Movies
Series
VIP Plan
How To Download
DMCA
Movies
Series
VIP Plan
How To Download
DMCA
Years
Movies
Series
VIP Plan
How To Download
DMCA
Traffickers
Traffickers: Inside The Golden Triangle (2021)
Traffickers: Inside the Golden Triangle (2021) Ep 3 - The Playboy Drug Lord ငွေနည်းနည်းလိုချင်ရင် လခစားလုပ်၊ ငွေများများလိုချင်ရင် အောင်မြင်အောင်ဈေးရောင်းစား၊ ဒီထက်လိုချင်ရင်တော့ အာဏာရှင်တို့ ခရိုနီတို့လုပ်၊ ဒီထက်လိုချင်သေးရင်တော့ ရွှေတြိဂံမှာ မူးယစ်ရာဇာသာလုပ်စား။ ဒီစကားက အလွယ်ပြောလိုက်တာပေမဲ့ ခင်ဗျားသာ မူးယစ်ရာဇာဖြစ်လာရင် ဒေါ်လာရာတန်တွေချည်း ခင်းအိပ်လို့ရသလို၊ ဇိမ်ခံကား၀ယ်စီးချင်လည်း ရပါတယ်။ ပထမခွန်ဆာနဲ့ နော်ခမ်းတို့လည်း မဟားဒရားတွေ ချမ်းသာခဲ့ကြသလို ခုတစ်ယောက်ဆိုလည်း ဇိမ်ခံကားရာချီ၀ယ်နိုင်တဲ့အထိ ချမ်းသာခဲ့ပါတယ်။ ရွှေတြိဂံဒေသက ဘိန်းရာဇာတွေ မူးယစ်ရာဇာတွေထဲက ကမ္ဘာ့အဆိုးဆုံးစာရင်း၀င်ဖြစ်တဲ့ ခွန်ဆာတို့၊ တရုတ်ရဲ့ မဟာရန်သူဖြစ်တဲ့ နော်ခမ်းတို့ ပြီးတဲ့နောက်မှာ ဒီတစ်ခါကတော့ လာအိုက မီသမ်ဖက်တမင်းရောင်းတဲ့ မူးယစ်ရာဇာအကြောင်းပါ။ သူက ထူးတော့ထူးပါတယ်။ ခွန်ဆာတို့ နော်ခမ်းတို့က တောထဲမှာ နေခဲ့ကြပေမဲ့ သူက မြို့ပေါ်မှာ ဇိမ်ခံကားထည်လဲစီး တိုက်အကောင်းစားတွေပတ်၀ယ် မင်းသားတွေမင်းသမီးတွေ ဆယ်လီတွေနဲ့လည်း ခင်နေတဲ့သူပါပဲ။ သူ့ကိုမိသွားပုံကလည်း ...
Traffickers: Inside The Golden Triangle (2021)
2021
Traffickers: Inside The Golden Triangle (2021)
Traffickers: Inside the Golden Triangle (2021) Ep 2 - The Mekong River Pirate မဲခေါင်ပင်လယ်ဓားပြ စိုင်းနော်ခမ်း ၂၀၁၁မှာ မဲခေါင်မြစ်ထဲ တရုတ်သင်္ဘောသား ၁၃ယောက်ကို သတ်တဲ့အမှုနဲ့ ၂၀၁၃မှာ တရုတ်မှာ သေဒဏ်ပေးခံခဲ့ရတဲ့ စိုင်းနော်ခမ်းအကြောင်း ဟိုးလေးတကြော်ဖြစ်ခဲ့ဖူးတော့ သူ့ကို အားလုံးသိကြမှာပါပဲ။ ဒီသတ်ဖြတ်မှုဟာ ဒုတိယကမ္ဘာစစ်နောက်ပိုင်း တရုတ်ပြင်ပမှာ တရုတ်လူမျိုးသေဆုံးတဲ့အမှုတွေထဲ အကြီးဆုံးအမှုတစ်ခုပေါ့။ တရုတ်ပြည်တစ်ပြည်လုံးရဲ့ အာရုံစိုက်ခံခဲ့ရတဲ့ အမှုလည်းဟုတ်ပါတယ်။ နော်ခမ်းဟာ လားရှိုးမြို့မှာ မွေးခဲ့တဲ့ ပအို့လူမျိုးအဖေနဲ့ ရှမ်းလူမျိုးအမေရဲ့ သားပါပဲ။ မဲခေါင်မြစ်ကို ဖြတ်တဲ့ သင်္ဘောတွေကနေ ဆက်ကြေးကောက်လို့ မဲခေါင်ပင်လယ်ဓားပြလို့ နာမည်ကြီးခဲ့တဲ့ နော်ခမ်းဟာ ရွှေတြိဂံက မူးယစ်ရာဇာတစ်ဦးပါ။ ဒီလိုမဖြစ်ခင်က နော်ခမ်းဟာ ခွန်ဆာဆီမှာ ရေဒီယိုအော်ပရေတာအဖြစ် တာ၀န်ထမ်းဆောင်ခဲ့ဖူးပြီး ခွန်ဆာလက်နက်ချသွားပြီးနောက်ပိုင်းမှာ သူ့ကိုယ်ပိုင်အဖွဲ့ကို ထူထောင်ခဲ့တာပါ။ ထိုင်းက ဘတ်၂သန်းဆုငွေကြေညာရတဲ့အထိ နာမည်ကြီးခဲ့တဲ့ မူးယစ်ရာဇာလည်း ဟုတ်ပါတယ်။ နော်ခမ်းကို တစ်ချို့က ...
Traffickers: Inside The Golden Triangle (2021)
2021
Traffickers: Inside The Golden Triangle (2021)
Traffickers: Inside the Golden Triangle (2021) Ep 1 - The Opium King တစ်ကမ္ဘာလုံးက နံပါတ်တစ် ဘိန်းဘုရင်ပါလို့ လက်ခံထားခဲ့ကြဖူးတဲ့ မြန်မာနိုင်ငံသားတစ်ယောက်ရှိတယ်။ သူ့နာမည်က ခွန်ဆာ။ မူးယစ်ဆေးလောကမှာတော့ သူ့ခေတ်သူ့အခါက ခွန်ဆာကို ဘယ်သူမှမမီဘူး။ အတ်စကိုဘားလည်း မမီဘူး။ မြန်မာ ထိုင်းနဲ့ အမေရိကန်ကပါ သူ့ကို မရမကဖမ်းဖို့ကြိုးစားခဲ့ကြတယ်။ အမေရိကန်ဆို ခွန်ဆာကိုဖမ်းဖို့ သီးသန့်အဖွဲ့တွေပါ ဖွဲ့ခဲ့ရတယ်။ ဒါပေမဲ့ မအောင်မြင်ခဲ့ဘူး။ ၂၀၀၇အထိ အေးဆေးနေရင်း ရောဂါနဲ့ပဲ ဆုံးသွားခဲ့တယ်။ " ခွန်ဆာနဲ့ ဘိန်းလုပ်ငန်း " ခွန်ဆာဟာ ရွှေတြိဂံလို့ခေါ်တဲ့ မြန်မာ၊ ထိုင်း၊ လာအို သုံးနိုင်ငံစပ်က ဘိန်းထုတ်လုပ်ရေးနဲ့ နာမည်ကြီးတဲ့နေရာက နာမည်အကြီးဆုံး ဘိန်းဘုရင်ပါ။ သူ့ဆီက ဘိန်းတွေက ၉၅%သန့်တာကြောင့် အမေရိကဘိန်းဈေးကွက်တစ်ခုလုံး သူ့ဘိန်းတွေကို အသည်းစွဲကြိုက်ကြတယ်။ ခွန်ဆာကြောင့်နဲ့ ရွှေတြိဂံဟာ အဲဒီခေတ်က ကမ္ဘာ့ဘိန်းထုတ်လုပ်မှုအများဆုံးနေရာဖြစ်ခဲ့တယ်။ ...
Traffickers: Inside The Golden Triangle (2021)
2021