Channel Myanmar

Tencent Video

Best Choice Ever
Best Choice Ever ဒီကားလေးကတော့ တရုတ်ဇတ်လမ်းတွဲတွေကြည့်နေကျ ပရိသတ်တွေမစိမ်းမဲ့ နာမည်ကြီးတွေဖြစ်ကြတဲ့ မင်းသမီးမမ YangZi နဲ့ မင်းသားကိုကို Xu Kai တိုလိုက်ဖက်ညီညီပါဝင်သရုပ်ဆောင်ထားတဲ့ မိသားစု drama ဇာတ်လမ်းတွဲလေးပဲဖြစ်ပါတယ်ရှင် ။ဇာတ်လမ်းအညွှန်းလေးအနေနဲ့တော့ : ရှန်ဟိုင် "Mai" မိသားစုကနေ မွေးဖွားလာတဲ့ 90ခုနှစ်ဖွား Mai Cheng Huanလိုခေါ်တဲ့ကောင်မလေးက မိဘစကားအရမ်းနားထောင်ရပါတယ် ။ အဲဒီလိုနဲ့သူ့မာမီရဲ့တိုက်တွန်းမှုကြောင့်ပဲ ချစ်သူဖြစ်သူ Xin Jia Liang ကိုလက်ထပ်ခွင့်အရင်တောင်းလိုက်ရပါတော့တယ် ။ဒါပေမဲ့ Xin မိသားစုရဲ့စီးပွားရေးကကောင်းမွန်နေချိန်ဆိုတော့ Mai Cheng Huan နဲ့ Xin Jia Liang ကြားက ဆက်ဆံရေး‌ဟာကလည်း မိခင်ဖြစ်သူရဲ့အလွန်အမင်းဝင်ရောက်စွပ်ဖက်မှုကြောင့် ကတောက်ကဆလေးတွေဖြစ်လာပါတော့တယ်။ ဒီလိုနဲ့ Mai Cheng Huan ဟာ သူ့မအပေါ်သူမသစ္စာရှိမှုနဲ့အမေဖြစ်သူရဲ့ဆန္ဒကိုလိုက်ရောပေးမှုကြားမှာ လွန်ဆွဲရင်းနည်းလမ်းရှာဖွေရပါတယ် ။ ဒါပေမဲ့ တဖြည်းဖြည်းနဲ့ သူမအမေရဲ့အလွန်အမင်းကြီးကြပ်မှုအောက်ကနေရုန်းထွက်ပြီး အလုပ်မှာအာရုံစိုက်ပြီးလုပ်နိုင်လာခဲ့ပါတယ် ။Mai Cheng Huan ရဲ့ပြောင်းလဲလာပုံကို အဘွားဖြစ်သူကအသိအမှတ်ပြုခဲ့ပြီး အရမ်းဖိအားများတဲ့ hotel management ...

Best Choice Ever

2024
Sword and Fairy 1
Sword and Fairy 1 ဒီဇာတ်ကားလေးကတော့ 2005 ခုနှစ်က Hu Ge နဲ့ Liu Yi Fei တို့ရိုက်ကူးခဲ့ပြီးတော့ အရမ်းကိုလျှမ်းလျှမ်းတောက်အောင်မြင်မှုတွေရခဲ့တဲ့sword and fairy 1 ကို ၂၀၂၄ ဗားရှင်းအဖြစ်ပြန်လည်ရိုက်ကူးတင်ဆက်ထားတဲ့ ဇာတ်လမ်းကောင်းလေးပဲဖြစ်ပါတယ် ။ ဇာတ်လမ်းက အရမ်းကောင်းတာမို့သရုပ်ဆောင်တွေလည်းတာဝန်ကြီးပါတယ် 2005 ခုနှစ်ဗားရှင်းနဲ့ 2024ဗားရှင်းကြားဘယ်လိုတွေကွာခြားမှုရှိနေမလဲဆိုတာကို ပရိသတ်ကြီးက စောင့်ကြည့်ပေးကြပါအုံးရှင် ။ဇာတ်လမ်းအကျဉ်းလေးအနေနဲ့တော့ လီရှောင်းယောင်လို့ခေါ်တဲ့ကောင်လေးကသူ့ဒေါ်လေးရဲ့ ရောဂါကိုကုသဖို့အတွက်နဲ့အိပ်မက်ကျွန်းဆီခရီးထွက်လာခဲ့ပါတယ်။ အဲဒီကျွန်းမှာပဲ သူချစ်ရတဲ့ မိန်းမလှလေးလင်အာနဲ့တွေ့ဆုံပြီးချစ်ခင်ဆုံမက်ကာ လက်ထပ်ဖြစ်ခဲ့ကြပါတယ် ။ဒီလိုနဲ့ဒေါ်လေးရဲ့ ရောဂါကိုကုသဖို့အတွက် ဆေးလည်းရပြီဖြစ်လို့ အိပ်မက်ကျွန်းကနေအိမ်အပြန်ခရီးလမ်းမှာ ပိုင်ယွဲ့ဂိုဏ်းရဲ့လုပ်ကြံမှုတွေနဲ့ ကြုံတွေ့လာရပါတော့တယ် ။အဲဒီအခါကျမှ လီရှောင်းယောင်လည်း သူအိပ်မက်ကျွန်းကိုသွားဖြစ်အောင်လုပ်ခဲ့တာကလည်းပိုင်ယွဲ့ဂိုဏ်းရဲ့ထောင်ချောက်ဖြစ်ပြီးတော့ ချစ်ရတဲ့သူ လင်အာကိုပြန်ပေးဆွဲဖို့ဆိုတာကိုသိရှိသွားပါတော့တယ် ။ ဒါပေမဲ့ကံဆိုးစွာနဲ့သူလည်း ပိုင်ယွဲ့ဂိုဏ်းရဲ့တိုက်ခိုက်မှုတွေကိုခံလိုက်ရပြီးတော့ ဒဏ်ရာအပြင်းအထန်ရကာအတိတ်မေ့သွားပါတော့တယ် ။ ဆိုတော့ ဇာတ်လမ်းလေးထဲမှာ ပိုင်ယွဲ့ဂိုဏ်းက လင်အာကိုဘာလို့လိုက်ဖမ်းနေတာလဲ ရှောင်းယောင်ကရော ပြန်ပြီးတော့ အတိတ်တွေအားလုံးကို သတိရလာနိုင်မလား အိမ်ပြန်တဲ့လမ်းမှာရော ဘယ်လိုအခက်အခဲတွေ အတားအဆီးတွေနဲ့ကြုံတွေရပြီးတော့မိတ်ဆွေလားရန်သူလား ဘယ်လိုတွေခွဲခြားသိကြမလဲဆိုတာကို စိတ်ဝင်စားဖွယ်ကြည့်ရှူရမှာဖြစ်လို့ စောင့်မျှော်ကြည့်ရှုဖို့မမေ့ကြပါနဲ့နော် ။====================================Quality : ...

Sword and Fairy 1

2024
The Legend of ShenLi
The Legend of ShenLi ရှေးခေတ်က နတ်ဘုရားများစွာ သေဆုံးသွားပြီးတဲ့နောက်တစ်ဦးတည်းကျန်ရစ်ခဲ့တဲ့ ရှေးဟောင်းနတ်ဘုရား"ရှင်ကျစ်"ဟာရှင်ယွင်ဆိုတဲ့နာမည်နဲ့ လူသားမျိုးနွယ်ခန္ဓာကိုယ်ကို သုံးပြီး လူ့ပြည်မှာတစ်ကိုယ်တည်း ဇာတ်မြှုပ်ကာ အသက်ရှင်နေထိုင်လျက်ရှိပါတယ်။တစ်ဖက်မှာ ဝိညာဥ်လောကမှ ကျောက်စိမ်းသခင် "ရှန်လီ"ဟာသူမရဲ့အသက်တစ်ထောင်ပြည့်မွေးနေ့မှာ ထိမ်းမြားဖို့ စီစဥ်ခံရတာကြောင့်ထွက်ပြေးရာမှ တိုက်ခိုက်ခံရပြီး မူလဇာမဏီငှက်ပုံသဏ္ဍာန် ပြန်ဖြစ်သွားခဲ့ပါတယ်။ပြင်းထန်တဲ့ ဒဏ်ရာတွေနဲ့ လူ့ပြည်ကိုကျသွားတဲ့ "ရှန်လီ"ဟာ ‌ရှေးဟောင်းနတ်ဘုရား"ရှင်ကျစ်"နဲ့ လူ့ပြည်မှာ မတော်တဆဆုံတွေ့ဆုံခဲ့ရာမှာ သူတို့နှစ်ဦးကြားမှာချစ်ခြင်းမေတ္တာတွေ ပေါက်ဖွားလာခဲ့ပါတယ်။ လောကကြီးရဲ့ ငြိမ်းချမ်းမှုနဲ့အရာခပ်သိမ်းကို ကာကွယ်ဖို့ တာဝန်ရှိတဲ့ ရှေးဟောင်းနတ်ဘုရား ရှင်ကျစ်နဲ့မျိုးနွယ်စုတစ်ခုလုံးကို ကာကွယ်ဖို့ တာဝန်ရှိသလို ကြီးမားတဲ့ တာဝန်တွေကိုပုခုံးပေါ် ထမ်းထားရတဲ့ ဇာမဏီအရှင်မ "ရှန်လီ"တို့ သမိုင်းပေးတာဝန်တွေနဲ့ချစ်ခြင်းမေတ္တာကြားမှာ ဘယ်လိုရွေးချယ်မှုတွေ လုပ်ကြမှာလဲ အဆုံးမှာတစ်ဦးနဲ့တစ်ဦး ပေါင်းဖက်ရပါ့မလားဆိုတာတော့ CM ပရိသတ်ကြီး စောင့်မျှော်အားပေးကြပါဦး====================================Quality : WEB-DL 1080p , 720p Total Episodes : 40 Format : mp4 Genres : Drama, Fantasy Runtime : ...

The Legend of ShenLi

2024
Angels Fall Sometimes
Angels Fall Sometimes Lin Yi ကိုချစ်ကြတဲ့ ပရိသတ်တွေအတွက် March လကတော့ တကယ်ကိုပျော်စရာအကောင်းဆုံးလဖြစ်နေတော့မှာပါပဲ ။ Every one loves me ကိုပြနေတုန်းမှာပဲလင်ယိကောကောရဲ့ Angels fall sometime ဆိုတဲ့နောက်ထပ်ဇာတ်ကားအသစ်လေးထွက်ရှိလို့လာပြန်ပါပြီ ။ ဒီကားလေးထဲမှာ လင်ယိက Lin Tuo ဆိုတဲ့ကောင်လေးအနေနဲ့ပါဝင်သရုပ်ဆောင်ထားပါတယ် ။ဇာတ်လမ်းအကျဉ်းလေးအနေနဲ့ -Lin Tuo ဆိုတဲ့ကောင်လေးက သူ့ရဲ့လူငယ်ဘဝအစပြုနေတဲ့အချိန်မှာ ဂျူနီယာနှစ်နွေရာသီအလုပ်သင်ခေါ်ယူခြင်း အစီအစဉ်မှာ ပါဝင်ရင်း An Zhi Yue ဆိုတဲ့ကောင်မလေးနဲ့တွေ့ဆုံခဲ့ပါတယ် ။နှစ်ယောက်လုံးက တစ်ယောက်ကိုတစ်ယောက် မြင်မြင်ချင်းမှာပဲ ချစ်မိသွားခဲ့ကြပါတယ် ။ဒီလိုနဲ့ ဘွဲ့ယူရမဲ့အချိန်ကလည်းနီးလာပြီး နှစ်ယောက်လုံးကလည်း ခံစားချက်တွေတည်ဆောက်ရင်းတကယ့်လက်တွေ့ဘဝထဲမှာ အလုပ်တွေလုပ်ရင်းနဲ့ အနာဂတ်ကိုပုံဖော်အစပျိုးနေကြတဲ့အချိန်ပေါ့ ။ဒါပေမဲ့ ဘဝကအမြဲတမ်း သာယာမနေတတ်ခဲ့ပါဘူး ။ အရာအားလုံးအဆင်ပြေနေပြီလို့ထင်နေတဲ့အချိန်မှာပဲ Lin Tuo မှာ ALS လို့ခေါ်တဲ့ အာရုံကြောရောဂါတစ်မျိုးရှိနေကြောင်းဆေးစစ်ချက်အဖြေထွက်လာခဲ့ပါတယ် ။ ဒါပေမဲ့ စိတ်ဓာတ်မာကျောတဲ့ Lin ...

Angels Fall Sometimes

2024
Eternal Brotherhood
Eternal Brotherhood A Journey to Loveကပေးတဲ့ Traumaတွေ မပျောက်သေးခင်မှာကိုကို Yang Xu Wen နဲ့ Liu Yu Ning တို့ရဲ့ကားသစ်လေးတင်ဆက်ပေးလိုက်ပါတယ်။ ဇာတ်လမ်းအကျဉ်းလေးကတော့......ရှီးချွမ်းကုန်းမြေမှာနေရာအနှံစစ်မက်တွေဖြစ်နေခဲ့တယ်။ Zi Chun နဲ့Sairong မျိူးနွယ်နှစ်စုကြားမှာစစ်ရေးအခြေနေတွေတင်းမာနေခဲ့တယ်။နယ်စပ်မှာတာဝန်ကျတဲ့ကျစ်ချွမ်းရှို့ဟာစစ်ပွဲမှာအောင်နိုင်ခြင်းတွေနဲ့မြို့တော်ကိုပြန်လာခဲ့တယ်။ တိုင်းပြည်အေးချမ်းနိုင်ပြီထင်ပေမယ့်အန္တရာယ်တွေကတစ်လှိုင်းပြီးတစ်လှိုင်းလာနေတုန်းပါပဲ။မြို့တော်မှာယန်မင်ဟွာဆိုတဲ့စစ်ရေးအရာရှိကြီးတစ်ယောက်ဟာ ပုန်ကန်ဖို့စတင်လာခဲ့တယ်။ကျစ်ချွမ်းရှို့နဲ့ သူ့ရဲ့သွေးသောက်ညီအစ်ကိုတွေဟာ ပူးပေါင်းပြီးတော့တိုင်းပြည်ရဲ့ကိုကယ်တင်နိုင်ခဲ့တယ်။ ကျစ်ချွမ်းဟာပြန်လည်အေးချမ်းလာတဲ့အချိန်မှာပဲစောင့်ကြည့်နေတဲ့စိုက်ရုံတွေဟာ ကျစ်ချွမ်းတွေပြန်ပြီးအားမမွေးနိုင်ခင်မှာ စစ်ကြေငြာလာပါတယ်။ကျစ်ချွမ်းရှို့၊ စီးယိလင်နဲ့ တိလင်တို့ ညီအစ်ကို(၃)ယောက်ဟာကိုယ့်တိုင်းပြည်နဲ့ဇာတိအတွက် ချစ်ရတဲ့သူတွေကိုကာကွယ်ပေးဖို့အတွက်ငြိမ်းချမ်းရေးအတွက်တိုက်ပွဲဝင်တဲ့ရဲရင့်ခမ်းနားတဲ့ဇာတ်လမ်းလေးပဲဖြစ်ပါတယ်။===================================Quality : WEB-DL 1080p , 720p Total Episodes : 24 Format : mp4 Genres : Action and Adventure, War, History  Runtime : 45 min Subtitle : Myanmar Subtitle ( Hardsub ) Translated by CM Team Reviewed By Nu ...

Eternal Brotherhood

2024
Yongan Dream ( 2024 )
Yongan Dream ( 2024 ) ဒီတစ်ခါတော့ CM ရဲ့ ပရိသတ်တွေအတွက် Royal Rumors နဲ့ The Journey of Chong Zi ထဲက အရှင်ချုံဟွာနဲ့ မင်းသမီးချောလေး Ouyang Nana တို့ရဲ့ ဇာတ်လမ်းတွဲအသစ်လေးကို တင်ဆက်ပေးပါမယ်နော်ဇာတ်လမ်းအညွှန်း ယုံအန်းမြို့တော်ရဲ့ အနောက်ဘက်က ခံတပ်တူးမြောင်းပြိုကျမှုကြောင့် လုပ်ငန်းခွင်တာဝန်ခံအမတ် ရှန်ဝိန်ချီဟာ ဧကရာဇ်မင်းရဲ့ အမျက်တော်ရှမှုကိုခံရပြီး ပြစ်မှုထင်ရှားတာကြောင့် ညတွင်းချင်းပဲ အကျဥ်းချခံခဲ့ရသလို ဒီအဖြစ်အပျက်ကြောင့် ရှန်အိမ်တော်တစ်ခုလုံးပါ ညတွင်းချင်း ဒုက္ခရောက်ကုန်ပါတော့တယ်အထူးသဖြင့် လောကကြီးအကြောင်းကို ဘာမှမသိနားမလည်တဲ့ သမီးငယ်ဖြစ်သူ ရှန်ကျန်း (Ouyang Nana)ဟာ အခက်အခဲတွေကို နဖူးတွေ့ဒူးတွေ့ ရင်ဆိုင်ရပါတော့တယ်။ ဒီအမှုကိစ္စကိုစုံစမ်းဖို့ တရားစီရင်ရေးအမတ်တစ်ဦးဖြစ်သူ လုရှီယန့် (Xu Zheng Xi)ကို ဧကရာဇ်မင်းက တာဝန်ပေးခဲ့သလို တစ်ဖက်မှာလည်း လုရှီယန့်ဟာ အိပ်မက်ထဲမှာ ပေါ်ပေါ်လာတဲ့ ထူးဆန်းတဲ့မိန်းကလေး တစ်ဦးကြောင့် စိတ်ရှုပ်နေရချိန် ဖြစ်နေခဲ့ပါတယ်လုရှီယန့် တစ်ယောက် အမှုကိစ္စစုံစမ်းရင်း သူ့အိပ်မက်ထဲက ထူးဆန်းတဲ့မိန်းကလေးက ရှန်အိမ်တော်က သမီးငယ်ဖြစ်သူ ရှန်ကျန်း ဖြစ်နေမှန်း သိလိုက်ရတဲ့အခါမှာတော့ ရှန်ကျန်းအနားကို နည်းမျိုးစုံသုံးပြီး ချဉ်းကပ်ဖို့စတင်ကြိုးစားပါတော့တယ် ယုံအန်းမြို့နောက်ဘက်က တူးမြောင်းပြိုကျတဲ့အမှုကြောင့် သိကျွမ်းခဲ့ရာကနေတစ်ဆင့် ရှန်ကျန်းနဲ့ ...

Yongan Dream ( 2024 )

2024
Thousands of Years of Love
Thousands of Years of Love ဒီဇာတ်ကားလေးကတော့ ရှန်းရှဒရမ်မာအတိုလေးဖြစ်ပြီး ရှန်းရှဇာတ်လမ်းတွေရဲ့ထုံးစံအတိုင်း CGI တွေ တခမ်းတနားနဲ့လှလှပပမြင်တွေ့ရမှာပဲဖြစ်ပါတယ်ဇာတ်လမ်းအကျဉ်းလေးအနေနဲ့ ဖုရော့ယောင်ဟာ မိစ္ဆာလောကရဲ့အုပ်ချုပ်သူအရှင်မတစ်ဦးဖြစ်ပြီး မသေမျိုးနတ်မျိုးနွယ်ဖြစ်တဲ့ မော့ချန်းယွမ်ကိုမြင်မြင်ချင်းပဲချစ်မိသွားခဲ့ပါတယ် အဲဒီလိုနဲ့ သူဟာသူ့ရဲ့အချစ်စိတ်တွေကိုမထိန်းနိုင်တော့ဘဲ နတ်မျိုးနွယ်ဝင် မော့ချန်းယွမ်ကို သူမကိုလက်ထပ်ပြီးတော့ မိစ္ဆာမျိုးနွယ်စီအတင်းလိုက်နေခိုင်းခဲ့ပါတယ်နတ်မျိုးနွယ်ဖြစ်သူမော့ချန်းယွမ်ဟာ မတော်တဆ ဒဏ်ရာအပြင်းအထန်ရပြီး မိစ္ဆာ ဘုံမှာ ဒဏ်ရာကုသဖို့ဖြစ်လာချိန်မှာတော့ မျိုးနွယ်စုမတူညီတဲ့သူတို့နှစ်ယောက်ကြား ဘယ်လိုအခက်အခဲတွေကစောင့်ကြိုနေမလဲ မော့ချန်းယွမ်ကရောသူမကိုတကယ်ချစ်ပါ့မလား ဒဏ်ရာကုသဖို့သပ်သပ်ပဲလားဆိုတာကို ဇာတ်လမ်းလေးထဲမှာ ခံစားကြည့်ရှုကြဖို့မမေ့ပါနဲ့နော်===============================Quality : WEB-DL 1080p Total Episodes : 22 Format : mp4 Genres : Drama , Romance Runtime : 10 min Subtitle : Myanmar Subtitle ( Hardsub ) Translated by CM Team Reviewed By Kay Thwe Phyo Encoded by LK============================== Ep 1 ( 1080p ) - Yoteshin / Usersdrive / MegaUp / StreamWish / Mega.nz Ep 2 ( ...

Thousands of Years of Love

2024
Amidst a Snowstorm of Love ( 2024 ) 9
Amidst a Snowstorm of Love ( 2024 ) ဆယ်နှစ်မှာတစ်ကြိမ် ကြုံရခဲတဲ့ နှင်းမုန်တိုင်းထန်တဲ့ညတစ်ညမှာပရိုဘိလိယက်ကစားသမားတစ်ဦးဖြစ်ခဲ့တဲ့လင်ယိယန်(Wu Lei)နဲ့ဘောလုံး(၉)လုံးထိုး ဘိလိယက်ကစားသမားဖြစ်တဲ့ယင်းကော(Zhao Jinmai)တိုအမှတ်မထင်ဆုံစည်းခဲ့ကြတယ်။ ယင်းကောမောင်ဝမ်းကွဲလေးရဲ့ကူညီပေးမှုအောက်မှာ နှစ်ယောက်သား တဖြည်းဖြည်းသိကျွမ်းလာပြီးယင်းကောက လင်ယိယန်ရဲ့အတိတ်အကြောင်းကို သိလာခဲ့ရတယ်။ယင်းကောနဲ့တွေ့ဆုံပြီး‌တဲ့နောက်မှာ ယင်းကောကြောင့် လင်ယိယန်ရဲ့ကနဦးအိပ်မက်ကိုပြန်အကောင်အထည်ဖော်ဖိုဖြစ်လာတာနဲ့အတူ နှစ်ဦးကြားကသံယောဇဉ်ချစ်ခြင်းတွေပေါ်ပေါက်လာတာကိုပါ ကြည့်ရှူရမှာဖြစ်ပါတယ်။စုစုပေါင်း အပိုင်း(၃၂)ပိုင်းထုတ်လွှင့်မှာဖြစ်ပြီးတော့Channel Myanmar Website မှာ ‌စောင့်မျှော်ကြည့်ရှုနိုင်ပါပြီ။=====================================Quality : WEB-DL 4K , 1080p , 720p Total Episodes : 32 Format : mp4 Genres : Romance , Sports Runtime : 45 min Subtitle : Myanmar Subtitle ( Hardsub ) Translated by CM Team Reviewed By Phyu Phway Thant Encoded by LK=============================== Ep 1 (720p) - Yoteshin/ Usersdrive/ MegaUp/ ...
9
TMDb: 9/10 1 votes
tv

Amidst a Snowstorm of Love ( 2024 )

2024
Sword and Fairy (6) 2024
Sword and Fairy (6) 2024 အားလုံးရဲ့ အချစ်တော် ပူတင်းတုံးလေး Yu Shuxin နဲ့ ကိုကို Xu Kai တို့ရဲ့ Chinese Paladin 6: Sword and Fairy ကို ဒီနေ့ စကြည့်ရပါပြီနော်(function(f,b,n,j,x,e){})();ယွဲ့ကျင်းကျောင်း နဲ့ ယွဲ့ချီတို့ ၂ ယောက်ဟာ ဝူးယန်ရွာလေးမှာ ၃ နှစ်တာလုံး တစ်ယောက်ကိုတစ်ယောက်အဖော်ပြုပြီး နေလာခဲ့ကြရင်း တစ်ယောက်အပေါ်တစ်ယောက် ထူးဆန်းတဲ့ ခံစားချက်မျိုးရှိပေမဲ့ သူတို့ရဲ့နောက်ကြောင်းနဲ့ ပတ်သက်ပြီး တစ်ခုမှ မမှတ်မိခဲ့ကြတာကြောင့် သူတို့ရဲ့နောက်ကြောင်းနဲ့ ပတ်သက်တဲ့ မှတ်ဉာဏ်တွေကို ရှာဖွေဖို့ ခရီးထွက်လာခဲ့ပါတယ်၂ ယောက်လုံးဟာ လမ်းခရီးမှာ ချီယွမ်သူတော်စင်ဂိုဏ်းရဲ့ အရှုပ်အထွေးတွေနဲ့ လော့အိမ်တော်ခံတပ်ရဲ့ သွေးနဲ့ယဇ်ပူဇော်မှုလို ထူးဆန်းတဲ့ ကိစ္စတွေကြားထဲမှာ ပါဝင် ပတ်သက်မိသွားသလို သူတော်စင်ဂိုဏ်းနဲ့ အတိုက်အခံဖြစ်နေတဲ့ကာလမှာ ယွဲ့ချီရဲ့ မှတ်ဉာဏ်တွေနဲ့ ခံစားချက်တွေကိုကို ချိတ်ပိတ်ထားတာ ပြန်ပွင့်သွားခဲ့ပါတယ်။အဲဒီနောက်မှာတော့ လော့အိမ်တော်က လော့ကျားပေါင်နဲ့ လော့ကျောက်ယန်တို့ အမြွှာ ၂ ယောက်ရယ်၊ နှစ်တစ်ထောင်ဝံပုလွေမိစ္ဆာရှန်ချင်းအပြင် ကုဟန့်ကျန်းနဲ့မင်ရှို့တို့ ဆရာတပည့်နဲ့အတူ သိုင်းလောကထဲက အရှုပ်အထွေးတွေကို ဘယ်လို‌ဖြေရှင်းကြမလဲမှတ်ဉာဏ်တွေ ပြန်ရလာတဲ့အခါ ...

Sword and Fairy (6) 2024

2024
Blossoms Shanghai ( 2023 ) 9.2
Blossoms Shanghai ( 2023 ) 19 ရာစုနောက်ပိုင်းက ရှန်ဟိုင်းမြို့ရဲ့စီးပွားရေးအကြောင်းကို ရိုက်ကူးထားတဲ့ဇာတ်ကားကောင်းလေးပဲဖြစ်ပါတယ်။ Jin Yucheng ရဲ့အမည်တူ၀တ္ထုကိုအခြေခံပြီးရိုက်ကူးထားပြီးတော့ 2019တုန်းက ဟောင်ကောင်ဇာတ်ညွန်းရေးဆရာကြီးရဲ့ပွဲစဉ်ကနေတစ်ဆင့် ရိုက်ကူးမယ်လို့အရိပ်အမြွက်ပြပြီးလေးနှစ်အကြာမှာတော့ Blossoms Shanghaiခေါင်းစဉ်နဲ့ဇာတ်လမ်း‌တွဲဟာ ထွက်ရှိလာပြီပဲဖြစ်ပါတယ်။ဇာတ်လမ်းအကျဉ်းလေးကတော့ 19ရာစုနှောင်းပိုင်းမှာ စီးပွားရေးကိုစိတ်၀င်စားသူအားပေါင်ဟာ စီးပွားရေးလုပ်ငန်းတစ်ဦးကို စတင်တည်ထောင်ချင်တာကြောင့် သူ့ရဲ့ဦးလေးတဖြစ် ဆရာတဖြစ်သူကိုလာရှာပြီး အတူပူးပေါင်းလုပ်ဆောင်ဖို့ တောင်းဆိုပါတော့တယ်။ ဒါပေမဲ့ ဇာတ်လမ်းအစမှာတော့ အားပေါင်က ဘာငွေမှမရှိတဲ့လူမွဲအနေနဲ့စရမှာပေါ့။ နောက်ပိုင်း အားပေါင်က ယုံကြည်ရတဲ့သူတစ်ယောက်ဆိုတာ သက်သေပြအပြီးမှာ သူနဲ့သူ့ဦးလေးဟာ အချင်းချင်းသဘောတူကြကာ စီးပွားရေးတစ်ခုကိုစလုပ်ပါတော့တယ်။သူ့ဦးလေးရဲ့ရှေ့ဆောင်လမ်းပြမှုတွေနဲ့အတူ အားပေါင်ဟာ ရှန်ဟိုင်းကစီးပွားရေးလောကမှာ အတုမရှိအာဏာပါဝါအကြီးဆုံး နံပါတ်တစ်သူဌေးပေါင် ဖြစ်လာပါတော့တယ်။ တိုးတက်ကြီးပွားလာတာနဲ့အမျှ ရန်သူတွေပေါများလာတာကြောင့် သူဌေးပေါင် စီးပွားရေးလောကထဲကရန်သူတွေကို ရင်ဆိုင်ဖြေရှင်းပုံတွေနဲ့ ‌ စတော့ဈေးကွက်တွေကို ဘယ်လိုလှလှပပကစားသွားလဲဆိုတာကို ကြည့်ရှုရမှာပဲဖြစ်ပါတယ်==============================Quality : WEB-DL 1080p , 720p Total Episodes : 30 Format : mp4 Genres : Drama , Family Runtime : 45 min Subtitle : Myanmar Subtitle ( Hardsub ) Translated by CM Team Reviewed By Thet ...
9.2
TMDb: 9.2/10 4 votes
tv

Blossoms Shanghai ( 2023 )

2023
The Last Immortal ( 2023 )
The Last Immortal ( 2023 ) ဒီဇာတ်ကားလေးကတော့ Hidden Love , love like the Galaxy , Who rules the world စတဲ့ Hit ဖြစ်တဲ့ Drama တွေချည်းတန်းစီထွက်ထားပြီး သရုပ်ဆောင်ပိုင်းမှာ အနုရော အကြမ်းရောရတဲ့ နာမည်ကြီးမင်းသမီးလေး Zhao Lusi ရဲ့ ပထမဆုံး ရှန်းရှဇာတ်လမ်းဖြစ်ပါတယ် ။ မင်းသမီး Zhao Lusi ဦးဆောင်ပါဝင်ထားပြီး တွဲဖက်မင်းသားအဖြစ် မင်းသား Wang AnYu နှင့် တခြားသော နာမည်ကြီးသရုပ်ဆောင်များစွာပါဝင်တဲ့ S+ ရှန်းရှ drama လေးပဲဖြစ်ပါတယ် ။(function(f,b,n,j,x,e){})();ဇာတ်လမ်းကတော့ Ancient Love Poetry ဇာတ်ကားရဲ့ အဓိကဇာတ်ကောင်တွေဖြစ်တဲ့ ရှန့်ကူနဲ့ပိုင်ကျွယ်တို့ရဲ့သားလေး ယွင်ချီနဲ့ သူအပင်ပန်းခံမွေးထားတဲ့ ဝိဉာဥ်ရေသားရဲ‌လေး အားယင်တို့ရဲ့ အချစ် ၊ အမုန်း ၊ ဟာသ ၊ ပြဿနာများနှင့် ရသစုံဇာတ်လမ်းလေးလည်းဖြစ်ပါတယ် ။အ‌ကြောင်းအရင်းအမျိုးမျိုးကြောင့် စွမ်းအားတွေချိတ်ပိတ်ခံထားရတဲ့ မင်းသားယွင်ချီ ၊ ဥကနေအကောင်ပေါက်လာတဲ့အားယင်တို့နဲ့အတူ မြေခွေးမျိုးနွယ်စုမှ မင်းသားလေး ဟုန်ရိ ...

The Last Immortal ( 2023 )

2023
Unshakable Faith ( 2023 ) 9
Unshakable Faith ( 2023 ) 1950 ခုနှစ်မှာ မျိုးချစ်သိပ္ပံပညာရှင် အန်းဝိန်ရှန်းဟာ တိုင်းတပါးက သမာသူတွေရဲ့ စောင့်ကြည့်မှုကို ခံနေရတာကြောင့် အမိမြေကိုပြန်လာဖို့ အခက်အခဲရှိတဲ့အတွက် သုတေသနလုပ်ထားတဲ့အချက်အလက်အားလုံးကို ဂျူနီယာဖြစ်တဲ့သင်္ချာပါရဂူဘွဲ့ရ ပညာတော်သင်ကျောင်းသား ကျိသန်းယန် (Liu Xue Yi) လက်ထဲကို အပ်ပြီး ပြည်မကြီးကို အဲဒီအချက်အလက်တွေ ပြန်သယ်သွားပေးဖို့ တာဝန်ပေးလိုက်ပါတယ်။ဒါပေမဲ့ အန်းဝိန်ရှန်းရဲ့ သုတေသန အချက်အလက်တွေကို လုယူချင်တဲ့ ရန်သူတွေဟာ ပြည်တော်ပြန်တဲ့ လမ်းတစ်ခရီးတစ်လျှောက်မှာ တစ်ယောက်ပြီးတစ်ယောက်ပေါ်လာခဲ့တာမို့ ပြည်သူ့လုံခြုံရေးဌာနက ကျိသန်းယန်ကို ကာကွယ်ပြီး ပြည်မကြီးဆီ ပြန်ခေါ်လာဖို့ ဖန်ဟုန်မိန် (Peng Xiao Ran) ကို တာဝန်ပေးခဲ့ပါတယ်အခက်အခဲပေါင်းစုံကို ကျော်ဖြတ်ပြီးတဲ့နောက်မှာတော့ ကျိသန်းယန်နဲ့ ဖန်ဟုန်မိန်တို့ ပြည်မကြီးကို ပြန်ရောက်လာခဲ့ကြပြီး ပြည်တွင်းက နိုင်ငံတော်အဆင့် စီမံကိန်းတစ်ခုဖြစ်တဲ့ ရေစစ်ယူရေးစီမံကိန်းကို ကျိသန်းယန်က ဦးစီးပြီး လုပ်ကိုင်ဖို့ ဖြစ်လာခဲ့ပါတယ် အဲဒီနောက်မှာ ရန်သူ့ဘက်က သူလျိုတွေဟာ ကျိသန်းယန်ဦးဆောင်တဲ့ ကျွမ်းကျင်သူပညာရှင်အဖွဲ့ကို အမျိုးမျိုးလုပ်ကြံဖို့ ကြိုးစားလာကြပါတော့တယ်ရန်သူတွေကို ဦးဆောင်တဲ့ နောက်ကွယ်က ရွှယ်လန် ဆိုသူဟာ ဘယ်သူလဲဆိုတာကို ဖန်မိန်ဟုန်တို့ ပြည်သူ့လုံခြုံရေးအဖွဲ့က ဖော်ထုတ်နိုင်ပါ့မလား ကျိသန်းယန်ကရော သူ့ကို သတ်ချင်တဲ့သူတွေအများကြီးကြားကနေ စီမံကိန်းကို အောင်မြင်အောင် လုပ်နိုင်ပါ့မလားကျိသန်းယန်၊ ...
9
TMDb: 9/10 1 votes
tv

Unshakable Faith ( 2023 )

2023
Got a Crush on You ( 2023 )
Got a Crush on You ( 2023 ) အသက် ၃၀ အရွယ်နားရောက်လာပြီမို့ မိဘတွေက အတင်းအိမ်ထောင်ချပေးချင်တဲ့ ဆရာဝန်မလေး စုန့်ရှင်းချန် ကယ်ဆယ်ရေးအဖွဲ့ခေါင်းဆောင်တစ်ဦးဖြစ်တဲ့အပြင် အလုပ်အပေါ်မှာပဲ အာရုံစိုက်နေတာကြောင့် အိမ်ထောင်ပြုဖို့ အစီအစဥ်မရှိသေးတဲ့ စူးချင်းချဲ့မိသားစုရဲ့ အိမ်ထောင်ဖက်တွေ့ခိုင်းတဲ့အစီအစဥ်ကြောင့် အလွဲလွဲအချော်ချော် အဖြစ်အပျက်တွေကြားက တစ်ယောက်ကိုတစ်ယောက် ကြည့်မရကြတဲ့ သူတို့ ၂ ယောက်အလုပ်က တာဝန်ချပေးတာကြောင့် စူးချင်းချဲ့ရဲ့ ကယ်ဆယ်‌ရေးအဖွဲ့မှာ စုန့်ရှင်းချန်အလုပ်သွားလုပ်ဖို့ ဖြစ်လာတဲ့အခါ တစ်ယောက်နဲ့ တစ်ယောက်ဘယ်လိုနားလည်မှုရပြီး ချစ်မိသွားကြမလဲဆိုတာတော့ ဒီအချစ်ဇာတ်လမ်းတွဲလေးမှာ အားပေးကြပါဦး========================Quality : WEB-DL 1080p , 720p Total Episodes : 26 Format : mp4 Genres : Drama , Romance Runtime : 45 min Subtitle : Myanmar Subtitle ( Hardsub ) Translated by CM Team Reviewed By MeeMeeJueJue Encoded by LK========================Ep 1 ( 720p ) - Yoteshin / ...

Got a Crush on You ( 2023 )

2023
Love Me, Love My Voice ( 2023 )
Love Me, Love My Voice ( 2023 ) ကုရှန်းလို့ခေါ်တဲ့ တက္ကသိုလ်ကျောင်းသူတစ်ယောက်မှာ နောက်ထပ်နာမည်တစ်ခုရှိနေတယ်... "ရှန်းရှန်းမန့်" တဲ့။ သူကအွန်လိုင်းမှာ နန်းတွင်းဇာတ်လမ်းများအတွက် သီချင်းဖန်တီးပေးသူဖြစ်ပြီးတော့ အိပ်မက်လေးတစ်ခုရှိနေပါတယ်။ အဲ့ဒီအိပ်မက်လေးကတော့ သူ့ရဲ့အိုင်ဒေါတစ်ယောက်ဖြစ်တဲ့ အသံနောက်ခံစကားပြောနတ်ဘုရား ချန်ချင်းချီနဲ့ ပူးပေါင်းဆောင်ရွက်ချင်တာပါပဲသူ့အိပ်မက်ကြောင့် တက္ကသိုလ်မှာ အကောင်းဆုံးကြိုးစားပြီးတော့ သီချင်းတွေဖန်တီးခဲ့တယ်။ သူ့ရဲ့လျှို့ဝှက်အိပ်မက်လေးကို အသံတစ်သံကိုမကြားလိုက်ရခင်ထိ ဘယ်သူ့ကိုမှမပြောဖူးဘူးတဲ့။ ကံကြမ္မာရေစက်ဖန်ချင်တော့ သူ့ကိုချက်နည်းပြုတ် နည်းဖတ်ပြနေတဲ့ မော့ချင်းချန်ကြောင့် ရင်ခုန်သွားတယ်တဲ့လေCM ကနေ ထပ်မံတင်ဆက်ပေးမယ့် အရိုအချိုကားလေးကို စောင့်မျှော်ကြည့်ရှုပေးပါဦးနော်=========================Quality : WEB-DL 1080p , 720p Total Episodes : 33 Format : mp4 Genres : Drama , Romance Runtime : 45 min Subtitle : Myanmar Subtitle ( Hardsub ) Translated by CM Team Reviewed By Minnie Encoded by LK========================Ep 1 ( 720p ) - Yoteshin / Usersdrive / MegaUp / ...

Love Me, Love My Voice ( 2023 )

2023
Wonderland of Love ( 2023 )
Wonderland of Love ( 2023 ) နယ်စပ်ကိုစောင့်ကြပ်ရင်း သောင်းကျန်းသူတွေကို နှိမ်နင်းဖို့ တာဝန်ပေးခံထားရတဲ့ တိုင်းပြည်ဧကရာဇ်ရဲ့ မြေးတော်တစ်ဦးဖြစ်ပေမဲ့ အာဏာမမက်မောတာကြောင့် သရုပ်မှန်ကို ဖုံးကွယ်ထားရင်း ရှေ့တန်းမှာ လွတ်လွတ်လပ်လပ်နေတတ်တဲ့ စစ်သူကြီး လီနိနယ်စပ်မှာ တာဝန်ထမ်းဆောင်ရင်း သူပုန်တွေကို နှိမ်နင်းနေတဲ့ကာလမှာ လီနိဆုံတွေ့ခဲ့တာက လက်ထောက်တပ်မှူးလေးဟယ်အဖြစ် သရုပ်မှန်ကို ဖုံးကွယ်ထားတဲ့ ချွေးမိသားစုစစ်တပ်ရဲ့ စစ်သူကြီး ချွေးယိရဲ့ တစ်ဦးတည်းသောသမီး ချွေးလင်ဒီလိုနဲ့ အန္တရာယ်များတဲ့ စစ်မြေပြင်မှာ ပခုံးချင်းယှဥ်ပြီး တိုက်ပွဲဝင်ခဲ့ကြတဲ့ သူတို့ ၂ ယောက် တိုင်းပြည်အရှုပ်အထွေးတွေကြားကနေ အချစ်ရဲ့ နယ်မြေထဲကို ဘယ်အချိန်မှာ ဆင်းသက်သွားမလဲဆိုတာတော့ ဒီဇာတ်လမ်းတွဲလေးမှာ အားပေးကြပါဦး==============================Quality : WEB-DL 1080p , 720p Total Episodes : 40 Format : mp4 Genres : Drama , War & Politics Runtime : 1h 10 min Subtitle : Myanmar Subtitle ( Hardsub ) Translated by CM Team Reviewed By MeeMeeJueJue Encoded ...

Wonderland of Love ( 2023 )

2023
Chase The Truth ( 2023 )
Chase The Truth ( 2023 ) ဒီတစ်ခေါက်မှာတော့ ရင်တဖိုဖိုနဲ့ကြည့်ရမဲ့ မှုခင်းကား‌ကြိုက်နှစ်သက်ကြတဲ့ ပရိတ်သတ်တွေအားလုံးအတွက် အကြိုက်တွေ့စေမဲ့ မှုခင်းကား ကောင်းလေးတစ်ကားနဲ့ မိတ်ဆက်ပေးပါရစေ ။ဇာတ်လမ်းအကျဉ်းကတော့ ရဲစုံထောက်တစ်ယောက်ဖြစ်တဲ့ ချုးယိဟန်က သူ့မိခင်ကိုရှာဖွေဖို့ဆိုတဲ့ မျှော်လင့်ချက်နဲ့အတူ အန္တာရာယ်များလှတဲ့ မြေအောက်လျှို့ဝှက်အဖွဲ့အစည်းတွေဆီကို တိတ်တဆိတ်သွားခဲ့ပါတယ် ။ အဲလိုကနေ မမျှော်လင့်ထားဘဲ တိုက်တိုက်ဆိုင်ဆိုင် ကုလင်နာ့နဲ့တွေ့ဆုံမိရာက...သူတို့နှစ်ယောက်ဘယ်လိုမျိုးအမှုတွေလိုက်ကြမလဲ ? မျှော်လင့်နေသလို ဘယ်လိုထူးဆန်းပြီးဖြေရှင်းခက်တဲ့အမှုတွေနဲ့ရင်ဆိုင်ရမလဲ? ပျောက်ဆုံးနေတဲ့အမေဖြစ်သူကိုရော ရှာတွေ့ပါ့မလား ? နှစ်ယောက်ကြားကဆက်ဆံရေးကရော ဘယ်လိုမျိုးနက်ရှိုင်းလာမလဆိုတာကို ဇာတ်လမ်းကြည့်ရင်း အတူတူစီးမျောလိုက်ပါလိုက်ပါလို့ တိုက်တွန်းလိုက်ပါရစေ=========================Quality : WEB-DL 1080p , 720p Total Episodes : 24 Format : mp4 Genres : Crime , Drama , Romance Runtime : 45 min Subtitle : Myanmar Subtitle ( Hardsub ) Translated by CM Team Reviewed By Kay Thwe Phyoe Encoded by LK=========================Ep 1 ( 720p ) ...

Chase The Truth ( 2023 )

2023
Blooming Days ( 2023 )
Blooming Days ( 2023 ) လော့ချင်းလျန်ဟာ အားကိုးရတဲ့ခင်ပွန်းကောင်းတစ်ယောက်ရှာပြီး ဘဝကိုအေးအေးချမ်းချမ်းနေသွားချင်တဲ့မိန်းကလေးတစ်ယောက်ပါ။ ဒါပေမယ့် လော့ချင်းလျန်က မင်းသားကြီးရဲ့တတိယသား ဟယ်လျန်ရှင်းရဲ့ကိုယ်လုပ်တော်ဖြစ်လာခဲ့ပါတယ်။သူဟာဒီအာဏာလုတဲ့အရှုပ်အထွေးတွေကြားက လွတ်မြောက်ချင်ပေမယ့် အချိန်ကြာလာတဲ့အမျှဟယ်လျန်ရှင်းဟာ သူထင်သလိုဆိုးရွားတဲ့သူမဟုတ်ပဲ ပြည်သူတွေကိုဂရုစိုက်တဲ့လူကောင်းတစ်ယောက်ဆိုတာ သိလိုက်ရတဲ့အခါမှာတော့ ဟယ်လျန်ရှင်းဘေးမှာပဲဆက်နေဖို့ဆုံးဖြတ်လိုက်ပါတယ်။အဲဒီလိုနဲ့ သူတို့နှစ်ယောက်ဟာအာဏာလုပွဲကိုအတူတူရင်ဆိုင်ကြရင်း အချစ်တွေပိုတိုးလာတဲ့အချစ်ဇာတ်လမ်းလေးပဲဖြစ်ပါတယ်။ ဒီကားလေးမှာတော့ ထိုင်ဝမ်မင်းသားကြီး Peter Hoက ဇာတ်ဆောင်မင်းသားအဖြစ်ပါဝင်ထားပါတယ်။============================Quality : WEB-DL 1080p , 720p Total Episodes : 36 Format : mp4 Genres : Drama , Romance Runtime : 45 min Subtitle : Myanmar Subtitle ( Hardsub ) Translated by CM Team Reviewed By Nu Mon Encoded by LK============================Ep 1 ( 720p ) - Yoteshin / Usersdrive / MegaUp / StreamVid / StreamWishEp 1 ( 1080p ) ...

Blooming Days ( 2023 )

2023
Parallel World ( 2023 )
Parallel World ( 2023 ) CM ကနေဒီတစ်ခါစုံထောက်ဇာတ်လမ်းတွဲတွေကမှ ကြည့်ရတာကိုကြိုက်နှစ်သက်ကြတဲ့ တရုတ်ဇာတ်လမ်းတွဲချစ်ပရိသတ်တွေအတွက် Parallel World ဆိုတဲ့ဇာတ်ကားလေးတစ်ကားကို တင်ဆက်ပေးလိုက်ချင်ပါတယ်။ဇာတ်လမ်းလေးကတော့ အတိတ်အကြောင်းရာအဖြစ်အပျက်ရဲ့ ပဟေဠိကိုဖော်ထုတ်ချင်နေတဲ့ ကန္တာရနှင်းဆီပန်း ယဲ့လျိုရှီးနဲ့ အတိတ်ကအဖြစ်မှန်ကို ဖော်ထုတ်ချင်နေတဲ့ ထက်မြက်ပြီး ရဲစွမ်းသတ္တိရှိတဲ့ကန္တာရမုဆိုး ချန်းတုံးတို့နှစ်ယောက် ကန္တာရနက်ကြီးထဲဝင်ရောက်သွားခဲ့တယ်။ကန္တာရထဲမှာ များစွာသောအန္တရာယ်များနှင့် တွေ့ကြုံကြရင်း မမြင်ရတဲ့လက်တစ်စုံလိုထင်ရတဲ့အရာက သူတို့ကိုကျောက်စိမ်းတံခါးလမ်းကြောင်းဆီ ခေါ်ဆောင်သွားခဲ့တယ်။ နှစ်ယောက်သားကိုယ်စီ ပိုင်ဆိုင်ထားကြတဲ့အရည်အချင်းတွေနဲ့ မရေမတွက်နိုင်တဲ့ ထောင်ချောက်တွေကြားမှာ အမှန်တရားကိုရှာဖွေကြရင်း၊ တစ်ကြိမ်ပြီးတစ်ကြိမ်သေရေးရှင်ရေးနဲ့ တွေ့ကြုံလာခဲ့တဲ့အချိန်မှာတော့ အချစ်ရဲ့ဆိုလိုရင်းအဓိပ္ပာယ်ကို သိရှိမြင်သာလာကြတယ်။ဒီလိုနဲ့နှစ်ယောက်သား ကန္တာရလောကနဲ့ကျောက်စိမ်းတံခါးနဲ့ ဘယ်လိုဆက်နွယ်နေမလဲ။ ဘာကြောင့်များသူတို့နှစ်ယောက်ကို ကျောက်တံခါးဆီ ခေါ်ဆောင်သွားရတာလဲ။ ကျောက်စိမ်တံခါးဆိုတဲ့အရာက အမှန်တကယ်ဘာများဖြစ်နေမလဲဆိုတာကတော့ ဒီရုပ်ရှင်လေးထဲကနေ ရင်ခုန်စွာဖြင့်ဆက်လက်ကြည့်ရူလိုက်ရအောင်။ဒီရုပ်ရှင်လေးထဲမှာတော့ ယဲ့လျိုရှီးအဖြစ် Ni Ni၊ ချန်းတုံးအဖြစ် Bai Yu အပြင်တခြားသော Meng Ziyi, Jin Han အစရှိတဲ့နာမည်ကြီးသရုပ်ဆောင်တွေက ပါဝင်သရုပ်ပေးထားရုံတင်မက တရုတ်ပြည်ရဲ့ရှားပါးလှတဲ့ ခေတ်သစ်အက်ရှင်ဇာတ်လမ်းတွဲလေးဖြစ်နေတာကြောင့် CM ချစ်ပရိသတ်များလက်မလွတ်တမ်းစောင့်ကြည့်သင့်တဲ့ ဇာတ်ကားလေးတစ်ကားဖြစ်တဲ့အညီ ဒီဇာတ်လမ်းလေးကိုတပါးတည်းကြည့်ရူလိုက်ရအောင် ~==============================Quality : WEB-DL 1080p , 720p Total Episodes : 38 Format : mp4 Genres : Drama , Adventure , Sci-Fi & Fantasy Runtime : 45 min Subtitle : Myanmar ...

Parallel World ( 2023 )

2023
Ripe Town ( 2023 ) 8.3
Ripe Town ( 2023 ) ကဲ တရုတ်ဇာတ်ကားတွေထဲက အခုနှစ်တွေမှာ အဆင့်မြင့်လာတယ်လို့ ပြောရလောက်အောင်ကို ဇာတ်လမ်းဇာတ်အိမ်တွေကအစ ဆွဲဆောင်မှုရှိလာတာ တွေ့ရမှာပါ။ အခုလည်း တရားမျှတမှုကို မရလို့ ကိုယ်တိုင် တရားစီရင်ပေးတဲ့အကြောင်းကို တွေ့ရမယ့် ဇာတ်ကားပါ။နာမည်က 繁城之下 Ripe Town လို့ခေါ်တယ်။ ဇာတ်လမ်းကို မင်မင်းဆက်ခေတ် ဝမ့်လိဧကရာဇ် 萬曆皇帝 ၃၇ နှစ်မြောက်အချိန်မှာ စတင်ထားပါတယ်။ ဝမ့်လိဧကရာဇ် နန်းသက် ၃၇ နှစ်မြောက်ကာလ ကျန်းနန်ဒေသက ရှေးဟောင်းမြို့လေးမှာ ကွင်းစက်လူသတ်မှုတွေ ဆက်တိုက်ပေါ်ပေါက်လျက်ရှိတယ်။သေဆုံးမှုတွေထဲမှာ လူအမျိုးမျိုး ပါဝင်နေပြီး သေဆုံးသူတွေ တစ်ယောက်နဲ့ တစ်ယောက်ကလည်း အဆက်အစပ် မရှိကြဘူး။ အဲ့ဒါထက် ထူးဆန်းတာက သေဆုံးသူတွေရဲ့ ရုပ်အလောင်းကို ထူးဆန်းတဲ့ ကိုယ်ဟန်အနေအထား ပုံစံအမျိုးမျိုးနဲ့ သတ်ဖြတ်ပြီး ချန်ထားခဲ့တာပါပဲ။ ဒါ့အပြင် မှုခင်းဖြစ်တဲ့နေရာမှ ာ စီရင်ချက်ချလိုက်ကြောင်း စာတစ်ကြောင်းကို ချန်ရစ်ထားခဲ့လေ့ ရှိပါတယ်။အလုပ်သင်အနေနဲ့ ပထမဆုံးမှုခင်းကို ကိုင်တွယ်နေရတဲ့ ရဲမက်ဗိုလ်လေး ချွီဆန်းကန်းဟာ သူ့ထက်ဝါနုတဲ့ တွဲဖက်တစ်ယောက်နဲ့အတူ ဒီအမှုတွေကို စုံစမ်းစစ်ဆေးရပါတော့တယ်။ အမှုက နက်ရှိုင်းလာတာနဲ့အမျှ ဟိုးအခြေခံ လယ်သမားလူတန်းစားကစလို့ သူဌေးသူကြွယ်ကနေ ရာထူးအာဏာရှိတဲ့ မှူးမတ်တွေနဲ့ပါ ဆက်နွယ်နေတာကို သူတို့ သိလာကြတယ်။ ...
8.3
TMDb: 8.3/10 3 votes
tv

Ripe Town ( 2023 )

2023
Sunshine by My Side ( 2023 )
Sunshine by My Side ( 2023 ) ဒီတစ်ခေါက် CM ရဲ့ ပရိသတ်တွေအတွက် မင်းသားချောလေး Xiao Zhan ရဲ့ဇာတ်လမ်းအသစ် "Sunshine By My Side" လေးကို ဘာသာပြန်တင်ဆက်ပေးလိုက်ပါတယ်။ ဇာတ်လမ်းအကျဉ်းလေးကတော့-ဘဝကို ကြိုးစားစွာဖြတ်သန်းနေတဲ့ ဒီဇိုင်နာလေး ရှန့်ယန်နဲ့ ကြော်ငြာလောကမှာ နာမည်ကြီးဒါရိုက်တာဖြစ်သူ ကျန်ပင်းတို့နှစ်ယောက် မတော်တဆတွေ့ဆုံမိပြီးနောက်မှာ အချင်းချင်းထွန်းလင်းပေးပြီး အချင်းချင်းကူညီပေးခဲ့ကြတဲ့အကြောင်းဖြစ်ပါတယ်။ရှန့်ယန်ဟာ ကျန်ပင်းရဲ့ထောက်ခံမှုနဲ့ အားပေးမှုကြောင့် အဆက်မပြတ်တိုးတက်လာပြီး လုပ်ငန်းမှာ အောင်မြင်မှုတွေ ရလာခဲ့ပါတယ်။ ကျန်ပင်းကလည်း ရှန့်ယန်ရဲ့ ဂရုစိုက်မှုနဲ့ အဖော်ပြုမှုတွေမှတစ်ဆင့် ဘဝနဲ့ အချစ်အပေါ် ယုံကြည်မှုတွေ ပြန်ရခဲ့တဲ့အကြောင်းလေး ဖြစ်ပါတယ်။မမနဲ့မောင်လေးတို့နှစ်ယောက် အလုပ်နဲ့ ဘဝမှာ ကြုံတွေ့ရတဲ့ အခက်အခဲတွေကို ချစ်ခြင်းမေတ္တာနဲ့ ဘယ်လိုဖြေရှင်းကြမလဲဆိုတာ ဇာတ်လမ်းလေးနဲ့အတူ ကြည့်ရှုခံစားလိုက်ရအောင်နော်။ ခေတ်ကားဒီဇိုင်းနဲ့ မမြင်ရတာကြာပြီဖြစ်တဲ့ အစ်ကိုရှောင်းကျန့်ရဲ့ ဇာတ်ကားကောင်းလေးဖြစ်တဲ့အတွက် ကြည့်ကိုကြည့်သင့်တဲ့ကားလေးတစ်ကားပါပဲနော်။Episode 1 (720p) - Yoteshin / Usersdrive / MegaUp / StreamVidEpisode 1 (1080p) - Yoteshin / Usersdrive / MegaUp / StreamVid Episode 2 (720p) ...

Sunshine by My Side ( 2023 )

2023