Channel Myanmar

NBC

Friends (2003) – Season 10 (Complete) 8.5
Friends (2003) – Season 10 (Complete) F.R.I.E.N.D.S (Season 10) ~ IMDb rating - 8.5/10 ~ ချန်ဒလာ၊ မော်နီကာ၊ ရေချယ်လ်၊ ဖီဘီ၊ ဂျိုဝီ၊ ရော့စ် တို့နဲ့ နှုတ်ဆက်ရတော့မယ့် နောက်ဆုံးစီဆင်ရောက်လာပါပြီ။ ဒီခရီးဟာ နောက်ဆုံးတော့ ဆုံးခန်းတိုင်တော့မယ်ဆိုတာ လက်မခံချင်လည်း လက်ခံရတော့မှာပါပဲ။ ဒါပေမဲ့ ပြီးသွားလည်း ကိစ္စမရှိပါဘူး။ အစကနေ အဆုံးထိ ပြန်မာရသွန်ဖို့ ထိုက်တန်တဲ့ စီးရီးတစ်ခုပဲ မဟုတ်လား။ နောက်ဆုံးစီဆင်ဟာ ကျန်တဲ့ စီဆင်‌ထက် အပိုင်းနည်းပေမဲ့ တခြားစီဆင်တွေထက်ကို ရသမျိုးစုံ ပေးနိုင်ပါလိမ့်မယ်။ ခွီရရင်လည်း ပိုခွီရ၊ လွမ်းမောစရာတွေလည်း ပိုကြုံရ၊ မျက်ရည်ဝဲစရာတွေကလည်း ထိန်းမရနိုင်အောင် ဖြစ်ပါလိမ့်မယ်။ FRIENDS ဟာ ထူးထူးခြားခြားအနေနဲ့ Sitcom Series ထဲမှာ အကောင်းဆုံး Ending တစ်ခုကို ပိုင်ဆိုင်ထားတဲ့ Sitcom တစ်ခုပါ။ ကျန်တဲ့စီးရီးတွေကတော့ အစပိုင်း ကောင်းပေမဲ့ အလယ်မှာ အီသွားတာမျိုး၊ အဆုံးကျ တက်သုတ်ရိုက် ...
8.5
TMDb: 8.5/10 5693 votes
tv

Friends (2003) – Season 10 (Complete)

1994
Friends (2002) – Season 09 (Complete) 8.5
Friends (2002) – Season 09 (Complete) F.R.I.E.N.D.S (Season 9) ~ IMDb rating - 8.2/10 ~ အရင်စီဆင်တွေမှာ Ross ဟာ သူ့သား Ben ကို Carol ဆီပဲ ပို့ထားခဲ့ရတဲ့အတွက် Ben အခန်းတွေဟာ နည်းတယ်လို့ဆိုရပါလိမ့်မယ်။ ဒါပေမဲ့ အခုစီဆင်မတော့ Emma လေးကို မွေးတဲ့သူဟာ Rachel လည်း ဖြစ်နေပြန်၊ တိုက်ခန်းမှာလည်း အတူနေကြပြန် ဆိုတော့ ကလေးမမွေးဖူးလို့ ကလေးမထိန်းတတ်တဲ့ ရေချယ်လ်နဲ့ အတွေ့အကြုံ ရှယ်ရှိပြီးသား ရော့စ်တို့ အဖြစ်ဟာ ရယ်လည်း ရယ်ရ၊ ကြည်နူးလည်း ကြည်နူးရပါိလိမ့်မယ်။ အမ်မာလေးကလည်း တအား ချစ်စရာကောင်းပါသေးတယ်။ အမ်မာလေးမွေးလာတော့ အန်တီ မော်နီကာလည်း ‌ကလေးပိုးထလာလို့ ချန်ဒလာခမျာ ကလေးတစ်ယောက် ဖန်တီးပေးရတာပေါ့။ ဒါမဲ့ ထုံးစံအတိုင်းပါပဲ။ ထင်ထားတဲ့အတိုင်း ဖြစ်ဖို့က ဘယ်လွယ်မလဲ။ စီဆင်ကိုးခုလုံးမှာ ဖီဘီ့ခမျာ ဘဲတွေ တစ်လှေကြီးနဲ့ဆိုတာ မှတ်မိကြဦးမယ်ထင်ပါတယ်။ သူတကယ် ချစ်ခဲ့တာဆိုလို့ ...
8.5
TMDb: 8.5/10 5642 votes
tv

Friends (2002) – Season 09 (Complete)

1994
The Endgame (2022) (Complete) 6
The Endgame (2022) (Complete) The Endgame (2022) (S01 Complete) ~ အစအဆုံး ရပါပြီ ~ ရုရှားကနေ ငယ်ငယ်လေးကတည်းက လုပ်ကြံသတ်ဖြတ်ရေးသမားဖြစ်အောင် မွေးမြူပျိုးထောင်ထားခဲ့တဲ့ အမျိုးသမီးလူသတ်သမားတွေအကြောင်း တစ်ပြုံတမကြီး ကြည့်ဖူးကြပြီးပါပြီ။ ဒီတစ်ခါကတော့ နောက်တစ်ဆင့်လို့ပြောလို့ရတာပေါ့ဗျာ။ ကြေးစားစစ်တပ်တစ်တပ်ကို ပိုင်ဆိုင်ထားတဲ့ ဉာဏ်ကြီးရှင်အဆင့်ဗျူဟာရှင် ဒုစရိုက်လောကရဲ့ ဘုရင်မ အကြောင်းပဲဖြစ်ပါတယ်။ စစ်တပ်တစ်တပ်က သိမ်းပိုက်ထားတဲ့ရွာကို လူငါးယောက်အဖွဲ့နဲ့ဝင်ပြီး တစ်တပ်လုံးကို အပြတ်ဖြုတ်လာခဲ့တဲ့ ဘုရင်မပေါ့။ ဒုစရိုက်လောကက ဘုရင်တွေအကုန် ဦးညွှတ်ရလောက်အောင် ကြောက်စရာကောင်းတယ်။ ဒါပေမဲ့ သူ အမေရိကကိုခြေမချရသေးခင်မှာပဲ အမေရိကန်အစိုးရက ဖမ်းထားနိုင်လိုက်တယ်။ သူ့လို ဘုရင်မကို လွယ်လွယ်နဲ့ဖမ်းလို့မိတယ်ဆိုကတည်းက သူ့ကစားကွက်ဆိုတာကို ရိပ်မိလောက်ပါပြီ။ သူ့ရဲ့ အဆုံးသတ်ကစားကွက်ကို ဘဏ် ၇ ဘဏ်ကို တစ်ချိန်တည်းမှာ ဓားပြတိုက်တာနဲ့ စဖွင့်ထားပါတယ်။ သူ့ရဲ့အဆုံးသတ်ကစားပွဲက ဘယ်လိုလဲဆိုတာတော့ မသိရသေးပေမဲ့ ဘာလို့လဲဆိုတာကတော့ ရိုးစင်းတဲ့အကြောင်းပြချက် "အချစ်" ကြောင့်ပဲလို့ ယူဆလို့ရပါတယ်။ တစ်ဖက်မှာတော့ အကျင့်ပျက်မှုနဲ့ အဖမ်းခံထားရတဲ့ ...
6
TMDb: 6/10 3 votes
tv

The Endgame (2022) (Complete)

2022
Friends (2001) – Season 08 (Complete) 8.5
Friends (2001) – Season 08 (Complete) F.R.I.E.N.D.S (Season 8) Complete ~ IMDb Rating - 8.4/10 ~ (တစ်နေ့ကို တစ်ပိုင်းဖြစ်ဖြစ် နှစ်ပိုင်းဖြစ်ဖြစ် နေ့တိုင်း ပုံမှန်တင်ပေးသွားပါမယ်။) အရင်စီဆင်ကလည်း ထုံးစံအတိုင်းပဲ ကြည်နူးစရာအပြည့်နဲ့ ပြီးသွားပါတယ်။ ဒါပေမဲ့ တစ်ခုတော့ အားမလိုအားမရဖြစ်စေမဲ့ ဇာတ်တန်းလန်းကြီးနဲ့ သိမ်းသွားတာပေါ့။ ကိုယ်ဝန်ရှိနေတာ ဘယ်သူလို့ထင်ပါသလဲ။ တကယ်တမ်း သေချာတွေးကြည့်ရင် ဘယ်သူမှန်း အတော်လေးကို ရှင်းနေတာပဲမလား။ ဟုတ်ပါတယ် မိတ်ဆွေတို့ ထင်ထားတဲ့ တစ်ယောက်ပါပဲ။ ဒီစီဆင်ဟာ မော်နီကာရဲ့ ချန်ဒလာတို့ Mon-dler အတွဲရဲ့ အိမ်ထောင်ရေးခရီးကြမ်း ပေါက်တတ်ကရ ဇာတ်လမ်းတွေ အစပျိုးရာစီဆင်ဖြစ်သလို Joey ရဲ့ Character Development ကောင်းကောင်းကို တွေ့ရတော့မယ့် စီဆင်ဖြစ်ပါတယ်။ သူ့ရဲ့ သူငယ်ချင်းတွေအပေါ် ချစ်တဲ့၊ အနစ်နာခံလိုတဲ့ စိတ် အပြည့်နဲ့ပေါ့။ Joey ရဲ့ ဇာတ်ဟာ ဒီစီဆင်ကစပြီး ကြည့်တဲ့သူတွေပေါ် မူတည်ပြီး အတွေးစ နှစ်မျိုး ဝင်စေပါတယ်။ ...
8.5
TMDb: 8.5/10 5592 votes
tv

Friends (2001) – Season 08 (Complete)

1994
Friends (2000) – Season 07 (Complete) 8.5
Friends (2000) – Season 07 (Complete) F.R.I.E.N.D.S (Season 7) Complete ~ IMDb rating - 8.3/10 ~ (လကုန်တဲ့အထိ နေ့တိုင်း တစ်ပိုင်းဖြစ်ဖြစ် နှစ်ပိုင်းဖြစ်ဖြစ် ဆက်တိုက်တင်သွားပါမယ်ခင်ဗျာ) အရင်လရဲ့ Season 6 ဟာ အတော်လေးကို ကြည်နူးစရာကောင်းလောက်တဲ့ ဇာတ်သိမ်းလှလှလေးနဲ့ သိမ်းသွားတာကို မှတ်မိကြဦးမယ်ထင်ပါတယ်။ အဲဒီအတိုင်းပါပဲ။ ဒီစီဆင်မှာလည်း ကြည်နူးကြရပါဦးမယ်။ ချန်ဒလာနဲ့ မော်နီကာရဲ့ Mon-dler အတွဲဟာ Sitcom Series တွေရဲ့ အကောင်းဆုံးအတွဲတွေထဲက တစ်တွဲစာရင်းထဲ ပါသင့်မပါသင့် ကျွန်တော် မပြောတတ်လှပေမဲ့ ကျွန်တော့်အတွက်တော့ ဒီအတွဲဟာ တကယ့်စံပြပါပဲ။ ငယ်ငယ်ကတည်းက သူငယ်ချင်းတွေဖြစ်ခဲ့ကြတယ်။ သူ့အကြောင်း ကိုယ့်အကြောင်း တစိုးတစမကျန် အကုန်နီးပါးသိတယ်။ တစ်ချိန်လုံး ချစ်ကြောင်းကြိုက်ကြောင်း ရိုမနေသလို တစ်ယောက်နဲ့တစ်‌ယောက် ဘာဟိတ်ဟန်မှမရှိ ပြောင်ပြောင်နောက်နောက် ရွဲ့လိုက်စောင်းလိုက်နဲ့ပါပဲ။ ဒီလို ပေါက်တတ်ကရ‌တွေ တစ်ချိန်လုံးဖြစ်နေတာတောင်မှ တစ်ချက်တစ်ချက် ရိုပြီး ထွက်လာတဲ့ ချန်ဒလာရဲ့ တော်ကီတွေဟာလည်း တကယ့်အနှစ်တွေပဲမဟုတ်လားဗျာ။ တကယ်တမ်း ...
8.5
TMDb: 8.5/10 5507 votes
tv

Friends (2000) – Season 07 (Complete)

1994
America’s Got Talent: Extreme (2022) 10
America’s Got Talent: Extreme (2022) Talent Show​တွေမှာ အဆို​တွေ အက​တွေနဲ့ မျက်လှည့်၊ဆပ်ကပ်တွေပဲ မြင်​နေ ​တွေ့​နေရတာ ပျင်းစရာ​​ကောင်းလာပြီလား၊ ဒီလိုမျိုးPerformance​တွေကိုပဲ Season​ပေါင်းများစွာ ကြည့်လာရတဲ့Simon Cowellအတွက်​တော့ ​တော်​တော်ကို ပျင်းစရာ​ကောင်း​နေပါပြီ။ ဒါ​ကြောင့် Simon Cowellဦး​​ဆောင်ပြီး ကမ္ဘာ့အ​ကျော်ကြားဆုံး Talent Showကြီးတစ်ခုဖြစ်တဲ့ American's Got Talentရှိုးက​နေ ပုံမှန်နဲ့မတူ ထူးခြားတဲ့ Showတစ်ခုကို စတင်တင်ဆက်လိုက်ပါပြီ။ ဒါက​တော့ "America's Got Talent : Extreme"ဆိုတဲ့အစီအစဉ်ပဲဖြစ်ပါတယ်။EXTREMEဆိုတဲ့ နာမည်အတိုင်း ကြမ်း​ပေ့ရမ်း​​ပေ့ဆိုတဲ့ စွန့်စားခန်း၊အားကစားစွမ်းရည်၊ သူရသတ္တိနဲ့ အများနဲ့မတူတဲ့တီထွင်ကြံဆဉာဏ်အားလုံး​ပေါင်းစပ်ပြီး အဆုံးစွန်​​ဆုံး​​၊ အမိုက်ဆုံး​​ အကြမ်းဆုံး​သောperformanceနဲ့ talent​ တွေကို တစ်စုတစ်စည်းတည်းမြင်​တွေ့ရမှာပါ။ အသက်အန္တရာယ်နဲ့ အင်မတန်နီးတဲ့ပြကွက်​တွေပဲ ပါတာမလို့ကိုယ်တိုင်စမ်းသပ်ဖို့ လုံးဝမသင့်​တော်တဲ့ ပြကွက်​တွေချည်းပါပဲ။ဆု​ကြေး​ငွေကလည်း အ​မေရိကန်​ဒေါ်လာ ၅သိန်းဖြစ်လို့ မက်​မောဖို့ ​ကောင်းပါတယ်။Judge​တွေအ​နေနဲ့က​တော့- နာမည်ကြီး Talent Show ဂိကြီး Simon Cowell- WWE နပန်းမယ်​ဟောင်း ...
10
TMDb: 10/10 1 votes
tv

America’s Got Talent: Extreme (2022)

2022
Friends (1999) – Season 06 (Complete) 8.4
Friends (1999) – Season 06 (Complete) F.R.I.E.N.D.S (Season 6) ~~~~~~~~~~~~~~~ ~ IMDb Rating - 8.5/10 ~ Season 5 ရဲ့နောက်ဆုံးပိုင်း Las Vegas မှာ မစ္စတာရေချယ်နဲ့ မစ္စရော့စ်တို့ နှစ်ယောက်သား ဘယ်လိုဖြစ်သွားလဲ ဆက်ကြည့်ချင်ကြမယ်ထင်ပါတယ်။ အဲဒီအတွက် Season 6 အမြန်ဆုံး ပြန်လာပါပြီ။ S5 ဟာ Friends ရဲ့ စီဆင်တွေအကုန်လုံးထဲ လူကြိုက်အများဆုံး၊ အရီရဆုံးလို့ ပြောရတယ်ဆိုရင် ခု Season 6 ဟာလည်း Friends ရဲ့ အမှတ်ရစရာအကောင်းဆုံး အပိုင်းတွေ၊ နောင် ဘယ်ချိန်ပြန်ကြည့်ကြည့် ခွီနေရမယ့် အပိုင်းတွေပါတဲ့ စီဆင်တစ်ခုပါပဲ။ အဲဒါတင်မကသေးဘဲ ကြည်နူးပီတိဖြစ်ပြီး မျက်ရည်ဝဲမိမယ့် စီဆင်တစ်ခုဆိုလည်း မမှားပါဘူး။ တစ်ချိန်တည်းမှာပဲ အူတက်လို့လည်း မျက်ရည်ဝဲနေနိုင်တာပေါ့လေ။ နာမည်ကြီး မင်းသား၊ မင်းသမီးတွေ တစ်ခါတစ်ခါ ပေါ်ပေါ်လာတတ်ကြတဲ့ Cameo အပိုင်းတွေထဲ ဒီစီဆင်မှာ ပေါ်ချလာပြီး ရုပ်တည်ကြီးနဲ့ ...
8.4
TMDb: 8.4/10 5432 votes
tv

Friends (1999) – Season 06 (Complete)

1999
Hannibal (2013) 8.2
Hannibal (2013) Hannibal Lecterဆိုတဲ့ နာမည်ကိုကြားရုံနဲ့Cannibalism ဆိုတဲ့စာလုံးကိုတန်းမြင်စေတဲ့အထိ ဒီနာမည်ရဲ့ ပေါက်ရောက်အောင်မြင်မှု၊Iconicဖြစ်မှုကသိပ်ကိုကြီးပါတယ်၊ အမေရိကန်စာရေးဆရာကြီးThomas Harrisရဲ့fictional characterတစ်ယောက်ဟာ ရုပ်ရှင်ဇာတ်ကားပေါင်း ၅ကား ၊Season 3ခုရှိတဲ့ seriesနဲ့အတူ အော်စကာဆုအပြင် အောင်မြင်မှုပေါင်းများစွာရရှိထားတဲ့Franchise အဖြစ် အရှိန်အဝါကြီးစွာ ရပ်တည်နေတာပါ၊Hannibalဆိုတဲ့ ဇတ်ကောင်ဟာ လူသတ်သမားတစ်ယောက်၊ လူသားကိုခုံမင်စွာစားသောက်တတ်သူ တစ်ယောက်ဖြစ်သလို လူတွေရဲ့ စိတ်ကို ထုံးလိုမွှေရေလိုနှောက်နောကြေနေတဲ့Psychiatrist တစ်ယောက်ဖြစ်တာမလို့ သူဟာ လူတွေရဲ့စိတ်ကိုလွှမ်းမိုးချုပ်ကိုင်တယ်၊လိုသလို ကြိုးကိုင်တတ်တယ်၊ ကိုယ့်အပြစ်ကို သူများရဲ့အပြစ်ဖြစ်အောင် ပုံဖော်ရာမှာ သိပ်ကိုဉာဏ်ပြေးလွန်းပါတယ်၊ဒီလိုဇာတ်ကောင်ကို Hannibal seriesမှာ အသက်ဝင်ပီပြင်စွာ ပုံဖော်ထားတာကDanishလူမျိုး သရုပ်ဆောင်ကြီး Mads Mikkelsenပါ၊ Silence of the Lambsရုပ်ရှင်နဲ့ Hannibalဆိုတဲ့ ဇာတ်ကောင်ကို Oscarဆုရတဲ့အထိ သရုပ်ဆောင်ပြခဲ့တဲ့မင်းသားကြီး Anthony Hopkinsကြောင့် သူ့ရဲ့အရှိန်အဝါကို ကျော်နိုင်ပါ့မလားလို့စိုးရိမ်မှုတွေရှိခဲ့ကြပေမဲ့Madsရဲ့ Hannibal ဟာ မတူညီတဲ့ vibeမျိုးကိုအကောင်းဆုံးပုံဖော်နိုင်ခဲ့ပါတယ်၊ ရုပ်ရှင်ဗားရှင်း Hannibalက ကြောက်ဖို့ကောင်း၊သွေးပျက်ဖို့ ...
8.2
TMDb: 8.2/10 1593 votes
tv

Hannibal (2013)

2013
Friends (1998) – Season 05 (Complete) 8.4
Friends (1998) – Season 05 (Complete) F.R.I.E.N.D.S (Season 5 Complete)=================IMDB Rating - 8.7/10 Sit-com တွေထဲမှာ ထိပ်တန်းစာရင်းဝင်တဲ့ ဒီ FRIENDS စီးရီးရဲ့ စီဆင်ဆယ်ခုလုံးမှာ တစ်ကမ္ဘာလုံးက ဖရန့်ဖန်တွေ အကုန်နီးပါး တညီတညွတ်တည်းလက်ခံထားကြတဲ့ အမှန်တရားတစ်ခုရှိပါတယ်။ အဲဒါ ဘာလဲဆိုတော့..."Season 5 က အကောင်းဆုံး စီဆင်တစ်ခုပါ" တဲ့။အကောင်းဆုံးဖြစ်ရဖို့ကလည်း တကယ့်ကို ရသမျိုးစုံနဲ့ Character Development မျိုးစုံပေးသွားခဲ့တဲ့ စီဆင်တစ်ခုပါပဲ။ Ross ကြီး Emily နဲ့ လက်ထပ်ပွဲမှာ Rachel ရဲ့ နာမည် မှားပြောတာကနေစပြီး Phoebe တစ်ယောက် သူ့မောင်ရဲ့ကလေး သုံးမြွှာပူးကို မွေးပေးလိုက်ရတာအပြင် ဖန်တွေရဲ့ အကြိုက်ဆုံး အတွဲလေးဖြစ်တဲ့ Mondler အတွဲခမျာ သူတို့တွဲနေတာ လူမသိသူမသိ ခိုးတွဲနေရတာအဆုံး တကယ့်ကို တသောသော စခွီထနေရမယ့် စီဆင်ပါပဲ။ FRIENDS Reunion မှာ Script ...
8.4
TMDb: 8.4/10 5239 votes
tv

Friends (1998) – Season 05 (Complete)

1998
Manifest Season 1 + 2 + 3 (2018-2021) 7.7
Manifest Season 1 + 2 + 3 (2018-2021) CM ပရိသတ်တွေ တောင်းတဲ့စီးရီးကောင်းတွေကို တစ်ခုပြီးတစ်ခုတော့ ကြိုးစားပြီး တင်ဆက်ပေးနေဆဲပါပဲ။အခုလည်း Manifest ကို တင်ဆက်ပေးလိုက်ပါပြီ။လေယာဉ်ကြီး တစ်စီးဟာ ခရီးသည် ၁၉၁ ယောက်ကို တင်ဆောင်ပြီး လေဆိပ်ကနေ စတင်ထွက်ခွာခဲ့တယ်။လေယာဉ်ပေါ်မှာ လူမျိုးစုံ ဘဝမျိုးစုံ ပါတာပေါ့။ ဒါပေမဲ့ သူတို့ လေယာဉ်ဆိုက်တဲ့အချိန်မှာပုံမှန်လေယာဉ်ကွင်းကို မဆင်းခိုင်းဘဲ လူမရှိတဲ့လေယာဉ်ကွင်းတစ်ခုမှာ ဆင်းဖို့ ညွှန်ကြားလာတယ်။လေယာဉ်ကွင်းထဲမှာ စောင့်ကြိုနေတာက အမျိုးတွေ မိတ်ဆွေတွေ မဟုတ်ဘဲကားတွေအများကြီးနဲ့ ရဲတွေ အာဏာပိုင်တွေဖြစ်နေပါလေရော။အဲဒီမှာ သူတို့ သိလိုက်ရတာက သူတို့လေယာဉ်တစ်စီးလုံး ပျောက်ဆုံးသွားခဲ့တာ ၅ နှစ်တောင် ရှိပြီမို့သူတို့အားလုံးကို သေစာရင်း သွင်းထားလိုက်ပါပြီတဲ့။ ဒီသတင်းက ကမ္ဘာတစ်ခုလုံးကို ရိုက်ခတ်သွားပြီးအာဏာပိုင်တွေက သူတို့ကို အထူးစောင့်ကြည့်ကြတယ်၊ ဘယ်သတင်းဌာနတွေနဲ့မှ မတွေ့ဖို့ သတိပေးကြတယ်။ဂြိုလ်သားတွေလား၊ အချိန်အာကာသ ဖောက်ပြန်တာလား၊ ဘုရားသခင်ရဲ့ အလိုတော်လား စသည်ဖြင့်သီဝရီမျိုးစုံထုတ်ကြတယ် အဖြေရှာကြတယ်ပေါ့။ လေယာဉ်ပေါ်က ဆင်းလာတဲ့လူတွေအတွက်တော့ခဏလေးလိုပေမဲ့ သူတို့တွေ အိမ်ပြန်လာတဲ့အချိန်မှာ လူတိုင်းရဲ့ ...
7.7
TMDb: 7.7/10 524 votes
tv

Manifest Season 1 + 2 + 3 (2018-2021)

2018
Friends (1997) – Season 04 (Complete) 8.9
Friends (1997) – Season 04 (Complete) F.R.I.E.N.D.S (Season 4)==================IMDb Rating - 8.9/10 FRIENDS ဖန်တွေအားလုံးကို ပြန်လည်နှုတ်ခွန်းဆက်သလိုက်ပါတယ်ဗျာ။ ဟုတ်ပါတယ်။ FRIENDS ပြန်လာပါပြီ။ကြားထဲမှာ အတော်ကြီးကြာခဲ့လို့လည်း အရင်ဆုံး ကြိုတောင်းပန်ပါရစေ။ ဒါပေမယ့် FRIENDS ရဲ့ ဒီစီဆင်ဟာ စီးရီးတစ်ခုလုံးရဲ့ အကောင်းဆုံးစီဆင်တစ်ခုလို့ ပြောလို့ရလောက်အောင်ကို ရယ်ရပါတယ်။ အပိုင်းတိုင်းဟာ လုံးဝကို အမှတ်ရစရာတွေချည်းပါပဲ။ တကယ့်ကို Legendary ဇာတ်ကွက်တွေချည်းပါ။ FRIENDS စီးရီးရဲ့ အဓိက line တစ်ခုဖြစ်တဲ့ We were on a break ရဲ့ အစဖြစ်သလို Ross Rachel အတွဲရဲ့ ပေါက်ကရဇာတ်လမ်းတွေ အစပျိုးရာ စီဆင်လည်း ဖြစ်ပါတယ်။ နောက်ပြီး FRIENDS Reunion ကြည့်တဲ့သူတွေ သတိထားမိမယ့်Joey, Chandler တစ်တွဲ Monica, Rachel တစ်တွဲ Quiz တွေအပြိုင်ဖြေကြတဲ့အပိုင်းပါတဲ့ စီဆင်လည်း ဖြစ်ပါတယ်။ Joey ...
8.9
TMDb: 8.9/10 887000 votes
tv

Friends (1997) – Season 04 (Complete)

1997
Friends (1996) – Season 03 (Complete) 8.9
Friends (1996) – Season 03 (Complete) F.R.I.E.N.D.S===========IMDb Rating - 8.9 / 10 အရင်ဆုံးအနေနဲ့ S1, 2 ကို တစ်ပိုင်းပြီးတစ်ပိုင်း အချိန်အားမရှိလောက်အောင်ကို တောင်းဆိုအားပေးခဲ့ကြတဲ့ စီအမ်ဖန်တွေကိုFriends Team ကနေ ကျေးဇူးတင်လိုက်ပါတယ်ဗျာ။ခု ဒီစီဆင်ကတော့ အရင်စီဆင်တွေအတိုင်းပဲ သူတို့ကြားထဲ အလွဲတွေ ပေါက်ကရတွေဖြစ်ဦးမယ်ဆိုပေမယ့် ထူးခြားတဲ့အချက်လေးတွေကတော့ ရှိနေပါတယ်။ နောင်အချိန်တွေထိ တဖွဖွပြောနေရမယ့် ဒိုင်ယာလော့ဂ်တစ်ခုဖြစ်တဲ့ " We were on a break." ဆိုတဲ့စကားရဲ့ အစပျိုးရာစီဆင်ပေါ့။S2 မှာ ရော့စ်တစ်ယောက် သူဆယ်နှစ်ကြာ သဘောကျခဲ့ရတဲ့ ရေချယ်ကို နောက်ဆုံးတော့ တွဲခွင့်ရလိုက်သလို ချန်ဒလာကလည်း ဂျနစ်နဲ့ပြန်ပေါင်းထုပ်နေပေမယ့် မော်နီကာကတော့ ရစ်ချတ်ကြီးနဲ့ ပြတ်ပြီး အသည်းကွဲနေပါတယ်။ ရော့စ်နဲ့ရေချယ်အတွဲရဲ့ အက်ကြောင်းဟာရေချယ်တစ်ယောက် Central Perk ဆိုင်ကနေ အလုပ်ထွက်ပြီး Bloomingdale မှာ အလုပ်စဝင်လိုက်တာကနေစပါတယ်။ ဖီဘီကလည်းသူ့မှာ မိသားစုဆိုလို့ အမြွာအစ်မနဲ့ အဖွားပဲရှိတော့တယ်လို့ ...
8.9
TMDb: 8.9/10 822,076 votes
tv

Friends (1996) – Season 03 (Complete)

1996
Friends (1995) – Season 02 (Complete) 8.9
Friends (1995) – Season 02 (Complete) F.R.I.E.N.D.S===========IMDb Rating - 8.9 / 10 Sit-com လောကမှာအကောင်းဆုံးထဲက တစ်ခုဖြစ်ပြီး ရုပ်ရှင်ချစ်ပရိသတ်တွေ လုံးဝလက်လွှတ်မရတဲ့ Sit-com ဟာ ဘာလဲဆိုရင် လူတိုင်းနီးပါး လက်ညိုးထိုးကြမှာ Friends စီးရီးပါပဲ။ဇာတ်လမ်းလေးကတော့ ရိုးရိုးလေးပဲ။ နယူးယော့ခ်မြို့မှာနေတဲ့ သူငယ်ချင်းခြောက်ယောက်ရဲ့ ဇာတ်ကြောင်းကို အချိန်နဲ့တင်ဆက်ပြသွားတာပါပဲ။ ဒါပေမယ့် ဒီစီးရီးကို ဘာတွေက Unique ဖြစ်စေလဲဆိုတာကတော့ ပြောရရင် အများကြီးပါပဲ။ ပထမဆုံးအနေနဲ့ ဇာတ်ကောင်တွေအကြောင်းကို နည်းနည်းပြောကြည့်ပါမယ်။Ross ဟာ မထင်ရင် မထင်သလို တလွဲတွေလုပ်မိတတ်တဲ့သူမျိုး။ ပညာတတ် ဒေါက်တာဘွဲ့ရပေမယ့် သူရထားတဲ့ဒေါက်တာဘွဲ့ကို သူ့သူငယ်ချင်းတွေက အဖက်မလုပ်ဘူး မယုံဘူး။ခင်ဗျားတို့အနေနဲ့ ဒီစီးရီးကို စစကြည့်ချင်း ရယ်ရမှာကိုက Ross ရဲ့ အဖြစ်နဲ့စမှာ။ Lesbian ကို လက်ထပ်မိတဲ့ကောင်ဇိုးလေးပေါ့။နောက် Monica။ Ross ရဲ့ ညီမ။ ဇီဇာကြောင်တယ်။ အသန့်ကြိုက်တယ်။ သူ ဒါဆိုရင် ဒါလုပ်မှ ...
8.9
TMDb: 8.9/10 807,951 votes
tv

Friends (1995) – Season 02 (Complete)

1995
Friends (1994) – Season 01 (Complete) 8.9
Friends (1994) – Season 01 (Complete) F.R.I.E.N.D.S===========IMDb Rating - 8.9 / 10 Sit-com လောကမှာအကောင်းဆုံးထဲက တစ်ခုဖြစ်ပြီး ရုပ်ရှင်ချစ်ပရိသတ်တွေ လုံးဝလက်လွှတ်မရတဲ့ Sit-com ဟာ ဘာလဲဆိုရင် လူတိုင်းနီးပါး လက်ညိုးထိုးကြမှာ Friends စီးရီးပါပဲ။ဇာတ်လမ်းလေးကတော့ ရိုးရိုးလေးပဲ။ နယူးယော့ခ်မြို့မှာနေတဲ့ သူငယ်ချင်းခြောက်ယောက်ရဲ့ ဇာတ်ကြောင်းကို အချိန်နဲ့တင်ဆက်ပြသွားတာပါပဲ။ ဒါပေမယ့် ဒီစီးရီးကို ဘာတွေက Unique ဖြစ်စေလဲဆိုတာကတော့ ပြောရရင် အများကြီးပါပဲ။ ပထမဆုံးအနေနဲ့ ဇာတ်ကောင်တွေအကြောင်းကို နည်းနည်းပြောကြည့်ပါမယ်။Ross ဟာ မထင်ရင် မထင်သလို တလွဲတွေလုပ်မိတတ်တဲ့သူမျိုး။ ပညာတတ် ဒေါက်တာဘွဲ့ရပေမယ့် သူရထားတဲ့ဒေါက်တာဘွဲ့ကို သူ့သူငယ်ချင်းတွေက အဖက်မလုပ်ဘူး မယုံဘူး။ခင်ဗျားတို့အနေနဲ့ ဒီစီးရီးကို စစကြည့်ချင်း ရယ်ရမှာကိုက Ross ရဲ့ အဖြစ်နဲ့စမှာ။ Lesbian ကို လက်ထပ်မိတဲ့ကောင်ဇိုးလေးပေါ့။နောက် Monica။ Ross ရဲ့ ညီမ။ ဇီဇာကြောင်တယ်။ အသန့်ကြိုက်တယ်။ သူ ဒါဆိုရင် ဒါလုပ်မှ ...
8.9
TMDb: 8.9/10 807,951 votes
tv

Friends (1994) – Season 01 (Complete)

1994
I Dream of Jeannie 7.4
I Dream of Jeannie ကဲ 1960က ဇာတ်လမ်းတွဲကောင်းလေးကို ကြည့်ရှူခံစားလိုက်ရအောင်ဗျာ.Comedy/Fantasyဖြစ်ပြီးတော့ တဝါးဝါးတဟားသားနဲ့ ပရိတ်သတ်ကို ကောင်းကောင်းဆွဲဆောင်နိုင်မယ့် ဟာသဇာတ်ရွှင်လေးပါဗျာ. ဇာတ်လမ်းအညွှန်းကတော့ အာကာသသူရဲကောင်း တိုနီဟာ အာကာသကို စွန့်စားသွားလာရင်း စက်ချို့ယွင်းမှုကြောင့် ဟိုမရောက်ဒီမရောက်နဲ့ ပင်လယ်ကမ်းခြေမှာ တင်သွားခဲ့ပါတယ်. ကမ်းခြေမှာ ဟိုလှန်ဒီလှောရှာဖွေရင်း အမှတ်မထင် ပုလင်းတစ်လုံးကို ဖွင့်မိတဲ့အခါမှာတော့ မီးခွက်စောင့် နတ်သမီး ဂျီးနီဟာ ထွက်လာခဲ့ပါတယ်. တိုနီဟာ ဂျီးနီအကူညီနဲ့ ကျွန်းပေါ်ကနေ လွတ်မြောက်ခဲ့ပြီး ဂျီးနီကိုလဲ လွတ်မြောက်စေခဲ့ပါတယ်. ဒါပေမယ့် ပုလင်းထဲမှာ နှစ်၂၀၀၀ကျော် ပိတ်မိခဲ့တဲ့ ဂျီးနီဟာ သူ့ကိုလွတ်မြောက်စေခဲ့တဲ့ တိုနီကို သံယောဇဉ်ဖြစ်ပြီး တိုနီနောက်ကို လိုက်လာခဲ့ပါတယ်. ပြီးတာနဲ့ တိုနီနဲ့ သူ့ရဲ့သတိုးသမီးလောင်းလေးကြားမှာ တိုနီနဲ့သူရဲ့လုပ်ဖော်ကိုင်ဖက်တွေကြားမှာ ၀င်ရောက်‌ေနှာက်ယှက်ရင်း တို့နီကို ကပ်တွယ်နေတော့ တခြားလူအမြင်မှာ တိုနီက အရူးတစ်ယောက်လိုဖြစ်နေခဲ့ပါတယ်. မီးခွက်စောင့် နတ်သမီး ဂျီးနီ ဘယ်လိုဘယ်ပုံ မွှေပြီး ဘယ်လိုတွေ ရယ်ရလဲဆိုတာ ကြည့်ရှူခံစားရင်း ဘ၀အမောတွေကို ဖြေဖျောက်လိုက်ကြပါစို့ဗျာ.…... အပတ်စဉ် စနေ နှင့် တနင်္ဂနွေ ညများတွင် အပိုင်းသစ်များ ပုံမှန် တင်ဆက်ပါမည်   File Size - 170 mb Quality - dvd480p Subtitle - Burmese (Hardsub) Translator - YK Encoder - ...
7.4
TMDb: 7.4/10 130 votes
tv

I Dream of Jeannie

1965
Constantine (2014) 7.2
Constantine (2014) မနှစ်တုန်းက ကျွန်တော်တို့ Channel Myanmar ကနေConstantine စီးရီးရဲ့ပထမဆုံးအပိုင်းတပိုင်းကိုတင်ဆက်ပေးခဲ့ပါတယ်..အကြောင်းအမျိုးမျိုးကြောင့်ဆက်လက်မတင်ပေးနိုင်တော့ပဲရပ်နားလိုက်ရပါတယ်.အခုအချိန်မှာတော့ Constantine စီးရီးရဲ့ အစအဆုံးအကုန်လုံးကိုတပြိုင်နက်ထဲအားလုံးတင်ပေးလိုက်ပါပြီကျန်တဲ့အပိုင်းတွေမကြည့်လိုက်ရပဲစောင့်မျှော်နေတဲ့သူတွေအားလုံးကျေနပ်မယ်လို့မျှော်လင့်မိပါတယ်Constantine ဆိုတဲ့ ဇာတ်ကောင်ဟာDC Comics ရဲ့နာမည်ကြီးဇာတ်ကောင်တစ်ဦးဖြစ်ပါတယ်..2005 တုန်းကလည်း တကားတည်းအနေနဲ့ထွက်ရှိခဲ့ပြီး သရုပ်ဆောင်ခဲ့သူကတော့ Matrix မင်းသားkeanu reeves ပါ...အောင်မြင်ခဲ့တယ်လည်းဆိုရမှာဖြစ်ပါတယ်..2014မှာတော့ Series တွဲအနေနဲ့ဇာတ်လမ်းပြန်လည်အသက်သွင်းခဲ့ပါတယ်..Season 1 ခုသာပြီးခဲ့ပေမယ့် ဒီ TV Show ဟာဆက်လက်ရိုက်ကူးခြင်းမရှိပဲ Cancel လုပ်လိုက်ပါတယ်..ဒါကြောင့် တခြား season တွေထပ်မရှိလာပဲနဲ့First Season တခုတည်းသာရှိတာမို့ကြည့်ရှုသူတွေအနေနဲ့လည်းအစအဆုံးကြည့်ရမှာဖြစ်ပါတယ်ဇာတ်လမ်းအကျဉ်းကတော့ ဂျွန်ကွန်စတန်တင်းဟာမကောင်းဆိုးဝါးနှိမ်နင်းတဲ့တစ်ဦးဖြစ်ပါတယ်..သူ့ဘဝတခုလုံးကို ဒီလောက ထဲအတွင်းမှာပဲမြှုပ်နှံထားပြီးတော့ ငရဲပြည်နဲ့ရော..ကောင်းကင်ဘုံနဲ့ပါဆက်ဆံရတဲ့သူတစ်ဦးဖြစ်ပါတယ်..ငရဲပြည်ကတော့ သူ့ကိုအမြဲတမ်းသတ်ဖို့ကြိုးစားနေပြီးကောင်းကင်ဘုံကတော့ ဂျွန် နဲ့ စာချုပ်ချုပ်ပြီးတော့သဘောတူညီမှုတွေပြုလုပ်ထားပါတယ်..မကောင်းဆိုးဝါးတွေကြောင့် ဒုက္ခရောက်နေရတဲ့သူတွေကို ဝင်ဝင်ကူညီပေးတတ်ပြီး ငရဲနဲ့ကောင်းကင်ရဲ့စစ်ကြားမှာ ကန့်လန့်ဖြစ်နေတဲ့ ဂျွန်ကွန်စတန်တင်းရဲ့ ဇာတ်ကားကို စိတ်ဝင်စားဖွယ်ကြည့်ရမှာပါအပိုင်းစုစုပေါင်း 13 ပိုင်းသာ ရှိပါတယ်ဘာသာပြန်ပေးသူကတော့ SKL ပဲ ဖြစ်ပါတယ်။  Complete Ziip FIle  Yoteshin / ...
7.2
TMDb: 7.2/10 248 votes
tv

Constantine (2014)

2014