Menu
Movies
Series
How To Download
Contact Us
Search
Movies
Series
How To Download
Contact Us
Search
Years
Movies
Series
How To Download
Contact Us
BBC Two
8.3
Cunk on Britain (2018)
Cunk on Britain (2018) Complete ~ IMDb rating - 8.3/10 ~ "နယူတန် ကမ္ဘာ့မြေဆွဲအားကို မတီထွင်ခင်တုန်းက လူတွေက လေပေါ်မှာဝဲနေမှာပဲ..." အဲဒီလို ဂေါက်တိဂေါက်တောက်စဉ်းစားမိကြဖူးလား။ အမှောင်ခေတ်ဆိုတာ မီးပြတ်နေတဲ့ခေတ်လို့ တွေးမိကြဖူးလား။ ကပ်ရောဂါက မကောင်းဘူးဆိုရင် ဘာလို့ဖြစ်ကြတာလဲ။ အချင်းချင်းမေးရင်တောင် ဂေါက်နေတာလားလို့ ပြန်မေးခံရမယ့် မေးခွန်းတွေကို ဒီမမကြီးက ဒီလိုမေးခွန်းတွေကို သက်ဆိုင်ရာ ပညာရှင်တွေဆီကို သွားမေးပါတယ်။ သူကတော့ ဖီလိုမီနာကန့်ခ်ပါ။ ဒီတစ်ခါမှာတော့ သူက ဗြိတိန်နိုင်ငံရဲ့ သမိုင်းကြောင်းကို ပေါက်ကရလေးဆယ် တင်ပြသွားမှာပါ။ ဗြိတိန်သမိုင်းကို ခွီရင်းနဲ့ လေ့လာနိုင်ပါလိမ့်မယ်။ ကြည့်နေရင်း မေးခံရတဲ့ ပညာရှင်တွေက ထရိုက်ချင်စိတ်ပေါက်နေတာ၊ ရယ်ချင်စိတ်ပေါက်နေတာကို မနည်းထိန်းနေရတာကို တွေ့ရမှာပါ။ ပြီးတော့ မေးတဲ့မေးခွန်းက ကြောင်တောင်တောင်နိုင်လွန်းလို့ ပညာရှင်တွေ ဖြေရကြပ်သွားတာကို ကြည့်ရတာလည်း ခွီချင်စရာပါပဲ။ ဗြိတိန်သမိုင်းကို အမှန်အကန်လေ့လာနေတဲ့သူတွေအတွက်လည်း ဇဝေဇဝါဖြစ်စရာ မေးခွန်းတွေကို ဘာမှန်းမသိ ဖြစ်သွားအောင်လုပ်ပေးပါလိမ့်မယ်။ ဒါကတော့ ကန့်ခ်ပြောတဲ့ ဗြိတိန်အကြောင်းပါ။ (ဒီစီးရီးအတွက် အညွှန်းရေးသား ဘာသာပြန်ပေးသူကတော့ ...
8.3
TMDb:
8.3/10
58 votes
tv
Cunk on Britain (2018)
2018
7.8
Cunk On Earth (2023)
Netflix နဲ့ BBC တို့ ပူးပေါင်းတင်ဆက်ထားတဲ့ Mockumentary ဇာတ်လမ်းဖြစ်ပါတယ်။ ၂၀၁၈ ခုနှစ်မှာ ထွက်ရှိခဲ့တဲ့ BBC ရဲ့ Cunk on Britain ရဲ့ အောင်မြင်မှုအပြီးမှာ Cunk on earth ဆိုပြီး ကမ္ဘာပေါ်က ဖွံ့ဖြိုးတိုးတက်မှု သမိုင်းကြောင်းတွေကို မှတ်တမ်းရုပ်ရှင်ပုံစံတင်ဆက်ထားတဲ့ ဟာသဇာတ်လမ်းအဖြစ် ထုတ်လုပ်လိုက်တာဖြစ်ပါတယ်။ သတင်းထောက် ဖီလိုမီနာ ကန့်ခ်က ရှေးဦးဂူအောင်းလူသားခေတ်ကစပြီး ဒီနေ့ဆိုရှယ်မီဒီယာခတ်အထိ ကြားထဲမှာဖြစ်ပွားခဲ့တဲ့ အရေးကြီးအဖြစ်အပျက်တွေ ဥပမာ- အလယ်ခေတ်အကြောင်း၊ ခရစ်ယာန်နဲ့ အစ္စလာမ်ဘာသာတို့ ပေါ်ပေါက်လာပုံအကြောင်း၊ တစ်ကျော့ပြန်ခေတ် (the Renaissance)အကြောင်း၊ ပြီးတော့စက်မှုခေတ်ရောက်လာပုံ အစရှိတဲ့ သမိုင်းအဖြစ်အပျက်တွေကို တကယ်ဖြစ်ခဲ့တာတွေနဲ့ ပြက်လုံးတွေပေါင်းပြီး ဟာသနှောတင်ဆက်ထားတာဖြစ်ပါတယ်။ ဒါ့အပြင် အဲဒီအဖြစ်အပျက်တွေနဲ့ဆိုင်တဲ့ သက်ဆိုင်ရာကျွမ်းကျင်ပညာရှင်တွေ၊ ပါမောက္ခတွေကို မေးမြန်းတာတွေ ပါပါတယ်။ အဲဒီအပိုင်းက ပရိတ်သတ်တွေတော်တော်များများ သဘောကျကြတဲ့အပိုင်းဖြစ်ပါတယ်။ သတင်းထောက် Cunk က ...
7.8
TMDb:
7.8/10
22 votes
tv
Cunk On Earth (2023)
2018
8.3
The Last Kingdom – Season(01), (02), (03), (04), (05) – Complete
The Last Kingdom ================ IMDb Rating - 8.5/10 Rotten Tomatoes 91%CMပရိတ်သတ်တွေ ခဏခဏတောင်းဆိုလွန်းလို့ ဒီစီးရီးကို Season(05)ထိ အကုန်တင်ဆက်ပေးသွားပါမည်။Review ---------- ကျုပ်ဟာ အင်္ဂလန်ရဲ့ အော်လ်ဒေါ်မန်တစ်ယောက်အဖြစ် မွေးဖွားလာခဲ့တယ်။ ဘီဘန်ဘာ့၊ နော်သမ်ဘရီယန်မြေရဲ့ ဆက်ခံသူ အစစ်ပေါ့။ အသက် ၁၂ နှစ်မှာ ပထမဆုံး တိုက်ပွဲ၀င်ခဲ့တယ်။ အဖေ အသတ်ခံရတာကို ကျုပ်မျက်စိနဲ့ တပ်အပ် မြင်ခဲ့ရတယ်။နောက်တော့ ဘရီဒါဆိုတဲ့ ဆက်ဆွန်သူလေးနဲ့အတူ ကျူးကျော်သူတွေ ခိုးယူ ခေါ်ဆောင်ခြင်းကို ခံခဲ့ရတာပေါ့။ ပထမ.. အစေခံ။ နောက်တော့ အာလ် ၀က်ဂ်နာရဲ့ သားဖြစ်လာတယ်။ ကံကြမ္မာကြောင့် ကျုပ်ဟာ ဒိန်းမတ်လူမျိုး ဖြစ်သွားတယ်။ ၀က်ဂ်နာအငယ်လေးက ကျုပ်ရဲ့ ညီဖြစ်လာပြီး ဘရီဒါက ကျုပ်ချစ်သူ ဖြစ်လာတယ်။ နောက်တော့ ကံကြမ္မာရဲ့ သစ္စာဖောက်ခဲ့ခြင်းကိုခံရတယ်ဆိုမလား ၀က်ဂ်နာ့ကို သတ်တာ ကျုပ်ဆိုတဲ့ အလိမ်ဆင်တွေ ပြန့်ကုန်တယ်။ဒီတော့ သူ့ရဲ့ ပိုင်ဆိုင်မှုတွေ ယူပြီး တောင်ပိုင်း ၀က်ဆက်က ဘီအိုကာနဲ့ ဘုရင့်ညီ အဲလ်ဖရက်ဆီ သွားခဲ့တာပေါ့။ ကျူပ်ကို ဒိန်းမတ်တွေက ...
8.3
TMDb:
8.3/10
1144 votes
tv
The Last Kingdom – Season(01), (02), (03), (04), (05) – Complete
2015
8.3
Peaky Blinders Seasons 1-6
အကောင်းဆုံး ရုပ်သံဇာတ်လမ်းတွဲတွေကို ပြောကြမယ်ဆိုရင် Peaky Blinders စီးရီးကိုလည်း ထည့်ပြောရမှာပါပဲ။ ဒီဇာတ်လမ်းကတော့ ဂန်းစတားဇာတ်လမ်းတွဲပါ။ Peaky Blinders ဆိုတဲ့ လူဆိုးအဖွဲ့က အင်္ဂလန်မှာ တကယ်ရှိခဲ့ဖူးပါတယ်။ ခေတ်ကတော့ ပထမကမ္ဘာစစ်အပြီး ကာလပါပဲ။ ဒါပေမယ့် ဒီဇာတ်လမ်းကတော့ စိတ်ကူးယဉ်ဇာတ်လမ်းပါ။ အရင်ဆုံးက Peaky Blinders ဆိုတဲ့ နာမည်အဓိပ္ပါယ်ကနေ စမိတ်ဆက်ရမယ်ထင်ပါတယ်။ Peaky ဆိုတာကတော့ ဒီဇာတ်လမ်းတွဲထဲက ရှဲလ်ဘီ မိသားစုတွေ ဆောင်းကြတဲ့ နံပြားဦးထုပ်၊ လျှာထိုးဦးထုပ်အပျော့လေးတွေကို ခေါ်တာပါ။ Blinders ဆိုတာကတော့ အဲဒီခေတ်အသုံးအနှုန်းမှာ တစ်နေရာရာမှာ တော်တဲ့တတ်တဲ့၊ စမတ်ကျကျ၊ ကြည့်ကောင်းကောင်းသူတွေကို ခေါ်တာမျိုးပါ။ ဒီတော့ နံပြားဦးထုပ်နဲ့ ဆရာကြီးတွေ လို့ ပြောရမှာပေါ့လေ။ Blinders ဆိုတဲ့ နာမည်နဲ့ လိုက်ဖက်သွားတဲ့ ထူးခြားချက်ကလည်း ရှိပါတယ်သေးတယ်။ သူတို့ရဲ့ ဦးထုပ်တွေထဲမှာ ဓားသွားတွေ ထည့်ထားပြီး ရန်ဖြစ်တာနဲ့ မျက်နှာကို ခုတ်ချလိုက်တာမျိုးက ပိကီဘလိုင်ဒါတွေရဲ့ မူပိုင်ကွက်ပါပဲ။ ဒီဇာတ်လမ်းတွဲကို ကြည့်ရင် သူတို့တွေရဲ့ ငွေကြေးအမျိုးအစားနဲ့ တန်ဖိုးလေးတွေကို သိထားရင် ပိုအဆင်ပြေပါတယ်။ အဲဒီခေတ်ကတော့ ဂီနီ၊ ပေါင်၊ သျှီလင်တွေကို သုံးကြပါတယ်။ ဂီနီကတော့ အခုခေတ်မှာ မသုံးတော့တဲ့ ဒင်္ဂါးတွေပါ။ တစ်ဂီနီ ...
8.3
TMDb:
8.3/10
690 votes
tv
Peaky Blinders Seasons 1-6
2013
7.6
Parade’s End(2012)[စ/ဆုံး]
Parade's End(2012)ဇာတ်လမ်းတွဲအညွှန်း************************************IMDb - 7.6စာပေဗဟုသုတပြည့်စုံလှတဲ့ Christopher တစ်ယောက် ပါးနပ်ပွေလီလှတဲ့ Sylvia နဲ့ ဖူးစာစုံဖက်ပြီး လက်ထပ်ဖြစ်ခဲ့ကြပါတယ်...ဒါပေမဲ့ ရိုးရိုးအေးအေး စာကြမ်းပိုးကြီးတစ်ယောက်နဲ့ အိမ်ထောင်ရေးကိစ္စတွေဟာ Sylvia တစ်ယောက်အတွက်တော့ ပျင်းစရာသပ်သပ်ကြီး ဖြစ်နေခဲ့တာပါ...ဒီလိုနဲ့ Sylvia တစ်ယောက် တခြားယောက်ျားလေးတွေနဲ့ ခြေရှုပ်လာခဲ့ပါတယ်...ဒီလိုအချိန်မှာ ကြမ်းတမ်းရက်စက်လွန်းတဲ့ ပထမကမ္ဘာစစ်ကြီးဖြစ်လာခဲ့ပါတယ်..... Christopher တစ်ယောက်စစ်ထဲဝင်ရောက်ပြီး သေနတ်ကိုင်ရင်း ရှေ့တန်းစစ်မြေပြင်ကိုထွက်ခဲ့ရပါတော့တယ်.... အချစ်နဲ့စစ်ပွဲတွေကြား Christopher တစ်ယောက်ဘယ်လိုရှေ့ဆက်မလဲ... အက်ရှင်စစ်ကားဖြစ်သလို အချစ်ရေးအချစ်ရာတွေလည်း ပါဝင်လေတော့ ကြည့်လို့ကောင်းတဲ့စီးရီးတစ်ခုပါ...အပိုင်း(၅)ပိုင်းပဲရှိပါတယ်... မင်းသားကြီး Benedict Cumberbatch လည်းပါဝင်သရုပ်ဆောင်ထားတာဆိုရင်တော့ ဇာတ်ကားကောင်းတစ်ကားမှန်း တော်တော်များများ သိကြမှာပေါ့နော်... စစ် အချစ် အိမ်ထောင်ရေးတွေကို စုံစုံလင်လင်ကြည့်ချင်တယ်ဆိုရင်တော့ ဒီဇာတ်ကားလေးကို ကြည့်ဖြစ်အောင်ကြည့်လိုက်ကြပါဦးလို့..ဇာတ်လမ်းအညွှန်းကို Paing မှရေးသားပေးထားပြီး ဘာသာပြန်သူများကတော့ Paing နှင့် Littleneo တို့ပဲဖြစ်ပါတယ်...(Unicode)IMDb - 7.6စာပဗေဟုသုတပွည့ျစုံလှတဲ့ Christopher တဈယောကျ ပါးနပျပှလေီလှတဲ့ Sylvia နဲ့ ဖူးစာစုံဖကျပွီး လကျထပျဖွဈခဲ့ကွပါတယျ...ဒါပမေဲ့ ရိုးရိုးအေးအေး စာကွမျးပိုးကွီးတဈယောကျနဲ့ အိမျထောငျရေးကိစ်စတှဟော Sylvia တဈယောကျအတှကျတော့ ...
7.6
TMDb:
7.6/10
8951 votes
tv
Parade’s End(2012)[စ/ဆုံး]
2012