Channel Myanmar

2021

Debris (2021) Season 1 7.1
Debris (2021) Season 1   Supernatural တို့ X-File တို့လိုမျိုး အဓိကဇာတ်ကောင်နှစ်ယောက်က ထူးခြားဆန်းကြယ်တဲ့အမှုတွေကို စိတ်ဝင်စားစရာရင်တမမနဲ့ ဖြေရှင်းတာမျိုး ကြည့်ချင်တယ်ဆိုရင်တော့ဒီ စီးရီးလေးက သင့်အတွက်ပဲ ဖြစ်ပါတယ်။ Season 1 မှာတော့အပိုင်း ၁၃ ပိုင်း ပါဝင်ထားတာကို တွေ့ရှိရမှာပါ။ သူကတော့နတ်ဆိုး မိစ္ဆာ သူရဲအကောင်ပလောင်တွေလို မဟုတ်ဘဲအာကာသယာဉ်ပျံ အပိုင်းအစကြောင့် ထူးခြားတဲ့စွမ်းအားတွေနဲ့လူတွေ ဒုက္ခရောက်ကြပုံတွေ လောဘတွေ ပြဿနာတွေအမှုတွေကို တင်ဆက်ပြသပေးထားတာပါ။ ဇာတ်လမ်းအကျဉ်းလေးကတော့ ကမ္ဘာပေါ်က ပညာရှင်တွေကဂြိုလ်သားယာဉ်ပျံတစ်စီးကို လွန်ခဲ့တဲ့ ၃ နှစ်တုန်းကတွေ့ရှိခဲ့ကြပါတယ်။ ဒါပေမဲ့ လွန်ခဲ့တဲ့ ၆ လမှာတော့ အဲဒီယာဉ်ပျံက အပိုင်းအစအနတွေဟာ ကမ္ဘာမြေပေါ် ပြုတ်ကျလာပါတယ် အဲဒါကို Debris တွေလို့ ခေါ်ပြီး ခေါင်းစီးနာမည်ကဒါကို ပေးထားတာ ဖြစ်ပါတယ်။ သူက သာမန်ပြုတ်ကျလာရင်တော့ ကိစ္စမရှိဘူးပေါ့ ဒါပေမဲ့ ဒါက နေရာအနှံ့အပြား ပြုတ်ကျလာတဲ့အပြင် တစ်ခုချင်းစီတွေက ထူးခြားတဲ့ စွမ်းအားတွေရှိနေတာပဲ ဖြစ်ပါတယ် ...
7.1
TMDb: 7.1/10 120 votes
tv

Debris (2021) Season 1

2021
Fantasy Island – Season (01),(02) 6.122
Fantasy Island – Season (01),(02) Fantasy Island - Season (01),(02) ======================= IMDb Rating - 6.2/10အခု Fantasy Island (2021) ဇာတ်လမ်းတွဲဟာ ၁၉၉၇ ခုနှစ်က ထွက်ရှိခဲ့တဲ့ Fantasy Island ဇာတ်လမ်းတွဲရဲ့ တိုက်ရိုက်အဆက်ဖြစ်သလို ၂၀၂၀ ခုနှစ်က ထွက်ရှိခဲ့တဲ့ Fantasy Island ရုပ်ရှင်ရဲ့ အဆက်လည်းဖြစ်ပါတယ်။ ၂၀၂၀ ခုနှစ်တုန်းက ထွက်ရှိခဲ့တဲ့ ရုပ်ရှင်ဟာဆိုရင် Horror/ Thriller ပုံစံမျိုးသွားခဲ့ပေမယ့် အခု ဇာတ်လမ်းတွဲ ကတော့ Fantasy/Drama အမျိုးအစားမျိုးဖြစ်နေပါတယ်။ စိတ်ကူး ယဉ်ကျွန်းဆိုတဲ့ ကျွန်းကြီးတစ်ကျွန်းပေါ်မှာ ဖြစ်ပျက်နေတဲ့ အကြောင်းအရာတွေကို တစ်ပိုင်းချင်းစီမှာ မတူညီတဲ့ရသ တင်ဆက်ပုံတွေနဲ့ အပိုင်းလိုက် တင်ဆက်ထားပါတယ်။အပိုင်း (၁) မှာတော့ အစားအသောက်ကို စားချင်ပေမယ့် ဝိတ်ချဖို့မစားနိုင်ဘူးဖြစ်နေတဲ့ တင်ဆက်သူ ခရစ္စတင်း ကောလင်းရယ်၊ မဲလ်အကူဒါနဲ့ ရူဘီအကူဒါဆိုတဲ့ အဘိုးကြီး အဘွားကြီးစုံတွဲရယ် စိတ်ကူးယဉ်ကျွန်းပေါ်ကို ရောက်လာခဲ့ ပါတယ်။ ရူဘီဟာဆိုရင် ကင်ဆာရောဂါနဲ့သေခါနီးဖြစ်နေတာမို့ နောက်ဆုံးအနေနဲ့ ‌ပျော်ပါးနိုင်ဖို့ ဒီကျွန်းကိုရောက်လာခဲ့တာပါ။ အကြောင်းကိစ္စအသီးသီးနဲ့ ရောက်လာကြတဲ့ သူတို့ ၃ ယောက်ရဲ့ ဘဝတွေကို ဆန်းကြယ်မှုတွေ ပြည့်နှက်နေတဲ့ကျွန်းကြီးက ...
6.122
TMDb: 6.122/10 41 votes
tv

Fantasy Island – Season (01),(02)

2021
FBI: International (2021)
FBI: International (2021) FBI: International (2021)==================IMDb Rating - 6.3/10Series တွဲရဲ့နာမည်ကိုမြင်လိုက်တာနဲ့ ဘယ်လိုဇာတ်လမ်းတွဲမှန်းရိပ်မိလောက်ကြမယ်လို့ထင်ပါတယ်။ FBI:international ဆိုတဲ့အတိုင်း FBI ရဲ့ နိုင်ငံဖြတ်ကျော်အမှုလိုက်တဲ့အကြောင်းတွေကို ရိုက်ပြထားတဲ့ ကားပါပဲ။ ဒီကားထဲမှာ FBIကဖွဲ့ထားတဲ့ Fly Team လို့ခေါ်တဲ့အထူးစူံစမ်းရေးအဖွဲ့ရဲ့လှုပ်ရှားမှုတွေကိုအဓိက ထားထားတာပါ။ Fly Team ဆိုတာက အမေရိကန်နိုင်ငံကိုအန္တရာယ်ပြုနိုင်တယ်ဆိုရင် အချိန်မရွေးနေရာမရွေး စုံစမ်းဖမ်းဆီးတုန့်ပြန်နိုင်အောင် အထူးလေ့ကျင့်ထားတဲ့အဖွဲ့ပါ။ အမှုတစ်ခုကိုလိုက်ရင် တရားခံမိဖို့အဓိကမထားပဲ တရားခံနဲ့ဆက်စပ်ပြီးနောက်ဆက်တွဲပြဿနာတွေမရှိအောင်တစ်ခါတည်းရှင်းတတ်တဲ့ စကော့ဖောရက်စတာ... FBI အေးဂျင့်လုပ်သက်တစ်လျှောက် မကောင်းတဲ့မှတ်ချက်တွေပေးခြင်းခံရပေမယ့် ထူးချွန်တဲ့သူ့ရဲ့ဦးဆောင်မှု အောက်မှာ FBI ရဲ့ Fly team က အမှုတွေကိုဖြေရှင်းပုံတွေ တရားခံလိုက်ဖမ်းပုံတွေက Crime,dramaပီပီ စိတ် ဝင်စားဖို့ကောင်းလှပါတယ်။အပိုင်း(၁၁)ပိုင်းပါဝင်ပြီးတော့ လတ်တလော(၁၀)ပိုင်းထိထွက်ထားတဲ့ ဒီစီရီးက CBSကထွက်ထားတဲ့ FBI စီးရီးတွေနဲ့လည်းပတ်သက်မှုရှိတယ်ဆိုတော့ကား...crime/dramaချစ်သူတွေအနေနဲ့တစ်ဝကြီးကြည့်ရှုလိုက်ကြပါဦး။ (ဒီဇာတ်လမ်းရဲ့ အညွှန်းကို Chit Tee မှရေးသားပေးပြီး၊ ဘာသာပြန်ရေးသားပေးသူများကတော့ CM Team ပဲဖြစ်ပါတယ်။)File Size - (350 MB) Quality – WEBDL 720p Duration -  43 mins ...

FBI: International (2021)

2021
Definitely Not Today (2021) 8
Definitely Not Today (2021) Social Anxiety ရနေတဲ့ မီချုံ... သူ့ရဲ့ဖြစ်တည်မှုကို လုံးဝသဘောမကျဘဲအိမ်ထဲမှာပဲ အမြဲနေနေတတ်ပြီးတော့ လူမှုဆက်ဆံရေးရှိရမှာကို ကြောက်နေသူပေါ့။နောက်ဆုံးတော့ ဘဝကြီးကို လက်လျှော့ဖိုဆုံးဖြတ်ရင်း မြစ်ထဲမှာ သတ်သေဖိုကြံခဲ့တယ်။ကြမ္မာဖန်ချင်တော့ မြစ်ထဲမှာ ရေနစ်နေတဲ့ မိန်းကလေးတစ်ယောက်နဲ့ ဆုံခဲ့တယ်။သူ့နာမည်က ကျိလျောင်တဲ့... သူနဲ့တော့ လုံးဝမတူတဲ့သူပေါ့။ အကြောက်တရားမရှိဘဲတက်တက်ကြွကြွနေတဲ့သူ... ဒါပေမယ့်လည်း သူ့မိသားစုကထိခိုက်စေလာတဲ့အခါမှာအဝေးကိုထွက်ပြေးလာတဲ့သူပေါ့။နှစ်ယောက်ကြားက သူငယ်ချင်းသံယောစဉ်တွေ၊မတူညီတဲ့ စရိုက်ပုံတွေကြားကနေ အဆင့်တက်ရင်း အချစ်တွေလိုက်လာမလား?ပရမ်းပတာဖြစ်နေတဲ့ သူတိုဘဝတွေထဲကို အချင်းချင်းဝင်ရောက်ရင်း အဆင်‌ပြေသွားကြမလား?(အညွှန်းရေးသားထားသူကတော့ Minnie ဖြစ်ပါတယ်)Quality : WEB-DL 720p,1080pTotal Episodes : 8Format : mp4Genres : Crime, Comedy, FamilyDuration : 45 min per EpisodeSubtitle : Myanmar Subtitle ( Hardsub )Translated by CM TeamEncoded by LK Episode ...
8
TMDb: 8/10 2 votes
tv

Definitely Not Today (2021)

2021
EN-O’Clock’ (2021)
EN-O’Clock’ (2021) EN-O'Clock' (2021)ENGENE လေးတွေ အတွက် သတင်းကောင်းလာပါပြီ ။ ENGENE မဟုတ်သူတွေလည်း လတ်တလော နာမည်ကြီးနေတဲ့ Polaroid Love ဆိုတဲ့ သီချင်းလေးကိုတော့ တော်တော်များများ သိကြမယ်ထင်ပါတယ် ။ဒီသီချင်းရဲ့ သီဆိုသူတွေကတော့ I-Land ကနေ မွေးထုတ်ပေးလိုက်တဲ့ ကောင်လေး 7 ယောက် , 4th generation group တွေထဲက တစ်ဖွဲ့ဖြစ်တဲ့ ENHYPEN အဖွဲ့ ပါပဲ ။အခု CM ကနေ ENHYPEN အဖွဲ့သားတွေရဲ့ EN-O'CLOCK ဆိုတဲ့ ရှိုးလေးကို တင်ဆက်ပေးသွားမှာပါပဲ ဖြစ်ပါတယ် ။ပေါ့ပေါ့ပါးပါးနဲ့ ရယ်ရတဲ့ ရှိုးလေးဖြစ်တဲ့အပြင် ကောင်လေးတွေရဲ့ Visual , Talent နဲ့ မထင်မှတ်ထားတဲ့ တခြားသော ပုံစံအမျိုးမျိုးကို မြင်တွေ့ရမှာမလို့ စိတ်အပန်းလည်းပြေ ပျော်ဖို့လည်း ကောင်းမှာပါ ။ ENGENE တွေလည်း သဘောကျလိမ့်မယ်လို့ မျှော်လင့်ပါတယ် ။အပတ်စဉ် ကြာသပတေးနေ့တိုင်း CM မှာ ...

EN-O’Clock’ (2021)

2021
Doogie Kamealoha, M.D. (2021) 7.9
Doogie Kamealoha, M.D. (2021) Doogie Kamealoha M.D. (2021)IMDb - 6.3/10"ဒူဂီကန်မယ်လ်လိုဟာအမ်ဒီ"ဆေးပညာဒရာမာ က အမေရိကန်မိသားစုဆေးပညာဟာသ ဒရာမာတစ်ခုဖြစ်ပြီးတော့ ၁၉၈၉-၉၃ခုနှစ်က ABC ရုပ်သံကနေထုတ်လွှင့်ခဲ့တဲ့ "ဒူဂီဟောင်ဆာ "ဆေးပညာဒရာမာကိုအခြေခံထားတာဖြစ်ပါတယ်။လာဟဲလာ ဒူဂီ ကန်မယ်လ်လိုဟာ ဆိုတဲ့ဆယ်ကျော်သက်ဉာဏ်ကြီးရှင်မလေး က သူ့ရဲ့ အထက်တန်းကျောင်းသားဘဝနဲ့ ငယ်ငယ်ရွယ်ရွယ်နဲ့ ဆရာဝန်ဖြစ်လာတဲ့အခါမှာ မိသားစုနဲ့ဘယ်လိုရုန်းကန်နေရတယ်ဆိုတာရယ်၊ သူရဲ့အလုပ်ရှင်လဲဖြစ်တဲ့ သူ့အမေနဲ့ သူနဲ့ကြားကဆက်ဆံရေးကို ဘယ်လိုမျိုးညှိနှိုင်းပြီး အလုပ်လုပ်သွားမယ်ဆိုတာကို ၁၀ ပိုင်းထဲနဲ့ အပြီး ကြည့်ရှုကြရမှာဖြစ်ပါတယ်အညွှန်း နဲ့ ဘာသာပြန်ကတော့ Elrond ပဲ ဖြစ်ပါတယ်။Genre.....Drama, Medical Episodes.....10 Quality….WEB-DL 1080p File size…300 MB Format…mp4 Duration….30 min Subtitle….Myanmar Subtitle (Hardsub) Translator ..... Elrond Encoder ..... AugustEpisode 01 - VIP | Userdrive | Yoteshin | Megaup | Meganz | CMDriveEpisode 02 - VIP | Userdrive | Yoteshin ...
7.9
TMDb: 7.9/10 48 votes
tv

Doogie Kamealoha, M.D. (2021)

2021
Sweet Tooth (2021) 10
Sweet Tooth (2021) Sweet Tooth (2021)IMDb 8.4/ 10Netflix ကတော့ ထုံးစံအတိုင်း စိတ်၀င်စားစရာ series တစ်ခု မိတ်ဆက်လိုက်ပြန်ပါပြီJeff Lemire ရဲ့ Sweet Tooth ဆိုတဲ့ DC Comic Book ကို ပြန်လည် ဆန်းသစ်ထားတဲ့ Action-adventure, fantasy drama လေးမို့ DC fan တွေ အကြိုက်တွေ့မယ်လို့ ထင်ပါတယ်Sweet Tooth ဆိုတာကတော့ ဒီဇာတ်လမ်းရဲ့ အဓိကဇာတ်ဆောင် ကောင်လေးလေးရဲ့ နာမည်ပါဒီကောင်လေးဟာ hybrid လို့ခေါ်တဲ့ လူတစ်ပိုင်း သမင်တစ်ပိုင်းလေးပါကမ္ဘာကြီး ပျက်သုဉ်းသွားပြီးနောက် သူဟာ တခြားသော hybrids တွေနဲ့ရောပြီး အသက်ရှင်ကျန်ရစ်ခဲ့ပါတယ်အရွယ်ကလည်းငယ် အတွေ့အကြုံမရှိသေးတဲ့ hybrid လေးတစ်ကောင် ဒီလောကကြီးမှာ အသက်ဆက်နိုင်ဖို့ရာ တစ်ဦးတည်း ရင်ဆိုင်ရပုံတွေကို စိတ်၀င်စားဖွယ်တင်ဆက်ထားပုံတွေကိုအပိုင်း ၈ ပိုင်းနဲ့ တစ်၀ကြီး ကြည့်ရှူရမှာဖြစ်ပါတယ်DC entertainment ...
10
TMDb: 10/10 1 votes
tv

Sweet Tooth (2021)

2021
El Cid (2021) Season 02 7.3
El Cid (2021) Season 02 El Cid (2022) Season 02 Complete ~ IMDb - 6.7/10, Rotten Tomatoes - 75% ~ ပထမတွဲ ကြည့်ပြီးတဲ့ လူတွေတော့ El Cid ရဲ့ ရှုပ်ထွေးလှတဲ့ စစ်နယ်ရှင်ဆန်ဆန် နိုင်ငံရေးကနေမှ ဆုံးသွားတဲ့လီယွန်ဘုရင်က ထီးနန်းကို သားသမီးတွေကို တစ်ခြမ်းစီခွဲပေးလိုက်လို့ ပိုရှုပ်ထွေးသွားတဲ့အကြောင်းကို သိပြီးကြလောက်ပြီပေါ့။ လီယွန်ဘုရင် သူတို့အဖေဟာ သူ့မွေးချင်းညီအစ်ကိုတွေကို ထီးနန်းအတွက်သတ်ခဲ့တာမို့ အဲဒီစိတ်တစ်ပိုင်းနဲ့ ကွယ်လွန်ခါနီး သူ့သားသမီးတွေကိုတော့ သူ့လို မဖြစ်စေချင်တာမို့ တစ်ယောက်နဲ့ တစ်ယောက် မတိုက်ခိုက်ကြဖို့မှာရင်း နယ်မြေတွေကိုခွဲဝေပေးလိုက်တယ်။ ဗျာဒိတ်လာသူရဲကောင်းလိုဖြစ်နေတဲ့ ရိုင်ကိုလည်း သူ့သားသမီးတွေ အချင်းချင်းမသတ်ရအောင် စောင့်ရှောက်ပေးဖို့ ကတိတောင်းခဲ့တယ်။ ဒီလိုနဲ့ ခွဲပေးတဲ့ဒေသတွေရဲ့ ကိုယ့်ထီးကိုယ်နန်းတွေမှာ နန်းတက်ကြရင်း အခက်အခဲကိုယ်စီနဲ့ ကြုံလာရတယ်။ သားကြီးတဖြစ်လဲ ဆန်ချိုဟာ သူရသင့်တဲ့ထီးနန်းဆိုတဲ့စိတ် မသိမသာကြီးစိုးနေခဲ့သလို အကြီးဆုံးဖြစ်နေပေမဲ့ သမီးဖြစ်နေလို့ နန်းမရလိုက်တဲ့ ယူရာကာကလည်း ...
7.3
TMDb: 7.3/10 182 votes
tv

El Cid (2021) Season 02

2021
The Kingdom Season 1+2 (2021) 7.3
The Kingdom Season 1+2 (2021) ဒီတစ်ခေါက်မှာတော့ CM ပရိသတ်ကြီးကို The Kingdom El Reino ဆိုတဲ့ ၂၀၂၁ ခုနှစ်ထွက် Netflix ရဲ့ Crime/Thriller/Drama အမျိုးအစား Argentiina စီးရီးလေးတစ်ခုနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ IMDB rating 6.5/10 ရရှိထားပြီး အာဂျင်တီးနားရုပ်ရှင်ဝေဖန်ရေးအသင်းကပေးအပ်တဲ့ အကောင်းဆုံးဇာတ်ညွှန်းဆု၊ Tadeo အဖြစ် သရုပ်ဆောင်တဲ့ Peter Lanzaniက အကောင်းဆုံး ဇာတ်ပို့ဆုနဲ့ ဇာတ်ဝင်သီချင်းဆုတွေကို အသီးသီးရရှိခဲ့တာပါ။ ဇာတ်လမ်းအညွှန်း လူသိများထင်ရှားတဲ့ သင်းအုပ်ဆရာ ဖာသာအယ်မီလီယိုက အာဂျင်တီးနားရဲ့ သမ္မတရွေးကောက်ပွဲမှာ သမ္မတလောင်း အယ်လ်မန်ဒိုဘာဒါခေါ့စ်နဲ့အတူ ဒုသမ္မတလောင်းအဖြစ် ပါဝင်ယှဉ်ပြိုင်နေတာပါ။ အခက်အခဲတွေကြားထဲကပဲ လူထုစည်းဝေးပွဲတွေလုပ်၊ ဟောပြောပွဲတွေလုပ်နဲ့ နောက်ဆုံးတော့ နှစ်ယောက်သား နောက်ဆုံးလူထုစည်းဝေးပွဲမှာ ဟောပြောဖို့ ဖြစ်လာခဲ့ပါတယ်။ လုံခြုံရေးတွေ အထပ်ထပ်ချထားပေမယ့် အဓိကရုဏ်းဖန်တီးသူတွေကြောင့် လူထူစည်းဝေးပွဲက အနည်းငယ် ကမောက်ကမဖြစ်သွားတာမို့ စည်းဝေးပွဲကို ဆက်မလုပ်ဖို့အရေးဆွေးနွေးတိုင်ပင်ရတော့တာပေါ့။ ဒါပေမယ့်လည်း သင်းအုပ်ဆရာရဲ့ ...
7.3
TMDb: 7.3/10 42 votes
tv

The Kingdom Season 1+2 (2021)

2021
Kung Fu S03 6.2
Kung Fu S03 Kung Fu - Season 03 (2023)=====================Kung Fu Season 3 မှာ နစ်ကီရဲ့ စွန့်စားခန်း တစ်ဖန်ပြန်လည် ရောက်ရှိလို့လာပါပြီ။ နစ်ကီတို့ မိသားစုဟာ ငလျင်ကြောင့် ဖြစ်ပျက်သွားတဲ့ ဆုံးရှုံးမှုတွေကနေ ပြန်လည် ရုန်းထွက်ဖို့ ကြိုးစားနေကြပါတယ်။ နစ်ကီ့မိခင်ဖြစ်သူဟာ စားသောက်ဆိုင်ဖွင့်နိုင်ဖို့ ပြန်လည်ကြိုးစားနေသလို၊ အယ်လ်သီယာဟာလည်း ကုမ္ပဏီမရှိတော့လို့ ကြိုးစားနေရပြန်ပါတယ်။ စားသောက်ဆိုင်ပြန်ဖွင့်ဖို့မှာထားတဲ့ မီးဖိုတွေကို လာပို့တဲ့ ထရပ်ကားကိုလည်း လူဆိုးဂိုဏ်းက ဝင်လုသွားပြန်တာမို့ ကံဆိုးသွားရာ မိုးလိုက်လို့ရွာပြန်ပါတယ်။ ရဲတွေကလည်း အလုပ်များနေတာမို့ နစ်ကီတို့လည်း ရဲမတိုင်တော့ဘဲ ကိုယ်တိုင် လှုပ်ရှားဖို့ ဖြစ်လာပါတယ်။ နစ်ကီတို့ လူဆိုးဂိုဏ်းများနဲ့ရင်ဆိုင်အတွေ့မှာ ဘို ဆိုတဲ့ ကောင်လေးက ဝင်ပြီး ကူညီသွားခဲ့ပါတယ်။မူးယစ်ဆေးရောင်း၊ လက်နက်ရောင်းနေတဲ့ လူဆိုးဂိုဏ်းတွေက ဘာလို့ အိမ်သုံးပစ္စည်းတွေကို ခိုးနေရတာလဲ၊ ဝင်ကူညီသွားတဲ့ ဘို ဆိုတဲ့ ကောင်လေးကရော ဘယ်သူလဲ၊ နစ်ကီတစ်ယောက် ဘာအထူးအဆန်းတွေ ထပ်ပြီး ကြုံရမလဲဆိုတာကို ဆက်လက်ရှု့စားလိုက်ပါဦး။ File Size.............(750 MB) Quality...............WEBDL 1080p Duration............42Mins(@Episode) Subtitle..............Myanmar Hardsub Format...............MP4 Genre.................Action, Adventure, Drama Translator..........CM Team Encoder..............SWM  1080P (750 MB)-----------------------------------Episode(1) - Yoteshin ...
6.2
TMDb: 6.2/10 4700 votes
tv

Kung Fu S03

20062021
Kung Fu – Season 01 (2021) 5.3
Kung Fu – Season 01 (2021) Kung Fu - Season 01 (2021)===================အက်ရှင် ဇာတ်လမ်းတွဲ ကောင်းကောင်းလေးတွေကို မျှော်လင့်နေတဲ့ ပရိသတ်တွေအတွက် 2021 က ထွက်ရှိထားတဲ့ Kung Fu ဆိုတဲ့ စီးရီးလေးနဲ့ မိတ်ဆက်ပေးပါရစေ။ နောက်ပြီး ဒီစီးရီးဟာ CW ကနေထုတ်လွှင့်လာတဲ့ စီးရီးတစ်ခုဖြစ်ပြီး တရုတ်ကားဆန်ဆန်ရိုက်ပြထားတာမျိုးမဟုတ်ဘဲ Marvel ရဲ့ Shang-Chi လိုစီးရီးမျိုးပါ။နစ်ကီရှန်ဟာ တရုတ်မိသားစုက သမီးမိန်းကလေးတစ်ယောက်ပါ ။ တရုတ်မိသားစုတို့ရဲ့ ထုံးစံအတိုင်း ငယ်ငယ်လေးကတည်းက နစ်ကီဟာ စာ၊ အနုပညာ၊ အားကစား ဘက်စုံမှာ ထူးချွန်အောင် သွန်သင်ခြင်းခံရပြီး၊ မိဘတွေ ‌ချပေးတဲ့ ပုံစံခွက်ထဲမှာ နေရတဲ့ ကလေးမလေး တစ်ယောက် ဖြစ်ခဲ့တယ် ။ နစ်ကီဟာ သူ တွဲနေတဲ့ လူဖြူကောင်လေးနဲ့ပါ လမ်းခွဲခဲ့ရပြီး၊ မိဘစိတ်တိုင်းကျနေခဲ့ပေမယ့် မိဘတွေဟာ သူ့ကို ကြင်ဖက်တွေ့ပေးဖို့ပါ စီစဉ်လာတော့ နစ်ကီတစ်ယောက် ဒဏ်မခံနိုင်တော့ဘဲ အိမ်ကနေ ထွက် ပြေးပြီး အမျိုးသမီးရှောင်လင်ကျောင်းတစ်ကျောင်းမှာ ရောက်ရှိ နေထိုင် ဖြစ်ကာ အဲဒီကျောင်းမှာပဲ သုံးနှစ်တိုင်တိုင် ကြာမြင့်ခဲ့ပါတယ် ။တစ်ရက်မှာတော့ ...
5.3
TMDb: 5.3/10 3600 votes
tv

Kung Fu – Season 01 (2021)

2021
Mayor of Kingstown (2021) + Season-2 (2023) 10
Mayor of Kingstown (2021) + Season-2 (2023) ဒီစီးရီးကတော့ အတော့်ကို ကောင်းပါတယ်လတ်တလော နှစ်ပိုင်းထွက်ထားတာကို tmdb rating 10/10 ရထားပြီး။ရိုက်ထားတာကလည်း ရုပ်ရှင်အဆင့်လောက်ရှိတယ်။မင်းသားတွေကလည်း ဆရာတွေချည်းပဲ။ကြည့်ကြည့်လိုက်ပါ။ တစ်ပတ်တစ်ပိုင်း ဆက်ထွက်မှာပါ။ကင်းစ်တောင်းမြို့ ( Kingstown )ဆိုတာ ၇ မိုင် ပတ်လည်တိုင်းမှာထောင် ၁ ခုရှိပြီး ထောင်သူ/သားတွေ နေထိုင်ရာ မြို့ဖြစ်ပါတယ်. ဒီမြို့မှာ မက်လက်စကီ မိသားစုက အာဏာကိုချုပ်ကိုင်ထားတဲ့ သူတွေဖြစ်ပြီးမြို့တော်ဝန် မိသားစုလို့ လူတွေက ခေါ်ကြတယ်မစ်ချ်၊ ဂျိမ်းစ်၊ ကိုင်းလ်တို့ ညီအစ်ကိုသုံးယောက်ဟာထောင်သားတွေကို ပြင်ပကမ္ဘာနဲ့ အဆက်အသွယ်လုပ်ပေးတဲ့သူတွေဖြစ်ပြီးဒါနဲ့ပဲ မိသားစုတစ်သက် အသက်မွေးဝမ်းကြောင်းလုပ်နေတဲ့သူတွေပါ။မြို့ရဲ့ ရဲတွေ တရားစီရင်ရေးတွေ ထောင်အစောင့်တွေအာဏာပိုင်တွေကို အိပ်ကပ်ထဲထည့်ထားပြီး ဉပဒေကိုလိုသလိုအသုံးချတဲ့ မြို့တော်ဝန်ညီအစ်ကိုဖြစ်ပါတယ်.တစ်နေ့ ထောင်ထဲက မစ်ချ်ရဲ့ မိတ်ဆွေဟောင်း မိုင်လိုအကူညီတောင်းတာကို လုပ်ပေးရင်းနဲ့မြို့တော်ဝန်မစ်ချ် အသတ်ခံလိုက်ရာကနေ ဇာတ်လမ်းစပါတော့တယ်ရဲ၊ထောင်၊ရာဇဝတ်သားတွေနဲ့ ဉပဒေကိုအသုံးချသူတွေကြားကဖြစ်တဲ့အရှုပ်အရှင်းတွေကို ကြည့်ရမဲ့ Crime ဇာတ်လမ်းတွဲကောင်းတစ်ခုဖြစ်ပြီးMain lead အနေနဲ့ Hawkeye မင်းသား Jeremy ...
10
TMDb: 10/10 2 votes
tv

Mayor of Kingstown (2021) + Season-2 (2023)

2021
Casting a Spell to You(2021) 2
Casting a Spell to You(2021) Casting a Spell to You(2021)**************************အပိုင်း( ၁ မှ ၁၆) အထိ စ/ဆုံးဒီတစ်ခေါက်မှာတော့ ဗီလိန်နှစ်လိန်ဖြစ်တဲ့ The Gloryထဲက ဗီလိန်မင်းသမီးIm Ji Yeonနဲ့ Islandထဲက ဗီလိန်မင်းသား Sung Joon တို့ရဲ့Casting A Spell to Youဆိုတဲ့ ကားလေးပါ။ဇာတ်လမ်းကိုတော့ ဂျလေဘီလို ထင်ရာစိုင်းနေတဲ့ ဂျီအူဆိုတဲ့ ခပ်ဆိုးဆိုးကောင်လေးနဲ့ အစချီထားပါတယ်။စီးပွါးရေးလုပ်ငန်းရှင်ကြီးဖြစ်တဲ့ ဂျီအူ့အဘိုးဟာ သေသွားပြီး ဂျီအူ့ကိုအမွေပေးခဲ့ပါတယ်..အမွေကြီးကြီးမားမားရမယ်ထင်ပြီး ကိုရီးယားကိုပြန်လာတဲ့ ဂျီအူတစ်ယောက် မှန်းချက်နဲ့နှမ်းထွက် မကိုက်ခဲ့ပါဘူး...သူရတဲ့အမွေက စာအုပ်တွေနဲ့ပြည့်နေတဲ့ အဆောက်အဦးဟောင်းတစ်ခုဖြစ်နေလို့ပါပဲ...အဲဒီအဆောက်အဦးကို ဂျီအူက Barအဖြစ်ပြောင်းလဲပြီး စားဖိုမှူးအနေနဲ့ ဂျွန်ဟီးဆိုတဲ့ ကောင်မလေးကို ခန့်ခဲ့ပါတယ်...ဂျွန်ဟီးကတော့ ပြင်သစ်မှာ အချက်အပြုတ်ဆိုင်ရာ ကျောင်းတက်ဖို့ ပိုက်ဆံစုပြီး အားခဲနေသူလေးပေါ့...ကျောင်းစရိတ်တွေကို လိမ်ခံလိုက်ရတဲ့ ဂျွန်ဟီးကလည်း ပိုက်ဆံပြန်စုဖို့ ဂျီအူ့ရဲ့ဘားမှာ အလုပ်ဝင်လုပ်ခဲ့တာပါ...သူတို့ရဲ့Barဟာ အများနဲ့မတူဘဲ “Siesta”ဆိုတဲ့အမည်နဲ့ ထူးထူးခြားခြားနေ့ခင်းမှာပဲဖွင့်တဲ့Barလေးပါ...အဲဒီBarကိုအောင်မြင်အောင် သူတို့ဘယ်လိုကြိုးစားကြမလဲ..သူတို့အချစ်ရေးကရော ...
2
TMDb: 2/10 1 votes
tv

Casting a Spell to You(2021)

2021
La Brea (2022) Season 2 7.387
La Brea (2022) Season 2 NBC ရဲ့ အချိန်ခရီးသွား၊ မိသားစုဒရာမာ၊ အက်ရှင်၊ စွန့်စားခန်း၊ သိပ္ပံစိတ်ကူးယဉ် ဇာတ်လမ်းတွဲ La brea ရဲ့ အတွဲ ၂ ပြန်လာပါပြီဗျ။ ပြီးခဲ့တဲ့ season 1 မှာတော့ ဂျော့ရှ်နဲ့ ရိုင်လီဟာ အိုင်းဆက်ယတို့နဲ့အတူ ၁၉၈၈ ကိုပါသွားခဲ့ပြီး ဂေဗင်တို့သုံးယောက်ကတော့ ဘီစီ ၁၀၀၀၀ ကို ရောက်လာခဲ့ကြပါတယ်။စကော့နဲ့ အဲဒရစ်ဟာလည်း ဘီစီ ၁၀၀၀၀ မှာရှိနေတဲ့ မိုးမျှော်တိုက်ကြီးကို ရှာလို့တွေ့သွားကြပါတယ်။ season 2 ရောက်တဲ့အခါမှာတော့ ဘီစီ ၁၀၀၀၀ မှာ အနာဂတ်ကလာတဲ့သူတွေနဲ့ တွန်ဗာမျိုးနွယ်စုတွေအပြင် အိတ်ဇိုင်းစ်လို့ခေါ်တဲ့ ဝတ်စုံအနက်တွေဝတ်၊ မြင်းတွေစီးပြီး သံနဲ့လုပ်ထားတဲ့လက်နက်တွေကိုင်ဆောင်ကြတဲ့ လက်ရဲဇက်ရဲ အဖွဲ့တစ်ဖွဲ့ပါ ထပ်ပြီး ပါလာခဲ့ပါပြီ။ဒီ season မှာရော အတိတ်နဲ့ အနာဂတ်ရဲ့ဇာတ်လမ်းတွေ ဘယ်လိုရှုပ်ဦးမလဲ၊ ဘီစီ ၁၀၀၀၀ မှာရှိနေတဲ့ ခေတ်လွန် အဆောက်အအုံကြီးကရော ဘာကြီးလဲ၊ ဘယ်သူတွေက ဘာကိစ္စတွေကို ဖုံးကွယ်ထားသေးလဲ၊ season 1 ရဲ့ အရှိန်ကိုရော ထိန်းထားနိုင်မလားဆိုတာကို အားလုံး မြင်တွေ့ကြရမှာဖြစ်ပါတယ်။ La Brea season 2 ...
7.387
TMDb: 7.387/10 936 votes
tv

La Brea (2022) Season 2

2021
Shadow and Bone Season (1+2) 8.2
Shadow and Bone Season (1+2) Shadow and Bone (2021)===================IMDb Rating - 8.2/10ဒီနှစ်အတွက် မှော်စီးရီး ကောင်းကောင်းလေး ကြည့်ချင်နေတဲ့သူတွေအတွက် Shadow and Bone က တကယ် ကျေနပ်စေမှာပါ။ ဒီဇာတ်လမ်းဟာ စိတ်ကူးယဉ်နိုင်ငံနဲ့ တိုင်းပြည်တွေအပေါ် အခြေခံပြီး တည်ဆောက်ထားပါတယ်။ ရက်ဗ်ကာဆိုတဲ့ ကြီးကျယ်ခမ်းနားတဲ့ နိုင်ငံကြီးတစ်ခုဟာ နိုင်ငံအလယ်မှာ ဘယ်လိုမှ ဖျက်ဆီးလို့မရတဲ့ အမှောင်တံတိုင်းကြီးနဲ့ ကာဆီးနေပြီး ကွဲပြားနေပါတယ်။ အရှေ့ဘက်နဲ့ အနောက်ဘက်ကို ခရီးသွားဖို့ အမှောင်တံတိုင်းကြီးကိုဖြတ်ဖို့ကလည်း အထဲက သတ္တဝါဆိုးကြီးတွေကြောင့် အန္တရယ်များလွန်းပါတယ်။ တံတိုင်းကြီးကို ဘေးကပတ်သွားတော့လည်း လမ်းတွေက ကြမ်းတမ်းပြီး ရန်သူတွေ ဝိုင်းနေတာပါပဲ။ ဒီတော့ ဒီတံတိုင်းကိုသာ ဘေးကင်းကင်း ဖြတ်ကူးနေနိုင်သူက နိုင်ငံရဲ့ အချမ်းသာဆုံးအဖြစ် လွယ်လွယ်ဖြစ်လာနိုင်ပါတယ်။ ဒါပေမယ့် ရက်ဗ်ကာနိုင်ငံက လူတွေကလည်း သာမန်တွေမဟုတ်ပါဘူး။ မှော်အစွမ်းကိုယ်စီရှိတယ်သူတွေလည်း ပါပါတယ်။ မီး၊ရေ၊လေ၊အမှောင်ကို ထိန်းနိုင်သူတွေ၊ လူကို ထိန်းချုပ်နိုင်သူတွေ ...
8.2
TMDb: 8.2/10 13535 votes
tv

Shadow and Bone Season (1+2)

2021
Sex/Life – Season (01),(02) 6.5
Sex/Life – Season (01),(02) Sex/Life - Season (01),(02) ==================== IMDb Rating - 6.5/10 Comedy, Drama, Romanceဇာတ်ကားနာမည် မြင်တာနဲ့ ပြေးဒေါင်းတော့မယ်ဆိုတာ သိပေမယ့် အညွှန်းလေးတော့ ဖတ်သွားဦးဗျ :3၊ ပထမဆုံး မှာချင်တာက ဒီကားဟာ မိသားစုနဲ့ အတူမကြည့်သင့်တဲ့ ကားဖြစ်သလို တစ်ယောက်တည်းကြည့်ရင်လည်း နားကြပ်နဲ့ ကြည့်ပါ။ B.B.Easton ရဲ့ 44 Chapters about Men ကို အခြေခံရိုက်ကူးထားတဲ့ Sex/Life ဟာတော့ စားစော်ကြီး တစ်ယောက် အကြောင်းပဲဖြစ်ပါတယ်။ဘီလီ ကော်နယ်လီဆိုတဲ့ မိန်းမဟာ တော်တော့ကို ထန်တဲ့သူပါ။ ဘယ်လောက်ထန်သလဲဆို ကလေးနို့တိုက်ရင်းတောင် စိတ်က ကယောင်ချောက်ချားတွေ မှန်းဖီးလ်ပါတယ်။ ဟုတ်ပါတယ် သူက လင်ရှိအမျိုးသမီး ကလေးနှစ်ယောက် အမေပါ။ လင်ရှိရဲ့သားနဲ့ ဘာလို့ ဒီလောက်ဖြစ်နေလဲမေးရင်တော့ သူ့လင် ကူပါက ကလေး (၂)ယောက်မွေးပြီး သူ့တာ၀န်ကျေပြီ ထင်နေတဲ့ကောင်စားလို့ ပြော ရမှာပေါ့။ ဒီတော့ ဘီလီတစ်ယောက် သူ့ရဲ့ အတိတ်တုန်းက သူဌေး၊ ငမွဲမချန် ရှိသမျှကောင်းဆိုးလေးတွေနဲ့ ကျုံးခဲ့တာတွေကို သူ ပြန် တမ်းတပြီး သူကိုယ်တိုင် ...
6.5
TMDb: 6.5/10 200 votes
tv

Sex/Life – Season (01),(02)

2021
Dragons: The Nine Realms – Season (01)(02)(03)(04) 5.6
Dragons: The Nine Realms – Season (01)(02)(03)(04) Dragons: The Nine Realms - Season (01)(02)(03)(04) =====================================ကလေးဘ၀ကအရမ်းကြိုက်ခဲ့ကြတဲ့ How to train your dragon Trilogy လိုပါပဲ၊ ဒါပေမဲ့ ဒီစီးရီးက DreamWorks ရဲ့ လက်ရာမဟုတ်ပေမယ့် Hulu က အကောင်းဆုံးရိုက်ပြထားပြီး စီစန် 4 ခုထိထွက်ရှိထားတာမို့ တစ်၀ကြီးကြည့်ရမှာဖြစ်ပါတယ်။ လွန်ခဲ့တဲ့ နှစ်ပေါင်း 1300 ကျော်က ဗိုက်ကင်းနဲ့ နဂါးတွေ ယှဉ်တွဲ နေထိုင်ခဲ့ကြတဲ့ How To Train Your Dragon Animation တွေ ဟာ ဒီထဲမှာတော့ ဒဏ္ဍာရီသက်သက်ဖြစ်သွားပါပြီ။ အိုလီဗီယာ နဲ့ သောမတ်စ် ကလာဆန်ဆိုတဲ့ သားအမိက မီးတောင်ချောက်ကြီး တစ်ခုကိုရှာဖွေတွေ့ရှိခဲ့ပြီး၊ အဲ့ဒီနေရာမှာ သိပ္ပံစမ်းသပ်ချက်တွေလုပ်ဖို့ ရက်ခ်‌ခရော့ကော်ပိုရေးရှင်းအဖွဲ့သားတွေ အခြေချနေထိုင်ခဲ့ကြပါတယ်။ဒဏ္ဍာရီတွေရ အဲ့ဒီချောက်ကြီးဟာ နဂါးတွေကျက်စားခဲ့သလို သော မတ်စ်ဟာ ဗိုက်ကင်းမျိူးနွယ်ကဆင်းသက်လာတဲ့ ကလေးတစ်ယောက် ဖြစ်ပါတယ်။ ကလေးသဘာ၀ စူးစမ်းလိုတဲ့ သောမတ်စ်ဟာ တစ်နေ့ ချောက်ထဲဆင်းရင်း Night Fury. မျိုးစိတ် လျှပ်စီးနဂါးတစ်ကောင်‌နဲ့ တွေ့ရှိခင်မင်သွားပါတယ်။ အဲ့ဒီနဂါးနဲ့လျှောက်သွားရင်း ...
5.6
TMDb: 5.6/10 1622 votes
tv

Dragons: The Nine Realms – Season (01)(02)(03)(04)

2021
The Chestnut Man (2021) Season 01 7.7
The Chestnut Man (2021) Season 01 The Chestnut Man (2021) S01 ~ IMDb - 7.7/10, Rotten Tomatoes - 100% ~ ဒီတစ်ခါတင်ဆက်ပေးချင်တဲ့စီးရီးကတော့ ပရိသတ်နဲ့သိပ်ရင်းနှီးမှာမဟုတ်တဲ့ ဒိန်းမတ် စီးရီးလေးတစ်ခုပါပဲ။ ဒီစီးရီးကို Netflix ကတင်ဆက်ထားတာဖြစ်ပြီး Season 1 မှာတော့ အပိုင်းခြောက်ပိုင်းပါဝင်လာပါတယ်။ ဇာတ်လမ်းအကျဥ်းကိုပြောရမယ်ဆိုရင်... ဒိန်းမတ်နိုင်ငံအနှံ့အပြားမှာ အသက်လတ်ပိုင်းအမျိုးသမီးတွေ တစ်ယောက်ပြီးတစ်ယောက်သတ်ခံရတဲ့ ကွင်းဆက်လူသတ်မှုတွေဖြစ်လာခဲ့ပါတယ်။ အဲဒီအမှုကိုစုံစမ်းဖို့ သူလင်မ်ဆိုတဲ့စုံထောက်အမျိုးသမီးနဲ့ ဟက်စ်ဆိုတဲ့နယ်ပြောင်းစုံထောက်အမျိုးသားတစ်ဦးက ဘယ်လိုလိုက်ဖြေရှင်းကြမလဲဆိုတာရှုစားရမှာဖြစ်ပါတယ်။ ဇာတ်ကားနာမည်ထဲက Chestnut Man ဆိုတာကတော့ အဲဒီလူသတ်မှုတွေအားလုံးနဲ့ဆက်စပ်နေတဲ့တစ်ခုထဲသောသဲလွန်စက တရားခံဟာ သစ်အယ်သီးကိုတုတ်လေးတွေထိုးပြီးလုပ်ထားတဲ့ အရုပ်လေးတွေကို အခင်းဖြစ်ပွားရာတိုင်းမှာ ချန်ခဲ့တတ်လို့ပါပဲ။ ဒီသဲလွန်စတစ်ခုကိုခြေရာကောက်ပြီး သစ်အယ်သီးလူသားလို့အမည်တပ်ထားတဲ့ ကွင်းဆက်လူသတ်တရားခံကို သူလင်မ်နဲ့ဟက်စ်တို့ ဘယ်လိုရှာဖွေဖော်ထုတ်ကြမှာလဲ... ဘာကြောင့်ဒီအရွယ်အမျိုးသမီးတွေကိုမှ လူသတ်သမားကပစ်မှတ်ထားတာလဲ... ဆိုတာတွေကို စိတ်ဝင်တစားကြည့်ရှုရမှာဖြစ်တဲ့အပြင် ဇာတ်လမ်းဇာတ်ကွက်နဲ့  Plot Twist တွေကလည်း ဟာကနဲ၊ ဟင်ကနဲ ဖြစ်ရလောက်အောင် ကောင်းမွန်ပြီး အဆင့်သတ်မှတ်ချက်ကောင်းတွေလည်းရရှိထားတာကြောင့် လက်မလွှတ်သင့်တဲ့ လျှို့ဝှက်သည်းဖို၊ ...
7.7
TMDb: 7.7/10 404 votes
tv

The Chestnut Man (2021) Season 01

2021
Jeet Ki Zid (2021)Complete 6.5
Jeet Ki Zid (2021)Complete Jeet Ki Zid (2021) Action, Drama IMDb 8.3/10 (2.5K)ဒီဇာတ်လမ်းတွဲလေးကတော့ အိန္ဒိယနိုင်ငံတော်စစ်တပ်ရဲ့အထူးတပ်ဖွဲ့စစ်သားတစ်ယောက်ဖြစ်တဲ့ ဒီပ်ဆင်းဆန်ဂရ်ဆိုတဲ့ ပုဂ္ဂိုလ်တစ်ယောက်အကြောင်းကို ဖြစ်ရပ်မှန်ရိုက်ကူးတင်ဆင်ထားတဲ့ စီးရီးလေးပဲဖြစ်ပါတယ်။ဒီပ်ဟာ ငယ်စဉ်ကတည်းက အားနည်းတယ်။ ဒါပေမဲ့ ခေါင်းမာတယ်။ သူဖြစ်ချင်တာကို ရအောင်လုပ်တတ်တယ် မှန်တယ်ထင်ရင် စွန့်စားတယ်။ငယ်ငယ်က အစ်ကိုဖြစ်သူကို ကက်ရှမီးဒေသက အကြမ်းဖက်သမားတွေ ဖမ်းသွားလို့ လက်စားချေဖို့ တပ်ထဲဝင်လာတယ်။တပ်ထဲဝင်လာတော့လည်း လူအများမလုပ်နိုင်တဲ့ စံချိန်တွေ ချိုးတယ်။ စစ်မြေပြင်အတွင်းမှာဆိုရင်လည်း အထက်အမိန့်မကြည့်ဘဲ အခြေအနေအချိန်အခါကို တွက်ဆပြီး အကြမ်းဖက်သမားတွေကို နှိမ်နင်းတယ်။ဒီလိုစစ်သားတစ်ယောက်ရဲ့စစ်မြေပြင်မြင်ကွင်းတွေအပြင် ဘဝရဲ့အနိမ့်အကျအလှည့်အပြောင်းတွေမှာလည်း သူ ဘယ်လိုရုန်းကန်နေထိုင်သွားမလဲဆိုတာကို ဒီဇာတ်လမ်းတွဲမှာ မြင်တွေ့ရမှာပဲဖြစ်ပါတယ်။File Size – 700MB / 400MBQuality – 1080p Zee5 WEB DL / 720pDuration – 40minsTotal Episodes: 7EpsSubtitle – Myanmar HardsubFormat – Mp4Genre : Action & ...
6.5
TMDb: 6.5/10 2 votes
tv

Jeet Ki Zid (2021)Complete

2021