊ နိုအာ၊ မောက်စ်၊ တက်ဘီ၊ ဖယ်ရန် ဆိုတဲ့ ကောင်မလေးငါးယောက်ရဲ့ တစ်ဦးချင်းဆီ ဇာတ်လမ်းကလည်း သီးသန့်ဆန်သလို၊ အမေတွေလိုပဲ သူငယ်ချင်းတွေဖြစ်သွားကြပြီးတော့ ဗီလိန်အမွှာညီအစ်မ ကယ်လီနဲ့ ကယ်ရင်တို့နှစ်ယောက်နဲ့ အားပြိုင်မှုတွေ အပြင်၊ အမည်မသိ မကျေနပ်သူကိုပါ ထိပ်တိုက်ရင်ဆိုင်ကြတာကို ကြည့်ရှု ခံစားရမှာဖြစ်ပါတယ်။Seasons 7 ခုတောင် ရှိခဲ့တဲ့ Pretty Little Liars စီးရီးရဲ့ Spin Off / Reboot ဖြစ်ပြီးတော့ Original ...
7.2
TMDb: 7.2/10 1400 votes
tv

Pretty Little Liars: Original Sin (2022)

2022
Hello World (2022)
Hello World (2022) Hello World===========အသက်မွေးဝမ်းကြောင်းပညာတွေကောင်းကောင်းတတ်ထားရုံနဲ့ ဘဝအိမ်မက်တွေပြည့်စုံသွားတာမဟုတ်ပါဘူးအိမ်မက်တွေအများကြီးရှိပေမယ့် မိဘအုပ်ထိန်းသူသဘောကျအလုပ်ကိုရွေးခဲ့တဲ့ လူငယ်လေးတွေအိမ်ထောင်ပြုသားမွေးမလုပ်ချင်လို့အလုပ်အသည်းအသန်လိုနေတဲ့ကောင်မလေး လယ်ထဲမှာပဲအချိန်ကုန်ရတော့မယ်ထင်ရာကနေ အလုပ်ရသွားတဲ့ကောင်လေး တစ်ကျောင်းထဲအတူတက်ပြီး ချစ်ကြိုးသွယ်ရာကနေလုပ်ငန်းခွင်ထိအတူဝင်ရလို့ ပျော်နေတဲ့စုံတွဲ ကိုယ့်စိတ်ကူးအိမ်မက်အတိုင်းသေချာအကောင်အထည်ဖော်ပြီးရလာတဲ့ ရည်မှန်းချက် အပြည့်နဲ့လူငယ်လေးအလွှာမျိုးစုံကနေ အကြောင်းမျိုးစုံနဲ့ အလုပ်ရကြပေမယ့် IT Company ကြီးတစ်ခုမှာ လုပ်ခွင့်ရလို့ ပျော်နေကြတဲ့ ခံစားချက်တွေကတော့အတူတူပါပဲလုပ်ငန်းခွင်ဝင်ခါစ လူငယ်လေးတွေရဲ့ မျှော်လင့်ချက်နဲ့ လုပ်ငန်းခွင်အတွင်းက အခက်အခဲတွေကို စရင်ဆိုင်ရသူတွေရဲ့ အခက်အခဲတွေကို ရိုက်ကူးပြထားတဲ့ Rating ကောင်းတဲ့ ဇာတ်ကားတစ်ကားပါကျောင်းသားကားတွေကိုကြိုက်တဲ့ Bollywood ပရိသတ်တွေအကြိုက်တွေ့စေမယ့် ဇာတ်လမ်းလေးဆိုလည်း မမှားပါဘူးFile Size – 500MB / 300MBQuality – 1080p / 720pDuration – 31minsTotal Episodes: 8EpsSubtitle – Myanmar HardsubFormat – Mp4Genre : Comedy / Drama / RomanceTranslator – Sora & Yunni & Su Mon Aung & ...

Hello World (2022)

2022
My Secret Love: The Series(2022)
My Secret Love: The Series(2022) My Secret Love The Series (2022) စ / ဆုံး............................................................ ဇာတ်လမ်းလေးကတော့ စီနီယာကိုတိတ်တခိုးချစ်မိနေပေမဲ့ ဖွင့်မပြောရဲတဲ့ဂျူနီယာလေးရဲ့အကြောင်းပဲဖြစ်ပါတယ်ခင်ဟန်ကတော့ ရိုးရိုးသာမန်ဘဝနဲ့ သာမန်ကောင်လေးတစ်ယောက်ဖြစ်ပြီးတော့ စီနီယာကို တိတ်တခိုးကြိုက်မိနေတဲ့ကောင်လေးပေါ့မိတ်ကတော့ သဘောကောင်းပြီးစကားပြောနည်းတဲ့ကောင်လေးပါ ခံစားချက်တွေကို စကားလုံးနဲ့ဖော်ပြရတာထက် အကြည့်တွေနဲ့ဖော်ပြတတ်တဲ့သူလေးပေါ့ရိုးရိုးအေးအေးလေးဆိုပေမဲ့လည်း တစ်ခြားသူကို ကူညီတတ်ပြီး အရမ်းသဘောကောင်းတဲ့သူလေးပါတစ်နေ့မှာ တက္ကသိုလ်ပထမနှစ်စမတက်ခင်မှာ မိတ်ရဲ့ဘေးအိမ်ကို ခင်ဟန်ပြောင်းလာခဲ့ပါတယ်စာသင်နှစ်မတူပေမဲ့လည်း တိုက်တိုက်ဆိုင်ဆိုင်နဲ့ နှစ်ယောက်လုံံးက အိမ်ဘေးချင်းကပ်ရပ်ဖြစ်ရုံတင်မ တက္ကသိုလ်လည်းတစ်ကျောင်းတည်း ဌာနလည်းတစ်ခုတည်းဖြစ်နေခဲ့ပါတယ်နောက်ပိုင်းမှာတော့ စီနီယာဖြစ်တဲ့ မိတ်ကလည်း ဂျူနီယာအပေါ်ကို တစ်ဖြည်းဖြည်းနဲ့ ချစ်မိလာတဲ့အခါမှာတော့ နှစ်ယောက်သားဘယ်လိုတွေရိုကြမလဲတိတ်တခိုးချစ်နေတဲ့ဂျူနီယာလေးကရော ဘယ်လောက်အကြာကြီးတစ်ဖက်သတ်ချစ်နေမလဲ ဘယ်လိုမျိုသိပ်ထားမလဲဆိုတာ ရင်ခုန်စိတ်လှုပ်ရှားစွာနဲ့ကြည့်ရမယ့်ကားလေးတစ်ကားမို့ စနေနေ့တိုင်းမှာ လက်မလွတ်တမ်းစောင့်ကြည့်ပေးကြပါဦးEpisodes: 12Aired: May 28 , 2022Aired On: SATGenres:  RomanceTranslated by Hseng Hom & Shwe LyannEncoded by Mann Maw KunnEpisode 1 (700MB)UsersDrive / Yoteshin / StreamSB / Mega / VIP Episode 2 ...

My Secret Love: The Series(2022)

2022
Bad Girlfriend (2022) 7.9
Bad Girlfriend (2022) ဒီတစ်ခေါက်မှာတော့ CM fan တွေအတွက် mini series လေးတစ်ခု တင်ဆက်ပေးလိုက်ပါတယ် ဒီဇာတ်လမ်းလေးရဲ့ ဇာတ်အိမ်လေးကလည်း တခြားဇာတ်လမ်းတွေနဲ့မတူဘဲ နည်းနည်းလေးကွဲထွက်နေတာမို့လို့ ပရိတ်သတ်တွေ အကြိုက်တွေ့မယ်လို့ ထင်ပါတယ်ဇာတ်လမ်းအကျဉ်းလှပပြီး ထက်မြက်တဲ့ကောင်မလေး ဂျီဆူ... အလုပ်မှာလည်း အရည်အချင်းရှိပြီး ကျွမ်းကျင်တဲ့ လက်ထောက်မန်နေဂျာတစ်ယောက်ဖြစ်တယ် အပေါင်းအသင်းတွေကြားမှာလည်း သဘောကောင်းလို့ နာမည်ကြီးသူတစ်ယောက်ဖြစ်တယ် ပွင့်လင်းတဲ့သူဖြစ်ပြီးတော့ လူတစ်ယောကို သဘောကျရင် ပွင့်ပွင့်လင်းလင်းဖွင့်ဟဝန်ခံပြီးတွဲတတ်တယ် ဒါပေမယ့် သူရဲ့ပြဿနာတစ်ခုက သူက လူတစ်ယောက်တည်းကို မကြိုက်တတ်ဘူး တစ်ခါကြိုက်ရင် နှစ်ယောက်လောက် တပြိုင်တည်းကြိုက်ပြီး မရရအောင်လိုက်ပြီးတွဲတတ်တဲ့ အကျင့်ဆိုးကြီးသူမဆီမှာရှိနေခဲ့တယ်အခုခေတ်စကားနဲ့ ပြောရမယ်ဆိုရင် လုံးဝကို play girl ပေါ့ သူမကြိုက်တော့ဘူးဆိုရင်လည်း အဲဒီလူကို ချက်ချင်းဖြတ်ပစ်လေ့ရှိတယ် သူမရဲ့ထုံးစံအတိုင်း အလုပ်က အထက်အရာရှိအဖွဲ့မှူးယွန်ထယ်အိုနဲ့ ရုံးနားက ကော်ဖီဆိုင်က အချိန်ပိုင်းအလုပ်သမားလေး ဂျီဟိုကို တစ်ပြိုင်နက်တည်းတွဲခဲ့တယ် ဒါပေမယ့် ဂျီဆူအလုပ်လုပ်တဲ့ရုံးမှာ ဂျီဟိုအလုပ်ဝင်ဖို့ဖြစ်လာတဲ့အခါ... အလုပ်မှာ ဘယ်လိုရှုပ်ထွေးမှုတွေဖြစ်လာမလဲ ဂျီဆူကရော သူရှုပ်ထားတဲ့ဇာတ်ကြီးကို ဖြေရှင်းနိုင်ပါ့မလား ဘာတွေဆက်ဖြစ်မလဲဆိုတာ Bad Girlfriend ဆိုတဲ့ ဇာတ်လမ်းတွဲလေးမှာ ဇာတ်လက်ကြည့်ရှုကြပါရှင့် ။( ဘာသာပြန််ပြီး အညွှန်းရေးသားထားသူကတော့ ...
7.9
TMDb: 7.9/10 votes
tv

Bad Girlfriend (2022)

2022
Love Mechanics (2022)
Love Mechanics (2022) Love Mechanics (2022) စ/ဆုံး ****************BL ကြိုက်တဲ့ ချစ်တို့အတွက် နောက်ထပ် BL ကြမ်းကြမ်းလေးတစ်ကား CM ကနေ တင်ဆက်ပေးလိုက်ပါတယ်**ဝီး အဖြစ် Yin Anan Wong **မာ့ခ် အဖြစ် War Wanarat Ratsameerat တို့က အဓိက ပါဝင်သရုပ်ဆောင်ပေးထားပါတယ်ဇာတ်လမ်းအကျဥ်းဘားလို့ခေါ်တဲ့ စီနီယာအစ်ကိုကြီးကို တဖက်သတ်လိုက်ကြိုင်နေတဲ့ မာ့ခ်ဆိုတဲ့ကောင်လေးမာ့ခ် တစ်ယောက် နေ့စဥ်နေ့တိုင်း ဘား နောက်ကို လိုက်ပြီးနှောက်ယှက်နေခဲ့တယ် ဘားရဲ့ သူငယ်ချင်းဝီးက ဒါကို လုံးဝ ကြည့်မရခဲ့ဘူး ဝီးက ဘားနဲ့ ဝေးဝေးနေဖို့ မာ့ခ်ကိုသတိပေးခဲ့တယ်ဒါပေမယ့် တစ်ရက်မှာတော့ ကြီးမားတဲ့ ကံကြမ္မာအလှည့်အပြောင်းတစ်ခုကို မာ့ခ်နဲ့ဝီး ရင်ဆိုင်ခဲ့ရတယ် မာ့ခ်ကတော့ သူနဲ့ဝီးကြားက ရေစက်တွေကို အဆုံးသတ်ချင်ခဲ့ပေမယ့် ဝီးက လက်မခံခဲ့ဘူး ဝီးမှာ ချစ်ရတဲ့ ချစ်သူရှိနေပေမယ့် မာ့ခ်က ဝီးကို သဘောကျသွားခဲ့တယ်သူတို့နှစ်ယောက်ကြားက ဆက်ဆံရေးတွေ အဆင်ပြေသွားနိုင်မလား သုံးပွင့်ဆိုင်ဇာတ်လမ်း​ပေါ်သွားတဲ့အချိန်မှာ ဝီးဘာဆက်လုပ်မှာလဲ ဘာကိုရွေးချယ်မှာလဲဆိုတာ ဒီဇာတ်လမ်းလေးမှာ ဆက်လက်ကြည့်ရှုနိုင်ပါပြီရှင်Episodes: 10Aired: June.18 , 2022Aired ...

Love Mechanics (2022)

2022