Channel Myanmar
Netflix
Lovestruck in the City (2020) 8.0
Lovestruck in the City (2020)  Park Jae-Won (Ji Chang-Wook) ကတော့ ရိုးသားကြိုးစားတဲ့ ဗိသုကာပညာရှင်တစ်ယောက်ပေါ့သူက မြိ့တွင်းလမ်းငယ်လေးတွေကို သဘောကျတတ်ပြီး မတူတဲ့ ထူးဆန်းတဲ့အရာလေးတွေ လိုက်စုဆောင်းနေတတ်သူဖြစ်တဲ့အပြင်သူ့အချစ်တွေကို သိမ်းပိုက်ပြီး ပျောက်ကွယ်သွားတဲ့ မိန်းကလေးတစ်ယောက်ကိုလည်း မမေ့နိုင်သေးတဲ့သူပါတစ်ဖက်မှာလည်း Lee Eun-O (Kim Ji-Won) ကတော့ ဈေးကွက်စီးပွားရေးသမားတစ်ယောက်ဖြစ်ပြီး ဦးတည်ချက်မဲ့ ခရီးလျောက်ထွက်နေတတ်သူ...ဒီလိုနဲ့ ခရီးထွက်ရင်း နှစ်ယောက်သား သွားဆုံတဲ့အခါမှာတော့...ဒီစီးရီးလေးဟာဆိုရင် တစ်ပတ် ၂ ပိုင်း Tuesday, Friday နေ့တွေမှာ ပြသသွားမှာဖြစ်ပါတယ် ။မင်းသား မင်းသမီးကြိုက်လို့ကြည့် ကြည့် အချစ်ဇာတ်လမ်းကြိုက်လို့ ကြည့်ကြည့် အဆင်ပြေမယ့်ကားလေးမို့ တင်ဆက်ပေးလိုက်ပါတယ် ။  Native Title: 도시남녀의 사랑법 Episodes: 12 Aired: Dec 22, 2020 - Jan 29, 2021 Aired On: Tuesday, Friday ...
8.0
TMDb: 8.0/10 votes
tv
Lovestruck in the City (2020)
2020
Fate: The Winx Saga (2021) 9.2
Fate: The Winx Saga (2021) Fate: The Winx Saga (2021)**************************** (IMDB 6.8 ) အပိုင်း (၆) ဇတ်သိမ်းပို်ငးComplete Zip (Season 1)Netflix ကအသစ်လွှင့်တဲ့ Fate: The Winx Saga Series ဖြစ်ပါတယ်Alfea ဆိုတဲ့ သာမာန်လူတွေမသိတဲ့ ‌တစ်ခြားကမ္ဘာကမှော်နယ်မြေတစ်ခုမှာ နတ်သမီး (fairy)ကျောင်းတစ်ခုမှာ ရှိပြီး (fairy)မျိုးဆက်တွေကို ပညာသင်ကြားပေးပါတယ်။ ကျောင်းကြီးဟာ ပညာသင်ပေးရုံသာမက လောင်းကျွမ်းသားရဲကောင်အန္တရာယ်ကနေကာကွယ်ဖို့ အကာကွယ်ကြီး အုပ်ကာထားတဲ့ ခံတပ်ကြီးတစ်ခုလဲဖြစ်ပါတယ်။ဘလွန်းရဲ့ မိဘတွေကသာမာန်လူတွေဖြစ်လျှက် သူမမှာနတ်သမီးအစွမ်းရှိနေတာသိခဲ့ပြီး မထိန်းချုပ်နိုင်ဘဲ ဒုက္ခရောက်ခဲ့ရာကစလို့ အစွမ်းကိုထိန်းချုပ်နိုင်ဖို့ ကျောင်းလာတက်ပါတယ်။လူတွေနဲ့အနေဝေးပြီး သီးသန့်နေတတ်တဲ့ ဘလွန်းဟာ သူနဲ့အဆောင်တူ မိန်းကလေး ၄ ယောက်နဲ့အတူ ပထမဆုံးကျောင်းတက်တဲ့နေ့မှာပဲ အဖြစ်မျိုးစုံကြုံရင်း သာမာန်မိဘကနေ ဘာကြောင့် နတ်သမီးအစွမ်းတွေရနေတာလဲ လောင်ကျွမ်း သားရဲကြီးက ကောဘာကြောင့်ရောက်နေတာလဲ ဘယ်လိုအန္တရယ်ဆိုးတွေကြုံရမလဲ သူတို့အစွမ်းတွေနဲ့တိုက်ဖျက်ဖြေရှင်းနိုင်ကြမှာလားဆိုတာတို့ကိုစိတ်ဝင်စားဖွယ်ကြည့်ရမှာဖြစ်ပါတယ်။ဇတ်လမ်းလေးက စိတ်ဝင်စားဖို့ကောင်းတဲ့အပြင် ဖန်တီးသူကလဲ the-vampire-diaries ရဲ့ စာရေးဆရာဖြစ်တဲ့ Brian Young ဖြစ်ပါတယ်။ Virtual Effect တွေလဲ အတော်လေးကောင်းတဲ့အတွက် ...
9.2
TMDb: 9.2/10 17 votes
tv
Fate: The Winx Saga (2021)
2021
History of Swear Words 2021 6.9
History of Swear Words 2021 IMDb - 6.9 ဆဲတာချင်းအတူတူ အဆဲတွေရဲ့ သမိုင်းကြောင်းကို သိထားတော့ ပိုမကောင်းဘူးလား CM ပရိတ်သတ်ကြီးရေ အနာဂတ်မှာ အထာကျကျ ဆဲနိုင်ဖို့အတွက် မင်းသားကြီး Nicholas Cage က ဦးဆောင်ပါ၀င်ထားတဲ့ ဒီ documentary ကို ကြည့်ဖြစ်အောင်ကြည့်လိုက်ပါ။ လူငယ်တွေကြားမှာ တော်တော်လေးရေပန်းစားတဲ့ အဆဲစကားတွေရဲ့ သမိုင်းကြောင်းကို ပွင့်ပွင့်လင်းလင်း ကွင်းကွင်းကွက်ကွက် ရှင်းပြပြီး discussion လုပ်ထားတာ မြိုင်မြိုင်ဆိုင်ဆိုင်နဲ့ အင်မတန်မှ ကြည့်ကောင်းပြီး ဗဟုသုတတွေလည်း အများကြီးရမှာပါ။ အပိုင်း ၆ ပိုင်းပါ၀င်ပြီး တစ်ပိုင်းမှာ အဆဲစကားလုံး တစ်လုံးရဲ့ သမိုင်းကြောင်းကို fun & alive ဖြစ်ဖြစ်တင်ဆက်ထားပါတယ် ဘယ် အဆဲလုံးတွေလည်း သိချင်ရင်တော့ အခုပဲ ကြည့်လိုက်ပါတော့ CM ချစ်သူတို့ရေTranslated by Yoon Sandi Aung and MTADuration - 20 minutes Size -  150 MbEpisode 1 - VIP / Yoteshin / Megaup / Meganz ...
6.9
TMDb: 6.9/10 11 votes
tv
History of Swear Words 2021
2021
Chilling Adventures of Sabrina Part 4 ( Completed ) 8.4
Chilling Adventures of Sabrina Part 4 ( Completed ) အားလုံးစောင့်မျှော်နေတဲ့ Sabrina လေးပြန်လာခဲ့ပါပြီPart 3 နောက်ဆုံးပိုင်းမှာ သိခဲ့ရတဲ့အတိုင်း Sabrina ၂ယောက်မှာတစ်ယောက်က ငရဲဘုရင်မ လုပ်နေပြီး တစ်ယောက်ကတော့သူ့ရဲ့မိသားစုတွေဆီကိုပြန်သွားခဲ့တာကိုမြင်ရမှာပါပြီးတော့ Father BlackWood ဟာလည်း မကောင်းဆိုးဝါးတွေကိုဆင့်ခေါ်ခဲ့တာကိုတွေ့ရမှာပါ အခု Part 4 မှာတော့Sabrina တစ်ယောက် ဘယ်လိုတွေကြမ်းဦးမလဲဆိုတာကိုမြင်ရဦးမှာပါ..ငရဲက တစ်ယောက်ရယ် လက်ရှိတစ်ယောက်ရယ်ကြားကအဖြစ်အပျက်တွေ ဆက်နွယ်မှုတွေကိုလည်းထပ်မြင်ရဦးမှာဖြစ်သလိုNetflix series တခုဖြစ်တာကြောင့် chilling adventures of sabrinapart 4 ဟာ ကျွန်တော်တို့စောင့်မျှော်နေရကြိုးနပ်ပြီး စိတ်မပျက်စေခဲ့ဘူးဆိုတာကိုတော့ ရဲရဲကြီးပြောလိုက်ပါရစေ အ ရှေ့က part 1+ 2+ 3 ကိုဒီမှာကြည့်နိုင်ပါတယ် Quality : NF  WEBRip- 720pFormat : mp4Subtitle : Myanmar Subtitle ( Hardsub )Translator : Yoon Sandi Aung , Phue Pyae ...
8.4
TMDb: 8.4/10 1816 votes
tv
Chilling Adventures of Sabrina Part 4 ( Completed )
2018
Chilling Adventures of Sabrina Part 3 7.8
Chilling Adventures of Sabrina Part 3 အားလုံးစောင့်နေတဲ့စုန်းမလေးစဘရီနာပြန်လာပါပြီSeason 2မှာ နစ်တစ်ယောက်အမှောင်သခင်ကိုကိုယ်ထဲထည့်ပြီးငရဲကိုရောက်သွားခဲ့တာအခုseason 3မှာတော့သူ့ချစ်ချစ်စဘရီနာလေးကနစ်ကိုငရဲကနေဘယ်လိုနည်းလမ်းတွေသုံးပြီးပြန်ဆွဲခေါ်ထုတ်မလဲအမှောင်သခင်ကိုရော နစ်ကိုယ်ထဲကနေဘယ်လိုထုတ်ပေးမလဲပြီးတော့အားလုံးလည်းtrailerကြည့်ပြီးတဲ့အတိုင်းစဘရီနာတစ်ယောက်က season 3မှာ Queen of Hell ဖြစ်သွားမှာပါဒါပေမယ့်ဘုရင်မဖြစ်ဖို့ကအဲဒီလောက်ကြီးလည်း မရိုးရှင်းဘူးပေါ့နော်သူဘယ်လိုအခက်အခဲတွေကျော်ဖြတ်ပြီးဘုရင်မတစ်ယောက်ဖြစ်လာမလဲအဲဒါတွေအပြင် season 2မှာ အမှောင်သခင်ကို သူတို့လှောင်ပိတ်ခဲ့တာရဲ့အကျိုးဆက်ဆိုးကျိုးတွေကို သူတို့ကိုဗန်စုန်းမျိုးနွယ်တွေခံစားရလာတဲ့အခါမှာရော သူဘယ်လိုတွေဖြေရှင်းပေမလဲဒီ season 3 ကတော့ စဘရီနာတစ်ယောက်အရှုပ်တွေလုပ်ပြီးတော့အလုပ်တွေပြန်ရှုပ်တော့မယ် လုံးဝအမိုက်စားseasonတစ်ခုပဲဖြစ်ပါတယ် Translators : Phue & Aye Mon KyawEncoder : Moe Myint Lwin Season- 3 (Completed) Zip File CM VIP Links Yoteshin / Megaup / Userdrive /  Veryfiles
7.8
TMDb: 7.8/10 281 votes
tv
Chilling Adventures of Sabrina Part 3
2018
Chilling Adventures of Sabrina Part 2 7.3
Chilling Adventures of Sabrina Part 2 Sabrina Season 2 ဟာ Rating 7.8 အထိရရှိထားပြီးတော့အားပေးမှူ့များစွာနဲ့ ပွဲထွက်လှခဲ့ပါတယ်....အရင် Season 1မှာ သွေးနှောတစ်ယောက်ဖြစ်တဲ့စဘရီနာတစ်ယောက်အမှောင်သခင်ကြီးရဲ့စာအုပ်မှာသူ့နာမည်ရေးထိုးတာနဲ့ဆုံးထားပြီးအခု Season2မှာတော့ အရင်ထက်ပိုပြီးDarkဖြစ်လာပါတယ်။ဒီ Seasonမှာ စုန်းလောကရဲ့ပိုနက်နဲတဲ့အကြောင်းတွေနဲ့ စဘရီနာ၊ ဟာဗီ၊ နစ်ခ်သူတို့သုံးယောက်ရဲ့သုံးဘက်ဆိုင်အချစ်တို့ကိုပါပိုမိုတွေ့မြင်နိုင်မှာပါ။ဒါ့အပြင် ဇာတ်ကောင်အသစ်တွေလဲပါဝင်လာပြီးစဘရီနာနဲ့ဘယ်လိုတွေများပတ်သတ်နေမလဲ၊အရင်Seasonမှာပါဝင်ခဲ့တဲ့ဇာတ်ကောင်တွေရဲ့တိမ်မြုပ်နေတဲ့ဇာတ်ကြောင်းတွေကရောဘယ်လိုတွေလဲ....ဒါတွေအားလုံးကို အခု Season မှာရင်ခုန်စိတ်လှုပ်ရှားစွာနဲ့တွေ့မြင်နိုင်မှာပါ။စဘရီနာတစ်ယောက် အမှောင်သခင်ကြီးရဲ့ဘက်တော်သားဖြစ်သွားပြီးအမှောင်လမ်းကြောင်းနောက်ကိုလိုက်မလားဒါမှမဟုတ် သူ့ရဲ့နဂိုစိတ်ရင်းအတိုင်းပဲရိုးသားစွာနဲ့ဆက်နေသွားမလားဆိုတာကိုတော့Season 2 မှာကြည့်လိုက်ရအောင်လား.... Translators : Aye Mon Kyaw , Pone Thone , Phue , HMO , NeveEncoder : May Pyae Sone Oo Season- 2 (Completed) Zip File CM VIP Links Yoteshin ...
7.3
TMDb: 7.3/10 123 votes
tv
2018
Chilling Adventures of Sabrina (2018) 7.3
Chilling Adventures of Sabrina (2018) ဒီကားက Netflix ကထုတ်ထားတဲ့စီးရီးတစ်ခုပါ IMDB 8ရထားတဲ့ကားတစ်ကားပါစပယ်လ်မန်းမိသားစုရဲ့ သမီးဖြစ်တဲ့ စဘရီနာဆိုတဲ့၁၆နှစ်ပြည့်ကာနီးကောင်မလေးကနေပြီးတော့ ဇာတ်လမ်းကစပါတယ်ဇာတ်ကားနံမည်နဲ့အလိုက် သူမရဲ့နေရာကနေပြီးတော့ ဖြစ်ကြောင်းကုန်စင်ရိုက်ပြထားတာပါသူမကတော့ စုန်းသွေးတစ်ဝက်လူသွေးတစ်ဝက်နှောနေတဲ့ ကပြားမလေးပါဟယ်ရီပေါ်တာကားနည်းနည်းဆန်ပါတယ်ထူးခြားတဲ့အစွမ်းတွေရှိနေမယ်လို့ယုံကြည်ခံထားရတဲ့ကလေးမလေးဟာစုန်းမျိုးစစ်စစ်အဖြစ်ခံယူလိုက်ရမလားလူသားတစ်ယောက်အဖြစ်ပဲခံယူလိုက်ရမလားဆိုပြီး ဇဝေဇဝါဖြစ်လို့နေပါတယ်သူမရဲ့၁၆နှစ်ပြည့်မွေးနေ့မှာ ၆၆နှစ်မှတစ်ခါပေါ်တဲ့သွေးရောင်လွှမ်းတဲ့လကြတ်မှုအောက်မှာ စုန်းမျိုးရိုးစစ်စစ်ဖြစ်အောင်သွတ်သွင်းချင်တဲ့သူ့ရဲ့အန်တီတွေနဲ့ ချစ်ရတဲ့ချစ်သူနဲ့သူငယ်ချင်း လူသားတွေဘက်ကို လွန်ဆွဲရင်းနဲ့ဝေခွဲမရနိုင်ဖြစ်နေတဲ့ ၁၆နှစ်အရွယ် စုန်းကပြားမလေးတစ်ယောက်အကြောင်းပါပြီးတော့ ကောင်မလေးကလဲချစ်ဖို့တော်တော်ကောင်းပါတယ်သူ့ရဲ့စွန့်စားမှုတွေကဘယ်လိုတွေရှိလဲသူ့မိဘတွေရော သူ့ကျောင်းမှာတက်နေတဲ့ပြသနာတွေကိုရော....စိတ်ဝင်စားရင်တော့ ဒေါင်းပြီးကြည့်လိုက်ဖို့ပဲပြောချင်ပါတယ်အပိုင်း၁၀ပိုင်းရှိပါတယ် ၂ရက်ကို၁ပိုင်းနှုန်းလောက်တင်ဆက်ပေးသွားမှာပါဒေါင်းရတဲ့ဘေကုန်ရကျိုးနပ်တဲ့ကားလို့ပဲပြောချင်ပါတယ်...(အညွှန်းနဲ့ဘာသာပြန်ပေးထားတာကတော့ Thinzar Htet ပဲဖြစ်ပါတယ်...) Translator .... ThinZar Htet / MiKiEncoder ..... Moe Myint Lwin Season- 1 (Completed) Zip File Vip Links Yoteshin / Userdrive / Megaup / Veryfiles        
7.3
TMDb: 7.3/10 15 votes
tv
Chilling Adventures of Sabrina (2018)
2018
Never Have I Ever (2020) 8.1
Never Have I Ever (2020) Never Have I Ever 2020 ======================= ကိုဗစ်ကာလမှာ အိမ်တွင်းအောင်းနေမယ့် စီအမ်ဖန်တွေအတွက်  netflixက ထုတ်ထားတဲ့ ဆယ်ကျော်သက် ဟာသစီးရီးလေးတစ်ခု တင်ဆက်ပေးလိုက်ပါတယ်....  ဇာတ်လမ်းကို ရေးထားတဲ့ စာရေးဆရာမMindy Kalingက သူ့ရဲ့ဆယ်ကျော်သက်ဘဝကို  ပြန်လည်ခံစားပြီး လူငယ်ဘဝရဲ့ အလွဲတွေ အချစ်ပေါ် ခံစားချက်တွေကို ပုံဖော်ထားပြီး  အရှေ့တိုင်းဆန်ဆန်ဟာသတွေလဲ အတော်လေးပါပါတယ်............  အဓိကဇာတ်ကောင်ဖြစ်တဲ့ ဒေဗီ​လေးက ကယ်လီဖိုးနီးယားမှာ​ကျောင်းတက်​နေတဲ့  ဆယ်​ကျော်သက်အရွယ် အိန္ဒိယလူမျိုး​မ​လေး​ပေါ့ .....အိန္ဒိယလူမျိုးဖြစ်တဲ့  ဒေဗီ မိဘ​တွေက​တော့ ထုံးစံအတိုင်း အာရှဆန်ဆန် အရှေ့တိုင်း အယူအဆ​တွေရှိကြတယ်ပေါ့နော်  ဒေဗီက​တော့ အ​မေရိကန်မှာ​မွေးတဲ့သူဖြစ်လို့ သူ့မိဘ​တွေနဲ့ဆန့်ကျင့်ဖက်​ပေါ့.  ဒေဗီဟာ သူ့အ​ဖေဆုံးပြီးတဲ့​နောက်ပိုင်း​ စိတ်အရမ်းထိခိုက်ပြီး အောက်ပိုင်း​သေသွားခဲ့ပါတယ် .  ဒါပေမယ့် ​​နွေရာသီပိတ်ရက်မှာ ကျောင်းက သူတစ်ဖက်သက်ကြိုက်ရတဲ့​  ကောင်​လေး​ကြောင့် ရုတ်တရက်လမ်းပြန်​လျှောက်နိုင်ခဲ့တယ်.....  သူ့ရဲ့ အဓိကရည်ရွယ်ချက်ဖြစ်တဲ့ ​ကျောင်းပြန်ဖွင့်တဲ့အချိန်ကျရင်  ရည်းစားရ​အောင်ထားမယ်ဆိုတဲ့ရည်ရွယ်ချက်နဲ့အတူ  သူ့သူငယ်ချင်းင​ပေါမနှစ်​ယောက်နဲ့ သူတို့​ကျောင်းမှာ  ပေါ်ပြူလာ ဖြစ်​အောင်​နေမယ်ဆိုပြီး ဆုံးဖြတ်လိုက်ရင်း  တလွဲတွေဖြစ်လာတာကို ရိုက်ကူးပြထားတဲ့ လူငယ်တွေအကြိုက် ဟာသစီးရီးတွဲလေးပေါ့​ ဒေဗီရဲ့အ​မေ့စတိုင်က မြန်မာနိုင်ငံက မိဘ​တွေ​တော်​တော်များများနဲ့ဆင်နေတော့  ဒီစီးရီးတစ်ခုလုံး ခွီနေရမှာ အသေချာပါပဲ....................  Pyi T Nyein, May Thu Aung, Do Do , ...
8.1
TMDb: 8.1/10 573 votes
tv
Never Have I Ever (2020)
2020
Alice in Borderland (2020) 8.8
Alice in Borderland (2020) Alice in Borderland (2020) IMDb - 8.8/10 ဂိမ်းချည်းပဲဆော့နေလို့အဆူခံရပြီး အိမ်ပေါ်ကဆင်းလာရတဲ့အချိန်မျိုး အလုပ်ပြုတ်လာတဲ့အချိန်မျိုး စိတ်ညစ်ညူးနေရတဲ့အချိန်မျိုးတွေမှာ လူတွေအကုန်မရှိတော့ဘဲ တစ်မြို့လုံးမှာ ကိုယ်နဲ့ ကိုယ့်သူငယ်ချင်းတွေပဲ ကျန်တော့တယ်ဆိုရင် ပျော်မိမှာပဲ ဟုတ်တယ်မို့လား????? ဒါပေမယ့် အဲ့လိုကျန်နေခဲ့တာက အသက်နဲ့ရင်းပြီးဆော့ရတဲ့ဂိမ်းအတွက်ဆိုတာသိရင်တော့ ဆက်ပျော်နေနိုင်မှာမဟုတ်ပါဘူး ဒီဇာတ်လမ်းတွဲထဲမှာလည်း ဘူနေတဲ့သူငယ်ချင်းသုံးယောက်က အရက်သောက်ဖို့ အရက်ဆိုင်လိုက်ရှာနေရင်းက ဘုမသိဘမသိနဲ့ ရှင်သန်ခြင်းနဲ့သေဆုံးခြင်းဂိမ်းကို ဆော့လိုက်ရပါတယ် ဉာဏ်လေး ဆိုစလောက်ကောင်းပြီး တစ်ခေါက်လောက်နိုင်လိုက်ပေမယ့် သူတို့ရှေ့မှာတင် တစ်ယောက်ပြီးတစ်ယောက်သေကုန်တာကို တွေ့ရတဲ့အခါမှာ သူတို့တွေ ဘယ်လိုဆက်လုပ်ကြမလဲ????? ပြေးလိုက်လွှားလိုက်နဲ့သေရေးရှင်ရေးဖြစ်နေကြတဲ့ကြားထဲက သူငယ်ချင်းအချင်းချင်းကြားထဲက သံယောဇဉ်လေးတွေကိုလည်းမြင်ရမှာပါ ဒီကားကို အိမ်ကလူကြီးတွေကိုလည်းပြပေးသင့်ပါတယ် အလုပ်မလုပ်ဘဲ ဂိမ်းပဲဆော့နေတာက သေရေးရှင်ရေးကြုံလာတဲ့အခါမှာ အထောက်အကူပြုပါတယ်ဆိုတာလေးသိရအောင်ပေါ့လေ ဒီ့အပြင် Netflix ကရိုက်တဲ့ကားဆိုတဲ့အတိုင်း စိတ်ပျက်စေမှာ မဟုတ်တဲ့အပြင် ဂျပန် Live action တွေတိုင်းမှာ နာမည်ကြီးတဲ့ Yamazaki Kento ကခေါင်းဆောင်ပါဝင်ထားတာကို အချိန်လေးပေးပြီးကြည့်ပါလို့ Yamazaki Kento ရဲ့ကောင်မလေးက တိုက်တွန်းရင်း CM အဖွဲ့သားများနဲ့အတူ ဘာသာပြန်တင်ဆက်လိုက်ပါတယ်ရှင် IMDb - 8.8/10 Rotten Tomatoes - 96% ဆိုတော့ လက်မလွှတ်တမ်း ကြည့်သင့်တဲ့ ကားတစ်ကားပါပဲ။ File Size - 700MB Quality - 1080P Subtitle - Myanmar (Hardsub) Genre - ...
8.8
TMDb: 8.8/10 10 votes
tv
Alice in Borderland (2020)
2020
Dash & Lily 2020 7.9
Dash & Lily 2020 FA တို့အတွက် ကုန်ကြမ်းရှာလို့ရမယ့် romance-comedy Netflix စီးရီးလေးလာပါပြီ ကုန်ကြမ်းအဖြစ်သုံးမရလည်း ကြည့်ပြီး အားကျကြည်နူးနိုင်မှာဖြစ်ပါတယ် ခရစ်စမတ်နီးပြီဖြစ်တဲ့အတွက် ခရစ်စမတ်ကားတွေတော်တော်များများ ထွက်ရှိလာတဲ့အထဲကမှ ဒီစီးရီးလေးကတော့ New York ခရစ်စမတ်ကို အခြေခံထားတဲ့ အချစ်ဟာသလေးပါ။ ဒက်ရှ်ဆိုတဲ့ ကောင်လေးဟာ အရင် ရည်းစားနဲ့ ပြတ်ပြီးကတည်းက တစ်ကိုယ်တည်းဖြစ်နေရှာပြီး ခရစ်စမတ်မှာလည်း အထီးကျန်လျက်ပါပဲ လီလီဆိုတဲ့ ကောင်မလေးကတော့ တစ်ခါမှရည်းစားမထားဖူးသူတစ်ယောက်ဖြစ်ပြီး အထီးကျန်ဆန်တဲ့ ခရစ်စမတ်မှာ ပျော်စရာတွေဖန်တီးဖို့အတွက် စာအုပ်ဆိုင်လေးတစ်ဆိုင်မှာ သူ့ရဲ့ အနီရောင်မှတ်စုစာအုပ်လေးကို တမင်ထားခဲ့ပါတယ်။ ဒါကို ဒက်ရှ်ကတွေ့သွားတဲ့အခါမှာ စာအုပ်လေးထဲက ညွှန်ကြားချက်တွေအတိုင်း လီလီရှာပုံတော်ဖွင့်ရပါတော့တယ်။ ဖုန်းတွေအင်တာနက်တွေပေါတဲ့ ခေတ်မှာမှ ဒက်ရှ်နဲ့လီလီကတော့ အနီရောင်မှတ်စုစာအုပ်လေးကနေတစ်ဆင့် တစ်ယောက်ကိုတစ်ယောက်လည်း မမြင်ဖူးပါပဲ အဆက်အသွယ်တွေလုပ်ပြီး challenge တွေခေါ်ကြတာတွေကို စိတ်၀င်စားဖွယ် ကြည့်ရှုရမှာပါနော် ဇာတ်ကားကြည့်ပြီး လက်တွေ့စမ်းသပ်ချက်တွေ လုပ်ကြည့်ကြပါ ရည်းစားတစ်ယောက်လောက်ရသွားလည်း fa မဖြစ်တော့ဘူးပေါ့ Translated by Yoon Sandi Aung / Htet Wai ...
7.9
TMDb: 7.9/10 15 votes
tv
Dash & Lily 2020
2020
Love & Anarchy 2020 7.8
Love & Anarchy 2020 quarantine မှာ အပန်းဖြေနိုင်မယ့် ပေါ့ပါ့ပါးပါး အချစ်ဟာသလေးတွေ မျှော်နေသူတွေအတွက် IMDb 7.5 ရရှိထားတဲ့ comedy, romance Netflix စီးရီးလေးလာပါပြီမမကြီးတွေ မောင်လေးတွေကို ကြိုက်မိပြီး ဘယ်လောက်ထိ လိုက်ဆိုးဖူးလဲ။ဆိုဖီဆိုတဲ့ အမျိုးသမီးဟာ ကလေး ၂ ယောက်အမေဖြစ်ပြီး  အကြံပေးတဲ့အလုပ်ကို လုပ်ကိုင်သူဖြစ်ပါတယ်။တစ်နေ့ ဆိုဖီဟာ ပုံနှိပ်တိုက်ဟောင်းတစ်ခုကို ပြန်ပြီး ခေတ်မီအောင် ပြုပြင်ဖို့အတွက် တာ၀န်ကျလာပါတယ်။ပုံနှိပ်တိုက်ကို ရောက်တဲ့အခါမှာ မက်စ်လို့ခေါ်တဲ့ ကောင်လေးတစ်ယောက်နဲ့ တွေ့ပြီး ဇာတ်လမ်းလေးတွေဖြစ်လာပါတော့တယ် .....comedy romance ဆိုပေမယ့် ပေါ့ပျက်ပျက်မဟုတ်ဘဲ သူ့ဇာတ်ကြောင်းလေးနဲ့သူမို့ ကြည့်ရတာ တန်ပြီး အပန်းပြေစေမှာပါ Translated by YSDA, Htet Wai Lwin, KWY Episode 1 CMLink / Yoteshin / Yandex / Megaup / Meganz / / Upstream Episode ...
7.8
TMDb: 7.8/10 4 votes
tv
Love & Anarchy 2020
2020
Paranormal (2020) 9.1
Paranormal (2020) Paranormal (2020)===============IMDb Rating - 9.1 / 10 1960 ခုနှစ်၀န်းကျင်ကို အခြေခံထားပြီး ရင်ဖိုစရာ အသည်းထိတ်စရာ ဆန်းကျယ်မှုတွေနဲ့ ပြည့်နေတဲ့Netflix စီးရီးတစ်ခုလာပါပြီ။အသက် ၄၀ ၀န်းကျင်အရွယ်ရှိတဲ့ ရက်ဖာ့တ် အစ်စ်မေးလ် ဆိုတဲ့ ဆရာ၀န်ဟာ သဘာ၀လွန်ဖြစ်ရပ်တွေမကောင်းဆိုးဝါးတွေကို လုံး၀အယုံကြည်မရှိသူတစ်ယောက်ပါ။ ဒါပေမယ့် ဒီလိုလူတစ်ယောက်ရဲ့ ပတ်၀န်းကျင်မှာမှ သူ သက်၀င်ယုံကြည်မှု မရှိတဲ့ အဖြစ်အပျက်တွေ ဖြစ်လာပြီး သူချစ်တဲ့သူတွေ သူ့ရဲ့ ပတ်၀န်းကျင်က လူတွေအပေါ်ပါ ဒီကြောက်စရာအဖြစ်အပျက်တွေက သက်ရောက်လာတဲ့အခါ ဒေါက်တာရက်ဖာ့တ်တစ်ယောက် ဘာတွေရင်ဆိုင်ပြီး ဘယ်လိုတွေဖြေရှင်းမလဲ .....ဒီဇာတ်လမ်းဟာ ရောင်းအားအကောင်းဆုံး thriller novel series ဖြစ်တဲ့ Paranormal ကို ပြန်လည်အသက်သွင်းရိုက်ကူးထားတာဖြစ်ပါတယ်။IMDb 9.1 တောင် ရထားလို့ အထူးတလည် ပြောစရာလိုမယ် မထင်ပါဘူး။ Quality – 720p WebRipDuration – 22 mins ...
9.1
TMDb: 9.1/10 43,261 votes
tv
Paranormal (2020)
2020
The Queen’s Gambit(2020) 8.9
The Queen’s Gambit(2020) The Queen's Gambit(2020) အညွှန်း********************************IMDb..8.9(((စ/ဆုံး Zip File ရပါပြီနော်)))ဒီနှစ်ထဲမှာ ကျွန်တော့်အကြိုက်ဆုံး စီးရီးတွေထဲက တစ်ခုကို တင်ပေးလိုက်ပါတယ်။ဇတ်လမ်း၊ သရုပ်ဆောင်၊ ဂီတ အကုန်ကြိုက်တယ်ဗျာ။ Rating က 8.9 တဲ့၊ တကယ်ရသင့်ပါတယ်။အမ်မီဆုတွေတော့ ကြိုမှန်းလို့ရနေပြီ။ စစ်တုရင်အကြောင်း ဇာတ်လမ်းကို စစ်တုရင် နားမလည်တဲ့သူတွေပါကြိုက်အောင်၊စစ်တုရင် ပွဲကို လက်ဝှေ့ပွဲလို ရင်ခုန်အောင် ရိုက်ပြထားတာတော့ တကယ်ချီးကျူးမိတယ်။ဒီရုပ်ရှင်ကိုကြည့်ဖို့ စစ်တုရင် အကြောင်း မသိသေးရင်တောင် ရသေးတယ်။ဒီတော့ ဇာတ်လမ်းအကြေငာ်း မပြောခင် နောက်ခံသမိုင်းလေး အရင်ပြောပြမယ်။ဒီရုပ်ရှင်ကို ဝေါ်တာ တဲဗစ်ရဲ့ ၁၉၈၃ တုန်းက ဝတ္ထုအပေါ် အခြေခံပြီး ရိုက်ကူးထားတာပါ။ကာလကတော့ စစ်အေးတိုက်ပွဲကာလ အမေရိကန် ရုရှား အကြီးအကျယ် အားပြိုင်တဲ့ အချိန်ပေါ့။အဲဒီအချိန်မှာ အားကစား၊ ပညာရေး၊ နည်းပညာတိုးတက်မှု၊ ...
8.9
TMDb: 8.9/10 167 votes
tv
The Queen’s Gambit(2020)
2020
Meteor Garden(2018) 8
Meteor Garden(2018) Meteor Garden(2018)ဇာတ်လမ်းတွဲအညွှန်း****************************************အပိုင်း( ၁ မှ ၄၉) စ/ဆုံး(WEB-DL 1080P ဖြင့် တင်ဆက်ပေးထားပါသည်...)တုံရှင်းချိုင်ဆိုတဲ့ကောင်မလေးဟာ အခြေခံလူတန်းစားကမွေးဖွားခဲ့တဲ့ကောင်မလေးတစ်ယောက်...သူမရဲ့ရည်မှန်းချက်က မင်ဒဲ တက္ကသိုလ်ကို ဝင်ပြီး သူမ ဝါသနာပါတဲ့ မေဂျာယူရင်းအအောင်မြင်ဆုံးဖြစ်အောင်ကြိုးစားဖို့ပါ...မင်ဒဲတက္ကသိုလ်က တော်ရုံလူတော့ ဝင်နိုင်ဖို့မလွယ်..ဒါကြောင့် တုံရှင်းချိုင်တစ်ယောက်အရမ်းပျော်နေခဲ့တာပေါ့...သူငယ်ချင်းအသစ်တွေ အတွေ့အကြုံသစ်တွေနဲ့ ကျောင်းပျော်ကြီးဖြစ်မယ်လို့ ထင်ခဲ့ပေမဲ့ကျောင်းရဲ့ အထင်ကရ F4 လေးယောက်နဲ့တွေ့တဲ့အခါမှာတော့သူမ ထင်ထားခဲ့သလိုဖြစ်မလာတော့ပါဘူး...ဒီတရုတ်စီးရီးက ကွီးယားF4 ကိုအဓိက ကျောရိုးယူရိုက်ကူးထားတာပါ...တရုတ်ရဲ့ ဓလေ့ထုံးတမ်းတွေပြင်ဆင်ရိုက်ကူးခဲ့တဲ့အပြင်ရှုခင်းတွေလည်းအတော်ကြီးကိုလှပါတယ်....မျက်စိတော့ အတော်အေးပါတယ်....အပိုင်း (၄၉)ပိုင်းရှိပြီး သူလည်း တစ်မျိုးလေးခံစားလို့ကောင်းပါတယ်....ဒါ့ကြောင့် တရုတ်ပုံစံလေးသဘောကျတဲ့သူတွေအတွက်ရော ခံစားချင်လို့ရအောင် တင်ဆက်ပေးထားပါတယ်..... Quality –1080 WEB-DL Duration – 45Min (@Episode)Subtitle – Myanmar HardsubFormat – Mp4Genre : Comedy, Drama, Romance Translator – CM TeamEncoder –  Phyo Pyae  Episode 1 -700MB  UsersDrive /Yoteshindrive/  Upstream /  ...
8
TMDb: 8/10 21 votes
tv
Meteor Garden(2018)
2018
Blood of Zeus 2020 8.5
Blood of Zeus 2020 Blood of Zeus 2020 Netflix original serie တစ်ခုဖြစ်တဲ့ Blood of Zeus ဟာ Episode 8ခု ပါတဲ့ Animation Serie တစ်ခုဖြစ်ပြီးတော့ Oct27, 2020 မှာ ပထမအပိုင်း စလွှင့်ခဲ့တာဖြစ်ပါတယ် Greek Mythology ဂရိဒဏ္ဍာရီပုံပြင်ဇာတ်လမ်းတွေက်ို ကြားဖူးနားဝရှိရင်တော့ ဒီ Animation serie လေးကို ကြည့်ရတာ အစိမ်း သတ်သတ် ဖြစ်မှာမဟုတ်ပါဘူး မှောင်မိုက်နေတဲ့ တိမ်မဲတွေအောက်က ရွာလေးတစ်ရွာမှာနေတဲ့ ဟယ်ရွန်နဲ့ အီလက်ထရာဆိုတဲ့ အပယ်ခံ သားအမိနှစ်ယောက်အကြောင်း နဲ့ ဇာတ်လမ်းကို အစပြုထားပါတယ် အဲ့ဒီသားအမိနှစ်ယောက် ရွာကိုရောက်လာတဲ့အချိန်ကစပြီး ရွာမှာ ကံဆိုးမိုးမှောင်တွေ ကျခဲ့ရတယ်လို့ ယူဆကြတာကြောင့် သူတို့နှစ်ယောက်ကို တစ်ရွာလုံးက ဖယ်ကျဉ်ထားကြတယ် ဟယ်ရွန်က သူ့ကိုယ်သူ အိုလံပတ်စ်တောင်ပေါ်က နတ်မင်းကြီးဇူးစ်ရဲ့ သားတော်ဖြစ်ကြောင်း သိလိုက်ရပေမယ့် အားလုံးသိကြတဲ့အတိုင်း အချစ်မေတ္တာအရမ်းများပြီး နှလုံးသားကြီးမားတယ်လို့ နာမည်ကြီးတဲ့ ဇူးစ်နတ်မင်းကြီးက သေမျိုးဖြစ်တဲ့လူနဲ့ ချစ်ကြိုက်ပြီးမွေးခဲ့တဲ့ အပြင် တရားမဝင်သားလည်း ...
8.5
TMDb: 8.5/10 49 votes
tv
Blood of Zeus 2020
2020
Castlevania Season 1 & 2 & 3 {Complete} 7.8
7.8
TMDb: 7.8/10 90 votes
tv
2017
Reply 1994
Reply 1994 Reply 1994   ကဲ.. CM က အချစ်တို့ရေ..... 90 နှစ်ပိုင်းတွေကို မလွမ်းကြဘူးလား... ဒါမှမဟုတ် ဘယ်လိုလေးများလဲလို့ မသိချင်ကြဘူးလား.. အဖြေက Yes! ဆိုရင်တော့... ဒီ Reply 1994 စီးရီးလေးကို လက်လွှတ် မခံသင့်တာ သိပ်သေချာသွား​ပြီပေါ့...   ၉ဝ ခုနှစ် ဝန်းကျင်က အသိုင်းအဝိုင်း ... ပတ်ဝန်းကျင်.... လူ့သဘောထား... ဒါတွေဟာ ခုခေတ်နဲ့ လားလားမှ မတူတာမို့... အတိတ်ဟောင်းတွေ ကို ပြန်ငဲ့ ကြည့်မိသလို နွေးနွေးထွေးထွေးလေး ခံစားရမှာနော်... ( ငယ်ချစ်ဟောင်းတွေ ပြန်တွေးမိရင်တော့ တာဝန် မယူပါကွယ်... )   အထူးသဖြင့် ဒီစီးရီး​​လေးဟာ..​..နယ်ပေါင်းစုံကနေ ​လာနေရင်း ကျောင်းတက် ရသူတွေ အတွက် တစ်ထပ်တည်းကျ လွမ်းဆွေးခွင့်ရမယ့်ကားလေးဆိုရင် မမှားဘူးရယ်... ဘော်ဒါ​နေ အဆောင်သူ အဆောင်သားတို့ ရဲ့ သဘာဝ.... အချစ်ဦးဆိုတာကို အဲ့ဒီ​ခေတ်က လူငယ်တွေ ဘယ်လို မျိုးသဘောထားကြလဲ... အဲ့ဒီခေတ်အခါက လူ့သဘော... လူ့အကြိုက်... အထူးသဖြင့် လူငယ်တွေရဲ့ သဘာဝကို ဟာသလေးနှောပြီး ရယ်ရယ်မောမော နဲ့ လွမ်းလွမ်းဆွေးဆွေး ကြည့်ခွင့်ရမယ့် ကားကောင်းလေးဆိုတာကိုတော့.. ရဲရဲ ကြီး အာမခံပါတယ်...   ဇာတ်လမ်းလေးကတော့ ...
Reply 1994
2013
The Haunting of Bly Manor 7.4
The Haunting of Bly Manor The Haunting of Bly Manor (2020)   The Haunting of Hill House ရဲ့ အဆက် ဘလိုင်းအိမ်တော်ကြီး လာပါပြီဗျာ။ ဒီဇာတ်လမ်းကတော့ ၁၈၉၈ ခုနှစ်က ထွက်ရှိခဲ့တဲ့ Henry James ရဲ့ The Turn of the Screw ကို အခြေခံပြီး ရိုက်ကူးထားတာပဲ ဖြစ်ပါတယ်။ ဇာတ်လမ်းကတော့ ၂၀၀၇ ခုနှစ်မှာ ပြုလပ်တဲ့ မင်္ဂလာဆောင်ပွဲတစ်ခုမှာ အကြိုညစာစားပွဲကို တက်ရောက်လာတဲ့ အဖွားတစ်ယောက်က ၁၉၈၇ ခုနှစ်က လန်ဒန်မှာ ဖြစ်ပျက်ခဲ့တဲ့ ကလေးထိန်း အမျိုးသမီးတစ်ယောက်ရဲ့ အဖြစ်အပျက်ကို ပြန်ပြောရာကနေ စပါတယ်။ ဒီအမျိုးသမီးက ကလေးနှစ်ယောက်ကို ထိန်းဖို့ ဘလိုင်းမြို့က အိမ်ကြီးရခိုင်တစ်လုံးဆီကို ရောက်လာပါတယ်။ သူ မတိုင်ခင် ရှေ့က ကလေးထိန်းအမျိုးသမီးက သေထားတဲ့အတွက် ဒီကလေးတွေကို ဘယ်သူမှ မထိန်းချင်ကြပါဘူး။ ဒီအိမ်ကြီးရခိုင်မှာ ဘာလျှို့ဝှက်ချက်တွေများ ရှိနေတာလဲ? ကလေးနှစ်ယောက်ကရော ဘယ်လို လျှို့ဝှက်ချက်တွေ ရှိနေတာလဲ? အသည်းတယားယား ရင်တဖိုဖိုနဲ့ ကြည့်ကြ ကြောက်ကြရဦးမယ့် ဇာတ်လမ်းတွဲကောင်းတစ်ခုပါပဲ။ တစိမ့်စိမ့်တွေး တရေးရေးပေါ်ပြီး ...
7.4
TMDb: 7.4/10 24 votes
tv
The Haunting of Bly Manor
2020
The Business of Drugs (2020) [COMPLETE] 7.1
The Business of Drugs (2020) [COMPLETE] (Unicode)စီအိုင်အေ အဖွဲဝင်ဟောင်းတဦးဖြစ်တဲ့ အမ်မာရယ်လစ် ဖောက်စ် ဆိုတဲ့ အမျိုူသမီးက ကမ႓ာပေါ်မှာ စီးဆင်းနေတဲ့ မူးယစ်ဆေးအမျိုးမျိုးကိုစီးပွားရေး နိုင်ငံရေးနဲ့ ဆေးပညာရှုထောင့်ကနေ ချဉ်းကပ်ပြထားတဲ့ နက်ဖလစ် မှတ်တမ်းသတင်းရုပ်ရှင် စီးရီးတခုပဲဖြစ်ပါတယ်ကိုကိန်းတွေ တရားမဝင် ဓာတုစပ်ဆေးတွေကနေစလို့ ဘိန်းဖြးူတွေ ယာဘ တွေအထိ ဘယ်လိုထုတ်လုပ်တယ်ဘယ်လိုဖြန့်ချီတယ် ဘယ်လိုသုံးစွဲတယ်ဆိုတာကနေ သုံးစွဲသူတွေကလည်း ဘယ်လိုခံစားရတယ်ဘယ်လိုဆိုးကျိုးတွေရှိတယ်ဆိုတာကို ကိုယ်တိုင် ကွင်းဆင်း မေးမြန်းပြီး ရိုက်ကူးထားတာပဲဖြစ်ပါတယ်မြန်မာနိုင်ငံအကြောင်းလည်း တချို့အပိုင်းတွေမှာ ပါဝင်ပါတယ်ရှမ်းပြည်နဲ့ ကချင်ပြည်က မူးယစ်ဆေးတွေဟာ ရန်ကုန်ကနေတဆင့် တခြားနိုင်ငံတွေကို ဘယ်လို ရောက်သွားတာတွေဒီမူးယစ်ဆေးတွေက ရတဲ့ ငွေမည်းတွေကို ဆောက်လုပ်ရေးတွေမှာ ဘယ်လိုပြန်သုံးပြီး ငွေဖြူဖြစ်အောင်လုပ်တာတွေ စတဲ့စီးပွားရေးလုပ်ငန်းတချို့နဲ့ မူးယစ်ဆေး ဆက်စပ်နေပုံတွေ မေးမြန်းထားပါတယ်မူးယစ်စီးပွားရေးက ကမ႓ာ့ဒေသတချို့ရဲ့ စီးပွားရေးကို ဘယ်လို မောင်းနှင်နေတယ်ဆိုတာ စိတ်ဝင်စားရင် ကြည့်သင့်တဲ့ စီးရီးတခုပါပဲ။(ဘာသာပြန်ပေးထားသူတွေကတော့ Zuel Khant Thwin နဲ့ d3mon ပဲဖြစ်ပါတယ်)(Zawgyi)စီအိုင်အေ အဖွဲဝင်ဟောင်းတဦးဖြစ်တဲ့ အမ်မာရယ်လစ် ...
7.1
TMDb: 7.1/10 88 votes
tv
2020
Emily in Paris {2020} 7.6
Emily in Paris {2020} ကဲ ..... အမ်မလီ နဲ့ ပြင်သစ်ကို အလည်သွားရအောင်ဗျာ။ အမ်မလီဆိုတာကတော့ ပြင်သစ်စကားမပြောတတ်တဲ့ အမေရိကန်နိုင်ငံသူ တစ်ယောက်ပါ။ သူ ဘာလို့ ပြင်သစ်ကို ရောက်သွားရတာလဲဆိုတော့ သူ့ သူဌေးမက ရုတ်တရက် ကိုယ်ဝန်ရှိလာတဲ့အချိန်မှာ ပြင်သစ်ရုံးခွဲကို မသွားနိုင်တဲ့အတွက် အမ်မလီကို စေလွှတ်ဖို့ ဖြစ်လာပါတော့တယ်။ ဒီတော့ အမ်မလီတစ်ယောက် ပြင်သစ်မှာ ကြုံရမယ့် အလွဲလွဲ အချော်ချော်လေးတွေကို တသောသောနဲ့ ရယ်မောရင်း ပြင်သစ် နဲ့ အမေရိကုန်ရဲ့ ကွာခြားတဲ့ လူနေမှုဘဝတွေကို မြင်ရပါမယ်။ ပြင်သစ်ရဲ့လှပတဲ့ရှုခင်းတွေနဲ့ အတူ အချစ်၊ လိင်ကိစ္စ၊ စီးပွားရေး၊ လူမှုရေး ဒါတွေကိုပါ လေ့လာခွင့်ရမှာပဲ ဖြစ်ပါတယ်။ မင်းသမီးရဲ့ဖက်ရှင်တွေကလည်း မိန်းကလေးတိုင်း သဘောတွေ့စရာ ဖြစ်မှာပါ။ အပိုင်းအနေနဲ့ကတော့ ၁၀ ပိုင်း ရှိပါတယ်။ အတွဲ - ၁ အနေနဲ့ ထွက်လာတာ ဖြစ်တဲ့အတွက် အတွဲ - ၂ ဆက်လာဦးမယ့်သဘောပါ။ IMDb - 7.4/10 ...
7.6
TMDb: 7.6/10 12 votes
tv
Emily in Paris {2020}
2020