Menu
Movies
Series
How To Download
Contact Us
Search
Movies
Series
How To Download
Contact Us
Search
Years
Movies
Series
How To Download
Contact Us
The Pier
6.8
The Pier (2020)
ကျွန်မ တည်ငြိမ်နေတဲ့ ရေပြင်ကျယ်ကြီးကို ငေးကြည့်နေမိတယ် မောင်။ ကျွန်မ ဘဝကလည်း ဒီရေပြင်လို တည်ငြိမ်အေးချမ်းနေခဲ့ဖူးတယ်လေ။ ကျွန်မဘဝက လှတယ် အေးချမ်းတယ် ပျော်ရွှင်မှုအပြည့်နဲ့ အောင်မြင်နေတဲ့ ဗိသုကာပညာရှင်တစ်ယောက်။ ပြီးတော့ ကျွန်မကို သိပ်ချစ်တဲ့ မောင်လည်းရှိတယ်။ ဒါပေမယ့် ရေပြင်ကျယ်ဟာ မာယာများတယ် ပြောင်းလဲလွယ်တယ် တည်ငြိမ်နေရာကနေ ရုတ်တရက် မုန်တိုင်းထန်လာတတ်တယ်။ မောင်လည်း ဟောဒီရေပြင်ကျယ်လိုပဲ။ ၁၅နှစ်လုံးလုံး အေးချမ်းတည်ငြိမ်နေတဲ့ ကျွန်မဘဝထဲကို မောင်ဟာ အဆိုးရွားဆုံး မုန်တိုင်းတွေကို ယူဆောင်လာခဲ့တယ်။ မုန်တိုင်းတွေကို သယ်ဆောင်လာတဲ့မောင်ဟာ အေးအတူပူအမျှ အတူတကွနေကြပါမယ်ဆိုတဲ့ လက်ထပ်စဉ်က ကတိသစ္စာတွေကို ဖောက်ဖျက်ပြီး ပြန်မဆုံနိုင်သော ခွဲခွာခြင်းမျိုးနဲ့ သောကမုန်တိုင်းအလယ်မှာ ကျွန်မကို တစ်ယောက်တည်း ထားပစ်ခဲ့ပြန်တယ်။ လူတွေက ဒီဆိပ်ကမ်းမှာ အပန်းလာဖြေနေကြတယ်။ ဒီဆိပ်ကမ်းမှာ လာပျော်ရွှင်နေကြတယ်။ ကျွန်မကတော့ ဒီ ဆိပ်ကမ်းကို သိပ် မုန်းတယ် မောင်။ အလုပ်ကိစ္စနဲ့ ခရီးထွက်မယ်လို့ ကျွန်မကို မောင် ပြောသွားခဲ့တယ်။ မကြာသေးခင်ကမှ ကျွန်မတို့ ဘဝအတွက် အစီအစဉ်တွေချရင်း ပျော်ရွှင်ရယ်မောနေကြသေးတယ်လေ။ အခုတော့ ကျွန်မ ပြန်တွေ့ရတာ ဟောဒီဆိပ်ကမ်းမှာတင်နေတဲ့ မောင့်ရဲ့ အသက်မဲ့တဲ့ ခန္တာကိုယ်တဲ့လား။ ကျွန်မတို့ ပျော်ရွှင်နေကြတာလေ ဒါပေမယ့် မောင်က ကိုယ့်ကိုယ်ကိုယ် သေကြောင်းကြံသွားတာတဲ့လား။ မယုံနိုင်ဘူး မောင်ရယ်။ ကျွန်မ အပူတွေမှ မဆုံးသေးဘူး။ ၁၅ နှစ်တာလုံး ...
6.8
TMDb:
6.8/10
19 votes
tv
The Pier (2020)
2019