Channel Myanmar

HBO Max

Tokyo Vice (2024) Season 2 7.8
Tokyo Vice (2024) Season 2 Tokyo Vice [Season 2](Season 1 ကြည့်ဖို့ လိုပါသည်)Tokyo Vice ဆိုတာကတော့ စာရေးဆရာ Jake Adelstein ရဲ့ စာအုပ်ကို ဇာတ်လမ်း ပြန်ဖန်တီးထားတဲ့ IMDb 8 တောင် ရရှိထားတဲ့ Crime/Drama စီးရီးကောင်းတစ်ခုပါ။The Fault in Our Stars, Baby Driver အစရှိတဲ့ နာမည်ကြီး ဇာတ်လမ်းတွေမှာ ပါဝင်ဖူးသူ မင်းသား Ansel Elgort က အဓိကပါဝင်သရုပ်ဆောင်ထားပါတယ်။ဇာတ်လမ်းအကျဉ်းကို ပြောရရင်တော့ ဂျိတ်ဆိုတဲ့ အနောက်တိုင်းသားတစ်ယောက်က ဂျပန်နိုင်ငံ တိုကျိုမြို့ကို သတင်းထောက်တစ်ယောက်အဖြစ် အလုပ်လုပ်ဖို့ ရောက်လာရင်းက ရာကူဇာဂိုဏ်းတွေရဲ့ နောက်ကြောင်းသတင်းတွေကို လိုက်မိရင်း ပြဿနာတွေ ရှုပ်တာမျိုးပါ။ယခု စီစန် ၂မှာတော့ စီစန် ၁ တုန်းက လိုက်စုံစမ်းခဲ့တဲ့ ရာကူဇာတသ်ယောက်ရဲ့ သတင်းကို ဖော်နိုင်ခါနီး အခြေအနေနဲ့ ဇာတ်လမ်းကို စထားပါတယ်။ ဒါပေမဲ့လည်း သိတဲ့အတိုင်း ဒုစရိုက်သားတို့ရဲ့ သက်ဆိုးရှည်တတ်တဲ့ထုံးစံအတိုင်း ...
7.8
TMDb: 7.8/10 162 votes
tv

Tokyo Vice (2024) Season 2

2024
Love Is In The Air(2020)[Complete] 8.198
Love Is In The Air(2020)[Complete] Love Is In The Air(2020)အယ်ဒါမုန်းတဲ့ဆာကန်****************************************** အပိုင်း (၁ မှ ၁၀၄) ထိ စ/ဆုံး ခုတလော လောင်တာတွေများတော့ ချောကလက်ပေါ် ပျားရည်လူးထားသလိုချိုမြန် လှပတဲ့ တူရကီစီးရီးလေးကိုတင်ဆက်ပေးလိုက်ပါ့မယ်..ဒီစီးရီးက ကျွန်တော်တို့ CMမှာ ခဏ ခဏ လာတောင်းကြသလို အပိုင်းလည်းများပြီး ပြန်ဖို့တင်ဖို့ စသည့်အထွေထွေအခက်အခဲများကြောင့် နှောင့်နှေးကြန့်ကြာခဲ့ရပါတယ်... မူရင်း တူရကီနာမည်ကတော့ Sen Çal Kapimi လို့အမည်ရပါတယ်...သို့သော် တူရကီနာမည်ဖြစ်လို့CM ပရိတ်သတ်တွေမှတ်ရခက်နေနိုင်လို့  IMDB,TMDBတို့က E နာမည်ကိုပဲ ယူပေးထားပါတယ်...မူရင်းက ၅၂ပိုင်းရှိတယ်ဆိုပေမဲ့  ပြသချိန်တစ်ပိုင်းကို ၂နာရီခွဲနီးပါးကြာမြင့်တာရောTele တင်ဖို့ အခြေနေကြောင့် ကျွန်တော့်တို့ ၂ခုဖြတ်လိုက်မှာဖြစ်ပါတယ် .... Official episode -52 ပိုင်းဖြစ်ပြီး tele မှာတင်ဖို့အတွင် official episode တစ်ပိုင်းကိုtele episode ၂ ပိုင်းခွဲတင်ပေးမှာမလို့ tele episode-104 ပိုင်းထိဖြစ်သွားပါ့မယ်...ဇာတ်လမ်းအကျဉ်း....ဆာကန်ဆိုတဲ့ ယောက်ျားတစ်ယောက် ငယ်ရွယ်ထက်မြက်သလို တူရကီနိုင်ငံရဲ့ထိပ်သီးစီးပွားရေးလုပ်ငန်းရှင်ထဲမှာပါတယ်..ခံစားချက်ကိုဦးစားမပေးဘူး...အလုပ်ကို စက်ရုပ်ဆန်ဆန်လုပ်လေ့ရှိသလို  ...
8.198
TMDb: 8.198/10 2937 votes
tv

Love Is In The Air(2020)[Complete]

2020
Our Flag Means Death (2023) Season 02 Complete 7.8
Our Flag Means Death (2023) Season 02 Complete Our Flag Means Death (2023) Season 02 Complete ~ IMDb - 7.8/10, Rotten Tomatoes - 93% ~ လူကြီးလူကောင်း ပင်လယ်ဓားပြကြီး ပြန်လာပါပြီ။ ဘဲနဲ့ ကွဲပြီး ဘိုင်ကျနေတဲ့ စတိဒ်ဘွန်းနက်တစ်ယောက် ပင်လယ်ဓားပြနိုင်ငံက စပိန်သူ ဂျက်ကီရဲ့ ဆိုင်မှာ စားပွဲထိုးဝင်လုပ်ရင်း ချစ်သူကို ရှာဖို့ သင်္ဘောဝယ်မယ့် အိပ်မက်ကို တည်ဆောက်နေပါတယ်။ သူချစ်ရသူ နာမည်ကျော် ပင်လယ်ဓားပြကြီး မုတ်ဆိတ်နက်ခေါ် အက်ဒ်ဝက် တိခ်ျကလည်း ဘဲနဲ့ ကွဲတော့ စိတ်ထိခိုက်ပြီး တွေ့သမျှသင်္ဘော ဓားပြလိုက်တိုက်နေပါတယ်။ ဓားပြတိုက်တာများလွန်းလို့ တိုက်လို့ရတဲ့ ပစ္စည်းတွေကိုတောင် ပစ်ချပြီး ထပ်တိုက်ဖို့ ကြံပါသေးတယ်။ အမြဲတမ်းအလုပ်ပဲလုပ်နေရတော့ အဖွဲ့သားတွေလည်း ပင်ပန်းပြီး ကပ္ပတိန်ကို ငြိုငြင်လာကြပါတယ်။ ဒါပေမဲ့လည်း ဘာမှမပြောရဲပါဘူး။ ဆရာ့ဆရာကြီးမုတ်ဆိတ်နက်ကိုးဗျ။ သူတို့အချစ်ဇာတ်လမ်းလေး ဘယ်လိုရှေ့ဆက်ကြမလဲဆိုတာကို တွေ့ကြရမှာပါ။ နောက်ထပ် ဇာတ်ကောင်အသစ်ပါလာတာကတော့ တရုတ်ပင်လယ်ဓားပြ ဧကရီ ...
7.8
TMDb: 7.8/10 151 votes
tv

Our Flag Means Death (2023) Season 02 Complete

2023
Minx Season 1 + 2 7.9
Minx Season 1 + 2 Season 1HBO Maxက ထွက်ထားတဲ့ ဒီ Minxဆိုတဲ့ seriesဟာ အခုလိုအိုင်ဒီယာခပ်ဆန်း​ဆန်းနဲ့ ထုတ်​ထားတဲ့ Eroticမဂ္ဂဇင်းMinxဟာဒီ​​​နေ့​ခေတ်​လောက် လိင်ကိစ္စအ​ပေါ်ပွင့်လင်းမှုမရှိ​သေးတဲ့၊ ဖိုဝါဒီအင်မတန်စိုးမိုး​နေ​တဲ့ အ​မေရိကန်နိုင်ငံမှာ ဘယ်လို ခက်ခက်ခဲခဲရပ်တည်သွားမလဲ၊ Sexနဲ့ Policyတွဲ​နေတဲ့ မဂ္ဂဇင်းတစ်အုပ်က​​နေဂျွိုက်စ်တစ်​ယောက် သူချပြချင်တဲ့ မက်​​ဆေ့ဂျ်ကို ​အောင်မြင်စွာ​ဖော်ထုတ်ပြနိုင်မလားဆိုတာကို အရွှန်း​ဖောက်ကြည့်ရှုရမှာပါ၊သတိ​ပေးလိုတာကTV-MA seriesဖြစ်သလို ဇာတ်လမ်းသ​ဘောကိုက18+ ဆန်တာမို့လို့ 18+ပြကွက်​တွေကို ဗွင်းဗွင်းရှင်းရှင်း၊ကွက်ကွက်ကွင်းကွင်း မြင်ရကြားရမှာ အ​သေအချာပါပဲ၊ ဟာသကားဟဲ့လို့ မိသားစုနဲ့အတူသွားကြည့်ရင်​​​​တော့ ငါးပါး​​မှောက်မှာ​အ​သေအချာပါပဲ၊ ၁၉၇၀ပြည့်နှစ် မဟာ့မဟာပုရိသဝါဒီ​တွေ အ​တော်အမြစ်တွယ်​နေ​သေးတဲ့အချိန် ဂျွိုက်စ်ပရစ်ဂါဆိုတဲ့ ကညာတစ်​ယောက်ကကျား/မ အခွင့်အ​​ရေးတန်းတူရရှိမှု၊ တန်းတူတန်ဖိုးထားမှုတို့ကို​ဖော်ညွှန်း​ပေးတဲ့ Feminismဝါဒီကို "နှုတ်တစ်ရာ စာတစ်လုံး"ဆိုတဲ့အတိုင်း မဂ္ဂဇင်းထုတ်ကာ ဝါဒရိုက်သွင်း​ပေးချင်သူ​ပေါ့၊​လူ ငယ်ငယ် အကြံကြီးကြီး၊ ​ရှေးရိုးစွဲနဲ့ လူမျိုးကြီးစိတ် လွန်စွာပြင်းလှတဲ့ အဲဒီ​ခေတ်စာအုပ်ထုတ်​ဝေသူ အဘိုးကြီးများအကြားFeminismဆိုတဲ့စကားဟာ ​​ရေခမ်း​​တည်ထားတဲ့ ဆေးခါးကြီးထဲကြက်ဟင်းခါးမှုန့် ထည့်စပ်ထားသလို အင်မတန်အဝင်ဆိုးလှတာကိုး၊ ဒီလိုမျိုး ဣတ္တိယတို့အဖို့ ဝါဒဖြန့်ဖို့ လမ်းပျောက်​နေတဲ့ ဂျွိုက်စ်ဆီဆိုက်မြိုက်မြိုက်​ရောက်လာသူက ဒေါ့ဂ်၊ ...
7.9
TMDb: 7.9/10 9 votes
tv

Minx Season 1 + 2

2022
Spy/Master (2023) 8.0
Spy/Master (2023) Spy/Master (2023) ============== IMDb Rating - 8.0/10Victor Godeanu က ရိုမေးနီးယား အာဏာရှင် Nicolae Ceausescu ရဲ့ ညာလက်ရုံး အရင်းနှီးဆုံး အကြံပေးပါ။ တစ်နေ့ Ceausescu က သူ့အတွင်းလူတွေထဲ သစ္စာဖောက်သူလျှို ရှိနေ တယ်ဆိုပြီး Godeanu ကို စုံစမ်းခိုင်းခဲ့တယ်။ဒါပေမဲ့ တကယ်တော့ Ceausescu ရဲ့ အကြံပေး Godeanu ကိုယ် တိုင်က အဲဒီသူလျှိုဖြစ်နေတာပါ။ Godeanuက KGB အတွက် လျှို့ဝှက်အေးဂျင့် ဖြစ်နေပြီး သူ့ရဲ့သရုပ်မှန်ကို Ceausescu မသိခင် ရိုမေးနီးယားကနေ ထွက်သွားဖို့ ဘယ်လိုတွေ ကြိုးစားမလဲ၊ ဘယ် သူ့အကူအညီတွေ ယူပြီး ​လှုပ်ရှားမလဲဆိုတာကို စိတ်ဝင်စားဖွယ် ကြည့်ရှုရမယ့် စီးရီးတစ်ခု ဖြစ်ပါတယ်။(၁)ပတ်တစ်ပိုင်းနှုန်းဖြင့် စုစုပေါင်း(၆)ပိုင်းထွက်ရှိမှာဖြစ်ပြီး အပတ် စဥ်တင်ဆက်ပေးသွားပါမယ်။(ဒီစီးရီးရဲ့ အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Thwal Htoo Zin ဖြစ်ပါတယ်။)File Size.............(400 MB) / (800 MB) Quality...............WEB-DL 720p / 1080p Duration............50Min(@Episode) Subtitle..............Myanmar ...
8.0
TMDb: 8.0/10 1200 votes
tv

Spy/Master (2023)

2023
Love & Death (2023) Complete 8.3
Love & Death (2023) Complete Love & Death (2023) Completed Limited Series ~ IMDb - 7.8/10, Rotten Tomatoes - 60% ~  (အချို့သော အခန်းတွေက အနည်းငယ်ကြမ်းလို့ မိသားစုနဲ့အတူ ကြည့်ရှူဖို့ မသင့်တော်ပါဘူး)  ကြက်‌သွေးရောင်စုန်းမ တဖြစ်လဲ ဝန်ဒါ ဆိုတဲ့ အဗန်ဂျာဇာတ်ကောင်အနေနဲ့ လူသိများကြတဲ့ မင်းသမီး အဲလိဇဘက်အိုဆန်ရဲ့ စီးရီးအသစ်ထွက်လာပါပြီ။ ဒီစီးရီးဟာ ဖြစ်ရပ်မှန်ပေါ်အခြေခံပြီး ဒရာမာပြန်ခင်း ရိုက်ထားတာပဲဖြစ်ပါတယ်။ ၁၉၈၀ တုန်းက လူတစ်ယောက်ကို ပုဆိန်နဲ့ ရက်ရက်စက်စက်သတ်လိုက်တဲ့ နာမည်ကျော်မှုခင်းအကြောင်းကို အခြေခံထားတာပါ။ ပုဆိန်နဲ့ အချက်ပေါင်း ၄၁ ချက်တိတိ ခုတ်သတ်ခဲ့‌လို့ ပုဆိန်လူသတ်သမ ဆိုပြီးတော့တောင် အမေရိကန်ရဲ့မှုခင်းသမိုင်းမှာ နာမည်ကျော်ခဲ့တဲ့ Candy Montgomery ရဲ့အကြောင်းပေါ့။ ကန်ဒီ့မှာ ပတ်ဆိုတဲ့ ရိုးရိုးအေးအေးယောကျ်ားတစ်ယောက်ရှိပြီ ကလေးတွေနဲ့အတူ အိမ်ထောင်ရေးကို ပျင်းရိစရာ ဖြတ်သန်းနေပါတယ်။ အဲဒီမြို့လေးမှာ သူ့လိုပဲ ပျင်းရိစရာ ...
8.3
TMDb: 8.3/10 7 votes
tv

Love & Death (2023) Complete

2023
Titans Season4 8.1
Titans Season4 Titans season 4 ထွက်ရှိလာပါပြီ။ Season 3မှာ Jasonနဲ့ Scarecrowရဲ့ပြဿနာ​တွေကို ​ဖြေရှင်းပြီးတဲ့​နောက် Ravenပါ အဖွဲ့ထဲ ပြန်​​​ရောက်လာပြီး ​ဂေါ့သမ်မြို့ကို ကယ်တင်နိုင်ခဲ့တာနဲ့ အဆုံးသတ်ထားတာပါ။ဒီseasonမှာ​တော့ ​ဂေါ့သမ်မြို့ကိုကယ်ပြီးသွားတဲ့ Titansတွေ Scarecrowရဲ့ရန်က​ အေးသွား​ပေမယ့် သူ့ထက်ပိုဆိုးတဲ့ Lex Luthorနဲ့ သူ့ရဲ့အရှုပ်ထုပ် တွေကို ရင်ဆိုင်​ဖြေရှင်းရ​တော့မှာပါ။ Castအသစ်​တွေအ​နေနဲ့ Vampire Diariesနဲ့ The Originals ထဲက Klausဖြစ်တဲ့Joseph Morganတို့လို cast​တွေပါ ပါဝင် အားဖြည့်ထားပါတယ်။အ​ရင်Season​တွေထက် ပိုdarkဖို့ရှိသလို Ravenနဲ့Superboyရဲ့ အခန်းကဏ္ဍ​ ပိုများမှာဖြစ်ပြီး Titans​တွေနဲ့ မကြာခဏငြိ​နေကျ Church of Blood ဆိုတဲ့ cult ဂိုဏ်းနဲ့ အဓိကရင်ဆိုင်ရမှာပါ။ ​အောက်လမ်း​မှော်နဲ့ horrorပိုင်း​တွေ ပိုများလာပြီး အ​တော်​လေး ကြည့်​ကောင်းဦးမယ့် seasonပါပဲ။Quality : 1080p HBO WEB DL / 720pTotal Episodes : 12EpsFormat : mp4Genres :Action & Adventure, Sci-Fi & Fantasy, DramaDuration ...
8.1
TMDb: 8.1/10 2160 votes
tv

Titans Season4

2018
Velma (2022) 2.818
Velma (2022) Velma (2023)၂၀၂၃ ခုနှစ်မှာတော့ Scooby Doo spin-off series အသစ်တစ်ခုဖြစ်တဲ့ Velma ထွက်ရှိလို့လာပါတယ်။ ထွက်မလာခင်ကတည်းက ဇာတ်ကောင်ပြောင်းလဲမှုတွေ၊ ကာတွန်းပုံစံတွေကြောင့် ဝေဖန်မှုကို ခံခဲ့ရတဲ့ series တစ်ခုလည်းဖြစ်ပါတယ်။ တကယ်လည်း ထွက်ရှိလာရော ဆက်လက်ဝေဖန်ခံနေရတုန်းပါပဲ။သင့်အနေနဲ့ အရင် Scooby dooရဲ့ အမာခံ ပရိသတ်လည်းဖြစ်တယ် အရင်ထွက်ခဲ့တဲ့ Series တွေ၊ Animation တွေနဲ့ ယှဉ်ပြီးတော့ ဒီ series ကို ကြည့်မယ်ဆိုရင်တော့ အကြီးအကျယ် စိတ်ပျက်မိပါလိမ့်မယ်။ကျွန်တော့်အနေနဲ့ဆိုလည်း စိတ်ပျက်စရာတချို့ ရှိပေမယ့် Scooby Doo ဆိုတဲ့ခေါင်းစဉ်မတပ်ဘဲ ကြည့်မယ်ဆိုရင် ကြည့်ပျော်တယ်ဆိုတဲ့ ခံစားချက် ရမိပါတယ်။ ဇာတ်လမ်းပိုင်းအရဆိုရင်တော့ သမိုင်းတစ်လျှောက်မှာ နာမည်အကြီးဆုံး ပဟေဠိဖြေရှင်းသူများ အဖွဲ့ဆိုပြီး ဖြစ်မလာခင် အထက်တန်းကျောင်းမှာ နေနေကြတဲ့ ဗဲလ်မာတို့ သူငယ်ချင်းတစ်စုကို မြင်တွေ့ရမှာပါ။ ဗဲလ်မာ ဟာဆိုရင် အရင်က ဒက်ဖ်နီနဲ့ အခင်ဆုံးသူငယ်ချင်းဖြစ်ခဲ့ပေမယ့် အခုတော့ သင်းကွဲတစ်ယောက်ဖြစ်နေခဲ့ပါတယ်။ သူ့ရဲ့ ပဟေဠိတွေ ဖြေရှင်းချင်တဲ့စိတ်ကြောင့် သူ့အမေထွက်သွားတာဆိုတဲ့ ...
2.818
TMDb: 2.818/10 33 votes
tv

Velma (2022)

2023
Pennyworth: The Origin of Batman’s Butler(2019)Season 1+2+3 8.03
Pennyworth: The Origin of Batman’s Butler(2019)Season 1+2+3 Pennyworth: The Origin of Batman's Butler=====================================Pennyworth လို့ဆိုလိုက်တာနဲ့ စူပါဟီးရိုးဖန်တိုင်း ပြေးသတိရသွားမယ့်လူတစ်ယောက်ရှိပါတယ်။ တခြားတော့မဟုတ်ပါဘူး၊ Wayne စံအိမ်‌တော်ရဲ့အိမ်တော်ထိန်းကြီး Alfred Pennyworth ပါပဲ။ DC ဟာ နှစ်အဆက်‌ဆက်Bruce Wayne နဲ့ Batman ကို လူအမျိုးမျိုး ပြောင်းရိုက်ခဲ့ပြီးပြီ။ဘတ်မန်းဇာတ်လမ်း‌မျိုးစုံကိုလည်း ကြုံခဲ့ရပြီးပြီ။ အသိသာကြီးလိုက်ဖက်လွန်းတဲ့ Bruce Wayne နဲ့ Batman တွေကို မြင်ခဲ့ရသလိုခွီစရာ လှောင်စရာဖြစ်သွားစေတဲ့ Batman တွေကိုလည်း ကြုံခဲ့ရပြီ။အဲဒီလို ရုပ်ရှင်သမိုင်းရဲ့ ဘရုစ်ဝိန်းအမျိုးမျိုး ဘတ်မန်းအမျိုးမျိုးတိုင်းမှာAlfred Pennyworth ဇာတ်ကောင်ဟာ ချွင်းချက်မရှိ လူကောင်းတွေချည်းဖြစ်ခဲ့သလို မေ့မရနိုင်စရာမင်းသားကြီး‌တွေချည်းပါပဲ။ Alfred ဟာဝိန်းစံအိမ်တော်ရဲ့ သစ္စာရှိ အိမ်တော်ထိန်းကြီးဆိုလည်း ဟုတ်တယ်။ဘရုစ်ဝိန်းရဲ့ ခေါင်းကိုင်အဖေဆိုလည်း ဟုတ်တယ်။ လင်းနို့လူသားရဲ့လူယုံတော်ဆိုလည်း ဟုတ်ပါတယ်။ ဘရုစ်ဝိန်းရယ်လို့ Gotham မြို့မှာ နာမည်တစ်လုံးနဲ့ဖြစ်လာအောင်၊ လင်းနို့လူသားဆိုပြီး လူဆိုးတိုင်းရဲ့အိပ်မက်ဆိုးတစ်ခု ဖြစ်‌လာအောင်က ...
8.03
TMDb: 8.03/10 264 votes
tv

Pennyworth: The Origin of Batman’s Butler(2019)Season 1+2+3

2019
The Sex Lives of College Girls (2021) 7.7
The Sex Lives of College Girls (2021) The Sex Lives of College Girls (2021)===========================IMDb Rating - 7.7/10နာမည်ကြားရုံနဲ့ကြည့်ချင်နေပြီမလား??? (၁၀)ပိုင်းပါတဲ့ ဒီစီးရီးလေးက အတော်လေးမိုက်ပြီး ကြည့်ကောင်းတယ်။ အထက်တန်းကျောင်းပြီးလို့ အက္ကဆက်ကောလိပ်မှာကျောင်းစတက်ကြမဲ့ ​ နေရာဒေသမျိုးစုံက အခန်းဖော် အမေရိကန်ကောင်မလေး ၄ယောက်အကြောင်းကို ရိုက်ကူးထားတာဖြစ်ပါတယ်။ဇာတ်ကောင် ၄ယောက်နဲ့မိတ်ဆက်ပေးရမယ်ဆိုရင်တော့ ကင်ဘာလီက အရီဇိုးနားပြည်နယ်ကလာတဲ့ ကျောင်းတစ်ဖက်အလုပ်တစ်ဖက် လုပ်နေရပြီးတော့ ဘဲပစ်မပါ။ ဝစ်နီကတော့ လွှတ်တော်အမတ်သမီး ဖြစ်ပြီးတော့ ဘောလုံးသမား . သူကလည်းနောက်ထပ် ဘဲပစ်မတစ်ယောက်ပါပဲ။ လိတ်တန်ကတော့ သူငယိချင်းတွေကို I pad တွေကိုပါ အမ်းနိုင်တဲ့ နယူးယောက်မြို့သူကြီးပါ သူကတော့ ဘဲပစ်မတော့ မဟုတ်ပေမယ့်လည်း သူငယ်ချင်းတွေ ပစ်ထားသွားတဲ့ကောင်မလေး သူမှာလည်းလျှို့ဝှက်ချက်တခုရှိပါတယ်။ ဘယ်လာကတော့ အိန္ဒိယ-အမေရိကန်ကျောင်းသူ ဖြစ်ပြီးတော့ ဟာသစာရေးဆရာဖြစ်ချင်တဲ့သူပါ သူကတော့ ရွပိုးစိန်အထန်မတစ်ယောက်။ ကဲ အဲ့ဒီတော့ ဘဲပစ်မ အထန်မတွေရဲ့ ဇာတ်လမ်းက ဘယ်လိုတွေဆက်ဖြစ်မလဲ??? လိတ်တန်ရဲ့ လျှို့ဝှက်ချက်ကကောဘာလဲ အပိုင်း၁၀ ပိုင်းပါရှိပြီး အားလုံးအကြိုက်ဖြစ်စေမှာမို့ ကြည့်ရှုပေးကြပါဦး။PS >>> တစ်ချို့ဇာတ်ဝင်ခန်းတွေမှာ 18+ တွေအပြင် စကားလုံး အသုံးအနှုန်းတွေဟာ မိသားစုနဲ့ ကြည့်ရှုဖို့ မသင့်တော်တာကိုတော့ ...
7.7
TMDb: 7.7/10 63 votes
tv

The Sex Lives of College Girls (2021)

2021
Doom Patrol Season (2)+ Season(3)+Season(4) 7.2
Doom Patrol Season (2)+ Season(3)+Season(4) Season 1Doom Patrol Season 1 (2019) DCUရဲ့ Superheroes seriesပါ။Titans seriesတစ်ပိုင်းမှာပါဝင်ထားပြီးသားဖြစ်ပါတယ်။ဒီလူတွေကို Team တစ်ခုအနေနနဲ့ထွက်လာဖို့မျှော်လင့်ခဲ့တာအခုတော့ မျှော်လင့်ချက်ပြည့်ခဲ့ပါပြီ...ရူးသွပ်တဲ့သိပ္ပံပညာရှင်တစ်ယောက်ရဲ့ဖန်တီးမှုတွေကနေ ပေါ်ထွက်လာတဲ့စွမ်းအားရှင်လူသားအဖွဲ့တစ်ဖွဲ့ပဲဖြစ်ပါတယ်။အဖွဲ့ဝင်တစ်ယောက်စီမှာ ချို့ယွင်းချင်ကိုယ်စီရှိကြသလို ဇာတ်လမ်းကိုယ်စီနဲ့ပါ။မတော်တဆမှုတစ်ခုကျောက် ပြစ်ချွဲချွဲမိစ္ဆာတစ်ကောင်အဖြစ်ပြောင်းသွားတဲ့1950ခုနှစ်ကမင်းသမီး Rita Farrကားမှောက်ရာကနေ ဦးနှောက်တစ်ခုပဲအကောင်းအတိုင်းရှင်ကျန်ရစ်ရာကနေChiefရဲ့ကူညီမှုကြောင့် Robotmanဖြစ်သွားတဲ့ Cliffအာကာသယာဉ်မတော်တဆမှုကြောင့် Negative Manဖြစ်သွားရတဲ့ Larryလူတစ်ကိုယ်တည်းနဲ့စိတ်အမျိုးမျိုးဖြစ်နေတဲ့ Crazy Jameနဲ့ Cyborgတိူ့ပါဝင်မှာဖြစ်ပါတယ်။ယခုတစ်ပတ်အပိုင်းမှာတော့ Cyborgမပါသေးပါဘူး။လူတွေနဲ့ဝေးရာအရပ်မှာနေထိုင်ရင်းနဲ့ တစ်နေ့မှာ သူတို့ရဲ့ခေါင်းဆောင်မရှိတုန်းအပြင်လောကကြီး ထွက်လည်လိုက်ရာကနေပြဿနာတွေကိုဖိတ်ခေါ်လိုက်သလိုဖြစ်သွားခဲ့ပါတော့တယ်။ Season 2DC Universe ရဲ့ ပေါက်ကရလူထူးဆန်းတွေနဲ့ ဖွဲ့စည်းထားတဲ့ Doom Patrol တို့ အဖွဲ့ ပြန်လာပါပြီ။ Season 1 အဆုံးမှာ Mr.Nobody နဲ့ ရင်ဆိုင်ပြီးတဲ့နောက် ပန်းချီကားထဲကနေ ပြန်ထွက်လာကြတဲ့အခါ အားလုံးက Danny Street အပါအဝင် အားလုံးက ပိစိကွေးလေးတွေဖြစ်သွားကြပါတယ်။First Episode မှာတော့ အဲဒီပိစိကွေးလေးတွေဘဝနဲ့ သူတို့တွေ ...
7.2
TMDb: 7.2/10 441 votes
tv

Doom Patrol Season (2)+ Season(3)+Season(4)

2019
Pretty Little Liars: Original Sin (2022) 7.2
Pretty Little Liars: Original Sin (2022) Pretty Little Liars: Original Sin (2022) =========================== IMDb Rating - 7.2/10HBO MAX ကနေ အသစ်ထွက်ရှိလာတဲ့စီးရီးလေးဖြစ်ပါတယ်။1999 ခုနှစ်မှာ ပါတီတက်နေတဲ့ အထက်တန်းကျောင်းသူ သူငယ်ချင်းမလေးတစ်စုတို့ဟာ ပါတီမှာ ရုတ်တရတ် သေဆုံးမှု တစ်ခုနဲ့ကြုံခဲ့ကြရပြီး သွေးပျက်ဖွယ် အတွေ့အကြုံကို ရင်ဆိုင်ခဲ့ ကြရတယ်။နှစ်ပေါင်းများစွာကြာပြီးတဲ့နောက် သူတို့ရဲ့ သမီးလေးတွေအထက်တန်း ရောက်လာတဲ့အခါမှာ လွန်ခဲ့တဲ့ နှစ်ပေါင်း ၂၀ ကျော်ကကိစ္စနဲ့ပတ်သက်ပြီး အမည်မသိ မကျေနပ်သူတစ်ယောက်က ကောင်မလေးတွေကို နည်းအမျိုး မျိုးနဲ့ စတင်နှိပ်စက်တော့တယ်။ အီမိုဂျင်၊ နိုအာ၊ မောက်စ်၊ တက်ဘီ၊ ဖယ်ရန် ဆိုတဲ့ ကောင်မလေးငါးယောက်ရဲ့ တစ်ဦးချင်းဆီ ဇာတ်လမ်းကလည်း သီးသန့်ဆန်သလို၊ အမေတွေလိုပဲ သူငယ်ချင်းတွေဖြစ်သွားကြပြီးတော့ ဗီလိန်အမွှာညီအစ်မ ကယ်လီနဲ့ ကယ်ရင်တို့နှစ်ယောက်နဲ့ အားပြိုင်မှုတွေ အပြင်၊ အမည်မသိ မကျေနပ်သူကိုပါ ထိပ်တိုက်ရင်ဆိုင်ကြတာကို ကြည့်ရှု ခံစားရမှာဖြစ်ပါတယ်။Seasons 7 ခုတောင် ရှိခဲ့တဲ့ Pretty Little Liars စီးရီးရဲ့ Spin Off / Reboot ဖြစ်ပြီးတော့ Original ...
7.2
TMDb: 7.2/10 1400 votes
tv

Pretty Little Liars: Original Sin (2022)

2022
The Staircase (2022) 6.7
The Staircase (2022)    ဖြစ်ရပ်မှန်ဇာတ်လမ်းတွဲလေးတစ်တွဲလာပါပြီ။ နိုင်ငံကျော်အမှုအခင်းကြီးတစ်ခုကို ပြန်လည်ရိုက်ကူးပြထားတာပါပဲ။ မိုက်ကယ်ပီတာဆန်ဆိုတဲ့သူက သူ့မိန်းမ လှေကားပေါ်နေပြုတ်ကျပါတယ်ဆိုပြီး ၉၁၁ဖုန်းဆက်နေတဲ့အချိန်မှာပဲ သူ့မိန်းမက သေသွားခဲ့တာပါ သူကမြို့တော်ခန်းမကလူတွေနဲ့ ပြည်နယ်ရှေ့နေကိုဝေဖန်နေတဲ့ ဝတ္တုစာရေးဆရာတစ်ယောက်ပါ အဲဒီအချိန်မှာပဲ သူ့မိန်းမသေဆုံးပုံကသဘာဝအတိုင်းမဟုတ်ဘဲ တစ်ခုခုနဲ့ရိုက်နှက်လို့သေရတဲ့ပုံပေါက်နေတဲ့အခါမှာတော့ပြည်နယ်ရှေ့နေကဦးဆောင်ပြီး သူ့ကိုတရားစွဲဖို့ကြိုးပမ်းပါတော့တယ်လူတွေအမြင်မှာ သာယာတဲ့အိမ်ထောင်ရေးနဲ့ ပျော်ရွှင်ဖို့ကောင်းတဲ့မိသားစုတစ်စုရဲ့နောက်ကွယ်က လူမသိသူမသိအရှုပ်တော်ပုံတွေနဲ့အတူ တရားရုံးမှာသူနိုင်ကိုယ်နိုင်အပြိုင်ကြဲကြတဲ့ ကားကောင်းလေးတစ်ကားပါပဲ ကြီးကြီးမားမားကြီးနဲ့ တစ်ချက်တည်းကျင်းဝင်တဲ့ လှည့်ကွက်တွေအစား ပါးပါးလေးနဲ့ပုတ်ထားတဲ့လှည့်ကွက်တွေထဲမှာ မျောနေရင်း တကယ့်ကို ကြည့်ရှုလို့ကောင်းမယ့်ကားကောင်းလေးတစ်ကားပါပဲ Crime Drama ကောင်းကောင်းကြိုက်သူတွေအတွက် HBO ရဲ့ ဒီစီးရီးကောင်းကို လက်လွှတ်မခံသင့်ပါကြောင်း နဲ့ ၈ ပိုင်းအထိ တစ်ပတ်တစ်ပိုင်းထွက်လာမှာဖြစ်ကြောင်း အသိပေးလိုက်ရပါတယ်။ File size… (489 Mb) Quality…. 720p Format…mp4 Duration….1 hr 05Min Genre...Drama / Crime Episode...8 Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Garfield Episode 1 720p - VIP / Yoteshin / Megaup // Usersdrive / ...
6.7
TMDb: 6.7/10 9 votes
tv

The Staircase (2022)

2022
The Flight Attendant (2020-2022) 7.5
The Flight Attendant (2020-2022)   လေယာဉ်ပေါ်က ဝန်ထမ်းတွေဆိုတာ နိုင်ငံတကာကို အမြဲတမ်းသွားလာနေရတဲ့ဝန်ထမ်းတွေပါပဲ ဘဝကြီးကနေတတ်ရင်ပျော်စရာကြီးလို့ဆိုကြသလိုရောက်ရာနိုင်ငံမှာ သောက်စားပျော်ပါးပြီး သတိလွတ်သွားတဲ့အထိသောက်တတ်တဲ့လေယာဉ်ဝန်ထမ်း ကတ်ဆီ ကတော့ တစ်နိုင်ငံရောက်တစ်ယောက်နဲ့သုခဘုံမှာပျော်မွေ့နေတဲ့တစ်ယောက်ပါအဲဒီလိုနဲ့ ဘန်ကောက် သွားရမဲ့လေယာဉ်နဲ့ပါသွားပြီး လေယာဉ်ပေါ်က ခရီးသည်တစ်ယောက်နဲ့ ဆုံမိသွားတာကနေညစာအတူစား ဟိုတယ်တစ်ခုမှာ ညအတူအိပ်ရင် နိုးလာတဲ့အခါမှာတာ့သူနဲ့အတူ အိပ်ခဲ့တဲ့သူက လည်ပင်းလှီးခံရပြီး သေနေတာကိုတွေ့ခဲ့တော့တာပါပဲသုခဘုံကနေ ရုတ်တရက်ကြီး ငရဲပြည်ရောက်သွားသလို သူ့ဘဝလေးဟာလဲဒုက္ခပင်လယ်ဝေနေရတော့တာပေါ့ သူကလည်း သောက်ပြီဆိုရင် ဘာမှမသိအောင်မူးတဲ့အထိသောက် ဟိုတယ်ကဗီဒီယိုမှတ်တမ်းတွေးကလည်း ပျက်နေတဲ့အချိန်မှာတော့လူသတ်တရားခံကို ဖော်ထုတ်လို့မရဖြစ်နေပါတယ်အဲဒီအချိန်မှာပဲသူမသတ်ခဲ့ဘူးဆိုတာကိုသက်သေပြဖို့ စတင်ကြိုးစားရင်းနဲ့ပဲ ပြဿနာတွေသဲလွန်စတွေ သတင်းအချက်အလက်တွေကို တစ်စစီ တစ်စစီ ဆွဲထုတ်မိရင်း……ပျော်စရာ ရင်ခုန်စရာ ခွီစရာတွေနဲ့ ကြည့်ရင်းနဲ့ကို အတက်အကျမြန်လို့တကယ့်ကိုကြည့်လို့ကောင်းမဲ့ ဇာတ်လမ်းတွဲလေး တစ်ကားတင်ဆက်လိုက်ပါတယ်File size…378 Mb Quality…. 720p Format…mp4 Duration….48 min Genre..Drama / mystery / Comedy- Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by  Garfield Episode 1 VIP  /  Yoteshin  / Megaup  / Meganz / ...
7.5
TMDb: 7.5/10 322 votes
tv

The Flight Attendant (2020-2022)

2020
Tokyo Vice (2022)
Tokyo Vice (2022) Tokyo Vice (2022)IMDb - 9.5/10သတင်း​ထောက်​တစ်​ယောက်အတွက် သတင်း​ကောင်း​ကောင်း လိုက်​နိုင်လေ ရန်သူများ​လေလို့ ဆိုကြစမြဲပါ၊ အထူးသဖြင့် ဒုစရိုက်အဖွဲ့​တွေနဲ့နွယ်တဲ့ သတင်း​တွေကို ​​ရေးရတဲ့ သတင်း​ထောက်​တွေအ​နေနဲ့ သတင်းမှန်​လေ၊ အသက်အန္တရာယ်ကြီး​လေပါ၊ဒီစီးရီးက​တော့Tokyo Viceလို့​ ခေါ်တဲ့ မူရင်းစာအုပ်ကို ပြန်လည်ရိုက်ကူးထားတဲ့ ဖြစ်ရပ်မှန်မှုခင်းစီးရီးပဲ ဖြစ်ပါတယ်၊ HBO maxက​နေ လွှင့်သွားမှာဖြစ်ပြီး IMDb 9.5 အထိ ရရှိထားပါတယ်၊Cast​တွေအ​နေနဲ့က​တော့ - Baby Driver, West Side Storyထဲက မင်းသား Ansel Elgort - Inception, Memoirs of a Geishaလို ဇာတ်ကားကြီး​တွေမှာ ပါဝင်ထားတဲ့ ဝါရင့်သရုပ်​ဆောင်မင်းသားကြီ Ken Watanabeတို့ပဲဖြစ်ပါတယ်၊အ​မေရိကန်သတင်း​ထောက် ဂျိတ် အဒယ်စတင်းဟာ ၁၉၉၀​ကျော် ကာလ​တွေမှာ နိုင်ငံခြားသတင်း​ထောက်အဖြစ် ဂျပန်နိုင်ငံ၊တိုကျိုမြို့ကို ​ရောက်သွားခဲ့ပါတယ်၊ သူသတင်းလိုက်တဲ့ အပိုင်းက​တော့ တခြားမဟုတ်ဘဲ မှုခင်း​ရေးရာအပိုင်းဖြစ်​နေတာပါ၊ ဖခင်ဖြစ်သူ ​သေမှု​သေခင်းအရာရှိဆီက​နေ အမှုအခင်းပိုင်းကို စိတ်ဝင်စားလာတဲ့ ဂျိတ်က ထူးဆန်းစွာပဲ ဂျပန်ရဲ့ ဒုစရိုက်​လောက ကို အထူးစိတ်ဝင်စားကာ မဲအိချိုရှင်းဘန်းသတင်းစာတိုက်ရဲ့ မှုခင်းသတင်း​ထောက်ဖြစ်​အောင် ...

Tokyo Vice (2022)

2022
Our Flag Means Death (2022) (Complete) 8.5
Our Flag Means Death (2022) (Complete) Our Flag means Death (2022) (Completed Limited Series) ~ IMDb - 7.4/10, RT - 90%, Meta - 61% ~ ပင်လယ်ဓားပြကားကောင်းလေးတွေကို လွမ်းနေမိတာတော်တော်ကြာပြီပဲဆိုပါတော့။ ကိုရီးယားပင်လယ်ဓားပြကားကောင်းလေးထွက်ထားပေမဲ့ အနောက်တိုင်းပင်လယ်ဓားပြ vibe လေးကိုလည်း ကြည့်ချင်နေမိတာဗျ။ အဲလိုမျှော်နေတုန်း ထွက်လာတဲ့ ပင်လယ်ဓားပြစီးရီးလေးကတော့ Our Flag means Death ပဲဖြစ်ပါတယ်။ အနောက်တိုင်းပင်လယ်ဓားပြတွေရဲ့ ဝတ်ပုံစားပုံတိုက်ပုံခိုက်ပုံတွေကို ပြန်လည်ရှုစားရမယ့်ပင်လယ်ဓားပြစီးရီးလေးဆို‌ပေမဲ့ ကပ္ပတိန်စပဲရိုးတို့နဲ့မတူတာက ဒီစီးရီးက ဟာသဘိုင်အိုဂရပ်ဖီစီးရီးလေးဗျ။ အဓိကကတော့ဗျာ ကာရေဘီယံပင်လယ်ပြင်ကြီးက ပင်လယ်ဓားပြတွေရဲ့ ဘဝကိုပြန်လည်‌မြင်တွေ့ရမှာရယ်၊ အနောက်တိုင်းပင်လယ်ပြင်တိုက်ပွဲတွေကိုပြန်ခံစားရမှာရယ်၊ ဘဝအမောတွေပြေအောင် ရယ်ရမောရမှာတွေရယ်ကြောင့် တော်တော်ကြည့်ရှုသင့်တဲ့စီးရီးလေးပါ။ ဇာတ်လမ်းလေးရဲ့အကျဉ်းလေးကိုပြောရမယ်ဆိုရင် ကြောက်တတ်၊ လန့်တတ်၊ အစိုးရိမ်လွန်တတ်တဲ့ ကပ္ပတိန်ကြီးစတိဘောနက်နဲ့ ကြမ်းချင် ရမ်းချင် မိုက်ချင် ကန်းချင် တပည့်ကျော်လူမိုက်ကြီးတွေနဲ့ ပင်လယ်ဓားပြလောကကို စတင်ဝင်ရောက်လာတဲ့ကားလေးပေါ့ဗျာ။ ဒီတော့ တစ်လွဲ‌တွေချည်းလုပ်နေတဲ့ကပ္ပတိန်ကြီးနဲ့ သူ့အောက်တပည့်ကျော်ကြီးတွေ ဘယ်လိုတစ်လွဲဟာသတွေ ...
8.5
TMDb: 8.5/10 2 votes
tv

Our Flag Means Death (2022) (Complete)

2022
Peacemaker (2022) 7.3
Peacemaker (2022) Peacemaker (2022)==============IMDb Rating - 7.3/10Suicide Squad 2 မှာ ပါဝင်ခဲ့တဲ့ ဇာတ်ကောင်တစ်ကောင်ဖြစ်တဲ့ ပိစ်မိတ်ကာရဲ့ စီးရီးအသစ်ထွက်ပါပြီ။ သရုပ်ဆောင်ကလည်း တွေ့တဲ့အတိုင်း ဂျွန်စီနာ ပါပဲ။ ပိစ်မိတ်ကာဆိုတဲ့ ငြိမ်းချမ်းရေးဖန်တီးရှင်ဆိုတဲ့ နာမည်နဲ့လိုက်အောင် ခရစ်စ် ဟာ ငြိမ်းချမ်းရေးကို အရမ်းတန်ဖိုးထားသူတစ်ယောက်ပါ။ ငြိမ်းချမ်းရေး ရဖို့အတွက် ယောကျာ်းမိန်းမကလေးသူငယ် ဘယ်လောက်ပဲ သတ်ရသတ်ရ သတ်မယ့်သူပါပဲ။ လက်နက် အားလုံးကို ကျွမ်းကျွမ်းကျင်ကျင်သုံးပြီး လူသတ်နိုင်တဲ့ ပါရမီရှင်လည်း ဖြစ်ပါတယ်။ဒီစီးရီးကတော့ Suicide Squid 2 မှာ သူ သေနတ်မှန်ပြီး တိုက်ပိပြီး မသေဘဲ ဆေးရုံတက်နေရတာကနေ စပါတယ်။ ဆေးရုံကဆင်းတဲ့အချိန်မှာ အမန်ဒါ ဝေါ်လာက သူ့ကို သီးသန့် စစ်ဆင်ရေးတစ်ခုလုပ်ဖို့ အဖွဲ့တစ်ဖွဲ့နဲ့ အတူ တာဝန်ပေးလာတဲ့အခါ ဒီစီးရီးဖြစ်လာတာပါပဲ။PS. စကားလုံးတွေ ကြမ်းတမ်းတာရယ် တုံးလုံးအခန်းတွေပါတာရယ်ကြောင့် ကလေးတွေကြည့်ဖို့ မသင့်တော်ပါဘူး။(ဒီဇာတ်လမ်းရဲ့ အညွှန်းကို Mr.Anderson မှရေးသားပေးပြီး၊ ဘာသာပြန်ရေးသားပေးသူများကတော့ Mr.Anderson, Yoon Sandi Aung, ...
7.3
TMDb: 7.3/10 2300 votes
tv

Peacemaker (2022)

2022
Station Eleven (2021) Season 1 Complete 6
Station Eleven (2021) Season 1 Complete Station Eleven (2021) အိမ်ထဲမှာ ရက် (၈၀) လောက် ဘာအလုပ်မှ မလုပ်ဘဲ အေးအေးဆေးဆေး အိပ်လိုက်စားလိုက် နေရင်းနဲ့ အချိန်ဖြုန်းရရင် သိပ်ကောင်းမှာပဲလို့ တွေးမိကြလား။ စားစရာ အပြည့်အစုံနဲ့ သောက်စရာ ရေအလုံအလောက်နဲ့။ ကိုဗစ်ကာလမှာ stay home ခဲ့ရတာတောင် အမှတ်ရသွားကြမယ် ထင်ပါတယ်။ တစ်လစာ ဝယ်ထားတာတွေ တစ်ပတ်လောက်နဲ့ ကုန်သွားလို့ ပရဟိတသမားလေးတွေကို ဖုန်းဆက်ပြီး ဝယ်ခိုင်းရတာမျိုးတွေပေါ့။အခုတင်ဆက်ပေးမဲ့ ဇာတ်လမ်းတွဲကလည်း အိမ်ထဲမှာ စားစရာတစ်ပုံတစ်ပင်နဲ့ ရက် (၈၀) အိမ်တွင်းပုန်းနေတဲ့ အမျိုးသားနှစ်ဦးနဲ့ ကလေးငယ်ကောင်မလေးတစ်ယောက်ရဲ့ အကြောင်းကနေ စပြောရမယ်ထင်ပါတယ်။ ဒါပေမဲ့ တစ်ခုထူးခြားတာက သူတို့ ရက် (၈၀) အကြာ အိမ်ပြင်ထွက်လာတဲ့ အခါမှာတော့ ကမ္ဘာကြီးက လုံး၀ကိုပျက်စီးနေပါပြီ။ဘာ့ကြောင့်လဲ။ ဘုရားသခင်ရဲ့ အမျက်တော်ကြောင့်လား။ ကံ၊ကံရဲ့ အကျိုးအရ လက်ငင်းဘဝမှာ အကျိုးပေးတာလား။ ကိုယ်နေထိုင်ရာ ကမ္ဘာကြီးကို နည်းမျိုးစုံနဲ့ ...
6
TMDb: 6/10 4 votes
tv

Station Eleven (2021) Season 1 Complete

2021
Titans Season 3 8.1
Titans Season 3 DC universeရဲ့ Hit seriesတစ်ခုဖြစ်တဲ့ Titans season 3 ထွက်လာပါပြီSeason 2အဆုံးမှာ Wonder Girlဖြစ်သူ Donna Troyတစ်​ယောက် Deathstrokeနဲ့ တိုက်ပွဲမှာ​သေဆုံးသွားခဲ့ပြီးDick Graysonက Nightwingဖြစ်လာပုံနဲ့ အဆုံးသတ်ထားပါတယ်Season 3အစမှာ​တော့ Ravenတစ်​ယောက် Donna Troyကို အသက်ပြန်သွင်းဖို့အတွက် Titan towerမှာ မရှိတဲ့အချိန်...Titansတစ်ဖွဲ့Gothamမြို့ကို ​ရောက်ရှိလာပြီး Joker​ရှာထားတဲ့ ပြဿနာ​တွေကို လိုက်ရှင်းရ​တော့မှာပါပြဿနာ​တွေရှင်းရင်းနဲ့ Jason Todd​​ခေါ် Robinတစ်​ယောက် Jokerရဲ့ လှည့်ကွက်​အောက်မှာ ဘာ​တွေဖြစ်သွားမလဲ၊Starfireတို့ ညီအစ်မနှစ်​ယောက်ရဲ့ တိုက်ပွဲက​ရော ဘယ်လိုဆက်ဖြစ်မလဲ​Titans familyထဲကို ​​​နောက်ထပ်ဘာCharacterအသစ်​တွေ ထပ်ဝင်​ရောက်လာမလဲRobinက​နေ Nightwingဖြစ်လာတဲ့ Dick Graysonတစ်​​ယောက် ဆရာဖြစ်သူ Batman​ခေါ် Bruce Wayneနဲ့ဘယ်လိုပြဿနာ​တွေဖြေရှင်းသွားရမလဲဆိုတာကိုတော့ဇာတ်လမ်းထဲမှာ ဆက်လက်ကြည့်ရှုခံစားပါ File Size –460MB @EpisodeQuality –720p WEBDL Duration –45 minute (@Episode)Total Episodes:13EpisodesSubtitle – ...
8.1
TMDb: 8.1/10 1565 votes
tv

Titans Season 3

2018