Channel Myanmar

Disney+

Call It Love(2023) 5
Call It Love(2023) Call It Love (2023) (အညွှန်း) ====================နာမည်နဲ့တင်ကို romantic ဆန်နေပြီဖြစ်တဲ့ Disney+ ရဲ့ “Call It Love” လေး ရပါပြီ။ဖခင်ဖြစ်သူသေဆုံးသွားပြီးတဲ့နောက် ဖခင်ရဲ့နောက်မိန်းမဖြစ်သူ နှင်ထုတ်ခြင်းကို ခံခဲ့ရပြီး အရာအားလုံး အလုယူခံခဲ့ရတဲ့ Shim Woo Joo ရဲ့ဘဝဟာ လုံးဝအားကိုးရာမဲ့သွားခဲ့တယ်။ ဒီလိုနဲ့မိထွေးဖြစ်သူကို ကလဲ့စားချေလိုတဲ့စိတ်နဲ့ သားဖြစ်သူ Han Dong Jin ကို ချဉ်းကပ်ရာကနေ မထင်မှတ်ထားတဲ့ “အချစ်” ဆိုတဲ့အရာ ဖြစ်ပေါ်လာတဲ့အခါ .. အငြှိုးတွေ အမုန်းတရားတွေကို အချစ်ကပဲ အနိုင်ယူသွားနိုင်မလားဆိုတာကို ငြိမ့်ငြိမ့်လေးနဲ့ဆွေးဆွေးလေးကြည့်ရှုရမှာပဲဖြစ်ပါတယ်။အပတ်စဉ် ဗုဒ္ဓဟူးနေ့တိုင်း တစ်ရက် ၂ ပိုင်းနှုန်းတင်ဆက်သွားမှာဖြစ်သလို Cast တွေအနေနဲ့ကလည်း visual ရော chemistry ရောအပြစ်ပြောစရာမရှိတဲ့ Kim Young Kwang နဲ့ Lee Sun Kyung တို့ဖြစ်တာမို့ လက်မလွှတ်တမ်းကြည့်သင့်တာတော့ အသေအချာပါပဲ။File Size – 420MBQuality – 1080p ...
5
TMDb: 5/10 1 votes
tv

Call It Love(2023)

2023
Big Bet(2022) SE1 +SE2 [Complete] 10
Big Bet(2022) SE1 +SE2 [Complete] Big Bet(2022)*****************စ/ဆုံး Cha Moo Sik ဆိုတဲ့ ဘိုးတော်ကြီးကို နာမည်နဲ့လူနဲ့သာ တွဲမသိကြပေမဲ့ရုပ်ရှင်ချစ်ပရိတ်သတ်တွေဟာ  I Saw the devil နဲ့ Old Boy ကိုရီးယားရုပ်ရှင်မှာ ပွဲကြမ်းခဲ့တဲ့ ဘဲကြီးဆိုရင်တော့ သိကြမယ်ထင်တယ်..ဒီစီးရီးမှာ သူအဓိကပါဝင်ထားသလို  The Roundup (2022) မှာဗီလိန်အဖြစ်ပါဝင်ထားတဲ့Gang Hae Sang လည်း Main Role အနေနဲ့ ပါဝင်ထားပါတယ်...ကိုရီးယားမှာ စီးပွားပျက်ကပ်ဆိုက်ကြတော့ ငတ်တောင်သေကုန်တဲ့ပြည်သူတွေရှိခဲ့ကြတယ်...ဒီလိုအငတ်ဘေးဆိုက်ကြတော့ လူတွေလည်းအစားတစ်လုပ်အတွက်လုပ်မိလုပ်ရာလုပ်ကြတယ်..အဲ့ဒီအထဲမှာငွေရအလွယ်ဆုံးက လောင်းကစားပဲ...ချာမူရှစ် လည်း ဒီလိုကပ်ဆိုးမှာ မွေးတဲ့ကလေးတစ်ယောက်ပဲ..ငယ်ဘဝမှာ ခါးသီးလွန်းတဲ့အနေအထားကြောင့်သူဟာ လောင်းကစားမှာဆရာတစ်ဆူဖြစ်အောင်လုပ်ပြီးဘုရင်တစ်ပါးဖြစ်အောင် ကြိုးစားမယ်ဆိုပြီး ဆုံးဖြတ်ပြီးတဲ့နောက်မှာတော့... Episodes: 16File Size:1.1GB, 500MBQuality :Web-DL DNSP 1080p,720PGenres: Action, Crime, DramaTranslated by  Hein That Naing, Hay Thar Oo    & MiriEncoded by  Phyo Pyae   >>>>TELE ...
10
TMDb: 10/10 1 votes
tv

Big Bet(2022) SE1 +SE2 [Complete]

2022
Between the World and Us (2022) 5
Between the World and Us (2022) Between the World and Us (2022) (စ-ဆုံး)********************************ကမ္ဘာကျော် Erkenci Kuş (Early Bird) ဆိုတဲ့ တူရကီ ဇာတ်လမ်းတွဲလေးကို မှတ်မိကြဦးမယ်ထင်ပါတယ်။လှလွန်းလို့ မိန်းကလေးတွေတောင် ကြိုက်ရတဲ့ ဇာတ်ဆောင်မင်းသမီး Demet Ozdemir ရဲ့၂၀၂၂ မှာ ထွက်ခဲ့တဲ့ အပိုင်း ၈ ပိုင်းပါဝင်တဲ့ ရိုမန့်စ် ဇာတ်လမ်းလေး ဖြစ်တဲ့ "Between the World and Us"ဇာတ်လမ်းအကျဉ်းလေးကတော့နာမည်ကြီး မဂ္ဂဇင်းတိုက်တစ်ခုမှာ အယ်ဒီတာချုပ်အဖြစ် လုပ်ကိုင်နေပြီး ယုံကြည်မှုသတ္တိနဲ့ အရာရာ ပြည့်စုံနေတဲ့ အမျိုးသမီးလေး "အီကင်"ဇာတ်လမ်းတွဲတစ်ခုတည်းနဲ့ အရမ်းနာမည်ကြီးနေတဲ့ ရုပ်ရှင်မင်းသား "တိုဂါ"သူတို့ ၂ ဦး အမှတ်မထင် ချစ်ကြိုက်မိပြီး ကာလ ရှည်ကြာလာတဲ့ relationship တစ်ခု ဖြစ်လာတဲ့အချိန်မှာတစ်ဖက်မှာလည်း အရမ်းထက်မြက်တဲ့ အမျိုးသမီးတစ်ဦး တစ်ဖက်မှာလည်း မင်းသားက ဇာတ်လမ်းတွဲတစ်ခုတည်းရိုက်နေလို့သရုပ်ဆောင် အရည်အချင်းကို ...
5
TMDb: 5/10 7 votes
tv

Between the World and Us (2022)

2022
Extraordinary (2023) Season 01 7.667
Extraordinary (2023) Season 01 Extraordinary (2023) Season 01 Complete ~ IMDb - 8/10, Rotten Tomatoes - 100% ~ ဒီရုပ်ရှင်ဟာ ခင်ဗျားတစ်ခါမှ မမြင်ဖူးတဲ့ စူပါဟီးရိုးလောကအကြောင်းပေါ့။ ဒီကစူပါဟီးရိုးတွေက စူပါဟီးရိုးတွေလို့တော့ပြောရခက်သား။ ဟီးရိုးမဟုတ်တဲ့ စူပါတွေပေါ့။ အများစုကတော့ စူပါငပေါတွေ။ သူတို့လောကမှာ စွမ်းအားတွေက အသက်၁၈ပြည့်ပြီးရင် ပေါ်လာတတ်တယ်။ သူတို့ရတဲ့စွမ်းအားတွေက အသုံးဝင်သလိုလို မဝင်သလိုလိုတွေချည်း။ တစ်ချို့စွမ်းအားတွေဆို ငါ့လခွီးဆိုပြီး အော်မိလောက်အောင် ကကျိုးကကြောင်နိုင်တယ်။ အဓိကဇာတ်ကောင်ဖြစ်တဲ့ ဂျန်ဆိုတဲ့ ကောင်မလေးက အလုပ်အင်တာဗျူးသွားလျှောက်တယ်။ ကံဆိုးချင်တော့ သူ့ကိုအင်တာဗျူးမယ့်လူရဲ့ စွမ်းအားက တစ်ဖက်လူကို အမှန်တွေချည်းပြောအောင်လုပ်တာဖြစ်နေတယ်။ ဒီတော့ အင်တာဗျူးမှာ ဂျန်က ညက တစ်ကိုယ်ရေဘာညာနေလို့ အိပ်ယာဝင်တာနောက်ကျသွားကြောင်းကနေ အစချီပြီး ဗရုတ်ဗရက်တွေ ပြောမိရှာပါလေရော။ ဒီလိုနဲ့ စိတ်ဓာတ်ကျ ခေါင်းငိုက်စိုက်ပြီး ဂျန်အိမ်ကိုပြန်လာခဲ့ရတယ်။ ဂျန်က ကယ်ရီနဲ့ ကတ်ဆိုတဲ့ သူငယ်ချင်းအတွဲနဲ့ အတူတူနေတာ။ သူတို့လည်း ...
7.667
TMDb: 7.667/10 18 votes
tv

Extraordinary (2023) Season 01

2023
National Treasure: Edge of History (2022) Season 01 (Complete) 7.6
National Treasure: Edge of History (2022) Season 01 (Complete) National Treasure: Edge of History (2022) Season 01 Complete National Treasure နှစ်ကားဟာ ကျွန်တော်တို့ ငယ်ငယ်ကတည်းက လူတိုင်းကြိုက်ခဲ့ကြတဲ့ ပြန်ကြည့်တိုင်းလည်း ကြည့်ကောင်းနေတဲ့ ဇာတ်ကားတွေလို့ ပြောရင် လွန်ရာကျမယ်မထင်ဘူး။ နစ်ကေ့ကြီးရဲ့ ရွှေခေတ်စာရင်းလည်း ဝင်တဲ့ကားတွေလို့ ပြောရမှာပဲ။ ရတနာရှာတဲ့ကားတွေ ရှေးဟောင်းသုတေသနကားတွေ ဖောချင်းသောချင်းရှိပေမဲ့ ဒီထဲကမှ အကောင်းဆုံး ၂ခုကိုရွေးပြဆို အင်ဒီယာနာဂျုံးစ်နဲ့ ဒီ National Treasure ကိုပဲ ရွေးကြရမှာမလား။ အင်ဒီနဲ့မတူတာကတော့ ဒီကောင်က ဖောက်ပြီးရင် သူလည်း အကျိုးအမြတ်နည်းနည်းတော့ရသေးသလို နိုင်ငံတော်ပိုင်လည်း အသိမ်းခံရသေးသပေါ့။ အင်ဒီယာနာလောက် အက်ရှင်မများပေမဲ့ သမိုင်းနဲ့ချိတ်ဆက်ပြီး ပဟေဠိဖော်တာတွေနဲ့ စိတ်ဝင်စားစရာကောင်းအောင် တရိပ်တရိပ်ပြတတ်တယ်။ ဒီလိုပြလို့လည်း ကိုယ်သိပြီးသားအချက်တွေနဲ့ သမိုင်းတွေနဲ့ နောက်ကွယ်က အချက်တွေကြောင့် စိတ်ဝင်တစားပိုဖြစ်ပြီး အားလုံးကို ဆွဲဆောင်ထားနိုင်တာပါပဲ။ National ဆိုတဲ့ နာမည်နဲ့လိုက်အောင်လည်း ကျွန်တော်တို့ရင်းနှီးတဲ့ ...
7.6
TMDb: 7.6/10 5 votes
tv

National Treasure: Edge of History (2022) Season 01 (Complete)

2022
Gannibal(2022) 8.5
Gannibal(2022) Gannibal(2022)****************အပိုင်း ( ၁ မှ ၇ ) ထိ စ/ဆုံးဒီJapanese Horror Thriller seriesဟာဆိုရင် Disney + နဲ့ Huluက ဇာတ်လမ်းတွဲအဖြစ်အသက်သွင်းထားပြီး2020 ခုနှစ်က hitဖြစ်ခဲ့တဲ့ Gannibal Mangaကိုမှီငြမ်းထားတာမလို့မကောင်းမှာတော့ စိတ်မပူနဲ့ဗျ။ ဇာတ်လမ်းအစမှာဆိုရင် သာယာလှပတဲ့ ကူဂဲရွာလေးရဲ့ရဲအရာရှိဟောင်းဟာဆိုရင်တော့ပျောက်ချင်းမလှပျောက်သွားတဲ့အတွက် ရဲအရာရှိအသစ်အဖြစ် ဒိုင်ဂို အာဂါဝါ ဟာတာဝန်ကျပါတော့တယ်။ရောက်ရှိချိန်မှာ ရွာနယ်ခံတွေက နွေးထွေးစွာကြိုဆိုကြသလို လက်ဆောင်တွေလည်းပေးကြဆိုတော့ပျော်စရာပေါ့..ဒီအပျော်တွေဟာ ရက်ပိုင်းတောင်မခံပါဘူး..ရွာအနီးက တောင်ထိပ်မှာ အဘွားအိုတစ်ဦး ရက်စက်စွာသတ်ဖြတ်ခံထားရတဲ့အပြင်အလောင်းတစ်ဝက်လောက်က သတ္တဝါတစ်ကောင်က စားထားတဲ့ပုံမျိုးတွေ့ရပါတယ်..အဲ့ဒီနောက် ရဲအရာရှိဟာ ဒီကိစ္စကိုဖြေရှင်းဖို့ကြိုးစားပါတော့တယ်..တစ်ပတ်ကိုတစ်ပိုင်းထွက်ရှိမှာဖြစ်ပြီး Horror ကားကြိုက်သူတို့မြည်းကြည့်သင့်တယ်..အပိုင်းတစ်မှာတင်ကြွေသွားလိမ့်မယ်..Episodes: 7File Size:815MB, 315MBQuality :Web-DL DNSP 1080p5.1Ch,720PGenres: Horror, Crime, Action & AdventureTranslated by Themes  & KitEncoded by  Phyo Pyae  >>>>TELE LINK ><>>>>  Episode 01  [720p]  ...
8.5
TMDb: 8.5/10 2 votes
tv

Gannibal(2022)

2022
Super Junior: The Last Man Standing (2023) 10
Super Junior: The Last Man Standing (2023) Super Junior : The Last Man Standing (2023)မရေတွက်နိုင်တဲ့‌ အောင်မြင်မှုသမိုင်းတွေရေး‌ဆွဲခဲ့ကြတဲ့ Super Junior နဲ့အတူတူ E.L.F တွေအနေနဲ့ အမှတ်တရခရီးတွေဆီကို နယ်ချဲ့နိုင်ပြီး အမျိုးမျိုးသောခံစားချက်တွေကိုယူ‌ဆောင်လာမယ့် The Last Man Standing documentary လေးကိုဘာသာပြန်တင်ဆက်ပေးလိုက်ပါတယ်။အချိန်အကြာကြီးအတူတူရှိလာခဲ့ကြတဲ့ Super Junior အဖွဲ့ဝင်တွေကြားက ခိုင်မာတဲ့သံယောဇဉ်တွေ၊ ယုံကြည်မှုတွေကို သေချာကြီးမြင်တွေ့ရမှာဖြစ်ပြီးတော့ အမှတ်တရတွေကို ပြန်လည်‌သတိရမိစေနိုင်မှာလည်းဖြစ်ပါတယ်။Super Junior စတင်ရာက‌နေ အခုအချိန်အထိ အတူတူ ကျော်ဖြတ်ခဲ့ကြတာတွေ ၊ ပျော်ရွှင်မှုတွေ ၊ အောင်မြင်မှုတွေ၊ ဝမ်းနည်းမှုတွေ ၊ အခက်အခဲတွေကို မျှဝေခံစားနိုင်မယ့် Documentary ကောင်းလေးတစ်ခုမို့ ကြည့်ကြဖို့တိုက်တွန်းလိုက်ပါတယ်နော်။အညွှန်း နဲ့ ဘာသာပြန်ကတော့ Shin and Cali ပဲ ဖြစ်ပါတယ်။Genre..... Documentary Quality…. 720p | 480p File size… 1.1GB | 525MB Format… mp4 Duration…. 50min Subtitle…. Myanmar Subtitle ...
10
TMDb: 10/10 1 votes
tv

Super Junior: The Last Man Standing (2023)

2023
Willow (2022) Season 01 Complete 6
Willow (2022) Season 01 Complete Willow (2022) Season 01 Complete ~ Rotten Tomatoes - 84%, Metacritic - 70% ~ 1988 မှာတုန်းက Star Wars ယူနီ‌ဗာ့စ်ရဲ့ဖခင်ကြီး George Lucas ရဲ့ဇာတ်လမ်းကို Ron Howard ကရိုက်ပြီး မှော် Fantasy ယူနီဗာ့စ်တစ်ခုအ‌နေနဲ့ Willow ဆိုပြီး ရိုက်ခဲ့ပါတယ်။ Warwick Davis, Val Kilmer နဲ့ Joanne Whalley တို့လို Cast အလန်းတွေကိုသုံးပြီးကို ရိုက်ခဲ့တာပါပဲ။ လူပြောသူပြောများလောက်တဲ့ ပေါက်ခဲ့တာတော့မဟုတ်ပေမဲ့ ဆိုးတော့မဆိုးသွားဘူးပြောရမှာပါပဲ။ ဒါပေမဲ့ ဒီဇာတ်လမ်းဟာ အများကြီးလာဖို့ရှိသေးပေမဲ့ ကလေးလေးမွေးပြီးစမှာတင် ဘာမှဆက်မဖြစ်တော့တာ တော်တော်ကြာသွားပါတယ်။ လူးကတ်စ်ကလည်း ဒီဇာတ်လမ်းကို ဆက်အသက်သွင်းချင်ပါတယ်။ Solo: A Star Wars Story ကားရိုက်ကွင်းကို လူးကတ်စ်သွား‌တော့ Lawrence ...
6
TMDb: 6/10 16 votes
tv

Willow (2022) Season 01 Complete

2022
Star Wars : Andor (Season 1) 9.7
Star Wars : Andor (Season 1) Star Wars ဖန်တွေအတွက် စိတ်ဝင်စားစရာ စီးရီးတစ်ခု ထပ်ထွက်လာပါပြီ။ Star Wars မကြည့်ဖူးရင်တောင် ဒီစီးရီးကနေ စကြည့်လို့ရပါတယ်။ ဒီစီးရီးကို Rogue One ရုပ်ရှင် Timeline မစခင် ၅ နှစ်အကြာမှာ စတင်ထားတာပါ။ သူခိုးဘဝကနေ တော်လှန်ရေးသမားဖြစ်လာတဲ့ ကတ်စီရန်အန်ဒေါ်အကြောင်းကို ပြသထားတာပဲဖြစ်ပါတယ်။Rogue One ဟာ Star Wars ဖန်တွေ အားလုံးနီးပါး သဘောကျခဲ့တဲ့ spin-off ရုပ်ရှင်မို့ ဒီစီးရီးကိုလည်း ဖန်အတော်များများက စောင့်မျှော်နေတာပါပဲ။ မူလ Star Wars သမိုင်းအရတော့ ဒီစီးရီးဟာ Revenge of the Sith ရုပ်ရှင် နဲ့ A New Hope ကြားထဲက အချိန်ပါပဲ။ တော်လှန်ရေးကို စတင်တည်ဆောက်နေဆဲ၊ ဂျဒိုင်းတွေ ပျောက်ကွယ်သွားပြီး အင်ပါယာ အာဏာရနေတဲ့အချိန်အတွင်းဖြစ်ပါတယ်။ ဒီတော့ ကတ်စီရန်ရဲ့ ...
9.7
TMDb: 9.7/10 3 votes
tv

Star Wars : Andor (Season 1)

2022
Pink Lie (2022)
Pink Lie (2022) Pink Lie (အညွှန်း) =============“Sweet Lie” မဟုတ်တဲ့ “Pink Lie” ပါဗျို့ ..။ Dating Show တွေကိုမှကြိုက်နှစ်သက်ပါတယ်ဆိုတဲ့ CM ပရိသတ်တို့အတွက် .. EXchange တို့ Change Days တို့နဲ့တင် အလောင်မဝနိုင်တဲ့ပရိသတ်တို့အတွက် Disney+ ကနေ “ပန်းနုရောင်မုသား” လေးကို ဖန်တီးပေးလိုက်ပြန်ပါပြီ။လူတိုင်းမှာ ကိုယ့်ပတ်ဝန်းကျင်ကလူတွေ ကိုယ်နဲ့ရင်းနှီးလွန်းပါတယ်ဆိုတဲ့သူတွေကိုတောင်ထုတ်မပြချင်တဲ့ dark side တွေ အတိတ်ဟောင်းတွေ ရှိတတ်ကြတယ်။ အဲဒီလို လူတိုင်းမသိတဲ့ကိုယ့်ရဲ့တခြားဖက်အခြမ်းကို ကိုယ်ချစ်ရတဲ့သူများသိသွားခဲ့သည်ရှိသော် ကိုယ့်ကိုလက်ခံပေးနိုင်ပါ့မလား .. ဆက်ချစ်ပေးနိုင်ပါ့မလားဆိုတဲ့ စိုးရိမ်စိတ်လေးတွေရှိဖူးကြတယ် .. ဟုတ် ??“Pink Lie” ဆိုတဲ့နာမည်အတိုင်းပဲ ဒီရှိုးမှာပါဝင်သွားမယ့် ပါဝင်သူ (၇) ယောက်လုံးက လျှို့ဝှက်ချက်ကိုယ်စီနဲ့သူတွေပါ။ သူတို့အားလုံးမှာအလိမ်အညာတစ်ခုစီထားခွင့်ရှိပြီး အဲဒီလိုအလိမ်အညာကိုလည်း လုံးဝဖော်ထုတ်ပိုင်ခွင့်မရှိပါဘူး။ အတိတ်တွေ၊ အနာဂတ်တွေအကုန်ဘေးချိတ်ထားပြီး ကိုယ့်မျက်စိရှေ့မှာမြင်နေရမယ့်သူရဲ့ ရှိရင်းစွဲပုံစံလေးကိုပဲမြင်ပါများလာရာကနေ ဘယ်သူက ဘယ်သူ့ကို ခံစားချက်တွေပိုသွားမလဲ .. နှစ်သက်ရသူဖုံးကွယ်ထားတဲ့ “ပန်းနုရောင်မုသား” ကို သိသွားတဲ့အခါမှာရော ခံစားချက်တွေပြောင်းလဲကုန်မှာလား .. “အချစ်ကပဲ မုသားကိုအနိုင်ယူသွားနိုင်မှာလား” ဆိုတာကို ...

Pink Lie (2022)

2022
Revenge of Others (2022) 2
Revenge of Others (2022) Revenge of Others (2022)အားလုံးစောင့်မျှော်နေကြတဲ့ School Dramaလေးပါ။ ပုံမှန်School Dramaတွေလို ချိုချိုမြိန်မြိန် မဟုတ်တာတော့ Trailerကြည့်ဖူးပြီးသားလူတွေတော့ သိနေကြမှာပါ။မင်းသမီး Shin Ye Eunက ဒီကားထဲမှာ Ok Chan Miဆိုတဲ့ ၁၉နှစ်အရွယ်ကျောင်းသူလေးဖြစ်ပြီးတော့ အထက်တန်းကျောင်းရဲ့ သေနတ်ပစ်အသင်းက ကစားသမားတစ်ဦးအဖြစ် သရုပ်ဆောင်ထားပါတယ်။All of Us are dead ထဲက အားလုံးရဲ့အချစ်တော် Lomonကတော့ မိခင်ဖြစ်သူကို တစ်ကိုယ်တည်းစောင့်ရှောက်နေရတဲ့ အထက်တန်းကျောင်းသားလေး Ji Soo Heonအဖြစ်ပါဝင်ထားပါတယ်။Ok Chan Miဟာ သံသယဖြစ်ဖွယ်ကောင်းတဲ့ အမွှာအစ်ကိုဖြစ်သူရဲ့သေဆုံးမှုရဲ့နောက်ကွယ်က တရားခံနဲ့ အမှန်တရားကို ရှာဖွေဖို့ကြိုးစားနေခဲ့ပြီး Ji Soo Heonကတော့ အနိုင်ကျင့်ခံရတဲ့ကျောင်းသားတွေကိုယ်စား အပြစ်ရှိသူတွေကို ကလဲ့စားချေသွားမှာပါ။ရည်ရွယ်ချက်ချင်းမကွာကြတဲ့ နှစ်ယောက်သားတွေ့ဆုံကြပြီး အမှန်တရားကို ရှာဖွေသွားကြမှာဆိုတော့ သည်းထိပ်ရင်ဖိုဇာတ်လမ်းကောင်းတစ်ပုဒ်ဖြစ်လာဦးမှာအသေချာပါပဲ။School Dramaကို Thriller အမျိုးအစားနဲ့ကြည့်ချင်သူတွေအတွက်ကတော့ ကြည့်သင့်တဲ့ဇာတ်လမ်းလေးပါပဲနော်။မျှော်နေတဲ့လူတိုင်းအတွက်လည်း အပတ်စဉ်ဗုဒ္ဓဟူးနေ့တိုင်း တင်ဆက်ပေးသွားမှာမို့လို့ အတူလိုက်ပါစီးမျောဖို့ ဖိတ်ခေါ်လိုက်ပါတယ်။အညွှန်းကိုတော့ Milkeux က ရေးထားပေးပြီးတော့ ဘာသာပြန်ထားတာကတော့ Milkeux, ...
2
TMDb: 2/10 1 votes
tv

Revenge of Others (2022)

2022
Connect(2022) [Complete]
Connect(2022) [Complete] Connect(2022) Ep1 to 6[Complete]*********************************ဒုံဆူတစ်ယောက် ကိုယ်တွင်းအင်္ဂါကူးသန်းရောင်း၀ယ်ရေးအဖွဲ့ဆီမှာပြန်ပေးဆွဲခံလိုက်ရပြီး မျက်လုံးတစ်ဖက်ပါ ဖောက်ထုတ်ခံခဲ့ရတယ်...နောက်ပိုင်းကျ ဒုံဆူတစ်ယောက် တစ်စုံတစ်ခုကိုစတင်မြင်လာရတဲ့အခါ သူ့ရဲ့မျက်လုံးကိုတောင်ကိုးရီးယားတစ်နိုင်ငံလုံးကို လှုပ်လှုပ်ရွရွဖြစ်စေခဲ့တဲ့ ကွင်းဆက်လူသတ်သမားကိုအစားထိုးပေးလိုက်တာဖြစ်ကြောင်း နားလည်သဘောပေါက်သွားပြီးလူသတ်သမားမြင်‌ရတာတွေကို အတူတူလိုက်မြင်နေရတဲ့ ဒုံဆူဟာနောက်ထပ်လူမသတ်နိုင်အောင်တားဖို့အတွက် အဲဒီလူသတ်သမားကို လိုက်ရှာပါတော့တယ်...Jung HaeIn, Go KyungPyo နဲ့ Kim Hye Jun တို့ အဓိကပါဝင်သရုပ်ဆောင်ထားတဲ့၆ပိုင်းပါရှိပါတယ်..ဂျပန်ဒါရိုက်တာကြီး Takashi Miike က ရိုက်ကူးပေးထားပြီး Jung Hae in ရဲ့ သရုပ်ဆောင်ချက်အသစ်အဆန်းတွေကိုတွေ့မြင်ရဦးမဲ့ ဇာတ်ကားသစ်လေးဟာ ဒီနေ့ပဲ ၆ ပိုင်းလုံးထွက်ရှိသွားမှာဖြစ်လို့ စောင့်မျှော်ကြည့်ရှုပေးကြပါဦး....    Episodes: 6File Size:700MB, 300MBQuality :Web-DL 1080p,720PGenres: Thriller, Mystery, Horror, CrimeTranslated by  Hay Thar Oo , Miri,  .Hnin Wai Oo  &  EstelEncoded by  Phyo Pyae   >>>>TELE ...

Connect(2022) [Complete]

2022
Limitless with Chris Hemsworth (2022)
Limitless with Chris Hemsworth (2022) Limitless with Chris Hemsworth (2022) ============================= IMDb Rating - 8.1/10ဒီရက်ပိုင်း Hit ဖြစ်နေတဲ့ သတင်းတစ်ခုကတော့ MCUရဲ့ Thor အဖြစ်သရုပ်ဆောင်တဲ့ Chris Hemsworthရဲ့ ဒီရက်ပိုင်း Hit ဖြစ်နေတဲ့ သတင်းတစ်ခုကိုတော့ ကြားဖူးထား လောက်ပြီထင်ပါတယ်။ ဟုတ်ပါတယ် သူ့ရဲ့မျိုးရိုးလိုက်တတ်တဲ့ အယ်လ်ဇိုင်းမားရောဂါအကြောင်း သိရှိပြီးတဲ့နောက်မျာတော့ ရုပ်ရှင် ရိုက်ကူးမှုတွေ ရပ်နားထားမှာဖြစ်ပြီး ဘယ်အချိန်မှာ ပြန်ရိုက်ကူး ဖြစ်မလဲတော့ အတိအကျ ပြောဆိုထားခြင်း မရှိသေးပါဘူး။ သူက Avengers ရိုက်ကူးနေစဉ်ကာလကတည်းက စိတ်ဖိစီးမှု ဒဏ်တွေ အများအပြားခံစားခဲ့ရပြီး သူ့ရဲ့ စားသောက်နေထိုင်မှု ပုံစံတွေကိုပါပြောင်းလဲပစ်ခဲ့ရသူပါ။ဒီ documentary မှာတော့ Chris Hemsworth ရဲ့ လက်ရှိကြုံ တွေ့နေရတဲ့ စိတ်ဖိစီးမှုတွေကို တွန်းလှန်သွားနိုင်မဲ့ အပြင်းစား စိန်ခေါ်မှုကြီးခြောက်ခုကို လုပ်ဆောင်ပြသွားမှာဖြစ်ပါတယ်။စိတ်ဖိစီးမှုဒဏ်ကို တွန်းလှန်နိုင်ဖို့က အဲဒီလို စိတ်ဖိစီးမှုကို ဖြစ်စေတဲ့ အရာတွေနဲ့ ထိပ်တိုက်ရင်ဆိုင်ပစ်လိုက်ခြင်းဖြစ်တယ်ဆိုတဲ့ အဆိုအရ သူအရမ်းကြောက်တဲ့ သူမလုပ်နိုင်လောက်ဘူးလို့ ထင်တဲ့ စိန်ခေါ်မှု အကြီးစားတွေကို လုပ်ဆောင်ရင်း သူ့ရဲ့အတွေ့အကြုံတွေကို မျှဝေ ပေးသွားမှာမျိုးပါ။သူနဲ့အတူတူ သူ့ရဲ့ညီအစ်ကိုရင်းချာတွေဖြစ်တဲ့ မင်းသား Liam ...

Limitless with Chris Hemsworth (2022)

2022
Shadow Detective (2022) 7.8
Shadow Detective (2022) Shadow Detective (2022) ==================ဒီတစ်ခေါက်မှာတော့ နာမည်ကြီးမင်းသားကြီးတွေ အဓိက ပါဝင်ရိုက်ကူးထားတဲ့ စုံထောက်ဇာတ်လမ်းတွဲလေးကို တင်ဆက်ပေးလိုက်ပါတယ်။ ခပ်ကြမ်းကြမ်းအက်ရှင် ဇာတ်လမ်းလေးမို့လို့ အက်ရှင်ကြိုက်တဲ့ ပရိတ်သတ်တွေအနေနဲ့ မလွတ်တမ်းကြည့်ရှု သင့်တဲ့ ဇာတ်လမ်းလေးတစ်ခုပါပဲနော်။ဇာတ်လမ်းအကျဉ်း --------------------------- ဂင်ထက်ရို့ဟာ ဂူမိုရဲစခန်းက ပင်စင်ယူဖို့နီးနေပြီဖြစ်တဲ့ စုံထောက်ဟောင်းတစ်ယောက် ဖြစ်ပါတယ်။ အသက်ကြီးလို့ အနားယူချင်ပေမယ့် ပင်စင်လစာကိုမျှော်မှန်းပြီးတော့ စုံထောက်အလုပ်ကို ဆက်လက်လုပ်ကိုင်နေတဲ့လူတစ်ယောက်၊ အတွေ့အကြုံရှိပြီး ကျွမ်းကျင်တဲ့စုံထောက်တစ်ယောက်ဖြစ်ပေမယ့် အကြီးတန်းစုံထောက်ထက် ရာထူး ပိုတိုးမလာခဲ့ပါဘူး။ဂူမိုမြို့က ဆိပ်ကမ်းမြို့ဖြစ်တဲ့အတွက် မူးယစ်ဆေးဝါးမှုတွေနဲ့ အခြားသော ရာဇဝတ်မှု တွေများပြားတဲ့ မြို့တစ်ခုဖြစ်ပါတယ်။ ဒါကြောင့် ဂူမိုမြို့ရဲ့ ရဲမှူးဆောဂွမ်ဆူဟာ ဂူမိုမြို့နေ ပြည်သူတွေရဲ့ လုံခြုံရေးအတွက်ရည်ရွယ်ပြီးတော့ အထူးစုံစမ်းရေးအဖွဲ့တစ်ခုကို ဖွဲ့စည်း ပေးခဲ့တယ်။ တစ်ရက်မှာတော့ စုံထောက်ကြီးဂင်ထက်ရို့ဆီကို အမည်မသိဖုန်းတစ်ခုဝင် လာပြီးတော့ ငါက မင်းရဲ့သူငယ်ချင်းဟောင်းတစ်ယောက်ပါလို့ပြောခဲ့ပြီး။ နောက်ထပ် ဖုန်းထပ်ခေါ်တဲ့အခါမှာတော့ မင်းရဲ့ လုပ်ဖော်ကိုင်ဖက် အူဟျွန်ဆော့ကို ငါသတ်လိုက်တယ် ဆိုပြီးပြောလာခဲ့ပါတယ်။ အဲဒီနောက်မှာပဲ ဂင်ထက်ရို့ဟာ အူဟျွန်ဆော့ကို သတ်တဲ့အမှုရဲ့ သံသယရှိသူအဖြစ်ကိုရောက်သွားခဲ့တယ်။စုံထောက်အူဟျွန်ဆော့သေဆုံးမှုမှာ ဘယ်လို ထူးခြားမှုတွေရှိနေမလဲ၊ ဖုန်းဆက်တဲ့လူကရော ဘယ်သူလဲ၊ စုံထောက်ကြီးဂင်ထက်ရို့တစ်ယောက် သံသယရှိသူအဖြစ်ကနေ လွတ်မြောက်နိုင် ဖို့နဲ့ အမှန်တရားကိုဖော်ထုတ်ဖို့ ဘယ်လိုကြိုးစားမလဲဆိုတာကို ဒီဇာတ်လမ်းမှာဆက်လက် ကြည့်ရှုနိုင်ပါပြီ။(၁ပတ်ကို ၂ ပိုင်းနှုန်းဖြင့် အပတ်စဥ် ...
7.8
TMDb: 7.8/10 2300 votes
tv

Shadow Detective (2022)

2022
Zootopia+(2022) 8.1
Zootopia+(2022) Zootopia (2022)IMDb -6.9/10"I won't give up,no,I won't give in"ဒီသီချင်းလေးကြားတာနဲ့ အရင်ဆုံးပြေးမြင်မှတ်မိနေမှာကတော့ Zootopia ပဲ ဖြစ်ကြမှာပါဒီတစ်ခါကတော့ Zootopia ရဲ့ ထွက်ရှိလာတဲ့ series လေးပါပဲ အပိုင်း 1 မှာ ဂျူဒီ Zootopia ကို ပြန်တဲ့အချိန် စတူတို့ရဲ့ ဘေဘီလေးမော်လီ ရထားပေါ် မထင်မှတ်ပဲ ပါသွားလို့ စတူတို့ ပြန်လိုက်ခေါ်ကြပုံလေးနဲ့ အစပျိုးထားတယ်ယုန်တွင်းလေးကနေ ဘယ်မှမထွက်ဘူးတဲ့ စတူတို့ Zootopia မြို့ကြီးကို ရောက်သွားပုံကတော့ လမ်းခရီးတလျောက်အလွဲလေးတွေ ဟာသလေးတွေနဲ့ပေါ့ ယုန်မလေးရဲ့ တစ်ကိုယ်တော် စွန့်စားခန်းတွေမဟုတ်ပဲ ဇာတ်ကောင်အားလုံးရဲ့ ဘ၀တစ်ဖြတ်တစ်ရပ်ကို အပိုင်းလိုက် ရယ်မောပျော်ရွှင်ခံစားရမှာပါZootopia ရဲ့ ချစ်ဖို့ကောင်းတဲ့ ဇာတ်ကောင်လေးတွေရဲ့ ကိုယ်ပိုင်အပိုင်းလေးတွေထဲမှာမှ IMDb 8.4 ထိရတဲ့ အပိုင်းလေးတွေလည်း ပါတာမို့ မကြည့်မိရင် နောင်တမရကြေးနော်File Size –138MB / 98MBQuality –1080p DNSP WEB DL  / 720pDuration –11minsTotal Episodes:6EpsSubtitle ...
8.1
TMDb: 8.1/10 15 votes
tv

Zootopia+(2022)

2022
May It Please The Court (2022)[ Complete]
May It Please The Court (2022)[ Complete] May It Please The Court (2022) ဇာတ်လမ်းတွဲအညွှန်း*********************************************အပိုင်း ( ၁ မှ ၁၂ ) ထိ စ/ဆုံးနိုချာဟီးက ဂျန်ဆန်ဥပဒေရုံးမှာအလုပ်လုပ်တဲ့Ace ရှေ့နေတစ်ယောက်ပဲဖြစ်ပါတယ်..အမှုအများစုက အောင်မြင်အောင်လုပ်နိုင်တဲ့သူမို့သူရဲ့ရှေ့နေလိုက်ခကလည်း၆မိနစ်စာကို ဝမ်၄၅၀၀၀ယူပါတယ်ဥပဒေရုံးရဲ့ ပါတနာရာထူးအထိ တိုးခါနီးအချိန်မှာပဲသူလက်ခံထားတဲ့အမှုမှာ ပြဿနာတက်ပြီးတော့ရှေ့နေအလုပ်ကနေ ရပ်ဆိုင်းခံရလုနီးနီးဖြစ်သွားရပြီးတော့ပြည်သူရှေ့နေအနေနဲ့ ဂျွာရှီဟတ်နဲ့အတူတစ်ရုံးတည်းအလုပ်လုပ်ဖိုဖြစ်လာပါတယ်....အဲ့ဒီကတည်းက ပြဿနာမျိုးစုံနဲ့ အခက်အခဲ မျိုးစုံကိုတွေ့ကြုံရပါတော့တယ်...(အညွှန်းရေးသားထားသူကတော့ Shwe Pyae ဖြစ်ပါတယ်)Quality : WEB-DL 720pTotal Episodes : 12Format : mp4Genres : Law, Drama, MysteryDuration : 1hr 2min per EpisodeSubtitle : Myanmar Subtitle ( Hardsub )Translated by Hay Thar Oo, Thynn Nu Swe, Hnin ...

May It Please The Court (2022)[ Complete]

2022
She-Hulk: Attorney at Law (2022) 8
She-Hulk: Attorney at Law (2022) She-Hulk : Attorney at Law (2022)ကဲ ဒစ္စနေးရဲ့ စူပါဟီးရိုးအသစ်လာပါပြီ။ ဒစ္စနေးထုံးစံအတိုင်း ဟာသလေးတွေနဲ့ စွန့်စားခန်းတွေ တိုက်ခိုက်ခန်းတွေ ဖောဖောသီသီပါတာပါပဲ။ She-Hulk ဟာ ဘရုစ် ဘန်နာရဲ့ ဝမ်းကွဲညီမရှေ့နေတစ်ယောက်ဖြစ်ပါတယ်။ တစ်နေ့မှာ သူ့အစ်ကို ဘန်နာနဲ့အတူ ခရီးသွားရင် ကားမှောက်ရာကနေ ဘန်နာရဲ့သွေးတွေ သူ့ကိုယ်ထဲကိုဝင်သွားပါတယ်။ ဒါပေမဲ့ သူ့ရဲ့မျိုးဗီဇကလည်း ဘန်နာလိုပဲ ထူးခြားတာမို့ ဂမ်မာဓာတ်ရောင်ခြည်ကြောင့်မသေဘဲ ဟော့ခ်တစ်ယောက်ဖြစ်လာခဲ့ပါတယ်။ အဲဒီဟော့ခ်ဘဝကိုထိန်းသိမ်းတတ်အောင် ဘန်နာနဲ့အတူလေ့ကျင့်ပြီးတော့ သူ့ရဲ့အရင်ဘဝရှေ့နေလောကထဲကို ပြန်ဝင် အလုပ်လုပ်ရင်း ဟော့ခ်အဖြစ်နဲ့ ရင်မဆိုင်လို့မဖြစ်တဲ့ အန္တရာယ်တွေ ကြုံလာတဲ့အခါ...အညွှန်း နဲ့ ဘာသာပြန်ကတော့ Mr.Anderson ပဲ ဖြစ်ပါတယ်။Genre..... Comedy, Action & Adventure Quality…. 1080p | 720p File size… 600MB | 800MB Format… mp4 Duration…. 40min Episodes..... 9 Episodes Subtitle…. Myanmar Subtitle (Hardsub) Translator ..... Mr.Anderson Encoder ..... AugustVIP Link - ...
8
TMDb: 8/10 10 votes
tv

She-Hulk: Attorney at Law (2022)

2022
Tierra Incognita (2022) 5.6
Tierra Incognita (2022) Tierra Incognita (2022) =================Disney+ ကနေ အသစ်ပြသလာတဲ့ Horror, Mystery Series အသစ်ကို တင်ဆက်ပေးလိုက်ပါတယ်။ စုစုပေါင်း(၈)ပိုင်း တစ်ပြိုင်တည်းထွက်ရှိထားပြီး လူငယ်ကြိုက်စီးရီးမျိုးဖြစ်တာမို့ လက်မလွှတ်စေရအောင်တင်ဆက်ပေးလိုက်ပါပြီ။လွန်ခဲ့တဲ့ ရှစ်နှစ်က Cabo Qwert မှာ ပျောက်ဆုံးသွားတဲ့ မိဘတွေကို ရှာဖွေဖို့ သားဖြစ်သူ အဲရစ် ဒါလာရစ်က သူ့ရဲ့ဇာတိမြို့ကို ပြန်သွားရာကနေ အစချီထားပါတယ်။ တစ်မြို့လုံးကလူတွေက သူ့မိဘတွေရဲ့ ပျောက်ဆုံးမှုကို ရေရေရာရာမသိဘဲ သူ့မိဘ တွေက သူတို့တည်ထောင်ခဲ့တဲ့ ကစားကွင်းကို ကျိန်စာသင့်အောင် လုပ်ခဲ့တာဆိုပြီး လည်း ပြောဆိုနေကြပါတယ်။အဲရစ်အနေနဲ့ သူ့မိဘတွေကို ဆုံးသွားပြီလို့ မထင်ဘဲ တစ်နေရာရာမှာရှိမယ်လို့ ယုံကြည်ပြီး အမှန်တရားတစ်ခုကို ရှာဖွေဖို့ ကြိုးစားပါတော့တယ်။ အဲတော့ သူ့မိဘ တွေက ဘယ်လို ပျောက်သွားတာလဲ။ နောက်ပြီးတော့ မြို့ထဲမှာ အလင်းတန်းတွေ ပေါ်လာတိုင်း လူတွေဘာလို့ပျောက်သွားတာလဲ၊ အဲရစ်တစ်ယောက်ကရော သူ့မိဘ တွေကို ပြန်လည်ရှာတွေ့နိုင်ပါ့မလားဆိုတာ ပဟေဠိဆန်ဆန် အဖြေရှာရင်း ကြည့်ရှူ ရမှာပါ။ (ဒီစီးရီးရဲ့ အညွှန်းနဲ့ ဘာသာပြန် ရေးသားပေးသူကတော့ Parris ဖြစ်ပါတယ်။)File Size.............(400 ...
5.6
TMDb: 5.6/10 1200 votes
tv

Tierra Incognita (2022)

2022
Adamas (2022) [Complete] 6

Adamas (2022) [Complete]

2022
Ms. Marvel (2022) – Season 01 7.6
Ms. Marvel (2022) – Season 01 Ms. Marvel (2022) - Season 01 =======================မာဗယ်ရဲ့ စူပါဟီးရိုးအသစ် မစ္စမာဗယ် စပါပြီ။ တစ်ပတ်တစ်ပိုင်းနဲ့ ၆ ပိုင်းထွက်ရှိမှာဖြစ်ပါတယ်။ကာမာလာခန်းဆိုတဲ့ ၁၆ နှစ်အရွယ် ပါကစ္စတန်သူ စူပါဟီးရိုးလေးဖြစ်ပါတယ်။ Comic အရဆိုရင်တော့ လေးယောက်မြောက် Ms. Marvel လည်းဖြစ်ပါတယ်။ ကာမာလာဟာ ဘာသာရေးနဲ့စည်းကမ်းတင်းကြပ်တဲ့ အစ္စလာမ်ဘာသာဝင်မိသားစု တစ်ခုရဲ့ သမီးပျိုလေးတစ်ယောက်ဖြစ်ပါတယ်။ ဒါပေမဲ့ သူဟာ ကျောင်းစာတွေထက် ကာတွန်းတွေဆွဲဖို့တွေ အာကာသနဲ့ စူပါဟီးရိုးအကြောင်းတွေကိုပဲ အမြဲစိတ်ကူး ယဉ်နေတတ်သူဖြစ်ပါတယ်။ သူ့ရဲ့အကြိုက်ဆုံးဟီးရိုးကတော့ ကပ္ပတိန်မာဗယ်ပါပဲ။ သူ့ရဲ့ အစွမ်းတွေကတော့ ကပ္ပတိန်မာဗယ်နဲ့ ကွဲပြားပါတယ်။ ဘယ်လောက်ထိ ဘယ်လိုအစွမ်းထက်ပြီး ဘယ်ရန်သူတွေနဲ့ ရင်ဆိုင်ရမလဲဆိုတာတော့ ဆက်ကြည့်ရမှာပါပဲ။ (ဒီစီးရီးရဲ့ အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Mr.Andrson ဖြစ်ပါတယ်။)File Size.............(1.4 Gb) / (800 MB) / (300 MB) Quality...............WEBDL 4K / 1080p / 720p Duration............50Mins(@Episode) Subtitle..............Myanmar Hardsub Format...............MP4 Genre.................Action, Adventure, Comedy, Sci-Fi Translator..........Mr.Andrson Encoder..............SWM / ...
7.6
TMDb: 7.6/10 13 votes
tv

Ms. Marvel (2022) – Season 01

2022