Channel Myanmar

MBC

The Third Marriage (2023)
The Third Marriage (2023) The Third Marriage (2023)**************************အပိုင်းသစ် (၁၀၆) လောင်မြိုက်ပြီး အိမ်ထောင်ရေးကားတွေကို ကြိုက်နှစ်သက်တဲ့သူတွေအတွက်ဇာတ်ကားအသစ်လေးလာပါပြီ ။ဇာတ်ကားအညွှန်း...Jung Da Jaung ဆိုတဲ့ ဖျက်လက်တတ်ကြွတဲ့ အမျိုးသမီးလေးကမိဘမဲ့ဂေဟာမှာ ကြီးပြင်းလာခဲ့ရပေမဲ့ သူမရဲ့ ဘဝကို အခက်အခဲတွေကြားထဲကနေရဲရဲရင့်ရင့်ဖြတ်သန်းနေတဲ့ အမျိုးသမီးလေးဖြစ်ပါတယ်။ဒါပေမဲ့ သူ ဘယ်လိုပဲ ကြိုးစားနေထိုင်နေပါစေ သူ့ဘဝက အခြားသူတွေရဲ့ခြယ်လှယ်ခြင်း ခံနေရကြောင်း သိသွားတဲအခါမှာ လက်စားချေဖို့အတွက်ချမ်းသာတဲ့ အသိုက်အဝန်းထဲကို ဝင်သွားပါတော့တယ်။အဲဒီလို အမျိုးသမီးတစ်ယောက်ရဲ့ ဘဝထဲကို အဆိုးမြင်ဝါဒသမားလို့ထင်ရပေမဲ့နွေးထွေးကြင်နာတတ်ပြီး ဂရုစိုက်တတ်တဲ့ Wang Yo Han တစ်ယောက်ဝင်ရောက်လာတဲ့အခါမှာတော့ နှစ်ယောက်သား သံယောဇဥ်တွယ်ပြီး လက်ထပ်လိုက်ကြပါတော့တယ်။အမျိုးသမီး တစ်ယောက်ရဲ့ လက်စားချေဖို့ ပြင်းပြနေတဲ့စိတ်နဲ့သူမရဲ့ အိမ်ထောင်ရေးတို့ ကြားထဲမှာ ပေါက်ဖွားလာတဲ့ ပဋိပက္ခတွေရဲ့ အကြောင်းကိုဇာတ်အိမ်တည်ထားပြီး အိမ်ထောင်ရေးဇာတ်ကားဆိုတဲ့အတိုင်း အားမလို၊အားမရတွေဖြစ်ပြီးမြိုင်မြိုင်ဆိုင်ဆိုင် လောင်ရင်း ကြည့်ရှုရမယ့် ဇာတ်ကားလေးပဲ ဖြစ်ပါတယ်။ဒီကားလေးကို အပတ်စဉ် တနင်္လာနေ့မှ သောင်္ကြာနေ့ထိ ထုတ်လွှင့်သွားမှာဖြစ်ပြီးအပိုင်း၁၂၀ တောင် ပြသသွားမှာဆိုတော့ ခေါင်းမီးကျွမ်းတဲ့အထိ ...

The Third Marriage (2023)

2023
Hangout with Yoo (2019) How Do You Play? 9.4
Hangout with Yoo (2019) How Do You Play? Hangout with Yoo*******************အပိုင်းသစ် (၂၂၇)ကိုရီးယားရဲ့ နာမည်ကြီး Variety Show တစ်ခုဖြစ်တဲ့Hangout with Yoo လာပါပြီဘယ်သူနဲ့ Hangout ရမှာပါလဲ???ပရိသတ်အချစ်တော် Yoo Jae Suk နဲ့ Hangout ရမယ့် အစီအစဉ်ပဲဖြစ်ပါတယ်ဒီ Variety Show ကတော့ Yoo Jae Suk တစ်ယောက် သူ့ရဲ့ ပိတ်ရက်တွေမှာမလုပ်ဖူးတာတွေ တစ်ခုပြီးတစ်ခု လိုက်လုပ်ရမှာပါ...နာမည်ကြီး Guest တွေခေါ်ပြီး အဖွဲ့လိုက် ပရောဂျက်လုပ်ရတာမျိုးတွေ ပါဝင်တဲ့အပြင်RM က member တွေပါ မကြာခဏ ပါဝင်လေ့ရှိတာကြောင့်Running Man ကြိုက်တဲ့သူတွေ ဒီ Show ကိုလည်း သဘောကျမှာ အသေအချာပါပဲဘယ်လိုအခွီတွေဖြစ်ဦးမလဲဆိုတာ ကြည့်ရှုလိုက်ကြပါဦးအပတ်စဉ် စနေနေ့တိုင်း Channel Myanmar မှာ တင်ဆက်ပေးသွားမှာပါ(အညွှန်းကိုတော့ Amelia မှ ရေးသားထားပြီးဘာသာပြန်သူများကတော့ CM Variety ပဲဖြစ်ပါတယ်) Quality – HD 720p File Size – (600 MB Appx) Duration- 60 minute appx++++++++++++++++++++++++++VIP Link - Click Here!Episode-(108)The Squid Game >>> Yoteshin ၊  Cmdrive ၊ Streamsb ၊ TelegramEpisode-(109)The Second Husband >>> Yoteshin ၊  Meganz ၊ Streamsb ၊ TelegramEpisode-(110)>>> Yoteshin ၊  Meganz ၊ Streamsb ၊ Userdrive ...
9.4
TMDb: 9.4/10 9 votes
tv

Hangout with Yoo (2019) How Do You Play?

2019
Wonderful World(2024)
Wonderful World(2024) Wonderful World(2024)**********************အပိုင်းသစ်(၈)Visual လို့ ပြောလိုက်တာနဲ့ မပါမဖြစ်ထည့်သွင်းဖော်ပြခံရတဲ့ Face Genius Cha Eun Woo နဲ့အပိုအလိုမရှိ ဇာတ်ကောင်ကို ပုံဖော်နိုင်စွမ်းရှိတဲ့ မင်းသမီးကြီး Kim Nam Joo တို့ပါဝင်ထားတဲ့ heavy drama ကားလေးကို တင်ဆက်ပေးချင်ပါတယ်။Eun Soo Hyun ဟာ အောင်မြင်ထူးချွန်တဲ့ စိတ်ပညာပါမောက္ခတစ်ယောက်ဖြစ်ပြီးစာရေးဆရာမအဖြစ်လည်း လုပ်ကိုင်တဲ့လူပါ။ သူ့မှာ အရမ်းချစ်ရတဲ့ သားလေးတစ်ယောက်ရှိပြီးဘဝကို ပျော်ပျော်ရွှင်ရွှင် နေထိုင်ဖြတ်သန်းနေသူပေါ့။ ဒါပေမဲ့ သားဖြစ်သူရဲ့ ရုတ်တရက်သေဆုံးမှုကြောင့် သူ့ ဘဝဟာ တစ်ခဏတွင်းချင်း ကမောက်ကမဖြစ်သွားခဲ့ရပါတယ်။သို့ပေမဲ့လည်း သားဖြစ်သူ သေဆုံးမှုအပေါ် တာဝန်ရှိတဲ့လူဟာ ဥပဒေရဲ့ အပြစ်ပေးခြင်းမခံခဲ့ရတာကြောင့်ထိုက်တန်တဲ့ ပြစ်ဒဏ်ချမှတ်နိုင်ဖို့ သူကိုယ်တိုင် အဖြစ်မှန်ကိုဖော်ထုတ်ဖို့ ဆုံးဖြတ်ချက်ချခဲ့ပါတယ်။Kwon Seon yul (Cha Eun Woo) ကတော့ ချမ်းသာတဲ့မိသားစုမှာ မွေးဖွားကြီးပြင်းခဲ့တဲ့သူဌေးသားလေးဆိုပေမဲ့ မိဘနှစ်ပါး ရှေ့ဆင့်နောက်ဆင့် သေဆုံးမှုကြောင့် ...

Wonderful World(2024)

2024
Coffee Prince (2007) 8.074
Coffee Prince (2007) Coffee Prince (2007)**********************အပိုင်း (၁ မှ ၁၇) စ/ဆုံး ဒီတစ်ခါမှာတော့ CM ပရိသတ်ကြီးတွေ တစ်ခနဲတောင်းဆိုထားကြတဲ့ကော်ဖီမင်းသားကားလေးကို ပြန်လည်တင်ဆက်ပေးလိုက်ပါတယ်။Cast တွေကလည်း ကေဒရာမာဖန်တိုင်း ရင်းနှီးကြတဲ့ Yoon Eun Hye, Gong Yoo,Lee Sun Kyun, Kim Dong Wook, Kim Jae Wook တို့ပဲဖြစ်ပါတယ်။ ဇာတ်လမ်းအကျဉ်းအနေနဲ့ကတော့ဘဝကို ပျော်ပျော်ရွှင်ရွှင်နဲ့ ပေါ့ပေါ့ပါးဖြတ်သန်းနေတဲ့ ချွဲဟန်ဂယောကိုသူရဲ့အဘွားဖြစ်သူဟာ သူ့မြေး အလေလိုက်ပြီးနေတာကိုသည်းမခံနိုင်တော့တဲ့အဆုံးမှာ ကော်ဖီဆိုင်တစ်ဆိုင်ကို ဦးစီးဖို့ပေးပြီးအလုပ်လုပ်ခိုင်းပါတော့တယ်။ပေါ့ပေါ့ပါးပါးဖြတ်သန်းရတာကို နှစ်သက်တဲ့ချွဲဟန်ဂယောဟာအဘွားဖြစ်သူရဲ့စီစဉ်မှုကို နည်းလမ်းမျိုးစုံနဲ့ ခေါင်းရှောင်ရင်းယောက်ျားလေးလို ဝတ်စားသွားလာနေထိုင်တတ်တဲ့ဂိုအွန်ချန်းနဲ့ ရေစက်ဆုံခဲ့ပါတော့တယ်။မိန်းကလေးဖြစ်ပေမဲ့ အိမ်ထောင်ဦးစီးတာဝန်ကိုယူထားရတဲ့အွန်ချန်းတစ်ယောက် ကြုံတွေ့နေရတဲ့ အခက်အခဲတွေကြောင့်ယောက်ျားလေးဟန်ဆောင်ပြီး ဟန်ဂယောရဲ့အကူအညီကို ရယူခဲ့ပါတယ်။ချွဲဟန်ဂယောက အဘွားဖြစ်သူရဲ့စကားအတိုင်း ကော်ဖီဆိုင်ကို ဦးစီးဖြစ်မလား။ဂိုချန်းအွန်းက မိန်းကလေးဆိုတာကို ချွဲဟန်ဂယောတစ်ယောက် ဘယ်လိုသိသွားမလဲ ဆိုတာကိုဇာတ်လမ်းမှာ အဖြေဝင်ရှာကြည့်လိုက်ပါနော်။မှင်စာဦးလေးကြီးရဲ့ငယ်ရွယ်စဉ်တုန်းက အရိုလေးတစ်ဖြတ်ကို စောင်ကိုက်ရင်းခံစားကြည့်လိုက်ရအောင်...... (အညွှန်းကိုတော့ Thinn မှ ရေးသားပေးထားပါတယ်) Aired: Jul 2, ...
8.074
TMDb: 8.074/10 217 votes
tv

Coffee Prince (2007)

2007
Knight Flower(2024) 9
Knight Flower(2024) Knight Flower(2024)********************အပိုင်း ( ၁ မှ ၁၂) ထိ စ/ဆုံး မမ Lee Ha Neeနဲ့ Lee Jong wonတို့ အဓိက ပါဝင်သရုပ်ဆောင်ထားတဲ့ဂျိုဆွန်းနောက်ခံ နန်းတွင်း ဟာသစီးရီးသစ်ဖြစ်ပါတယ်...ဂျိုယောဟွာဆိုတဲ့ အမျိုးသမီးဟာ မျိုးရိုးမြင့် ဂုဏ်သရေအကြီးအမားဆုံးအိမ်တော်ရဲ့ ချွေးမဖြစ်ခဲ့ပြီး ခင်ပွန်းဖြစ်သူ ဆုံးပါးခဲ့တာ ၁၅နှစ်ကျော်ပြီဖြစ်တဲ့မုဆိုးမတစ်ယောက်ဖြစ်ပါတယ်။ အိမ်ထဲက အိမ်ပြင်လုံးဝမထွက်ဘဲ အေးဆေးတည်ငြိမ်ပြီးအိန္ဒြေကြီးသူအဖြစ် သတင်းကြီးသူလည်းဖြစ်ပါတယ်။ အိန္ဒြေကြီးလှပါတယ်ဆိုတဲ့ မုဆိုးမလေး ဂျိုယောဟွာရဲ့ လူတွေမသိတဲ့ နောက်ထပ်ပုံစံတစ်မျိုးကတော့ ညဘက်တွေမှာ အိမ်ခေါင်မိုးတွေပေါ်၊ အုတ်နံရံတွေပေါ်မှာခုန်ပျံကျော်လွှားရင်း ဒုက္ခရောက်နေသူတွေကို ကူညီပေးနေတဲ့အမျိုးသမီးသူရဲကောင်းတစ်ဦးလည်း ဖြစ်ပါတယ်။ နေ့ဘက်ဆို အိမ်တွင်းပုန်း၊ညဘက်ဆို လူမသိအောင် ဖိုက်တာထွက်လုပ်ပြီး ကူညီတတ်တဲ့ မုဆိုးမလေးဟာတစ်နေ့မှာတော့ ရုပ်ရည်ချောမောပြီး အလုပ်မှာလည်း ထူးချွန်ထက်မြက်တဲ့ အရာရှိ ဆူဟို နဲ့တွေ့ဆုံပြီး သဘောကျခဲ့ပေမယ့် မိသားစုအရှုပ်အထွေးတွေ၊လျှို့ဝှက်ချက်တွေနဲ့အခက်အခဲတွေကြားမှာ သူတို့ရဲ့ အချစ်ရေးဟာ ဖြောင့်ဖြူးပါ့မလားဆိုတာကိုဟာသလေးတွေနဲ့ စိတ်ဝင်စားဖွယ်ကြည့်ရှုရမှာ ဖြစ်ပါတယ်.....Episodes: 12 Aired:Jan 12, ...
9
TMDb: 9/10 1 votes
tv

Knight Flower(2024)

2024
Welcome 2 Life 2019 7.7
Welcome 2 Life 2019 Welocme 2 Life (2019) **************************အစ/အဆုံး၂၀၁၉ တုန်းက ထွက်ခဲ့တဲ့ Idol-Actor ကြီး Rain နဲ့ The Glory က Unnie Im Ji Yeon တို့ အဓိကပါဝင်သရုပ်ဆောင်ထားတဲ့ဇာတ်လမ်းကောင်းလေးတစ်ခုကို တင်ဆက်ပေးလိုက်ပါတယ် စုံထောက်ဇာတ်လမ်းကိုမှ အပြိုင်စကြဝဠာပုံစံလေးနဲ့ ရိုက်ကူးထားတာပါဇာတ်လမ်းအကျဉ်း --------------အီဂျယ်ဆန်းဟာ တောင်ကိုရီးယားနိုင်ငံရဲ့ အကြီးဆုံး law firm တွေထဲက တစ်ခုအပါအဝင်ဖြစ်တဲ့ JK law firm ရဲ့ အတော်ဆုံးရှေ့နေတစ်ယောက်ပါ ဒါပေမဲ့ သူက ကိုယ့်ရဲ့အောင်မြင်မှုအတွက်ပဲ ကိုယ်သိပြီး ဥပဒေကို လက်တစ်လုံးခြားလုပ်ချင်သူတွေကို ကူညီပေးလေ့ရှိတဲ့ တစ်ကိုယ်ကောင်းဆန်တဲ့ရှေ့နေတစ်ယောက်ဖြစ်ပါတယ် ကားမတော်တဆမှုဖြစ်ပြီးနောက် parallel universe ကိုရောက်သွားပြီး ဖြောင့်မှန်တဲ့ အမှုစစ် အီဂျယ်ဆန်း အဖြစ် အလုပ်လုပ်နေတဲ့ သူ့ကိုယ်သူတွေ့ရှိလိုက်ရပါတော့တယ် လက်တွေ့ဘဝမှာတော့ ချစ်ရသူ ရာရှီအွန်နဲ့ လွန်ခဲ့တဲ့ ၁၀ နှစ်ကတည်းက လမ်းခွဲခဲ့ပြီး အောင်မြင်မှုကိုပဲ ရှေးရှုပြီး ဘဝကို လျောက်လှမ်းလာခဲ့တဲ့ ရှေ့နေ အီဂျယ်ဆန်းက အပြိုင်စကြဝဠာမှာတော့ ချစ်သူရာရှီအွန်နဲ့ လက်ထပ်ထားပြီး သမီးလေးတစ်ယောက်လည်းရှိနေပါတယ် အပြိုင်စကြဝဠာက ဖြောင့်မတ်မှန်ကန်တဲ့အမှုစစ် အီဂျယ်ဆန်းဘဝနဲ့ လက်ရှိကမ္ဘာက ...
7.7
TMDb: 7.7/10 9 votes
tv

Welcome 2 Life 2019

2019
The Story of Park’s Marriage Contract (2023)
The Story of Park’s Marriage Contract (2023) The Story of Park's Marriage Contract (2023)ပရိသတ်ကြီးတို့ စောင့်မျှော်နေကြတဲ့ ဂျိုဆွန်းခေတ်နန်းတွင်းသူလေးရဲ့ Time Travel ကားလေးလာပါပြီ Bae In Hyuk နဲ့ Lee See Young ရဲ့ ဇာတ်ကားသစ်လေးပါ(function(f,b,n,j,x,e){})();၁၉ ရာစုနှစ် ဂျိုဆွန်းခေတ်မှာ ဘတ်ယွန်းဝူဆိုတဲ့ မိန်းမပျိုလေးနဲ့ ထိမ်းမြားလိုက်တဲ့ခင်ပွန်း ဖြစ်သူဟာ အဲဒီနေ့မှာပဲ နာတာရှည်နှလုံးရောဂါသည်ဖြစ်နေကြောင်း သိလိုက်ရပြီး သွေးအန်ပြီး ကွယ်လွန်သွားတဲ့အပြင် သူကိုယ်တိုင်လည်း ပြန်ပေးဆွဲခံရပြီး ရေတွင်းထဲကိုပစ်ချခြင်းခံလိုက်ရပါသတဲ့သူပြန်နိုးလာတဲ့အချိန်မှာတော့ ၂၁ ရာစု ဆိုးလ်မြို့တစ်နေရာရဲ့ရေကူးကန်ထဲမှာ အချိန်ခရီးသွားပြီးရောက်နေပါပြီး သူ့ခင်ပွန်းနဲ့ရုပ်တူတဲ့ကောင်လေးကပဲ သူ့ကို ကယ်တဲ့သူဖြစ်နေပါသတဲ့ အဲဒီကောင်လေးက SH ဆိုးလ်ကော်ပိုရေးရှင်းရဲ့ အောင်မြင်တဲ့လုပ်ငန်းရှင်ဖြစ်နေတဲ့အပြင် ငယ်စဉ်ကတည်းက နှလုံးရောဂါဝေဒနာကိုခံစားနေရသူတစ်ဦးပါအချစ်ရေးရာကိုစိတ်ဝင်စားမှုမရှိခဲ့ပေမယ့် အဘိုးဖြစ်သူရဲ့နောက်ဆုံးဆန္ဒအရ အဘိုးဖြစ်သူမသေခင် လက်ထပ်ဖို့ကိစ္စဖြစ်လာတဲ့အခါမှာ သူအသက်ကယ်ခဲ့တဲ့ ဂျိုဆွန်းသူလေးကို စာချုပ်နဲ့လက်ထပ်ခွင့်တောင်းဖို့ဖြစ်လာပါတော့တယ် ဂျိုဆွန်းသူလေး ၂၁ ရာစုကိုရောက်လာပြီး ဘယ်လိုအရှုပ်တော်ပုံတွေဖြစ်လာမလဲဆိုတာကို အပတ်စဉ် သောကြာ စနေတိုင်း စိတ်ဝင်တစားစောင့်ကြည့်လိုက်ရအောင်နော်အညွှန်းကိုတော့ Shin Shin က ရေးထားပေးပြီးတော့ ဘာသာပြန်ထားတာကတော့ Shin, Cali, Laii, ...

The Story of Park’s Marriage Contract (2023)

2023
Tale of Arang (2012) [Complete] 5.929
Tale of Arang (2012) [Complete] Tale of Arang (2012)(function(f,b,n,j,x,e){})();********************အပိုင်း (၁ မှ ၂၀) စ/ဆုံး ဒီတစ်ခါမှာတော့ Lee Joon Ki နဲ့ Shin Min Ah တို့ အဓိကပါဝင်သရုပ်ဆောင်ထားတဲ့သဘာဝလွန် ရာဇဝင်ကားဟောင်းလေးကို တင်ဆက်ပေးလိုက်ပါတယ်။ဇာတ်လမ်းအညွှန်းလေးကတော့...အီအွန်းအိုဆိုတဲ့ သူဟာ ကိုယ့်အတွက်ပဲ ကိုယ်သိတဲ့ တစ်ကိုယ်ကောင်းဆန်တဲ့ သခင်လေးတစ်ယောက်ဖြစ်ပေမဲ့သူ့မှာ သရဲတွေကို မြင်နိုင်တဲ့ အစွမ်းရှိတာကြောင့် သရဲတွေဆီက အမြဲ အကူအညီတောင်းခံနေရတဲ့သူပေါ့။တစ်ရက်ကျ အမေဖြစ်သူကို ရှာရာလမ်းမှာ အာရန်ဆိုတဲ့ အတိတ်ဘ၀မှတ်ဉာဏ် ပျောက်ဆုံးနေ‌လို့ဘဝမကူးနိုင်သေးဘဲ လေလွင့်နေတဲ့ သရဲမလေးနဲ့ ဆုံခဲ့ရပြီး အာရန်က အွန်းအို သူ့ကိုမြင်မှန်းသိတဲ့အခါသူသေဆုံးရတဲ့ အကြောင်းအရင်းမှန်နဲ့ သူ့အတိတ်ရဲ့ မှတ်ဉာဏ်တွေကို ကူရှာပေးဖို့ အကူအညီတောင်းလာပါတော့တယ်။အွန်းအိုကလည်း သူအမေ့ကိုရှာဖို့ သူလက်ရှိရောက်နေတဲ့ ထူးဆန်းတဲ့ မီယန်းပြည်နယ်ရဲ့တရားသူကြီးဖြစ်အောင်လုပ်ပေးရင် ကူညီမယ်ဆိုပြီး အပေးအယူလုပ်လာတဲ့အခါ....အာရန်တစ်ယောက် အွန်းအို တရားသူကြီးဖြစ်အောင် ဘယ်လိုလုပ်မှာလဲ...။အွန်းအိုကရော အာရန်ကို ကူညီပေးမှာလား...ဒါမှမဟုတ် တစ်ကိုယ်ကောင်းဆန်ဆန်နဲ့ပဲ ပျောက်ဆုံးနေတဲ့ အမေ့ကိုပဲ ...
5.929
TMDb: 5.929/10 14 votes
tv

Tale of Arang (2012) [Complete]

2012
Air City (2007)  [Completed] 6
Air City (2007) [Completed] Air City (2007)*****************အပိုင်း (၁ မှ ၁၆) စ/ဆုံး လေကြောင်းမြို့တော်ဒီလအတွက်တော့ "လေကြောင်းမြို့တော်"ဆိုပြီး မြန်မာပရိသတ်တွေ သိခဲ့ကြတဲ့ အချစ်၊အလွမ်း၊ဟာသ၊အက်ရှင် ရသမျိုးစုံကို ခံစားနိုင်မယ့် ဇာတ်လမ်း‌တွဲလေးနဲ့ မိတ်ဆက်ပေးချင်ပါတယ်။Squid Game ဇာတ်လမ်းတွဲထဲက မင်းသားကြီး Lee Jung Jaeနဲ့ Stairway to Heaven (အချစ်လှေကားဓာတ်လေးများ)ဇာတ်လမ်းတွဲထဲက မင်းသမီးကြီး Choi Ji Wooတို့ အဓိကပါဝင်ထားပါတယ်။NISရဲ့ အေးဂျင့်ဖြစ်တဲ့ ဂင်ဂျီဆောင်းကတော့ တိုင်းပြည်လုံခြုံရေးအတွက်ဆိုရင် ချမှတ်ထားတဲ့ စည်းမျည်း စည်းကမ်းတွေကို ချိုးဖောက်သင့်ရင်ချိုးဖောက်ပြီး ရာဇဝတ်ကောင်နောက်ကို ကျားကုတ်ကျားခဲလိုက်တတ်တဲ့‌ အေးဂျင့်တစ်ယောက်ပါ။တစ်ဖက်မှာတော့ Incheonအပြည်ပြည်ဆိုင်ရာလေဆိပ်ရဲ့ မန်နေဂျာဖြစ်တဲ့ ဟန်ဒိုဂယောင်းဟာ အသက်ငယ်ပေမဲ့ အဆိပ်ပြင်းသူတစ်ယောက်ဖြစ်ပြီး ကျိုးကြောင်းဆီလျော်အောင် ဆင်ခြင်တွေးခေါ်တတ်သူပေါ့။စရိုက်မတူသူ နှစ်ဦးကြား ကတောက်ကဆ ဖြစ်ပေါ်တတ်တာ သဘာဝဆိုသလိုပဲ NISအေးဂျင့် ဂင်ဂျီဆောင်းနဲ့ Incheon လေဆိပ်ရဲ့ မန်နေဂျာ ဟန်ဒိုဂယောင်းတို့ ရာဇဝတ်မှုတွေကို ဖြေရှင်းဖို့အတွက် ပူးပေါင်းလုပ်‌ဆောင်ကြတဲ့အချိန်မှာ အမြီးအမောက် မတည့်ဖြစ်တာမျိုးတွေ ရှိလာပါတယ်။ကတောက်ကဆတွေကြားကနေ ရာဇဝတ်မှုတွေ ဘယ်လိုပူးပေါင်းဖြေရှင်းသွားကြမလဲဆိုတာကိုတော့ ...
6
TMDb: 6/10 2 votes
tv

Air City (2007) [Completed]

2007
My Dearest (2023)S1+S2 [Complete]
My Dearest (2023)S1+S2 [Complete] My Dearest (2023)****************** ဒီဇာတ်လမ်းတွဲမှာတော့ မင်းသားကြီး NamKoong Minနဲ့ မကြာသေးခင်ကလွှင့်ထားတဲ့  The Good Bad Mother ထဲက မင်းသမီး Ahn Eun Jinတို့က အဓိက ပါဝင်ထားပါတယ်....ယူဂီချယ်ဆိုတဲ့ ကောင်မလေးက ချမ်းသာတဲ့မိသားစုကနေ ပေါက်ဖွားလာပြီးလိုတရနေတဲ့ဘဝမှာနေနေရတာဆိုတော့ မာနကြီးပြီး အရာအားလုံးအပေါ်အထင်သေးအမြင်သေးဆက်ဆံတတ်လေ့ရှိတယ်...အရာအားလုံးက သူမ အတွက် ရေကန်အသင့်ကြာအသင့်နေရတဲ့ဘဝဆိုတော့အပူအပင်လည်းမရှိရှာဘူးပေါ့..တစ်နေ့မှာတော့ ရာသီဉတုကပ်ဆိုးကြီးတစ်ခုဖြစ်ပေါ်လာတဲ့နောက် သူမ ဘဝအတွက်အလှည့်အပြောင်းတစ်ခုရှိလာပါတော့တယ်...အီဂျန်ဟွန်းဆိုတဲ့ အမျိုးသားကတော့ လျှို့ဝှက်တတ်တဲ့ လူတစ်ယောက်ဖြစ်ပြီးဘာကိုမှ အလေးမထားသလို စမ်းချောင်းကစမ်းရေသံလေးနားထောင်ရမြက်ခင်းပြင်ပေါ်လမ်းလျှောက်ရ ရုံဖြင့် တခြားပိုင်ဆိုင်မှုတွေမရှိသော်ငြားဘဝကိုပြီးပြည့်စုံတယ်လို့ ထင်တဲ့သူတစ်ယောက်ပေါ့...သို့ပေမဲ့သူ့မှာလူသိမခံတဲ့လျှို့ဝှက်ချက်များစွာလည်းရှိတဲ့သူတစ်ဦးပါ...အဲဒီနောက် မမျှော်လင့်ဘဲ ယူဂီချယ်ဆိုတဲ့ ဂုဏ်ရှင်မလေးနဲ့ တွေ့တဲ့အခါမှာတော့...ဘာတွေဆက်ဖြစ်ကြမလဲ စောင့်ကြည့်ရအောင်နော်.....File Size –  1.2GB/500MBQuality –1080p, 720pDuration – 1h  (@Episode)Total Episodes: 10EpsSubtitle – Myanmar HardsubFormat – Mp4Genre : Drama / ...

My Dearest (2023)S1+S2 [Complete]

2023
SF8 (2020) Complete 7.3
SF8 (2020) Complete SF8 (2020) Limited Series ~ IMDb - 6.3/10, MyDramaList - 7.5/10 ~ ကိုရီးယားသိပ္ပံစိတ်ကူးယဉ်ရုပ်ရှင်တွေ ဇာတ်လမ်းတွဲတွေကို ကျွန်တော်တို့မြင်ရသလောက်ဆို သိပ်တော့လည်း အားရစရာကောင်းမနေပါဘူး။ ကော်ပီဖြစ်ရင်ဖြစ် မဖြစ်ရင်လည်း သိပ်ဇာတ်မနိုင်လှတာကို တွေ့ရမှာပါ။ ဆန်းတော့လည်းမဆန်းဘူးထင်ပါတယ်။ အကုန်မဟုတ်တောင် ၁၀ခုမှာ ၇ခုလောက်က အစကောင်းတောင် အဆုံးဂွမ်းသွားတာများပါတယ်။ SF8 ကတော့ ပုံမှန်မြင်နေကျ ကိုရီးယား သိပ္ပံစိတ်ကူးယဉ်ဇာတ်လမ်းတွဲတွေနဲ့ မတူတဲ့ Anthology စီးရီးပါပဲ။ ၈ပိုင်းပါဝင်ပြီး Anthology စီးရီးဆိုတော့ ၈ပိုင်းလုံး ဇာတ်အိမ်သီးခြားစီနဲ့ပါ။ ထူးတာက ဒီအပိုင်းတွေအားလုံးမှာ အထူးပြုလုပ်ချက်ဆန်းဆန်းပြားပြားတွေ မပါပေမဲ့လည်း ဇာတ်အိမ်ကိုတော့ ရည်ရွယ်ချက်ကောင်းကောင်းလေးနဲ့ ချပြထားပါတယ်။ ၈ပိုင်းလုံး သူ့ Concept နဲ့သူ ရပ်တည်နေပြီး ၈ပိုင်းလုံး ပစ်စရာမရှိလောက်အောင် ကောင်းပါတယ်။ သရုပ်ဆောင်တွေလည်း ထိပ်တန်းကြီးတွေတော့မဟုတ်ပေမဲ့ ပေါပေါပဲပဲသုံးထားတာမဟုတ်ပါဘူး။ An Old Lady ထဲက မင်းသမီးကြီး ...
7.3
TMDb: 7.3/10 7 votes
tv

SF8 (2020) Complete

2020
Heartstrings(2011)[Complete] 6.9
Heartstrings(2011)[Complete] Heartstrings(2011)****************အပိုင်း(၁ မှ ၁၅)အထိ စ/ဆုံး တစ်ချိန်တစ်ခါကနေ အခုချိန်ထိ ဝက်ဝက်ကွဲ အောင်မြင်ခဲ့တဲ့ series လေး လာပါပြီYou're Beautiful ထဲမှာ မညားလိုက်ရတဲ့ ရှင်ဝူးနဲ့ ဂိုမီနမ်အတွက်သက်သက်တစ်ကားဖန်တီးပေးထားသလိုပါပဲLee Shin (Jung Yong Hwa) က ခေတ်ပေါ်တေးဂီတမေဂျာကို အဓိကယူထားတဲ့ကျောင်းသား ဖြစ်ပြီး Stupid အဖွဲ့ရဲ့ main vocalist နဲ့ guitarist ပါ ရုပ်ရည်ချောမောပြီး ဂီတကို ပြင်းပြင်းပျပျ ဝါသနာပါသူအဖြစ် ကျောင်းမှာနာမည်ကြီး ရေပန်းစားပေမဲ့ တကယ်တမ်းကျ အေးတိအေးစက်နဲ့ အနာဂတ်ကို စိတ်မဝင်စားသူတစ်ဦးပါ ..Lee Kyu Won (Park Shin Hye)ကတော့ ရိုးရာဂီတမေဂျာကဖြစ်ပြီး ကိုရီးယားရိုးရာ ၁၂ ကြိုးစောင်းကို ကျွမ်းကျင်သူပါ အဘိုးဖြစ်သူ Lee Dong Gun က ထိပ်တန်းရိုးရာဂီတသမားဖြစ်တာကြောင့်အဘိုးရဲ့ထိန်းချုပ်မှုအောက်မှာ ကြီးပြင်းရင်း ရိုးရာဂီတပညာရှင်ဖြစ်ဖို့ကလွဲပြီး ကျန်တာဘာမှမသိသူလေးပေါ့ တစ်နေ့မှာတော့ သူငယ်ချင်းတွေနဲ့ Lee ...
6.9
TMDb: 6.9/10 28 votes
tv

Heartstrings(2011)[Complete]

2011
Missing You (2012) 7.1
Missing You (2012) Missing You (2012)********************အပိုင်း (၁ မှ ၂၁) စ / ဆုံး ဒီတစ်ခါမှာတော့ CM ပရိသတ်ကြီးတို့အတွက် မမချော Yoon Eun Hye , Park Yoo Chunနဲ့Yoo Seung Hoတို့အပြင် Kim So Hyunနဲ့ Yeo Jin Gooတို့ကလည်း ကလေးသရုပ်ဆောင်အနေနဲ့ပါဝင်ထားတဲ့ နာမည်ကြီး Seriesဟောင်းလေးကို ပြန်လည်တင်ဆက်ပေးလိုက်ပါတယ်နော်။ဇာတ်လမ်းအကျဥ်းလေးကတော့...အီဆူယွန်းဟာ လူသတ်သမားရဲ့သမီးဆိုတဲ့ အကြောင်းပြချက်နဲ့ အပယ်ခံဘဝမှာနေထိုင်လာခဲ့ရတဲ့ မိန်းကလေး တစ်ယောက်ဖြစ်ပါတယ်။ ဒါပေမဲ့ အီဆူယွန်းရဲ့ ဘဝထဲကိုထီးအဝါလေးနဲ့ ဟန်ဂျောင်အူဆိုတဲ့ ကောင်လေးတစ်ယောက်ရောက်ရှိလာခဲ့ပြီးသံယောဇဉ်တွေခိုင်မာလာတဲ့ သူတို့အကြား မထင်မှတ်ထားတဲ့ ကံကြမ္မာမုန်တိုင်းတစ်ခုဝင်ရောက်လာပြီး ကွဲကွာသွားပါတော့တယ်။ ဟျောင်းဂျွန်းကလည်း တစ်လောကလုံးမှာအီဆူယွန်းကို အတွယ်တာဆုံးဖြစ်ပြီး ကံကြမ္မာဆိုးထဲကျရောက်ခဲ့တဲ့ ဆူယွန်းအတွက်လည်းတစ်ဦးတည်းသော မှီခိုရာ မိသားစုဝင်ဖြစ်လာခဲ့ပါတယ်။ထီးအဝါလေးတွေနဲ့ ကိုယ်စီရဲ့ ငယ်ချစ်ဦးဖြစ်ခဲ့ကြတဲ့ ဂျောင်အူနဲ့ ဆူယွန်းတို့ဘယ်လိုပြန်လည်ဆုံဆည်းကြမလဲ...။သူတို့ နှစ်ယောက်ကို ဝေးကွာစေခဲ့တဲ့ တရားခံကရော ဘယ်သူများလဲ..။‌ဟျောင်းဂျွန်းကရော ဆူယွန်းထင်သလို ...
7.1
TMDb: 7.1/10 16 votes
tv

Missing You (2012)

2012
Playful Kiss (2010) [Complete] 7.794
Playful Kiss (2010) [Complete] Playful Kiss (2010)*********************အပိုင်း (၁ မှ ၁၆) စ/ဆုံး လူကြီးမင်းတို့ဘဝမှာ ငယ်စဉ်က တိတ်တခိုးနဲ့တဖက်သတ်ချစ်ခဲ့ရတဲ့ အချစ်ဦးကိုယ်စီရှိခဲ့ကြဖူးတယ်မလား….?ကဲ ခုမိတ်ဆက်ပေးမယ့် ဇာတ်ကားလေးကိုလည်း ငယ်ဘဝတုန်းကစောင်ကိုက်ပေါင်ရိုက်ပြီး အူးတယားယားနဲ့ကြည့်ပြီးတော့Crush ကြီးနဲ့ စိတ်ကူးပင်လယ်အတွေးကြီးထဲ တဖြီးဖြီးနဲ့လက်ပစ်ကူးခဲ့ဖူးသေးတယ်မလား….?တော်တော်များများရဲ့ငယ်ဘဝမှာ အသည်းကျော်ပဲလှော်နာမည်ကြီးခဲ့တဲ့ဒီဇာတ်ကားလေးကို အကုန်သိကြပြီးသားဆိုပေမဲ့ဇာတ်လမ်းလေးကို ပြန်နွှေးပေးရရင်...“ဘဲ့ဆွန်းဂျို” ဆိုတာ ကျောင်းစာလည်းတော် ရုပ်လည်းချောသလိုအားကစားမှာလည်း ထူးချွန်တဲ့ ပျိုတိုင်းကြိုက်တဲ့နှင်းဆီပေါ့….ပျိုတိုင်းကြိုက်ကြတဲ့အထဲမှာမှ “အိုဟာနီ”ဆိုတဲ့ ရုပ်ကလည်း သာမန်ကျောင်းစာဆို ဘိတ်ချီး ဘာကိုမှ ဖြစ်ဖြစ်မြောက်မြောက် မလုပ်နိုင်တဲ့ကောင်မလေးကတော့အသည်းအသန် ခဲမှန်သလို “ဆွန်းဂျို” ကို အချစ်နတ်သားတစ်ပါးအလားတက်မက်စွဲလမ်းချစ်ခင်နေမိတဲ့သူပါ….တစ်ရက်တော့ ကံတရားရဲ့ မျက်နှာသာပေးမှုကြောင့်“ဟာနီ”ဟာ “ဆွန်းဂျို” တို့အိမ်မှာသွားနေရတဲ့နောက်အချစ်နတ်သားလေးက ဘယ်လိုချစ်ကြိုးသွယ်လာမလဲဆိုတာကိုတော့……..အသည်းတယားယားနဲ့ပဲ ဝင်ကြည့်လိုက်ကြပါတော့နော်...။ Genres: Comedy, Romance, Drama Duration: 65 mins Episodes: 16 Original Network: MBC File Size: 720p(~775MB) , 1080p(2.25GB) Translated by  Thinn, Hay Thar Oo, Khine Khine Wai, ...
7.794
TMDb: 7.794/10 355 votes
tv

Playful Kiss (2010) [Complete]

2010
Numbers (2023)
Numbers (2023) Numbers (2023)အညွှန်းKdram‌a fan တွေရဲ့ အချစ်တော် "Angel's Last Mission: Love" ထဲက နတ်သားလေး Kim Myung-Soo (L) ရဲ့ Comeback လေးလာပါပြီရှင် သူ စစ်မှုထမ်းအပြီး ပထမဆုံးပြန်စရိုက်တဲ့ကားလေးဖြစ်ပါတယ်။ ဒ့ါအပြင် ဇွန်ဘီးစုံထောက် မင်းသားကြီး Choi Jin-Hyuk နဲ့အတူ တွဲဖက်ရိုက်ကူးထားပြီး တခြားမင်းသားမင်းသမီးကြီးတွေပါဝင် ထားတာဖြစ်လို့ ဒီကားကတော့ ကြည့်ကိုကြည့်သင့်နေပါပြီနော်ဇာတ်လမ်းအကျဉ်းလေးကတော့ Jang Ho-Woo (Kim Myung-Soo) ဟာ ထက်မြက်ပြီး စူးစမ်းလေ့လာနိုင်တဲ့အပြင် ကိန်းဂဏန်းတွေကိုလည်း မှတ်သားနိုင်စွမ်းရှိတာကြောင့် အထက်တန်းအောင်လက်မှတ်တစ်ခုတည်းနဲ့ ထယ်အီလ်စာရင်းကိုင်ကုမ္ပဏီကို ဝင်ရောက်လုပ်ကိုင်ခွင့်ရခဲ့တဲ့ ပထမဆုံး စာရင်းကိုင်ဝန်ထမ်းပဲဖြစ်ပါတယ်။ ထယ်အီလ်စာရင်းကိုင်ကုမ္ပဏီဟာ တောင်ကိုရီးယားနိုင်ငံမှာ အကြီးကျယ်ဆုံး စာရင်းကိုင် ကုမ္ပဏီ လေးခုထဲက တစ်ခုဖြစ်ပြီး ဒုဥက္ကဌရဲ့သားဖြစ်သူ Han Seung-Jo (Choi Jin-Hyuk)ကလည်း နောက်ခံကောင်းကောင်းနဲ့ ဒီကုမ္ပဏီမှာ အလုပ်လုပ်နေပါတယ်။အလုပ်လုပ်ရင်း စေ့စပ်တဲ့ Ho woo တစ်ယောက် ကုမ္ပဏီရဲ့ အကျင့်ပျက်ချစားမှုတွေ မတရားမှုတွေကို မြင်တွေ့လာရတဲ့အခါ လက်ပိုက်ကြည့်မနေနိုင်တာကြောင့် သေချာစုံစမ်းဖော်ထုတ်ဖို့ကြိုးစားလာပါတော့တယ်။ အရာရာကွဲပြားတဲ့ ...

Numbers (2023)

2023
Hospital Ship (2017) 6.3
Hospital Ship (2017) Hospital Ship (2017)*********************အပိုင်း ( ၁ မှ ၂၀ ) စ / ဆုံး ဒီကားလေးက ဒိတ်ဒိတ်ကြဲနာမည်ကြီးတွေဖြစ်တဲ့Kang Min Hyuk (Celebrity)နဲ့ Ha Ji Won တို့ အဓိက ပါဝင်ထားပြီးကျွန်းမှာနေထိုင်တဲ့ ကျေးလက်ဒေသခံတွေကို  သင်္ဘောနဲ့ဆေးလိုက်ကုပေးတဲ့စေတနာ့ဆရာဝန်လူငယ်လေးတွေရဲ့ ဘဝကို သရုပ်‌ဖော်ထားတာပါ။Song Eun Jae (Ha Ji Won)က ဆိုးလ်မြို့ရဲ့ ဆေးရုံကြီးတစ်ခုမှာအလွန်ထူးချွန်တဲ့ ကျွမ်းကျင်ခွဲစိတ်ဆရာဝန်တစ်ဦးပါ။အောင်မြင်မှုများစွာရရှိခဲ့ပေမဲ့ တစ်နေ့မှာ ကံဆိုးတဲ့ အဖြစ်အပျက်တစ်ခုကြောင့်အဲဒီဆေးရုံကြီးကနေ ထွက်သွားရပြီး ဆေးရုံသင်္ဘောဆီမှာ တာဝန်ထမ်းဖို့ ဖြစ်လာပါတယ်။လူသားချင်း စာနာတတ်တဲ့ ဖခင်နဲ့ ကြီးပြင်းခဲ့ရတဲ့ Kwak Hyun (Kang Min Hyuk)ကတော့ချမ်းသာပြည့်စုံတဲ့ ဘဝက လာပေမဲ့ သူကိုယ်တိုင်ကပဲ စေတနာ့ဆရာဝန်အလုပ်ကို ရွေးချယ်ခဲ့ပြီးဆေးဝါးနဲ့သာမက အပြုံးချိုချိုလေးတွေနဲ့ပါ ဆေးကုပေးတတ်တဲ့ ဆရာဝန်လေးပေါ့။Kim Jae Gul (Lee Seo ...
6.3
TMDb: 6.3/10 19 votes
tv

Hospital Ship (2017)

2017
Fantasy Boys: Excitement After School 2 (2023)
Fantasy Boys: Excitement After School 2 (2023) Fantasy Boys: Excitement After School 2 (2023)အပါတ်စဉ်စောင့်ကြည့်ရဦးမယ့် K-pop Survival Show အသစ်လေးတစ်ခုကို CM ကနေ ထပ်မံတင်ဆက်ပေးလိုက်ပါတယ်။ မနှစ်က MBC ကနေထုတ်လွှင့်ပြသွားတဲ့ My Teenage Girl ပရိုဂရမ်ရဲ့ Male Version အနေနဲ့ ရိုက်ကူးထားတဲ့ရှိုးလေးဖြစ်တာကြောင့် My Teenage girl ကြည့်ဖူးသူတွေလည်း ကြိုက်နှစ်သက်ဦးမယ့် အစီအစဉ်လေးပါ။Judge တွေကလည်း လျှမ်းလျှမ်းတောက် K-pop မှာ ဆရာတစ်ဆူလို့ တင်စားရင်တောင် မမှားမယ့် (G)-IDLE So Yeon နဲ့ Winner ရဲ့ Seung Yoon တို့လိုကြယ်ပွင့်တွေကချည်း အကဲဖြတ်ပေးသွားမှာဖြစ်ပြီး MC အစ ပြိုင်ပွဲဝင်တွေအလယ် Judge တွေအဆုံး အမောပြေချင်စရာ ဒီအစီအစဉ်လေးကိုတော့ အပါတ်စဉ် ကြာသပတေးနေ့တိုင်းမှာ ထုတ်လွှင့်ပြသသွားဦးမှာဖြစ်ပါတယ်။ ။အညွှန်းကိုတော့ ThantSin က ရေးထားပေးပြီးတော့ ဘာသာပြန်ထားတာကတော့ CM Variety Team ...

Fantasy Boys: Excitement After School 2 (2023)

Joseon Attorney: A Morality (2023) 8
Joseon Attorney: A Morality (2023) Joseon Attorney: A Morality (2023) (အညွှန်း) =================================21 ရာစုခေတ် ရှေ့နေကားတွေချည်းပဲကြည့်နေရတာ ရိုးလောက်ပြီမို့ ဂျိုဆွန်းခေတ်ရှေ့နေကားလေးပြောင်းကြည့်ရအောင်။မိဘတွေရဲ့သေဆုံးမှုနဲ့ပတ်သက်ပြီးတာဝန်ရှိသူတွေကို ကလဲ့စားချေချင်တဲ့စိတ်နဲ့ ရှေ့နေဖြစ်လာတဲ့ Kang Han Soo .. ဘုရင့်သမီးတော်တစ်ပါးဖြစ်ပေမယ့် ဖြူစင်တဲ့စိတ်ထားနဲ့ ချို့တဲ့အဖိနှိပ်ခံပြည်သူတွေကို တစ်ဖက်တစ်လမ်းကနေ ကူညီပေးနေတဲ့ Lee Yeon Joo .. သူတို့နှစ်ယောက်ပေါင်းပြီး ဂျိုဆွန်းပြည်မှာ ဥပဒေကို လက်တစ်လုံးခြားလုပ်ပြီး ခေါင်းပုံဖြတ်နေတဲ့ လူကုံထံတွေ အရာရှိတွေကို ဥပဒေအရဘယ်လိုနှိပ်ကွပ်မလဲဆိုတာ ကြည့်ရမယ့် ဥပဒေရိုမန့်စ်ကားလေးပဲဖြစ်ပါတယ်။မင်းသားချော Woo Do Hwan ရဲ့ သုံးနှစ်အကြာမှ ပြန် comeback တဲ့ကားဖြစ်သလို မင်းသမီးကလည်း WJSN အဖွဲ့ဝင်လည်းဟုတ် .. အခုထိ ကေဒရာမာဖန်တွေရဲ့ရင်ထဲမှာရှိနေဆဲ Twenty-Five Twenty-One ရဲ့”ဂိုယူရင်း” လည်း ဖြစ်တာမို့ နှစ်ယောက်သား chemistry မမိမှာတော့မပူရပါဘူး။Quality :1080p WEB DL/ 720pTotal Episodes : 16EpsFormat : ...
8
TMDb: 8/10 1 votes
tv

Joseon Attorney: A Morality (2023)

2023
Game of Witches (2022)[Complete]
Game of Witches (2022)[Complete] Game of Witches (2022)အပိုင်း( ၁ မှ ၁၁၉) ထိ စ/ဆုံးသမီးဖြစ်သူကို ဆုံးရှုံးလိုက်ရပေမဲ့ အလောင်းကို ကိုယ်တိုင်မမြင်ခဲ့တဲ့အတွက် လက်မခံနိုင်တဲ့ ယူဂျောင်း တစ်ယောက် တစ်နေ့မှာတော့ သူ့သမီးလေး အသက်ရှင်နေသေးတယ်ဆိုတာကို သိလိုက်ရလို့ အပူတပြင်း လိုက်ရှာပါတော့တယ်။သားသမီးရှေ့ရေးအတွက် မတရားမှုတွေကို ဘယ်လိုနည်းနဲ့မဆို တွန်းလှန်ဖို့ အသင့်ဖြစ်နေတဲ့ မိခင်နှစ်ဦး သားသမီးတွေအတွက် လက်စားချေရဖို့ဖြစ်လာတဲ့အခါ ...ဆုံးရှုံးလိုက်ရတဲ့ သမီးလေးက တကယ်ပဲ အသက်ရှင်နေသေးတာလား? ဘာတွေဆက်ဖြစ်မလဲ? ဆိုတာကိုတော့ လှည့်ကွက် မြုပ်ကွက်တွေ တသီကြီး စိတ်ကြိုက် အဝ ကြည့်ရမဲ့ ဇာတ်လမ်းတွဲရှည်ကြီးမှာ ဆက်ပြီး စောင့်ကြည့်လိုက်ရအောင်နော်။အပတ်စဉ် တနင်္လာ မှ သောကြာ တစ်ပတ်ငါးပိုင်း ပြသမှာဖြစ်ပြီး CMမှလည်း အပတ်စဉ်တင်ဆက်ပေးသွားပါ့မယ်။(ဇာတ်လမ်းအညွှန်းကိုတော့ Hnin Wut Yi က ရေးပေးထားပါတယ်။)Aired: Oct 11, 2022 -- Aired On: Monday ...

Game of Witches (2022)[Complete]

2022
Extraordinary You (2019) 8.496
Extraordinary You (2019) Extraordinary You (2019)KDrama လောကသားတွေထဲ 2019 တုန်းကထွက်ရှိခဲ့တဲ့ Extraordinary You ကိုတော့ မသိတဲ့လူမရှိလောက်ပါဘူး။"W:Two Words Apart"လိုမျိုး Webtoon နဲ့ လက်တွေ့ဘဝဆက်စပ်နေတဲ့ ဇာတ်လမ်းမျိုးဖြစ်တဲ့အတွက် Fantasy ကြိုက်သူတိုင်း ရင်းနှီးပြီးသားဇာတ်လမ်းလေးပါ။ချမ်းသာတဲ့မိသားစု‌နောက်ခံနဲ့ 17နှစ်အရွယ် အထက်တန်းကျောင်းသူလေး Eun Dan Oh ဟာ ကိုယ်တွေဘက်ကကြည့်ရင်‌တော့ Extraordinary You ရဲ့ အဓိကဇာတ်လိုက်ပါ။ဒါပေမယ့် Webtoon ဆရာ ရေးဆွဲထားတဲ့ကမ္ဘာမှာရှိတဲ့ Eun Dan Ohကတော့ နှလုံးရောဂါသည် ဇာတ်ပို့မလေးတစ်ယောက်ဖြစ်နေခဲ့ပါတယ်။လက်တွေ့နဲ့ Webtoon ဆရာ ရေးဆွဲထားတဲ့ ဇာတ်ကွက်တွေကြား အချိန်အပိုင်းအခြားကို သတိပြုမိခဲ့တဲ့ Eun Dan Ohဟာ သူ့ရဲ့တကယ့်ဘဝက ဇာတ်ခုံပေါ်မှာရှိနေတာကိုသိရှိသွားပြီးတဲ့နောက် သူကိုယ်တိုင် ဇာတ်လိုက်ဖြစ်နေမယ့် လက်တွေ့ကမ္ဘာကြီးမှာလွတ်လွတ်လပ်လပ်ပဲ ရှင်သန်ဖို့ကြိုးစားပါတော့တယ်။ရှုပ်ထွေးတဲ့ Webtoonဇာတ်ကွက်တွေနဲ့ သူ့ရဲ့လက်တွေ့ဘဝကြားထဲ သေချာပေါက်‌ မင်းသားလေးနှစ်လက်ကပါ ရောယှက်ပါဝင်နေဦးမှာပါ။"July found by Chance"ဆိုတဲ့ Webtoonရဲ့ Live Action လည်းဖြစ်သလို တခြား school ...
8.496
TMDb: 8.496/10 119 votes
tv

Extraordinary You (2019)

2019