Channel Myanmar

Netflix

Kleo (2022) 7.034
Kleo (2022) Kleo (2022) =========== IMDb Rating - 7.5/10Kill Bill လိုမျိုး လက်စားလိုက်ချေတဲ့ကား၊ Atomic Blonde နဲ့ Red Sparrow တို့လို စပိုင် ဇာတ်လမ်းမျိုးတွေ ကြိုက်တယ်ဆိုရင် ဒီဇာတ်လမ်း တွဲကို လက်လွှတ်မခံပါနဲ့။ IMDb rating 7.5, Rotten Tomatoes 92% ရထားပါတယ်။ ဇာတ်လမ်းကတော့ မမိုက်မှာမပူနဲ့။ ဂျာမန်တွေ ရိုက်ကူး ထားပြီး Netflixက ထုတ်ဝေထားတာပါ။ Netflix က ကျန်တဲ့ ဇာတ်ကား တွေသာ ချာရင်ချာမယ်၊ ဥရောပတစ်ခွင်ကရိုက်တဲ့ ဇာတ်လမ်းတွေကတော့ ဇာတ်လမ်း၊ ဇာတ်အိမ် ခိုင်မာကြသလို တော်တော်ကြီးကြည့်လို့ကောင်းတဲ့ အစဉ်အလာရှိပါတယ်။ဇာတ်လမ်းအကျဉ်းကတော့ ကလီယိုဟာ အရှေ့ဂျာမနီအစိုးရရဲ့ ထောက် လှမ်းရေးဌာနခွဲက လျှို့ဝှက်အေးဂျင့်တစ်ယောက်ပါ။ ကလီယိုဟာ စည်းကမ်း ကို ချိုးဖောက်ပြီး လုပ်ဖော်ကိုင်ဖက်နဲ့ ချစ်ကြိုက်မိကာ ကိုယ်ဝန်ကိုလည်း လွယ်ထားရပါတယ်။ ဒီလိုနဲ့ အလုပ်ကနေ အနားယူမယ် လုပ်တုန်းက ချောက် ချခံရပြီး တစ်သက်တစ်ကျွန်း ထောင်ကျသွားပါတယ်။ ထောင်ထဲမှာ ကိုယ်ဝန် ပျက်ကျ၊ ဒုက္ခပေါင်းစုံကိုခါးစည်းခံရပါတယ်။ ...
7.034
TMDb: 7.034/10 89 votes
tv

Kleo (2022)

2022
Kung Fu Panda: The Dragon Knight 10
Kung Fu Panda: The Dragon Knight Kung Fu Panda : Dragon Knight (2022)ကွန်ဖူးပန်ဒါ ကာတွန်းစီးရီးထွက်လာပါပြီ။ ကာတွန်းရုပ်ရှင်လိုပဲ ရုပ်ထွက်ကောင်းကောင်း ဇာတ်လမ်းကောင်းကောင်းနဲ့ ရိုက်ကူးထားတာဖြစ်လို့ တဝကြီးကြည့်ရမှာပါ။ဇာတ်လမ်းအစမှာတော့ ကလောက်စ်နဲ့ ဗရူကာဆိုတဲ့ ဖျံလူဆိုးနှစ်ကောင်ဟာ တရုတ်ပြည်ရဲ့ အစွမ်းထက်တဲ့ ရှေးဟောင်းလက်နက် ဝူကောင်းလက်အိတ်ကို လာလုပါတယ်။ အဲဒါကို နဂါးဆရာသခင် ပိုက တားဆီးရင်နဲ့ ထုံးစံအတိုင်း တလွဲတွေဖြစ် ရွာပါပျက်စီးပြီး လက်အိတ်လည်းပါသွားပါတယ်။ ဒါကြောင့် မင်းကြီးက ပို့ဆီက နဂါးဆရာသခင်ဘွဲ့ကို ရုတ်သိမ်းတော့မှာပဲ ဖြစ်ပါတယ်။ အဲဒီအချိန်မှာပဲ အဲဒီဖျံနှစ်ကောင်နောက်ကို လိုက်ဖမ်းနေတဲ့ အင်္ဂလန်သူရဲကောင်း လေလွင့်ဓားမိမယ် လူသယ်ရာနဲ့အတူ ပေါင်းမိပြီး တလွဲတွေ စွန့်စားခန့်ဖွင့်ကြတဲ့အခါ .....စုစုပေါင်း ၁၁ ပိုင်း ထုတ်လွှင့်သွားမှာပဲ ဖြစ်ပါတယ်။အညွှန်း နဲ့ ဘာသာပြန်ကတော့ Mr.Anderson ပဲ ဖြစ်ပါတယ်။Genre..... Action & Adventure, Animation, Comedy Quality…. 1080p | 720p File size… 600MB | ...
10
TMDb: 10/10 1 votes
tv

Kung Fu Panda: The Dragon Knight

2022
The Bastard Son & the Devil Himself (2022) 7.761
The Bastard Son & the Devil Himself (2022)  Rating ကောင်းကောင်းရထားတဲ့ Netflix ရဲ့ 2022 ထွက် fantasy-drama စီးရီးလေးတစ်ခု လာပါပြီ။ Rotten tomatoes မှာ ခရမ်းချဥ်သီးပုပ် 93% အထိရထားပြီး 1MDb မှာလည်း rating 7.5 ရထားတာဖြစ်တဲ့အတွက် ကြည့်ပျော်ရှုပျော်အဆင့်ထက်လွန်တယ်လို့ ပြောလို့ရတဲ့ စီးရီးတစ်ခုပါ။ ဇာတ်အိမ်ကလည်း လူငယ်ဇာတ်ကောင်အများစုနဲ့ ပေါ့ပေါ့ပါးပါးတည်ဆောက်ထားလို့ မိသားစုနဲ့ကြည့်လို့ရပါတယ်။ Titans(2018) နဲ့ The Batman(2022) မှာပါဝင်ထားတဲ့ သရုပ်ဆောင် Jay Lycurgoကအဓိကဇာတ်ဆောင်အနေနဲ့ ပါဝင်သရုပ်ဆောင်ထားပြီး Nadia Parkes၊ Emilien Vekemans၊ Isobel Jesper Jones စတဲ့ တက်သစ်စ လူငယ်သရုပ်ဆောင်တွေလည်း ပါဝင်အားဖြည့်ပေးထားပါတယ်။ Colm McCarthy၊ Debs Paterson၊ Rachna Suri တို့က ပူးတွဲရိုက်ကူးပေးထားပြီး ဇာတ်အိမ်ကတော့ Sally green ရဲ့ Halfbad ...
7.761
TMDb: 7.761/10 90 votes
tv

The Bastard Son & the Devil Himself (2022)

2022
Class Act (2023) 6.5
Class Act (2023) Netflix ရဲ့ ဖြစ်ရပ်မှန်ဇာတ်လမ်းတွဲ Class Act မီနီဇာတ်လမ်းတွဲ နဲ့ မိတ်ဆက်ပေးပါရစေ။၁၉၆၀ ခုနှစ်ဝန်းကျင် ပြင်သစ်နိုင်ငံ မြို့ငယ်လေး တစ်မြို့မှာ သာမန်ဝန်ထမ်းမိသားစုကနေပေါက်ဖွားကြီးပြင်းလာခဲ့တဲ့ ဘာနာ့ဒ်တာပီးလို့အမည်ရတဲ့သူတစ်ဦးရှိတယ်..သူဘဝမျိုးစုံကြုံဖူးခဲ့သလို နယ်ပယ်တစ်ခုချင်းတိုင်းမှာလည်း အောင်မြင်မှုတွေစိုက်ထူနိုင်ခဲ့တဲ့သူဖြစ်ပါတယ်...သို့ပေမဲ့ ဘယ်အလုပ်မဆို အောင်မြင်မှုဆိုတာ ကျရှုံးမှုနဲ့ အစပြုကြရတာပဲမဟုတ်လား...ဒီစီးရီးဟာ သူလှုပ်ရှား ရုန်းကန်ခဲ့ရတဲ့ ဘဝတစ်ခုချင်းအလိုက်လူငယ်တွေ‌ေဆောင်ရန်ရှောင်ရန်ကို ရိုက်ကူးထားတာဖြစ်ပါတယ်..သို့ပေမဲ့ ပျင်းစရာမကောင်းဘဲအတော်ကြည့်လို့ကောင်းပါတယ်..အဆိုတော်၊ စီးပွားရေးသမား၊ဖျော်ဖြေတင်ဆက်သူ၊ နိုင်ငံရေးသမားပြင်သစ်လီဂူးက မာဆေးလ်အသင်းပိုင်ရှင် နာမည်ကျော် အားကစားပစ္စည်းကုမ္ပဏီ Adidasတို့ကိုပိုင်ဆိုင်ခဲ့ဖူးတဲ့ ဘာနာ့ဒ်တာပီး ရဲ့အကြောင်းကို စိတ်ဝင်စားဖွယ်ရာကြည့်ရှုရမှာဖြစ်ပါတယ်....။။  File Size –  1.40 GB/ 485MBQuality –NF WEB-DL 1080p 5.1 CH, 720pDuration – 55 Min  (@Episode)Total Episodes: 7 EpsSubtitle – Myanmar HardsubFormat – Mp4Genre : Drama , ...
6.5
TMDb: 6.5/10 14 votes
tv

Class Act (2023)

2023
Dear Child (2023) Complete 7.6
Dear Child (2023) Complete Dear Child (2023) A Netflix Mini Series ~ IMDb - 7.5/10, Rotten Tomatoes - 84% ~ Stockholm Syndrome ဆိုတာကတော့ ပြန်ပေးဆွဲခံရတဲ့သူတွေမှာဖြစ်တတ်တဲ့ စိတ်အခြေအနေတစ်မျိုးပါ။ ပြန်ပေးဆွဲခံရသူတွေက သူတို့ကို ပြန်ပေးဆွဲတဲ့သူတွေအပေါ် နားလည်ပေးပြီး ပြန်ပေးဆွဲတဲ့သူတွေ လိုချင်ရချင်တာကို ရအောင်ကူညီပေးတတ်တဲ့ အခြေအနေပါ။ ပြန်ပေးဆွဲသူနဲ့ ပြန်ပေးဆွဲခံရသူက ခပ်ဆင်ဆင်ဖြစ်လာတဲ့သဘောမျိုးလို့ပြောလို့ရပါတယ်။ ကိုယ့်ကိုပြန်ပေးဆွဲတာပဲကွာ ဘာလို့ကိုယ်က ပြန်ပေးဆွဲတဲ့သူကိုသနားရမှာလဲ မဖြစ်နိုင်ပါဘူးကွာလို့တော့ မထင်ပါနဲ့။ ပြန်ပေးဆွဲခံရတဲ့သူတွေရဲ့ ၈% လောက်က ဒီလို အခြေအနေမျိုးဖြစ်တတ်ကြပါတယ်။ ဒီဂျာမန် Mystery, Crime, Drama Series လေးက ပြန်ပေးဆွဲတဲ့ ဇာတ်လမ်းလေးပါ။ ရိုးရိုးပြန်ပေးဆွဲတဲ့ဇာတ်လမ်းတော့မဟုတ်ပါဘူး။ ဇာတ်လမ်းအစမှာ ပြန်ပေးဆွဲခံရတဲ့သူက ထွက်ပြေးလာတယ်။ ပြေးလာရင်း ကားတစ်စီးနဲ့ တိုက်မိတယ်။ သူ့ကို ကားနဲ့တိုက်မိတဲ့သူက ဆေးရုံကားခေါ်ပေးပေမဲ့ ဆေးရုံကားရောက်လာတဲ့အချိန်မှာတော့ ကားတိုက်ခံရတဲ့သူနဲ့ သူ့သမီးလို့ပြောတဲ့ ကောင်မလေးတစ်ယောက်ကိုပဲတွေ့ရတယ်။ ...
7.6
TMDb: 7.6/10 42 votes
tv

Dear Child (2023) Complete

2023
Song of the Bandits(2023)[Complete] 10
Song of the Bandits(2023)[Complete] Song of the Bandits(2023)*************************အပိုင်း( ၁ မှ၉) ထိ စ/ဆုံး( Islandမှာ ဗန်အဖြစ် သရုပ်ဆောင်ထားတဲ့ Kim Nam Gilနဲ့ Girl Generationအဖွဲ့ဝင် Seohyunတို့အပြင် နာမည်ကြီးသရုပ်ဆောင်များစွာ ပါဝင်သရုပ်ဆောင်ထားပါတယ်)1920ခုနှစ် ဂျပန်ကိုလိုနီခေတ်ကို ဇာတ်အိမ်တည်ရိုက်ကူးထားတာဖြစ်ပါတယ်..အဲဒီခေတ်ကာလများမှာတော့ ဂျပန်တွေဟာ နိုင်ငံရေးအမြင်နည်းပါးတဲ့ကိုရီးယားလူမျိုးတွေကို ကောင်းကောင်းနှိပ်ကွပ်ခဲ့တဲ့ကာလပေါ့...ငဲ့ရမဲ့ မိသားစုတွေရှိလို့ ဂျပန်ရန်ကကာကွယ်ဖို့အရေးအလိုက်အထိုက်နေတဲ့သူတွေ ဂျပန်နဲ့ပေါင်းပြီး လူမျိုးချင်းပြန်ဖိနှိပ်တဲ့သူတွေ အများအပြားရှိတဲ့အတွက်ကြောင့်ကိုရီးယားတွေရဲ့ နင်းပြားဘဝဟာ ဆိုးပြီးရင်းဆိုးရင်းပေါ့...ဒီအခြေအနေတွေကိုပြောင်းပြန်လှန်ဖို့အဖွဲ့အစည်းတစ်ခုပေါ်လာတယ်...ရိုင်ဖယ်တစ်လက်ကို ပခုံးပေါ်ထမ်းပြီးခပ်ကြမ်းကြမ်း ဂျပန်အဖွဲ့တွေကို ပြောက်ကျားနည်းနဲ့သမနေတဲ့တောပုန်းဓားပြအဖွဲ့ပေါ့..ဘယ်လိုတွေဆက်ဖြစ်ကြမလဲဆိုတာကိုတော့ခံစားကြည့်လိုက်ပါ....Episodes: 9 Aired: Sep 22, 2023  Aired On: :  Friday Original Network: Netflix Duration: 45min. Genres: Action & Adventure Subtitle__Myanmar Subtitle (Hardsub) Translated by  Stary , Windi, Htoo Htoo Aung , Hnin Wai Oo& Toe Toe ...
10
TMDb: 10/10 1 votes
tv

Song of the Bandits(2023)[Complete]

2023
Sex Education Season (2018) 8.3
Sex Education Season (2018)  အရွယ်ရောက်ပြီးသားလူတွေအတွက်တော့ဒီစီးရီကပုံမှန်18+အခန်းတွေအများကြီးပါတဲ့ဟာသစီးရီးတစ်ခုပါပဲဒါပေမယ့်အခုချိန်ထိလိင်ပိုင်းဆိုင်ရာကိုသေချာရေရေရာရာမသိသေးတဲ့လူတွေအတွက်တော့လိင်ပညာပေးစာအုပ်၁၀အုပ်လောက်နဲ့ညီသွားနိုင်ပါတယ်ကျွန်တော်တို့နိုင်ငံရဲ့ယဉ်ကျေးမှုနဲ့ကိုးကွယ်တဲ့ဘာသာအရလိင်ကိစ္စဟာဂုဏ်ယူစရာကိစ္စမဟုတ်သလိုစူးစမ်းသင့်တဲ့ကိစ္စလည်းမဟုတ်ပါဘူးအဲ့အတွက်ကြောင့်safe sexကိုတောင်သေချာမသိလို့ပြသနာတက်နေကြတာတွေလည်းအခုထိရှိပါသေးတယ်သူတို့နိုင်ငံကဆယ်ကျော်သက်တွေရဲ့sex lifeကရော ဘယ်လိုမျိုးလဲပြီးတော့ဆယ်ကျော်သက်တွေအဓိကပြသနာတွေကိုဘယ်လိုရှင်းရမလဲဆိုတာဒီစီးရီးမှာအကုန်မြင်နိုင်ပါတယ်ဟာသစီးရီးဖြစ်တာကြောင့်ပျင်းဖို့လည်းလုံးဝမကောင်းတဲ့အပြင်တက်သစ်စသရုပ်ဆောင်တွေရဲ့ရုပ်ရည်နဲ့ပီပြင်မှုတွေကစီးရီးတစ်ခုလုံးကိုပြည့်စုံနေစေပါတယ် ဇာတ်လမ်းပုံစံကတော့ အိုတစ်ဆိုတဲ့ကောင်လေးဟာတစ်ကိုယ်ရည်အာသာဖြေလို့မရပါဘူးသူရဲ့အမေကလိင်ပိုင်းဆိုင်ရာအကြံပေးဖြစ်ပြီးသူ့နေ့စဉ်ဘဝကိုအဲ့အရာကအတော်သက်ရောက်နေပါတယ်မမျှော်လင့်ပဲသူတို့ကျောင်းကသူငယ်ချင်းတစ်ယောက်ဘောကြီးချင်လို့ecee2သုံးလုံးသောက်မိပြီးအဆမတန်ကြီးသွားတာကိုမေ့ဖ်လို့ခေါ်တဲ့ကောင်မလေးနဲ့အတူတွေ့သွားပါတော့တယ်ဘာလို့သောက်မိလဲဆိုတာကိုပြန်ရှင်းပြတဲ့အခါမှာတော့သုတ်မလွှတ်နိုင်တဲ့ပြသနာရှိနေကြောင်းဆေးသောက်လိုက်ရင်သုတ်လွှတ်နိုင်မယ့်ထင်လို့သောက်မိကြောင်းပြောပြပါတော့တယ် အိုတစ်ဟာသူ့အမေရဲ့ဆွေးနွေးတဲ့ပုံစံကိုနေ့တိုင်းကြားပြီးအဲ့ကောင်လေးကိုစကားပြောပေးပါတယ်ပါလာတဲ့ပါရမီကြောင့်ပဲပြောရမလားမသိပေမယ့်သုတ်လွှတ်နိုင်သွားပါတယ်မေ့ဖ်ဟာအဲ့ပါရမီကိုသတိထားမိပြီးသူတို့နှစ်ယောက်စပ်တူလုပ်ငန်းတစ်ခုကိုထူထောင်လိုက်ပါတော့တယ်အဲ့တာကတော့SEX EDUCATIONပါပဲ    File size…  700 mb /  300 MB Quality… WEB Rip 1080p / 720p Format… mp4 Duration….  48 m Genre .....  Drama, Comedy Subtitle…. Myanmar Subtitle (Hard Sub) Encoder…. Thit San Khant . August . Sithu Translated by.. Mr.Anderson, Garfield , El MoH, Act Molemy, Shwe Yee Oo, Wai Zin, Linn Kyaw Swar Aung, Hein Thet Naing , HWL, JimX, Chit Tee, Charm ...
8.3
TMDb: 8.3/10 6557 votes
tv

Sex Education Season (2018)

2019
Midnight at the Pera Palace (2023) 7.1
Midnight at the Pera Palace (2023)  ဒီဇာတ်ကားက ၂၀၁၄ မှာထွက်ရှိတဲ့ Charles King ရေးသားထားတဲ့သမိုင်းဝင် ဝတ္ထုစာအုပ်"Midnight at the Pera Palace: The Birth of Modern Istanbul" ကိုအခြေခံပြီး ရိုက်ကူးထားတာပါ။စိတ်ဝင်စားဖို့ကောင်းတာက ဇာတ်လမ်းမှာပါဝင်တဲ့ ဇာတ်ကောင်တွေ၊ နေရာဒေသတွေ၊အဖြစ်အပျက်တွေက အပြင်မှာတကယ်ရှိတဲ့ ဖြစ်ရပ်မှန်အဖြစ်အပျက်တွေတစ်စိတ်တစ်ပိုင်း ပါဝင်တယ်ဆိုတာပါပဲ။ဒီဇာတ်ကားကို ရိုက်ကူးထားတဲ့ Pera Palace ဟိုတယ် ဆိုတာကလည်းအပြင်မှာတကယ်ရှိပြီးတော့ အစ္စတန်ဘူလ်မှာ လျှပ်စစ်မီးနဲ့ ရေပူရရှိတဲ့အပြင်ပထမဆုံးဓာတ်လှေကားရှိတဲ့ ကနဦး အဆင့်မြင့်ဟိုတယ်ကြီး တစ်ခုပါ။ဇာတ်လမ်းထဲမှာပါတဲ့ အခန်းပြင်ဆင်ပုံ၊ နေရာထားသိုပုံတွေ သမိုင်းကြောင်းမိတ်ဆက်ပုံတွေကအစ အစစ်အမှန်တွေကိုပဲ ချပြထားပါတယ်။လက်တွေ့မှာလည်း Pera Palace ကို ဇာတ်လမ်းထဲမှာပြောသလို တူရကီသမ္မတနိုင်ငံကိုတည်ထောင်ခဲ့သူ Mustafa Kemal Atatürk မူစတာဖာ ကယ်မာ၊နာမည်ကြီး ဝတ္တုစာရေးဆရာ Agatha Christie၊ King Edward VIII၊ Queen Elizabeth IIအစရှိတဲ့ နာမည်ကျော်ပုဂ္ဂိုလ်တွေ ...
7.1
TMDb: 7.1/10 29 votes
tv

Midnight at the Pera Palace (2023)

2022
Bard of Blood (2019) (Complete) 7
Bard of Blood (2019) (Complete) ဒီတခေါက်တင်ဆက်ပေးမယ့် စီးရီးကတော့ ဘောလိဝုဒ်ပရိသတ်တို့အကြိုက် အက်ရှင်ဇာတ်ကြမ်းပဲဖြစ်ပြီး ၇ပိုင်းနဲ့ netflix ကနေ တင်ဆက်ပေးထားပါတယ်...ရိတ်တင်မှာဆိုရင်လဲ 6.8/10ကို voting users 12kကပေးထားတာဖြစ်ပြီး ဘောလိဝုဒ်နာမည်ကြီးမင်းသားတဦးဖြစ်တဲ့ အင်မရန်းဟရှ်မီက ခေါင်းဆောင်းမင်းသားအဖြစ် ပါဝင်ထားပြီး Night Manager စီးရီးတည်းက အတော်လန်းတဲ့မင်းသမီးဆိုဘီသာကပါ ပါဝင်အားဖြည့်ထားတာကြောင့် တပိုင်းပြီးတပိုင်း ဆက်ကြည့်ချင်မယ့်စီးရီးမျိုးဆိုလဲ မမှားပါဘူး...အညွှန်း ------- အချစ်ဆုံးသူငယ်ချင်းနှစ်ယောက်ဖြစ်တဲ့ အေးဂျင့်ဗစ်ကရမ်နဲ့ အဘီရ်နှစ်ဦးသားဟာ ဘာလိုချီစတန်မြို့ကို မစ်ရှင်တခုရှိတာကြောင့် သွားရင်း မထင်မှတ်ထားပဲ လမ်းမှာ တိုက်ခိုက်မှုနဲ့ကြုံတွေ့ခဲ့ရပါတယ်...ကြိုတင်ပြင်ဆင်မထားပဲ တိုက်ခိုက်ရတာကြောင့် အဘီရ်ကိုဆုံးရှုံးလိုက်ရပြီး ဌာနချုပ်ကလဲ မသေတဲ့ ဗစ်ကရမ်ကို ရာထူးဖြုတ်ချ ကြိုးစားခဲ့သမျှကို အသိအမှတ်တောင်မပြုပဲ အေဂျင်စီကနေ ထုတ်လိုက်တဲ့အခါ....သူငယ်ချင်းဖြစ်သူကိုလဲ ဆုံးရှုံးရ ရာထူးလဲဖြုတ်ချခဲ့ရတဲ့ ဗစ်ကရမ်ဟာ စိတ်ထိခိုက်ပြီး ကျောင်းဆရာအဖြစ်နဲ့ အသက်မွေးရင်း အတိတ်ကဒဏ်ရာတွေကို ကုစားနေတုန်း သူ့ရဲ့ဆရာဟောင်းဆာဒစ် ရောက်လာပြီး မစ်ရှင်တခုကို ဆောင်ရွက်ပေးဖို့ တောင်းဆိုလာတဲ့အခါဒီမစ်ရှင်ကရော ဘာများလဲ .....သူ့သူငယ်ချင်းသေဆုံးမှုကရော သွေးရိုးသားရိုးဟုတ်ရဲ့လား...စတဲ့ စိတ်ဝင်စားဖွယ်မေးခွန်းတွေနဲ့ တပိုင်းပြီးတပိုင်း ဆက်လက်ဆွဲခေါ်သွားမယ့် စီးရီးကောင်းတခုပဲဖြစ်ပါတယ်Quality : 1080p WEB DL  / 720pTotal Episodes : 7EpsFormat : mp4Genres ...
7
TMDb: 7/10 27 votes
tv

Bard of Blood (2019) (Complete)

2019
Burning Body (2023) Complete 7
Burning Body (2023) Complete Burning Body (2023) Netflix's Mini Series Money Heist ထဲမှာ တိုကျိုအဖြစ် သရုပ်ဆောင်ပြီး ကျွန်တော်တို့အားလုံးရဲ့ အချစ်ကိုရသွားခဲ့သူ မမ Úrsula Corberó ရဲ့ ဖြစ်ရပ်မှန် စပိန်စီးရီးအသစ်ဖြစ်ပါတယ်။ သူက Snake Eyes မှာလည်းပါခဲ့သလို G.I. Joe: Ever Vigilant မှာလည်း ပါလာဦးမှာပါ။ သူ့အပြင် Isak Férriz တို့၊ Quim Gutiérrez တို့၊ နောက် Money Heist ထဲကပဲ မေတ္တာတုံးကြီး ဂန်ဒီယာနေရာက José Manuel Poga တို့လို စပိန်က နာမည်ရှိတန်းရှိသရုပ်ဆောင်တွေလည်းပါသလို ဇာတ်လမ်းလည်းကောင်းတာမို့ စပိန်စီးရီးတွေကြည့်ရတာကြိုက်တဲ့သူတွေ စောင့်ကြည့်သင့်တဲ့ ဇာတ်လမ်းတွဲအသစ်တစ်ခုပါပဲ။ ဇာတ်ကတော့ သူ့နာမည်အတိုင်း... ကားတစ်စီးထဲမှာ မီးကျွမ်းနေတဲ့ အလောင်းတစ်လောင်းကနေစတဲ့ ဇာတ်ပါပဲ။ အဲဒီအလောင်းက ယာဉ်ထိန်းရဲတစ်ယောက်ရဲ့အလောင်း။ သူ့ဇနီးဟောင်းရော လက်ရှိဇနီးရောက ...
7
TMDb: 7/10 7 votes
tv

Burning Body (2023) Complete

2023
One Piece (2023) 8.4
One Piece (2023) Anime fan ဟုတ်ဟုတ် မဟုတ်ဟုတ် One Piece ကိုတော့ လူတိုင်း ကြားဖူးကြမှာပါ။ ဒါကတော့ anime ကို live action အဖြစ် ပြန်လည် ဆန်းသစ်ထားတဲ့ စီးရီးလေးပါပဲ။ဇာတ်လမ်းကတော့ လူတိုင်း သိနေပြီးသားမို့ အထူးတလည် ပြောနေစရာ လိုမယ်မထင်ပါဘူး။ ပင်လယ်ဓားပြတွေ ကြီးစိုးနေတဲ့ လောကကြီးမှာ အကြမ်းဆုံးဖြစ်ပြီး ပင်လယ်ဓားပြ ဘုရင်ကြီးလို့ ခေါ်ရတဲ့ Gol D. Roger ရဲ့ ရတနာသိုက်ကို ရှာပုံတော် ဖွင့်မဲ့ Monkey D Luffy နဲ့ သူ့ရဲ့ Strawhat crew တို့ရဲ့ စွန့်စားခန်းပေါ့။ ပင်လယ်ဓားပြတွေနဲ့ ရေတပ်တွေရဲ့ အားပြိုင်မှုတွေပါမယ်၊ ထူးခြားတဲ့ အစွမ်းတွေရှိတဲ့ နတ်ဆိုးသစ်သီး (devil fruit) စားသုံးသူရဲ့ အစွမ်းတွေ မြင်ရမယ်။ battle ခပ်ကြမ်းကြမ်းတွေ ကြည့်ရမယ်။ ...
8.4
TMDb: 8.4/10 373 votes
tv

One Piece (2023)

2023
A Time Called You(2023)[Complete]
A Time Called You(2023)[Complete] A Time Called You(2023)***********************အပိုင်း(၁ မှ ၁၂) စ/ဆုံးပျိုတိုင်းကြိုက်တဲ့ နှင်းဆီခိုင် မင်းသား Ahn Hyo Seop နဲ့ မင်းသမီး​ချော​လေး Jeon Yeo Been တို့ကအဓိကပါဝင်သရုပ်​ဆောင်ထားတဲ့ Netflix က​နေ 12 ပိုင်းလုံး တစ်ပြိုက်နက် ပြသမည့်ဇာတ်ကား​လေးကို တစ်ဝကြီး ကြည့်ဖို့ တင်ဆက်​ပေးလိုက်ပါတယ်။ဒီဇာတ်ကား​လေးက​တော့ ဂျွန်ဟီးဆိုတဲ့ ​ကောင်မ​လေးက 2023 ခုနှစ်မှာသူမ ချစ်ရတဲ့ ယွန်းဂျွန်ဆိုတဲ့​ကောင်​လေးကို ဆုံးရှုံးရပြီး​နောက် ​ဖြေမဆည်နိုင်ဘဲသူမ​ကောင်​လေးကိုပဲ အမြဲတမ်း လွမ်းဆွတ်​တမ်းတ​နေတဲ့​ကောင်မ​လေးပါ။တစ်​နေ့မှာ ဂျွန်ဟီးက အချိန်ခရီးသွားပြီး 1998 ကို အထက်တန်း​ကျောင်းသူ ကွမ်မင်းဂျွန်အဖြစ်နဲ့ ​​ရောက်ရှိသွားပါ​တော့တယ်။ အဲဒီအချိန်မှာပဲ သူမရဲ့​ကောင်​လေးနဲ့ အရမ်းတူတဲ့ အထက်တန်း​ကျောင်းသားနမ်ရှီဟွန်းကို သူမ ​တွေ့ဆုံလိုက်ရတဲ့အခါ...ဒါ​​ပေမဲ့ အဲဒီအချိန်မှာပဲ ရှီဟွန်းရဲ့ သူငယ်ချင်း ​ဂျောင်အင်ဂယူကလည်း မင်းဂျွန်ကို သ​ဘောကျ​​​နေပြန်တဲ့အခါ...ဒီအထက်တန်း​ကျောင်းသား လူငယ်၃​ယောက်ရဲ့ အချစ်ဇာတ်လမ်း​လေးက ဘာဆက်ဖြစ်မလဲ။ဂျူဟီးက​​ရော သူမချစ်သူနဲ့ ...

A Time Called You(2023)[Complete]

2023
6ixtynin9 the Series (2023)
6ixtynin9 the Series (2023) 6ixtynin9 (2023)ရေငတ်နေတုန်း ရေတွင်းထဲကျရင်တော့ ဘယ်သူမဆို ဝမ်းသာပီတိဂွမ်းဆီထိတတ်ကြပေမဲ့ ကိုယ်ကရေမကူးတတ်လို့ ရေနစ်မှာကိုတော့ ကျွန်တော်တို့မေ့နေတတ်ကြတာဟာ ဓမ္မတာပါပဲ။ဒီဇာတ်လမ်းမှာရော ဘယ်လိုများ ဖြစ်မလဲ?ပရိသတ်အချစ်တော် Mai Davikaရဲ့ Crime Thriller စီးရီးသစ် 6ixtynin9 လေး ယနေ့မှာထွက်ရှိလို့လာပြီဆိုတော့ စီအမ်ပရိသတ်တို့ ကြည့်ရှုခံစားနိုင်ဖို့ တင်ဆက်ပေးလိုက်ပါပြီနော်။ကိုဗစ်ရောဂါဆိုးကြီးရဲ့နောက်ဆက်တွဲဖြစ်တဲ့ စီးပွားရေးပျက်ကပ်ကြောင့် အာမခံကုမ္ပဏီဝန်ထမ်းလေးတွန်းတစ်ယောက် ဝန်ထမ်းလျှော့တဲ့ထဲပါပြီး နေ့ချင်းညချင်း အလုပ်လက်မဲ့ဘဝရောက်သွားပါတယ်။ အလုပ်အကိုင်ရှားပါးလို့ စားဝတ်နေရေးကြပ်တည်းလွန်းတာကြောင့် အသက်ကိုပါနုတ်ယူဖို့ပါကြံစည်မိတဲ့အထိပါပဲ။ဒါပေမဲ့ သူ့ရဲ့အိမ်တံခါးဝကို ထူးဆန်းအထုပ်တစ်ထုပ်ရောက်လာပြီး‌ အထဲမှာရှိနေတဲ့အရာကတော့ ငွေသားဘတ်တစ်သန်းပါ။အပေါ်ယံကြည့်ရင်တော့ အလုပ်ပြုတ်တုန်း ဘတ်တစ်သန်းကောက်ရတာက မဟာကံကောင်းခြင်းပေမဲ့ ဒီဘတ်တစ်သန်းဟာ မူးယစ်ရာဇာတွေရဲ့ငွေဖြစ်နေချိန်မှာတော့ ကံဆိုးပြီးရင်းဆိုး‌နေတဲ့ဘွန်းတစ်ယောက် ဘိန်းရာဇာတွေလက်ကလွတ်နိုင်မလားဆိုတာ အားလုံးအတူကြည့်ရှုလိုက်ရအောင်ပါ။စုစုပေါင်း ၆ ပိုင်း အပြီး စီးရီးပဲ ဖြစ်ပါတယ်။အညွှန်းကိုတော့ Mary က ရေးထားပေးပြီးတော့ ဘာသာပြန်ထားတာကတော့ Mary, Hmwe, Laii, Moh တို့ပဲ ဖြစ်ကြပါတယ်၊။Genre..... Crime, Thrillee Quality…. 1080p | 720p File size… 400MB | 200MB Format… mp4 Duration…. 40miin Subtitle…. ...

6ixtynin9 the Series (2023)

2023
Who Is Erin Carter? (2023) 6.5
Who Is Erin Carter? (2023) Who Is Erin Carter? (2023) ===================One Man , Two Life ဆိုတဲ့ စကားကိုကြားဖူးကြမယ်ထင်ပါတယ်။ လူတစ်ကိုယ် ဘဝနှစ်ခုပေါ့..လူတော်တော်များများမှာ အများမသိစေ ချင်တဲ့ ကိုယ့်ရဲ့ အမှောင်ခြမ်းဆိုတာ ရှိကြပါတယ်။ ဒါဆို အယ်ရင်ကာ တာ ဆိုတဲ့ အမျိုးသမီးတစ်ယောက်မှာရော၊ သူ(မ)မှာလည်း သေချာ ပေါက်ရှိနေပါတယ်။ ဒါပေမဲ့ ချစ်ရတဲ့ သမီးလေးကို ပိုင်ဆိုင်လာရတဲ့ အချိန်မှာတော့ ဒါတွေ အကုန်လုံးကို ပြည်ဖုံးကားချပြီး အကုန်လုံးကို ကျောခိုင်းထွက်လာပြီး နေရာအသစ် အလုပ်အသစ်နဲ့ မိသားစုနဲ့အတူ နေထိုင်ခဲ့ပါတော့တယ်။ဒါပေမဲ့ တစ်ရက်မှာတော့ သမီးဖြစ်သူနဲ့ ရှော့ပင်းမောလ်မှာ ဈေးဝယ် နေရင်း လုယက်မှုတစ်ခုနဲ့ တိုးသွားချိန်မှာတော့ သူနဲ့ သူရဲ့ မိသားစုကြား ဝေးကွာဖို့ စတင်အကြောင်းဖန်လာပါတော့တယ်။ ဓားပြတွေလက်ထဲ ကနေ သမီးဖြစ်သူကို ကယ်တင်ဖို့ ဓားပြတွေထဲက တစ်ယောက်ကို အယ် ရင် တစ်ယောက် ပစ်သတ်လိုက်တဲ့အချိန်ကစပြီး သူ့ရဲ့ အတိတ်ဆိုးတွေက သူနောက်ကို ပြန်လိုက်လာတဲ့ အခါမှာတော့ အယ်ရင်ရဲ့ အရင်ဘဝက ဘယ်လိုမျိုးဖြစ်မလဲ၊ လက်ရှိအလုပ်အကိုင်က ဆရာမဆိုပေမဲ့ တစ်ကယ့် အစစ်အမှန် ...
6.5
TMDb: 6.5/10 4900 votes
tv

Who Is Erin Carter? (2023)

2023
Ragnarok (2020) 7.959
Ragnarok (2020) Ragnarok (2020 - 2023) Season 01, 02 & 03 Complete ~ IMDb - 7.5/10, Rotten Tomatoes - 70% ~ "Ragnarok" ဆိုတာနဲ့ Marvel စူပါဟီးရိုး မိုးကြိုးနတ်ဘုရား Thor နဲ့ သေမင်းနတ်ဘုရားမ ဟယ်လာ တို့ရဲ့ဇာတ်လမ်းကို လူတိုင်းပြေးမြင်မိကြမှာပါ။ ကမ္ဘာပျက်ကိန်းကို သမုတ်တဲ့ စကားလုံးတစ်ခုပေါ့။ ဒီဇာတ်လမ်းကလည်း မိုးကြိုးနတ်ဘုရားသောရ်ရဲ့အကြောင်း၊ Ragnarok ကို ကာကွယ်တဲ့အကြောင်းပါပဲ။ ဒီဇာတ်လမ်းထဲမှာတော့ Thor ဖြစ်လာမယ့် ကောင်လေး မက်ဂ်နာ ဟာ သူတို့ငယ်စဉ်ကနေခဲ့ဖူးတဲ့ မြို့ငယ်လေးကို မိခင်ဖြစ်သူရဲ့အလုပ်ကြောင့် ပြန်လည်ပြောင်းရွှေ့လာခဲ့ပါတယ်။ ငယ်ငယ်ကတည်းက သူများနဲ့မတူပဲ ကြင်နာတတ်တဲ့စိတ်ထားရှိတဲ့ မက်ဂ်နာ ဟာ တရားမျှတမှုကို အင်မတန်အလေးထားပြီး တစ်ဖက်သားအပေါ် ကူညီတတ်ပါတယ်။ မက်ဂ်နာ တို့ အက်ဒါမြို့ကို ရောက်လာတဲ့နေ့မှာပဲ စိတ်ထားကောင်းတဲ့ မက်ဂ်နာ ...
7.959
TMDb: 7.959/10 810 votes
tv

Ragnarok (2020)

2020
The Chosen One (2023) 5.6
The Chosen One (2023) The Chosen One (2023) ==================ဒီတစ်ခါမှာတော့ CMပရိတ်သတ်ကြီးတို့အတွက် သဘာဝလွန်စွမ်း အားတွေပါတဲ့ စပိန်စီးရီးလေးတစ်ခုနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ ဂျိုဒီဆိုတဲ့ ငယ်ငယ်ကတည်းကသဘာဝလွန်စွမ်းအားတွေပိုင်ဆိုင် ထားတဲ့ ကောင်လေးနဲ့ သူ့ဘေးနားက ဗရုတ်‌ဗရက်သူငယ်ချင်းလေး တွေရဲ့ အရှုပ်ထုပ်ပေါင်းသောင်းခြောက်ထောင်ပေါ့။ဂျိုဒီဟာ သူ့မှာစွမ်းအားတွေရှိတယ်ဆိုတာကို အသက်၁၂နှစ်ရောက် တဲ့အထိ မသိခဲ့ပါဘူး။ တစ်နေ့ကျ သူ့သူငယ်ချင်းတူကာဟာ သူ့ဦးလေး လှော်လက်နဲ့ရိုက်ချခဲ့တဲ့ ဒဏ္ဍာရီလာဆိုင်ရန်သတ္တဝါကို သွားရှာကြမယ်၊ ရှာတွေ့ရင် သူတို့ကျော်ကြားလို့ ချမ်းသာပြီဆိုပြီး ဂျိုဒီကို အပါခေါ်၊ သူ ငယ်ချင်းတစ်အုပ် မိဘတွေကိုညာ၊ သဲကန္တာရကိုတောင်ဖြတ်ပြီး ပင်လယ် ဆီခရီးထွက်ခဲ့ကြပါတယ်။ စိတ်ကူးနဲ့အရူးထခဲ့တဲ့ သူငယ်ချင်းတစ်အုပ် ဘယ်ပြောကောင်းမလဲ သဲကန္တရာထဲ မသေရုံတမယ်ပါပဲ။အဲဒီခရီးကအပြန်မှာ ဂျိုဒီဟာ သူ့မှာစွမ်းအားတွေရှိနေမှန်းသိသွားခဲ့ပြီး သူ့အကြောင်းကလည်း ဟိုးလေးတကျော်ဖြစ်လာပါတယ်။ ဘုရားလို ကိုးကွယ်တဲ့သူတွေတောင်ရှိလာတာမို့ ငယ်သေးတဲ့ဂျိုဒီလေးတစ်ယောက် အဲဒီဒဏ်တွေကို ဘယ်လိုကျော်ဖြတ်ရပါ့မလဲ။ သူ့မှာ ဘာလို့အစွမ်းတွေရှိ နေရတာလဲ။ သူ့အစွမ်းတွေကရော ရိုးစင်းရဲ့လား။ သူဘာတွေဆက်ပြီး ကြုံတွေ့ရဦးမလဲဆိုတာ "The Chosen One"ဆိုတဲ့စီးရီးထဲမှာ အဖြေရှာ လိုက်ကြပါဦး။(ဒီစီးရီးရဲ့ အညွှန်းကို Ngwe Zin မှရေးသားပေးပြီး၊ ဘာသာပြန် ရေးသား ပေးသူများကတော့ Ngwe Zin, EL ဖြစ်ပါတယ်။)File Size.............(300 Mb) ...
5.6
TMDb: 5.6/10 1100 votes
tv

The Chosen One (2023)

2023
Fatal Seduction – Season (01) 7.4
Fatal Seduction – Season (01) [18+] Fatal Seduction - Season (01) - Part(1) =========================="ကာမ၊ ကာမေသု၊ မေထုန် ဆိုတဲ့ကိစ္စရပ်တွေက မလုပ်မနေရအလုပ်၊ ပြင်းပြတဲ့အရင်းခံဆန္ဒ၊ ဒါတွေကို ချစ်ခြင်းတရားရဲ့တံခါးပေါက်ဆိုပြီး လူ့အသိုင်းအဝိုင်းက ယုံကြည်စေချင်ကြတယ်" ဇာတ်လမ်းက ဤနိဒါန်း လေးအတိုင်းပါပဲ။ အိမ်ထောင်ရေးတစ်ခုမှာ ချစ်ခြင်းတရားတွေ ဆိတ် သုဉ်းပြီး အပြစ်တင်ခြင်းနဲ့မုသားတွေဝင်လာတဲ့အခါ ဘာတွေဆက်ဖြစ် လာမှာကိုကြည့်ရမဲ့ Dark Desire ဇာတ်လမ်းတွဲကို ပြန်လည်မှီငြမ်းရိုက် ကူးထားတဲ့ series လေးပဲဖြစ်ပါတယ်။နန်ဒီမာဟ်လာတီ ဆိုတဲ့အမျိုးသမီးတစ်‌ယောက်၊ ခင်ပွန်းသည်လီယိုနာ့ဒ် က သူ့လက်‌ထောက်မနဲ့ နေက်ကွယ်မှာဖောက်ပြန်နေတာကို သိပြီး‌တဲ့နောက် နေ့မှာပဲ သူငယ်ချင်းဖြစ်သူ ဘရန်ဒါနဲ့ ပိတ်ရက်အပန်းသွားဖြေတယ်။ အဲ့ နေ့ညမှာ နန်ဒီက ယောင်္ကျားကို စိတ်နာပြီး ကိုယ့်သားအရွယ်လောက်ရှိတဲ့ လူနဲ့မှောက်မှားမိသွားတယ်။ အဲလိုနဲ့အိမ်ပြန်ရောက်ပြီးနောက်ရက်ကျတော့ ဘရန်ဒါက ကိုယ့်ကိုယ့်ကိုယ်အဆုံးစီရင်သွားတယ်ဆိုပြီး သတင်းကြားလိုက် ရပါလေ‌ရော။ စုံစမ်းကြည့်လိုက်တဲ့အခါမှာတော့ ဒီအမှုဟာ သာမန်သွေးရိုး သားရိုးမဟုတ်ဘူးဆိုပြီး သံသယတွေရှိလာကြတယ်။ ဘရန်ဒါက တကယ်ပဲ ကိုယ့်ကိုယ်ကိုယ်အဆုံးစီရင်သွားတာလား၊ နန်ဒီတို့ အိမ်ထောင်ရေးကလည်း ဘာဆက်ဖြစ်မလဲဆိုတာကို စိတ်ဝင်တစားနဲ့ကြည့်ရူရမဲ့ Netflix ရဲ့ တောင် အာဖရိက ဇာတ်လမ်းတွဲလေးပဲဖြစ်ပါတယ်။(ဒီစီးရီးရဲ့ အညွှန်းနဲ့ဘာသာပြန် ရေးသားပေးသူကတော့ Khant Sett ...
7.4
TMDb: 7.4/10 28 votes
tv

Fatal Seduction – Season (01)

2023
The Lincoln Lawyer Season 1 + 2 8.5
The Lincoln Lawyer Season 1 + 2 The Lincoln Lawyer Season 1 (2022)သင်ဟာ အမှုအခင်း​တွေ၊တရား​စီရင်​ရေး​တွေကို စိတ်ဝင်စားလား၊ ပ​ဟေဠိဆန်တဲ့ လူသတ်မှု​တွေကို သ​ဘောကျလား၊ ​လေလုံးခပ်ကြီးကြီး စကားခပ်ကြွယ်ကြွယ်နဲ့ ဆိုက်နဲ့ ဂိုက်နဲ့ ​ရှေ့​နေဇာတ်​ကောင်​တွေကို အားကျတဲ့သူလား၊ ကားအ​ကောင်းစား တစ်စီးနဲ့ စတိုင်ကျလွန်းတဲ့ Gent​တွေလိုဖြစ်ချင်သလား၊ ဒါ​တွေအားလုံး Neflix က ဒီ​နေ့ထွက်ရှိလာတဲ့ Lincoln Lawyerဆိုတဲ့ Legal Drama seriesထဲမှာ အစုံ မြင်​တွေ့ရမှာပါ။ ကနဦးIMDb 8.6 ဆိုတဲ့ ratingက အာချာပင်မဟုတ်မှန်း အကုန် သိကြမှာပါ။မစ်ကီ​ဟော်လာဆိုတာ တချိန်က တရား​​ရေးရာမှာ အင်မတန်​နာမည်ရခဲ့တဲ့ ​ရှေ့​နေ တစ်​ယောက်​ပေါ့၊ လင်ကွန်းကားတစ်စီးနဲ့ ​လော့စ်အန်ဂျလိစ်ရဲ့ တရားရုံးတိုင်းကို ​ခြေချင်းလိမ်​အောင် အမှုလိုက်​ပေးခဲ့ရလို့ Lincoln Lawyerဆိုတဲ့ နာမည်၁လုံးနဲ့ ​ကျော်ကြားခဲ့သူ​ပေါ့၊ ဒါ​ပေမဲ့ အိမ်​ထောင်​​ရေးပြဿနာ​​တွေ၊ accident တစ်ခုက ဒဏ်​ကြောင့် ​အကိုက်အခဲ​ပျောက်​ဆေး​တွေ​သောက်ရင်း ​ဆေးစွဲသွားတဲ့ ပြဿနာ စသဖြင့် ပြဿနာ​ပေါင်းစုံနဲ့အတူ နာမည်ကျသွားသူ​ပေါ့။ဒီလိုနဲ့တစ်​နေ့မှာ သား​ရွှေအိုးထမ်းတယ်ပဲ ​ခေါ်ရမလား၊ ဒုက္ခရဲ့​ရောင်းရင်းများလို့ပဲ ဆိုရမလား မသိ၊ မစ်ကီကို တရားသူကြီးချုပ်က ဆင့်​ခေါ်ခဲ့ပါတယ်၊ ...
8.5
TMDb: 8.5/10 28 votes
tv

The Lincoln Lawyer Season 1 + 2

2022
My Dad the Bounty Hunter Season2 8.4
My Dad the Bounty Hunter Season2 ဒီကားလေးက စွန့်စားခန်းဆန်ဆန် မိသားစုလိုက်ကြည့်လို့ရတဲ့ ချစ်စရာကောင်းတဲ့ animation series လေးဖြစ်ပါတယ်။ Season 1 တုန်းက စကြာဝဠာတခွင် လူဆိုးဖမ်းတဲ့ ဆေဘိုဘရာ့ခ်ရဲ့ သားနဲ့သမီးက သူ့‌အဖေ နောက်‌‌လိုက်ရင်း စွန့်စားခန်းဖွင့်ခဲ့ကြတာ မှတ်မိကြမယ်ထင်ပါတယ်။Season 1ကိုတော့ ဒီလင့်ကိုနိုပ်ပြီး ကြည့်ပါ CLICK HERE!ခု Season 2မှာတော့ကလေးတွေဟာ သာမန်ဘဝမှာပဲ ကျင်လည်ရင်း သူတို့ရဲ့ စွန့်စားခန်းဖွင့်ချင်စိတ်တွေကို သူတို့နည်းသူတို့ဟန်နဲ့ ဖွင့်ထုတ်ရင်း ပြဿနာကိုယ်စီတက် နေကြပါတယ်။ အဲ့မှာ သူတို့အဖေဖြစ်သူဟာ ရုတ်တရက် ပျောက်သွားတာကြောင့် လီဆာနဲ့ ရှောင် မောင်နှမ၂ ယောက် ဘယ်လို စွန့်စားခန်း တွေ ဖွင့်ကြမှန်း‌‌ဆိုတာ ကြည့်ရှုလိုက်ကြပါဦးဗျာ။Quality – 1080p NF WEB DL / 720pDuration – 45minsTotal Episodes: 9EpsSubtitle – Myanmar HardsubFormat – Mp4Genre : Action & Adventure, Comedy, Animation, FamilyTranslator ...
8.4
TMDb: 8.4/10 23 votes
tv

My Dad the Bounty Hunter Season2

2023
Guns & Gulaabs (2023) 8.7
Guns & Gulaabs (2023) Guns & Gulaabs 2023 IMDb - 8.1/10The Family Man, Farzi တို့လို အိန္ဒိယစီးရီးမှာ မြင်တွေ့နေကျပုံစံမဟုတ်ဘဲ ဆန်းသစ်တဲ့တင်ဆက်မှုတွေနဲ့ အမြဲဖန်တီးတတ်တဲ့ Raj & DK တို့ရဲ့လက်ရာအသစ်ကို Netflix ကနေပူပူနွေးနွေးထွက်ရှိထားလို့ တင်ဆက်ပေးလိုက်ပါတယ်။သရုပ်ဆောင်တွေအနေနဲ့က‌တော့ Rajkummar Rao, Dulquer Salmaan တို့အပြင် The White Tiger ဇာတ်ကားထဲက Adarsh Gourav စတဲ့ နာမည်ကြီးမင်းသားတွေ အများကြီးနဲ့ရှယ်ကြမ်းထားပြီး casts တွေနဲ့တင်ကြည့်ရတန်နေပါပြီ။ဇာတ်လမ်းကတော့ ၁၉၉၀ ဝန်းကျင်ခုနှစ်တွေတုန်းကအငွေ့အသက်တွေ ပြန်ရစေတဲ့အပြင် ဆန်းသစ်တဲ့ ဇာတ်လမ်းတင်ဆက်ပုံတွေကြောင့် rating အများကြီးရထားတဲ့ black comedy, crime, thriller စီးရီးတစ်ခုဖြစ်ပါတယ်။ဇာတ်လမ်းအကျဉ်း ဂူလာ့ဘ်ဂျီဆိုတဲ့မြို့ငယ်လေးထဲမှာ ဂန်ချီဆိုတဲ့ဆရာကြီး လက်ဝါးကြီးအုပ်နေပြီး အိန္ဒိယရဲ့ဒုတိယအကြီးဆုံး ဘိန်းချက်စက်ရုံရှိတဲ့နေရာလည်းဖြစ်ပါတယ်။တစ်နေ့မှာ မြို့ထဲကိုမူးယစ်ဆေးဝါးထိန်းချုပ်ရေးအရာရှိ အသစ်ပြောင်းလာပြီး သူတို့စက်ရုံမှာလုပ်နေကျ အညှီအဟောက်တွေကို ရှာတွေ့သွားတဲ့အခါ.... တစ်ဖက်မှာလည်း သာမန်စက်ပြင်ဆရာလေးက ဂန်ချီလက်အောက်မှာအလုပ်လုပ်နေတဲ့ အဖေဖြစ်သူ ရုတ်တရက်အသတ်ခံလိုက်ရတာကိုလိုက်လံစုံစမ်းရင်း ဖုံးကွယ်တဲ့အမှန်တရားတွေ တစ်စတစ်စပေါ်လာတဲ့ချိန်မှာတော့ ဘယ်နေရာမဆို ဂန်ချီရဲ့နား၊ မျက်စိဖြစ်နေတဲ့ မြို့သေးသေးလေးထဲမှာ သူတို့ဘယ်လို စုံစမ်းရှာဖွေမယ်ဆိုတာကို action vibe အပြည့်အဝခံစားနိုင်မှာမို့ မလွှတ်တမ်းကြည့်ရှုသင့်တဲ့ ...
8.7
TMDb: 8.7/10 3 votes
tv

Guns & Gulaabs (2023)

2023