Channel Myanmar

Disney+

The Santa Clauses – Season (01), (02) 6.3
The Santa Clauses – Season (01), (02) The Santa Clauses - Season (01), (02)===========================IMDb Rating - 6.3/10 ♪ Jingle bells, Jingle bells, Jingle all the way ♪ ခရစ်စမတ်ရာသီရောက်လာရင် ဆန်တာကလော့စ်ရဲ့ ဇာတ်လမ်းလေးတွေကို ကြည့်ရတာ မရိုးနိုင်တဲ့ ရိုးရာတစ်ခုဖြစ်လိုနေပါပြီ။ အခုနှစ်မှာတော့ Disney+ ကနေ The Santa Clauses ဆိုတဲ့ ခရစ်စမတ်ရာသီစာ comedy-fantasy စီးရီးတစ်ခုကို ထုတ်လွှင့်ပေးလိုက်ပါတယ်။ဒီစီးရီးက ၂၀၀၀ ခုနှစ်ဝန်းကျင်တွေက ထွက်ရှိခဲ့တဲ့ The Santa Clause (1)(2) (3) ရုပ်ရှင်တွေရဲ့ အဆက်လို့လည်း ပြောလို့ရပါတယ်။ အခုစီစန်မှာတော့ ဆန်တာ ကလော့စ်ရာထူးကို နောက်ဆုံးလက်လွှဲယူထားတဲ့သူက စကော့ကယ်လ်ဗင်ပါ။သူက အသက် ၆၅ နှစ် ရှိနေပြီဖြစ်တာမို့ သူ့ရဲ့မှော်အစွမ်းတွေ တဖြည်းဖြည်းကျ ဆင်းလို့လာနေပါပြီ။ ဒါကြောင့် သူပင်စင်ယူပြီးရင် သူ့ရဲ့ ဆန်တာရာထူးကို ဆက်ခံ နိုင်မဲ့လူကို ရှာပုံတော်ဖွင့်ရမှာ ဖြစ်ပါတယ်။ ဒီကြားထဲမှာလည်း ...
6.3
TMDb: 6.3/10 9600 votes
tv

The Santa Clauses – Season (01), (02)

2023
The Artful Dodger (2023) 8.833
The Artful Dodger (2023)  ဒီကားလေးကတော့ ၁၈၀၀ပြည့်နှစ်ကို အခြေခံရေးထားတဲ့ Oliver Twist ဝတ္ထုလေးကို မှီခြမ်းပြီးရိုက်ကူးထာတဲ့ ကားကောင်းလေးတစ်ကားပါ.....ဇာတ်လမ်းလေးထဲမှာတော့ ဒေါ့ချ်ဟာ ခါးပိုက်နှိုက်ဂိုဏ်းက ခါးပိုက်နှိုက်လေးပါ သူ့ကို ခါးပိုက်နှိုက် ခေါင်းဆောင်ကြီး ဖာဂင်က ခေါ်ယူမွေးစားထားတာပါ။ ဒီလိုနဲ့ ခါးပါးနှိုက်ရင်း ထောင်ကျရာကနေ ဖာဂင်က ထောင်ဖောက်ပြေးရင်း သူ့ကို ထောင်ထဲမှာ ထားခဲ့ရာကနေ မထင်မှတ်ဘဲ ဗြိတိသျှရဲ့ ကိုလိုနီမြို့လေးတစ်မြို့မှာ ပြန်ဆုံကြပါလေရော.....အဲဒီအချိန် ဒေါ့ချ်က ခါးပါးနှိုက်မဟုတ်တော့ဘဲ ရေတပ်က ခွဲစိတ်ဆရာဝန်အရာရှိတစ်ယောက်တောင်ဖြစ်လို့နေပါပြီ.....အဲဒီ မြို့ကြီးရဲ့ မြို့စားကြီးသမီးကလည်း ခွဲစိတ်ပညာကို အင်မတန်စိတ်ဝင်စားနေတဲ့သူလေးတစ်ယောက်ပေါ့......ဒီလိုနဲ့ ခါးပါးနှိုက်ကနေ ခွဲစိတ်ဆရာဝန်ဖြစ်လာတဲ့ ဒေါ့ချ်ရယ် ခွဲစိတ်ပညာကို အရမ်းစိတ်ဝင်စားတဲ့ မြို့စားကြီးသမီးရယ် ကလေးကတည်းက မွေးစားပြီး ဒုစရိုက်သမားအဖြစ် ဒေါ့ချ်ကို ပျိုးထောင်ခဲ့တဲ့ ဖာဂင်ရယ် ကိုလိုနီမြို့လေးမှာ ဆုံကြတဲ့ခါမှာတော့ ဘာတွေဆက်ဖြစ်မလဲဆိုတာ ဇာတ်လမ်းလေးနဲ့ လိုက်ပါစီးမျောလိုက်ကြပါဦးလို့......အင်္ဂလိပ်တွေရဲ့ ရှေးခေတ်အသုံးအနှုန်းတွေ နေပုံထိုင်ပုံတွေနဲ့ အဲဒီခေတ်က ဆေးပညာတွေကို ပေါ့ပေါ့ပါးပါး လေ့လာချင်တယ်ဆိုရင်တော့ ဒီကားလေးကို ...
8.833
TMDb: 8.833/10 12 votes
tv

The Artful Dodger (2023)

2023
Soundtrack #2 (2023)
Soundtrack #2 (2023) Soundtrack #2 (2023)*********************အပိုင်းသစ် (၁+၂) မနှစ်က ထွက်ရှိခဲ့တဲ့ Soundtrack #1 အပြီးမှာ နောက်ထပ် မတူညီတဲ့ရသမျိုးပေးစွမ်းဦးမယ့် Soundtrack #2 ထွက်ရှိလို့လာပါပြီ။ဒီတစ်ခေါက် S2 မှာ အဓိက ပါဝင်သရုပ်ဆောင်ထားတဲ့သူတွေကတော့Keum Sae Rok နဲ့ Noh Sang Hyun တို့ပဲ ဖြစ်ပါတယ်။ဟျွန်းဆော (Keum Sae-Rok) နဲ့ ဆူဟို (Noh Sang-Hyun) တို့ဟာတက္ကသိုလ်တုန်းက တီးဝိုင်းအဖွဲ့ရဲ့ အဆိုတော်နဲ့ ကီးဘုတ်တီးခတ်သူအဖြစ်တွေ့ဆုံချစ်ကြိုက်မိခဲ့ကြပါတယ်။နှစ်အတော်ကြာ တွဲခဲ့ပြီး ဘွဲ့ရပြီးနောက်မှာတော့ လောကဓံအခက်အခဲတွေကြောင့်လမ်းခွဲလိုက်ရပါတော့မယ်။နှစ်အနည်းငယ်ကြာတဲ့နောက်မှာ ဟျွန်းဆောက သူ့ရဲ့အိပ်မက်ကို လက်လျှော့ပြီးပီယာနိုနည်းပြဆရာမအဖြစ် လုပ်ကိုင်နေပါပြီ။ဆူဟိုကလည်း အောင်မြင်ချမ်းသာတဲ့ စီအီးအိုဖြစ်နေပြီဆိုပေမဲ့တစ်ဖက်မှာလည်း စိတ်ရောလူပါ ချုံးချုံးကျနေပါတယ်။ဟျွန်းဆောနဲ့ ဆူဟိုတို့ ပြန်လည်ဆုံတွေ့ဖို့ အကြောင်းဖန်လာတဲ့အခါမှာတော့...စုစုပေါင်း ၆ ပိုင်း ပါဝင်သွားမှာဖြစ်ပြီး CM ကနေ အပတ်စဉ် ဗုဒ္ဓဟူးနေ့တိုင်းနှစ်ပိုင်းစီ တင်ဆက်ပေးသွားမှာပဲဖြစ်ပါတယ်။  Aired: Dec 6, 2023 ...

Soundtrack #2 (2023)

2023
Vigilante(2023)S1[Complete] 10
Vigilante(2023)S1[Complete] Vigilante(2023)**************အပိုင်း ( ၁ မှ ၈ ) ထိ စ/ဆုံး[ 4K Quality ထိတင်ဆက်ထားပါပြီ။] ဒီဇာတ်ကားလေးက နာမည်ကြီး Webtoon ကို အခြေခံပြီး ရိုက်ကူးထားတဲ့ ဇာတ်ကားလေးဖြစ်ပြီး Nam Joo Hyuk စစ်မှုမထမ်းခင်နောက်ဆုံး ရိုက်သွားတဲ့ ဇာတ်ကားလေးပဲ ဖြစ်ပါတယ်။ အဲဒီအပြင် ပါဝင် သရုပ်ဆောင်ထားတဲ့ မင်းသား ၊မင်းသမီးတွေနဲ့တင် မထွက်ခင်ကတည်းက ဒရာမာ ပရိတ်သတ်တွေ ကြားထဲမှာ နာမည်ကြီးနေခဲ့တဲ့ ဇာတ်ကားလေးပါ။Nam Joo Hyuk ကိုလည်း လုံးဝ မမြင်ဖူးသေးတဲ့ ဇာတ်ကောင်ပုံစံနဲ့ တွေ့ရမှာဖြစ်ပါတယ်.ဂင်ဂျီယုံး ငယ်စဉ်က သူ့အမေ့ကို လူမိုက်တစ်ယောက်က အကြောင်းပြချက်မရှိဘဲ လမ်းပေါ်မှာရက်ရက်စက်စက် သတ်ပစ်ခြင်း ခံလိုက်ရပါတယ်။ အဲဒီလို အပြစ်မဲ့ ပြည်သူတစ်ယောက်လုံးအသတ်ခံလိုက်ရတာတောင် တရားခံက တရားဥပဒေအရ ထောင်ဒဏ် ၃နှစ်ပဲ အချခံခဲ့ရပါတယ်။ဂျီယုံး အရွယ်ရောက်လာတဲ့အခါမှာတော့ သူ့မိဘတွေကို သတ်သွားတဲ့ ...
10
TMDb: 10/10 2 votes
tv

Vigilante(2023)S1[Complete]

2023
Loki (2021) – (2023) 9.3
Loki (2021) – (2023) ကဲ ဒစ်စနေးရဲ့ လိုကီ လာပါပြီ။ မာဗယ်စီးရီးအသစ် ၃ ခုမြောက်ပါပဲ။ ဝန်ဒါဗီရှင် နဲ့ ဖယ်လ်ကွန်တုန်းကလည်းအားလုံးကျေနပ်ကြမယ်ထင်ပါတယ်။ ဒါကတော့ သူတို့တွေထက် ပိုပြီးမျှော်ရတဲ့ စီးရီးပေါ့ဗျာ။ လိုကီဟာ Endgame မှာတက်ဆာရက်နဲ့အတူ လွတ်မြောက်သွားတာကို အားလုံးအသိပါ။ အခုကတော့လွတ်မြောက်သွားတဲ့လိုကီကို TVA ဆိုတဲ့ စကြဝဠာရဲ့ အချိန်စီးကြောင်းတွေကို စောင့်ရှောက်သူတွေက ဖမ်းဆီးခဲ့ပါတယ်။ သူ့ကို ပြစ်ဒဏ်ချမှတ်ပြီးအချိန်စီးကြောင်းကို ပြန်တည့်မတ်ဖို့ ကြိုးစားခဲ့ပေမယ့် လှည့်စားခြင်းနတ်ဘုရားဆိုတဲ့အတိုင်း TVA ထဲမှာပါပြဿနာတွေ ပေါင်းစုံ ဖြစ်လာတဲ့အခါ.... Translated by : CMEncoded by : YKFile Size :474MB nd 900MBQuality :720p WebRip DDP 5.1 nd 1080p WebRip DDP 5.1CH Season 1Episode 1 : Userdrive / Yoteshin ...
9.3
TMDb: 9.3/10 24 votes
tv

Loki (2021) – (2023)

2021
Star Wars: Tales of the Jedi (2022) 8.068
Star Wars: Tales of the Jedi (2022) ဒီ စီးရီးကတော့ Star Wars ဖန်တွေအတွက် ရွှေပါပဲ။ ဂျပန်ကာတွန်းစီးရီးတွေမှာလို ဆိုရင်တော့ filler အပိုင်းတွေလို့ ပြောရမယ်ထင်ပါတယ်။ အပိုင်းတစ်ပိုင်းချင်းဆီဟာ မူရင်း Prequel သုံးကားရဲ့ခေတ်ကို အခြေခံပြီးတော့ Count Dooku နဲ့ အာဆိုးကာတာနိုတို့ရဲ့အတွေ့အကြုံနဲ့ အမြင်တွေကို ပြသသွားတာပါ။ကွိုင်-ဂွန် ဂျင်းနဲ့ ဒိုကူတို့ရဲ့ စွန့်စားခန်းကနေ ပြည်ထောင်စုအပေါ် အမြင်စောင်းလာပုံ၊ ကွိုင်ဂွင်ဂျင်နဲ့ ဆစ်သ်တစ်ယောက်စတွေ့ပုံ Darth Maul သတ်တာခံလိုက်ရပြီးတော့ ဒိုကူရဲ့ အမြင်၊ အာဆိုးကာ နဲ့ ဆရာ အနာကင်စကိုင်းဝေါ်ကာတို့ရဲ့ အတွေ့အကြုံ၊ အော်ဒါ-၆၆ ကနေ အာဆိုးကာလွတ်လာရတဲ့အကြောင်းရင်း၊ အာဆိုးကာ အင်ပါယာတော်လှန်ရေးမှာ ပါလာပုံ၊ စတာတွေကို ဝေဝေဆာဆာလေး ဖော်ပြထားပါတယ်။ဒီစီးရီးကို လူကြိုက်များသွားလို့ နောက်ခေတ်တွေအတွက် Tales of Jedi Season 2 ကိုတောင် ဖန်တွေ မျှော်နေကြပါသေးတယ်။ စတားဝေါရ်စကြဝဠာကို လိုက်ကြည့်ချင်တယ်ဆိုရင် ...
8.068
TMDb: 8.068/10 234 votes
tv

Star Wars: Tales of the Jedi (2022)

2022
Goosebumps (2023) 6.3
Goosebumps (2023) Goosebumps (2023) =============== IMDb Rating - 6.3/10 Adventure, Comedy, Fantasyဟောလိုးဝင်းကာလ နီးလာပြီဆိုတော့ Disney နဲ့ Hulu တို့ရဲ့ ဇာတ်လမ်း တွဲ ဇာတ်လမ်းကောင်းတစ်ခုကလည်း ထွက်ရှိလို့လာပါပြီ။ Stranger Things, Lock & Keys တို့ကို ကြိုက်တဲ့ Horror fan တွေအတွက်တော့ လုံးဝအကြိုက်တွေ့စေမယ့် ဇာတ်လမ်းကောင်းဖြစ်ပြီး Rating ကောင်းတွေ လည်းရရှိထားပါတယ်။ပေါ့လောရန့်စ်ဆိုတဲ့ မြို့လေးတစ်မြို့မှာ သရဲခြောက်တယ်ဆိုပြီး နာမည်ကြီး နေတဲ့ ဘစ်ဒယ်ဆိုတဲ့ အိမ်တစ်လုံးရှိပါတယ်။ အမေအဖေနဲ့ သားတစ်ယောက် နေတဲ့အိမ်မှာ အိမ်မီးလောင်နေတုန်း သားဖြစ်သူက မြေအောက်ခန်းမှာ ပိတ်မိ သွားရင်း သေဆုံးခဲ့ရပါတယ်။ အဲ့ဒီထဲက မိဘနှစ်ပါးလည်း ပျောက်ဆုံးသွားခဲ့တာ ယနေ့အချိန်ထိပါပဲ။ လူသူမနေတာလည်း တော်တော်ကြာခဲ့ပါပြီ။ နှစ်တွေကြာ လာတော့ အိုင်ဇယ်ယာရဲ့ အဖေဖြစ်သူ ဘန်က ဒီအိမ်ကြီးကို ထိန်းသိမ်းပြုပြင် ပေးခဲ့ရင်း ပိုင်ရှင်အသစ်ဖြစ်တဲ့ အမွေဆက်ခံသူ ဘရက်ထံကိုလက်လွှဲလိုက်ပါ တယ်။ ဘရက်လည်း ရောက်ရောက်ချင်းဆိုသလို မြေအောက်တံခါးကိုဖွင့်ရာ ကနေ မတော်တဆမှုအချို့ကြောင့် သွေးထွက်ပြီး ငြိမ်သက်နေတဲ့ နတ်ဆိုးကို လှုပ်နှိုးသလိုဖြစ်သွားပါတယ်။အိုင်ဇယ်ယာတို့ ...
6.3
TMDb: 6.3/10 1515 votes
tv

Goosebumps (2023)

2023
The Worst of Evil (2023) [Complete]
The Worst of Evil (2023) [Complete] The Worst Of Evil (2023) *************************အပိုင်း (၁ မှ ၁၂) စ / ဆုံး နောက်ဆုံးတော့ အားလုံး စောင့်မျှော်နေတဲ့ ဇာတ်ကားလေးထွက်လို့လာပါပြီ။ကိုယ်တွေရဲ့အချစ်တော် JI CHANG WOOK နဲ့ WI HA JOON တို့ကအဓိကပါဝင်ထားပြီး ၁၉၉၀ ခုနှစ်များဆီက ဆိုးလ်မြို့တော်ရဲ့ဘိန်းရာဇာတစ်ယောက်ကို ဖမ်းဆီးဖို့ ကြိုးပမ်းကြတဲ့ပုံစံကိုရိုက်ကူးထားတာပါ။Crime Drama/Action/Thriller အမျိုးအစားဖြစ်လို့ အကြမ်းအရမ်းတွေနဲ့အားလုံးအကြိုက်တွေ့စေမဲ့ ဇာတ်ကားလေးတစ်ကားဖြစ်မှာပါ။ဇာတ်လမ်းအကျဉ်းဂန်းနမ်သလင်းကျောက်လို့ ခေါ်တဲ့ မူးယစ်ဆေးတစ်မျိုးဟာဆိုးလ်မြို့ရဲ့ နိုက်ကလပ်တွေကနေ စတင်ပြီးတော့ ပြန့်နှံ့လာခဲ့တယ်။ရဲတွေက ဒီဆေးအကြောင်းကို စုံစမ်းလိုက်တဲ့အခါမှာတော့ဒီဆေးကိုဖြန့်တဲ့လူဟာ တကယ်ကို ရက်စက်ဆိုးသွမ်းတဲ့မူးယစ်ရာဇာတစ်ယောက်ဖြစ်နေတာကိုသိလိုက်ရပြီးဒီလူဟာ ဖမ်းဆီးဖို့ခက်တဲ့ လူတစ်ယောက်ဖြစ်နေတဲ့အတွက်အသွင်ယူပြီးဖမ်းဆီးဖို့ ကျေးလက်ဘက်မှာတာဝန်ကျနေတဲ့ရဲအရာရှိတစ်ယောက်ကိုခေါ်လိုက်ပြီး မူးယစ်ဂိုဏ်းထဲကိုအသွင်ယူစုံစမ်းမှုတွေပြုလုပ်စေခဲ့တယ်။ဒီလို ခက်ခဲကြမ်းတမ်းတဲ့ မစ်ရှင်ကို သူတို့တွေ အောင်မြင်နိုင်မလား...။ဘာတွေပေးဆပ်လိုက်ရမလဲ ဘယ်လိုတွေအပြင်းအထန်ကြိုးစားကြမလဲဆိုတာကိုဒီဇာတ်လမ်းမှာ ဆက်လက်ကြည့်ရှုလိုက်ပါဦးနော်။  Aired: Sep 27, 2023 - Oct 25, 2023 Aired On: Wednesday Genres:  Action, Thriller, Crime, Drama Duration: ...

The Worst of Evil (2023) [Complete]

2023
Ahsoka (2023) 8.333
Ahsoka (2023) စတားဝေါစီးရီးအသစ်တစ်ခု ဒစ္စနေးကနေ ထွက်ရှိလာပါပြီ။ ဒီတစ်ခါကတော့ ဂျဒိုင်းတစ်ယောက်ဖြစ်တဲ့ အာဆိုးကာ တာနိုရဲ့ ဇာတ်လမ်းပဲဖြစ်ပါတယ်။ အာဆိုးကာ တာနာဟာ ကလုန်းစစ်ပွဲကာလမှ နာမည်ကြီးလာတဲ့ ဂျဒိုင်းသူရဲကောင်းဖြစ်ပြီး၊ စွမ်းအားအကြီးဆုံး ဂျဒိုင်းတွေထဲက တစ်ယောက်ဖြစ်တဲ့ အနာကင်စကိုင်းဝေါ်ကာ (ဒါ့ဗိတ်ဒါ)ရဲ့ လက်ထောက်တပည့်ရင်းလည်းဖြစ်ခဲ့ပါတယ်။ အာဆိုးကာဟာ ဂျဒိုင်း ကာရိုက်တာတွေထဲမှာ လူကြိုက်အများဆုံးထဲက တစ်ယောက်ဖြစ်ပြီး တူဂရူတာ မုဆိုးဂြိုလ်သားမျိုးနွယ်ဝင်လည်း ဖြစ်ပါတယ်။ ဆစ်သ်တွေထဲက နာမည်ကြီး ဒါ့သ်မောကိုလည်း ကလုန်းစစ်ပွဲကာလအတွင်း အနိုင်တိုက် ဖမ်းဆီးနိုင်ခဲ့ပြီး ဂျဒိုင်းတွေနဲ့ မန်ဒါလိုရီရန်တွေကြားက အငြိုးတွေကို ကျေလည်စေခဲ့ပြီး မန်ဒါလိုရီရန်သူတစ်ယောက်ဖြစ်တဲ့ ဆဘင်းဝရန်ကိုလည်း လက်ထောက်အဖြစ် လက်ခံသင်ကြားပေးခဲ့ပါတယ်။ကလုန်းစစ်ပွဲအစမှာ အာဆိုးကာဟာ အလင်းဓားအဖြူတစ်ချောင်းနဲ့ ထူးထူးခြားခြားစတင်ခဲ့ပေမဲ့ တဖြည်းဖြည်းနဲ့ အလင်းဓားနှစ်ချောင်းနဲ့တိုက်ခဲ့တဲ့သူ ဖြစ်လာခဲ့ပါတယ်။ ရန်သူရဲ့အလင်းဓားတွေကိုပါ ပိတ်ပစ်နိုင်တဲ့ အစွမ်းရှိတဲ့လူသုံးယောက်ထဲမှာ တစ်ယောက်အပါအဝင်ဖြစ်လာပါတယ်။ ကျန်တဲ့နှစ်ယောက်က မာစတာယိုးဒါးနဲ့ The Son ပါ။ ဒီဇာတ်လမ်းမှာတော့ အင်ပါယာကျဆုံးပြီး ပြည်ထောင်စုသစ် ဖြစ်ခါစ ...
8.333
TMDb: 8.333/10 9 votes
tv

Ahsoka (2023)

2023
Han River Police(2023) 7
Han River Police(2023) Han River Police(2023)***********************အပိုင်း ( ၁ မှ  ၆ ) အထိ စ / ဆုံးကိုရီးယားနိုင်ငံဟာ ကျွန်းလေးတွေစုပေါင်းပြီးဖွဲ့စည်းထားတဲ့နိုင်ငံဆိုတော့တံတားတွေများ မြစ်တွေများ ကမ်းခြေမြို့ရွာတွေများကြတာအားလုံးအသိပါ..ဒါတွေကြောင့်အစိုးရဟာ ကယ်ဆယ်ရေးလုပ်ငန်းတွေလုပ်ဖို့ အဖွဲ့အစည်းတွေလုပ်ထားသလိုလူမိုက်တွေကိုအချိုးပြင်ဖို့လည်း သီးခြားဖွဲ့စည်းထားတဲ့ အစိုးရဝန်ထမ်းတွေရှိပါတယ်...Hospital Ship ဆိုတဲ့ဆရာဝန်စီးရီးကိုကြည့်ဖူးတဲ့သူတွေဆိုရင် သိကြမယ်ထင်ပါတယ်..ဒီစီးရီးကတော့ ကယ်စရာရှိကယ်မယ် ဗျင်းစရာရှိဗျင်းမယ်..အချိုးပြင်စရာရှိပြင်မယ်ဆိုတဲ့ ရဲတွေအကြောင်းရိုက်ထားတာပါ...နာမည်ကြီးသရုပ်ဆောင်တွေချည်းပါဝင်ပြီး ၆ ပိုင်းထွက်ရှိမှာဖြစ်ပါတယ်..ခံစားကြည့်ကြပါဦး... Aired: Sep 13, 2023 - Sep 27, 2023Aired On: Wed Genres: Comedy, Action & Adventure Duration: 1hr 10mins Episodes: 6 Original Network:DNSP File Size: 1080p(~1.5GB) , 720p(~520MB) Translated by   Miri, Hnin Wai Oo,Treasure Htet , Htoo Htoo Aung &  Hay Thar Oo Encoded ...
7
TMDb: 7/10 1 votes
tv

Han River Police(2023)

2023
Moving (2023) [Complete]
Moving (2023) [Complete] Moving (2023)*************** အပိုင်း ( ၁ မှ ၂၀ ) ထိ စဆုံးရပါပြီ[ 4K Quality ထိတင်ဆက်ထားပါပြီ။]ဒီ “Moving”ဆိုတဲ့ ဇာတ်ကားလေးကတော့ 200m viewsတောင် ရရှိထားတဲ့ Webtoonကို ပြန်လည်အသက်သွင်းထားတဲ့ သဘာဝလွန် ကိုရီးယားစီးရီး ဇာတ်လမ်းလေးဖြစ်ပါတယ်။ Disney+ ကနေ ဒီနေ့ပဲထွက်ရှိလာခဲ့တာ ဖြစ်ပါတယ်။ဒီဇာတ်ကားရဲ့ budgetကလည်း K series သက်တမ်းတစ်လျှောက် အမြင့်ဆုံးလို့တောင် ပြောလို့ရပြီး သရုပ်ဆောင်တွေကလည်း Ryu Seung Ryong၊ Jo In Sung၊ Han Hyo Joo၊ Kim Sung Kyun၊ Cha Tae Hyunတို့လို နာမည်ကြီးဝါရင့်သရုပ်ဆောင်တွေနဲ့အတူ Go Youn Jung၊ Lee Jung Ha၊ Kim Do Hoon တို့လို လူငယ်သရုပ်ဆောင်တွေတင်သာမက အရံတွေထိ ဒိတ်ဒိတ်ကြဲတွေ သုံးထားတာမို့ လုံးဝလန်ထွက်နေမှာနော်....ဇာတ်လမ်းအကျဥ်းလေးကတော့.. အမျိုးသားလုံခြုံရေးဌာနက သူမတူတဲ့ သဘာဝလွန်စွမ်းအားပိုင်ရှင်တွေဖြစ်တဲ့ ဂျန်ဂျူဝန်း၊ ဂင်ဒူရှစ်၊ ...

Moving (2023) [Complete]

2023
I Am Groot (2023) S2 6
I Am Groot (2023) S2  အပိုင်း ၅ ပိုင်းပါတဲ့ ဒီမီနီစီးရီးဟာ MCU Phase 4 ထဲမှာ ပါဝင်ပါတယ်။စကြဝဠာထဲမှာ နှစ်သန်းချီတဲ့ဟောကိန်းတစ်ခုရှိပါတယ်။ဒါကတော့ ရှေးဟောင်းကျောင်းဆောင်ကြီးထဲက မျိုးစေ့တစ်ခုဟာအပင်ပေါက်လာရင် စကြဝဠာကြီးတစ်ခုလုံးကို ငြိမ်းချမ်းပျော်ရွှင်အောင်လုပ်ပေးနိုင်ပါလိမ့်မယ်တဲ့။ အဲဒီမျိုးစေ့ကနေ အပင်ပေါက်လာဖို့သူရဲကောင်းတစ်ယောက်ရဲ့အကူအညီလိုပါတယ်။ အဲဒီသူရဲကောင်းဟာဂရုဖြစ်လာပြီး ဂရုရဲ့စွန့်စားခန်းတွေကို Watcher ကြီးက နောက်ကနေလိုက်မှတ်ချက်ပေးနေတဲ့ပုံနဲ့ တင်ဆက်ထားပါတယ်။ကြည့်လိုက်ကြပါဦး.. (Mr Anderson အထူးခံစား ဘာသာပြန်ထားသည်) File Size – 383MBQuality – DSNP WEB DL 1080PDuration – 21minsTotal Episodes: 5EpSubtitle – Myanmar HardsubFormat – Mp4Genre : Animation, Comedy, Family , Sci-Fi , FantasyTranslator – Mr AndersonEncoder – Min Wai Season 2Ep 1 to 5 ...
6
TMDb: 6/10 6 votes
tv

I Am Groot (2023) S2

2023
Secret Invasion (2023) 8.6
Secret Invasion (2023) Secret Invasion (2023) Completed Mini Series ~ IMDb - 6.7/10, Rotten Tomatoes - 66% ~ ဒစ္စနေးရဲ့ စူပါဟီးရိုး စီးရီးအသစ်လာပါပြီ။ မာဗယ်ရုပ်ရှင်တွေရဲ့ Timeline အတိုင်းသွားတာဖြစ်ပြီး နောက်ကြောင်းပြန်တာမဟုတ်ဘဲ လက်ရှိ Update Timeline ပဲ ဖြစ်ပါတယ်။ She-Hulk အပြီး ကာလပါပဲ။ အဓိကဇာတ်ကောင်အနေနဲ့ နစ်ဖြူရီကြီးပါဝင်ပြီး GoT ရဲ့ နဂါးမေမေလည်း MCU မှာ စခရောဂြိုလ်သား ဂိုင်ရာအဖြစ်နဲ့ ပါဝင်လာပါပြီ။ ၆ ပိုင်းပါဝင်မှာဖြစ်ပြီး အပတ်စဉ် ပြသသွားမှာပဲ ဖြစ်ပါတယ်။ ~ ဇာတ်လမ်းအကျဉ်း ~ နစ်ဖြူရီနဲ့ ကယ်ရိုးဒန်ဗာ ကပ္ပတိန်မာဗယ်တို့ဟာ စခရောတွေကို အိမ်အဖြစ် ဂြိုဟ်အသစ်တစ်လုံးရှာပေးမယ်လို့ ကတိပေးခဲ့ကြပေမဲ့ စခရောတွေထဲက အချို့က ကမ္ဘာကြီးကိုပဲ သိမ်းပိုက်ဖို့ ကြံစည်လာပါတယ်။ ဒါကိုတားဆီးဖို့ နစ်ဖြူရီ၊ အေးဂျင့်ဟေးလ်တို့က စခရော ...
8.6
TMDb: 8.6/10 votes
tv

Secret Invasion (2023)

2023
The Zone: Survival Mission (2022)
The Zone: Survival Mission (2022) The Zone: Survival Mission Season 1 (2022)Running Man ကထွက်ပြီး Variety Shows တွေကနေ ခဏတာ ပျောက်ကွယ်သွားခဲ့တဲ့ လီဂွမ်ဆူကတော့ ယူဂျယ်ဆော့၊ ဂွမ်ယူရီ (SNSD) တို့နဲ့အတူတူ The Zone မှာ ပြန်လည်ထွက်ပေါ်လာခဲ့ပါပြီဝက်ဝက်ကွဲရယ်ရမယ့် သုံးယောက်သားကို ပေါင်းစပ်ထားတဲ့ ဒီအစီအစဉ်ရဲ့ Ep 1 မှာတော့ သူတို့သုံးယောက်ဟာ “ကပ်ရောဂါဖြစ်ပွားနေတဲ့ တောင်ကိုရီးယားနိုင်ငံမှာ အသက်ရှင်ကျန်နေရစ်ဖို့ ကြိုးစားကြရမယ့် Survival Mission” ကို စတင်ဆောင်ရွက်ကြရမှာ ဖြစ်ပါတယ်ကပ်ရောဂါအတွင်းမှာ ရှင်သန်ဖို့ကြိုးစားကြရမယ့် လူသားတွေအတွက် သူတို့ဟာ လူသားကိုယ်စားပြုအနေနဲ့ သရုပ်ပြလုပ်ဆောင်ချက်တွေကို ရှာဖွေလုပ်ဆောင်ကြရမှာပါလီဂွမ်ဆူကိုမျှော်နေကြတဲ့သူတွေအဖို့တော့ တကယ်ကို ကြည့်ရကျိုးနပ်စေမယ့် အစီအစဉ်တစ်ခုပါပဲဒါဆိုရင်တော့ စိတ်ဝင်စားစရာကောင်းတဲ့ Mission လုပ်ဆောင်ချက်တွေနဲ့အတူ အူတက်အောင်ခွီနေရမယ့် သူတို့တွေရဲ့ အလွဲလေးတွေကို အခုပဲကြည့်ရှုခံစားလိုက်ကြပါဦးအညွှန်းကိုတော့ Hmwe က ရေးထားပေးပြီးတော့ ဘာသာပြန်ထားတာကတော့ CM Variety Team ပဲ ဖြစ်ပါတယ်။Encoder - AugustGenre..... ...

The Zone: Survival Mission (2022)

2022
Shadow Detective S2(2023)[Complete] 5.778
Shadow Detective S2(2023)[Complete] Shadow Detective S2(2023)*************************အပိုင်း (၁ မှ ၈) ထိ စ/ဆုံးကိုင်း Season 2 ထွက်ရှိလာပါပြီ...ပင်စင်ယူခါနီးပြီဖြစ်တဲ့ စုံထောက်ဟောင်း ထက်ရိုဟာ ခြိမ်းခြောက်တဲ့ဖုန်းကောလ်တစ်ခုရခဲ့ပြီးနောက်မှာလူသတ်မှုနဲ့ အစွပ်စွဲခံလိုက်ရပါတယ်။ ခြိမ်းခြောက်တဲ့သူက သူ့ကိုယ်သူ ထက်ရိုရဲ့သူငယ်ချင်းလို့ပြောပြီးဂိမ်းတစ်ခုကစားမယ်လို့ ပြောခဲ့ပါတယ်။ ပြီးတော့ သူက သူလိုက်နေတဲ့အမှုတွေကိုထက်ရိုကို စုံစမ်းခိုင်းခဲ့ပါတယ်။ အဲဒီလိုနဲ့ စုံထောက်ဟောင်း ထက်ရိုဟာ သူ့ရဲ့အတိတ်ကိုတူးဖော်ဖို့ဖြစ်လာခဲ့ပြီးတော့ သူ့ကိုခြိမ်းခြောက်တဲ့သူကို လိုက်ရှာခဲ့ပါတယ်။ နောက်ဆုံးမှာ ထက်ရိုဟာ ဂိမ်းကို နိုင်သွားမလား?ပထမအတွဲကိုတော့ ၂၀၂၂ ခုနှစ်မှာ အပိုင်း ၈ ပိုင်းအနေနဲ့ ထုတ်လွှင့်ခဲ့ပြီးတော့သူငယ်ချင်းဖြစ်သူ ဂျင်ဟန်သေသွားပြီးနောက် နောင်တတွေနဲ့ ကျန်ခဲ့ရတဲ့ ထက်ရိုဟာဂျင်ဟန်ကိုသတ်ခဲ့တဲ့တရားခံ ဥက္ကဌဂျန်ကို လက်စားပြန်ချေမလား၊ ဂျင်ဟန်က‌ရောတကယ်ပဲသေသွားတာလားဆိုတာကို ဒုတိယအတွဲမှာ ကြည့်ရမှာပါ။စုံထောက်ဇာတ်လမ်း၊ အက်ရှင်ခပ်ကြမ်းကြမ်းကိုကြိုက်တဲ့ CM fan တွေမလွတ်တမ်းကြည့်သင့်တဲ့ ဇာတ်လမ်းတစ်ခုပါပဲခင်ဗျ....Aired: Jul 5, 2023 - Aired On:Wednesday Genres: Crime , ...
5.778
TMDb: 5.778/10 9 votes
tv

Shadow Detective S2(2023)[Complete]

2022
The Clearing (2023) 6.1
The Clearing (2023) The Clearing (2023) =============== IMDb Rating - 6.1/10ဝင်္ကပါတစ်ခုထဲကို ဝင်မိသွားပြီဆိုတာနဲ့ ထွက်ပေါက်ကို လိုက်ရှာဖို့ပဲ ရှိပါတော့တယ်တဲ့။ ဝင်ပေါက်ဆီကို ပြန်သွားဖို့လည်း မလွယ်တော့ သလို ရှိတာသေချာနေတဲ့ ထွက်ပေါက်ဆီကိုပါ မမှန်းဆနိုင်တဲ့ အချိန် မျိုးမှာဆိုရင်ရော ရှေ့ပဲတိုးကြမလား နောက်ပဲပြန်ဆုတ်ကြမလား။ ဒီအခြေအနေကိုတော့ ကြည့်ရှု့တဲ့သူတွေကိုယ်တိုင်ကပဲ ဆုံးဖြတ် ရပါလိမ့်မယ်။ဒီဇာတ်လမ်းကို ဝင်္ကပါစံအိမ်တစ်ခုနဲ့ပဲ တင်စားပါရစေ။ အင်္ဂလိပ်အက္ခရာ "A" နဲ့ပဲ အစပြုပြီး မှည့်ခေါ်ထားတဲ့ နာမည်တွေနဲ့ ကလေးတွေ၊ ဆံပင်အမည်းရောင်ကို အရောင်ချွတ်ထားခံရတဲ့ ကလေး တွေ၊ အသက်ကြီးကြီးမိန်းမကြီးတစ်ယောက်ကို မာမီလို့ခေါ်ပြီး တစ် သွေးတစ်သံတစ်မိန့် နေနေရတဲ့ကလေးတွေ၊ အဲဒီကလေးတွေက စံအိမ်ကြီးထဲကို ဘယ်ကနေ ရောက်လာခဲ့ကြတာလဲ။ သူတို့ကို ကြီး ကြပ်ရတဲ့သူတွေပြောတာကတော့ ပြင်ပကမ္ဘာကြီးက သိပ်ကြင်နာ တတ်သလို တစ်ချိန်တည်းမှာပဲ သိပ်ကိုရက်စက်တတ်ပါတယ် တဲ့။ ဆာရာ ဆိုတဲ့ ရှစ်နှစ်အရွယ်ကလေးမလေး ပျောက်ဆုံးမှုက မီဒီယာ တွေပေါ်မှာ ဟိုးလေးတကြော်ကြော်ဖြစ်ပြီးတဲ့နောက် သားလေး ပျောက်ဆုံးသွားမှာကို စိတ်ပူနေရှာတဲ့ မိခင်တစ်ဦးရယ်၊ ဆာရာကနေ အာရှာလို့ ပြောင်းသွားရတဲ့ ကလေးမလေးရဲ့အဖြစ်ရယ်၊ စံအိမ်ထဲ က ကလေးတွေရဲ့ ပဟေဠိတွေရယ် ဒါတွေအားလုံးရဲ့အဖြေကတော့ ဒီစီးရီးရဲ့ တစ်နေရာမှာ ...
6.1
TMDb: 6.1/10 1726 votes
tv

The Clearing (2023)

2023
The Good Mothers (2023) 7
The Good Mothers (2023)  IMDB 7.7/10 Crime , Drama အီတလီက မာဖီးယားဂိုဏ်းနဲ့ အဖွဲ့အစည်းတွေအကြောင်းကိုရိုက်ပြထားတဲ့ ဖြစ်ရပ်မှန်ဇာတ်လမ်းတွဲဖြစ်ပါတယ် ။ မာဖီးယားဂိုဏ်းက ခေါင်းဆောင်ရဲ့သားနဲ့ငယ်ငယ်ရွယ်ရွယ်နဲ့လက်ထပ်လိုက်ရတဲ့ အန်နာဟာ ဒန်နိစ်ဆိုတဲ့သမီးတစ်ယောက်ရလာပါတယ် ။ သူ့သမီးအရွယ်ရောက်လာတော့ သူ့အဖေ လူဆိုးနဲ့ဝေးရာကိုသားအမိနှစ်‌ေယာက်ထွက်ပြေးခဲ့တာ နှစ်အတော်ကြာခဲ့ပါပြိ ။ဒါပေမယ့် ရှောင်လွှဲလို့မရတဲ့ ကံကြမ္မာအရ သူ့ဖခင်နဲ့ပြန်လည်ဆုံစည်းခဲ့ပြီး အဖြစ်ဆိုးတွေဖြစ်လာပါတယ်။ မိခင်ဖြစ်သူ ပြန်ပေးဆွဲခံရကာသေဆုံးသွားပြီး သမီဖြစ်သူ လည်း ဖခင်နဲ့ မာဖီးယားမိသားစု၀င်ဖြစ်လာပါတယ် ။ ဒါပေမယ့် သူတို့သားအမိလိုဖြစ်နေတဲ့ အမျိုးသမီးတွေများစွာရှိနေပါတယ် ။ ဒါကိုသိတဲ့ အီတလီရဲတပ်ဖွဲ့၀င်တွေက မာဖီးယားဂိုဏ်းက ဖိနှိပ်ခံနေရတဲ့ အမျိုးသမီးအိမ်ထောင်ရှင်‌မတွေကိုစည်းရုံးကာ မာဖီးယားဂိုဏ်းတစ်ခုလုံးကိုနှိမ်နင်းတဲ့ ဖြစ်ရပ်မှန်ကိုရိုက်ပြထားတာဖြစ်ပါတယ် ။ (အညွှန်းနဲ့ဘာသာပြန်ကိုတော့ Thiha Yan Naing ကရေးသားထားပါတယ် ) File size…(628 GB)/(350 MB) Quality….Webrip 1080p / 720p Format…mp4 Duration….00:56:00 Genre...Drama, Crime Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated ...
7
TMDb: 7/10 14 votes
tv

The Good Mothers (2023)

2023
RACE (2023)
RACE (2023) Race အညွှန်းPark Yoon-Zo (Lee Yeon-Hee) ကတော့ ပညာရေးနောက်ခံသိပ်မရှိတဲ့ သာမန် အမျိုးသမီးငယ်လေးတစ်ယောက်ဖြစ်ပါတယ်။ သူနဲ့ ဆန့်ကျင်ဘက်စိတ်နေသဘောထားရှိပြီး ထက်မြက်တဲ့ သူငယ်ချင်း Ryu Jae-Min (Hong Jong-Hyun)အလုပ်လုပ်တဲ့ ကုမ္ပဏီကြီးတစ်ခုမှာ PR Department ပိုင်းအတွက် ခန့်အပ်ခြင်းခံလိုက်ရတဲ့အခါမှာတော့...PR ပိုင်းဆိုင်ရာမှာ ကျွမ်းကျင်တဲ့ Ku Yi-Jung (Moon So-Ri) နဲ့ အတူအလုပ်လုပ်ပြီး ပညာအရည်အချင်းဆိုတဲ့ ကန့်သတ်မျဉ်းတွေကို ဖြတ်ကျော်ကာ ရုန်းကန်ကြိုးစားရင်း ကုမ္ပဏီဝန်ထမ်းကောင်းတစ်ယောက်အဖြစ် Yoon-Zo တစ်ယောက် တိုးတက်လာတာကို မြင်ရမှာဖြစ်ပါတယ်။Welcome to Wedding Hell နဲ့ ပရိတ်သတ်ကြီးနှစ်သက်သဘောကျခဲ့ရတဲ့ မင်းသမီး Lee Yeon-Hee နဲ့အတူ Moon Lover ထဲက Wang Yo တဖြစ် မင်းသားချော (Hong Jong-Hyun)တို့က အဓိကပါဝင်သရုပ်ဆောင်ထားပြီးကိုယ်ပိုင်အမြင် အတွေးအခေါ်တွေကို ထုတ်ဖော်ပြသတာ သဘောကျတတ်တဲ့ PR အေဂျင်စီရဲ့ CEO ...

RACE (2023)

2023