Channel Myanmar

LINE TV

F4 Thailand: Boys Over Flowers(2021)
F4 Thailand: Boys Over Flowers(2021) Boys Over Flowers (F.4Thailand)2021 *******************************အားလုံးစောင့်မျှော်နေတဲ့ F4 Thailand Version လေးထွက်လာပါပြီGMM25 ကနေ အပတ်စဉ် စနေနေ့တိုင်း ည ၈ နာရီခွဲမှာ ထုတ်လွှင့်ပြသမှာဖြစ်ပါတယ်စုစုပေါင်း အပိုင်း ၁၆ ပိုင်းအထိ ပြသသွားမှာပါဒီဇာတ်ကားက ဂျပန် Manga တစ်ခုဖြစ်တဲ့ "Hana Yori Dango" ကို ပြန်လည်ရိုက်ကူးထားတာဖြစ်ပါတယ် "ဇာတ်လမ်းအကျဉ်း" ဂေါ်ယာက ဆင်းရဲတဲ့မိသားစုက မိန်းကလေးတစ်ယောက်ပါဒါပေမယ့် လူချမ်းသာတွေတက်တဲ့ကျောင်းမှာ တက်ဖို ပညာသင်ဆုရခဲ့တယ်ကျောင်းကိုတော့ နာမည်ကြီးပြီး ဩဇာလွှမ်းမိုးမှုရှိတဲ့ F4 အဖွဲကပဲ အုပ်ချုပ်ကြတယ်သူတိုက ကျောင်းမှာရှိတဲ့လူတွေကို အနိုင်ကျင့်ကြတယ်ဂေါ်ယာက သူတိုအနိုင်ကျင့်တာကို အာခံရဲတဲ့ တစ်ဦးတည်းသောကျောင်းသူဖြစ်ခဲ့တယ်ဒါကြောင့် သူတို လေးယောက်စလုံး အံ့ဩသွားကြတယ်အထူးသဖြင့် အဖွဲခေါင်းဆောင်ဖြစ်တဲ့ ထမ်က အရမ်းအံ့ဩနေခဲ့တယ်ဂေါ်ယာဆီက အကန်ခံခဲ့ရပေမယ့် ထမ်က သူမကို စိတ်ကူးယဉ်ဆန်ဆန်ချဉ်းကပ်ခဲ့တယ်ဒါပေမယ့် ဂေါ်ယာက သူ့ကို စိတ်မဝင်စားခဲ့သလို အထင်လည်းမကြီးလာခဲ့ဘူးထမ်ရဲ့ အချစ်ဆုံးသူငယ်ချင်း လန်ကိုပဲ ဂေါ်ယာကကြိုက်နေခဲ့တယ်လန်ကတော့ အချစ်ဦးကိုပဲ ချစ်နေခဲ့တယ်မတူညီတဲ့အသိုင်းအဝိုင်းတွေနဲ့ ပက်သက်တဲ့အခါ ...

F4 Thailand: Boys Over Flowers(2021)

2021
The Yearbook (2021)
The Yearbook (2021) The Yearbook (2021)Yearbook လို့ ခေါ်တဲ့ "တစ်နှစ်တာမှတ်စု" စာအုပ်ထဲက သူငယ်ချင်းတွေကို မှတ်မိကြပါရဲ့လား?????ဒီဇာတ်လမ်းကတော့ ဒီစာအုပ်လေးကို အခြေခံထားတဲ့ ၂၀၀၀ ခုနှစ် အစောပိုင်းကာလများဆီကို ပြန်လည်ခေါ်ဆောင်သွားမှာပဲ ဖြစ်ပါတယ်။"ရေးပေးပါ" ဆိုတဲ့ စာအုပ်ကို မှတ်မိကြပါသလား?ဒီကားကြည့်ရင်း အဲဒီစာအုပ်ပိုင်ဆိုင်ဖူးတဲ့လူတွေဆိုရင် တသသနဲ့ ဖြစ်နေမှာ အမှန်ပါပဲ။ဒီဇာတ်လမ်းကတော့ ဖော့ဘ် နဲ့ နတ် ဆိုတဲ့ သူငယ်ချင်းနှစ်ယောက် သူတို့ရဲ့စိတ်ကူးအိပ်မက်တွေကို အတူတူ ဖော်ဆောင်ကြရင်း ဖြစ်ပေါ်လာခဲ့ကြတဲ့ နက်ရှိုင်းတဲ့ သံယောဇဉ်ကို ရိုက်ကူးတင်ဆက်ထားတာပဲ ဖြစ်ပါတယ်။ကံဆိုးတာကတော့ တစ်ယောက်သောသူက ကတိမတည်ခဲ့ပါဘူး။ဒီဖြစ်ရပ်ကြောင့် သူတို့ကြားမှာ နာကျင်မှုသာ ကြွင်းကျန်ခဲ့ရပါတယ်။နောက်ဆုံးမှာ သူတို့တွေ ကွဲကွာခဲ့ကြပြီး ၄ နှစ် အကြာမှာတော့ ..... အမှန်တရားတချို့နဲ့အတူ တစ်နှစ်တာမှတ်စု စာအုပ်ကနေ သူငယ်ချင်းတစ်ယောက်ကို ပြန်လည်ခေါ်ဆောင်လာမှာပဲ ဖြစ်ပါတယ်။အဆုံးသတ်မှာ သူတို့ရဲ့ခင်မင်မှု တွေ ပြန်ရလာမလား? အိပ်မက်တွေ အကောင်အထည် ပေါ်လာကြမှာလား ဆိုတာကိုတော့တစ်နှစ်တာမှတ်စု စာအုပ်ရဲ့ အမှတ်တရတွေနဲ့ အတူတူ ဆက်လက်ကြည့်ရှုရမှာပဲ ဖြစ်ပါတယ်။အညွှန်းကို August ...

The Yearbook (2021)

2021
In Family We Trust (2018) 7.8
In Family We Trust (2018) In family we trust (2018)CM ပရိသတ်များကို ၂၀၁၈ ခုနှစ်တုန်းက နာမည်ကြီးပြီး ထုတ်လွှင့်ခဲ့တဲ့အပိုင်းတိုင်း Twitterမှာ trend ဖြစ်တဲ့အထိ ပေါက်ခဲ့တဲ့ ထိုင်းဇာတ်လမ်းတွဲတစ်ခုနဲ့မိတ်ဆက်ပေးချင်ပါတယ်။မိသားစုဝင်တွေကြား ရင်းနှီးချစ်ခင်ပြီးစည်းလုံးကြတဲ့ ဂျီရအနန်မိသားစုဟာ အဖိုးဖြစ်သူ သေဆုံးပြီးနောက်မှာတော့ စည်းလုံးမှုတွေ စတင်ပြိုကွဲစေဖို့ အကြောင်းဖန်လာပါတယ်။အိမ်ထောင်ဦးစီးအဖိုး​ဖြစ်သူဟာ သူသေဆုံးပြီးနောက် အမွေတွေခွဲဝေနိုင်ဖို့အတွက် သေတမ်းစာချန်ထားခဲ့ပေမယ့် မညီမျှမှုတွေကြောင့် သား၊သမီးတွေကြား အငြင်းပွားစရာ အဖုအထစ်တွေရှိလာခဲ့ပါတယ်။ အမွေခွဲဝေပြီး မကြာခင်မှာပဲ သားကြီးလည်း ရုတ်တရက်အသတ်ခံရလိုက်ရပါတယ်။​မိသားစုဝင်အကြား တရားခံဖြစ်နိုင်ခြေရှိသူတွေနဲ့ သက်သေတွေလည်းအဖျောက်ခံလိုက်ရတဲ့အခါမှာတော့တကယ့်တရားခံကိုရှာရင်း မိသားစုဝင်အချင်းချင်းကြားအထင်လွဲမှုတွေ၊ အတ္တတွေ၊သံသယတွေ၊ယုံကြည်မှုနဲ့ချစ်ခင်မှုတွေ တဖြည်းဖြည်းယိုယွင်းလာရာကနေသွေးနီးပေမဲ့သွေးမစည်းနိုင်ကြတော့တဲ့အခါ .....တကယ့်တရားခံအစစ်ကိုရောရှာတွေ့ပါ့မလား...တကယ့်လူသတ်တရားခံအစစ်ကဘယ်သူလဲ? ဘာကြောင့်သတ်ရတာလဲ ဆိုတာကိုသိချင်စိတ်တဖွဖွနဲ့အချစ်၊ အမုန်း၊ စိတ်လှုပ်ရှားစရာ ရသမျိုးစုံပါအောင်ရိုက်ပြထားတဲ့ဇာတ်လမ်းကောင်းလေးဖြစ်ပြီးဖြစ်ရပ်မှန်တစ်ချို့တွေပါ ပါဝင်တဲ့ဇာတ်လမ်းလေးလဲဖြစ်ပါတယ်။ဘာသာပြန် နဲ့ အညွှန်းရေးသားထားသူကတော့ Hazel ပဲ ဖြစ်ပါတယ်။Country: Thailand Episodes: 18 Duration: 60 min. Quality: 1080p Size: 1 GB Subtitle: Myanmar (Hardsub) Transaltor: Hazel Encoder: AugustEpisode 01 - Yoteshin / Megaup / Userdrive ...
7.8
TMDb: 7.8/10 4 votes
tv

In Family We Trust (2018)

2018
2gether: The Series (2020) 8.7
2gether: The Series (2020) [Unicode]Bromance ကိုမှ ရိုဆန်ဆန် သဘာဝဆန်ဆန် နဲ့ တအားမပိုတအားမလိုဘဲ မင်းသားချောချောလေးတွေကိုသဘောကျရင် ဒီ 2gether Series လေးကိုကြည့်ဖို့အကြံပေးလိုက်ပါရစေတိုင်း ဆိုတဲ့ဆော်ကြည်ဘဲလေးက တွဲသမျှကောင်မလေးတိုင်းနဲ့သူနဲ့အဆင်မပြေရှာပါဘူး ပြောရမယ်ဆိုရင်ဖူးစာဖက်အမှန်မတွေ့သေးဘူးပေါ့အဲ့တာနဲ့သူ့ဖူးစာဖက်ကိုတက္ကသိုလ်မှာတွေ့ရမယ်လို့သူဆုံးဖြတ်လိုက်တယ်ကျောင်းစစတက်ချင်းနေ့မှာပဲသူ့ခမျာကောင်မလေးလန်းလန်းတွေကသူ့ကိုစိတ်တောင်မဝင်စားဘဲ ဂရင်းဆိုတဲ့ ကောင်လေးကသူ့ကိုကြွေသွားပါလေရော...သူကတော့သဘောမကျကြောင်းငြင်းလေ ဟိုကပိုဆိုးလာလေဆိုတော့ သူ့သူငယ်ချင်းတွေရဲ့ အကြံပေးချက်အရ ရည်းစားကောင်လေးအတုထားဖို့စဉ်းစားလိုက်တယ်အဲ့မှာသူ့ရည်းစားကောင်လေးဟန်ဆောင်ဖို့ ဆာရာဝပ်ဆိုတဲ့တကယ့်အဲ့ကျောင်းရဲ့ပျိုတိုင်းကြိုက်တဲ့နှင်းဆီခိုင်ကြီးကိုအကူအညီသွားတောင်းပါလေရော...အခြေတလိုင်းဆာရာဝပ်နဲ့ ပိန်းဥကတောင်အဖေပြန်ခေါ်ရလောက်တဲ့ ငပိန်းလေး တိုင်း တို့ဘယ်လိုတွေဖြစ်ပျက်ကြမလဲဆိုတာ မိုးအေးအေးလေးနဲ့ Chillနိုင်ကြပါစေလို့...( အညွှန်းရေးသားထားသူကတော့ Dolly ဖြစ်ပါတယ် )[Zawgyi]Bromance ကိုမွ ရိုဆန်ဆန် သဘာဝဆန်ဆန် နဲ့ တအားမပိုတအားမလိုဘဲ မင်းသားချောချောလေးတွေကိုသဘောကျရင် ဒီ 2gether Series လေးကိုကြည့်ဖို့အကြံပေးလိုက်ပါရစေတိုင်း ဆိုတဲ့ဆော်ကြည်ဘဲလေးက တွဲသမျှကောင်မလေးတိုင်းနဲ့သူနဲ့အဆင်မပြေရှာပါဘူး ပြောရမယ်ဆိုရင်ဖူးစာဖက်အမှန်မတွေ့သေးဘူးပေါ့အဲ့တာနဲ့သူ့ဖူးစာဖက်ကိုတက္ကသိုလ်မှာတွေ့ရမယ်လို့သူဆုံးဖြတ်လိုက်တယ်ကျောင်းစစတက်ချင်းနေ့မှာပဲသူ့ခမျာကောင်မလေးလန်းလန်းတွေကသူ့ကိုစိတ်တောင်မဝင်စားဘဲ ဂရင်းဆိုတဲ့ ကောင်လေးကသူ့ကိုကြွေသွားပါလေရော...သူကတော့သဘောမကျကြောင်းငြင်းလေ ဟိုကပိုဆိုးလာလေဆိုတော့ သူ့သူငယ်ချင်းတွေရဲ့ အကြံပေးချက်အရ ရည်းစားကောင်လေးအတုထားဖို့စဉ်းစားလိုက်တယ်အဲ့မှာသူ့ရည်းစားကောင်လေးဟန်ဆောင်ဖို့ ဆာရာဝပ်ဆိုတဲ့တကယ့်အဲ့ကျောင်းရဲ့ပျိုတိုင်းကြိုက်တဲ့နှင်းဆီခိုင်ကြီးကိုအကူအညီသွားတောင်းပါလေရော...အခြေတလိုင်းဆာရာဝပ်နဲ့ ပိန်းဥကတောင်အဖေပြန်ခေါ်ရလောက်တဲ့ ငပိန်းလေး တိုင်း တို့ဘယ်လိုတွေဖြစ်ပျက်ကြမလဲဆိုတာ မိုးအေးအေးလေးနဲ့ Chillနိုင်ကြပါစေလို့...( အညွှန်းရေးသားထားသူကတော့ Dolly ဖြစ်ပါတယ် )  Native ...
8.7
TMDb: 8.7/10 10 votes
tv


2020
Until we meet again ด้ายแดง (2019) 8.8
Until we meet again ด้ายแดง (2019) ဒီ စီးရီးလေးဟာ နိုဝင်ဘာလ ရဲ့ တတိယ အပတ်မှာ Line TV ကနေ စတင် ထုတ်လွှင့်ခဲ့တဲ့ ထိုင်း ဒရာမာ စီးရီးဖြစ်ပါတယ် ဒီတိုင်း အစမ်းကြည့်နေရင်း သိပ်မကောင်းလောက်ဘူး ထင်ရပေမဲ့ ဇတ်လမ်းရဲ့ ပထမပိုင်းမှာတင် ထိုင်ရာက မထစတမ်း ကြည့်ချင်စိတ် ဖြစ်ပေါ်လာစေခဲ့တဲ့ ဇတ်လမ်းတွဲပါပဲ ခုခေတ်စားနေတဲ့ BL ဇတ်လမ်းပုံစံမျိုးပေမဲ့ သူက တစ်မျိုးလေး ထူးဆန်းပါတယ်.... လိင်တူချင်း ချစ်မိတဲ့ ကောင်လေး ၂ ယောက်ဟာ မိဘတွေရဲ့ ပိတ်ပင်တားမြစ်မှုတွေကြောင့် သေကွဲ ကွဲခဲ့ရပေမဲ့ သူတို့ အချစ် နဲ့ သစ္စာကြောင့် လူဝင်စား အဖြစ် နဲ့ နောက်ဘ၀ တစ်ခု မှာ ထပ်မံ ဆုံတွေ့ဖို့ အကြောင်းဖန်လာခဲ့ပြန်ပါတယ်... ဖမ် ဆိုတဲ့ ကောင်လေး ချောချောလေးဟာ ကျောင်းအသစ်တစ်ခုကို ပြောင်းလာခဲ့ပြီး သူယူထားတဲ့ မေဂျာက စီးပွားရေးပါ သူ ဝါသနာပါတာကတော့ အချက်အပြုတ်တီထွင်ဆန်းသစ်မှုပေါ့ အဲ့ဒီကျောင်းမှာပဲ အားကစား ဘက်က ကောင်လေးတစ်ယောက်ကို စတွေ့ရာကနေ သူ့အရင်ဘ၀ ကို ပြန်မှတ်မိလာဖို့ အကြောင်းဖန်လာခဲ့သော အခါ.... ဒီဇတ်လမ်းတွဲကို Chanyein Soe က ...
8.8
TMDb: 8.8/10 3480 votes
tv

Until we meet again ด้ายแดง (2019)

2019
Boy For Rent (2019) 8
Boy For Rent (2019) ဒီတစ်ခေါက်တော့ ချစ်ဖို့ကောင်းတဲ့ ထိုင်းရုပ်သံစီးရီးလေးကိုChannel Myanmar ပရိသတ်ကြီးအတွက် တင်ဆက်ပေးလိုက်ပါတယ်။မြန်မာလိုဆိုရင်တော့ "ကောင်လေးအငှားလိုက်သည်" ပေါ့။ဇာတ်လမ်းအကျဉ်းလေးကိုလဲ တင်ဆက်ပေးချင်ပါတယ်။စမိုင်းဆိုတာ ရည်းစားတောင်မထားဖူးတဲ့ အဖြူထည် ပထမနှစ်ကျောင်းသူလေးပါ။တစ်နေ့တော့ ဓာတ်လှေကားထဲမှာအတူတူပိတ်မိရင်းကနေကိုင်ရိုဆိုတဲ့ စီနီယာအကိုကြီးကို ကြွေသွားပါတော့တယ်။ဒါနဲ့ပဲ သတ္တိမွေးကာ ကိုင်ရိုကို ဖွင့်ပြောလိုက်ပေမယ့်ဒီလိုအဖြူထည် ကလေးလေးနဲ့တူတဲ့ကောင်မလေးမျိုးကိုကိုင်ရိုက သူ့စတိုင်မဟုတ်ပါဘူးဆိုပြီး ငြင်းလိုက်ပါတော့တယ်။ဒါပေမယ့် သူ့ကိုရင်ခုန်အောင်လုပ်နိုင်ရင်တော့စဉ်းစားပေးမယ်လို့ကတိပေးလိုက်တာပါ။အဲဒီမှာပဲ စမိုင်းတစ်ယောက်သူ့ကိုချစ်မှုရေးရာတွေသင်ပြပေးနိုင်မယ့်ကောင်လေးကိုရှာမယ်ဆိုတဲ့ရည်ရွယ်ချက်နဲ့ကောင်လေးအငှားဝန်ဆောင်မှုဌာနကိုရောက်သွားပါတော့တယ်။စမိုင်းတစ်ယောက် ဘာတွေဆက်ဖြစ်မလဲ?သူကြွေနေတဲ့ စီနီယာအကိုကြီးကိုရောရင်ခုန်အောင်လုပ်နိုင်မှာလား?ဘယ်လိုအခက်အခဲတွေကြုံရမယ်ဆိုတာ စောင်ကိုက်ပြီး ကြည့်ရှုရမယ့်စီးရီးလေးပါ။အပိုင်း ၁၂ပိုင်းပါရှိပြီး ချစ်ဖို့ကောင်းတဲ့ဒီစီးရီးလေး နာမည်ကတော့ Boy for Rent (2019) ပါ။ ( ဒီစီးရီးလေးကို Aye Mon Kyaw , Phue , Moe Lay , Hsu Lei , Su Su တို့မှ ...
8
TMDb: 8/10 1 votes
tv

Boy For Rent (2019)

2019