Channel Myanmar

Dramax

Graceful Family (2019) 9.3
Graceful Family (2019) Graceful Family [2019]ဒီတစ်ခါတော့ ဇာတ်လမ်းတွဲအဟောင်းတွေထဲက ပရိသတ်ရင်ကို ထိမယ့် ကောင်းနိုးရာရာ ဇာတ်လမ်းတွဲတစ်ပုဒ်ကို တင်ဆက်ပေးလိုက်ပါတယ်၂၀၁၉ ခုနှစ်က ထွက်ရှိခဲ့တဲ့ MBN ရုပ်သံလိုင်းရဲ့ နာမည်အကြီးဆုံးနဲ့ အအောင်မြင်ဆုံးဖြစ်ခဲ့သလိုသူဌေးအိမ်က ငါးသေလို့ ဝန်ကြီးပါ စျာပနတက်ရတယ်ဆိုတဲ့ နာမည်ကြီးတဲ့ကားလေးကို တင်ဆက်ပေးချင်ပါတယ်။ဇာတ်လမ်းအကျဥ်းကတော့ .....ချမ်းသာကြွယ်ဝလှတဲ့ သူဌေးကြီး မိုချောဟီး မှာ တရားဝင်မယားကြီး(၂)ယောက်နဲ့ မယားငယ်တစ်ယောက်တို့နဲ့ရတဲ့ သား သုံးယောက် နဲ့ သမီးတစ်ယောက်ရှိပါတယ်။မိုဝမ်ဆို ၊ မိုဝမ်ဂျွန်း ၊ မိုဆောဂျွန်းဆိုတဲ့ သားသုံးယောက်က တစ်ယောက်တစ်မျိုးစီ ဆိုးကြသလို သမီးဖြစ်တဲ့ မိုဆော့ဟီးကလည်း ဆတ်ဆတ်ထိမခံတဲ့ မာနခဲတစ်ယောက်ဖြစ်ပါတယ်။မိုချောဟီးပိုင်ဆိုင်တဲ့ MC လုပ်ငန်းစုက ကိစ္စ မှန်သမျှနဲ့ သားသမီးတွေ အရှုပ်တွေကို လိုက်လံဖြေရှင်းပေးတာကတော့ "TOP" ဆိုတဲ့ ဘက်စုံကျွမ်းကျင်တဲ့ အဖွဲ့ဖြစ်ပါတယ်။ဒီလိုနဲ့ ဟောယွန်းဒို ဆိုတဲ့ ရှေ့နေကောင်လေးက မာနခဲလေး မို​ဆော့ဟီးနဲ့ မမျှော်လင့်ဘဲတွေ့ဆုံမိရာကနေ သူ့ဘဝအတွက် တစ်ဆစ်ချိုးပြောင်းလဲမှုကြီးဖြစ်လာပါတော့တယ်။ကိုရီးယားနိုင်ငံရဲ့ဥပဒေထက် အသာစီးရတဲ့ "TOP" ဆိုတဲ့ အဖွဲ့ထဲကို ဝင်ဖို့ဖြစ်လာပါတယ်။အပြင်ပန်းမှာခက်ထန်မာကြောနေကြပေမယ့် ရင်ထဲက စိတ်ဒဏ်ရာတွေ၊ နှစ်ယောက်စလုံးရဲ့နစ်နာမှုတွေကို မိုဆော့ဟီးနဲ့ ဟောယွန်းဒို တို့ အချင်းချင်းသိရှိသွားချိန်မှာတော့လောဘ၊ဒေါသ၊မောဟတွေ ကြီးစိုးနေကြတဲ့ လူကုံထံ ...
9.3
TMDb: 9.3/10 6 votes
tv

Graceful Family (2019)

2019
Rich Man (2018) TV Series 6
Rich Man (2018) TV Series ကဲ အားလုံး​မျှော်​လင့်​​နေကြတဲ့ EXOရဲ့ Leader ကြီးSuho main lead အဖြစ်​ပါဝင်​ထားတဲ့ Rich Man, Poor Woman ဆိုတဲ့romatic comedy ကား​လေးကိုတင်ဆက်ပေးလိုက်ပါပြီNext In ဆိုတဲ့ ITကုမ္ပဏီတစ်​ခုရဲ့ CEO ဖြစ်​တဲ့ လီယိုချန်း( suho ) ဟာလူငယ်​ကျွမ်းကျင်​ပညာရှင်​​တွေ အလုပ်​ဝင်​ချင်​ဆုံးကုမ္ပဏီကိုတည်​​ထောင်​ထားသူဖြစ်​ပါတယ်​။အသက်​၂၀​ကျော်​နဲ့ ကုမ္ပဏီတစ်​ခုကိုတည်​​ထောင်​ထားတဲ့ လီယိုချန်းဟာကိုယ့်​ကိုကိုယ်​အထင်​ကြီးပြီး လူ​တွေကို​တော်​ရုံတန်​ရုံနဲ့မယုံတတ်တဲ့အပြင်​လူ​တွေရဲ့မျက်​နှာကို မှတ်​မိနိုင်​စွမ်းမရှိပါဘူး။ ဂျယ်​ဂျူကျွန်းမှာ ​မွေးဖွားခဲ့တဲ့ကင်​ဘိုရာ(Ha Yeon-Soo) က​တော့ ထက်​မြတ်​ပြီး မိသားစုကဂုဏ်​ယူရတဲ့​ကောင်​မ​လေးတစ်​​ယောက်​ပါ။ ဆိုလ်းမှာ​ကျောင်းတတ်​​နေတဲ့ သူမကိုမိသားစုက ​အများကြီး​မျှော်​လင့်​ထားပြီး သူမရဲ့အိမ်​မက်​က​တော့Next In မှာအလုပ်​ရဖို့ပါပဲ။ သွက်​လက်​ထက်​မြတ်​တဲ့ ​ကောင်​မ​လေးကင်​ဘိုရာကို သ​ဘောကျတဲ့ Nest In ရဲ့ ဒုဥက္ကဌအဖြစ်​ မင်​ထယ်​ဂျို(Oh Chang Suk)က ပါဝင်​သရုပ်​​ဆောင်​ထားပြီး လီယိုချန်းကိုစိတ်​ဝင်​စား​နေတဲ့ မင်​ထယ်​ရာက​တော့ မင်​ထယ်​ဂျိုညီမ ပြခန်းမှူးတစ်​​ယောက်​ပဲဖြစ်​ပါတယ်​။ဒီကား​လေးက 2012ကထွက်​ရှိထားတဲ့ ဂျပန်​ romatic ကား​လေးကိုပြန်​လည်​ရိုက်​ကူးထားတာဖြစ်​ပြီး ...
6
TMDb: 6/10 1 votes
tv

Rich Man (2018) TV Series

2018