Channel Myanmar

CTV

The Spencer Sisters (2023) 6.2
The Spencer Sisters (2023) CM ပရိသတ်ကြီးတို့ကို အမှုလိုက်တဲ့ ဇာတ်ကားမျိုးကိုမှ ပေါ့ပေါ့ပါးပါး ကြည့်လို့ရမယ့် series တစ်ခုနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ ဇာတ်ကားနာမည်ကတော့ The Spencer Sisters လို့ခေါ်ပြီးတော့ ၂၀၂၃ နှစ်အစပိုင်းကမှ ထုတ်လွှင့်ခဲ့တာပါ။ ဒီဇာတ်ကားက female lead ဇာတ်ကားမျိုးဖြစ်ပြီး ဖော်ထုတ်တဲ့ အမှုတွေကလည်း ပေါ့ပေါ့ပါးပါးပဲမလို့ လူတိုင်းအကြိုက်တွေ့မယ့် ကားကောင်းလေးတစ်ကားပါ။ဇာတ်လမ်းအကျဉ်းကို ပြောပြရရင်တော့ ဒါဘီစပန်ဆာဆိုတဲ့ ကောင်မလေးက မြို့ကြီးပြကြီးမှာ ရဲအရာရှိအဖြစ် တာဝန်ထမ်းဆောင်နေသူပါ။ သူဟာ လုယက်မှုတစ်ခုရဲ့ တရားခံကို လိုက်ဖမ်းတဲ့အချိန် တာဝန်ရှိ စုံထောက်စကားကို နားမထောင်ဘဲ သူ့နည်းသူဟန်နဲ့ တရားခံကို ဖမ်းဖို့ကြိုးစားခဲ့တာကြောင့် စုံထောက်နဲ့ စကားအချေအတင်များပြီး အလုပ်ထွက်ခဲ့ရတယ်။ အလုပ်ထွက်ပြီး အိမ်ပြန်တဲ့အခါမှာလည်း ချစ်သူက ဖောက်ပြန်နေတာကို လက်ပူးလက်ကြပ်မိခဲ့ပြန်တယ်။ဒီလိုနဲ့ပဲ ဒါဘီဟာ အိမ်ပေါ်ကဆင်းလာရင်း ဘယ်မှသွားစရာမရှိတာမလို့ အယ်ဒါဘလက်ဖ်မှာရှိတဲ့ သူ့အမေအိမ်ကို ပြန်လာခဲ့ရတော့တယ်။ဒါဘီနဲ့ သူ့အမေက တကျက်ကျက် စကားများ ရန်ဖြစ်တတ်သူတွေပါ။ ...
6.2
TMDb: 6.2/10 5 votes
tv

The Spencer Sisters (2023)

2023
Ride (2023) 9.333
Ride (2023) Ride (2023) ========= ဇာတ်လမ်းတွဲကောင်းတွေထွက်တဲ့ amazon prime ရဲ့ နွားရိုင်းစီးနင်းတဲ့ အားကစားကို အခြေခံထားတဲ့ Sports, Drama ဇာတ်လမ်းတွဲလေးဖြစ်ပါတယ် မက်မယ်ရီမိသားစုဟာ ကန်ညွန်တောင်တန်းတွေမှာ နေထိုင်ရင်း မွေးမြူရေးခြံနဲ့ နွားရိုင်းစီးနင်းမှုကိုလုပ်ကိုင်တဲ့ မိသားစုပါ သူတို့နယ်မြေမှာတော့ အကောင်းဆုံး နွားရိုင်းစီးနင်းသူ ချန်ပီယံတွေကိုမွေးထုတ်ပေးတဲ့ မိသားစုအဖြစ် ကျော်ကြားပါတယ် ဖခင်ဖြစ်သူ ဒက်စတီခေတ်က စလို့ သားဖြစ်သူ အော်စတက် မက်မယ်ရီအထိ နွားရိုင်းစီးနင်းပြိုင်ပွဲတွေမှာဗိုလ်စွဲခဲ့တာကြောင့် မြို့ဂုဏ်ဆောင်နေတဲံ့ မိသားစုလည်းဖြစ်ပါတယ် အောစတင်..ကတ်ရှ်...တက်ဖ် ဆိုတဲ့ ညီအစ်ကိုသုံးယောက်ရှိတဲ့အထဲ အော်စတင်ကတော့ မိသားစုဂုဏ်ဆောင်သားကြီးဖြစ်ပြီး အလေးပေးအခံရဆုံးပါ တစ်နေ့မှာ အော်စတင်အတွက် သမိုင်းဝင်စေမယ့် ဟာရီကိန်းနွားရိုင်းကြီးကို တစ်မြို့လုံးရှေ့မှာ ၈ စက္က့န်အကြာထိ တောင့်ခံစီးပြရင်းနဲ့ မတော်တဆဖြစ်ကာ နွားတက်နင်းပြီး သေဆုံးသွားပါတယ်... သူတို့မိသားစု ဂုဏ်သိက္ခာလည်း တဖြည်းဖြည်း ကျဆင်းလာပြီး ခြံကိုပါ ဆုံးရှုံးရမလိုဖြစ်နေပါပြီမရိန်းတပ်မှာတာဝန်ထမ်းဆောင်ပြီး အိမ်ပြန်လာတဲ့ သားအလတ် ကတ်ရှ်က သူ့အစ်ကိုကြီး အော်စတင်ရဲ့ တာဝန်ကိုယူပြီး ကျန်ခဲ့တဲ့မိသားစုဝင်ကို စောင့်ရှောက်ဖို့တာဝန်ကျလာပါတယ် သူ့အစ်ကိုနဲ့ အဖေ့ခြေရာနင်းဖို့ နွားရိုင်းစီးနင်းသူအဖြစ် လေ့ကျင့်ရင်း ကန်ညွန်ချန်ပီယံဖြစ်အောင် ပြန်ကြိုးစားပါတော့တယ်... အပိုင်း ၁၀ ပိုင်းပါဝင်ပြီး စောင့်ကြည့်သင့်တဲ့ ...
9.333
TMDb: 9.333/10 3 votes
tv

Ride (2023)

2023
Sullivan’s Crossing (2023) 6.9
Sullivan’s Crossing (2023) Sullivan's Crossing (2023) =================== IMDb Rating - 6.9/10New York Times သတင်းစာမှာ ဖော်ပြခဲ့ပြီး best seller စာရင်း ဝင်ခဲ့တဲ့ စာရေးဆရာမ Robyn Carr ရဲ့ဝတ္ထုငါးပုဒ်ကို အခြေခံပြီး ရိုက်ကူးထားတဲ့ စီးရီးကောင်းတစ်ခုကို တင်ဆက်ပေးချင်ပါတယ်။ ရုပ်ရှင်အနေနဲ့ ပြန်လည်အသက်မသွင်းခင်မှာလည်း Audio book တွေ ထွက်ရှိခဲ့ပြီး ပရိတ်သတ်အားပေးမှု များစွာရရှိထားတဲ့ ဇာတ် လမ်းကောင်းတစ်ပုဒ်ပဲဖြစ်ပါတယ်။မက်ဂီဆူလီဗန်ဆိုတဲ့ အမျိုးသမီးတစ်ဦးက ဘော်စတွန်ဆေးပညာ အသိုင်းအဝိုင်းရဲ့ အအောင်မြင်ဆုံး ဦးနှောက်နဲ့အာရုံကြောဆိုင်ရာ ခွဲစိတ်ဆရာဝန်တစ်ဦးပါ။ သူမရဲ့ အောင်မြင်မှုအထွဋ်အထိပ်ကို ရောက်နေချိန်မှာပဲ ရုတ်တရက် ဖမ်းဆီးခံလိုက်ရပြီးတဲ့နောက် ဇာတိမြို့လေးကို ပြန်ရောက်လာခဲ့တယ်။ဖခင်ရှိရာမြို့လေးမှာနေနေရင်း ကံဆိုးမသွားရာ မိုးလိုက်လို့ရွာ ဆိုသလို အရင်က သူကုသပေးခဲ့တဲ့ လူနာတစ်ယောက်က ရုတ် တရက်ဆုံးပါးသွားပြီး လိုင်စင်ပိတ်သိမ်းပေးဖို့ တရားစွဲဆိုခံရတဲ့ ထိ ဖြစ်လာခဲ့ပါတယ်။ သူ့အနေနဲ့ လိုင်စင်မပိတ်သိမ်းခံရဖို့ တစ်ခု တည်းသော နည်းလမ်းက အဲဒီမြို့လေးမှာပဲ မထင်မရှားဘဝနဲ့ နေသွားရမယ် ဆိုတဲ့ အခြေအနေတစ်ခု ဖြစ်လာတဲ့အခါ...... သူ့ရဲ့အောင်မြင်တဲ့ဘဝဆီ ပြန်သွားပြီး အဖြစ်မှန်တွေနဲ့ ရင်ဆိုင် မလား၊ ငယ်ဘဝရဲ့ ဒဏ်ရာတွေကို ကုစားဖို့ ...
6.9
TMDb: 6.9/10 1504 votes
tv

Sullivan’s Crossing (2023)

2023
Someday or One Day (2019) 8.8
Someday or One Day (2019) Someday or One Day (2019)“ရှင် ဘယ်ရောက်နေလဲ? ကျွန်မကိုမေ့သွားပြီလား ? ကျွန်မမွေးနေ့မှာ အမြဲတမ်းရှိနေမယ်ဆို.... ကျွန်မနဲ့ ဘယ်တော့မှမခွဲတော့ဘူးဆို... ပုံပြင်တွေပြောခဲ့တဲ့ ရှင်ရယ်... အခုတော့ ဘယ်ရောက်နေပြီလဲ? ကျွန်မလွမ်းတယ်.. ရှင့်ကို အရမ်းအရမ်းလွမ်းပါတယ်....”ဟွမ်ယွီရွှမ်းဟာ သူအရမ်းချစ်ရတဲ့ချစ်သူ ဝမ်ချွမ်ရှန့်ကို လွန်ခဲ့တဲ့နှစ်နှစ်က ဆုံးရှုံးခဲ့ပြီး စားလည်းဒီစိတ်၊ သွားလည်းဒီစိတ်နဲ့ တစ်နှစ်ကျော်လောက်ကို ပြိုလဲခဲ့ရပါတယ်။ အခုမှစိတ်သစ်လူသစ်နဲ့ အလုပ်ပြန်လုပ်နိုင်တာပါ။ အများအမြင်မှာ အဆင်ပြေနေပေမယ့် ချစ်သူကိုသတိရစိတ်က အချိန်ပြည့်စိုးမိုးထားတဲ့ အချစ်ကြီးသူတစ်ယောက်ပေါ့။တစ်နေ့မှာ အကြားအမြင်ဆရာမနဲ့ စကားပြောဖြစ်တော့ ဟွမ်ယွီရွှမ်းကို နံပါတ် ၃၂ နဲ့ပတ်သက်ပြီး အာရုံရတယ်လို့ပြောခဲ့ပါတယ်။ သူရှာဖွေနေတဲ့ အရေးကြီးဆုံးအရာကို နံပါတ် ၃၂ နဲ့ဆက်စပ်ပြီး ရှာတွေ့နိုင်ပါတယ်တဲ့။ သိပ်အလေးမထားခဲ့ပေမယ့် သူကြုံတွေ့ခဲ့ရတဲ့ အဖြစ်အပျက်တွေက နံပါတ် ၃၂ နဲ့တိုက်ဆိုင်နေပါတယ်။အဲ့ဒါအပြင် သူနဲ့တစ်ပုံစံတည်းတူတဲ့ကောင်မလေးက ဝမ်ချွမ်ရှန့်နဲ့တစ်ပုံစံတည်းတူတဲ့ကောင်လေးနဲ့ ၃၂ အခွေဆိုင်ရှေ့မှာ တွဲရိုက်ထားတဲ့ ဓါတ်ပုံကို အင်တာနက်ပေါ်ကနေ ရှာတွေ့ခဲ့ပါတယ်။ အဲ့ဒီဓါတ်ပုံကနေ စတင်လိုက်တဲ့ လျှို့ဝှက်ချက်တွေ၊ ထူးဆန်းတဲ့အဖြစ်အပျက်တွေနဲ့အတူ ဟွမ်ယွီရွှမ်းတစ်ယောက် ဘယ်လိုရှေ့ဆက်သွားမလဲဆိုတာ ဆက်ကြည့်လိုက်ပါတော့နော်...ဒီကားလေးက Parallel Universe နဲ့ Time ...
8.8
TMDb: 8.8/10 25 votes
tv

Someday or One Day (2019)

2019
My Fair Princess (AKA) Pearl Princess ( 1998 ) 8.4
My Fair Princess (AKA) Pearl Princess ( 1998 ) ၁ရက်ကို ၆ ပိုင်းနှုန်းနဲ့တင်ဆက်ပေးသွားပါမယ်တစ်ချိန်က မြဝတီမှာ “ရွှေမင်းသမီး” နာမည်နဲ့ ညကိုးနာရီလာခဲ့တဲ့90s born လေးတွေတော်တော်များများ သိကြမယ့် ဟွမ်ကျူးကော်ကော် (ခေါ်)ရှောင်ယဲ့ဇီလေးကို CM version နဲ့ ပြန်ကြည့်နိုင်ပါပြီဒီကားလေးကိုမှ ဘာလို့ရွေးတင်ဆက်လဲဆိုရင်တော့ ဘယ် version မှအစားမထိုးနိုင် နောက်တစ်ခေါက် ဘယ်တော့မှ ပြန်မရိုက်နိုင်တဲ့ ဟောင်းပေမယ့်တန်းဖိုးမဖြတ်နိုင်တဲ့ IMDb 7.9 နဲ့ ရပ်တည်ခဲ့တဲ့ အဖိုးတန်ဇာတ်ကားကောင်းလေးမလို့ပါအားလုံး သိကြမယ် ထင်ပေမယ့် မေ့နေလောက်မယ့်သူတွေအတွက်နဲ့မသိလောက်သေးတဲ့သူတွေအတွက် လိုရမယ်ရ ဇာတ်လမ်း အကျဉ်းလေးပြန်ပြောရမယ်ဆိုရင်တော့ရှဇီဝေဆိုတဲ့ မိန်းမပျိုလေးဟာ ကွယ်လွန်သွားတဲ့ အမေချန်ရစ်ခဲ့တဲ့ပန်းချီကားလေးနဲ့ ခေါက်ယပ်တောင်လေးကို ရင်ဝယ်ပိုက်ပြီး ဝေးလံလှတဲ့ဇာတိမြေကျီနန်မှ မင်းနေပြည်တော်ဆီ ခရီးနှင်ခဲ့တာကတော့မင်းနေပြည်တော်မှာရှိတဲ့ သူတစ်သက်လုံး မမြင်ဖူးရှာတဲ့ ဖခင်ဘုရင်ကြီးရဲ့အသိအမှတ်ပြုခံရဖို့ဆိုတဲ့ မျှော်လင့်ချက်ကြောင့်ပါဒီလိုမျိုးဝေးလံကြမ်းတမ်းတဲ့ခရီးကို ဓားဆို ဟင်းချက်ရုံကလွဲပြီးမသုံးဖူးတစ်သက်လုံး စောင်းတီး ကျားကစား ချည်ထိုးပန်းထိုးလုပ်ရုံကလွဲလို့မသုံးဖြစ်တဲ့ လက်ဖဝါးနုနုပိုင်ရှင်အတွက်ကတော့ အတော်ပင် ခက်ခဲလှပါတယ်။သူဦးတည်နေတဲ့ မင်းနေပြည်တော်မှာလည်း သူနဲ့အသက်အရွယ်တူ မဟုတ်မခံခြေမြန်လက်မြန်နဲ့ မတရားတာမြင်ရင် ဝင်ပါတတ်တဲ့ ...
8.4
TMDb: 8.4/10 9 votes
tv

My Fair Princess (AKA) Pearl Princess ( 1998 )

1998