Channel Myanmar

Freeform

Cruel Summer (2023) Season 02 Complete 7.6
Cruel Summer (2023) Season 02 Complete Cruel Summer (2023) Season 02 ~ IMDb - 7.4/10, Rotten Tomatoes - 82% ~ Season 2 ကတော့ ပထမ Season နဲ့ ဇာတ်လမ်းက ဘာမှမဆိုင်ပါဘူး။ Season 1 မကြည့်ထားလည်း ဖြတ်ကြည့်လို့ရပါတယ်။ ဒါပေမဲ့ ဆင်တာတွေ တော်တော်များများတွေ့ရမှာပါ။ အဲဒီတော့ ပုံစံတူတူကြီး ပျင်းစရာကြီးလို့မထင်လိုက်ပါနဲ့။ ပိုပြီး စိတ်ဝင်စားစရာကောင်းသလို၊ ပိုပြီးလည်း ရှုပ်လာတယ်လို့ ပြောရပါလိမ့်မယ်။ ပထမ Season အတိုင်းပဲ ရက်စွဲသုံးခုကို တစ်ပြိုင်တည်းပြထားပါတယ်။ အဲဒီတော့ ဇာတ်လမ်းအစမှာ ဒိတ်လေးတွေကို ကြည့်ဖို့ မမေ့ပါနဲ့ဦး။ စလာကတည်းက ဇာတ်ရှိန်ကောင်းကောင်းနဲ့လာပြီး လုံးဝဇာတ်ရှိန်မကျအောင် ထိန်းသွားနိုင်ပါတယ်။ ပထမ Season ကို အကြိုက်တွေ့တဲ့သူတွေတော့ ဇာတ်လမ်းက မဆက်စပ်ပေမဲ့ လုံးဝမကြည့်မဖြစ် ကြည့်သင့်ပါတယ်။ ဇာတ်လမ်းအကျဉ်းကိုတော့ အစအဆုံး ကိုယ့်ဘာသာပဲ ခံစားပြီး ကြည့်နိုင်အောင် ...
7.6
TMDb: 7.6/10 276 votes
tv

Cruel Summer (2023) Season 02 Complete

2023
Cruel Summer (2021) Season 01 Complete 7.6
Cruel Summer (2021) Season 01 Complete Cruel Summer (2021) Season 01 Complete ~ IMDb - 7.4/10, Rotten Tomatoes - 82% ~ ဒီ Teen, Drama, Thriller, Mystery Series လေးက 13 Reasons Why ဇာတ်လမ်းကို ကြိုက်သူတွေ မကြည့်မဖြစ်ကြည့်သင့်တဲ့ Series လေးပါပဲ။ ပုံမှန် ဆယ်ကျော်သက် ပြဿနာတွေထက်ပိုကြီးတဲ့ ပြဿနာတွေကို ကြုံတွေ့ရတဲ့ ဆယ်ကျော်သက်လေးတစ်စုအကြောင်းပါ။ စလာကတည်းက စိတ်ဝင်စားစရာကောင်းပြီး နောက်ဘာဖြစ်မယ်ဆိုတာ အပိုင်းတိုင်းမှာ ရင်ခုန်နေရအောင် ဆွဲဆောင်ထားနိုင်ပါတယ်။ ဇာတ်လမ်းကို ခုနှစ်သုံးခုရဲ့ နွေရာသီတွေမှာ ဖြစ်ခဲ့တဲ့ အကြောင်းကို အပြိုင်ပြထားတဲ့အတွက် နည်းနည်းတော့ ရောချင်စရာကောင်းပါတယ်။ အချိန်ကရှေ့နောက်ကူးနေပေမဲ့ ဇာတ်လမ်းသွားကတော့ Mystery အမျိုးအစားပီပီသသ ရှေ့မှာ ဘာဖြစ်မလဲဆိုတာ မှန်းမရအောင် ပြထားနိုင်တာကတော့ အရမ်းကိုလှတယ်လို့ပြောချင်ပါတယ်။ ဇာတ်လမ်းထဲကအကြောင်းအရာကိုပဲ အဓိကပြောထားပြီး လူ့အဖွဲ့အစည်းက ဘာဖြစ်တယ်၊ ...
7.6
TMDb: 7.6/10 274 votes
tv

Cruel Summer (2021) Season 01 Complete

2021
The Watchful Eye – Season(01) 6.3
The Watchful Eye – Season(01) The Watchful Eye - Season (01) ======================= IMDb Rating - 6.3/10ဂရေးဘောင်းမိသားစုကြီးဟာ နယူးယောက်မြို့တော်ရဲ့ အစဉ်အလာကြီးမားတဲ့အထက်တန်းလွှာမိသားစုတစ်စု ဖြစ်ပါတယ်။ လူကုံထံတို့ထုံးစံ လူသိမခံချင်တဲ့အတိတ် တွေ၊ မိသားစုဝင်ချင်းအားပြိုင်မှုတွေ၊ အမုန်းအငြိုးအာ ဃာတတွေနဲ့ သပွတ်အူလိုက်နေတဲ့ မိသားစုတစ်ခုပါပဲ။ နောက်တစ်ခုရှိတာကတော့ သူတို့ရဲ့အဆောက်အအုံကြီးဟာ လျှို့ဝှက်ဆန်းကြယ်တဲ့ သေဆုံးမှုအမျိုးမျိုးဖြစ်ပေါ်လေ့ရှိတဲ့ အတွက်လည်းနာမည်ကြီးပါတယ်။ ဒီလိုသေဆုံးမှုတွေနဲ့အတူ တစ္ဆေခြောက်တဲ့ ကောလဟာလတွေကလည်းရှိပါသေးတယ်။အဲ့ဒီလို နေရာမျိုးကိုမှ ကလေးထိန်းအဖြစ်အလုပ်ဝင်လျှောက်ပြီး ပြောင်းလာခဲ့တဲ့သူက အယ်လီနာဆိုတဲ့ မိန်းမချောလေးပါပဲ။ အယ်လီနာဟာ သူတို့ရဲ့အစေခံတန်းလျားသဘော အပေါ်ဆုံးထပ် စတိုခန်းတွေမှာနေရာရတယ်။လေ့လာစပ်စုရင်း အဆောက်အအုံ ထဲမှာနဂိုရောက်နှင့်နေတဲ့ ရွယ်တူတစ်ချို့နဲ့မိတ်ဆွေဖြစ်ခဲ့တယ်။ ဒါပေမယ့် လူလစ်ရင်လစ်သလို ကျီးကန်းတောင်းမှောက်မျက်လုံး တွေနဲ့ ချောင်းမြောင်းနေတတ်တဲ့ အယ်လီနာမှာ လျှို့ဝှက်အကြံ အစည်ကြီးတစ်ခုရှိနေပါသေးတယ်။ဒီလိုနဲ့ သူနဲ့မိတ်ဆွေဖွဲ့ခဲ့တဲ့ လူတစ်စုကြားကတစ်ဦးဟာ သက်ရှိ ထင်ရှားလူမဟုတ်ပဲ ပရလောကသားတစ်ယောက်ဖြစ်နေတယ် ဆိုတာ သိလိုက်ရတဲ့နောက်တော့ ဒီအဆောက်အအုံကြီးနဲ့ သူ့ဆီမှာ နေထိုင်သူတွေရဲ့ လျှို့ဝှက်ချက်တွေဟာ တစ်ရစ်ချင်းပြေ ကျလာပါတော့တယ်။ ဒါဆိုရင် အယ်လီနာရဲ့အကြံအစည်အောင် မြင်နိုင်မလား၊ ဘယ်သူတွေက သူ့အတွက် ရန်သူဖြစ်ပြီး ဘယ်သူ တွေက မိတ်ဆွေဖြစ်နေမလဲ၊ အဆောက်အအုံကြီးမှာဖြစ်ပေါ်ခဲ့တဲ့ ဆန်းကြယ်တဲ့သေဆုံးမှုတွေရဲ့ တရားခံဟာ ဘယ်သူလဲ? စသည်ဖြင့် Drama, Mystery thriller ဆိုတဲ့အတိုင်း သိချင်စိတ်ကိုနိူးဆွဆွဲခေါ် သွားမယ့် ဇာတ်လမ်းဇာတ်အိမ်အချိုးအကွေ့တွေနဲ့ အသည်းတအေး အေး ရင်တဖိုဖိုကြည့်ရှုခံစားရမယ့် ...
6.3
TMDb: 6.3/10 1800 votes
tv

The Watchful Eye – Season(01)

2023
Everything’s Trash (2022) 5.0
Everything’s Trash (2022) Everything's Trash (2022) ====================Everything's Trash ဆိုတဲ့ Rotten Tomatoes 89% ရထားတဲ့ ၂၀၂၂ ခုနှစ်ထွက် Comedy series လေးတစ်ခုကို တင်ဆက်‌ပေးလိုက် ပါတယ်။ဖီဘီဟာ အသံလွှင့်အစီစဉ်မှာ အသံလွှင့်သူအဖြစ် လုပ်ကိုင်နေသူပါ။ သူ့ရဲ့ အသံလွှင့်အစီအစဉ်ကို Everything's Trash လို့ နာမည်ပေးထား ပါတယ်။ ဖီဘီ့ရဲ့ အကို ဂျေဒန်ဟာ ရွေးကောက်ပွဲကို ဝင်ပြိုင်ဖို့လုပ်ရင်း ဖီဘီ့ရဲ့ အသံလွှင့်အစီအစဉ်မှာ ပါဝင်ဖြစ်ပါတယ်။ သို့သော် ဖီဘီတစ်ယောက် တလွဲလုပ်ပြီး ပြဿနာတက်ပါတော့တယ်။ ထိုပြဿနာကို ဖီဘီ ဘယ်လို ဖြေရှင်းမလဲဆိုတာ ဟာသလေးတွေနဲ့ ပေါ့ပေါ့ပါးပါးကြည့်ရှု့ရမယ့် ဟာသ ဇာတ်လမ်းတွဲလေးပါ။ အပတ်စဉ်ထွက်ရှိသွားမယ့် ဇာတ်လမ်းတွဲလေး ဖြစ်တာမို့ အားလုံးပဲစောင့်မျှော်ကြည့်ရှုလို့ရပါပြီ။(ဒီစီးရီးရဲ့ အညွှန်းကို Leonard Lin မှရေးသားပေးပြီး၊ ဘာသာပြန် ရေးသား ပေးသူများကတော့ Leonard Lin, Zaw Myo Thu, Roman Nox, Luca Mi တို့ ဖြစ်ပါတယ်။)File Size.............(200 MB) / ...
5.0
TMDb: 5.0/10 2300 votes
tv

Everything’s Trash (2022)

2022
Single Drunk Female (2022) 6.6
Single Drunk Female (2022) Single Drunk Female (2022)=====================IMDb Rating - 6.6/10Single Drunk Female ဆိုတဲ့ နာမည်အတိုင်းပါပဲ ဆမန်သာ ဟာ အရက်စွဲနေတဲ့ တစ်ကိုယ်တည်း မိန်းကလေးတစ်ယောက်ပါ။ အလုပ် လုပ်ရာ နယူးယောက် မီဒီယာကုမ္ပဏီ တစ်ခုမှာ အလုပ်လုပ်ကိုင်နေရင်း အရက်သောက်ပြီး အထက်လူကြီးနဲ့ ပြဿနာတက်သည့်အတွက် အလုပ်ထုတ်ခံလိုက်ရပါတယ်။ ထို့နောက် ပြန်လည်ထူထောင်ရေး စခန်းမှာ နေခဲ့ပြီး အမေရှိရာ မွေးရပ်မြို့လေးဆီ ပြန်လာခဲ့ပါတယ်။ ကြီးကြပ်ရေးအရာရှိ အမိန့်အရ တရားအစွဲမခံချင်ရင် အရက်ဖြတ်သည့် ဆွေးနွေးဝိုင်းသို့ မဖြစ်မနေ တက်ရောက်ရပါတော့တယ်။မြို့ကို ပြန်ရောက်လာတွင် ရည်းစားဟောင်း ဖြစ်သူဟာလည်း အရင်က အရင်းနှီးဆုံးသူငယ်ချင်း နှင့် လက်ထပ် တော့မယ်ဆိုတာ သိလိုက်ရပါတယ်။ အရက်ဖြတ်မယ်လို့ စိတ်ဆုံးဖြတ်ထားပေမယ့် ထိုနေ့မှာ တခြား သူငယ်ချင်း တစ်ယောက် နဲ့ ဘားမှာ တွေ့ရာမှ စိတ်မထိန်းနိုင်ပဲ အရက်ပြန်သောက်မိရာမှ မူးလျက် ကားမောင်းမိပြီး ဝင်တိုက်မိ၍ အချုပ်ကျသွားပါတော့တယ်။ အချုပ်ရက်ရှည်မကျဘဲ အမှုပိတ်သိမ်းပေးစေချင်ရင် ရပ်ရွာဝန်ဆောင်မှု လုပ်ငန်းတွေ ဆောင်ရွက်ဖို့၊ ဆွေးနွေးပွဲတွေတက် မပျက်မကွက် တက်ရောက်ပါက ၁၂ လအတွင်း ...
6.6
TMDb: 6.6/10 1900 votes
tv

Single Drunk Female (2022)

2022
Siren Season 3 [COMPLETE] 7.7
Siren Season 3 [COMPLETE] Season 3 မှာတော့ ဇာတ်ကောင် အသစ် ပါလာပါပြီ။တီယာ လို့ ခေါ်ပါတယ်။ နာမည်အရှည်ကတော့ "တီယာမက်" လို့ ခေါ်ပါတယ်။ဂရိရာဇဝင်မှာ တီယာမက် ဆိုတဲ့ ပင်လယ်မိစ္ဆာ ရှိခဲံဖူးပါတယ်။ ဒါကို အစွဲပြုပြီး ဒီနာမည်ကို ပေးခဲ့တာပါ။လက်ရှိမှာတော့ "တီယာ" ဆိုတဲ့ အမည်ကို ယူထားပါတယ်။သူကတော့ ရုရှားကို ဖမ်းဆီးခေါ်ဆောင်ခံခဲ့ရတာပါ။ ရင်းနဲ့ မျိုးနွယ်စု မတူပါဘူး။အမေရိကန်နိုင်ငံမှာ "ရင်း"ရှိတယ် ဆိုတဲ့ သတင်းကို ကြားပြီး "ရင်း" ဆီကို အရောက်လာခဲ့တာပါ။ရည်ရွယ်ချက်ကတော့ မတူညီတဲ့ ရေသူမမျိုးနွယ်စုတွေ အကုန်စုပြီး လူသားမျိုးနွယ်စုကို လက်စားချေဖို့ပါ။သူမကတော့ ဘာသာစကား ၇ မျို တတ်ပါတယ်။ ပညာရပ်အစုံတတ်ပါတယ်။တိုက်ခိုက်တဲပညာကိုလည်း ကျွမ်းကျင်ပါတယ်။ သူမနဲ့ ရင်းနဲ့ တွေ့ဆုံခဲ့တဲ့အခါမှာတော့ .....(ဘာသာပြန်တင်ဆက်ထားသူတွေကတော့ August ...
7.7
TMDb: 7.7/10 443 votes
tv

Siren Season 3 [COMPLETE]

2018
Siren Season 2 [COMPLETE] 7
Siren Season 2 [COMPLETE] Siren ပရိတ်သတ်တွေအတွက် season 2 အပိုင်းအကုန်တင်ပေးလိုက်ပါပြီနော်...ဒီဇာတ်လမ်းဟာ 2018 ခုနှစ် မတ်လ၂၉ ရက်နေ့မှာ season 1 ပြသခဲ့ပါတယ်...ပရိတ်သတ်များ စိတ်ဝင်စားမှုအများအပြားရရှိထားတဲ့ ဇာတ်လမ်းတစ်ပုဒ်ဖြစ်ပါတယ်အညွှန်း - Siren နဲ့ mermaid က အဓိပ္ပာယ်ကွဲပြားပါတယ်..Mermaid ကတော့ ရေသူမလို့ လူအများသိထားတဲ့ ဒဏ္ဍာရီလာသတ္တဝါတစ်မျိုးဖြစ်ပါတယ်...Mermaid ဆိုတာက လူတစ်ပိုင်း ငါးတစ်ပိုင်းသတ္တဝါဖြစ်ပါတယ်...Siren ကတော့ လူတစ်ပိုင်း ငှက်တစ်ပိုင်းသတ္တဝါဖြစ်ပါတယ်...Siren နဲ့ mermaid ဟာ ၁၆ ရာစုနှစ်လောက်ကစပြီးလူသိများခဲ့ပါတယ်..နှစ်ကောင်လုံးကတော့ သင်္ဘောသားတွေကို သီချင်းသီဆိုသံတွေနဲ့ ဆွဲဆောင်ကြတယ်တဲ့.. siren ကတော့ evil ပိုဆန်တယ်လို့ပြောကြပါတယ်...ဒီအကောင်တွေ တကယ်ရှိမရှိတော့ ဘယ်သူမှ အတိအကျမသိကြပါဘူး...Siren ဇာတ်လမ်းမှာတော့...ပြောရလွယ်အောင် ရေသူမလို့ပဲ အလွယ်ပြောပါရစေ... ရေသူမတစ်ကောင်ကို ငါးဖမ်းသမားတွေဖဖမ်းမိကြပါတယ်...ဒီလို ရေသူမရှိတယ်ဆိုတဲ့ သတင်းကို စစ်တပ်က ကြားပြီးဖြစ်ပါတယ်.. ငါးဖမ်းသမားတွေ ရေသူမကို ဖမ်းမိတဲ့အချိန်မှာပဲ စစ်တပ်က ရောက်လာပြီး ရေသူမကို ...
7
TMDb: 7/10 53 votes
tv

Siren Season 2 [COMPLETE]

2018
Marvel’s Cloak & Dagger Season (2) 7
Marvel’s Cloak & Dagger Season (2) ဒါကတော့ Marvel Comic Series တွေထဲက တစ်ခုဖြစ်တဲ့Cloak and Dagger ရဲ့ Season 2 ပါ Season 1 မှာတော့ရေနံစင်ပေါက်ကွဲမှုကထွက်လာတဲ့ စွမ်းအင်တွေထိခဲ့ပြီးထူးခြားတဲ့စွမ်းအားတွေ ရရှိလာခဲ့ကြတဲ့ Cloak ဖြစ်သူတိုင်ရွန်ဂျွန်ဆင်နဲ့ Dagger ဖြစ်သူ တန်ဒီဘိုဝင်တို့ နှစ်ဦးသား..နယူးအော်လန်မြို့လေးကို ဘယ်လိုကယ်တင်ခဲ့လဲဆိုတာကိုတင်ဆက်ပြသသွားခဲ့ပါတယ်အခု Season 2 မှာတော့ စစဖွင့်ချင်း မြို့လေးထဲမှာမိန်းကလေးတွေ တစ်ယောက်ပြီး တစ်ယောက် ပျောက်ဆုံးနေတာနဲ့ဇာတ်လမ်းကိုစဖွင့်ထားပါတယ် လက်သည်လည်းမပေါ် အလောင်းလည်းမရှိဘယ်လိုမှခြေရာခံလိုက်လို့မရတဲ့အနေအထားပါပဲ အချိန်တွေကြာလာတဲ့အထိဘာမှမကြားရဘဲ ထပ်ထပ်ပြီးသား ပျောက်ဆုံးသူတွေတိုးလာတဲ့အခါမှာတော့သူတို့နှစ်ဦးဝင်ပါရပါတော့တယ်သူတို့ရင်ဆိုင်ကြုံတွေ့နေရတာက ပုံမှန်လူသားတစ်ယောက်မဟုတ်ဘဲသဘာဝလွန်စွမ်းအားတွေ ရှိနေတဲ့ ဗီလိန်တစ်ယောက်ပါသူတို့နှစ်ဦးပေါင်းစပ်ထားတဲ့စွမ်းအင်တွေနဲ့တောင် မတိုက်ခိုက်နိုင်ဘဲသူတို့ခေါင်းထဲဝင်ပြီး သူတို့ကိုချယ်လှယ်တဲ့ထိစွမ်းအားရှိနေတဲ့လူတစ်ယောက်ဖြစ်နေတဲ့အခါမှာတော့..သူတို့ရင်ဆိုင်နိုင်ပါ့မလား.. ...
7
TMDb: 7/10 138 votes
tv


2018
Marvel’s Cloak & Dagger Season (1) 6.8
Marvel’s Cloak & Dagger Season (1) ယခုစီးရီးကတော့ Marvel Comic Book Series များထဲမှ တစ်ခုဖြစ်ပါတယ်ဇာတ်အိမ်တည်ထားတာကတော့ နယူးအော်လန်ဆိုတဲ့ မြို့လေးမှာပါတန်ဒီဘိုဝင်နဲ့တိုင်ရိုဂျွန်ဆင်ဆိုတဲ့ ကလေးနှစ်ယောက်ဟာ တစ်ရက်တည်းမှာပဲကံဆိုးမှုကိုယ်စီ ကြုံတွေ့ခဲ့ကြပြီး တန်ဒီ့အဖေ နေသန်ဘိုဝင်နဲ့တိုင်ရို့အစ်ကို ဘီလီတို့ကို ဆုံးရှုံးလိုက်ရပါတယ်သေဆုံးမှုရဲ့ဆက်နွယ်မှုအကြောင်းတရားကလည်း နေသန်ဘိုဝင်အလုပ်လုပ်တဲ့ရေနံစင်ကြီး ပေါက်ကွဲသွားလို့ပါပဲရေနံတူးဖော်တယ်လို့သာ လူသိထားတဲ့ ရေနံစင်ဟာ တကယ်တော့ ရေနံထက် ၁၀ ဆ ပိုပြင်းတဲ့စွမ်းအင်တစ်မျိုးကို လူမသိသူမသိ တူးထုတ်နေခဲ့တာပဲဖြစ်ပါတယ်ပေါက်ကွဲသွားတဲ့အချိန်မှာ ရေထဲမှာရှိနေတဲ့ သက်ရှိလူသားနှစ်ဦးဖြစ်တဲ့တန်ဒီနဲ့ဘိုဝင်ဆီကို စွမ်းအင်တွေ ကူးပြောင်းသွားပါတော့တယ်သူတို့နှစ်ဦးဟာ နှစ်ပေါင်းများစွာ တစ်ယောက်နဲ့တစ်ယောက် မသိခဲ့ဘဲ၊ကိုယ်ပိုင်ထားတဲ့စွမ်းအင်တွေကို မသိခဲ့ပဲနေခဲ့ရာက သူတို့နှစ်ဦး အမှတ်မထင်ဆုံတွေ့ပြီးလက်ချင်းထိမိခဲ့တဲ့အချိန်မှာတော့ စွမ်းအင်တွေက ပေါ်ထွက်လာခဲ့ပါတော့တယ်ကိုယ်ပိုင်ထားတဲ့စွမ်းအင်ကို ဘာမှန်းမသိ၊ ဘယ်လိုအသုံးချရမယ်မှန်းမသိသေးခင်မှာပဲတရားမျှတမှုကို လိုက်ရှာရင်းနဲ့ အင်အားကြီးအဖွဲ့တွေရဲ့ အရှုပ်အထွေးတွေထဲမှာပါဝင်မိနေရက်သား ဖြစ်နေပါတော့တယ်နယူးအော်လန်မြို့ရဲ့ယုံတမ်းစကားတွေ ဒဏ္ဍာရီတွေအရ၊မြို့တော်မှာကပ်ဘေးကြုံရတိုင်း ကောင်းကင်ဘုံရဲ့အတွဲအဖက်လို့ခေါ်တဲ့လူသားနှစ်ယောက်ကပဲ ကပ်ဆိုးကို တားနိုင်ခဲ့ပါတယ်..သူတို့အနေနဲ့ မြို့တော်မှာ ကပ်ဘေးတစ်ခုအစပြုနေပြီမှန်းသိတဲ့အခါမှာတော့အသက်အန္တရာယ်တွေကြားကနေ၊ သူတို့ကသတ်ချင်သူတွေကြားထဲကနေနှစ်ယောက်သားဘယ်လိုကျော်ဖြတ်ပြီးကပ်ဘေးကိုတားကြမလဲဆိုတာကို ကြည့်ရှုရမှာပဲဖြစ်ပါတယ်  Translator : Neve Encoder : Moe Myint Lwin   Complete Zip ...
6.8
TMDb: 6.8/10 101 votes
tv

Marvel’s Cloak & Dagger Season (1)

2018
Siren Season 1 [COMPLETE] 7.7
Siren Season 1 [COMPLETE] CM ပရိတ်သတ်တွေထဲမှာရေသတ္တဝါတွေကို စိတ်ဝင်စားတဲ့သူရှိလား..ရေသတ္တဝါထဲမှာမှ ထူးထူးခြားခြားရေသူမကို စိတ်ဝင်စားတဲ့သူရှိလား...ရေသူမတွေကကော အပြင်မှာတကယ်ရှိတာလား...မြန်မာနိုင်ငံမှာဆိုရင် ငပလီကမ်းခြေမှာ ရေသူမရုပ်ကို ရောက်ဖူးသူတိုင်းမြင်ဖူးကြမှာပါ..ရေသူမအကြောင်း ရိုက်ထားတဲ့ Disney က The Little Mermaid ကာတွန်းကားကိုလဲ ရုပ်ရှင်ချစ်သူတိုင်းကြည့်ဖူးကြမှာပါ..ရေသူမက ဒဏ္ဍာရီလာ သတ္တဝါတစ်မျိုးဖြစ်ပါတယ်...ဒီအချိန်ထိ ရေသူမ ရှိလားမရှိလား ကို အတိအကျမသိသေးပါဘူး...ယနေ့ထက်တိုင် ရှာဖွေနေဆဲဖြစ်ပါတယ်...တချို့တွေက ရေသူမဆိုတာအရမ်းလှတယ်တဲ့...တချို့တွေက ရေသူမဆိုတာ အစွယ်တွေနဲ့ လူတွေကို ဒုက္ခပေးတယ်...တံငါသည်နဲ့ ရေသူမပုံပြင်ဆိုပြီး အမျိုးမျိုးပြောကြပါတယ်...ဘယ်လိုပဲဖြစ်ဖြစ် ရေသူမ ဆိုတာနဲ့ လူတိုင်းလိုလို စိတ်ဝင်စားကြပါတယ်...ဒီတခေါက် တင်ဆက်ပေးမယ့် "Siren"ဆိုတဲ့ ဇာတ်လမ်းကလဲ ကြည့်ရှုသူရင်ကို သိမ်းပိုက်မယ့် ဇာတ်လမ်းတစ်ခုဖြစ်ဦးမှာပါ...ဒီကားက မတ်လ ၂၉ရက်နေ့ကမှ ထွက်ရှိထားတာပါ...အညွှန်း- ရေသူမရှိတယ်ဆိုပြီး အစွဲအလမ်းကြီးတဲ့မြို့တစ်မြို့...ရေသူမသူငယ်ချင်းနှစ်ယောက် ရေကူးနေတုန်း သူငယ်ချင်းဖြစ်သူပိုက်ကွန်ထဲပါသွားလို့ ကုန်းပေါ်အထိ တက်ရှာတဲ့ ရင် ဆိုတဲ့ ရေသူမလေး...ရေသတ္တဝါတွေကို စိတ်ဝင်စားပြီး စောင့်ရှောက်ပေးနေတဲ့ ဘန်...ရင် ဟာ နေ့ဘက်ဆိုလူဖြစ်ပြီး ညဘက်ဆို ...
7.7
TMDb: 7.7/10 619 votes
tv

Siren Season 1 [COMPLETE]

2018