Channel Myanmar

2019

Wu Assassins (2019) 6.8
Wu Assassins (2019) အက်ရှင်အကြမ်းစားတွေကြိုက်တဲ့ ဘော်ဒါတွေအတွက် နာမည်ကြီး ထိုင်းကားThe Raid ရဲ့ မင်းသား Iko Uwais ဦးဆောင်ထားတဲ့Wu Assassin ဆိုတဲ့ ဇာတ်ကားလေးနဲ့ မိတ်ဆက်ပေးပါစေ။ဆန်ဖရန်စစ်စကို ရဲ့ တရုတ်တန်းမှာ အုပ်ချုပ်နေတဲ့ ထရိုက်ရက်ဂုဏ်း ခေါင်းဆောင် ဦးလေးခြောက် ရဲ့ မွေးစားသား ခိုင်ဂျင်း ကလူမိုက်လေကထဲမှာ မနေချင်ပါဘူး။ဒါပေမဲ့ သဘာဝလေကကြီးရဲ့ ဟန်ချက်ကို ထိန်းညှိဖို့အတွက် ဝူ လို့ခေါ်တဲ့မီး ရေ မြေကြီး သစ်သား သတ္ထု စတဲ့ ဓာတ်တွေရဲ့ အရှင်သခင်တွေကိုမကောင်းမှုလုပ်ခြင်းမှ တားဖို့ ဝူ သုတ်သင်သူ အဖြစ် ခိုင်ဂျင်း ကိုရွေးချယ်လိုက်ပါတယ်။ကိုယ်ခံပညာနဲ့ချတဲ့ အက်ရှင်ကားတွေ ကြိုက်တဲ့ ပရိတ်သတ်တွေအတွက်အက်ရှင်ခန်းတွေ အများကြီးပါတဲ့ Wu Assassin ဇာတ်လမ်းတွဲကို ...
6.8
TMDb: 6.8/10 8 votes
tv

Wu Assassins (2019)

2019
Euphoria (2019) 6.6
Euphoria (2019) အထက်တန်းကျောင်းတွေမှာဆယ်ကျော်သက်တွေကဲကြတာကိုမြင်ဖူးတယ် ဟုတ်! ဒီကားမှာယေဘုယျအားဖြင့်တွေ့ရမှာက ဆေးစွဲနေတဲ့ဆယ်ကျော်သက်တွေရယ်၊ လူတိုင်းနဲ့ အိပ်ဖို့ပဲစဉ်းစားနေတဲ့ဆယ်ကျော်သက်တွေရယ် ဒါတွေကအဓိကထားပြီးတော့ ပါမယ်။ သူကဇာတ်ကြောင်းကိုနောက်ကနေပြန်ပြောပြနေတဲ့ပုံစံမျိုးပါ။ ပထမဆုံးအပိုင်းပဲရှိသေးတော့ သိပ်တော့ ပြောလို့မရသေးဘူး။ ဆေးတစ်ချိန်လုံးကွဲနေတဲ့ ဆယ်ကျော်သက်ကောင်မလေးတစ်ယောက် သူ့ပတ်ဝန်းကျင်အသိုင်းအဝိုင်းကလူတွေအကြောင်းကို ထိုင်ပြောပြနေသလိုပဲ။ လိင်ဆက်ဆံခန်းတွေ၊ဆေးသုံးတဲ့အခန်းတွေ၊ အခုခတ်ကလေးတွေပြောလေ့ရှိတဲ့အောက်ပိုင်းကမဆင်းတဲ့ အသုံးအနှုန်းတွေကိုတွင်တွင်ကျယ်ကျယ်သုံးစွဲပြီးပြောဆိုထားတဲ့ ဒီစီးရီးမှာ ဘဲကြောင့် စိတ်ညစ်နေရတဲ့ကောင်မလေးတွေကိုတွေ့ရမယ်၊ အင်တာနက်ခေတ်ရဲ့ကြောက်စရာကောင်းတဲ့မှားယွင်းတဲ့သုံးစွဲမှုတွေ၊ မိဘတွေကြောင့် လမ်းမှားရောက်ခဲ့တဲ့ဆယ်ကျော်သက်တွေ ဒါတွေကိုအစုံရှုမြင်ခံစားရမှာဖြစ်ပါတယ်။ Translated by Charm Encoded by sithu File Size : (390MB) Quality : AMZN.WEBRip.720p Running Time : 55min  Format : Mp4 Genre : Drama Subtitle : Myanmar Subtitle (Hard Sub) Source : AMZN.WEBRip.DDP5.1 Translated by Charm Encoded by sithu Episode : 01Episode : 02Episode : 03Episode : 04Episode : 05Episode : 06[flm_button link_address="https://megaup.net/27Afw/Euphoria.US.S01E06.The.Next.Episode.720p.(cm).mp4
6.6
TMDb: 6.6/10 17 votes
tv

Euphoria (2019)

2019
How to Sell Drugs Online (Fast)(2019)[ စ /  ဆုံး] 8.1
How to Sell Drugs Online (Fast)(2019)[ စ / ဆုံး] How to Sell Drugs Online (Fast)(2019) ဇာတ်လမ်းတွဲ [ စ / ဆုံး]IMDb.....8.1အပိုင်း ( ၁ မှ ၆) အထိဒီ TV Series က Netflix ကထုတ်တဲ့ ဂျာမန်စီးရီးတစ်ခုပါ။ Netflix က ခုနောက်ပိုင်း အားလုံးသတိထားမိလောက်အောင်ကို သူတို့ ရိုက်တဲ့စီးရီးတွေက ကြည့်ရ အတော်လန်းနေတာကို သိကြမှာပါ... Moritz Zimmerman ဆိုတာ အသက် ၁၇ နှစ်သာရှိသေးတဲ့ အထက်တန်းကျောင်းသား ပြီးတော့ nerd တစ်ယောက်။ Nerd ဆိုတာ ကိုယ်စိတ်ဝင်စားတဲ့အရာတွေကိုသာ ဖိလုပ်နေပြီး လူတွေနဲ့ရောရောထွေးထွေးမနေတတ်တဲ့သူတွေ။ ကြာတော့လူမှုရေးဘက်မှာလစ်ဟင်းလာပြီး စည်းအပြင်ကလူတစ်ယောက်လိုဖြစ်လာတယ်။ ကျောင်းတွေမှာလည်း အနိုင်ကျင့်ခံအနှိမ်ခံလူတန်းစား။ ဒါပေမယ့် သူတို့တွေဟာ တစ်ခုခုကို ထွန်းပေါက်အောင်လုပ်ပြီဟေ့ ဆိုရင်လည်း လိုက်လို့မမှီအောင် ထက်မြက်လွန်း ကြတယ်။ ဒီထဲက အထိကဇာတ်လိုက်က အဲဒီလိုကောင်... Tech Nerd ...
8.1
TMDb: 8.1/10 14 votes
tv

How to Sell Drugs Online (Fast)(2019)[ စ / ဆုံး]

2019
Typewriter (2019) Season 1 [COMPLETE] 7.7
Typewriter (2019) Season 1 [COMPLETE] ဒီတစ်ခါတော့ Bollywood ပရိသတ်ကြီးအတွက် Mystery ဇာတ်ကားကောင်းတွေဖြစ်တဲ့ Kahaani, Kahaani 2 & Badla တို့ရဲ့ ဖန်တီးရှင် Sujoy Ghosh ရဲ့ ဇာတ်လမ်းတွဲတစ်ခုကို တင်ဆက်ပေးလိုက်ပါတယ်Mystery, Horror ကြိုက်နှစ်သက်သူတွေအတွက် လက်လွတ်မခံသင်တဲ့ ဇာတ်လမ်းတွဲတစ်ခုပါပဲNetflix က ထုတ်လွှင့်တာဖြစ်ပြီး ၅ ပိုင်းနဲ့အပြီးပါပဲဇာတ်လမ်းလေးကတော့ နာမည်ကျော် သရဲဝတ္ထုစာရေးဆရာကြီး မာဒက် မက်သရူးဟာ သူ့နေအိမ်ကြီးဖြစ်တဲ့ ဘာဒက်ဇ် ဗီလာမှာ ထူးဆန်းစွာသေဆုံးသွားခဲ့ပါတယ်အဲ့ဒိအချိန်ကျန်ရှိခဲ့တာတော့ တစ်ဦးတည်းသော မြေးမလေးပါပဲ နှစ်တွေကြာသွားတော့ ဒီအိမ်ကြီးဟာ သရဲတစ္ဆေခြောက်လှန့်တယ်ဆိုတဲ့သတင်း ပျံ့နှံ့နေပါတယ်အဲ့ဒိအိမ်ကြီးထဲဝင်ပြီး သရဲတစ္ဆေရှာဖွေချင်နေတဲ့ ချာတိသုံးယောက်လည်းရှိပါတယ်ဒါပေမဲ့ မထင်မှတ်ထားဘဲ ထိုအိမ်ကြီးကို မိသားစုတစ်စုပြောင်းလာတဲ့အခါမှာတော့ သူတို့ရဲ့အကြံစည် အကောင်ထည်ဖေါ်နိုင်ပါ့မလား ...ဒီမိသားစုအသစ်ကရော ဘယ်သူတွေလဲ ...သူတို့တွေဆီကို ဘယ်လိုထူးဆန်းမှုတွေ ရောက်ရှိလာမလဲဆိုတာကိုတော့ ... (ဘာသာပြန်ပေးထားသူတွေကတော့ ကိုဇော်ထူး ပါ) Quality – 720p NF WEB-DLDuration – 1hr ...
7.7
TMDb: 7.7/10 3 votes
tv

Typewriter (2019) Season 1 [COMPLETE]

2019
Search: WWW (2019) 8.5
Search: WWW (2019)  အင်​တာနက်​ကို ​နေရာမ​ရွေး လူတိုင်းအသုံးပြု​နေကြတဲ့ ​ဒီ​ခေတ်​ကြီးထဲမှာ Unicon နဲ့ Barro တို့ဟာ ​ဈေးကွက်​ထိပ်​တန်းကုမ္ပဏီ​တွေအဖြစ်​ ပြိုင်​ဆိုင်​​နေကြတဲ့ ကိုရီးယားနိုင်​ငံရဲ့ လူသုံးအများဆုံးရှာ​ဖွေ​ရေးအင်​ဂျင်​​တွေဖြစ်​တဲ့ ​တွေဖြစ်​ပါတယ်​။Bae Ta-miဟာ ကိုးရီးယားရဲ့ နံပါတ်​ ၁ search engine အဖြစ်​ရပ်​တည်​​နေတဲ့ unicon မှာ ၁၀နှစ်​​ကျော်​ကြာ ကြိုးစားပြီးအလုပ်​လုပ်​ခဲ့တဲ့ ထက်​မြတ်​တဲ့အမျိုးသမီးတစ်​ဦးပါ။ အနိုင်​လိုချင်​စိတ်​ပြင်းပြပြီး ​ဖြောင့်​မှန်​စွာကြိုးစားချင်​တဲ့ Bae Ta-mi ဟာ ကုမ္ပဏီရဲ့ ရွေး​ကောက်​ပွဲဆိုင်​ရာအချက်​အလက်​​တွေကို ထိန်းချုပ်​တဲ့ကိစ္စနဲ့ပတ်​သတ်​ပြီး ​ဖြေရှင်းဖို့ ​စေလွှတ်​ခံခဲ့ရာက အလုပ်​ထုတ်​ခံခဲ့ရပါတယ်​။Unicon ရဲ့ဒါရိုက်​တာတစ်​ဦးဖြစ်​ပြီး Bae Ta-miရဲ့စီနီယာလဲဖြစ်တဲ့ Song Ga-kyeong က​တော့ ​ယောက္ခမရဲ့​စေရာကို လိုက်​လုပ်​​​ပေးနေရသူတစ်​ဦးဖြစ်​ပါတယ်​။Cha Hyeonက​တော့ Barroမှာ ဆယ်​နှစ်​​ကျော်​ကြာ အလုပ်​လုပ်​ခဲ့တဲ့သူဖြစ်​ပြီး အမြဲနံပါတ်​၂​နေရာမှာ​နေရတဲ့ Barro ကို နံပါတ်​ ၁ဖြစ်​​​အောင်​ ကြိုးစား​နေသူ ဆက်​ဆက်​ထိမခံတဲ့​ဒေါသကြီးတဲ့ အမျိုးသမီးတစ်​ဦးဖြစ်​ပါတယ်​။ Unicon မှာ အလုပ်​ပြုတ်​သွား​ပေမယ့်​ ပြိုင်​ဘက်​ကုမ္ပဏီဖြစ်​တဲ့ Barro မှကမ်းလှမ်းခြင်းခံရတဲ့ ...
8.5
TMDb: 8.5/10 2 votes
tv

Search: WWW (2019)

2019
High Seas (2019) 7.0
High Seas (2019) " တချို့သော လျှို့ဝှက်ချက်တွေက သမုဒ္ဒရာထက် နက်ရှိုင်းတယ် " ဇာတ်လမ်းက ဗီယန်နွယ်ဗာ ညီအစ်မနှစ်ယောက် အမျိုးသမီးတစ်ယောက်ကို သင်္ဘောပေါ်ကို ခိုးတင်ပြီး ကယ်လာခဲ့ရာကနေ စပါတယ်။ သူတို့ကယ်တင်ခဲ့တဲ့ အမျိုးသမီး သင်္ဘောပေါ်က ပြုတ်ကျပြီး သေဆုံးခဲ့ရာကနေ စတင်လာခဲ့တာပါ။ အဲဒီနောက်မှာ လူသတ်မှု လူသေမှုတွေက ဆက်တိုက်ဆိုသလို ဖြစ်လာခဲ့ပါတယ်။ သင်္ဘောပေါ်မှာ ဖြစ်တာဆိုတော့ တရားခံက သင်္ဘောပေါ်ကပေါ့။ ဒါကိုတောင် ရှာရခက်တယ်ဆိုတော့ ဇာတ်လမ်းက ဘယ်လောက်တောင် စိတ်ဝင်စားစရာကောင်းမယ်ဆိုတာ ပြောဖို့ မလိုပါဘူးနော့။ တရားခံရှာရခက်တဲ့ လူသတ်မှုတွေကနေ ပေါ်လာလိုက်တဲ့ လျှို့ဝှက်ချက်တွေဆိုတာဟာ တကယ့်ကို သမုဒ္ဒရာထက် နက်ရှိုင်းလွန်းလှပါတယ်။ စပိန်ကားတွေရဲ့ဝိသေသလို့ ပြောရမယ့် Twist တွေဟာ ဒီဇာတ်လမ်းမှာ တစ်ပိုင်းထက်တစ်ပိုင်း ဟာခနဲ၊ ဟင်ခနဲ ဖြစ်အောင် ကြည့်ရမှာပါ။ တစ်ပိုင်းထက်တစ်ပိုင်း ရှုပ်ထွေးလာသလို တစ်ပိုင်းထက်တစ်ပိုင်းလည်း ရှင်းလင်းလာမှာပါ။ တကယ့်ချည်ခင်ထွေးကို ဖြည်ပြသလို တစ်ဆင့်ချင်းဖြည်ပြသွားတာဟာ ဇာတ်လမ်းရဲ့အနှစ်သာရပါပဲ။ လူ့သဘော လူ့မနောကိုလည်း ဒီဇာတ်လမ်းမှာ ကောင်းကောင်းတင်ပြထားပါတယ်။ လူကောင်းလို့ထင်ရတဲ့လူတွေရဲ့ Dark Side ကို မြင်ရမှာဖြစ်သလို လူဆိုးလို့ ထင်ရတဲ့ လူတွေရဲ့ကောင်းကွက်ကလည်း ပေါ်လာတတ်ပါတယ်။ လောကဓံရဲ့အလှည့်အပြောင်းတွေဟာ တစ်ခါတစ်လေမှာ ထင်မှတ်မထားလောက် ကြီးမားပါတယ်။ Season 1 ကတော့ အပိုင်း ၈ ပိုင်းပဲ ပါဝင်ပါတယ်။ Season 1 မှာ ထားခဲ့တဲ့ ဇာတ်လမ်းက Season ...
7.0
TMDb: 7.0/10 9 votes
tv

High Seas (2019)

2019
Chief of Staff (2019) 8.2
Chief of Staff (2019) ဒီတစ်ခါ CM ပရိတ်သတ်တွေအတွက် တင်ဆက်ပေးမဲ့   ongoing series လေးကတော့   Chief Of Staff ပဲဖြစ်ပါတယ်   အပိုင်း ၁၀ ပိုင်းပါဝင်ပြီး June လ ၁၄ ရက်နေ့က စတင်ပြသခဲ့တာပါ   Political Drama အမျိုးစားဖြစ်ပြီး   အပတ်စဉ် သောကြာ/စနေနေ့တိုင်းမှာ အပိုင်းသစ်ထွက်ရှိမှာပါ   မင်းသားမင်းသမီးကတော့ အားလုံးသိကြတဲ့   Along with the god တို့ Triple တို့ထဲက မင်းသားကြီး Lee Jung Jae နဲ့   Oh My Venus တို့ My Girlfriend is Gumiho စတဲ့   ဇာတ်ကားတွေမှာ ပါဝင်ခဲ့ Shin Min-A တို့ပဲဖြစ်ပါတယ်   ဂျန်ထယ်ဂျွန်က ကိုရီးယားရဲတက္ကသိုလ်က ဘွဲ့ရခဲ့ပြီး စုံထောက်အဖြစ်လုပ်ကိုင်ခဲ့ပါတယ်   သူက ပိုပြီး အာဏာရချင်တဲ့အတွက် အမျိုးသားလွှတ်တော်မှာ   အလုပ်လုပ်ဖို့ဆုံးဖြတ်လိုက်ပြီးနောက်မှာတော့ လွှတ်တော်ကိုယ်စားလှယ်   ဆုန်းဟီဆော့အတွက် အလုပ်လုပ်ပေးရတဲ့   အလုပ်သမားခေါင်းဆောင်တစ်ယောက်ဖြစ်လာခဲ့ပါတယ်   သူက ထက်မြက်ပြီး ဆုံးဖြတ်ချက်တွေကို   အေးအေးဆေးဆေးချနိုင်တဲ့ လူတစ်ယောက်ပါ   အနိုင်လိုချင်စိတ်လဲ ပြင်းပြသူတစ်ဦးဖြစ်ပါတယ်   သူ့မှာ လွှတ်တော်ကိုစားလှယ်ဖြစ်လာချင်တဲ့ ရည်မှန်းချက်ကြီးလဲ ရှိနေပါတယ်   ဂန်ဆွန်ယောင်းကလည်း ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်   တစ်ယောက်ဖြစ်ပြီး ...
8.2
TMDb: 8.2/10 3 votes
tv

Chief of Staff (2019)

2019
My Absolute Boyfriend (2019)
My Absolute Boyfriend (2019)  အိုက်ဒေါလ်တစ်ယောက်နဲ့ချစ်ရတဲ့ဒုက္ခကိုသင်ခံစားဖူးပါသလားအရမ်းပျော်ရွှင်ရမယ်ပဲတွေးမိကြမှာနော်ဒါပေမယ့် ကန့်လန့်ကာရှေ့မထွက်ရတဲ့နာကျင်မှုကိုသိမှာလားအဲ့လိုမျိုးနှစ်တွေအကြာကြီးတွဲလာပြီး ဘာမှပြန်မရတဲ့ခံစားချက်မျိုးအဲ့ကောင်မလေးရဲ့နာကျင်မှုကို ကိုယ်တို့ခံစားတတ်မှာမဟုတ်အဲ့လိုနာကျင်မှုတွေခါးစည်းခံပြီး ပြတ်တောက်ခဲ့ချိန်မှာသူ့အတွက်ကံကောင်းခြင်းလို့ဆိုမလားကံတရားရဲ့ဖေးမမှုနဲ့ လူသားနဲ့အတူညီဆုံးစက်ရုပ်တစ်ရုပ်ရောက်လာတဲ့အခါ... တစ်လောလေးကမှ My Crowned crown ကားနဲ့အရမ်းသည်းသည်းလှုပ်ခံနေရတဲ့Asian's brother လေး ယိုဂျင်ဂူးလေးရယ် Moon loverထဲကအကျင့်ပုတ်တဲ့အစ်ကိုကြီးလုပ်သွားတဲ့ ဟွန်းဂျွန်းဟွန်းရယ် မင်းသမီးလေးက Beautiful Gong shim ထဲကချစ်စရာမင်းသမီးလေးဘန်မင်အာရယ်ပါဝင်ထားတာပါ အပတ်စဉ်တိုင်း ဗုဒ္ဓဟူး ကြာသပတေးညတွေမှာပြသမှာမို့ စောင့်ကြည့်ပေးကြပါဦးဗျို့။  ProfileDrama: My Absolute Boyfriend Revised romanization: Jeoldae Geui Hangul: 절대 그이 Director: Jung Jung-Hwa Writer: Yuu Watase (manga), Yang Hyuk-Moon Network: SBS Episodes:20 Release Date: May 15, 2019 -- Runtime: Wed. & Thu. 22:00 (35 minutes / 2 episodes ...

My Absolute Boyfriend (2019)

2019
Angel’s Last Mission: Love (2019)[စ/ဆုံး] 8.8
Angel’s Last Mission: Love (2019)[စ/ဆုံး] Angel's Last Mission: Love (2019)[စ/ဆုံး] CM Fan တွေ အတွက် အသစ်ထွက် ကိုရီးယား ဒရာမာ စီးရီးလေး တစ်ခုနဲ့ မိတ်ဆက်ပေးချင်ပါတယ်... ရယ်လဲ ရယ်ရတယ် ချစ်ဖို့လဲ ကောင်းတဲ့ ဇတ်လမ်းမျိုးပါပဲ နာမည်ကတော့ Angel's Last Mission : Love ပါတဲ့ ဒန် ဆိုတဲ့ နတ်သားလေးဟာ လူ့ပြည်မှာ ခွေးလေး ကြောင်လေးတွေ သေရင် နတ်ပြည်ကို ပို့ဆောင်ပေးရတဲ့ တာဝန်ကို ထမ်းဆောင်နေတာပါ သူ့ တာဝန် အရ လစ်မစ် ပြည့်ခဲ့ရင် အထက်နန်း ဘုံဆောင်ကို ၀င်ခွင့်ရမှာပါ နတ်သား စစ်စစ် မဖြစ်ခင် ထမ်းဆောင်ရမယ့် တာဝန်တွေကိုတော့ တိတိ ကျကျ  ထမ်းဆောင်ရပါတယ် လူသားတွေ ကို မထိရပါဘူး မကူညီရသလို နှောက်ယှက်လို့လဲ မရပါဘူး... ဒါပေမဲ့ တစ်ရက်မှာတော့ ကားမှောက်ပြီး သေမလိုဖြစ်နေတဲ့ ကောင်မလေး တစ်ယောက်ကို နတ်သားဒန် ကယ်ခဲ့မိတယ်.. လူသား နဲ့ ထိတွေ့မိလို့ နတ်သား ဘ၀ ကရော ...
8.8
TMDb: 8.8/10 75,562 votes
tv

Angel’s Last Mission: Love (2019)[စ/ဆုံး]

2019
Perfume (2019)[ စ /ဆုံး ] 8
Perfume (2019)[ စ /ဆုံး ] Perfume (2019)[ စ /ဆုံး ]*****************************Perfume ဒီတစ်ခေါက်တင်ဆက်ပေးမှာကတော့Perfume ဆိုတဲ့ ongoing series အသစ်လေးပဲဖြစ်ပါတယ်ဒီဇာတ်လမ်းလေးကတော့ June လ 3 ရက်နေ့က KBS2 Channel ကနေထုတ်လွှင့်ပြသခဲ့တာပါCast တွေအနေနဲ့ကတော့ စောအီဒို အဖြစ် Shin Sung-rok (The Last Empress)မင်ယယ်ရင် အဖြစ် Ko Won-hee (Your House Helper)ဟန်ဂျီနာ အဖြစ် Cha Ye-ryunယွန်းမင်ဆော့ အဖြစ် Kim Min-kyu တို့ကပါဝင်သရုပ်ဆောင်ထားပါတယ်ဇာတ်လမ်းအကျဉ်းကတော့ မင်ဂျယ်ဟီးဟာအိမ်ထောင်ရှင်မတစ်ယောက်ဖြစ်ပြီးအဝလွန်နေတဲ့သူတစ်ယောက်ပါသူမဟာ ယောက်ျားဖြစ်သူရဲ့ ပစ်ပယ်မှုသမီးဖြစ်သူရဲ့ ဂရုမစိုက်မှုရယ်ကြောင့် ကိုယ့်ကိုကိုယ်ယုံကြည်မှုကင်းမဲ့ပြီးသတ်သေဖို့ကြိုးစားခဲ့ပါတယ် ဒါပေမဲ့မအောင်မြင်ခဲ့ပဲ နောက်ဆုံးမှာထူးဆန်းတဲ့ရေမွှေးပုလင်းတစ်ခုကြောင့် သူမရဲ့ ငယ်ဘဝက ပုံစံကို ပြန်လည်ရရှိခဲ့ပြီးမင်ယယ်ရင်အဖြစ်နေထိုင်ခဲ့ပါတယ် စောအီဒိုကတော့ အောင်မြင်ကျော်ကြားတဲ့ဒီဇိုင်နာတစ်ဦးဖြစ်ပြီး သူ့ကိုယ်သူ အထင်ကြီးလွန်းတဲ့သူတစ်ယောက်ပါတစ်ရက်မှာ စောအီဒိုရဲ့ ဖက်ရှင်ရှိုးပွဲမှာ အဓိကမော်ဒယ်ရုတ်တရက်ဆေးရုံတက်လိုက်ရတဲ့အတွက် မော်ဒယ်အစားထိုးဖို့လိုလာခဲ့ပါတယ်အဲ့အချိန်မှာ ပွဲကိုရောက်နေတဲ့ မင်ဂျယ်ဟီးကို မော်ဒယ်အစားထိုးထည့်ခဲ့ပါတယ်အဲ့လိုနဲ့မင်ဂျယ်ဟီးက ...
8
TMDb: 8/10 1 votes
tv

Perfume (2019)[ စ /ဆုံး ]

2019
The Rising of The Shield Hero (season 01) 8.3
The Rising of The Shield Hero (season 01) ဆယ်ကျော်သက်ကျောင်းသားIwatani Naofumiဟာ အပြိုင်စကြ၀ဠာကိုအခြားလူ၃ယောက်နဲ့အတူ သူရဲကောင်းတွေဖြစ်လာဖို့အတွက် ဆင့်ခေါ်ခြင်းခံခဲ့ရပါတယ် သူတို့လေးယောက်စလုံးဟာသက်ဆိုင်ရာဒဏ္ဍာရီဝင်လက်နက်တစ်ခုစီကိုရရှိခဲ့ပြီး Iwatani Naofumiကတော့ဒိုင်းကာကိုလက်နက်အနေနဲ့ရရှိခဲ့ပါတယ် အပြင်လောကရဲ့အတွေ့အကြုံနည်းပါးမှုနဲ့သြဇာကင်းမဲ့မှုတို့ကြောင့် သူရဲကောင်း၎ယောက်ထဲမှာ အားအနည်းဆုံးအဖြစ်သတ်မှတ်ခံခဲ့ရပါတယ် အစ၃ရက်မှာတင်သစ္စာဖောက်ခံရ၊ မှားပြီးအစွပ်စွဲခံရတဲ့အပြင်ပစ္စည်းလုတာပါခံခဲ့ရပြီး ဘုရင်ကအစ ကျွန်အဆုံးရဲ့မသတီခြင်းကိုပါခံခဲ့ရပါတယ် အဲ့လိုကိစ္စတွေကြောင့်Iwatani Naofumiအတွက်တော့ လက်စားချေလိုစိတ်နဲ့အမုန်းတရားကလွဲပြီးမရှိတော့ပါဘူး သူရဲ့အပြိုင်ကမ္ဘာစွန့်စားခန်းကဘယ်လိုဖြစ်သွားမလဲဆိုတာကို ကြည့်နိုင်ပါပြီ (ဘာသာပြန်ပေးထားတာတော့ DrNyanပဲဖြစ်ပါတယ်) File Size : (170MB) Quality : 720p Running Time : 24min Format : Mp4 Genre : Animation,Adventure,Action Subtitle : Myanmar Subtitle (Hard Sub) Source : 1080p(horriblesubs) Translated by DrNyan Encoded by sithu Episode 01 - Gdrive / Openload / Megaup Episode 02 - Gdrive / Openload / Megaup Episode 03 - Gdrive / Openload / Megaup Episode 04 - Gdrive / Openload / Megaup Episode 05- ...
8.3
TMDb: 8.3/10 27 votes
tv

The Rising of The Shield Hero (season 01)

2019
Abyss (2019) 8.10
Abyss (2019) ဒီတစ်ခေါက် CM ပရိတ်သတ်တွေအတွက် တင်ဆက်ပေးမဲ့ ongoing series လေးကတော့ `Abyss´ ဆိုတဲ့ series လေးပဲဖြစ်ပါတယ် အဓိက မင်းသားကတော့ thirty but seventeen ထဲက ယူချန်း (Ahn Hyo Seop) လေးပါနော် မင်းသမီးကတော့ strong woman Do Bong Soon ထဲက ပရိတ်သတ်အချစ်တော် ဘုံဘုံ (Park Bo Young) လေးပါ ဇာတ်လမ်းလေးကတော့ သဘာလွန်ပုံစံလေးပါ သေပြီးနောက်တစ်ဖန် ခန္ဓာအသစ်နဲ့ပြန်လည်ရပ်တည်ခွင့်ရတဲ့ ကောင်လေးတစ်ယောက်နဲ့ ကောင်မလေးတစ်ယောက် အကြောင်းပါ ချာမင်ဟာ ကိုရီးယား ထိပ်တန်း အလှကုန် ကုပ္မဏီတစ်ခုရဲ့ ဆက်ခံသူဖြစ်ပေမဲ့ သူ့ရဲ့ရုပ်ရည်နဲ့ပက်သက်ပြီး အမြဲတမ်း စိတ်ဓာတ်ကျအားငယ်နေတတ်သူပါ သူငယ်ချင်းဂိုစဲယွန်းကမိတ်ဆက်ပေးတဲ့ ကောင်မလေးတစ်ယောက်နဲ့တွဲပြီး လက်ထပ်ဖို့လုပ်ခဲ့ပေမဲ့ ကောင်မလေးက ပစ်သွားခဲ့ပါတယ် အဲ့အတွက် စိတ်ဓာတ်ကျပြီး သေကြောင်းကြံရာကနေ မတော်တဆဖြစ်ပြီး တကယ်သေသွားခဲ့ပါတယ် ဒါပေမဲ့ စိတ်ဝိဥာဉ်ဖန်လုံးကြောင့် အသက်ပြန်ရှင်လာပြီး ရုပ်ရည်ကလဲ အရင်နဲ့မတူပဲ ချောမောတဲ့ ကောင်လေးတစ်ယောက်ဖြစ်သွားခဲ့ပါတယ် ဂိုစဲယွန်းကတော့ လှပတဲ့ အမှုစစ်ရှေ့နေတစ်ယောက်ဖြစ်ပါတယ် ဒါပေမဲ့ သူဟာ အသတ်ခံခဲ့ရပါတယ် ဂိုစဲယွန်းရဲ့ ဇပနကို ချာမင်ရောက်လာခဲ့ပြီး စိတ်ဝိဥာဉ်ဖန်လုံးနဲ့ ဂိုစဲယွန်းကို အသက်ပြန်သွင်းဖို့ ကြိုးစားခဲ့ပါတယ် အဲ့အချိန်မှာပဲ ဂိုစဲယွန်းက ခန္ဓာအသစ်တစ်ခုနဲ့ ...
8.10
TMDb: 8.10/10 votes
tv

Abyss (2019)

2019
Warrior (2019) {Complete} 8.3
Warrior (2019) {Complete} CM Fan တွေ အတွက် အကြမ်းစား Action Series တစ်ခု တင်ဆက်ပေးလိုက်ပါတယ်... ဟာ အပိုင်းရှည်တွေ မကြည့်ချင်ဘူးလေ ဆိုသူတွေ ကြည့်ချင်လောက်တဲ့ ၁၀ ပိုင်းထဲ နဲ့ အပြီးပါ... ဇတ်လမ်းကတော့ အားစမ်း ဆိုတဲ့ ဖြူဖြူပျော့ပျော့ တရုတ်လေး တစ်ယောက် တရုတ်အလုပ်ကြမ်းသမားတွေ နဲ့ အတူ လှေကြီးတစ်စင်း နဲ့ ဆန်ဖရစ်စစ်စကို ကို ရောက်လာတဲ့ အချိန်က စတယ် ပြောရမှာပဲ တစ်ခြား အလုပ်ကြမ်းသမားတွေ နဲ့ မတူတာက သူက အလုပ်ကြမ်း လုပ်ဖို့ လာတာမဟုတ်ပဲ လူတစ်ယောက်ကို လာရှာတာပါ သူ့အနေနဲ့ ဒီမြို့ ရဲ့ တရုတ်တန်းကို ရောက်ဖို့ လိုနေပါတယ်... သိတဲ့ အတိုင်း အဖြူကောင်တွေက တရုတ်တွေကို နှိမ်တဲ့ အတွက် သင်္ဘောဆိပ်မှာတင် အရာရှိ ၃ ယောက်ကို ၀င်းချွန်း သိုင်း နဲ့ အမှောက်ချလိုက်ပါတယ်... IP Man ကြည့်ဖူးတဲ့သူတွေဆို ၀င်းချွန်းသိုင်းကိုသိမှာပါ ဒီတရုတ်လေးက နယ်နယ်ရရ တော့ မဖြစ်နိုင်ဘူး အလုပ်သမားခေါင်း က အားစမ်း ...
8.3
TMDb: 8.3/10 5,087 votes
tv

Warrior (2019) {Complete}

2019
Traitors(2019)[ စ / ဆုံး] 6.5
Traitors(2019)[ စ / ဆုံး] Traitors(2019)ဇာတ်လမ်းတွဲ SEASON (1) စ/ဆုံးIMDb...6.5,,,, Rotten...67%Traitors ကတော့ Netflix ကထုတ်လိုက်တဲ့ ၂၀၁၉ ထွက် Series လေးပါ။စပိုင်ဇာတ်လမ်းကြိုက်သူတွေ အကြိုက်တွေ့မှာ သေချာပါတယ်။ IMDB Rating 6.5 ရရှိထားပြီးဇာတ်လမ်းအေးမယောင်နဲ့ ဆွဲဆောင်မှုရှိတဲ့ Series တစ်ခုပါပဲ။ ဇာတ်ကားနာမည်ကိုက သစ္စာဖောက်တွေဆိုတဲ့အတိုင်း တစ်ယောက်ကိုတစ်ယောက်၊ တစ်ဖက်ကို တစ်ဖက်သစ္စာဖောက်တာကို Plot Twist လှလှလေးတွေနဲ့တွေ့ရမှာပါ။ဇာတ်လမ်းအကျဉ်းကတော့ ဒုတိယကမ္ဘာစစ်ကြီး ပြီးခါစ စစ်အေးတိုက်ပွဲအစလို့ ပြောလို့ရတဲ့အချိန် Fiona Symond လို့ခေါ်တဲ့ အင်္ဂလိပ်မလေးတစ်ယောက်ကို အမေရိကန်ထောက်လှမ်းရေးအဖွဲ့က အေးဂျင့်တစ်ယောက်အနေနဲ့ ရုရှားသူလျှိုကို ရှာဖွေခိုင်းပါတယ်။ ဒါပေမဲ့ စပိုင်လုပ်ငန်းဆိုတာ ဘယ်သူ့ကိုမှ ယုံလို့မရဘူးဆိုတာ Fiona တစ်ယောက်သိသွားချိန်မှာတော့ ထွက်ရခက်တဲ့ ကစားပွဲထဲကို သူရောက်နေတာကိုတွေ့သွားပြီးတော့ အဲဒီကစားပွဲမှာ သူဘယ်လိုပါဝင်ပြီး ကစားသွားလဲဆိုတာကို ကြည့်ရမှာပါ။ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်သူများကတော့ Thura Zarni ...
6.5
TMDb: 6.5/10 4 votes
tv

Traitors(2019)[ စ / ဆုံး]

2019
The Society(2019) 6.4
The Society(2019) The Society(2019) ဇာတ်လမ်းတွဲစ/ဆုံး Netflix Original Series တစ်ခုဖြစ်ပါတယ် Young Adult ကားပေမယ့် Misery ဖြစ်သလို Twist and turn တွေနဲ့မလို့ တကယ်လည်း Dark ဖြစ်တယ်လို့ပြောလို့ရပါတယ် West Ham လို့ခေါ်တဲ့နယ်မြို့လေးတစ်ခုမှာ ဘယ်ကရောက်လာမှန်းမသိတဲ့ အနံ့အသက်ဆိုးကြီးတစ်ခုက မြို့ခံလူထုကို အနှောင့်အယှက်ပေးလို့နေပါတော့တယ် မြို့နယ်တာဝန်ရှိသူတွေကဖယ်ရှားဖို့လုံးပန်းကြပေမယ့် မအောင်မြင်တဲ့အခြေအနေပါ အဲ့ဒီအချိန်မှာပဲ အဲ့မြို့က အထက်တန်းကျောင်းသားကျောင်းသူတွေအားလုံး လေ့လာရေးခရီးထွက်ဖို့ဖြစ်လာပါတယ် ရာသီဥတုကြောင့် ခရီးစဉ်ဖျက်သိမ်းပြီး မြို့ကိုပြန်ရောက်လာတဲ့အချိန်မှာတော့ အနံ့ဆိုးကြီးပျောက်သွားတာကို တွေ့ရပါတယ် ဒါပေမယ့် အဲ့အနံ့ဆိုးကြီးတင်မကပါဘူး သူတို့ရဲ့မိဘမောင်နှမအကုန် မြို့လေးကနေပျောက်ချင်းမလှ ပျောက်သွားကြတာပဲဖြစ်ပါတယ် မိဘစီးပွားရေးအခြေအနေ ကြီးပြင်းလာတဲ့အသိုင်းအဝိုင်းအမျိုးမျိုးအထွေထွေနဲ့ သူတို့တစ်တွေ ဒီလိုအခြေအနေကို ဘယ်လိုရင်ဆိုင်ဖြေရှင်းကြလဲဆိုတာကိုတော့ ကြည့်ရှုခံစားလိုက်ပါဦး IMDB 8/10 တောင်ရရှိထားပါတယ်  ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်သူကတော့ May Myat Thu  ပဲဖြစ်ပါတယ်...Quality – 720p  WEB-DLDuration – 60min (@Episode)Subtitle – Myanmar HardsubFormat – Mp4Genre :  Drama, Mystery, Sci-FiTranslator ...
6.4
TMDb: 6.4/10 23 votes
tv

The Society(2019)

2019
Delhi Crime(2019) 8.7
Delhi Crime(2019) Delhi Crime(2019) Imdb: 8.7 Rotten Tomatoes: 100% ရုပ်ရှင်တစ်ခုဖန်တီးရာမှာ အတွင်းယုတ္တိ အပြင်ယုတ္တိဆိုပြီးရှိတယ်လို့ပြောတာကြားဖူးတယ်... အတွင်းယုတ္တိသည် ဇာတ်လမ်းဖန်တီးသူရဲ့ စိတ်ကြိုက်ဖန်တီးခွင့်ရှိပြီး အပြင်မှာ တကယ်ရှိစရာ၊ဖြစ်တည်နေစရာမလိုဘူး... ဥပမာပြောရရင် Marval ,DC ဘာညာ...ပြောရရင်ဒီလိုကားတွေက ဖျော်ဖြေမှုအပေး နိုင်ဆုံးလို့ပြောလို့ရသလို လူကြိုက်လည်းများကြပါတယ်... အပြင်ယုတ္တိကတော့ ကျွန်တော့်လက်ရှိနေထိုင်တဲ့လောကကြီးရဲ့ လူတွေပတ်ဝန်းကျင်တွေအကြောင်းပါပဲ... ဒါကတော့ ဖြစ်ရိုးဖြစ်စဉ်တွေတွေ လက်တွေ့ဘ၀တွေထက် လွန်ဆန်လို့မရပါဘူး...အထူးသဖြင့် ဖြစ်ရပ်မှန်ဇာတ်ကားတွေပေါ့... ဒါတွေအားလုံးက ကျော်ထွက်မသွားအောင်ရိုက်ရတဲ့အပြင် မူလအဖြစ်တွေကလည်း သွေဖီမသွားအောင်ရိုက်ရလေတော့ ကြည့်ရတာအီသွားတတ်ပါတယ်... ဒါပေမယ့် Delhi Crime ဇာတ်လမ်းတွဲကတော့ ဖြစ်ရပ်မှန် မှုခင်း ဇာတ်လမ်းတွဲဖြစ်ပေမယ့် အပိုင်းတိုင်းကိုဆွဲဆောင်မှုရှိသလို ကြည့်ရတာ တကယ့်ကိုစိတ်လှုပ်ရှားဖွယ်ကောင်းပါတယ်.... ဒီဖြစ်ရပ်မှန်ဇာတ်လမ်းတွဲဟာ 2012 ရဲ့ ဒီဇင်ဘာလ အိန္ဒိယမှာ ဖြစ်ပျက်ခဲ့တဲ့ အဆိုးရွားဆုံးမှုခင်းဖြစ်ရပ်တစ်ခုအကြောင်းကိုရိုက်ကူး ထားတာပါ.. ..ဒီအမှုကတော့ ကောင်မလေးတစ်ယောက်နဲ့ ကောင်လေးတစ်ယောက်တို့ရုပ်ရှင်ကြည့်ပြီး အပြန် Bus ကားနဲ့ပြန်ခဲ့တယ်... ဒီမှာ ကားပေါ်ပါလာတဲ့ လူ ၆ယောက်ရှိပြီး ဒီလူအကုန်လုံးက ယုတ်မာအပက်စက်ဆုံး ယောင်္ကျားလေးတွေဖြစ်နေတာတော့ ရုပ်ရှင်ကြည့်ပြန်လာတဲ့ ကောင်လေးနဲ့ကောင်မလေးတွေအတွက် တကယ့်ရင်နင့်ဖွယ်ရာပါပဲ.... မိန်းကလေးက မုဒိန်းကျင့်ခံခဲ့ရတဲ့အပြင် သူမတို့ ၂ယောက်လုံးဟာ သံချောင်းနဲ့ထိုး၊အတွင်းကလီစာတွေပါ ဆွဲထုတ်တဲ့အထိ လူမဆန်စွာ ပြုမူခြင်းခံခဲ့ရပါတယ်.... ဒီအကြောင်းကို ရဲတွေစုံစမ်းတဲ့အကြောင်းကိုရိုက်ပြထားတာပါ... အဲ့ဒီခေတ်က အကျင့်ပျက်နေတဲ့ရဲတွေ၊ ပြည်သူအကျိုးပြုတဲ့ ရဲတွေ၊ စရိုက်ခပ်ကျကျပတ်ဝန်းကျင်တွေ၊ ကူညီတတ်တဲ့လူသားတွေ ၊ စတဲ့ အကြောင်းတွေကို သဘာဝကျတဲ့ အပြောအဆိုအပြုအမူတွေနဲ့ ရိုက်ပြထားတာဖြစ်ပါတယ်... ကိုင်း...စုံထောက်မှုခင်းကားကြိုက်သူတို့အဖို့ တစ်ပိုင်းလောက်တော့မြည်းစမ်း စေချင်တယ်.... တကယ့်ကိုကောင်းတဲ့စီးရီးဖြစ်လို့ ကြည့်ရှုရင်း ကိုယ်တိုင် စုံစမ်းထောက်လှမ်းကြည့်ရအောင်.... SE 1 ထွက်လာပြီး ...
8.7
TMDb: 8.7/10 5 votes
tv

Delhi Crime(2019)

2019
Chernobyl (2019) [COMPLETE] 8
Chernobyl (2019) [COMPLETE] လူတစ်သိန်းလောက်ရဲ့ vote နဲ့ Imdb မှာ 9.7 ရပါတယ်လို့ ပြောရင် ဆက်ညွှန်းစရာမလိုဘဲတောင် ကြည့်ချင်ကြမယ်ထင်ပါတယ်။ဒါပေမယ့် နည်းနည်းလေး လျှာထပ်ရှည်ပါရစေ။ဒီစီးရီးကို HBO က ပြသခဲ့ပြီး အပိုင်း ၅ ပိုင်းပါဝင်မှာဖြစ်ပါတယ်။ HBO ရဲ့ အအောင်မြင်ဆုံးစီးရီးတွေထဲက တစ်ခုပါပဲ။၁၉၈၆ ဧပရယ်လမှာ ဆိုဗီယက်ပြည်ထောင်စု၊ ယူကရိန်း နဲ့ ဘီလာရုစ် နယ်မြေကြား ချာနိုဘယ်မှာဖြစ်ခဲ့တဲ့ ကမ္ဘာကျော် အနုမြူဓာတ်အားပေးစက်ရုံ ပေါက်ကွဲမှုအကြောင်း ဖြစ်ရပ်မှန်ကို အခြေခံပြီး တင်ဆင်ထားတာပါ။ဒီကပ်ဆိုးကို ထိန်းသိမ်းဖို့ ရူဘယ် ၁၈ ဘီလီယံကျော်ကုန်ကျခဲ့ပြီး လူသိန်းနဲ့ချီပြီး လုပ်ကိုင်ခဲ့ရတာပါ။အမေရိကန် နဲ့ အားပြိုင်နေချိန်မှာ ဖြစ်ခဲ့တဲ့ အဖြစ်ဆိုးဖြစ်တဲ့အတွက် တရားဝင်ကြေညာတဲ့ အသေအပျောက်စာရင်းဟာ အတော်ကိုလျှော့ပေါ့ထားမယ့်ပုံပေါ်ပါတယ်။သမိုင်းရဲ့အကြီးဆုံးအနုမြူကပ်ဘေးကို ကျော်လွှားဖို့ ပါဝင်ခဲ့ကြတဲ့ သူရဲကောင်းတွေအကြောင်းကို အဓိက ဇာတ်ကောင် သိပံ္ပပညာရှင်နှစ်ယောက်ကို အခြေတည်ပြီး ရိုက်ကူးပြထားပါတယ်။...
8
TMDb: 8/10 111 votes
tv

Chernobyl (2019) [COMPLETE]

2019
Black Summer (2019) 5.7
Black Summer (2019) ဇာတ်လမ်းအကျဉ်းဒီကားမှာတော့ စစခြင်း ဘာဖြစ်တာမှန်း မသိအောင် ရိုက်ထားပါတယ်။ရောဂါလား ရေဒီရို ဓါတ်သင့်တာလား Government project လားဝေခွဲ လို့မရအောင် အစပျိုးထားပါတယ်။မြို့သေးသေးလေးမှာ မို့ Zombie တွေကို အပြွတ်လိုက်မမြင်ရပေမဲ့တွေ့ဖူးသမျှ Zombie တွေထဲမှာ ဥာဏ်တော်တော်ရှိပြီး အားသန်တာတွေ ပါပါတယ်။ပထမဆုံး ဇာတ်ကောင် Rose ရဲ့ အကြောင်းကို Rose ဆိုပြီး ကဏ္ဍ ခွဲပြီးရှင်းပြတာကိုထူးဆန်းစွာတွေ့ရမှာပါသူ့သမီးရယ် သူ့ယောကျာ်းရယ်နဲ့ အန္တရာယ် ကင်းတဲ့နေရာ ကို ထွက်ပြေးမဲ့ အချိန်မှာမထင်မှတ်တဲ့ ကိစ္စကြောင့် သူ့သမီးလေးနဲ့သူ ကွဲရသလိုသူ့ယောကျာ်းလဲ Zombie ဖြစ်သွားခဲ့တယ်။zombie တွေဟာ တကောင်နဲ့တကောင် ကိုက်တာက မဟုတ်ပဲသေဆုံးရင်လဲ Zombie ဖြစ်တာကို ကြည့်ခြင်းအားဖြင့်ရေဒီယို ဓါတ်သင့်တာ ဖြစ်နိုင်တယ်လို့ပိုထင်ပါတယ်။...
5.7
TMDb: 5.7/10 43 votes
tv

Black Summer (2019)

2019
Doom Patrol Season 1 (2019) 4
Doom Patrol Season 1 (2019) Doom Patrol Season 1 (2019) DCUရဲ့ Superheroes seriesပါ။Titans seriesတစ်ပိုင်းမှာပါဝင်ထားပြီးသားဖြစ်ပါတယ်။ဒီလူတွေကို Team တစ်ခုအနေနနဲ့ထွက်လာဖို့မျှော်လင့်ခဲ့တာအခုတော့ မျှော်လင့်ချက်ပြည့်ခဲ့ပါပြီ...ရူးသွပ်တဲ့သိပ္ပံပညာရှင်တစ်ယောက်ရဲ့ဖန်တီးမှုတွေကနေ ပေါ်ထွက်လာတဲ့စွမ်းအားရှင်လူသားအဖွဲ့တစ်ဖွဲ့ပဲဖြစ်ပါတယ်။အဖွဲ့ဝင်တစ်ယောက်စီမှာ ချို့ယွင်းချင်ကိုယ်စီရှိကြသလို ဇာတ်လမ်းကိုယ်စီနဲ့ပါ။မတော်တဆမှုတစ်ခုကျောက် ပြစ်ချွဲချွဲမိစ္ဆာတစ်ကောင်အဖြစ်ပြောင်းသွားတဲ့1950ခုနှစ်ကမင်းသမီး Rita Farrကားမှောက်ရာကနေ ဦးနှောက်တစ်ခုပဲအကောင်းအတိုင်းရှင်ကျန်ရစ်ရာကနေChiefရဲ့ကူညီမှုကြောင့် Robotmanဖြစ်သွားတဲ့ Cliffအာကာသယာဉ်မတော်တဆမှုကြောင့် Negative Manဖြစ်သွားရတဲ့ Larryလူတစ်ကိုယ်တည်းနဲ့စိတ်အမျိုးမျိုးဖြစ်နေတဲ့ Crazy Jameနဲ့ Cyborgတို့ပါဝင်မှာဖြစ်ပါတယ်။ယခုတစ်ပတ်အပိုင်းမှာတော့ Cyborgမပါသေးပါဘူး။လူတွေနဲ့ဝေးရာအရပ်မှာနေထိုင်ရင်းနဲ့ တစ်နေ့မှာ သူတို့ရဲ့ခေါင်းဆောင်မရှိတုန်းအပြင်လောကကြီး ထွက်လည်လိုက်ရာကနေပြဿနာတွေကိုဖိတ်ခေါ်လိုက်သလိုဖြစ်သွားခဲ့ပါတော့တယ်။ Translator : Ye Man AungEncoder : May Pyae Sone Oo Episode - 1 GDrive / Openload / SolidDrive ...
4
TMDb: 4/10 2 votes
tv

Doom Patrol Season 1 (2019)

2019