Channel Myanmar

BBC One

The Pact (2021) Season 01 + 02 Complete 7
The Pact (2021) Season 01 + 02 Complete The Pact (2021) Season 01 Complete ~ IMDb - 6.9/10, Rotten Tomatoes - 92% ~ ဉာဏ်ကြီးရှင် စုံထောက်တွေနဲ့ ဉာဏ်ကြီးရှင် ရာဇဝတ်ကောင်တွေ ပညာပြိုင်ပြီး ပစ်နေခတ်နေ ချနေနှက်နေ ရှုပ်ယှက်ခတ်နေတဲ့ စုံထောက်ကားတွေကို အနားပေးပြီး အေးဆေးဆေးဆေး စုံထောက်ဇာတ်လမ်းကို ကြည့်ချင်ရင်တော့ ဒီ Series လေးကို အကြိုက်တွေ့မှာသေချာပါတယ်။ Cruel Summer လို၊ American Horror Story လို Anthology Series မျိုးဖြစ်လို့ ပထမ Season နဲ့ နောက် Season ကတော့ ဇာတ်လမ်းတူမှာမဟုတ်ပါဘူး။ ဒီ Series တွေရဲ့ ပုံစံကတော့ အသိုင်းအဝိုင်းလေးတစ်ခုထဲမှာ ပုံမှန်မဟုတ်တဲ့ ကိစ္စတစ်ခုဖြစ်သွားပြီး ခက်ခဲတဲ့အခြေအနေမှာ သူတို့ကြားက သစ္စာရှိမှုကို မှတ်ကျောက်တင်မယ့် အဖြစ်အပျက်လေးတွေကို ပြထားပါတယ်။ ...
7
TMDb: 7/10 32 votes
tv

The Pact (2021) Season 01 + 02 Complete

2021
The Woman in the Wall (2023) 7.1
The Woman in the Wall (2023) The Woman in the Wall (2023) Ongoing Mini Series ~ IMDb rating - 7.1/10 ~ ၁၈ ရာစုကနေ ၂၀ ရာစု (၁၇၅၈-၁၉၉၆) အထိ ရာစုနှစ်နှစ်ခုစာ ကမ္ဘာ့နိုင်ငံကြီးတချို့မှာ ရှိခဲ့ဖူးတဲ့ အမျိုးသမီးသီးသန့် ဘာသာရေး အကျဥ်းထောင်အကြောင်းကို ကြားဖူးကြလား။ ဘာသာရေး အကျဉ်းထောင်ဆိုတဲ့ စကားလုံးက ထူးဆန်းနေမှာပေါ့။ ဒါပေမဲ့လည်း ကမ္ဘာ့အရှည်ကြာဆုံးစစ်ပွဲတွေထဲက တစ်ခုဖြစ်တဲ့ Crusade စစ်ပွဲကလည်း ရာစုနှစ်နှစ်စုစာ ကြာခဲ့တာပဲမဟုတ်လား။ ဒီအမျိုးသမီး အကျဥ်းထောင်တွေကတော့ Magdalene Asylums (မန်ဒလင်း စိတ်ရောဂါကုဆေးရုံ) သို့မဟုတ် Magdalene Laundries (မန်ဒလင်း အဝတ်လျှော်ရုံ) တွေပဲ ဖြစ်ကြပါတယ်။ မန်ဒလင်းဆိုတဲ့နာမည်က ယေရှုခရစ်တော်ရဲ့ လက်ဝါးကပ်တိုင်မှာ ချိတ်ဆွဲခံရခြင်းနဲ့ ပြန်လည်ထမြောက်ခြင်းကို မျက်မြင်တွေ့ခဲ့တဲ့ အမျိုးသမီး သာဝကဖြစ်သူ မေရီမန်ဒလင်းရဲ့ နာမည်ကို အစွဲပြုပြီး ...
7.1
TMDb: 7.1/10 2 votes
tv

The Woman in the Wall (2023)

2023
The Sixth Commandment (2023) 7.9
The Sixth Commandment (2023) The Sixth Commandment (2023) Season 01 Complete ~ IMDb - 7.9/10, Rotten Tomatoes - 85% ~ အပိုင်းလေးပိုင်းပဲပါတဲ့ မှုခင်းဒရာမာကားပါ။ UK မှာ တကယ်ဖြစ်ခဲ့တဲ့ ဖြစ်ရပ်မှန်အပေါ် အခြေတည်ထားပါတယ်။ ကားနာမည်ကလည်း ဆဠမမြောက်ပညတ်တော်ဖြစ်သလို ဇာတ်ကားကလည်း လူသတ်ကားဖြစ်နေတော့ သူတစ်ပါးအသက်မသတ်ရဆိုတဲ့ ဆဠမပညတ်တော်နဲ့ ပြောင်းပြန်ပေးထားသလိုဖြစ်နေမှာပေမဲ့ တကယ်တော့ ဒီနာမည်ဟာ ဒီကားအတွက် အလိုက်ဖက်ဆုံးနာမည်လို့ပြောလို့ရပါတယ်။ ဘာလို့ဆို ဒီရုပ်ရှင်က ဘာသာရေးနဲ့ တိုက်ရိုက်ဆက်စပ်နေလို့ပါပဲ။ သတ်တဲ့လူကလည်း ဖာသာလောင်းတစ်ယောက်လို့ပြောလို့ရတဲ့ ဉာဏ်ကောင်းတဲ့ ကဗျာရေးကောင်းတဲ့လူတစ်ယောက်ပေါ့။ အဲဒီလိုလူက လူသတ်ရတဲ့ ရည်ရွယ်ချက်ကတော့ မကောင်းနေပေမဲ့ အကြောင်းပြချက်ကောင်းတော့ရှိနေပြန်တာပါပဲ။ ပညာတတ်တွေမိုက်တဲ့အခါ ကမ်းကုန်အောင်ဆယ်ရခက်သတဲ့။ ဒီစီးရီးကတော့ သိပ်တော်သလို သိပ်လည်းရက်စက်တဲ့ လူတစ်ယောက်အကြောင်း ဖြစ်ရပ်မှန်ကို စိတ်ဝင်စားစရာကောင်းအောင်ရော ငြီးငွေ့စရာမကောင်းအောင်ရော လေးပိုင်းတည်းနဲ့အသက်သွင်းထားတာမို့ ဖြစ်ရပ်မှန်မှုခင်းရုပ်ရှင်ပရိသတ်တွေ အကြိုက်တွေ့ကြမယ့် ဇာတ်လမ်းတွဲပါပဲ။ (ဒီစီးရီးအတွက် အညွှန်းရေးသား ဘာသာပြန်ပေးသူကတော့ W ...
7.9
TMDb: 7.9/10 5 votes
tv

The Sixth Commandment (2023)

2023
Great Expectations (2023) 7.4
Great Expectations (2023) Great Expectations (2023) Completed Mini-Series ချားလ်ဒစ်ကင်းရဲ့ Great Expectations ကို ရွှေဥဒေါင်းက ဘာသာပြန်ခဲ့ပြီး ၁၉၅၀ မှာ ဘာသာပြန်စာပေဗိမာန်ဆုရခဲ့တဲ့ " မျှော်တလင့်လင့် " ဆိုတဲ့စာအုပ်ကို စာသမားတော်တော်များများသိကြမှာပါ။ ဒစ်ကင်းဟာ ဒီကလူတွေရော တစ်ကမ္ဘာလုံးကလူတွေပါ ရင်းနီးပြီးသားဖြစ်တဲ့ ခရစ္စမတ်မာစတာပိစ် A Christmas Carol အပြင် Oliver Twist နဲ့ David Copperfield တို့လို စာတွေကို ရေးသားခဲ့တဲ့ ဂန္ထဝင်ကမ္ဘာကျော် စာရေးဆရာဆိုတာ အားလုံးအသိပါပဲ။ Great Expectations ဟာလည်း သူ့ရဲ့အကောင်းဆုံး စာအုပ်ထဲပါပြီး ခဏခဏရုပ်ရှင်ပြန်ရိုက်ခံရတဲ့ ဇာတ်လမ်းဆိုလည်း မမှားပါဘူး။ ဒီတစ်ခါဇာတ်လမ်းကိုတော့ Olivia Colman လို အော်စကာဆုရှင်မင်းသမီးကြီးနဲ့ နိုလန်ရဲ့ Dunkirk လိုကားမျိုးမှာ ဝင်သရုပ်ဆောင်ဖူးခဲ့တဲ့ Fionn Whitehead တို့က သရုပ်ဆောင်ထားပါတယ်။ ဇာတ်ကတော့ မိဘတွေသေသွားပြီး ...
7.4
TMDb: 7.4/10 5 votes
tv

Great Expectations (2023)

2023
Better (2023) 7
Better (2023) Better (2023) Completed Mini-Series ~ IMDb - 6.4/10, Rotten Tomatoes - 89% ~ အဂတိလိုက်စားမှုတွေ၊ ကိုယ်ကျင့်တရား၊ အသိစိတ်ဓာတ်နဲ့ အမှားအမှန်ခွဲခြားသိမြင်မှု၊ Friendship တွေကို စုံစုံလင်လင် မြင်တွေ့ရမယ့် မှုခင်း ဒရာမာစီးရီးအမျိုးအစားဖြစ်ပါတယ်။ လက်တွေ့ကမ္ဘာကို ရောင်ပြန်ဟပ်နေတဲ့ ငွေနောက်လိုက်တဲ့သူတွေ၊ အကျင့်ပျက်ခြစားနေတဲ့ ရဲတွေ၊ မကောင်းမှုတွေ ကြီးစိုးနေတဲ့လောကကြီး အကြောင်းကို ပေါ်လွင်အောင် ပုံဖော်ထားတာဖြစ်တဲ့အတွက် ကြည့်ရမှာတန်ပါတယ်။ ~ ဇာတ်လမ်းအကျဉ်း ~ စုံထောက်စစ်ဆေးရေးမှူး ဆလက်ဟာ သူ့အဖေခြေရာနင်းပြီး ထူးချွန် တာ၀န်‌ကျေတဲ့ ရဲတစ်ယောက်ဖြစ်ပါတယ်။ သူ့မှာ ခင်ပွန်းနဲ့ ဆယ်ကျော်သက်အရွယ် အို၀မ်ဆိုတဲ့သားတစ်ယောက်ရှိပါတယ်။ တစ်ရက်မှာ အို၀မ်က ဦးနှောက်အမြှေးရောင်ရောဂါနဲ့ သေလုမျောပါးဖြစ်ပြီး ဆေးရုံရောက်သွားပါတယ်။ အဲဒီအချိန်မှာပဲ ဆလက်က သူ အနှစ်၂၀လောက် ကျူးလွန်ခဲ့တဲ့ အမှားတွေကို ပြန်မြင်ယောင်ပြီး အသိ၀င်လာပါတော့တယ်။ တကယ်တော့ သူဟာ အများထင်သလို ပြည်သူ့ဘက်တော်သားတစ်ယောက်မဟုတ်ပါဘူး။ သူ့ငယ်သူငယ်ချင်း ...
7
TMDb: 7/10 5 votes
tv

Better (2023)

2023
The Gold(2023) 6.5
The Gold(2023)  အပိုင်း ၆ ပိုင်းပါဝင်သော အဆိုပါ ဗြိတိန်စီးရီးဟာ ၁၉၈၃ ခုနှစ်၊ လန်ဒန်မြို့ ဟိသရိုးလေဆိပ်အနီး၊ ဘရင့်စ်မတ်ကုန်လှောင်ရုံတွင်ဖြစ်ပွားခဲ့တဲ့ဖြစ်ရပ်မှန် ဓားပြတိုက်မှုအကြောင်းကိုအခြေခံကာရိုက်ကူးထားတာဖြစ်ပါတယ်။ ၎င်းဓားပြတိုက်မှုဟာ ထိုခေတ်အခါ၌ သမိုင်းတွင်အကြီးကျယ်ဆုံးသောဓားပြတိုက်မှုတစ်ခုဟု ပြောစမတ်ရှိခဲ့ကြပြီး စတာလင်ပေါင် ၂၆သန်းတန်ကြေးရှိတဲ့ ရွှေချောင်းများလုယက်ခံခဲ့ရတယ်။ အဆိုပါရွှေချောင်းများကိုဖျောကာ ဝေစားမျှစား လုပ်ကြဖို့အတွက်လန်ဒန်မြို့မှ လူတန်းစာအလွှာအသီးသီးမှဒုစရိုက်သမားများစုပေါင်းပါဝင်လုပ်ဆောင်ခဲ့ကြတဲ့ အကြောင်းဆိုလည်းမမှားပါဘူး။ကြီးမြတ်လှသောဗြိတိန်မြေ၌ ခေတ်အဆက်ဆက်ကပျိုးထောင်လာခဲ့သောစနစ်တွေရှိကြပါတယ်။ အဆိုပါစနစ်များကြောင့်အကျိုးစီးပွားဖြစ်ထွန်းနေသူများဟာစနစ်ကိုတုံးတိုက်တိုက် ကျားကိုက်ကိုက်ကာကွယ်ဖို့အသင့်ပါပဲ။ ဗင်ကားလေးတစ်စီးပေါ်က လူခြောက်ယောက်နဲ့အစပြုခဲ့တဲ့ အဆိုပါအမှုဟာ မီးခိုးကြွက်လျှောက်ပဲ အမည်မဖော်လိုသူများအထိပါဝင်ပတ်သက်ခဲ့ပြီး ဒုစရိုက်သမားများကတစ်ဖက်၊ အာဏာရှိသူများကတစ်ဖက်၊ စကော့တလန်ရဲဌာနာချုမှတစ်ဖက် အားပြိုင်ကြတာကို သည်းထိပ်ရင်ဖိုကြည့်ရှုရမှာဖြစ်ပါတယ် File Size –  846 MB  /   391 MB  @EpisodeQuality – 720p / 1080pDuration –  58 minute (@Episode)Total Episodes: 6EpsSubtitle – Myanmar HardsubFormat – Mp4Genre : ...
6.5
TMDb: 6.5/10 4 votes
tv

The Gold(2023)

2023
His Dark Materials (2022)( Season 1+2+3 ) 8
His Dark Materials (2022)( Season 1+2+3 )   His Dark Materials ဆိုတဲ့ series ကတော့ ကျွန်တော်တို့ ငယ်ငယ်ကကြည့်ခဲ့ဖူးတဲ့ ၀က်ဝံနှစ်ကောင်ဖိုက်ကြတဲ့ the golden compass ဆိုတဲ့ကားရဲ့ extended series ပေါ့ ဒီဇာတ်လမ်းအခြေတည်ထားတဲ့ Universe ကိုကအဆန်း လူတွေက ရုပ်နဲ့ နာမ် ပေါင်းစည်းနေရမဲ့အစား သူတို့ နာမ် တနည်းအားဖြင့် soul က တိရစ္ဆာန်တွေအဖြစ်တည်ရှိနေတယ် လူတိုင်းမှာ soul creature တစ်​ကောင်စီရှိကြတယ် အဲ့ soul creature ကို daemon လို့ခေါ်တယ် daemon တွေဟာ သူ့ခန္တာပိုင်ရှင် စိတ်နေသဘောထားအတိုင်း form အမျိုးမျိုးလိုက်ပြောင်းကြတယ် ခန္တာပိုင်ရှင် အရွယ်ရောက်သွားမှ သူတို့နောက်ဆုံး form မှာပဲအနည်ထိုင်သွားကြတယ် ဇာတ်လမ်းအစမှာကတည်းက လိုင်ရာဆိုတဲ့ကောင်မလေးနဲ့ သူ့ daemon ကိုတွေ့ရမှာပါ series ဖြစ်တဲ့အတွက် plot ပိုင်းတော့သိပ်မပြောတော့ဘူး extraordinary ဖြစ်တဲ့ story ကိုမှကြည့်ချင်သူတွေအတွက်တော့ရှယ်ပဲ တစ်ကားလုံးအဆန်းတွေကြီး harry potter တို့လိုမဟုတ်ပဲ other universe တစ်ခုကိုရောက်သွားတဲ့ feel မျိုးရစေမှာပါ rating ကလဲ IMDb မှာ 8.7 rotten tomatoes မှာ 83% လတ်လတ်ဆတ်ဆတ်ကြီးဆိုတော့ ကြည့်သင့်တဲ့ series ...
8
TMDb: 8/10 1219 votes
tv

His Dark Materials (2022)( Season 1+2+3 )

2019
Jonathan Strange & Mr Norrell ( 2015 ) Season 1[Complete] 7.518
Jonathan Strange & Mr Norrell ( 2015 ) Season 1[Complete] Jonathan Strange & Mr Norrell=========================ဟိုးရှေးရှေး ၁၉ရာစုနှစ်က အင်္ဂလန်မှာ မှော်ပညာဟာတဖြည်းဖြည်းဆုတ်ယုတ်လာတာ ရာစုနှစ်၃ခုစာရှိသွားသတဲ့ကွယ်။ မှော်ပညာသာ ဆုတ်ယုတ်လာပေမဲ့ယော့ခ်ရှိုင်းယားမှာတော့ မှော်ဆရာအဖွဲ့အစည်းကတော့ရှိနေဆဲပါ။ မှော်ဆရာလို့ အမည်ခံထားကြပေမဲ့နက္ခတ္တဗေဒပညာရှင်ဟာ ကြယ်ကို မတီထွင်သလိုသူတို့မှော်ဆရာတွေဟာလည်း မှော်အတတ်ကိုမပြုလုပ်ဘဲ မှော်စာအုပ်တွေလေ့လာရုံ၊ ရေးသားရုံနဲ့မှော်ဆရာအဖြစ်ခံယူထားကြပါတယ်။ ဒါပေမဲ့ဟောစာတမ်းတစ်ခုက ကြိုတင်နိမိတ်ဖတ်ခဲ့တာကတော့အင်္ဂလန်ရဲ့ မှော်လောကကို ပြန်လည်သွတ်သွင်းဖို့ ထူးချွန်တဲ့အစွမ်းရှိမှော်ဆရာနှစ်ယောက် ပေါ်ထွန်းလာပါလိမ့်မယ်တဲ့။ထိုနှစ်ယောက်ကတော့ မှော်ဆရာMr.Norrellနဲ့ ချမ်းသာပြီးဘာကိုမှမလေးမထားဘဲ မိန်းမယူဖို့သာ စိတ်အားထက်သန်နေတဲ့လူချောလေး Jonathanတို့ပဲ ဖြစ်ပါတယ်။ဒီလိုနိမိတ်ဖတ်ထားတဲ့ လူနှစ်ယောက်ဟာ ဘယ်လိုထူးချွန်တဲ့မှော်ဆရာတွေဖြစ်လာမလဲ။ အင်္ဂလန်ရဲ့အတော်ဆုံးမှော်ဆရာဖြစ်ဖို့ဘယ်လိုယှဉ်ပြိုင်မှုတွေ ပြုလုပ်ကြမလဲဆိုတာ ဆက်လက်စောင့်ကြည့်လိုက်ပါဦးနော်။ Episodes : 7File Size   : ( 1.20 GB)  ,( 421 MB )Quality      : BluRay 1080p,720PGenres: Drama, Sci-fi & FantasyTranslated by JANE , Mayphoo-PoneEncoded ...
7.518
TMDb: 7.518/10 114 votes
tv

Jonathan Strange & Mr Norrell ( 2015 ) Season 1[Complete]

2015
The Outlaws S02 (2022) [Complete] 8.444
The Outlaws S02 (2022) [Complete] The Outlaws S02 (2022) [အစ-အဆုံး]အပိုင်းသစ် - ၆ (ဇာတ်သိမ်းပိုင်း)မူးယစ်ရာဇာရဲ့ ငွေအိတ်ကြီးကောက်ရတာကို ပြန်မပေးဘဲ ​ဘုံးမိလို့ ထီအကြီးကြီးပေါက်သွားတဲ့ လူ၇ယောက် series လေးရဲ့အဆက်ထွက်လာပါပြီ။Season 1 တုန်းက လူဆိုးတွေ လိုက်တာကနေလည်းလွတ် ရဲတွေမေးသမျှကိုလည်း ကွေ့ပတ်ဖြေပြီး လွတ်လာတဲ့ ၇ယောက် Season 2 မှာတော့ ပထမတစ်ကြိမ်လို ကံကောင်းနေတော့မှာမဟုတ်ပါဘူး။မူးယစ်ဂိုဏ်းချုပ်ကြီးရဲ့ အကြပ်ကိုင်တာခံထားရတဲ့ ဒီ လူ ၇ယောက် ကျားခံတွင်းဝကနေလွတ်ဖို့ ဘယ်လိုဘယ်ပုံ လှုပ်ရှားကြမယ်၊ ဘာဉာဏ်နီဉာဏ်နက်တွေ ထုတ်သုံးကြမယ်ဆိုတာကိုတော့ ဆက်လက် ကြည့်ရှုကြပါဦးစို့ ...(အညွှန်းကိုတော့ Hnin Wut Yi က ရေးပေးထားပါတယ်)Aired: Aug 5, 2022 Aired On: Friday Genres: Comedy, Drama, Crime, Thriller Duration: 45mins Episodes: 6 Original Network: BBC File Size: 1080p(~1GB) ...
8.444
TMDb: 8.444/10 27 votes
tv

The Outlaws S02 (2022) [Complete]

20212022
The Outlaws S01 (2021) [Complete] 8.5
The Outlaws S01 (2021) [Complete] The Outlaws Season 1 (2021)အပိုင်း (၁ မှ ၆) အစ/အဆုံးဘဝမှာ တစ်ခါမှ မသိကျွမ်းဖူးတဲ့အပြင် အသက်မွေးဝမ်းကျောင်းပညာရပ်တွေပါ မတူညီကြတဲ့ သူစိမ်း ခုနစ်ယောက် မိမိတို့ ကျူးလွန်ခဲ့တဲ့ ပြစ်မှုတွေအတွက် လူမှုကြွေးပြန်ဆပ်ဖို့အတွက် ဘရစ်စတိုးမြို့မှာ ရှိတဲ့ မြို့ပြအသင်းတိုက်မှာ ပရဟိတလုပ်ငန်းတွေလုပ်ဖို့ ပြစ်ဒဏ်ချမှတ်ခံရပြီးမှ အချင်းချင်း ရင်းနှီးလာကြပါတယ် ကံကောင်းချင်တော့ သူတို့ဟာ ငွေသားတွေအပြည့်ပါတဲ့ အိတ်တစ်အိတ်ကို ရှာတွေ့ခဲ့ကြပြီး ဝေစုခွဲယူကြဖို့ စီစဉ်ထားကြပါတယ် ဒါပေမဲ့ သူတို့မသိတာက ဒီငွေထုပ်ကြီးကို အန္တရာယ်ရှိတဲ့ ဒုစရိုက်သမားတချို့ကလည်း အပူတပြင်းလိုက်ရှာနေတယ်ဆိုတာပါပဲ အပိုင်း ၆ ပိုင်း ပါတဲ့ Season 1 ကို BBC က ထုတ်လွှင့်ပြသားထားပြီး BBC One နဲ့ Amazon Studios တို့ရဲ့ ပူးပေါင်းတင်ဆက်မှုဖြစ်တဲ့အပြင် ဇာတ်အိမ်လည်း ခိုင်တာကြောင့် ရင်သပ်ရှုမောဖွယ် ကြည့်ရှုရမဲ့ ဇာတ်လမ်းတွဲကောင်းလေး တစ်ခုပဲ ဖြစ်ပါတယ် Aired: 25 October 2021 -- Aired On: ...
8.5
TMDb: 8.5/10 12 votes
tv

The Outlaws S01 (2021) [Complete]

2021
Chloe (2022) 6.9
Chloe (2022) Chloe (2022)BBC Oneမှာ ပြသခဲ့ပြီး Amazon Primeမှာ streamingလုပ်ခဲ့တဲ့ ဗြိတိန် psycho: thrillerစီးရီးတစ်ခုကို တင်ဆက်​ပေးလိုက်ပါတယ်၊ အပိုင်း ၆ပိုင်းပါဝင်တဲ့ Miniseriesဖြစ်ပြီး IMDb 6.5, RTမှာ 94% ရထားပါတယ်။ အစအဆုံး ထွက်ရှိထားပြီး CMက​နေ ဆက်တိုက်ပဲ တင်ဆက်​ပေးသွားပါ့မယ်။လူတိုင်းမှာ စိတ်ထဲကအားကျရသူ၊ သ​ဘောကျရသူဆိုတာ ရှိစမြဲပါ။ ဘက်ကီဂရင်းအတွက် အဲဒီလူဟာ ကလိုဝီဖဲရ်ဘွန်းဆိုတဲ့ မိန်းက​လေး တစ်​ယောက်ပါ။ Instagramလိုမျိုး လူမှုကွန်ရက်​ပေါ်က ဘဝ​​တွေနဲ့ သူ့ရဲ့ လက်​တွေ့ဘဝကို ယှဉ်​တွေး​နေတတ်တဲ့ ဘက်ကီအဖို့ ကလိုဝီရဲ့ ဘဝဟာ လုံးဝပြီးပြည့်စုံ​နေခဲ့တာပါ။ဒါ​ပေမဲ့ တစ်​​ရက်မှာ​​ ကလိုဝီသတ်​သေသွား​ကြောင်း သတင်းတစ်ခုကို ဘက်ကီတစ်​ယောက် မထင်မှတ်ဘဲ ​တွေ့လိုက်ပါတယ်။ ထူးဆန်းတာ တစ်ခုက ကလိုဝီ ​သေ​ကြောင်းမကြံခင်ညက ဘက်ကီကို ဖုန်းဆက်ဖို့ ကြိုးစားခဲ့တာပါ။ သူအားကျတဲ့ မိန်းက​လေးက ​သတ်​သေသွား​တော့ ဘက်ကီဟာ ဒီတိုင်းမ​ကျေနပ်နိုင်ဘဲ ဆာရှာမိုင်းစ်ဆိုတဲ့နာမည်အတုနဲ့ ကလိုဝီရဲ့ လူကုံထံမိတ်​​ဆွေအသိုင်းအဝိုင်းကြား ဝင်​ရောရင်း ကလိုဝီ သတ်​သေသွားရတဲ့ အ​ကြောင်းရင်းအမှန်ကိုရှာ​ဖွေရင်း ထင်တာထက် ပိုနက်နဲတဲ့အ​​ဖြေ​တွေ ထွက်​​ပေါ်လာပါ​တော့တယ်။အညွှန်း နဲ့ ဘာသာပြန်ကတော့ JimX ပဲ ဖြစ်ပါတယ်။Genre..... ...
6.9
TMDb: 6.9/10 14 votes
tv

Chloe (2022)

2022
This Is Going to Hurt (2022) 9.3
This Is Going to Hurt (2022) This is going to hurt (2022)ကျွန်တော်တို့ CM ကနေ ဆရာဝန် ဟာသ စီးရီးလေးတစ်ခု ထပ်တင်ပေးချင်ပါတယ်။ အပိုင်း ၇ ပိုင်းပဲ ပါပါတယ်။ဆရာဝန် ဟာသပညာရှင် အဒမ်ကေရဲ့ နိုင်ငံတကာ best seller ဝတ္ထုကို အခြေခံပြီးရိုက်ကူးထားတာပါ။ ဆရာဝန်တစ်ယောက်ရဲ့ ကြုံခဲ့ဖူးတဲ့ အလွဲတွေဟာသတွေပေါ့။ဒီတစ်ခါတော့ အဓိက ဇာတ်ကောင်က သားဖွားမီးယပ်ပါရဂူ ပေါက်စလေးပါပဲ။ ထူးထူးခြားခြား ပါရမီပါတာလည်းမဟုတ်ပါဘူး။ အမှားတွေလုပ်တတ်တယ် သင်ယူနေရတယ်။ သူလိုကိုယ်လိုပါပဲ။ ဂျစ်ကပ်ကပ်နိုင်တယ် ဂွစာတိုက်တတ်တယ်။ လူနာတွေအပေါ် စေတနာကောင်းတယ်။ ဂေးဖြစ်နေတာကို ဆေးရုံကလူတွေမသိအောင် ဖုံးထားချင်တယ်။ ပြီးတော့ သားဖွားမီးယပ် ဆရာဝန်အကြီးတန်းဖြစ်ချင်ပြီး ပိုက်ဆံများများရပြီး နှပ်ချင်တယ်။ ဒီလိုရိုးရှင်းပါတယ်။ပြီးတော့ BBC ရဲ့ ဗြိတိန်ကားဆိုတော့ မြန်မာနိုင်ငံနဲ့ကျန်းမာရေးစနစ်ချင်း ဆင်ပါတယ်။ သင်ရိုးနဲ့ လုပ်ပုံလုပ်နည်းတွေလည်းဆင်ပါတယ်။ ဟောက်စ်ဆာဂျင်တွေ နှစ်လလောက်ကြာတာတောင် ကလေးမွေးဖို့ သင်ပေးမယ့်သူမရှိလို့ မမွေးတတ်သေးတာတွေ တောက်တိုမယ်ရပဲလုပ်နေရတာတွေ၊ အစိုးရဆေးရုံမို့ လူပေါင်းစုံ ပြဿနာပေါင်းစုံကို ရှင်းရတာတွေ။ လူနာတွေက လူမျိုးရေးခွဲခြားပြီး နှိမ်ချင်တာတွေ။ ဆေးရုံမှာမနိုင်မနင်းနဲ့ ပင်ပန်းလွန်းကြတာတွေ။ဒီလိုသဘာဝကျကျ ဇာတ်ကောင်တွေနဲ့ ဟာသလည်းမြောက် ဗဟုသုတလည်းရ ပျော်စရာလည်းကောင်းတဲ့စီးရီးမို့ သေချာပေါက်ကြည့်သင့်တဲ့အထဲမှာ ပါပါတယ်။တုံးလုံးအခန်းတွေ ...
9.3
TMDb: 9.3/10 3 votes
tv

This Is Going to Hurt (2022)

2022
Peaky Blinders Seasons 1-6 8.3
Peaky Blinders Seasons 1-6 အကောင်းဆုံး ရုပ်သံဇာတ်လမ်းတွဲတွေကို ပြောကြမယ်ဆိုရင် Peaky Blinders စီးရီးကိုလည်း ထည့်ပြောရမှာပါပဲ။ ဒီဇာတ်လမ်းကတော့ ဂန်းစတားဇာတ်လမ်းတွဲပါ။ Peaky Blinders ဆိုတဲ့ လူဆိုးအဖွဲ့က အင်္ဂလန်မှာ တကယ်ရှိခဲ့ဖူးပါတယ်။ ခေတ်ကတော့ ပထမကမ္ဘာစစ်အပြီး ကာလပါပဲ။ ဒါပေမယ့် ဒီဇာတ်လမ်းကတော့ စိတ်ကူးယဉ်ဇာတ်လမ်းပါ။ အရင်ဆုံးက Peaky Blinders ဆိုတဲ့ နာမည်အဓိပ္ပါယ်ကနေ စမိတ်ဆက်ရမယ်ထင်ပါတယ်။ Peaky ဆိုတာကတော့ ဒီဇာတ်လမ်းတွဲထဲက ရှဲလ်ဘီ မိသားစုတွေ ဆောင်းကြတဲ့ နံပြားဦးထုပ်၊ လျှာထိုးဦးထုပ်အပျော့လေးတွေကို ခေါ်တာပါ။ Blinders ဆိုတာကတော့ အဲဒီခေတ်အသုံးအနှုန်းမှာ တစ်နေရာရာမှာ တော်တဲ့တတ်တဲ့၊ စမတ်ကျကျ၊ ကြည့်ကောင်းကောင်းသူတွေကို ခေါ်တာမျိုးပါ။ ဒီတော့ နံပြားဦးထုပ်နဲ့ ဆရာကြီးတွေ လို့ ပြောရမှာပေါ့လေ။ Blinders ဆိုတဲ့ နာမည်နဲ့ လိုက်ဖက်သွားတဲ့ ထူးခြားချက်ကလည်း ရှိပါတယ်သေးတယ်။ သူတို့ရဲ့ ဦးထုပ်တွေထဲမှာ ဓားသွားတွေ ထည့်ထားပြီး ရန်ဖြစ်တာနဲ့ မျက်နှာကို ခုတ်ချလိုက်တာမျိုးက ပိကီဘလိုင်ဒါတွေရဲ့ မူပိုင်ကွက်ပါပဲ။ ဒီဇာတ်လမ်းတွဲကို ကြည့်ရင် သူတို့တွေရဲ့ ငွေကြေးအမျိုးအစားနဲ့ တန်ဖိုးလေးတွေကို သိထားရင် ပိုအဆင်ပြေပါတယ်။ အဲဒီခေတ်ကတော့ ဂီနီ၊ ပေါင်၊ သျှီလင်တွေကို သုံးကြပါတယ်။ ဂီနီကတော့ အခုခေတ်မှာ မသုံးတော့တဲ့ ဒင်္ဂါးတွေပါ။ တစ်ဂီနီ ...
8.3
TMDb: 8.3/10 690 votes
tv

Peaky Blinders Seasons 1-6

2013
The Responder (2022) 8.7
The Responder (2022) The Responder (2022)" ခင်ဗျားအ​မေကြီး​ရော ဘယ်လို​နေလဲ" "​သေမယ့်​ရက်ကို ထိုင်​စောင့်​နေတယ်"ဒါက​ ရဲသားကြီးခရစ်ကာဆင် တဖြစ်လဲ Martin Freeman ​ပြောတဲ့ ဒိုင်ယာ​လော့တစ်​ကြောင်းပါ၊ ပတ္တ​ရောင်ရဲသားဖြစ်တဲ့ ခရစ်ဟာ ညကင်းလှည့်ရင်း Command centre က လွှတ်တဲ့ ​ကေ့စ်မှန်သမျှကို သွား​​ရောက်​ဖြေရှင်း​ပေးရတဲ့ Responder တစ်​ယောက်ပါ၊ ညဘက်ဆိုတဲ့အတိုင်း ​ကေ့စ်​တွေကလည်း အိမ်နီးချင်း​တွေ ရန်ဖြစ်တာအစ ယာဉ်မ​တော်တဆမှုအလယ် လုယက်ဓါးပြမှုနဲ့ လူသတ်မှုအဆုံး အကုန်ပါတာ​ပေါ့ဒီလို​ကေ့စ်မျိုးစုံကို ညတိုင်းအိပ်​ရေးပျက်ခံ စိတ်ပင်ပန်းခံပြီး ဖြေရှင်း​ပေးရတဲ့ခရစ်တစ်​ယောက် ကြာလာ​တော့ သူ့ရဲ့စိတ်မှာ ထိ​ခိုက်လာတယ် ဒဏ်ဖြစ်လာတယ် စိတ်ပညာရှင်နဲ့ ​ဆွေး​နွေးရတဲ့အ​ခြေအ​​နေဖြစ်လာတယ်၊ အရင်ကသိပ်သ​ဘော​ကောင်း၊ လုပ်​ဖော်ကိုင်ဖက်​တွေနဲ့ သိပ်အဆင်​ပြေခဲ့တဲ့ ခရစ်ဟာ အခုဆို လူ​သေမှုအခင်း​နေရာမှာ ​သေသူစားခဲ့တဲ့ ဝက်​ပေါင်​ခြောက်ကို ထိုင်စား​နေတဲ့အထိ ​သွေး​​အေး​ပြောင်းလဲသွားပါတယ်အဲလိုနဲ့ပဲ ​ကေစီဆိုတဲ့ ဂျစ်ပစီမ​လေးနဲ့ ဆုံခဲ့တာ​ပေါ့၊ သူကလည်း နှယ်နှယ်ရရမဟုတ်ဘဲ Drug dealer​ခေါင်း​ဆောင်ဆီက ကိုကိန်း တစ်အိတ်လုံး ဖြောင်လာတဲ့သူ​ပေါ့၊ အဲဒီ​ခေါင်း​ဆောင် ကြိုးကိုင်တာ ခံထားရတဲ့ ခရစ်တစ်​ယောက် ​ကေစီကိုလိုက်ဖမ်း​ပေးရင်း ​​သူသာ ဖမ်းပို့​ပေးလိုက်ရင် ​ကေစီအသတ်ခံရမယ်ဆို​တာသိ​တော့ နဂိုစိတ်ရင်း​ကောင်းသူပီပီ မိမိပြီးချင်းပဲ ပြန်လွှတ်​ပေးခဲ့ပါတယ်၊ လွှတ်​ပေးပြီး နောက်ပိုင်းကစပြီး ​မူးယစ်ဂိုဏ်းရဲ့ရန်ကို​ရှောင်ရင်း ခရစ်အ​နေနဲ့ ...
8.7
TMDb: 8.7/10 6 votes
tv

The Responder (2022)

2022
The Tourist (2021) (1-6 END) 8
The Tourist (2021) (1-6 END) Fifty Shades of Grey မင်းသား Jamie Dornan ဦးဆောင်ပါဝင်ထားတဲ့ The Tourist ဆိုတဲ့ mini series လေးနဲ့မိတ်ဆက်ပေးချင်ပါတယ် HBO ကထုတ်လွှင့်တာကြောင့် အညံ့စားဇာတ်လမ်းတွဲဖြစ်မှာ စိတ်ပူစရာမလိုပါဘူး IMDB လည်း 7.4 လောက်ရရှိထားပြီး အပိုင်း ၆ ပိုင်းထဲအပြီးဖြစ်လို့ ၆ နာရီစာဇာတ်ကား တစ်ခုလိုမျိုး တစ်ဝကြီးကြည့်ရမှာပါဇာတ်လမ်းအညွှန်းကိုပြောရရင် လူတစ်ယောက်ဟာ အဝေးပြေးလမ်းမတစ်ခုမှာ ကားမောင်းလာရင်း သူ့ကိုထရပ်ကားတစ်စီးက အသေဆိုပြီးဝင်တိုက်ရာကနေ ကံကောင်းပြီး မသေဘဲ ဆေးရုံရောက်သွားပါတယ် ဒါပေမယ့် သူနိုးထလာတဲ့အခါမှာ သူဘယ်သူလဲ ဘယ်ကလာလဲ ဘယ်ကိုသွားနေလဲဆိုတာ ဘာမှ မမှတ်မိတော့ပါဘူး . ပိုဆိုးတာက သူကားမှောက်သွားတဲ့နေရာမှာ ရဲတွေကလည်း ပိုက်ဆံအိတ် ဖုန်း သက်သေခံအထောက်အထား ဘာတစ်ခုမှ မတွေ့ခဲ့တဲ့အတွက် သူလူဆိုးလား လူကောင်းလားဆိုတာ မသိနိုင်အောင်ဖြစ်နေပါတယ် ဒါပေမယ့် သူကားမှောက်တဲ့နေ့မှာ ဝတ်လာတဲ့ အင်္ကျီအိတ်ကပ်ထဲကနေ နေရာတစ်ခုကို ချိန်းထားတဲ့ အချိန်ရက်စွဲပါ စာရွက်ပိုင်းလေးတစ်ပိုင်းက တစ်ခုထဲသောလမ်းစဖြစ်နေပါတယ် စာရွက်မှာပါတဲ့ နေရာကို သူ့ဘဝကိုအဖြေရှာဖို့အတွက် သွားတဲ့အခါမှာ အခြေအနေတွေက သူထင်သလောက်မရိုးရှင်းနေခဲ့ပါဘူး သူ့ကိုကားနဲ့လိုက်တိုက်ပြီး လုပ်ကြံခဲ့တဲ့ လူတွေကရောဘယ်သူတွေလဲ သူ့ဘဝအမှန်ကို ပြန်မှတ်မိသွားမှာလားဆိုတာတော့ ကိုယ်တိုင်ပဲ ...
8
TMDb: 8/10 4 votes
tv

The Tourist (2021) (1-6 END)

2022
Vigil (2021) 8.8
Vigil (2021) Vigil (2021)=======================================IMDb Rating - 7.5/10ဒီစီးရီးကို Quality content​တွေပဲ ရိုက်တတ်တဲ့ BBC One ရုပ်သံလိုင်းက​နေထုတ်လွှင့်တာဖြစ်ပြီး အပိုင်း ၆ပိုင်းပဲ ပါဝင်တဲ့Limited Miniseries ဖြစ်ပါတယ်၊ IMDb -7.5 , Rotten Tomatoes - 71%ရရှိထားပြီး Critic review​ကောင်း​တွေ အများကြီးရထားတဲ့ စီးရီးပါ၊ ​British ဝါရင့်မင်းသမီး Suranne Jones နဲ့ GOTထဲမှာ Ygritte အဖြစ် သရုပ်​ဆောင်ထားတဲ့ မင်းသမီး​ချောRose Leslieတို့က ​ခေါင်း​ဆောင်သရုပ်ဆောင်တွေအနေနဲ့ ပါဝင်ထားပါတယ်။HMS Vigilဆိုတာ ဗြိတိန်​ကျွန်းစုရေပိုင်နက်ကို ကင်းလှည့်စစ်ဆင်​ရေး လုပ်​ပေးရတဲ့ ​​​တော်ဝင်​ရေတပ်ထဲက ရေငုပ်သင်္ဘောကြီး​တစ်စင်းပါ၊ တစ်​နေ့မှာ Vigil ကမ်းလှည့်တာဝန်​ ဆောင်ရွက်​နေတဲ့အချိန်အတွင်း စ​ကော့တလန် ငါးဖမ်းစက်​လှေတစ်စီးက ပ​ဟေဠိဆန်စွာ​ရေ​အောက်ကိုဆွဲချနှစ်မြုပ်ခံလိုက်ရပါတယ်၊ မ​ရှေးမ​နှောင်းပဲ သင်္ဘောကြီး​ပေါ်က တပ်ကြပ်အရာရှိ Craig Burkeဟာလည်းHeroinအသုံးလွန်ပြီး ​သေဆုံးသွားပါတယ်၊ဒီ​သေဆုံးမှုကို​ Vigil​ပေါ်အထိသွား​ပြီး ...
8.8
TMDb: 8.8/10 22 votes
tv

Vigil (2021)

2021
Sherlock (Season 1-4) Complete 9.1
Sherlock (Season 1-4) Complete IMDb Rating (9.1/10) / Rotten Tomatoes (78%)BBC One ရုပ်သံလိုင်းကနေ အလွန်ကပ်စီးနည်းစွာ ထုတ်လုပ်ထားတဲ့ ရှားလော့ဟုမ်းဇာတ်လမ်းတွဲပါပဲ...Season တစ်ခုထွက်ဖို့ ၂ နှစ်ကြာသလို ထွက်လာရင်လဲ အပိုင်း(၃)ပိုင်းပဲပါတတ်ပါတယ်...အခုထိတော့ Season(4) ထိထွက်ရှိထားပြီး Special Episode နဲ့ဆို စုစုပေါင်းအပိုင်း (၁၃) ပိုင်းထွက်ရှိထားပြီဖြစ်ပါတယ်။ရှားလော့ဟုမ်းအဖြစ် မင်းသား Benedict Cumberbatch နဲ့ ဒေါက်တာ Watson အဖြစ် မင်းသားကြီး Martin Freeman တို့မှပါဝင်သရုပ်ဆောင်ထားပါတယ်။Benedict Cumberbatch ရဲ့ သရုပ်ဆောင်ချက်တွေက ခေတ်သစ်ရှားလော့ဟုမ်းအဖြစ် သူ့ကိုနာမည်ကြီးစေခဲ့သလို ဒီစီးရီးဟာလဲ ကြည့်ရှုသူတွေ တစ်ခဲနက်အားပေးကြတဲ့ ရှားလော့စီးရီးဖြစ်ခဲ့ပါတယ်။ရှားလော့ဟုမ်းနဲ့ပတ်သက်တာတွေ Sherlock Series နဲ့ပတ်သက်တာတွေကိုတော့ အောက်မှာမြည်းစမ်းလို့ရပါတယ်။+++++++++++++++++++++++++++++++++++++++++Most portrayed literary human character in film and television history. (ရုပ်ရှင်နှင့် ရုပ်သံ သမိုင်းတွင် ...
9.1
TMDb: 9.1/10 3133 votes
tv

Sherlock (Season 1-4) Complete

20102012201420162017
Dracula (2020) 7.9
Dracula (2020) #Unicodeဒီစီးရီးက ၃ ပိုင်းပဲ ရှိပါတယ်။ ထွက်တာ ရက်ပိုင်းကြာနေပေမယ့် အလုပ်ရှုပ်နေတာရော ညဘက်တွေ ဘာသာပြန်ရတာ ကြောက်တာရောနဲ့ ကြာသွားလို့ပါ။ သည်းထိပ်ရင်ဖိုနဲ့ သဘာဝလွန် ရုပ်ရှင်တွေရဲ့ ပရိသတ်တွေအတွက်တော့ စိတ်ကျေနပ်စရာအကောင်းဆုံး ဖြစ်ပါလိမ့်မယ်။ ထရန်ဆဗေးနီးယား နဲ့ နယ်စားကြီး ဒရက်ကူလာဆိုတာ ခေတ်အဆက်ဆက် မရိုးနိုင်အောင် ကြားရတဲ့ အိပ်မက်ဆိုး ပုံပြင်တစ်ခုပါပဲ။ နာမည်ကျော် ဂန္ဓာဝင် ဝတ္ထု နဲ့ ရုပ်ရှင်တွေလည်း ရှိခဲ့ပါတယ်။ ဒီစီးရီးကိုလည်း ပရိသတ်တွေ တသသဖြစ်ကျန်ခဲ့ပါ့ဦးမယ်။ ဒီဇာတ်လမ်းမှာတော့ နှစ်ရာပေါင်းများစွာ အသက်ရှင်ပြီး လူတွေရဲ့ သွေးကိုသောက်သုံးနေခဲ့တဲ့ ဒရက်ကူလာဟာ ထရန်ဆဗေးနီးယားကနေ အင်္ဂလန်ကို ပြောင်းရွှေ့ပြီး သားကောင်တွေ ထပ်ရှာဖို့ စီစဉ်ပါတော့မယ်။ ဒါပေမယ့် သူ့အကြောင်းကို လေ့လာထားပြီး ရဲရင့်တဲ့ သီလရှင် အက်ဂသာဟာ သူ့ကိုတားဆီးဖို့ ကြိုးစားလာတဲ့အခါမှာတော့ …… ဇာတ်လမ်းလေးမှာသာ ဆက်လက်ကြည့်ရှုလိုက်ပါ။ (ဒီဇာတ်လမ်းရဲ့ အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ ...
7.9
TMDb: 7.9/10 30 votes
tv

Dracula (2020)

2020