Channel Myanmar

Romance

Ranjish Hi Sahi (2022) Complete 8
Ranjish Hi Sahi (2022) Complete ဘောလိ၀ုဒ် စီးရီးပရိသတ်များအတွက် အခုတစ်ခါမှာဆိုရင် ၂၀၂၂ ဇန်နဝါရီလမှာ ထွက်ရှိထားပြီး ဒါရိုက်တာ Mahesh Bhatt နဲ့ မင်းသမီး Parveen Babi ကြားက ပတ်သက်မှုကို အခြေခံပြီး ရိုက်ကူးတင်ဆက်ထားတဲ့ ဇာတ်လမ်းအဖြစ် လူပြောများခဲ့ကြတဲ့ စီးရီးလေးတစ်ခုကို တင်ဆက်ပေးလိုက်ပါတယ်ဒီစီးရီးလေးကို ဒါရိုက်တာ Pushpdeep ကရိုက်ကူးပုံဖော်ခဲ့ပြီး မင်းသား Tahir Raj နဲ့ မင်းသမီး Amrita တို့ ပါဝင်သရုပ်ဆောင်ထားပြီး အပိုင်း ရှစ်ပိုင်း ပါဝင်ပါတယ်ဇာတ်လမ်းလေးမှာ လွတ်လပ်စွာ ရုပ်ရှင်ရိုက်ကူးတတ်ပြီး အများနဲ့မတူ တမူထူးခြားနေတဲ့ ဒါရိုက်တာလေး ရှန်ခါ ..... လူတွေရဲ့ ရင်ထဲကို စွဲကျန်ရစ်နေမယ့် ဇာတ်ညွှန်းနဲ့ နာမည်ကြီး မင်းသမီး အမ်နာ ပါဝစ်ရှ်ကို ဇာတ်ဆောင်အဖြစ် ထားကာ ရုပ်ရှင်ရိုက်ကူးချင်နေတဲ့ သမီးလေးတစ်ယောက် ဖေဖေ ရှန်ခါတစ်ယောက် ....မမျှော်လင့်ဘဲနဲ့ သူ့စိတ်ကူးထဲက မင်းသမီး အမ်နာ ပါဝစ်ရှ်နဲ့ ကံကြမ္မာအကြောင်းဖန်လာပြီး တွေ့ဆုံရာကနေ သာမန်ထက်ပိုတဲ့ ဆက်ဆံရေးတွေ ဖြစ်လာတဲ့အချိန် အဲဒီ နှောင်ကြိုးတွေထဲကနေ ...
8
TMDb: 8/10 1 votes
tv

Ranjish Hi Sahi (2022) Complete

2022
Drag I Love You (2022)
Drag I Love You (2022) Drag, I Love You (2022)  အပိုင်း ( 22 ) စ/ဆုံး________________________________________ ဒီတစ်ခေါက်ကတော့ BL GL တွေ မဟုတ်ဘဲထူးထူးခြားခြား LGBTQ+ ကားလေး ဖြစ်ပါတယ်။ကလပ်ကပွဲတစ်ခုမှာ Draq Queen ဖြစ်သူ နာဒီယာလို့ခေါ်တဲ့ ကောင်မလေးတစ်ယောက်....တင်ဆက်ဖျော်ဖြေရင်းနဲ့ပဲ မတော်တဆမှု ဖြစ်ပြီး ဆေးရုံရောက်သွားပါတယ်။ဆေးရုံရောက်တဲ့အခါမှာလည်း ပစ်သတ်ခံလိုက်ရလေတော့....ရဲတွေက အမှုကို စုံစမ်းစစ်ဆေးဖို့ ဖြစ်လာပါလေရော။ရဲတွေဘက်က ကလပ်ကပွဲကို သိပ်မသင်္ကာတာနဲ့ပဲစုံထောက်တွေထဲမှာ အတော်ဆုံးဖြစ်တဲ့ စုံထောက်ဖတ်ကိုအသွင်ယူစုံစမ်းဖို့ လွှတ်လိုက်ပါတော့တယ်။ဖြစ်ချင်တော့ အဲဒီကလပ်ကပွဲမှာ transgender တွေပဲ လက်ခံတာကြောင့်ဖတ်တစ်ယောက် transgender တစ်ယောက်လို ဝတ်စားပြီး အထဲဝင်ဖို့လုပ်ရပါတော့တယ်။ဒီလိုနဲ့ ပွဲမှာ မိန်းကလေးတစ်ယောက်နဲ့ တွေ့ဆုံလာရပြီး.......အဲဒီမိန်းကလေးကလည်း ယောက်ျားလေးအိမ်သာဝင်တဲ့ transgender ဖြစ်နေတဲ့အခါ......တိုက်ဆိုင်မှုတွေနဲ့အတူ မထင်မှတ်ဘဲ သူတို့နှစ်ယောက် ချစ်မြတ်နိုးသွားမိတဲ့အခါမှာတော့.......သူတို့နှစ်ယောက်ဆက်ဆံရေးက ဘယ်လိုဆက်ဖြစ်ကြမလဲ..?လူသတ်မှု တရားခံကရော ဘယ်သူဖြစ်နေမှာလဲဆိုတာကို ကြည့်ရှုရမှာပါ။Mystery, Comedy, Romance drama အမျိုးအစားလေးဖြစ်လို့ ရသစုံခံစားရမှာ ...

Drag I Love You (2022)

Cutie Pie (2022)
Cutie Pie (2022)  "Cutie Pie" (2022) စ/ဆုံး  -----------------------ကိုကြီးသည်သာ အရာရာ..............ကိုကြီးသည်သာ သူ့ဘဝလို့ သတ်မှတ်ထားတဲ့ ကေးရာ့လေးမှာငယ်စဉ် ကလေးဘဝကတည်းက မိဘချင်းစေ့စပ်ထားတဲ့တရုတ်မျိုးနွယ် ကိုကြီးလီယံတစ်ယောက်ရှိသတဲ့...အလားတူပဲ အဲ့ဒီကိုကြီးလီယံရဲ့ ဘဝမှာလည်း ငယ်စဉ်ကလေးဘဝကတည်းကစေ့စပ်ထားတဲ့ ကေးရာ့လေးကို စောင့်ရှောက်ရမယ့် တာဝန်ရှိတာကြောင့်ဘယ်သူ့မှ မချစ်ဘဲ နေလာခဲ့ပါတယ်...............ဒါပေမယ့် ကေးရာ့ဘက်က ကိုကြီးလီယံအပေါ် အဖြစ်သည်းအောင် ချစ်နေပါသော်လည်း............အေးတိအေးစက်နိုင်လှတဲ့ကိုကြီးလီယံကတော့တာဝန်တစ်ခုလို့ ခေါင်းထဲမှတ်ကာ အချစ်မရှိပဲ လက်ထပ်ဖို့ ဆုံးဖြတ်ထားပါတော့တယ်...ဒီလိုနဲ့ တစ်ဖက်သက် အချစ်ပဲရှိပြီး အသွားအလာ မရှိတဲ့ သူတို့နှစ်ဦးရဲ့ အချစ်ဟာရှေ့ဆက်ဖို့ မဖြစ်နိုင်တော့တဲ့ အခြေအနေတစ်ခုအရောက်မှာ စေ့စပ်ခြင်းနဲ့ပဲ ပြီးပြတ်ဖို့ သဘောတူခဲ့ပေမယ့်..........ငယ်စဉ်ကလေးဘဝကတည်း အတူပေါက်ဖွားလာတဲ့ သံယောဇဉ်က ချည်နှောင်တဲ့ အချစ်ကြိုးလေးကို လွန်ဆန်နိုင်ပါ့မလား....အပတ်စဉ် CM Thai Seriesမှာ  စနေနေ့တိုင်း စောင့်မျှော်ကြည့်ရှုနိုင်ပါပြီEpisodes: 12Aired: FEB 19 , 2022Aired On: SATGenres:  RomanceTranslated by Mann Maw KunnEncoded ...

Cutie Pie (2022)

2022
You are My Heartbeat (2022)
You are My Heartbeat (2022) You are my heartbeat (2022) စ / ဆုံး-------------------------------------------မြင်သူတိုင်းရဲ့  အသည်းကို ဖမ်းစားတတ်တဲ့P Push ရဲ့ ကားသစ်လေးနဲ့ မိတ်ဆက်ပေးပါရစေ။P Push ကတော့ သူ့ရဲ့ဥပတိရုပ်နဲ့အလိုက်ဖက်ဆုံးကာရိုက်တာဖြစ်တဲ့စီးပွားရေးလုပ်ငန်းရှင် Sira အဖြစ် သရုပ်ဆောင်သွားမှာပါ......အသန့်အရမ်းကြိုက်ပြီး လိမ်ညာတာကို အလွန်မုန်းတီးတဲ့ Sira တစ်ယောက်လှည့်ဖြားတဲ့နေရာမှာ ဆရာကျတဲ့ Keetika နဲ့အတူတူ အလုပ်လုပ်ဖို့ ဖြစ်လာခဲ့ပါတယ်.......Keetika ရဲ့မိခင်ဖြစ်သူက လင်ယောက်ျားကို ပစ်သွားပြီးအထည်အလိပ်ကုမ္ပဏီပိုင်ရှင် Papop နောက် ကောက်ကောက်ပါအောင်လိုက်သွားခဲ့လေတော့နှစ်ယောက်သား အဆင်မပြေတဲ့သားအမိဆက်ဆံရေး ဖြစ်‌နေခဲ့ပါတယ်အဲဒါအပြင် ပထွေးရဲ့ သမီးဖြစ်သူ Chanaratee နဲ့ Keetika ကလည်းလင်ပါသမီးနဲ့ မယားပါသမီးဆိုတော့ မတည့်ကြဘဲ မိသားစုအရေးက ရှုပ်ထွေးနေပါလေရောSira ကတော့ ငယ်ကတည်းက Primyuda ဆီမှာ မွေးစားခံရပြီးPrimyuda ရဲ့မြေးရင်း Sasa ကို ကုမ္ပဏီမှာ အလုပ်လုပ်ဖို့ လိုက်ခေါ်နေတာပါ။ခေါ်မရတော့ Sasa ရဲ့ ...

You are My Heartbeat (2022)

2022
The Miracle Of Teddy Bear (2022)
The Miracle Of Teddy Bear (2022) "The Miracle Of Teddy Bear"(2022) စ/ဆုံး------------------------------------------လူ့ဘဝမှာ လူတိုင်းနီးပါး အံ့ဩဖွယ်ကောင်းတဲ့ ထူးခြားမှုမျိုးတွေ ကြုံတွေ့ကြရပါတယ်...လူအမျိုးမျိုး စိတ်အထွေထွေဆိုသလို တစ်ဦးနဲ့ တစ်ဦးရဲ့ အံ့ဩဖွယ်ရာဖြစ်ရပ်တွေက မတူတတ်ကြဘူး....ဒီဇာတ်လမ်းလေးမှာလည်း ဝက်ဝံရုပ်ကလေးကနေ လူသားအဖြစ် ထူးဆန်းစွာ ပြောင်းလဲသွားတဲ့ ကောင်လေးအကြောင်းပဲ ဖြစ်ပါတယ်....အရေးပါတဲ့ လူတစ်ယောက်ဆီက လက်ဆောင်ဖြစ်တဲ့ ဝက်ဝံရုပ်ကလေးကို အချိန်တစ်ခုကြာအောင် မြတ်မြတ်နိုးနိုး သိမ်းဆည်းထားခဲ့တဲ့ "နက်" ဆိုတဲ့ကောင်လေးနဲ့....ဝက်ဝံရုပ်ကလေးထဲမှာ အသက်ဝင်နေခဲ့ပြီး သခင်ဖြစ်သူ အစ်ကိုနက်အနားမှာ အချိန်တိုင်းရှိနေခဲ့တဲ့ "တို့ဖူး" ဆိုတဲ့ ကောင်လေးတို့အကြားမှာ အံ့ဩဖွယ်ထူးခြားဆန်းကြယ်တဲ့ ဖြစ်ရပ် တစ်ခု ဖြစ်လာခဲ့တဲ့အခါ....ဘာတွေက "တို့ဖူး" ဆိုတဲ့ ဝက်ဝံရုပ်ကလေး လူအဖြစ် အသွင်းပြောင်းသွားစေခဲ့တာလဲ?သူတို့ကြားက ထူးခြားဆန်းကြယ်တဲ့ ဖြစ်ရပ်က ဘယ်ကနေ ဘယ်လို စလာခဲ့တာလဲ?သူတို့အကြားက ထူးခြားတဲ့ ဖြစ်ရပ်ရဲ့ အဖြေကို ဖော်ထုတ်ရှာဖွေနိုင်ပါ့မလား?Episodes: 16Aired: March  27, 2022Aired On: Fri, Sat & ...

The Miracle Of Teddy Bear (2022)

Love (ft. Marriage and Divorce) S03 (2022) [Complete] 6
Love (ft. Marriage and Divorce) S03 (2022) [Complete] Love (ft. Marriage and Divorce) S03 (2022) ဇာတ်လမ်းတွဲအညွှန်း****************************************************** အပိုင်း - ၁၆ (ဇာတ်သိမ်းပိုင်း)(1080p ရပါပြီ) ဒီစီးရီးက S1,S2 ထွက်ရှိခဲ့ပြီး အိမ်ထောင်ရေးပြဿနာစုံဟာ လက်ရှိအပြင်လောကရဲ့ ဒုက္ခတွေနဲ့ အတော်များများတူနေတော့ မြန်မာပရိသတ်တွေ အတော်အားပေးခဲ့ကြပါတယ်...အညွှန်းကတော့ S1 ကဟာပဲထားလိုက်ပါ့မယ်…ဒီဇာတ်လမ်းတွဲကတော့ ပုံမှန် ကောင်လေးနဲ့ကောင်မလေးတို့ ချစ်ဖို့အရေးကြိုးစားနေတဲ့ ဇာတ်လမ်းတွဲမျိုးမဟုတ်ပါဘူး….အဲ့အဆင့်တွေထက်ကျော်လွန်ပြီး အိမ်ထောင်ကျပြီးနောက်ပိုင်း အိမ်ထောင်သည်တွေသမီးရည်းစားဘဝတုန်းကလို ချစ်နိုင်သေးရဲ့လားဆိုပြီး ပုံစံမတူတဲ့ စုံတွဲ(၃)တွဲကို ရိုက်ပြထားတာပါ….ပျင်းစရာကြီးလို့မထင်လိုက်နဲ့…တကယ့်လက်ရှိမှာ ဒီလိုတွေတကယ်ဖြစ်နေတာ….တရားသူကြီး Park Sa Hyun ဟာ drum တီးခတ်နေတဲ့ Boo Hye Ryung ကိုမြင်မြင်ချင်းချစ်မိသွားပြီး လက်ထပ်ခဲ့ကြပါတယ် …အိမ်ထောင်သက်သုံးနှစ်ရှိပြီး ကလေးမရှိသေးသော ပထမဆုံးစုံတွဲ…..Shin Yoo Shin ကတော့ဆေးရုံဒါရိုက်တာတစ်ယောက်ဖြစ်ပြီး radio show တစ်ခုရဲ့ PD ဖြစ်တဲ့ Sa Pi Young ရဲ့ချစ်လှစွာသောခင်ပွန်းပေါ့ သူမဟာ သူမရဲ့အိမ်ထောင်ရေးအတွက် ...
6
TMDb: 6/10 7 votes
tv

Love (ft. Marriage and Divorce) S03 (2022) [Complete]

2021
Finding Love (2015)
Finding Love (2015) Finding Love (2015)  စ / ဆုံးသမုဒယရိပ်မြုံ -------------------------------- နူနာ(နာရာ) ဆိုတဲ့ ဘဏ်သူဠေးကြီးရဲ့မြေးမလေးကမိခင်မေတ္တာငတ်ကာ ငယ်ငယ်ကတည်းက ဖခင်ဖြစ်သူနဲ့ ကွဲကွာခဲ့ရပါတယ်မိခင်ဖြစ်သူမှာ မိမိအတွက်ကိုသာ ကြည့်တတ်သူဖြစ်သောကြောင့်အဘိုး၏စောင့်ရှောင့်မှုနှင့်သာ ကြီးပျင်းလာခဲ့ရသူဖြစ်ပါတယ်။ဖခင်ဖြစ်သူကို လွမ်းဆွတ်တမ်းတနေသော နူနာ သည် ဖခင်ဖြစ်သူသက်ရှိထင်ရှားရှိနေမှန်း သိလိုက်ရသောအခါဖခင်ရှိရာ ဘိုခေါင်ခြံသို့ ဖခင်နှင့်တွေ့ဆုံဖို့ လိုက်လာခဲ့ပါတော့တယ်။ခြံသို့ ရောက်တဲ့အခါမှတော့ မိမိတွေးထားသလိုဖြစ်မလာပဲ အကြောင်းအမျိုးမျိုးကြောင့်မိမိဘဝအမှန်ကိုဖုံးကွယ်ကာ ခြံအလုပ်သမားလေး နူနာအဖြစ် နေထိုင်ခဲ့ရပါတယ်။ဖခင်နှင့် ရင်းနှီးခွင့်ရအောင် ကြိုးစားရင်း ခြံပိုင်ရှင် ခွန်စင် နှင့် အချစ်ဇာတ်လမ်း အစပျိုးလာပါတော့တယ်။နူနာ သည် ယာခင်းအလုပ်ကို မလုပ်ကိုင်ဖူးတဲ့အတွက် အလွဲလွဲ အချော်ချော်သာဖြစ်ခဲ့ရပါတယ်။ခွန်စင် မှာ စည်းကမ်း တင်ကျပ်သူဖြစ်သော်လည်း နူနာ့(နာရာ)အပေါ် ချစ်ခင်နှစ်သက်သောစိတ်ကြောင့်အရာရာကိုခွင့်လွှတ်နားလည်ပေးခဲ့ပါတော့တယ်။ခွန်စင် သည် နူနာ တစ်ခုခုဖုံးကွယ်ထားသည်ကိုသိသော်လည်းချစ်စိတ်နှင့်သာ အလုပ်တစ်ခုပြီးတစ်ခုပြောင်းပေးခဲ့ပါတော့တယ်။ခွန်စင် မှာ နိုင်ငံတော်ပိုင်သစ်တောတွေကိုကာကွယ်ရင်း ရန်သူတွေရှိလာပါတော့တယ်။နောက်ဆုံးတော့ နူနာ အလုပ်နေရာ အမှန်ကို ရောက်လာချိန်မှာတော့ ထင်မှတ်မထားတဲ့အသက်အန္တရာယ် ခြိမ်းခြောက်မှုတွေကြားခွန်စင် နဲ့ နူနာ ...

Finding Love (2015)

2015
Crazy Love (2022) [Complete]
Crazy Love (2022) [Complete] Crazy Love (2022) ဇာတ်လမ်းတွဲအညွှန်း*********************************အပိုင်း - ၁၆ (ဇာတ်သိမ်းပိုင်း)(1080p ရပါပြီ) Kim Jae Wook နဲ့ Krystal Jung တို့ ခေါင်းဆောင်ပါဝင်ထားတဲ့ "Crazy Love" ဆိုတဲ့ အချစ်ဇာတ်လမ်းလေးတစ်ခုပဲဖြစ်ပါတယ်...Noh Go Jin - ပုဂ္ဂလိကပညာရေးနယ်ပယ်မှာ နာမည်အကြီးဆုံး သင်္ချာနည်းပြဖြစ်ပြီးGOTOP Education ရဲ့ စီအီးအိုတစ်ယောက်လည်း ဖြစ်တဲ့သူပါ။အထက်တန်းအဆင့်ပညာရေးပဲ ရှိတာတောင်မှ သူ့ရဲ့ထက်မြက်သာလွန်တဲ့ဉာဏ်ရည်ကြောင့်အောင်မြင်မှုတွေ ပိုင်ဆိုင်ခဲ့တဲ့သူပေါ့...ချောမောတဲ့ရုပ်ရည်၊ မြင့်မားတဲ့ IQ နဲ့ချမ်းသာကြွယ်ဝမှုတွေကြောင့် ပြီးပြည့်စုံတဲ့သူလို့ပြောလို့ရပါတယ်... တစ်ရက် အသက်အန္တရာယ်ခြိမ်းခြောက်မှုတွေ ကြုံလာရပြီးနောက်မှာတော့အတိတ်မေ့ချင်ယောင်ဆောင်ပြီး အဲဒီလူကို လိုက်ရှာပါတော့တယ်...Lee Shin A - အလုပ်ကြိုးစားပြီး တာဝန်သိတတ်တဲ့ Noh Go Jin ရဲ့ အတွင်းရေးမှူးတစ်ယောက်ဖြစ်ပါတယ်။ဒါပေမဲ့ တိတ်ဆိတ်ပြီး တသီးတသန့်နေတတ်တဲ့စရိုက်ကြောင့် အလုပ်မှာ ရှိတယ်လို့တောင်အထင်မခံရတဲ့သူလေးပါ။တစ်နေ့အလုပ်မှာဆက်လုပ်ဖို့မပြေနိုင်တဲ့ကိစ္စကြီးတစ်ခုကြုံလာတော့အလုပ်မထွက်ခင် သူ့ကို ဆိုးဝါးစွာ ဆက်ဆံခဲ့တဲ့ ဘော့စ်ဖြစ်သူကို လက်စားချေဖို့ ကြံစည်ပါတော့တယ်.....အပိုင်း ...

Crazy Love (2022) [Complete]

2022
Makkali The Love Tree (2022)
Makkali The Love Tree (2022) Makkali The Love Tree (2022)  အစ / အဆုံး"မက်ကလီ အချစ်ပင်"------------------------------------------------------------------------တက္ကသိုလ်တစ်ခုက သိပ္ပံဘာသာရပ်သင်ကြားနေသော ဆရာလေးထန်ခွန်ငယ်စဉ်ကတည်းက လိုအပ်နေတဲ့ချစ်ခြင်းမေတ္တာကို ဖြည့်စည်းရန်အတွက် ပြီးပြည့်စုံသောမိသားစုဘဝကို မျှော်လင့်တောင့်တနေသူ တစ်ယောက်....အချိန်တော်တော်ကြာတွဲခဲ့ကြတဲ့ချစ်သူလေးဖရောင်းကို ထန့်ခွန်က လက်ထပ်ခွင့်တောင်းတဲ့နေ့မှာပဲ ဖရောင်းက လမ်းခွဲဖို့ပြောလိုက်တဲ့အခါ ထန်ခွန့်ရဲ့ အရာအားလုံးက ပျက်ဆီးသွားခဲ့တယ်တစ်ခြားတစ်ယောက်နဲ့ ဘဝအသစ်စတင်ရာမှာ အတားအဆီးဖြစ်မှာကို မလိုချင်တဲ့အတွက် ထန်ခွန်နဲ့ရတဲ့ကလေးကိုလည်း ဖျက်ချဖို့ဆုံးဖျက်လိုက်တဲ့အခါ........ ထန်ခွန်ရဲ့ဘဝကြီးက အားလုံးပျက်ဆီးသွားပြီး မိန်းမနဲ့အချစ်ကို လုံးဝမယုံကြည်နိုင်လောက်အောင်ဖြစ်သွားခဲ့ရတော့တယ်တစ်နေ့ ထန်ခွန်ဟာ စိတ်ဒဏ်ရာကိုကုစားဖို့ သူငယ်ချင်းဖြစ်သူ ဆုရီယွန်ရှိတဲ့ တောထဲကို လိုက်သွားခဲ့တယ် ထိုခရီးစဉ်လေးကပဲ ထန်ခွန့်ကို ဟိမဖန်တောရဲ့ လရောင်သက်တန့်အောက်ကနေ ပေါ်ထွက်လာတဲ့ မက်ကလီသီး မိန်းကလေးနဲ့ တွေ့ဆုံစေဖို့ အကြောင်းဖန်လာခဲ့ပါတော့တယ်မက်ကလီသီးမိန်းမပျိုလေးဟာ ကလေးဆန်သော စရိုက်ရှိပြီး သူမရဲ့ မွှေးပျံ့လှတဲ့ ကိုယ်သင်းရနံ့ဟာ ယောင်္ကျားလေးတွေကို လိင်စိတ်ပြင်းပြအောင်ဆွဲဆောင်စေတယ်မိန်းမနဲ့အချစ်ကို ကြောက်တဲ့ ထန်ခွန်ကတော့ မက်ကလီမိန်းမပျိုလေးကို ငြင်းဆန်ပြီး ဘန်ကောက်ကို ပြန်ဖို့ဆုံးဖြတ်ခဲ့တယ်ဒီအချိန်မှာပဲ ဟိမဖန်တောမှ သတ္တဝါတို့ဟာမက်ကလီသီးမိန်းမပျိုလေးကို သူတို့လိုအင်ဆန္ဒကို ဖြည့်ဆည်းဖို့ ကာမဆက်ဆံရန် ခေါ်ဆောင်သွားဖို့ကြိုးစားကြတဲ့အခါမှာတော့.......ထန်ခွန်က မက်ကလီလေးကို ဟိမဖန်တောမှ လွတ်မြောက်ဖို့အတွက် ဘန်ကောက်ကို ခေါ်လာဖို့ ဆုံးဖြတ်လိုက်တယ် လူသားတွေရဲ့နေထိုင်မှုစရိုက်ကို သင်ကြားပေးတဲ့အခါ ...

Makkali The Love Tree (2022)

Steps To Star (2020)
Steps To Star (2020) Steps To Star (2020) စ / ဆုံးไปให้ถึงดวงดาว ကြယ်တာရာဆီသို့ _____________________________________________လူတိုင်းရဲ့ဘဝမှာ ရည်ရွယ်ထားတဲ့ "ကြယ်တာရာ"ပန်းတိုင် ကိုယ်စီရှိကြပါတယ်...ကြီးလာရင် ဆရာဝန်ဖြစ်ရမယ် စီးပွားရေးလုပ်ငန်းရှင် ဖြစ်ရမယ်ဒီနှစ်ထဲမှာ ငွေဘယ်လောက် ရှာနိုင်ရမယ်အသက် ဘယ်လောက်ရောက်ရင် အိမ်တစ်လုံး ပိုင်ရမယ်တစ်နှစ်နဲ့ တစ်နှစ် တိုးလာတိုင်း အရင်နဲ့ မတူတဲ့ လူပဲ ဖြစ်ရမယ်စသဖြင့် လူတိုင်းမှာ မျှော်မှန်းချက် ကြယ်တာရာ အသီးသီးရှိကြပါတယ်...လူတိုင်းအတွက် အောင်မြင်မှု ကြယ်တာရာချင်းက မတူညီပေမယ့် တူညီတာတစ်ခုက မရောက်ရောက်အောင် သွားမယ်ဆိုတဲ့ အချက်ပါပဲ....ဒါပေမယ့် တစ်ချို့လူတွေက သူတို့ မျှော်မှန်းရာ ကြယ်တာရာဆီကို ရောက်ဖို့ ဖြတ်လမ်းနဲ့ လိုက်ကြတယ်...အဲ့ဒီအခါမှ အလွယ်လိုက်လို့ စေလိုရာ ကြယ်တာရာဆီကို မရောက်တော့ပဲ သူတို့ဘဝတွေ အဖန်ဖန် ပြိုလဲ ပျက်စီကြတော့တယ်...ဒါကြောင့်မို့ မိမိစိတ်ကူးယဉ်ထားတဲ့ ကြယ်တာရာကို ရောက်ဖို့ ဖြတ်လမ်းမလိုက်ရဘူး ရိုးသားဖြောင့်မတ်ရမယ် သစ္စာစောင့်သိရမယ်...မိမိ ကြယ်တာရာပန်းတိုင်သည် ဘယ်လောက်ပဲ ဝေးကွာပါစေ အပတ်တကုတ် ကြိုးစားမှုနဲ့ ...

Steps To Star (2020)

The Tuxedo (2022)
The Tuxedo (2022) The Tuxedo (2022) စ / ဆုံး -------------------------------------------------ဇာတ်လမ်းအကျဉ်း ဘဝမှာ ချမ်းသာကြွယ်ဝမှုတွေ ပြည့်စုံနေပေမယ့်လည်းအရာရာကို စိတ်တိုင်းမကျဖြစ်တဲ့ သူဌေးသားလေး နာဝီကအပြင်ပိုင်းမှာ မာကြောခက်ထန်ပေမယ့် အတွင်းပိုင်းမှာ စိတ်ဒဏ်ရာရနေသူတစ်ယောက်ဖြစ်ပါတယ်....နာဝီတစ်ယောက် အခုလို စိတ်ဒဏ်ရာရနေခြင်းမှာသူကလေးဘဝက ကြုံတွေခဲ့ရတဲ့ ဖြစ်ရပ်တွေကြောင့်ပဲ ဖြစ်ပါတယ်...ဒီလိုနဲ့ပဲ အတွင်းပိုင်းက ကြေမွနေတဲ့ ဒဏ်ရာတွေကိုဖုံးကွယ်ထားတဲ့ နာဝီ့ဘဝက အလိုမကျမှုများနဲ့ ပြည့်နှက်နေခဲ့ပါတော့တယ်...အရာရာ စေ့စပ်သေချာပြီး စိတ်ရှည်တတ်လွန်းတဲ့အပ်ချုပ်ဒီဇိုင်နာ အိုင်အွန်နဲ့ မတွေ့ခင် ကာလတစ်ခုထိပေါ့....ဒဏ်ရာတွေနဲ့ သူ့ဘဝထဲကို အနေအေးပြီးစိတ်ရှည်တတ်တဲ့ အပ်ချုပ်သမား ဒီဇိုင်နာကောင်လေး ဝင်ရောက်လာတဲ့အခါ...ခြောက်ကပ်မွန်းကြပ်နေတဲ့ နာဝီ့ဘဝဟာ သာယာစိုပြေသွားမလား?Episodes: 8Aired: March  5, 2022Aired On: FriGenres:  RomanceTranslated by Mann Maw KunnEncoded by Mann Maw KunnEpisode 1 (350MB)UsersDrive / Yoteshin / Mega.NZ / StreamSB ...

The Tuxedo (2022)

2022
I Wanna See You Again (2022)
I Wanna See You Again (2022) ကဲ ဒီတစ်ခါတင်‌ဆက်ပေးမယ့်ဇာတ်လမ်းလေးကတော့See you Tomorrow ဆိုတဲ့ပေါ့ပေါ့ပါးပါးလူငယ်အချစ် ဇာတ်လမ်းလေးပဲဖြစ်ပါတယ်Casts တွေကတော့ မျက်နှာသစ်လေးတွေပါဆေးဝါးပညာရှင် Jiang Kan အ‌ဖြစ် Zhang Kangleဇာတ်ညွှန်းဒါရိုက်တာမလေး Ding Liaoliao အဖြစ်Zhang Chuhan တိုက ပါဝင်သရုပ်ဆောင်ထားတာပဲဖြစ်ပါတယ်ဇာတ်လမ်းလေးကတော့...Ding Liaoliao ဟာ စီနီယာအစ်မ Lian Geyao ကိုအားကျတာကြောင့်ဂျာနယ်လစ်ဆင် မေဂျာကို ယူခဲ့ပြီး ဘွဲရပြီးနောက်ပိုင်းမှာတော့Jian Xia တီဗီချန်နယ်မှာ ဇာတ်ညွှန်းဒါရိုက်တာ ဖြစ်လာခဲ့ပါတော့တယ်Ding Liaoliao ဟာ ပွင့်ပွင့်လင်းလင်းပျော်ပျော်ရွှင်ရွှင်နေတတ်သူဖြစ်ပါတယ် ဒါပေမယ့် အကြောင်းတစ်ခုခုကြောင့်အေးစက်စက်နေတတ်ပြီး စည်းကမ်းတင်းကြပ်တဲ့ဆေးဝါးပါရဂူ Jiang Kan နဲ့ တစ်အိမ်ထဲအတူနေဖို ဖြစ်လာပါတော့တယ်အကျင့်စရိုက်က မိုးနဲ့မြေလိုဖြစ်နေကြတဲ့သူတိုနှစ်ယောက်အတူနေမှတော့အမြဲလိုလိုရန်ဖြစ်နေကြတာပေါ့ အဲ့လိုကနေ အတူနေလာရင်းနဲ့ပဲအချင်းချင်း နားလည်လာကြတဲ့အခါမှာတော့ ခံစားချက်တွေပြောင်းလဲလာခဲ့ပါတယ်သူတိုနဲ့အတူ တစ်အိမ်ထဲ အတူနေကြတဲ့ Ding Liaoliaoရဲ့‌ မောင်လေးDing Man နဲ့သူအားကျရတဲ့ စီနီယာအစ်မ Lian Geyao တိုကလည်းအချင်းချင်းနှလုံးသားချင်းနီးစပ်လိုလာပြီး ခံစားချက်တွေပေါက်ဖွားလာခဲ့ပါတယ်ဇာတ်လမ်းလေးကပေါ့ပေါ့ပါးပါးလေးဖြစ်တာကြောင့်အပန်းပြေကြည့်ချင်သူတွေကတော့ ...

I Wanna See You Again (2022)

2022
Tree of Heaven(2006) 7
Tree of Heaven(2006) Tree of Heaven(2006) အညွှန်း*************************အပိုင်း ( ၁ မှ ၁၀ )ထိ စ/ဆုံး၂၀၀၆ ခုနှစ်တုန်းက ထွက်ရှိခဲ့ပြီး ဒီစီ:ရီးဟာ လူတော်တော်များများရဲ့ နှလုံးအိမ်ကို ဆွဲယူနိုင်စွမ်းရှိခဲ့တယ်..တစ်ချို့အတွက်ဒီစီးရီးဟာ ဘယ်တော့မှ ပြန်မကြည့်ဖြစ်တော့မဲ့ စီးရီးအဖြစ်သတ်မှတ်ခဲ့သလိုတစ်ချို့ကြတော့လည်း ယွန်းဆောနဲ့ ဟန်နာရဲ့  ဖြစ်အင်ကို စာနာချင်လို့ ဆွေးတမြည့်မြည့်ပြန်လည် ခံစားချင်တဲ့သူတွေရှိခဲ့ကြတယ်...မည်သို့ပင်ဆိုစေကာမူအမုန်းနဲ့လမ်းခွဲခဲ့တဲ့ တစ်ချိန်က အချစ်ဟောင်းကို ကျွန်တော်တို့ဟာ ရူးမိုက်စွာ အမှတ်တရလေးတွေဘယ်သူမှမသိအောင် တိတ်တဆိတ် တူးဆွခဲ့ဖူးကြတာပဲမလား...အဲ့ဒီတုန်းက DVDrip အမျိုးအစားက ရုပ်ထွက်သိပ်မကောင်းခဲ့လို့ အခု WEB-DL အကြည်လေးရလို့တင်ဆက်ပေးလိုက်ပါတယ်...Park Shin Hye ရဲ့အကြိုက်ဆုံးဒရမ်မာတွေထဲကတစ်ခုTree of heaven လို့ပြောလိုက်တာနဲ့ ဟန်နာနဲ့ ယွန်းဆောအိုပါး ဆိုတဲ့အသံလေးကို လူတိုင်းပြန်ကြားယောင်မိလောက်မှာပါ...ဟန်နာလေးဟာ ငယ်ငယ်လေးနဲ့ အဖေဖြစ်သူကို ဆုံးရှုံးခဲ့ရတဲ့တက်ကြွဖျက်လက်သော မိန်းကလေးဖြစ်ပါတယ် ...သူ့အမေ ဂျပန်ကိုပြန်လာတဲ့အချိန်မှာခင်ပွန်းအသစ်နဲ့သားဖြစ်သူ ယွန်းဆောဆိုတဲ့ ဂျစ်ကန်ကန်ကောင်လေးပါလာခဲ့တယ်...အဲ့ဒီနောက် လေချွန်သံလေး ချိုမျှမျှ....အေးစက်လွန်းတဲ့ နှင်းမှုန်တွေကြားထဲမှာ....Episodes: 10Duration: ...
7
TMDb: 7/10 2 votes
tv

Tree of Heaven(2006)

2006
Prisoner Of Love (2022)
Prisoner Of Love (2022) Prisoner Of Love (2022) စ / ဆုံး______________________"အဆိပ်သင့်အချစ်ဝိုင်" ဇာတ်လမ်းအကျဉ်းထိမ်းမြား လက်ထပ်ခြင်းက လူနှစ်ယောက်ရဲ့ အချစ်စစ်တစ်ခုက ပေါက်ဖွားလာမယ်ဆိုရင်အဲ့ဒီ လက်ထပ်ခြင်းက ပျော်ရွှင်ဖွယ်အတိနဲ့ ပြည့်နှက်နေမိမှာ အမှန်ပါ...ကမ္ဘာပေါ်မှာ ရှိကြတဲ့ လူတိုင်းနီးပါးဟာ မိမိ နှလုံးသားတစ်ခုလုံးနဲ့ ပုံပြီးချစ်ရတဲ့ လူသားတစ်ဦးနဲ့ မိမိဘဝကို ပုံအပ်ပြီး ထိမ်းမြားလက်ထပ်လိုကြပါတယ်... မိမိ သဘောမကျ မနှစ်သက်တဲ့ လူမျိုးနဲ့ လက်ထပ်ချင်တဲ့ တစိုးတစိမှ မရှိလိုပေ။လက်ထပ်ခြင်းကို ဝိုင်တစ်ခွက်နဲ့ တင်စားကြည့်မယ် ဆိုပါစို့....မမြင်ရတဲ့ အတာအဆီးအခြေအနေတချို့ကြောင့် မိမိ သဘောမကျတဲ့လူနဲ့လက်ထပ်လိုက်ရတဲ့ လူတစ်စုရဲ့ လက်ထပ်ပွဲဟာလည်းသူတို့အတွက် ချိုမြိန်သော ဝိုင်တစ်ခွက် ဖြစ်မလာတော့ပဲသူတို့အား ပြန်လည် အချုပ်ကျစေနိုင်သော ဝိုင်တစ်ခွက် အဖြစ် ပြောင်းလဲသွားပါတော့တယ်... Episodes: 17Aired: Feb.16, 2022– TBAAired On: Wed &  ThurGenres: Drama,RomanceTranslated by Ja SamEncoded by ...

Prisoner Of Love (2022)

Soundtrack #1 (2022) [Complete] 9
Soundtrack #1 (2022) [Complete] Soundtrack #1 (2022) ဇာတ်လမ်းတွဲအညွှန်း အပိုင်းသစ် - ၄ (ဇာတ်သိမ်းပိုင်း)(1080p ရပါပြီ) ကဲ CM ပရိသတ်ကြီးရေ...Happiness ထဲက မင်းသားချော Park Hyung Sik နဲ့ လိပ်ပြာကားထဲက မင်းသမီးချောလေး Han So Hee တို့ရဲ့ ရိုမန့်စ်ကားလေး လာပြီနော်။တက်သစ်စ ဓာတ်ပုံဆရာတစ်ယောက်ဖြစ်တဲ့ Han Sun Woo ကတော့ စကားအများကြီးပြောလေ့မရှိပေမဲ့ နွေးထွေးကြင်နာတဲ့ နှလုံးသားရှိသူလေးဖြစ်ပါတယ်။ သူ့မှာ နှစ်၂၀ကြာ ခင်မင်ရင်းနှီးခဲ့တဲ့ Lee Eun Soo ဆိုတဲ့ သူငယ်ချင်းမလေးတစ်ယောက် ရှိပါတယ်။Lee Eun Soo ကတော့ သီချင်းရေးဆရာမလေးဖြစ်ပြီး ရိုးသားပြီးတော့ တက်ကြွတဲ့အကျင့်စရိုက်ရှိသူလေးပါ။အကြောင်းရင်းတစ်ခုကြောင့် ငယ်သူငယ်ချင်းနှစ်ယောက်သား တစ်အိမ်ထဲမှာ နှစ်ပတ်အတူနေဖို့ဖြစ်လာတဲ့အခါမှာတော့ နဂိုရှိနေပြီးသား သံယောဇဉ်ကြိုးတွေ တိုးလာပြီး သူငယ်ချင်းအဆင့်က ကျော်လွန်သွားလေမလားဆိုတာ အပတ်စဉ် ဗုဒ္ဓဟူးနေ့တိုင်း ဒီကားလေးထဲမှာ ဆက်လက်ကြည့်ရှုလိုက်ရအောင်နော်။ (ဇာတ်လမ်းအညွှန်းကိုတော့ Ei ...
9
TMDb: 9/10 1 votes
tv

Soundtrack #1 (2022) [Complete]

2022
Koei Baan Rai Sapai Hi-so(2022)
Koei Baan Rai Sapai Hi-so(2022) Koei Baan Rai Sapai Hi-so(2022) စ / ဆုံး "တောသားလေးနဲ့ မြို့သူမမ "___________________________  နာမည်ကြီး စီးပွါးရေးလုပ်ငန်းရှင် ရဲ့ သူ ဌေးသမီး ချွမ်ဆိုဖား (ချွမ်) ဟာ“ချွမ်ဆိုဖားဥယာဉ်ခြံ”အမည်ရှိသော မိသားစုပိုင် ခြံကိုရောက်လာခဲ့တယ်ငယ်ငယ်ကတည်းက အမေ့ရဲ့ ထိန်းကျောင်းမှု ပုံသွင်းမှုတွေ အောက်မှာကြီးပြင်းလာခဲ့တဲ့ ချွမ်ဟာ နိုင်ငံခြားကနေ ပညာသင်ပြီးပြန်လာတဲ့နောက်အမေဖြစ်သူရဲ့ အစီအစဉ်ကြီး တစ်ခုကို ထပ်ပြီးရင်ဆိုင်လိိက်ရပြန်တယ်အဲ့တာကတော့ အမေဖြစ်သူ ခွန်ယိင်စီရိဟာ သမီးဖြစ်သူအတွက်ချမ်းသာကြွယ်ဝတဲ့ သမက်နဲ့ ပေးစားဖို စီစဉ်နေခြင်းပါပဲချွမ်ဟာ အမေဖြစ်သူကြောင့် စိတ်ညစ်ပြီး အိမ်ကထွက်သွားခဲ့ပြီးသူတို မိသားစုပိုင်ခြံမှာ သွားနေတော့...အဲ့ဒီမှာပဲ ချွမ်ရဲ့အိမ်ချင်းကပ်ရပ်ဖြစ်သူ လယ်သမားလေး ပါတ်နင်းနဲ့ စတင်တွေ့ဆုံပါတော့တယ်...................တစ်နေ့မှာတော့ ချွမ်အမေဟာ သမီးဖြစ်သူကို လာခေါ်ရင်းသမီးဖြစ်သူချွမ်နဲ့ ပါတ်နင်တို တူတူ အိပ်နေကြတာ မြင်တွေသွားတဲ့အခါ ဘာတွေဆက်ဖြစ်မလဲချွမ်ဟာ သူမရဲ့ ခြံကို အပန်းဖြေနေရာအသစ်ဆောက်တဲ့နေရာမှာလယ်သမားလေးဘယ်လိုတွေကူညီပေးမလဲဆိုတာ ကြည့်ရှူလိုက်ရအောင်နော်Episodes: 18Aired: Feb.14, 2022 Aired On: ...

Koei Baan Rai Sapai Hi-so(2022)

The War Of Flowers (2022)
The War Of Flowers (2022) The War Of Flowers (2022) စ / ဆုံး________________________ CM ပရိတ်သတ်တွေအတွက် ခပ်ကြမ်းကြမ်း Thai Drama လေးတစ်ခုထပ်ပြီးတင်ဆက်ပေးလိုက်ပါတယ် GMM ရုပ်သံလိုင်းကနေ အပတ်စဥ်တနင်္လာနဲ့အင်္ဂါ ည ၈ နာရီခွဲမှာ ထုတ်လွှင့်ပြသတဲ့ဇာတ်ကားလေးပါစုစုပေါင်း ၁၈ ပိုင်းထွက်ရှိမှာဖြစ်ပါတယ် ဇာတ်လမ်းအကျဥ်းအွန်နဖာက တိုင်းပြည်မှာ အကြီးမားဆုံး ပန်းစီးပွားရေးသူဌေးကြီးရဲ့ မယားငယ်တစ်ဦးဖြစ်ပါတယ်သူမက မယားကြီးဖြစ်သူ ကန်နီကာရဲ့ အနိုင်ကျင့်မှုတွေကို နှစ်ပေါင်းများစွာ ခံရတဲ့သူပါသူဌေးကြီးဆုံးသွားတဲ့အခါ မယားကြီးကန်နီကာကအွန်နဖာတို့ကို အိမ်ကနေ နှင်ချလိုက်ပါတယ် အွန်နဖာ က ကန်နီကာအပေါ် အငြိုးထားခဲ့ပြီးနှစ်ပေါင်း ၃၀ ကျော်သည်တိုင်​ေအာင် သူမရဲ့ အငြိုးတွေ မပြေဘဲ သားသမီးတွေအထိပါမြေးတွေအထိပါ ရန်ငြိုးကို လက်ဆင့်ကမ်းခဲ့ပါတယ်အွန်နဖာနဲ့ ကန်နီကာ စတင်ခဲ့တဲ့ လှည့်စားမှ၊လိမ်ညာမှု၊သစ္စာဖောက်မှုတွေအပြည့်နဲ့ ပန်းပွင့်လေးတွေလိုလှပတဲ့ မိန်းကလေးတွေရဲ့ တိုက်ပွဲ နောက်ဆုံးမှာ ဘယ်လိုအဆုံးသတ်မလဲဆိုတာ..................The War Of Flowers မှာ ဆက်လက်ကြည့်ရှုကြပါရှင်Episodes: 18Aired: ...

The War Of Flowers (2022)

Married with Senior (2022)
Married with Senior (2022) 2022 ဖေဖော်ဝါရီလလောက်တုန်းကမှ ထွက်ရှိထားတဲ့ အင်ဒိုနီးရှားဇာတ်လမ်း‌တွဲလေးနဲ့ မိတ်ဆက်ပေးလိုက်ပါတယ်။အခုနောက်ပိုင်းမှာ Wattpad ကဇာတ်လမ်းလေးတွေကို ကျောရိုးယူပြီးရိုက်ကူးလာကြတဲ့ ဇာတ်လမ်းလေးတွေခေတ်စားလာတာကို တွေ့ရပါတယ်။အရာရာကို ပေါ့ပေါ့ပါးပါးတွေးပြီး အပေါင်းအသင်းတွေနဲ့ ပျော်ပျော်ရွှင်ရွှင်နေတတ်တဲ့ တစ်ဦးတည်းသော သမီးလေး မီကာဟာ ဖခင်ဖြစ်သူရဲ့ နောက်ဆုံးဆန္ဒလေးကြောင့် လက်ထပ်ဖို့ဖြစ်လာပါတော့တယ်။မီကာ နဲ့လက်ထပ်မယ့် အန်ကာဆာ ကတော့ မီကာရဲ့ မိဘတွေနဲ့ရင်းနီးပြီးတော့ ကျောင်းမှာ မီကာထင်တိုင်းကြဲမှုတွေကို လိုက်လံထိန်းသိမ်းပေးနေရသူဖြစ်ပါတယ်။ သူ့ရဲ့ဆန္ဒထက် သူ့ရဲ့ မိဘတွေရဲ့ ပျော်ရွှင်မှုတွေကို ဦးစားပေးတတ်သူတစ်ယောက်ပါ။သူတို့ မိဘတွေလက်ထပ်တုန်းက အကောင်အထည်မဖော်နိုင်ခဲ့တဲ့ အချစ်ဇာတ်လမ်းလေးကို သားသမီးတွေလက်ထက် မှာ အသက်သွင်းပေးချင်တဲ့ အတွက် သူတို့တွေဟာ သားသမီးချင်း လက်ထပ်ပေးဖို့ ကတိတွေထားခဲ့မိကြပါတယ်။သဘောတူညီမှုတွေကြားထဲမှာ နောက်ထပ်‌ မီကာ ရဲ့ ဘ၀ထဲမှာ အမှတ်မထင်ရောက်လာတဲ့ ရိုင်နို ဆိုတဲ့ ပေါ့ပါးလွတ်လပ်တဲ့ အတွေးအခေါ်နဲ့ ကောင်လေးတစ်ယောက်ကလဲ မီကာရဲ့ စိတ်ကို ပိုင်ဆိုင်ဖို့ကြိုးစားလာပါတယ်။မီကာ ကိုယ်တိုင်ကရော မိဘတွေစီစဉ်မှုကြောင့်ဖြစ်လာတဲ့ အန်ကာဆာနဲ့ အိမ်ထောင်ရေးကို ...

Married with Senior (2022)