Channel Myanmar

Apple TV+

The Buccaneers (2023) 7.5
The Buccaneers (2023) The Buccaneers (2023) Ongoing ~ IMDb - 6.1/10, Rotten Tomatoes - 78% ~ Apple TV ကနေပဲ အသစ်ထွက်လာတဲ့ ဒီစီးရီးက ၁၉၉၅မှာ ပထမဆုံးအကြိမ် BBC မှာပြသခဲ့တဲ့ Edith Wharton ရဲ့ မပြီးပြတ်နိုင်ခဲ့တဲ့ ဝတ္ထုလေးကို ၂၀၂၃ ခုနှစ်မှာ ရသတစ်မျိုးနဲ့ ပြန်လည်ရိုက်ကူးထားတာပဲဖြစ်ပါတယ်။ ဒါ့အပြင် Tomato Meter မှာ Audience Score 96% ရထားတာဖြစ်လို့ တကယ်မခေတဲ့ Period Drama ဇာတ်လမ်းတစ်ပုဒ်ဆိုတာ အသေအချာပါပဲ။ ဒီဇာတ်လမ်းလေးကို အဓိကဇာတ်ကောင်ဖြစ်တဲ့ အထွေးဆုံးလေး နန်း၊ နန်းရဲ့အစ်မဖြစ်သူ ဂျန်းနီ၊ လစ်ဇီနဲ့ မေဘယ်ဆိုတဲ့ ညီအစ်မနှစ်ယောက်နဲ့ ကွန်ချီတာဆိုတဲ့ လူမည်းအမျိုးသမီး၊ စုစုပေါင်း သူငယ်ချင်းငါးယောက်ကို ဇာတ်အိမ်တည်ပြီး ရိုက်ကူးထားတာပဲဖြစ်ပါတယ်။ ဒီအမေရိကန် သူငယ်ချင်းငါးယောက်ထဲက ကွန်ချီတာကတော့ မကြာခင် ...
7.5
TMDb: 7.5/10 14 votes
tv

The Buccaneers (2023)

2023
Monarch: Legacy of Monsters (2023) 7.8
Monarch: Legacy of Monsters (2023)   ဂေါ်ဇီလာနဲ့ ကင်းကောင်တို့ ပါဝင်နေတဲ့ ရုပ်ရှင်တွဲတွေကို Monsterverse လို့ ခေါ်ပါတယ်။ ဒီစီးရီးကတော့ အဲဒီ Monsterverse မှာ ပါဝင်နေတဲ့ စီးရီးပဲဖြစ်ပါတယ်။ စီးရီးစတင်ချိန်ကတော့ လူတွေ G-day လို့ခေါ်ကြတဲ့ ၂၀၁၄ ဂေါ်ဇီလာတိုက်ခိုက်မှုအပြီး တစ်နှစ်အကြာပဲ ဖြစ်ပါတယ်...ပဟေဠိဆန်တဲ့ သိပ္ပံပညာရှင်တစ်ယောက်ရဲ့ မိန်းမနှစ်ယောက်က မွေးတဲ့ ကလေးတစ်ယောက်စီ ပြန်ဆုံကြပြီး သူတို့အဖေနဲ့ တိုက်တန်သတ္တဝါကြီးတွေကို လေ့လာစောင့်ကြည့်တဲ့ မိုနာ့အဖွဲ့အစည်းကြားက လျှို့ဝှက်ချက်တွေကို ဖော်ထုတ်မိကြပုံကို ဇာတ်လမ်းဆင်ထားတာပါ။Apple TV ရဲ့ နာမည်ကျော် Severance ဇာတ်လမ်းတွဲရဲ့ ပရိုဂျူဆာ Chris Black ကပဲ ဒီ ရှိုးကို တာဝန်ယူထားပါတယ်။ စီဂျီအိုင်ကောင်းကောင်း ဆက်တင်ကောင်းကောင်းနဲ့ ဇာတ်လမ်းကလည်း စိတ်ဝင်စားစရာကောင်းပြီး မင်းသမီးလေးတွေလည်း လန်းတာမို့ နိုဝင်ဘာလအတွက် စောင့်ကြည့်စရာ ဇာတ်လမ်းတွဲကောင်းတစ်ခုပဲ ဖြစ်ပါတယ်။ File size…(900Mb/ 480 Mb) Quality….Webrip 1080p/ 720p Format…mp4 Duration….00:50:00 Genre...Action, ...
7.8
TMDb: 7.8/10 4 votes
tv

Monarch: Legacy of Monsters (2023)

2023
Invasion (2021) S1 + S2 10
Invasion (2021) S1 + S2 Invasion series(2021) ရုပ်ရှင် အညွှန်း အခု Apple TV + မှာ ထွက်ရှိထားတဲ့ sci-fi /drama seriesကောင်းလေး တစ်ခုနဲ့ မိတ်ဆက်ပေးချင်ပါတယ်X-Men ဇာတ်ကားတွေကို ရိုက်ကူးခဲ့တဲ့ ဒါရိုက်တာ Simon Kinberg ကိုယ်တိုင် ပါဝင်ဖန်တီးထားတာလည်းဖြစ်ပါတယ်ခေါင်းစဥ်အတိုင်းပဲ ဂြိုလ်သားတွေ ကမ္ဘာကို ကျူးကျော်လာမယ့် ပုံစံမျိုးဖြစ်ပေမယ့် တခြား မြင်တွေ့နေကျ ဂြိုလ်သား ကျူးကျော်တဲ့ movies တွေ seriesတွေနဲ့ လုံးဝ ကွဲထွက်နေမှာ ဖြစ်ပါတယ်ပုံမှန်လိုမျိုး မိသားစု တစ်စု က ဂြိုလ်သားကျူးကျော်မှုကြောင့်ဖြစ်လာတဲ့ အပျက်အစီးတွေကြား လွတ်မြောက်အောင်ရှင်သန်ဖို့ ကြိုးစားရတဲ့ ပုံစံမျိုး မဟုတ်ပါဘူး ဘယ်ကမှန်းမသိတဲ့ ဂြိုလ်သားတွေက ကမ္ဘာကိုရောက်လာပြီး လူတွေဖြစ်တည်မှုကို ခြိမ်းခြောက်ဖို့ကြိုးစားတဲ့အ​ဖြစ်အပျက် ကို နေရာဒေသမတူတဲ့ လူ ငါးယောက်က ထိပ်တိုက်ရင်ဆိုင်ကြုံတွေ့ပြီး ဘယ်လိုဖြေရှင်းကြမလဲ ဆိုတာကို မြင်တွေ့ရမှာပါ အမေရိကန် ကျေးလက်ဒေသ၊ အာဖဂန်နစ်စတန်နိုင်ငံ ကနေ ဂျပန်မြို့ပြ အထိ မတူညီတဲ့နေရာတွေမှာ ရိုက်ကူးထားပါတယ်season 1အနေနဲ့ ဆယ်ပိုင်းထွက်ရှိမှာဖြစ်ပြီး လောလောဆယ် ၃ပိုင်းအရင် ထွက်ရှိထားပါတယ်File Size ...
10
TMDb: 10/10 2 votes
tv

Invasion (2021) S1 + S2

2021
Still Up (2023) 7.2
Still Up (2023)  ဒီလမှာမှ ပူပူနွေးနွေးထွက်ရှိထားပြီး Apple TV+ ရဲ့ IMDB 6.2/10, Rt 78 % ရရှိထားတဲ့ Comedy series လေးတစ်ခုနဲ့ မိတ်ဆက်ပေးချင်ပါတယ်။မင်းသား Craig Roberts (Submarine) နဲ့ မင်းသမီး Antonia Thomas (The Good Doctor ထဲက Dr. Claire Browne)တို့က အဓိကပါဝင်သရုပ်ဆောင်ထားကြပါပြီး စုစုပေါင်း အပိုင်း ၈ ပိုင်း ထွက်ရှိမှာဖြစ်ပါတယ်။အိမ်ထဲက အိမ်ပြင်လည်းမထွက်၊ ညညဆို အိပ်မပျော်တတ်၊ သန်းခေါင်မှ သရဲဝင်ပူးသလိုလို ဖုတ်ပဲဝင်သလိုလိုနဲ့ အိုးတွေခွက်တွေလှန်ပြီး အစားတွေထစား၊ ရည်းစားဆိုလို့ မူးလို့တောင် ရှူစရာမရှိဘဲ messenger ထဲဝင်ပြီး "ဟေး"တို့ "ဟိုင်း" တို့ကနေ မတက်တဲ့ အခြေအနေမျိုးနဲ့သူတွေ ရှိပါသလား။ ရှိတယ်ဆိုရင်တော့ ဒီကားထဲက ဒန်နီ့ကို ရင်ဘတ်ကြီးနဲ့ရင်းပြီး ကိုယ်ချင်းစာတတ်မှာပါ။ဒန်နီက အပြင်ထွက်ရမှာကြောက်တဲ့ ...
7.2
TMDb: 7.2/10 12 votes
tv

Still Up (2023)

2023
Lessons in Chemistry (2023) 7.9
Lessons in Chemistry (2023) Lessons in Chemistry (2023) ===================== IMDb Rating - 7.9/10ဒီတစ်ခါမှာတော့ CM ပရိတ်သတ်ကြီးတို့ကို "Captain Marvel" မင်းသမီး "Brie Larson" အဓိကဇာတ်ဆောင်အဖြစ်ပါဝင်ထားတဲ့ (2023)ခုနှစ်ထွက် "Lessons in Chemistry"ဆိုတဲ့ စီးရီးကောင်းလေးနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ 1951ခုနှစ်ကို အခြေတည်ထားတာဖြစ်တဲ့အတွက် အဲ့ဘက်ခေတ် အပြင်အဆင် မျိုးကို ကြိုက်တဲ့သူတွေ ကြည့်ချင်လောက်မဲ့စီးရီးမျိုးပါ။ စာရေးဆရာမ Bonnie Garmusရဲ့ ကျော်ကြားခဲ့တဲ့ "Lessons in Chemistry"ဆိုတဲ့ ဝတ္ထုစာအုပ်ကို အခြေတည်ပြီးရိုက်ကူးထားတာဖြစ်ပါတယ်။ မင်းသမီး Brie Larsonကို အဲ့ဘက် ခေတ် အပြင်အဆင်လေးနဲ့မြင်ရတာ အတော်မိုက်ပါတယ်။ထိုခေတ်ထိုအခါက အမျိုးသမီးသိပ္ပံပညာရှင်တွေ ရှိပေမဲ့ ရှားတဲ့ခေတ်လို့ဆိုရမှာပါ။ ကျွန်တော်တို့ရဲ့အဓိကဇာတ်ကောင် အဲလိဇဘက်ဇော့ဟာ ဓာတုဗေဒမှာ မာစတာ ဘွဲ့ရထားပြီး ပါရဂူဘွဲ့ရတွေထက်တောင် အရည်အချင်းသာလွန်ပေမဲ့ ကျား/မခွဲခြား ဆက်ဆံတတ်တဲ့ အထက်လူကြီးရဲ့ အယောင်ပြဖိန့်လုံးဖြစ်တဲ့ "ပါရဂူဘွဲ့မရထားဘူး" ဆိုတဲ့ အကြောင်းပြချက်နဲ့ အလုပ်မှာရာထူးတိုးပေးခြင်းမခံရတဲ့အပြင် လုပ်ဖော် ကိုင်ဖက်တွေဆီကနေပါ အတွင်းရေးမှူးသာသာဆက်ဆံတာကို ခံနေရသူပါ။ တစ်နေ့တော့ သူ့အရည်အချင်းကို သတိထားမိပြီး အသိအမှတ်ပြုပေးတဲ့ အလုပ် ထဲက ကြယ်ပွင့် ဓာတုဗေဒပညာရှင်ကယ်လ်ဗင်အီဗန်နဲ့ ...
7.9
TMDb: 7.9/10 2700 votes
tv

Lessons in Chemistry (2023)

2023
The Changeling (2023) 6.2
The Changeling (2023) ကလေးချင်းလဲတဲ့ မကောင်းဆိုးရွား ခေါ် Changeling ဒီ နာမည်ကိုတော့ Supernatural ဖန်တွေ၊ အခြားမှော်ကားတွေ ကြိုက်တတ်တဲ့သူတွေ ကြားဖူးနေမှာပါ။ မွေးကင်းစကလေးလေးတွေကို အမေလက်ကနေ မသိအောင်ခိုးပြီး သူတို့ရဲ့ မကောင်းဆိုးရွားကလေးတွေနဲ့ ပုံစံတူ လဲလှယ်ထားတာပါ။ဒီနေရာမှာ အချို့ မူကွဲပုံပြင်တွေလည်း ရှိတတ်ပါသေးတယ်။ နတ်မှင်စာငယ်တွေက ကလေးချင်းလဲတဲ့ ပုံပြင်မျိုးလည်းရှိပါတယ်။ ဒီစီးရီးကတော့ ပဟေဠိဆန်ဆန်ရိုက်ထားတာမို့ ကလေးအလဲခံရတယ်ဆိုတာလည်း သက်သေမပြနိုင်သေး၊ ထူးဆန်းတာတွေဖြစ်နေပေမဲ့ အကြောင်းရင်းကို မသိသေးဘဲ အဖြေရှာရတဲ့အမျိုးအစားမို့ သို့လော သို့လောနဲ့ ရင်တထိတ်ထိတ်ကြည့်ရအောင် ဖန်တီးထားတာပါ။ပဟေဠိဆန်တဲ့ မိသားစုနောက်ခံနဲ့ လူတစ်ယောက်က အမျိုးသမီးလေးတစ်ယောက်နဲ့ ချစ်မိပြီး လက်ထပ်သွားကြတယ်။ အမျိုးသမီးလေးရဲ့မိသားစုနောက်ခံကလည်း ပဟေဠိဆန်နေပြန်တယ်။ ပိုဆိုးတာက အဲဒီအမျိုးသမီးဟာ ကလေးမရခင်မှာ စုန်းမလိုလို နတ်သမီးလိုလို သူတစ်ယောက်ဆီကနေ ဆုသုံးခုတောင်းလိုက်မိတယ်။ အဲဒီဆုတွေကိုလည်း မပြထားဘူး။ ဒီတော့ အဲဒီမိသားစုမှာ ကြောက်စရာတွေဖြစ်လာတဲ့အခါ ဇာတ်ဆောင်တွေနဲ့အတူ လိုက်အဖြေရှာရမဲ့ ဇာတ်လမ်းတွဲမျိုးမို့ အရသာရှိရှိ ကြည့်ရမှာပါပဲ။File ...
6.2
TMDb: 6.2/10 353 votes
tv

The Changeling (2023)

2023
The Afterparty Season 1 + 2 8.1
The Afterparty Season 1 + 2 The After-party  Season 1 (2022)ခုတစ်ခေါက် တင်ဆက်ပေးမယ့်ကားလေးကတော့ လတ်တလောထွက်ရှိနေတဲ့ပဟေဠိ‌ပေါင်းများစွာပါ၀င်တဲ့ မှုခင်းကားကို ဟာသနှောပြီး ရိုက်ကူးထားတဲ့ "The After-party" ဆိုတဲ့ စီးရီးလေးပဲဖြစ်ပါတယ်အထက်တန်းတုန်းက ကျောင်းသားဟောင်း‌တွေရဲ့ ပြန်လည်တွေ့ဆုံပွဲမှာ မထင်မှတ်ပဲ နာမည်ကြီးအနုပညာရှင်တစ်ယောက်ချောက်ကမ်းပါးပေါ်ကပြုတ်ကျ သေဆုံးမှုဖြစ်ပွားခဲ့ပါတယ်။ လူသတ်မှုမှန်း စုံထောက်ဒန်နာသိလိုက်ရတဲ့အချိန်မှာလက်ထောက်ဖြစ်တဲ့ ကော့ပ်နဲ့ ပွဲတက်သူအားလုံးကိုစပြီး စစ်ဆေးမေးမြန်းပါတော့တယ်။ အားလုံးကလည်း ကိုယ့်နေရာကနေကိုယ့်ရှူထောင့်ကနေ ကိုယ့်ဖြစ်ရပ်တွေ‌ကိုပြောပြကြတော့ မတူညီတဲ့ဇာတ်ကြောင်းတွေထွက်လာတဲ့အခါမှာတော့စုံထောင်ဒန်နာ အမှုကို ဘယ်လိုဖြေရှင်းမလဲ။လူသတ်သမားက ဘယ်သူမှန်းရေရေရာရာမသိကြပဲ ဖော်ထုတ်ရင်းနဲ့ နောက်ဆုံး ဘယ်သူကလူသတ်သမားဖြစ်နေမလဲဆိုတာကို ပဟေဠိပေါင်းသောင်းခြောက်ထောင်နဲ့ ဟာသနှောပြီးရိုက်ကူးတင်ဆက်ထားတာကြောင့် ပေါ့ပေါ့ပါးပါးကြည့်ရမယ့်မှုခင်းကားတစ်ကားပဲဖြစ်ပါတယ် File Size – 300MB@EpisodeQuality – 720p WEB DL AAC 5.1CH Duration – 35minute (@Episode)Total Episodes: 8EpsSubtitle – Myanmar HardsubFormat – Mp4Genre : Comedy , Crime ...
8.1
TMDb: 8.1/10 10 votes
tv

The Afterparty Season 1 + 2

2022
Foundation Season 1 + Season 2 (2021) 8.5
Foundation Season 1 + Season 2 (2021)  ~ဒီ Seriesဟာ Apple Tvက​နေ ထုတ်လွှင့်ထားတဲ့ Scientific drama seriesပဲဖြစ်ပါတယ်၊အ​မေရိကန်စာ​ရေးဆရာ Issac Asimovရဲ့နာမည်​ကျော် Foundation ဝတ္ထုသုံးအုပ်တွဲကို အ​ခြေခံရိုက်ကူးထားတာပါ၊ဇာတ်လမ်းအညွှန်းက​တော့ မ​ဝေး​တော့တဲ့အနာဂတ်မှာဖြစ်လာမယ့် Galactic Empireထဲကသင်္ချာပညာရှင် Hari Seldonဟာသူကျွမ်းကျင်တဲ့ Psychohistoryပညာရပ်မှတဆင့်ဒီEmpireကြီးဟာ ​နောက်လာမယ့် ရာစုနှစ်အတွင်း ပျက်​ဆီးခြင်းကပ်ဆိုက်​တော့မှာကို ကြိုတင်ခန့်မှန်းနိုင်ခဲ့ပါတယ်၊Psychohistroyဆိုတာက လူသားမျိုးနွယ်စုတစ်ခုလုံးရဲ့ အပြုအမူ​တွေက​နေ အနာဂတ်ကိုသင်္ချာနည်းနဲ့ကြိုတင်ခန့်မှန်းတဲ့ ပညာရပ်ပါ၊ ကောင်းတဲ့သူတတ်​မြောက်သွားရင်အကျိုးရှိသ​လောက်၊ မ​ကောင်းတဲ့သူ တတ်​မြောက်သွားရင် လူသားမျိုးနွယ်ကြီး ပျက်စီးမယ့်ကိန်းဆိုက်နိုင်တဲ့ ပညာပါအဲ့ဒီပျက်စီးခြင်းကပ် လူသား​တွေရဲ့အ​မှောင်ခတ် (Dark Age)ဟာ လုံးဝမလွှဲ​ရှောင်နိုင်ပဲကျိန်း​သေဖြစ်​ပေါ်လာပြီး နှစ်​ပေါင်း ၃၀၀၀၀အထိ ကြာမြင့်နိုင်တာ​ကြောင့်Hail Seldonတစ်​ယောက် အနှစ် ၁၀၀၀​​လောက်ပဲ ကြာမယ့်နည်းလမ်းကို စဉ်းစားရပါ​တော့တယ်၊သူ​တွေ့တဲ့အ​ဖြေက​တော့ လက်ရှိ​ခေတ်ရဲ့ဗဟုသုတ​တွေ၊ နည်းပညာ​တွေကို Dark Age ရောက်တဲ့အထိထိန်းသိမ်းထားနိုင်တဲ့ Foundationဆိုတဲ့အဖွဲ့ကြီးကိုတည်​ထောင်ဖို့ပါ၊ ဒီနည်းလမ်းနဲ့ပဲDark Ageရဲ့သက်တမ်းကို ချုံ့နိုင်မယ်လို့ယုံကြည်ထားတာပါ၊ဒီလိုနဲ့ပဲ Hail Seldonနဲ့ သူ့ရဲ့ဉာဏ်ကြီးရှင်တပည့်မ​လေး Gaal Dornickတို့ဟာEmpireသ​ဘောမတူတဲ့ကြားက​နေFoundationကို တည်ထောင်ဖို့ ...
8.5
TMDb: 8.5/10 2 votes
tv

Foundation Season 1 + Season 2 (2021)

2021
Prehistoric Planet (2022) 8.4
Prehistoric Planet (2022) ၂၀၂၂ ခုနှစ်မှာ အသစ်ထွက်ရှိလာတဲ့ သဘာဝ မှတ်တမ်းတင် ရုပ်ရှင်အမျိုးအစားပါ။production ကို apple က တာဝန်ယူ ထုတ်လုပ်ခဲ့တာပါ။ ဇာတ်ကားရဲ့နောက်ခံစကားပြောသူကတော့ David Attenborough ဖြစ်ပါတယ်။ ဒေးဗစ် အက်တန်ဘောရိုးကိုတော့nature documentary အမျိုးအစားကြည့်ဖူးသူတွေအနေနဲ့ စိမ်းမှာ မဟုတ်ပါဘူး။အသက်ကိုးဆယ်ကျော်ပြီဖြစ်တဲ့ ဆရာကြီး အက်တန်ဘောရိုးဟာ နာမည်ကြီး Our planet , A life on our planetမှတ်တမ်းတင်ရုပ်ရှင်စီးရီးတွေမှာ နောက်ခံစကား ပြောလုပ်ခဲ့သူပဲ ဖြစ်ပါတယ်။ သူဟာ အနုပညာရှင်သက်သက်မဟုတ်ဘဲဖျော်ဖြေရေးဘက်မှာ သိပ္ပံနည်းကျ သဘာဝတရားအကြောင်းကို လူတွေသိလာအောင် ကြိုးစားလျက်ရှိတဲ့ ဇီဝဗေဒသိပ္ပပညာရှင်နဲ့သဘာဝထိန်းသိမ်းရေး ပညာရှင် တစ်ဦးလည်း ဖြစ်ပါတယ်။ ကျနော်ကတော့ သဘာဝသမိုင်း မှတ်တမ်းတင်ရုပ်ရှင်တွေမှာဆရာကြီး အက်တန်ဘောရိုး အသံမှ မဟုတ်ရင် နားမထောင်ချင် မကြည့်ချင်တော့တဲ့ အထိ ဖြစ်ရအောင် သူ့နောက်ခံစကားပြောဟန်ကို အတော်လေး အားကျနှစ်ခြိုက်ရသူပါ။ ဒီဇာတ်လမ်းမှာ သိပ္ပံအချက်အလက်တွေအပေါ်အခြေခံပြီး ...
8.4
TMDb: 8.4/10 331 votes
tv

Prehistoric Planet (2022)

2022
Ted Lasso (2023) Season 03 8.2
Ted Lasso (2023) Season 03 Ted Lasso (2023) Season 03 ~ IMDb - 8.2/10, Rotten Tomatoes - 89% ~ Ted Lasso တတိယတွဲကတော့ ဒီကားကို ရိုက်ကူးတဲ့လူတွေရဲ့ စေတနာပါပုံကို မြင်ရမယ်လို့ ပြောရမလားပဲ။ ရှေ့မှာပြောခဲ့တဲ့ စကားတွေကို အလကားမဟုတ်တာ ပြန်ပြန်ပြသွားတဲ့ အခန်းတွေမနည်းဘူး။ ရှေ့အခန်းတွေကို သေချာကြည့်ခဲ့ရင် နောက်မှာ သတိထားမိမယ့်ဟာတွေများတယ်။ ဒီအတွဲက ပရီးမီးယားလိဂ်မှာ ပြန်စကန်မယ့်ပွဲဆိုတော့ အပြိုင်အဆိုင်တွေလည်းများသလို အပြောင်းအလဲတွေလည်းများတယ်။ စစချင်း ရစ်ချ်မွန်းအသင်းကို အားကစားသုံးသပ်သူတွေအားလုံးက ဘိတ်ချီးအဆင့်နဲ့ ရာသီသိမ်းလိမ့်မယ် တန်းပြန်ဆင်းရမယ်ချည်း ဝိုင်းခန့်မှန်းထားကြသလို ရူးပတ်ရဲ့ ဝက်စ်ဟမ်းကိုတော့ ထိပ်ဆုံးလေးသင်းထဲ ဝင်လိမ့်မယ်ဆိုပြီး မှန်းထားကြလို့ ရေဘက်ကာအတွက်လည်း နိုင်မှဖြစ်တော့မယ့် အခြေအနေဆိုက်နေတယ်။ သူတို့နည်းပြအုပ်ထဲ တကယ်ဗျူဟာထုတ်နိုင်တဲ့ တစ်ဦးတည်းသောနည်းပြ နိတ်ကလည်း ရူးပတ်အသင်းဆီ ကူးသွားပြီဆိုတော့ အကုန်လုံး ကမောက်ကမဖြစ်နေတဲ့ကာလပါပဲ။ ဒါပေမဲ့လည်း ကမောက်ကမတွေကြားမှာပဲ ဂန္ထဝင်ဘောလုံးသမားတစ်ယောက်ကို သူတို့ရလာတယ်။ ဘုရားပဲ ...
8.2
TMDb: 8.2/10 1147 votes
tv

Ted Lasso (2023) Season 03

2020
Hijack (2023) 9.7
Hijack (2023) မင်းသားကြီး Idris Elba (Hobbs & Shaw/ Suicide Squid) ကိုယ်တိုင်ပါဝင်သရုပ်ဆောင်ပြီး တွဲဖက်ထုတ်လုပ်သူလုပ်ထားတဲ့ အသစ်စက်စက် လေယာဉ်ပြန်ပေးဆွဲ Thriller စီးရီးလေးလာပါပြီ။ IMDB 7.9/10, Rotten Tomatoes 90% ရရှိထားတဲ့ Apple TV+ ရဲ့ ဒီစီးရီးကတော့ တစ်ပတ် တစ်ပိုင်းနှုန်းနဲ့ အပိုင်း ၇ ပိုင်းထွက်ရှိမှာပဲဖြစ်ပါတယ်။ ဇာတ်လမ်းအကျဉ်း ဒူဘိုင်းကနေ လန်ဒန်ကို ပျံသန်းမယ့် ၇နာရီကြာ ခရီးစဉ်အတွက် စိတ်လှုပ်ရှား ပျော်ရွှင်နေသူ ခရီးသည်တွေကြား ကိုယ်စီအကြံတွေနဲ့ မသမာသူ လူတစ်စုရှိနေခဲ့ပါတယ်။ သူတို့ရဲ့ နဂိုအကြံအစည်ကတော့ လေယာဉ်ထွက်ပြီး ၃နာရီအကြာမှ လှုပ်ရှားဖို့ဖြစ်ပေမယ့် မမျှော်လင့်တဲ့အခြေအနေတစ်ခုကြောင့် ခန့်မှန်းချိန်ထက် စောပြီး လှုပ်ရှားရဖို့ ဖြစ်သွားပါတော့တယ်။ ‌ရုတ်တရက်ကြီး ဝရုန်းသုန်းကားတွေဖြစ်၊ ထင်မထားတဲ့ အခြေအနေကြောင့် အားလုံးက ထူပူနေကြတဲ့အချိန်မှာပဲ ခရီးသည်တွေထဲက လူတစ်ယောက်က တည်တည်ငြိမ်ငြိမ်နဲ့ ...
9.7
TMDb: 9.7/10 14 votes
tv

Hijack (2023)

2023
Platonic (2023) 6
Platonic (2023) Platonic (2023)အခု မေလ ၂၄ ရက်နေ့ကမှ Apple TV ကနေ စတင်ထုတ်လွှင့်ခဲ့တဲ့စီးရီးလေးတစ်ခုနဲ့ မိတ်ဆက်ပေးပါရစေ။ရာဂမပါတဲ့ အဖြူထည် သံယောဇဉ်အချစ်မျိုးကို အင်္ဂလိပ်ဘာသာစကားမှာ "Platonic love" လို့ခေါ်ပါတယ်။ မြန်မာမှုပြုရင်တော့ "၅၂၈" ပါပေါ့။ ဆိုတော့ ခေါင်းစဉ်လေးအတိုင်းပါပဲ၊ ငယ်ငယ်က တရင်းတနှီး ပေါင်းခဲ့ကြတဲ့ Sylvia နဲ့ Will တို့ သူငယ်ချင်းနှစ်ယောက် လောကဓမ္မတာအတိုင်း အရွယ်ရောက်လာရင် ကြုံတွေ့ရလေ့ရှိတဲ့ ပြဿနာတွေထဲက တစ်ခုကြောင့် အဆက်အသွယ်ပြတ် ကွဲကွာသွားခဲ့ကြပါတယ်။အိမ်ထောင်ကိုယ်စီနဲ့ နှစ်တွေအကြာကြီး နေလာခဲ့ပြီးမှ Will တစ်ယောက် ဘယ်လိုမှ အပေါက်အလမ်း မတည့်နိုင်တော့တဲ့အဆုံး ဇနီးဖြစ်သူနဲ့ ကွာရှင်းပြတ်စဲလိုက်ရတယ်။ ဒါကို Sylvia သိသွားတော့ ခင်ပွန်းဖြစ်သူကလည်း တိုက်တွန်းတာနဲ့ စိတ်ညစ်ညူးနေတဲ့ Will ကို ပြန်အဆက်အသွယ်လုပ်ပြီး နှစ်သိမ့်အားပေးဖို့ အကြောင်းဖန်လာပါတယ်။ ဒီလိုနဲ့ပဲ ဘုပြောဘေးထိုင် မတည့်အတူနေ သူငယ်ချင်းနှစ်ယောက် သက်လတ်ပိုင်းရောက်မှ ပြန်ဆုံဖြစ်ကြပြီး ထုံးစံအတိုင်း တလွဲဇာတ်တွေ စုံနေအောင်ခင်းပုံကို ကြည့်ကြရမှာပါ။ပေါ့ပေါ့ပါးပါး ဘဝသရုပ်ဖော်ကိုမှ Comedy လေးပါ ရောထားပြီး ခေတ်ဆန်ဆန် ...
6
TMDb: 6/10 7 votes
tv

Platonic (2023)

2023
Ted Lasso (2021) Season 02 Complete 8.3
Ted Lasso (2021) Season 02 Complete Ted Lasso (2021) Season 02 ~ IMDb - 8.3/10, Rotten Tomatoes - 89% ~ တက်ဒ်လာဆို Season 2 ဟာ မဖြတ်သန်းချင်တဲ့ ဘူတာတစ်ခုကို ဖြတ်ကျော်ပြီး မြို့ကလေးဆီပြန်လာရတဲ့ခရီးနဲ့တူတယ်။ ကိုယ်မြင်ချင်ကြားချင်တာတွေအပြင် မြင်ဖို့လိုကြားဖို့လိုတာတွေကိုလည်း မလွှဲရှောင်သာ မြင်ကြကြားကြရတဲ့ အခိုက်အတန့်တွေပေါ့။ ဒီအတွဲမှာ ကျွန်တော်တို့ တက်ဒ်လာဆိုရဲ့ ကောင်းခြင်းတွေချည်း မြင်ရမှာတော့မဟုတ်ဘူး။ သူ့ကောင်းကွက်လို့ပြောလို့ရတဲ့ အကောင်းမြင်စိတ်နဲ့ အရာရာကိုပေါ့ပေါ့ပါးပါးပဲထားတတ်တဲ့ စိတ်ကနေ ဖြစ်ပေါ်လာတဲ့ ဘေးထွက်ဆိုးကျိုးတွေကိုလည်း မြင်ရလိမ့်မယ်။ သူ့ရဲ့ မနာလိုမှုတွေ ဥပေက္ခာတွေကိုလည်း မြင်ရလိမ့်မယ်။ ဒါပေမဲ့လည်း ကမ္ဘာမှာအပျော်ဆုံးသတ္တဝါဟာ ဆယ်စက္ကန့်စာမှတ်ဉာဏ်ပဲရှိတဲ့ ရွှေငါးပဲလို့ သူပြောခဲ့သလို တက်ဒ်ဟာ ဒါတွေအားလုံးကို ကျော်လွှားနိုင်ခဲ့တာကိုလည်း မြင်ရလိမ့်မယ်။ တက်ဒ်ချည်းမဟုတ်ပါဘူး။ ရွိုင်းကန့်တို့ နေသန်တို့ ရေဘက်ကာတို့ ကီလီတို့ ဂျေမီတာ့ထ်တို့ နည်းပြမုတ်ဆိတ်တို့ရဲ့ ကျွန်တော်တို့မသိတဲ့ ဘက်ခြမ်းတွေကိုလည်း မြင်ရလိမ့်မယ်။ ...
8.3
TMDb: 8.3/10 1114 votes
tv

Ted Lasso (2021) Season 02 Complete

2020
Silo (2023) 8.9
Silo (2023) Silo (2023)Sci-fi seriesတွေထဲမှာ ပရိသတ်အားပေးမှုတော်တော်လေးရရှိထားတဲ့ The last of us , The Walking dead နဲ့ The sweet toothတို့လို Post apocalyptic seriesတစ်ခုဖြစ်တဲ့ Siloကို တင်ဆက်ပေးလိုက်ပါပြီ။ဒီကားလေးကရော ရှေ့ကနာမည်ကြီးစီးရီးတွေလိုပဲ ပရိသတ်ရဲ့နှလုံးသားကိုဖမ်းစားနိုင်မလားဆိုတာကတော့ ရဗျူးကောင်းတွေလည်းရရှိထားတာဆိုတော့ ကိုယ်တိုင်ပဲ ကြည့်ရှုရင်း အကဲဖြတ်လိုက်ကြပါဦး။Siloဆိုတာကတော့ ၁၄၄ ထပ်ရှိတဲ့ မြေအောက်မျှော်စင်မြို့တော်ကြီးတစ်ခု၊ အထဲမှာ မြို့တစ်မြို့နဲ့ညီမျှတဲ့အင်္ဂါရပ်တွေ အကုန်အစုံရှိပြီးတော့ ပဋိညာဉ်တစ်ခုကို နေထိုင်သူအားလုံး လိုက်နာရတဲ့နေရာတစ်ခုပေါ့။ ပြင်ပကမ္ဘာကြီးကတော့ ကပ်ဆိုက်ပျက်စီးပြီးတော့ အဆိပ်သင့်နယ်မြေလို့ ယူဆကြပြီးတော့ ဒီSiloထဲက လူတစ်စုကတော့ Siloရဲ့ပြင်ပကိုထွက်ချင်ပါတယ်လို့ လုံးဝမပြောပါဘူးဆိုတဲ့ အဓိကဥပ‌ဒေတစ်ခုအပါအဝင် တခြားမြောက်များစွာသောစည်းကမ်းတွေကို မဖြစ်မနေလိုက်နာရပါတယ်။ဒီမှာမေးစရာရှိလာတာက စည်းကမ်းမလိုက်နာရင် Siloရင်ပြင်ပကိုထွက်ချင်ပါတယ်လို့ ပြောလာတဲ့လူအတွက် ဘာပြစ်ဒဏ်ရှိလဲ။ ဒီလို အပြင်ထွက်ချင်တယ်လို့ ပြောလာသူတိုင်းကို အပြင်ထွက်ခွင့်ပေးပါတယ်။ အလဲအလှယ်အနေနဲ့ Siloရဲ့အပြင်ဘက်မှာတပ်ဆင်ထားတဲ့ ပြင်ပအာရုံခံစက်တွေကို သန့်ရှင်းရေးလုပ်ရပါတယ်။ ဒါပေမဲ့ထူးခြားတာကတော့ အပြင်ကိုထွက်ချင်တယ်ပြောမိသူတိုင်း မဖြစ်မနေ သန့်ရှင်းရေးလုပ်စရာမလိုပေမဲ့ သန့်ရှင်းရေးလုပ်ပြီးသူတိုင်းတော့ မိနစ်ပိုင်းအတွင်း သေဆုံးကုန်ကြပါတယ်။ရှေ့ကလူတွေရဲ့ သေဆုံးခြင်းကိုပဲ မျက်ဝါးထင်ထင်မြင်နေရချိန်မှာတော့ Siloမြို့ကပြည်သူတွေအနေနဲ့ ...
8.9
TMDb: 8.9/10 35 votes
tv

Silo (2023)

2023
City on Fire (2023) 7.7
City on Fire (2023) IMDB rating 6.1/10 ရရှိထားတဲ့ အသစ်ထွက် ongoing Crime/Drama စီးရီးလေးတစ်ခုနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ ၂၀၀၃ခုနှစ်ကို အခြေတည် ရိုက်ကူးထားတာဖြစ်ပြီး တစ်ပတ်ကိုတစ်ပိုင်းနှုန်းနဲ့ အပိုင်း ၈ ပိုင်းထွက်ရှိမှာပါ။ မင်းသမီးချောလေး Chase Sui Wonders (Bodies Bodies Bodies/Generation)၊ မင်းသားချောလေး Wyatt Oleff (I Am Not Okay With This/IT-Stanley Urisဇာတ်ကောင်)နဲ့ မင်းသမီးချော Jemima Kirke (Girls/Conversations with Friends)တို့က အဓိကပါဝင်သရုပ်ဆောင်ထားကြတာပါ။ ဇာတ်လမ်းအကျဉ်း ဆမ်က လွတ်လပ်ပြီး ပျော်ပျော်နေတတ်တဲ့၊ ဂီတကိုရူးသွပ်တဲ့ ပေါ့ပေါ့ပါးပါးတက္ကသိုလ်ကျောင်းသူလေးတစ်ယောက်ပါ။ တစ်ရက်မှာ အထက်တန်းကျောင်းတုန်းတူတူတက်ခဲ့တဲ့ ချာလီနဲ့ အမှတ်မထင်တွေ့ပြီး သူငယ်ချင်းတွေဖြစ်ခဲ့ကြပါတယ်။ အဲဒီလိုနဲ့ ရှက်တတ်ပြီး အဖေဆုံးပါးသွားလို့ စိတ်ဒဏ်ရာရနေတဲ့ လူငယ်လေး ချာလီက ဆမ့်ကို တွယ်တာသွားမိတယ်ဆိုပါတော့လေ။ ဆမ်က ချာလီနဲ့မတွေ့ခင်က ...
7.7
TMDb: 7.7/10 10 votes
tv

City on Fire (2023)

2023
Ted Lasso (2020) Season 01 Complete 8.5
Ted Lasso (2020) Season 01 Complete Ted Lasso (2020) Season 01 ~ IMDb - 8.8/10, Rotten Tomatoes - 90% ~ AFC Richmond ဆိုတဲ့အသင်းက ပရီးမီးယားလိဂ်မှာ ဟိုမရောက် ဒီမရောက်ဖြစ်နေတဲ့ ဂကြောင်အသင်း။ ဖြစ်ချင်တော့ အသင်းပိုင်ရှင် လင်မယားက ကွာရှင်းသွားကြပြီး ရှယ်ယာပိုများများကိုင်ထားတဲ့ မယားဖြစ်သူက အသင်းပိုင်ရှင်ဖြစ်လာတယ်။ သူ့ရဲ့ ခင်ပွန်းဟောင်းကြီးချစ်တဲ့အသင်းကို ဒုက္ခရောက်အောင်လုပ်ပြီး စိတ်ကင်ဆာပေးချင်လို့ အရင်ကတည်းကရှိနေတဲ့ နည်းပြကို ဖြုတ်ပြီး ဘာမဆိုင်ညာမဆိုင် ကစားနည်းပါ မဆိုင်တဲ့ အမေရိကန်‌ဘောလုံးနည်းပြကို ခေါ်ခန့်လိုက်တယ်။ ဒီစီဆင်ရဲ့ အဓိက ဇာတ်ကတော့ ဒါပါပဲ။ Ted Lasso စီးရီးဟာ 2013 တုန်းက NBC Sports ချန်နယ်ကနေ သူတို့ရဲ့ Premier League သီးသန့်ချန်နယ်အသစ်အတွက် ပရိုမိုးရှင်းဆင်းတဲ့အနေနဲ့ လွှင့်ဖူးခဲ့တဲ့ " လန်ဒန်ရောက် အမေရိကန်နည်းပြတစ်ယောက် " ဆိုတဲ့ ...
8.5
TMDb: 8.5/10 1019 votes
tv

Ted Lasso (2020) Season 01 Complete

2020
Drops of God (2023) 7.8
Drops of God (2023) Drops of God (2023)Drops of God ကတော့ နာမည်ကြီးဂျပန်မန်ဂါတစ်ခုပေါ် အခြေခံထားတဲ့ ဝိုင်အကြောင်းစီးရီးပါ။ ပြင်သစ်ကရိုက်တဲ့စီးရီးဆိုတော့ မန်ဂါကိုအပြောင်းအလဲတွေလုပ်ထားတယ်။ အဓိကဇာတ်ကောင်ကိုလဲ ဂျပန်အမျိုးသားနေရာမှာ ပြင်သစ်အမျိုးသမီးအနေနဲ့ပြောင်းလဲထားတယ်။ အလက်ဇန်းဒါးဆိုသူက ဝိုင်နဲ့ပတ်သက်ရင်အထူးကျွမ်းကျင်သူလေ့လာသူ ပြင်သစ်လူမျိုးပရော်ဖက်ဆာတစ်ယောက်ပါ။ သူက ဆုံးပါးခါနီးမှာ သေတမ်းစာထားခဲ့ပါတယ်။ သူရဲ့သန်းပေါင်းများစွာတန်တဲ့အိမ်နဲ့အတူ ကမ္ဘာပေါ်ကအကြီးမားဆုံးတန်ဖိုးအရှိဆုံးဝိုင်တွေကို ထိုက်တန်သူကဆက်ခံခွင့်ရမှာပါ။ အမွေဆက်ခံသူကတော့နှစ်ယောက်ပဲရှိပါတယ်။ တစ်ယောက်က အလက်ဇန်းဒါးရဲ့သမီးကမီးလ် နောက်တစ်ယောက်ကအလက်ဇန်းဒါးရဲ့တပည့်ဖြစ်သူ တိုမီနီပါ။ သူတို့နှစ်ယောက်က ဝိုင်ကိုမြည်းစမ်းပြီး အဲ့ဒီဝိုင်နဲ့ပတ်သက်ပြီးစပျစ်အမျိုးအစား ပေါက်ရောက်ရာမြေ သက်တမ်းစသဖြင့်အားလုံးကိုပြောနိုင်ရမှာဖြစ်ပါတယ်။ အဲ့လိုသုံးကြိမ်ယှဥ်ပြိုင်ပြီး အနိုင်ရသူကအမွေတွေကို ဆက်ခံရရှိမှာပါ။ ပြသနာကတော့ ကမီးလ်ကအရသာအာရုံသိပ်ပြင်းပြလွန်းသူဖြစ်ပါတယ်။ သူက အရက်ကိုလဲ လုံးဝမသောက်ပါဘူး။ ဝိုင်လဲမသောက်ပါဘူး။ အနံ့ပြင်းတာ၊ အရသာပြင်းတာ တစ်ခုခုလေး သောက်မိတာနဲ့ နှာခေါင်းထဲကချက်ချင်းသွေးတွေယိုစီးကျလာအောင်ထိခိုက်သူဖြစ်ပါတယ်။ ဖခင်နဲ့ကလဲ နှစ်ပေါင်းများစွာအဆက်အသွယ်ပြတ်နေပြီး ဖခင်ရဲ့နောက်ဆုံးအချိန်ကိုတောင်မမှီခဲ့ပါဘူး။ ဒါပေမဲ့ကမီးလ်အဖေက ကမီးလ်ကိုဝိုင်တွေနဲ့အကျွမ်းဝင်စေဖို့ သူ့သူငယ်ချင်းစပျစ်ခြံမှာနေထိုင်ဖို့ကြိုတင်စီစဥ်ပေးခဲ့တယ်။ ပြီးတော့ကမီးလ်ကလဲ ဒီယှဥ်ပြိုင်မှုကိုလက်ခံဖို့ဆုံးဖြတ်လိုက်ချိန်မှာ ဘာတွေဆက်ဖြစ်မလဲစိတ်ဝင်စားစရာပါပဲ။ ဝိုင်အကြောင်း ဘာမှမသိတဲ့ ကမီးလ်နဲ့အတူ ဝိုင်အကြောင်း ဘာမှမသိတဲ့ ကြည့်ရှုသူပရိသတ်တွေလဲ လိုက်လံလေ့လာခွင့်ရမှာပါ။အညွှန်း နဲ့ ဘာသာပြန်ကတော့ Rashida ပဲ ဖြစ်ပါတယ်။Genre..... Drama Quality…. 1080p | 720p File size… 600MB | 300MB Format… mp4 Duration…. ...
7.8
TMDb: 7.8/10 5 votes
tv

Drops of God (2023)

2023
The Big Door Prize (2023) 5.907
The Big Door Prize (2023) The Big Door Prize (2023)ဒီတစ်ခေါက်တင်ဆက်ပေးမှာကတော့ Comedy, Drama, Sci-Fi အမျိုးအစား ဇာတ်လမ်းတွဲလေးတစ်ခု ဖြစ်ပါတယ်။ဇာတ်လမ်းအကျဉ်းကတော့ Dusty က မြို့ငယ်လေးတစ်မြို့မှာ ဇနီးရယ် သမီးရယ်နဲ့အတူ ကျောင်းဆရာအလုပ်လုပ်ရင်း သမားရိုးကျဘဝတစ်ခုကို ဖြတ်သန်းနေတဲ့သူပါ။ သူအသက် ၄၀ ပြည့်တဲ့နေ့မှာပဲ မြို့ငယ်လေးက စတိုင်းဆိုင်မှာ MORPHO ဆိုတဲ့ လူတွေရဲ့ ဘဝအနာဂတ်ကို ခန့်မှန်းပေးနိုင်တဲ့ စက်တစ်လုံး ပေါ်လာခဲ့ပါတယ်။ အရင်းအမြစ်သေချာမသိရတဲ့ အဲဒီစက်အကြောင်းက မြို့ငယ်လေးမှာ ရေပန်းစားလာပြီး စတိုးဆိုင်မှာလည်း စက်ကိုစမ်းသုံးကြည့်ချင်တဲ့လူတွေ တန်းစီနေပါတယ်။ စက်ကထုတ်ပေးတဲ့ ဟောပြောချက်ကတ်တွေကြောင့် လူတော်တော်များများကလည်း သူတို့ရဲ့လျှို့ဝှက်ထားတဲ့ ရည်မှန်းချက်တွေကို စက်ကသိနေပြီးတော့ သူတို့ကို လမ်းပြပေးနေတယ်လို့ လက်ခံလာပြီး ဘဝအပြောင်းအလဲတွေလုပ်ဖို့ စိတ်အားထက်သန်လာကြပါတယ်။ Dusty ကတော့ စက်တစ်လုံးက အနာဂတ်ကိုပြောင်းလဲမပေးနိုင်ဘူးလို့ လက်ခံထားပေမယ့် လူတော်တော်များများက အဲဒီအကြောင်းပဲပြောနေကြတော့ အဲဒီကိစ္စကို ခေါင်းထဲကထုတ်မရဖြစ်လာတာကြောင့် တစ်ညမှာ စတိုင်းဆိုင်ကိုသွားပြီး စက်ကို စမ်းသုံးကြည့်လိုက်တဲ့အခါ သူ့အနာဂတ်က ဘာဖြစ်လာမလဲ၊ ဘာတွေပြောင်းလဲသွားမလဲဆိုတာကို ဇာတ်လမ်းထဲမှာပဲ ကြည့်ရှုလိုက်ပါနော်။အညွှန်း နဲ့ ဘာသာပြန်ကတော့ Moh Moh ပဲ ...
5.907
TMDb: 5.907/10 27 votes
tv

The Big Door Prize (2023)

2023