Channel Myanmar

CCTV

The Legend of Bruce Lee (2008) 6.5
The Legend of Bruce Lee (2008)  Cultural phenomenal လို့ခေါ်တဲ့ တစ်ခေတ်တစ်ယောက် ထွန်းထွန်းပေါက်ကြသူတွေထဲမှာ ဘရုစ်လီ ဆိုတာ ဒဏ္ဍာရီဆန် ဂန္တဝင်မြောက်တဲ့ သိုင်းပညာရှင် အတွေးအခေါ်ပညာရှင်ကြီးပါ။ သရုပ်ဆောင်တွေ ရုပ်ရှင်ဒါရိုက်တာတွေ ထုတ်လုပ်သူဆိုတာတွေက ကျွဲကူးရေပါလာတဲ့ အောင်မြင်မှုတွေမလို့ အရေးတယူ မပြောတော့ပါဘူး။သိုင်းပညာဆိုတဲ့ ပညာရပ်မှာတော့ တစ်ဖက်ကမ်း ခပ်ရုံမက ထုံးလိုချေ ရေလိုနှောက် အဆင့်ထက်ကျော်တဲ့၊ သိုင်းပညာနဲ့ ဘရုစ်လီ၊ ဘရုစ်လီ နဲ့ သိုင်းပညာဟာ ခွဲခြားလို့မရတော့ဘဲ တစ်သားထည်းဖြစ်သွားတဲ့ အဆင့်ကို ရောက်နေသူကြီးပါ။အတွေးအခေါ်ပိုင်းမှာလည်း ဘရုစ် ပြောခဲ့တဲ့ စကားတွေ အတွေးအခေါ်တွေကို သိုင်းပညာရပ်မှာသာမက အခြားနယ်ပယ်တွေမှာလည်း တခုတ်တရ သုံးစွဲရတဲ့အထိ လေးနက်ပြောင်မြောက်လွန်းလှပါတယ်။ဘုရားသခင်ဟာ အကောင်းဆုံးတွေကို လူတစ်ယောက်တည်းမှာ စုပြုံထည့်မပေးတတ်ဘူးတဲ့။ လီရှောင်လုံ လို့ခေါ်တဲ့ ဘရုစ်လီ ကတော့ ဘုရားသခင် မှားယွင်းဖန်ဆင်းမိတဲ့ အပြီးပြည့်စုံဆုံးသော လူသားတစ်ယောက်ပါပဲ။ လူ့လောကမှာ ကြာကြာမထားရဲဘဲ သူ့သက်တမ်း ၃၂ နှစ်မှာ ပြန်ခေါ်လိုက်ရတာကိုပဲ ကြည့်တော့။လီရှောင်လုံ ...
6.5
TMDb: 6.5/10 26 votes
tv

The Legend of Bruce Lee (2008)

2008
Sunshine by My Side ( 2023 )
Sunshine by My Side ( 2023 ) ဒီတစ်ခေါက် CM ရဲ့ ပရိသတ်တွေအတွက် မင်းသားချောလေး Xiao Zhan ရဲ့ဇာတ်လမ်းအသစ် "Sunshine By My Side" လေးကို ဘာသာပြန်တင်ဆက်ပေးလိုက်ပါတယ်။ ဇာတ်လမ်းအကျဉ်းလေးကတော့-ဘဝကို ကြိုးစားစွာဖြတ်သန်းနေတဲ့ ဒီဇိုင်နာလေး ရှန့်ယန်နဲ့ ကြော်ငြာလောကမှာ နာမည်ကြီးဒါရိုက်တာဖြစ်သူ ကျန်ပင်းတို့နှစ်ယောက် မတော်တဆတွေ့ဆုံမိပြီးနောက်မှာ အချင်းချင်းထွန်းလင်းပေးပြီး အချင်းချင်းကူညီပေးခဲ့ကြတဲ့အကြောင်းဖြစ်ပါတယ်။ရှန့်ယန်ဟာ ကျန်ပင်းရဲ့ထောက်ခံမှုနဲ့ အားပေးမှုကြောင့် အဆက်မပြတ်တိုးတက်လာပြီး လုပ်ငန်းမှာ အောင်မြင်မှုတွေ ရလာခဲ့ပါတယ်။ ကျန်ပင်းကလည်း ရှန့်ယန်ရဲ့ ဂရုစိုက်မှုနဲ့ အဖော်ပြုမှုတွေမှတစ်ဆင့် ဘဝနဲ့ အချစ်အပေါ် ယုံကြည်မှုတွေ ပြန်ရခဲ့တဲ့အကြောင်းလေး ဖြစ်ပါတယ်။မမနဲ့မောင်လေးတို့နှစ်ယောက် အလုပ်နဲ့ ဘဝမှာ ကြုံတွေ့ရတဲ့ အခက်အခဲတွေကို ချစ်ခြင်းမေတ္တာနဲ့ ဘယ်လိုဖြေရှင်းကြမလဲဆိုတာ ဇာတ်လမ်းလေးနဲ့အတူ ကြည့်ရှုခံစားလိုက်ရအောင်နော်။ ခေတ်ကားဒီဇိုင်းနဲ့ မမြင်ရတာကြာပြီဖြစ်တဲ့ အစ်ကိုရှောင်းကျန့်ရဲ့ ဇာတ်ကားကောင်းလေးဖြစ်တဲ့အတွက် ကြည့်ကိုကြည့်သင့်တဲ့ကားလေးတစ်ကားပါပဲနော်။Episode 1 (720p) - Yoteshin / Usersdrive / MegaUp / StreamVidEpisode 1 (1080p) - Yoteshin / Usersdrive / MegaUp / StreamVid Episode 2 (720p) ...

Sunshine by My Side ( 2023 )

2023
Prosecution Elite ( 2023 ) 5.5
Prosecution Elite ( 2023 ) ဒီတစ်ခေါက် CM ပရိတ်သတ်ကြီးအတွက်တင်ဆက်ပေးမဲ့ ကားလေးကတော့ကျော်ကြားသော ဥပဒေကျောင်းမှ ကျောင်းသူ ရှေ့နေမလေး အန်းနီရဲ့ ဇာတ်လမ်းကိုသည်းထိတ်ရင်ဖို စိတ်ဝင်စားဖွယ်ရိုက်ပြထားတဲ့ ရှေ့နေစုံထောက်ကားလေးပဲဖြစ်ပါတယ်ဒီဇာတ်ကားရဲ့အကြောင်းအရာကတော့ အောင်မြင်ကျော်ကြားတဲ့ ရှေ့နေမလေး အန်းနီဟာကျန်းချိန်စုံစမ်းစစ်ဆေးရေးရှေ့နေဌာနသို ဝင်ရောက်ခဲ့ပြီးတဲ့နောက် ခက်ခဲနက်နဲသောရာဇဝတ်မှုများစွာကို ရင်ဆိုင်ခဲ့ရပြီး မှုခင်းရဲတပ်ဖွဲမှူး ဟယ်လုယွမ်နှင့် ပူးပေါင်းကာအမျိုးမျိုးသောတရားစွဲဆိုမှုလုပ်ငန်းများကို ပြောင်မြောက်စွာ တာဝန်ယူဆောင်ရွက်နိုင်ခဲ့ပါတယ်။အန်းနီဟာ စုံစမ်းစစ်ဆေးရေးရှေ့နေဌာနတွင် တာဝန်ထမ်းဆောင်နေချိန်မှာပဲလျှိဝှက်ဆန်းကြယ်သော စတုတ္ထအစိုးရရှေ့နေဌာနသို တာဝန်ပေးအပ်ခံရပြီးခက်ခဲသော ဆိုက်ဘာရာဇ၀တ်မှုအသစ်များစွာကို ရင်ဆိုင်ခဲ့ရပြန်တယ်။သူမနှင့် သူမရဲ့ လုပ်ဖော်ကိုင်ဖက်တွေဟာ ပြစ်မှုဆိုင်ရာ သဲလွန်စများကို ဖော်ထုတ်ခဲ့ကြပြီးမှုခင်းရဲမှူး ဟယ်လုယွမ်ရဲ့ ပူးပေါင်းဆောင်ရွက်မှုဖြင့် နယ်စပ်ဖြတ်ကျော် အမှန်တရားကိုခြေရာခံရှာဖွေခဲ့ကြရာမှ နောက်ဆုံးမှာ ရှာဖွေဖော်ထုတ်နိုင်ခဲ့ကြပါတယ်။သံသယရှိသူ၊ တရားခံတွေကို တစ်ဦးပြီးတစ်ဦး ဘယ်လိုဖမ်းဆီး တရားစီရင်သွားမလဲဆိုတာကိုတော့CM ပရိတ်သတ်ကြီးအနေနဲ့ ဇာတ်လမ်းလေးထဲ စိတ်ဝင်စားဖွယ် ဆက်လက်ကြည့်ရှုရမှာပဲဖြစ်ပါတယ်ဒီဇာတ်လမ်းလေးထဲမှာ အန်းနီအဖြစ် နာမည်ကြီးမင်းသမီး Dilireba နဲ့မှုခင်းရဲမှူးဟယ်လုယွမ်အဖြစ် Tong Da Wei တိုမှပါဝင်သရုပ်ဆောင်ထားပါတယ်။(အညွှန်းရေးသားထားသူကတော့ Myat Thandar Minn ဖြစ်ပါတယ်)Quality : ...
5.5
TMDb: 5.5/10 2 votes
tv

Prosecution Elite ( 2023 )

2023
Justice Bao ( 2010 )
Justice Bao ( 2010 ) အခုတစ်ခါ CM ကနေတင်ဆက်မှာကတော့ Justice Bao ( 2010 ) ပဲဖြစ်ပါတယ် ပေါင်ချိန်ဆိုတာ မသိတဲ့လူမရှိသလောက်ပါပဲ ဒါကြောင့်မို့ အများကြီး အထွေးအထူးတော့ညွန်းနေစရာမလိုတော့ပါဘူးအခု ဒီ Version မှာဆိုရင်တော့ ပေါင်ချိန် ဘယ်လိုစတင်ပြီးမွေးဖွားလာတယ် ပေါင်ချိန်ရဲ့ မူရင်းဘဝ အပြင် အောက်ခြေကနေ တဖြည်းဖြည်းတက်လာပြီး ပြည်သူချစ်တဲ့အမတ်တစ်ယောက်အဖြစ်ရော ဘုရင်မင်းမြတ်အားကိုးရတဲ့ အမတ်တစ်ယောက်ဖြစ်လာပုံတွေ ကိုမြင်တွေ့ရမှာပဲဖြစ်ပါတယ်ဒါ့အပြင် ပေါင်ချိန်ရဲ့လက်ရုံးတွေဖြစ်ကြတဲ့ ကုန်းစွန်းချဲ့ .. တောင်ပိုင်းသူရဲကောင်းကျန်ကျောင်း ၊ ဝမ်ချောင် မာဟန့် ကျန်းလုံ ကျောက်ဟူ အစရှိတဲ့ ရဲမက်တွေနဲ့စတင်တွေ့ဆုံတဲ့ Origin လည်းပါတာဖြစ်တဲ့အတွက်ကြောင့် ကြည့်ရမယ့်သူတွေလည်း စိတ်ကျေနပ်မှုရရှိမှာပဲဖြစ်ပါတယ်အမှုတွဲတွေကလည်း တတွဲနဲ့တတွဲစိတ်ဝင်စားစရာကောင်းပြီး ပေါင်အမတ်ကြီးနဲ့အတူ သူ့ရဲ့ရဲမက် တွေဘယ်လိုဖြေရှင်းကြမလဲဆိုတာကို CM ကနေ ဆက်လက်စောင့်ကြည့်လိုက်ရအောင်နော်( 2 ရက် တပိုင်း နှုန်းနဲ့ အဆုံးထိ တင်ဆက်ပေးသွားပါမယ် )  Quality : HDTV 720p Format : mp4 Language: Mandarin Release Date: 11 August 2010 Runtime: 45 minutes per ...

Justice Bao ( 2010 )

2009
Laughing in the Wind (2001)
Laughing in the Wind (2001)     သိုင်းလောက စိန်ခေါ်သံ ဇာတ်လမ်းတွဲ =================================== ယိ........ယား................ဆိုတဲ့အသံလေးကို ငယ်ငယ်တုန်းက ကြားဖူးခဲ့ကြမှာပါ...မှန်ပါတယ်..အခုပြန်လည်တင်ဆက်မှာက.... လင့်ဟူချုန်း..နတ်ကလျာ...တုန်ဖုန်းပုပိုက် စတဲ့ ကလေးဘဝက ဇာတ်ကောင်တွေနဲ့ ပြန်လည်တွေ့ဆုံရမယ့် သိုင်းလောကစိန်ခေါ်သံ ဇာတ်လမ်းတွဲပါ။ စာရေးဆရာ ကျင်းယုံရဲ့ သိုင်းလောက Universe ထဲက လက်ရာအမြောက်ဆုံးဇာတ်လမ်းတွဲပါ။ သိုင်းလောကထဲက ကြီးကြီးငယ်ငယ် ရွယ်ရွယ်လတ်လတ် ပုရိသအပေါင်းတို့ လေးစားအားကျ မြတ်နိုးခဲ့တဲ့သူရဲကောင်းတစ်ယောက် ရှိခဲ့ပါတယ်။ သူကတော့ အမှန်တရားကိုမြတ်နိုးတတ်တဲ့ ရိုးသားဖြောင့်မတ်တဲ့ ကောက်ကျစ်ရန်လိုမှုကင်းတဲ့ ကျေးဇူးတရားကိုအသက်ထက် စောင့်သိတတ်တဲ့ သူရဲကောင်းလင့်ဟူးချုန်းပဲဖြစ်ပါတယ်။ ဒီသိုင်းစာအုပ်ကို ဖတ်ဖူးတဲ့ ဇာတ်လမ်းကို ကြည့်ဖူးတဲ့သိုင်းလောကသားတိုင်းလည်း သူ့ရဲ့ ကိုယ်ကျင့်စရိုက်ကို အားမကျဖူးတဲ့သူမရှိသလောက်ပါပဲ(ရှက်ကီလည်း သိပ်ကြိုက်တတ်သူပါ) သူ့အတွက် ပါရမီဖြည့်ဖက်အနေနဲ့ကတော့ နတ်မိမယ်တစ်မျှချောမောလှပလွန်းတဲ့ အချစ်ကြီးသလို အရှက်ရော အမျက်ပါကြီးတတ်တဲ့ သိုင်းပျိုဖြူလေး ယဉ်ယဉ်က ပါဝင်အားဖြည့်ထားပြန်တော့ အချိုပေါ်သကာလောင်းလိုက်သလိုပါပဲ သိုင်းလောကရဲ့ ဒဏ္ဍာရီဓါးသိုင်းတစ်ခုဖြစ်တဲ့ တူးကူးဓါးကိုးကွက်ရဲ့(ဧကရာဇ်ကိုးကွက်)နက်ရှိုင်းမြင့်မားပုံကိုလည်း ကြည့်ရှုခံစားနိုင်မှာပါ။ သိုင်းလောကသားတို့ရဲ့ အတောမသတ်နိုင်တဲ့ရမ္မက်ဆန္ဒတွေ သူတော်ကောင်း လမ်းမှန်လို့ ခံယူထားသူတစ်ချို့ရဲ့ ကန့်လန့်ကာနောက်ကွယ်က ယုတ်မာ ရိုင်းစိုင်းမှုတွေ အဖြူနဲ့အမဲ အမှားနဲ့ အမှန်ကြားက ဖြူစင်စွာနှောင်ဖွဲ့မိခဲ့တဲ့ သံယောဇဉ်အပိုင်းအစတွေ ငါးစာရဲ့နောက်ကွယ်ကနေ ပါလာတတ်တဲ့ အသွားထက်ထက်နဲ့ ငါးမျှားချိတ်တွေ အချစ်အလွမ်း အမုန်းအာဃာဒ နူးညံ့တဲ့ ဂီတ သံယောဇဉ်စတဲ့ ရသအမျိုးမျိုးနဲ့ ခြယ်မှုန်းထားခဲ့တဲ့ သိုင်းလောကရဲ့စိန်ခေါ်သံဆိုတဲ့ ...


2001
Journey To The West ( 2000 ) ( Completed ) Zawgyi*******စွန်းဝူခုန်းဆိုတာ ငယ်ငယ်ကတည်းက ကျွန်တော်တို့ရင်းနှီးပြီးသာအမည်နာမတစ်ခုပါ..ဘုန်းကြီးတစ်ပါးရယ်..မျောက်တစ်ကောင်ရယ်ဝက်တကောင်ရယ်..ရေသရဲရယ်..နဂါး ( မြင်း ) တစ်ကောင်ရယ်အနောက်အရပ်ကိုခရီးနှင်ပြီးတော့ ကျမ်းစာပင့်တဲ့အကြောင်းပေါ့ဇာတ်လမ်းကဘယ်လိုဖြစ်လဲဆိုတာအားလုံးသိပြီးသားဖြစ်မှာပါမသိကြတဲ့အရာကတော့ ဒီခရီးပြီးဆုံးလို့ ကျမ်းစာပင့် ပြီးတဲ့အချိန်မှာဘာတွေဆက်ဖြစ်ကြတယ်ဆိုတာပါပဲ..၀ူခုန်းတို့ကျမ်းစာပင့်ပီး နောက်ပိုင်းမှာမြတ်စွာဘုရားနဲ့ဘုရားအပေါင်းတို့သီတင်းသုံးရာ တန်ခိုးတောင်မှာဝူထျန်းလို့ခေါ်တဲ့ ဘုရားပြိုင်ဘက်မိစ္ဆာက ကြီးစိုးဖို့ကြိုးစားလာတဲ့အခါဘုရားဟာ လူ့ပြည်ကိုပြန်လည်ဝင်စားသွားပါတော့တယ်ဘုရားပြန်လည်ဖြစ်တည်လာဖို့အတွက်စွန်းဝူခုန်းတစ်ယောက်ဓါတ်လုံးတွေစုရင်းဘယ်လိုတွေ ဆက်ဖြစ်ကြမယ်ဆိုတာ ခံစားကြည့်ရှုပါကျမ်းစာပင့်တဲ့အကြောင်းကို နှစ်ပေါင်းများစွာ ခေတ်အလိုက်ဗားရှင်းအမျိုးမျိုးနဲ့ပြန်လည်ရိုက်ကူးကြပေမယ့် အခုတင်ဆက်ပေးလိုက်တဲ့ဇာတ်လမ်းတွဲလေးကတော့ 2000 ခုနှစ် Version တမျိုးတည်းသာရှိပါတယ်ဒီဇာတ်လမ်းတွဲဟာအပိုင်းပေါင်း ၃၀ ထွက်ရှိခဲ့ပါတယ်ကျွန်တော်တို့ CM ကနေ ရုပ်သံအကြည်လင်ဆုံးရနိုင်တဲ့ဗားရှင်း 720pနဲ့ မှန်ကန်တဲ့မြန်မာစာတန်းထိုးနဲ့အတူတင်ဆက်ပေးလိုက်ရပါတယ်ဆက်လက်ခံစားကြည့်ရှုပါ..တရက်2 ပိုင်းဆီတင်ဆက်သွားမှာပဲဖြစ်ပါတယ် Unicode*******စွန်းဝူခုန်းဆိုတာ ငယ်ငယ်ကတည်းက ကျွန်တော်တို့ရင်းနှီးပြီးသာအမည်နာမတစ်ခုပါ..ဘုန်းကြီးတစ်ပါးရယ်..မျောက်တစ်ကောင်ရယ်ဝက်တကောင်ရယ်..ရေသရဲရယ်..နဂါး ( မြင်း ) တစ်ကောင်ရယ်အနောက်အရပ်ကိုခရီးနှင်ပြီးတော့ ကျမ်းစာပင့်တဲ့အကြောင်းပေါ့ဇာတ်လမ်းကဘယ်လိုဖြစ်လဲဆိုတာအားလုံးသိပြီးသားဖြစ်မှာပါမသိကြတဲ့အရာကတော့ ဒီခရီးပြီးဆုံးလို့ ကျမ်းစာပင့် ပြီးတဲ့အချိန်မှာဘာတွေဆက်ဖြစ်ကြတယ်ဆိုတာပါပဲ..ဝူခုန်းတို့ကျမ်းစာပင့်ပီး နောက်ပိုင်းမှာမြတ်စွာဘုရားနဲ့ဘုရားအပေါင်းတို့သီတင်းသုံးရာ တန်ခိုးတောင်မှာဝူထျန်းလို့ခေါ်တဲ့ ဘုရားပြိုင်ဘက်မိစ္ဆာက ကြီးစိုးဖို့ကြိုးစားလာတဲ့အခါဘုရားဟာ လူ့ပြည်ကိုပြန်လည်ဝင်စားသွားပါတော့တယ်ဘုရားပြန်လည်ဖြစ်တည်လာဖို့အတွက်စွန်းဝူခုန်းတစ်ယောက်ဓါတ်လုံးတွေစုရင်းဘယ်လိုတွေ ဆက်ဖြစ်ကြမယ်ဆိုတာ ခံစားကြည့်ရှုပါကျမ်းစာပင့်တဲ့အကြောင်းကို နှစ်ပေါင်းများစွာ ခေတ်အလိုက်ဗားရှင်းအမျိုးမျိုးနဲ့ပြန်လည်ရိုက်ကူးကြပေမယ့် အခုတင်ဆက်ပေးလိုက်တဲ့ဇာတ်လမ်းတွဲလေးကတော့ 2000 ခုနှစ် Version တမျိုးတည်းသာရှိပါတယ်ဒီဇာတ်လမ်းတွဲဟာအပိုင်းပေါင်း ၃၀ ထွက်ရှိခဲ့ပါတယ်ကျွန်တော်တို့ CM ...

Journey To The West ( 2000 ) ( Completed )

2000
Demi-Gods and Semi-Devils (completed)
Demi-Gods and Semi-Devils (completed)  " တိမ်လွှာနဂါးသူရဲကောင်းများ " ဟိုး...လွန်​​လေပြီးခဲ့​သော ၁၉၅၀-၁၉၆၀ ခုနှစ်​ဝန်းကျင်​​တွေမှာ သိုင်း​လောကသား​တွေရဲ့နှလုံးသားကို ဖမ်းစားလှုပ်​ကိုင်​နိုင်​ခဲ့တဲ့ :: သိုင်းဇာတ်​လမ်း​ပေါင်းများစွာ ​အပြိုင်းအရိုင်း​ပေါ်ထွက်​လာခဲ့ပါတယ်​ ရိုးရိုးဝတ္ထုတစ်​အုပ်​စာ ရုပ်​ရှင်​အ​နေနဲ့ တစ်​နာရီခွဲဝန်းကျင်​စာ သိုင်း ဇာတ်​လမ်း​တွေမှ ဝတ္ထုစာအုပ်​ ​၅ အုပ်​တွဲ ၁၀ အုပ်​တွဲမှ ၁၆-၁၇ အုပ်​တွဲ ​လောက်​အထိ အခန်းဆက်​​​ပေါင်းများစွာ ဇာတ်​​ဆောင်​​ပေါင်းများစွာ ပါဝင်​သရုပ်​​ဖော်​ထားကြတဲ့ သိုင်းဇာတ်​လမ်းများလည်း အပြိုင်​​ပေါ်ထွက်​လာခဲ့ပါတယ်​ ၄င်းသိုင်းဇာတ်​လမ်း များထဲမှ ကျ​နော်​တို့သတိပြုမိ နှစ်​သက်​မိခဲ့တဲ့ သိုင်းဝတ္ထုဇာတ်​လမ်းများကို လက်​ရာ​ကောင်းမွန်​​သေသပ်​စွာသီကုန်းနိုင်​ခဲ့တဲ့ စာ​ရေးဆရာကြီးကျင်းယုံရဲ့ လက်​ရာမွန်​များဖြစ်​​သော သိန်းငှက်​သူရဲ​ကောင်း အတွဲ(၂) နဲ့ သိုင်း​လောကရဲ့စိန်​​ခေါ်သံ တို့ကို channelmyanmar မှ သိုင်းချစ်​သူများအတွက်​ တင်​ဆက်​ပေးခဲ့ပြီးပါပြီ ယခုတစ်​ဖန်​ ပြန်​လည်​တင်​ဆက်​​ပေးချင်​တဲ့ သိုင်းဇာတ်​လမ်းတွဲတစ်​ခုက​တော့ ဆရာကြီးကျင်းယုံရဲ့လက်​ရာမွန်​တစ်​ခုဖြစ်​တဲ့ Dami-gods and semi-devils ပဲဖြစ်​ပါတယ်​ ကျ​​နော်​တို့ မြန်​မာပြည်​က သိုင်း​လောကသား​တွေက​တော့ စာအုပ်​အဖြစ်​ `လွမ်း​ငွေ့​ဝေဖြာ သိုင်းကမ္ဘာ´ လို့သိထားခဲ့ပြီး ဇာတ်​လမ်းအ​နေနဲ့လည်း `တိမ်​လွှာနဂါး သူရဲ​ကောင်းများ´အဖြစ်​သိရှိထားခဲ့ပြီးသားပါ သို့​ပေမယ့်​ ​ခေတ်​​ဟောင်းက သိုင်းဇာတ်​လမ်း​တွေကိုမှ ရင်​ခုန်​စိတ်​ ဝင်​စားတတ်​ကြတဲ့ သူ​တွေအတွက်​​ရော ခု​ခေတ်​ညီ/ညီမငယ်​တို့အတွက်​ပါ အပြင်​မှာ လုံးဝမရှိ​သလာက်​ရှားသွားပြီဖြစ်​တဲ့ ကြည်​​တောက်​ရှင်း ဗားရှင်းနဲ့တင်​ဆက်​​ပေးလိုက်​ပါတယ်​ခင်​ဗျာ:::::::: ဇာတ်​လမ်းကိုနည်းနည်း​လောက်​ညွှန်းစာပြရရင်​​တော့ တရုပ်​ပြည်​မကြီးထဲကို သီချင်း​လေးတစ်​​အေး​အေးနဲ့ အလည်​လာခဲ့တဲ့ ​ခေတန်​လူမျိုးမိသားစု​လေးတစ်​စုဟာ လမ်းခရီးမှာ ကြမ္မာငင်​စွာပဲ လူတစ်​စုရဲ့ရက်​စက်​စွာလုပ်​ကြံသတ်​ဖြတ်​ခြင်းခံခဲ့ရပါတယ်​ ::: ​နောက်​ သိုင်းပညာမသင်​ချင်​တဲ့အတွက်​ တလိပြည်​ကထွက်​​ပြေးလာခဲ့တဲ့ မင်းသား​လေးသွမ့်​လန်​::: ...


2003
The Return of the Condor Heroes (2006) 6.2
The Return of the Condor Heroes (2006)  သိမ်းငှက်သူရဲ ကောင်းဇာတ်လမ်းတွဲ=======================သိုင်းဇာတ်လမ်းတွဲတွေကို တီဗွီအစီအစဉ်တစ်ခုအနေနဲ့ မပြသခင်အချိန် သိုင်းဇာတ်လမ်းတွဲများကို ဘာသာပြန် စာရေးဆရာကြီးများ စတင်ဘာသာပြန် ထုပ်ဝေခဲ့တဲ့ အချိန်ကစလို့ယနေ့ ကွန်ပျူတာ အင်တာနက်ခေတ်တိုင်အောင် သိုင်းဝတ္တူကို ချစ်မြတ်နိုးသူ သိုင်းဇာတ်လမ်းတွဲများအား နှစ်သက်သူ သိုင်းလောကသားတွေကြားမှာ နာမည်တစ်လုံးနဲ့ ယနေ့တိုင်ရပ်တည်ခဲ့တဲ့ ဇာတ်လမ်းတွဲကြီးတစ်ခုရှိခဲ့ပါတယ်။ဇာတ်လမ်းတွဲကြီးလို့ ပြောရခြင်းကတော့ သူ့မှာ ခေတ်သုံးခေတ် အပိုင်းသုံးပိုင်းပါဝင်ပြီး အချို့ fan theory များအရ ခေတ်လေးခေတ် အတွဲလေးတွဲတောင် ဖြစ်နိုင်ပါသေးသတဲ့ဗျာ fan theory အချို့ကိုပြောရရင် ပထမဆုံးဇာတ်လမ်းက လွမ်းငွေ့ဝေဖြာသိုင်းကမ္ဘာ (တိမ်လွှာနဂါး သူရဲကောင်းများလို့လည်း သိကြမှာပါ)…သူ့ရဲ့ ဇာတ်လမ်းအခင်းအကျင်းအရ သူတောင်းစားဂိုဏ်းချုပ်ချောင်ဖုန်းသုံးခဲ့တဲ့ နဂါးနိုင်လက်ဝါးသိုင်းကို နောက်ဆုံးသူချောက်နက်ထဲခုန်ချသွားပြီးနောက် တစ်နည်းတစ်ဖုံ မသေပဲ ဟုန်ချစ်ကုန်းကို လက်ဆင့်ကမ်းသင်ကြားပေးခဲ့ပါသတဲ့ နောက်တစ်ချက်က တလိ့ပြည်မှ အရိပ်မဲ့ဓါးပညာများ လက်ညိုးဓါးပညာများဟာလည်း နောက်ပိုင်းဇာတ်လမ်းတွဲများမှာ ပြန်လည်ပါဝင်လာခဲ့ပါသေးတယ်။ဒုတိယ ဇာတ်လမ်းတွဲ အနေနဲ့( အခိုင်အမာပြောနိုင်တာကတော့ ဒီဇာတ်လမ်းက ကနဦး ပေါ့ဗျာ)သိန်းငှက်သူရဲကောင်း(၁)ကော်ကျင့်နဲ့ ဟွမ်းယုံ တို့ခေတ်ကို ရောက်ရှိလာပါပြီ တရုပ်ပြည်မကြီးကို ကျင်းလူမျိုးတွေက ဝင်ရောက်ကျူးကျော်နေချိန်မှာ မြေပြန်သိုင်းလောကသားများမှ ကျင်းလူမျိုးများကို မွန်ဂိုတို့နဲ့ ပူးပေါင်းလို့ တစ်တပ်တစ်အား တိုက်ထုပ်နေတဲ့အချိန်ကို အချစ် အလွမ်း သူရဲကောင်းတို့နှလုံးသား အာဏာ ရမက် စတာတွေနဲ့ တန်ဆာဆင်လို့ စာဖတ်ရတဲ့သူရော ...
6.2
TMDb: 6.2/10 14 votes
tv

The Return of the Condor Heroes (2006)

2006