Channel Myanmar

2021

The Croods: Family Tree Season 2 (2022) 7
The Croods: Family Tree Season 2 (2022) The Croods ; Family Tree (2022)Hulu က​နေ 2021 ခုနှစ် စက်တင်ဘာမှာထွက်ရှိထားတဲ့ The Croods : Family Tree ရဲ့ တိုက်ရိုက်အဆက်ပဲဖြစ်ပါတယ်။ တစ်ပိုင်းကို မိနစ် ၂၀ ကျော်ကြာမြင့်မှာဖြစ်ပြီး ၇ ပိုင်းတိတိ ထွက်ရှိထားပါတယ်။ခရုဒ်မိသားစုနဲ့ ဘတ်တာမန်းမိသားစုဟာ အခုဆိုရင် Farmဆိုတဲ့ ဘတ်တာမန်းမိသားစုပိုင်ခြံထဲက Tree Houseမှာ တူတူ​နေထိုင်ကြပါပြီ၊ အိမ်နီးချင်း​​တွေ တကျက်ကျက် ဖြစ်ရင် ခွီရတဲ့ထုံးစံအတိုင်း လူရိုင်းအကျင့်စရိုက်၊ အမူအကျင့်​တွေနဲ့ပဲ အသားကျ​နေ​သေးတဲ့ ခရုဒ်မိသားစုဝင်တို့ ဒီ​နေ့​​ခေတ်အသိဉာဏ်နဲ့ ယဉ်​ကျေးတဲ့စရိုက်ရှိတဲ့ဘတ်တာမန်းမိသားစုနဲ့မှ တူတူတွဲ​နေရတဲ့အခါမှာ​တော့ ​ ရေနဲ့ဆီလိုကွာ​နေတဲ့ ယဉ်​ကျေးမှုတွေကို​ ပြောင်းလဲညှိယူရင်း ပဋိပက္ခ​​ပေါင်းစုံဖြစ်လာပါ​​တော့တယ်....Croods Franchise ရဲ့ထုံးစံအတိုင်း ​​တောရိုင်းသဘာဝအလှအပနဲ့သားရဲ​ကောင်​ အထူးအဆန်းတွေပါမယ်၊ အ​ရေးကြီးရင် ​သွေးထက်ပျစ်တဲ့ မိသားစု​မေတ္တာ​တွေ၊ သူငယ်ချင်းသံ​ယောဇဉ်​တွေပါမယ်၊ ပြဿနာ​ပေါင်းစုံ​ကြောင့် ခွီလည်းခွီရမယ်၊ ရယ်လည်းရယ်ရမယ်၊ တစ်ပိုင်းချင်းစီမှာပေးချင်တဲ့ Message​တွေပါမယ်၊ Dreamwork ကုမ္ပဏီကပဲ ရိုက်ကူး​ပေးထားတယ်၊ ဒီ​လောက်ဆို Animationကြိုက်တဲ့ Cmပရိတ်သတ်​တွေ အဖို့ လက်မလွတ်သင့်တဲ့ Seriesဆိုတာ ​သေချာပါတယ်၊ Croodsမိသားစုရဲ့ ...
7
TMDb: 7/10 439 votes
tv

The Croods: Family Tree Season 2 (2022)

2021
F4 Thailand: Boys Over Flowers(2021)
F4 Thailand: Boys Over Flowers(2021) Boys Over Flowers (F.4Thailand)2021    စ / ဆုံး *******************************အားလုံးစောင့်မျှော်နေတဲ့ F4 Thailand Version လေးထွက်လာပါပြီGMM25 ကနေ အပတ်စဉ် စနေနေ့တိုင်း ည ၈ နာရီခွဲမှာ ထုတ်လွှင့်ပြသမှာဖြစ်ပါတယ်စုစုပေါင်း အပိုင်း ၁၆ ပိုင်းအထိ ပြသသွားမှာပါဒီဇာတ်ကားက ဂျပန် Manga တစ်ခုဖြစ်တဲ့ "Hana Yori Dango" ကို ပြန်လည်ရိုက်ကူးထားတာဖြစ်ပါတယ် "ဇာတ်လမ်းအကျဉ်း" ဂေါ်ယာက ဆင်းရဲတဲ့မိသားစုက မိန်းကလေးတစ်ယောက်ပါဒါပေမယ့် လူချမ်းသာတွေတက်တဲ့ကျောင်းမှာ တက်ဖို ပညာသင်ဆုရခဲ့တယ်ကျောင်းကိုတော့ နာမည်ကြီးပြီး ဩဇာလွှမ်းမိုးမှုရှိတဲ့ F4 အဖွဲကပဲ အုပ်ချုပ်ကြတယ်သူတိုက ကျောင်းမှာရှိတဲ့လူတွေကို အနိုင်ကျင့်ကြတယ်ဂေါ်ယာက သူတိုအနိုင်ကျင့်တာကို အာခံရဲတဲ့ တစ်ဦးတည်းသောကျောင်းသူဖြစ်ခဲ့တယ်ဒါကြောင့် သူတို လေးယောက်စလုံး အံ့ဩသွားကြတယ်အထူးသဖြင့် အဖွဲခေါင်းဆောင်ဖြစ်တဲ့ ထမ်က အရမ်းအံ့ဩနေခဲ့တယ်ဂေါ်ယာဆီက အကန်ခံခဲ့ရပေမယ့် ထမ်က သူမကို စိတ်ကူးယဉ်ဆန်ဆန်ချဉ်းကပ်ခဲ့တယ်ဒါပေမယ့် ဂေါ်ယာက သူ့ကို စိတ်မဝင်စားခဲ့သလို အထင်လည်းမကြီးလာခဲ့ဘူးထမ်ရဲ့ အချစ်ဆုံးသူငယ်ချင်း လန်ကိုပဲ ...

F4 Thailand: Boys Over Flowers(2021)

2021
Traffickers: Inside The Golden Triangle (2021)
Traffickers: Inside The Golden Triangle (2021) Traffickers: Inside the Golden Triangle (2021) Ep 1 - The Opium King တစ်ကမ္ဘာလုံးက နံပါတ်တစ် ဘိန်းဘုရင်ပါလို့ လက်ခံထားခဲ့ကြဖူးတဲ့ မြန်မာနိုင်ငံသားတစ်ယောက်ရှိတယ်။ သူ့နာမည်က ခွန်ဆာ။ မူးယစ်ဆေးလောကမှာတော့ သူ့ခေတ်သူ့အခါက ခွန်ဆာကို ဘယ်သူမှမမီဘူး။ အတ်စကိုဘားလည်း မမီဘူး။ မြန်မာ ထိုင်းနဲ့ အမေရိကန်ကပါ သူ့ကို မရမကဖမ်းဖို့ကြိုးစားခဲ့ကြတယ်။ အမေရိကန်ဆို ခွန်ဆာကိုဖမ်းဖို့ သီးသန့်အဖွဲ့တွေပါ ဖွဲ့ခဲ့ရတယ်။ ဒါပေမဲ့ မအောင်မြင်ခဲ့ဘူး။ ၂၀၀၇အထိ အေးဆေးနေရင်း ရောဂါနဲ့ပဲ ‌ဆုံးသွားခဲ့တယ်။ " ခွန်ဆာနဲ့ ဘိန်းလုပ်ငန်း " ခွန်ဆာဟာ ရွှေတြိဂံလို့ခေါ်တဲ့ မြန်မာ၊ ထိုင်း၊ လာအို သုံးနိုင်ငံစပ်က ဘိန်းထုတ်လုပ်ရေးနဲ့ နာမည်ကြီးတဲ့နေရာက နာမည်အကြီးဆုံး ဘိန်းဘုရင်ပါ။ သူ့ဆီက ဘိန်းတွေက ၉၅%သန့်တာကြောင့် အမေရိကဘိန်းဈေးကွက်တစ်ခုလုံး သူ့ဘိန်းတွေကို အသည်းစွဲကြိုက်ကြတယ်။ ခွန်ဆာကြောင့်နဲ့ ရွှေတြိဂံဟာ အဲဒီခေတ်က ကမ္ဘာ့ဘိန်းထုတ်လုပ်မှုအများဆုံးနေရာဖြစ်ခဲ့တယ်။ ...

Traffickers: Inside The Golden Triangle (2021)

2021
The All-Round Wife(2021) [Completed]
The All-Round Wife(2021) [Completed] The All-Round Wife(2021) ဇာတ်လမ်းတွဲအညွှန်း***************************************** အပိုင်းသစ် (၁၂၂)(ဇာတ်သိမ်းပိုင်း) Seo Cho-Heeကတော့ ကြော်ငြာကုမ္ပဏီတစ်ခုမှာ ၁၂သက်တမ်းကြာအလုပ်လုပ်လာတဲ့ စာရင်းချုပ်တစ်ယောက်ပါ...ဆိုးလ်မြို့မှာတော့ Gangnamတစ်ဝိုက်ဟာ အိမ်စျေးကြီးတဲ့အတွက်လူချမ်းသာသူဌေးတွေလောက်ပဲနေနိုင်တဲ့ရပ်ကွက်လို့တင်စားလို့ရတယ်....အဲ့ဒီGangnamပတ်ဝန်းကျင်မှာ တိုက်ခန်းဝယ်ချင်တဲ့Seo Cho-Heeတစ်ယောက်သူမအိမ်မက်ကို အကောင်အထည်ဖော်နိုင်ဖို့ အလုပ်တွေအသားကုန်ကြိုးစားလုပ်ကိုင်ရင်းကိုယ်ပိုင်အချိန်အတော်များများကိုကုန်ဆုံးနေတယ်...ရုန်းကန်မှုတွေကြားကသူမရဲ့ပျော်ရွှင်မှုအစစ်အမှန်က တကယ်တော့ သူထင်သလိုတိုက်ခန်းကြီးမဟုတ်မှန်းသိလာတဲ့အခါမှာတော့... အပိုင်း၁၂၀ပါရှိတဲ့ မိသားစုဇာတ်လမ်းတွဲရှည်ကြီးဖြစ်လို့ ဘဝအမောတွေဖြေရင်းCMမှာအပတ်စဉ် တနင်္လာနေ့မှသောကြာနေ့အထိ ငါးရက်လုံးလုံး တဝကြီးခံစားကြည့်ရှူပါဦး...Episodes: 120Duration: 30 MinGenres: Drama, Family, MelodramaSubtitled by  Ei Phyu Khin, Hnin Pale   & Khin Khine WaiEncoded by  Phyo Pyae ****  Telegram Channel ****  Episode 1(300MB) UsersDrive   |    Yoteshin    |    MegaUp      |       Mega.NZ    | DirectLink   |  VIPEpisode 2(300MB) UsersDrive  ...

The All-Round Wife(2021) [Completed]

2021
Second Husband (2021) 8.0
Second Husband (2021)  Second Husband (2021)လောင်ရတာကိုမှ နှစ်သက်တယ်ဆိုတဲ့ပရိသတ်တွေအတွက်နောက်ထပ် လောင်မြိုက်ရမယ့်စီးရီးကြီးတစ်ခု တင်ဆက်ပေးလိုက်ပါတယ်ငယ်စဉ်ကတည်းက စိတ်ဒဏ်ရာတွေနဲ့ ရှင်သန်ခဲ့ရတဲ့ ဘုံဆွန်းဟွာဆိုတဲ့ ကောင်မလေးဟာ စိတ်ဓာတ်မာကြောပြီး စိတ်ကောင်းရှိတဲ့သူပါ ဒီလိုနဲ့ ဆွန်းဟွာက မွန်းဆန်းယော့ဆိုတဲ့ချစ်သူဖြစ်သူနဲ့ နှစ်ရှည်လများ တွဲလာရင်းကမထင်မှတ်ဘဲ ကိုယ်ဝန်ရသွားခဲ့ပါတယ်မတော်တဆရခဲ့တဲ့ ကိုယ်ဝန်ကြောင့် မိသားစုရဲ့ စွန့်ပစ်မှုကိုခံလိုက်ရတဲ့ ဆွန်းဟွာဟာ ချစ်သူဖြစ်သူရဲ့ မျက်နှာနဲ့ပဲနေမယ်လို့ဆုံးဖြတ်ခဲ့ပေမယ့် ဆန်းယော့က သူ့ကိုထားပြီးဖောက်ပြန်ခဲ့ပါတယ်ဒီလိုနဲ့ အရာရာကံဆိုးလွန်းလှတဲ့ ဆွန်းဟွာတစ်ယောက် နောက်ထပ်ကံဆိုးမှုတစ်ခုထက်ဖြစ်သွားတဲ့အခါ သူမကို ရက်ရက်စက်စက်စွန့်ပစ်သွားရစ်ခဲ့တဲ့ ဆန်းယော့ကိုလက်စားချေဖို့ ကြိုးစားပါတော့တယ်...။အပိုင်း ၁၂၀ ထိ ပါဝင်ပြီး Mon-Fri ရက်တွေမှာ ChannelMyanmar ကနေ တစ်ပတ် ၅ ပိုင်း နှုန်းနဲ့တင်ဆက်ပေးသွားမှာမို့ အားပေးကြည့်ရှူကြပါဦးနော် ။( အညွှန်းရေးသားထားသူကတော့ Amelia ပါ ) Native Title: 두번째 남편 Episodes: 120 Aired: Aug 9, 2021 - Jan 21, ...
8.0
TMDb: 8.0/10 1,201 votes
tv

Second Husband (2021)

2021
Light the Night ( 2021 ) Season 1+2+3 Completed
Light the Night ( 2021 ) Season 1+2+3 Completed ‌ဒီတစ်ခါCM ကနေဘာသာပြန်တင်ဆက်ပေးမှာကတော့ Light the night ဆိုတဲ့ Taiwan series လေးပဲ ဖြစ်ပါတယ်အဓိက ပါဝင်ထားတဲ့သရုပ်‌ဆောင်တွေကတော့ လော်ယွီနုန် (Rose) အဖြစ် နာမည်ကြီးဟွမ်ကျူးကောကော ကားထဲက ကြည်ဝေ လို့ လူသိများတဲ့ Ruby Lin (ဒီကားရဲ့ producer တစ်ယောက်ဆိုလည်းမမှားပါဘူး)စူးချင့်ရီ(Sue) အဖြစ်နာမည်ကြီးထိုင်ဝမ်မင်းသမီး Cheryl Yang ဝမ်အိုက်လျန်(Aiko)အဖြစ်နာမည်ကြီးအဆိုတော်သရုပ်ဆောင် Puff Kuo ကျန်းဟန့်အဖြစ် ထိုင်ဝမ်-ဗြိတိန်သွေးနှော မင်းသား Rhydian Vaughanတို့နဲ့အတူအခြားနာမည်ကြီး ထိုင်ဝမ်သရုပ်ဆောင်တွေကလည်း ဧည့်သည်သရုပ်ဆောင်အနေနဲ့အားဖြည့်ပေးထားကြတာဖြစ်လို့ လက်မလွှတ်တမ်းကြည့်ရှူသင့်တဲ့ ဇာတ်လမ်းလေးဖြစ်ပါတယ်ဇာတ်လမ်းလေးကတော့ 1988ခုနှစ် ထိုင်ဝမ်ကျွန်းရဲ့ လင်စန်း မြောက်ပိုင်းလမ်းမှာ ရှိတဲ့ ဂျပန်စတိုင်ကလပ် ကို ‌အဓိက နောက်ခံထားပြီး ရိုက်ကူးထားတာဖြစ်ပါတယ် မင်းသမီးအသားပေးဇာတ်လမ်းလေးဖြစ်ပြီးတော့Rose နဲ့ Sue တို့ဟာဆိုရင် သူငယ်ချင်းတွေဖြစ်ပြီး နှစ်ယောက်လုံးဟာ ဂျပန်ကလပ်ရဲ့ ပိုင်ရှင်တွေလည်းဖြစ်ပါတယ်ဒါပေမယ့် သူတို့နှစ်ယောက်ကြားထဲကို ဝင်လာတဲ့ ယောက်ျားတစ်ယောက်ကြောင့် ...

Light the Night ( 2021 ) Season 1+2+3 Completed

2021
Rivalry (2022) 9.5
Rivalry (2022) " အမုန်းမျဥ်းပြိုင်ကြားက ချစ်ခြင်း" စ/ဆုံး" Game Prattana(Rivalry)"*****************************ဇန်နဝါရီလ ၂၆ရက်နေ့မှစ၍ Ch 3 Thailand ရုပ်သံလိုင်းတွင်ထုတ်လွှင့်ပြသမည့် P'Alex နဲ့ P'Nycha ရဲ့ဇာတ်ကားအသစ်ကိုဘာသာပြန်တင်ဆက်ပေးပါမယ် ခင်ဗျာ။***Cast; " အနဝင်း " အဖြစ် Alex Teeradetch***" မီလင် " အဖြစ် Nycha Nuttanichaဇာတ်လမ်းအကျဥ်းကတော့ " အနဝင်(Alex)" နဲ့ " မီလင်(Nycha)" တို့သည်မိဘမျိုးဆက်ကတည်းက စီးပွားရေးပြိုင်ဘက်တွေဖြစ်ကြပါတယ် ။"ပိုလိုပရဟိတ" ပွဲအတွင်း "အနဝင်" ရဲ့အဖေတို့ရဲ့ကုမ္ပဏီ ဒေဝါလီခံရတော့မယ်ဆိုတာ သိပြီး နှလုံးဖောက်သွားခဲ့တယ် ။အဲ့နေ့မှာပဲ "အနဝင်"ရဲ့ ချစ်သူ "ဒိုးနတ်" ကလည်း "မီလင်" ရဲ့အဖေနဲ့ လက်ထပ်သွားခဲ့ပါတယ် ။အရာအားလုံးတိုက်ဆိုင်ပြီး စိတ်နာကျင်မှုရသွားတဲ့ "အနဝင်" တစ်ယောက် ဘယ်လိုဖြတ်ကျော်နိုင်မလဲ ။" မီလင်" အဖေကြောင့် အကုန်ဒီလိုဖြစ်သွားတဲ့အတွက် " မီလင်" ...
9.5
TMDb: 9.5/10 2 votes
tv

Rivalry (2022)

2021
A Tale Dark & Grimm (2021) 7.7
A Tale Dark & Grimm (2021) A Tale Dark And Grimm (2021)====================== IMDb Rating - 7.3/10Rating အလန်းစားလေးနဲ့ရတဲ့နောက်ထပ် aminated series လေးတစ်ခု တင်ဆက်ပေးလိုက်ပါတယ်။ အိပ်ရာဝင်ပုံပြင်တွေ နတ်သမီးပုံပြင်တွေဟာ ချစ်စရာအကောင်လေးတွေ နတ်သမီးလေးတွေရဲ့အ‌‌ေကြာင်းကို ဇာတ်လမ်း လေးတွေရေးဖွဲ့ကြတာဆိုပေမယ့်။ ဒီဇာတ်လေးကတော့ တစ်မျိုးတစ်ဖုံကို ကွဲထွက်နေပါတယ်။  ဇာတ်လမ်းရှည်ဖြစ်တာနဲ့အညီ တစ်ပိုင်းပြီးတစ်ပိုင်း မြှုပ်ကွက်တွေ လှည့်ကွက်တွေနဲ့ ဆွဲဆောင်သွားတာအတော်ကိုကြည့်လို့ ကောင်းတဲ့ adventure ဆန်ဆန် series လေးပါ။ဇာတ်လမ်းအကျဉ်းကိုပြောပြရရင် ဂရင်းဆိုတဲ့တိုင်းပြည်မှာ ဟန်ဆယ်နဲ့ ဂရေတယ်ဆိုတဲ့ ဘုရင့်သားတော်နဲ့သမီးတော်ရှိပါတယ်။ ဒီအမွှာနှစ်ယောက်ပဲ ရှိတဲ့အတွက် ဘုရင်ကြီးနဲ့ ဘုရင်မကြီးဟာသည်းသည်းလှုပ်ချစ်တာပေါ့။ ဒီလိုနဲ့ တစ်နေ့မှာဘုရင်နဲ့ဘုရင်မကြီးဟာ အကြောင်းတစ်စုံတစ်ရာမရှိပဲနဲ့ ဒီကလေးနှစ်ယောက်ကိုခေါင်းဖြတ်သတ်လိုက်တယ်။ ပြီးတော့မှကလေး နှစ်ယောက် ကိုမှော်အစွမ်းရှိတဲ့ကြိုးနဲ့ သူတို့ခေါင်းကိုပြန်ချုပ်ပေးလိုက်တယ်။ ကလေးနှစ်ယောက်လုံးပြန်အသက်ရှင်လာတယ်ဆိုပေမယ့် သေရွာကနေ ပြန်ရှင်လာတဲ့ ဟန်ဆယ်နဲ့ဂရေတယ်တို့ ဟာ သူတို့မိဘတွေကိုအရမ်းကြောက် သွားတယ်။ ကိုယ့်ကလေးနှစ်ယောက်လုံးခေါင်းဖြတ်ပြီးမှ ပြန်အသက်ရှင်စေတဲ့ ဒီမိဘတွေဟာ သူတို့ကိုတကယ်မချစ်လို့လား နောက်ထပ်ရောခေါင်းဖြတ်ခံရဦး မှာလားဆိုပြီး စိုးရိမ်စိတ်တွေနဲ့ နန်းတော်ကနေနှစ်ယောက်လုံးထွက်ပြေးကြတယ်။ ဟန်ဆယ်နဲ့ဂရေတယ်တို့သူတို့ကိုချစ်မယ့်ပြီးပြည့်စုံတဲ့မိသားစုကိုရှာဖွေရင်း သူမတူတဲ့ အခက်အခဲတွေကြုံရပါတော့တယ်။ ဘုရင်ကြီးနဲ့ ဘုရင်မကြီးဟာကိုယ့်ကလေးကို ခေါင်းဖြတ်သတ်လိုက်ရတဲ့အထိ ဘာအကြောင်းတွေများရှိနေလို့လဲ ၊ ဟန်ဆယ်နဲ့ ဂရေတယ်ကရော သူတို့ကိုတကယ်ချစ်တဲ့ပြီးပြည့်စုံတဲ့မိသာစုကိုရှာဖွေရင်းနဲ့ ဘယ်လိုအခက်အခဲတွေကြုံတွေရမလဲဆိုတာကြည့်ရှုပေးပါဦး ‌။(ဒီစီးရီးရဲ့ အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Tin Myo ...
7.7
TMDb: 7.7/10 10 votes
tv

A Tale Dark & Grimm (2021)

2021
Young Lady and Gentleman 10
Young Lady and Gentleman Young Lady and Gentleman (2021)ဒီတစ်ခါမှာတော့ CM ပရိသတ်ကြီးအတွက် မိသားစု ဒရမ်မာလေး တစ်ပုဒ်ကို တင်ဆက်ပေးချင်ပါတယ်လီယောင်ဂုဟာ ဇနီးသည် ကွယ်လွန်သွားပြီးနောက် ကလေးသုံးယောက်နဲ့အတူ ကျန်ရစ်ခဲ့ရတဲ့ သူဌေးတစ်ဦးပဲ ဖြစ်ပါတယ်တစ်ခုလပ်အမျိုးသားတစ်ယောက်ဖြစ်နေပေမဲ့လည်း ဥစ္စာပေါရုပ်ချောတဲ့ လီယောင်ဂုဟာ အမျိုးသမီးတွေကြားမှာ ရေပန်းစားဆဲပါပဲဒါပေမဲ့ လီယောင်ဂုဟာ ကွယ်လွန်သွားတဲ့ ဇနီးဖြစ်သူအပေါ် သစ္စာစောင့်သိပြီး သားသမီးတွေအတွက်လည်းလိုလေးသေးမရှိအောင် အလုပ်ကြိုးစားပြီး ထောက်ပံ့ပေးသူတစ်ဦးပါဒါပေမဲ့လည်း ငွေကြေးကြေးရေးအရသာ ထောက်ပံ့ပေးနိုင်တဲ့ လီယောင်ဂုတစ်ယောက်သားသမီးတွေကို ထိန်းသိမ်းတဲ့အပေါ်မှာ လစ်ဟင်းလာတဲ့အခါ....ကလေးတွေအတွက် အိမ်မှာအတူနေပေးပြီး စာသင်ပေးဖို့ ကျူတာတစ်ယောက်ကို ရှာဖွေခဲ့ပါတော့တယ်တစ်ဖက်မှာလည်း အမေနဲ့အစ်ကိုဖြစ်သူရဲ့လုပ်ရပ်ကြောင့် အိမ်အာမခံကြေးတွေ ဆုံးရှုံးခဲ့ရတဲ့အပြင် ဖခင်ဖြစ်သူဟာလည်းပင်ပန်းဆင်းရဲတဲ့ Delivery အလုပ် လုပ်နေတာကို တွေ့လိုက်ရတဲ့ ပတ်ဒန်ဒန်...မိသားစု စားဝတ်နေရေးအတွက် အလုပ်လုပ်ဖို့ရှာဖွေရင်း လီယောင်းဂုရဲ့အိမ်မှာ ကျူတာလုပ်ဖို့ အကြောင်းဖန်လာတဲ့အခါ...ချို့တဲ့ပေမဲ့လည်း စိတ်ကောင်းထားပြီး ပျော်ပျော်နေတတ်တဲ့ ပတ်ဒန်ဒန်တစ်ယောက် ကလေးတွေကိုစာသင်ပေးရင် အမြဲခက်ထန်နေတဲ့ လီယောင်ဂုနဲ့ ဘယ်လိုတွေ နှစ်ပါးသွားမလဲ??လီယောင်ဂုကရော ကလေးတွေ ...
10
TMDb: 10/10 2 votes
tv

Young Lady and Gentleman

2021
Not Me (2021)
Not Me (2021) Not Me(2021)ဇာတ်လမ်းအကျဥ်း စ / ဆုံး************************************* ဇာတ်လမ်းအကျဥ်းအခုတစ်ခါ CM ကတင်ဆက်ပေးမဲ့ ထိုင်းကားကောင်းလေးကတော့ အမွှာညီအစ်ကို အကြောင်းရိုက်ကူးထားတဲ့ကားလေးပဲဖြစ်ပါတယ်ပရိသတ်တွေထဲမှာလည်း အမွှာတွေရှိကြမှာပါ အမွှာတွေမှာ လက်ဆုပ်လက်ကိုင် ပြစရာမရှိပေမဲ့ ခံစားလိုရတဲ့ ဆက်နွယ်မှုတစ်ခုရှိတယ်ဆိုတာ လူတိုင်းသတိထားမိကြပါတယ်ဒီကားက ဘက် နဲ့ ဝှိက် ညီအစ်ကို နှစ်ယောက်ကတော့ အဲလိုဆက်နွယ်မှုမှာ အားအရမ်းကောင်းကြတဲ့ ညီအစ်ကိုတွေပေါ့ တစ်ယောက်ဘာပဲဖြစ်ဖြစ် နောက်တစ်ယောက်က ချက်ချင်းလိုက်ဖြစ်ပါတယ် တစ်ယောက်ရေနစ်နေရင် နောက်တစ်ယောက်က ကုန်းပေါ်မှာရှိနေပေမဲ့ ရေမွန်းသလို ခံစားရတာမျိုးပေါ့ ဒါပေမဲ့ အဲလိုအရမ်းအနေနီးစပ်ပြီး ချစ်ကြတဲ့ ညီအစ်ကိုနှစ်ယောက်ရဲ့ ဆက်နွယ်မှုကို အကြောင်းပြပြီး မိဘတွေက ကွာရှင်းလိုက်ကြပါတယ်ဝှိက်က အဖေဖြစ်သူနဲ့ ရရှားကိုလိုက်သွားရပြီး ဘက်ကတော့ အမေဖြစ်သူနဲ့ထိုင်းမှာကျန်ခဲ့ပါတယ် အနေဝေးသွားတဲ့အတွက် သူတိုကြားကဆက်နွယ်မှုကလည်း တဖြည်းဖြည်းပျောက်ကွယ်သွားပါတယ် အဲလိုနဲ့နှစ်တွေကြာတဲ့အခါမှာ တစ်နေရာစီကြီးပြင်းလာကြပြီး ဝှိက်ကလည်း ထိုင်းကိုပြန်လာဖို အကြောင်းဖန်လာပါတော့တယ်ထိုင်းပြန်ရောက်ပြီး တစ်နေ့မှာတော့ ဝှိက်က သေကောင်းပေါင်းလဲဝေဒနာကို ရုတ်တရက်ကြီးစပြီး ခံစားရပါတော့တယ် ဒါပေမဲ့ ခံစားမှုအရဘဲဖြစ်နေတဲ့အတွက် ဘာရောဂါမှလည်း ရှာမတွေ့ခဲ့ပါဘူးအဲလိုနဲ့ တစ်နေ့မှာတော့ သူတိုရဲ့ ငယ်ဘဝ သူငယ်ချင်းတော့ ...

Not Me (2021)

2021
Tribes of Europa (2021) 6.7
Tribes of Europa (2021) Tribes of Europa ( 2021)=================IMDb Rating - 6.7/10Netflix ကထွက်ရှိထားတဲ့ Underrated seriesတစ်ခုကို တင်ဆက် ​​ပေးချင်ပါတယ်။ IMDb 6.7 နဲ့ Rotten Tomatoesမှာ 92% အထိ ရရှိထားပြီး Total Episodes 6ပိုင်းပါဝင်တဲ့ Seriesတစ်ခုပါ။ဇာတ်အိမ်ကို 2070ခုနှစ်မှာ ​​တည်ထားတာဆို​ပေမယ့် ​ခေတ်လွန်​နေ တာမဟုတ်ဘဲ ​ခေတ်​နောက်ပြန်ဆွဲ​နေတဲ့ ကာလတစ်ခုပဲ ဖြစ်ပါတယ်၊ 2029 ခုနှစ် Black December ဆိုတဲ့ ဖြစ်ရပ်ကြီး တစ်ခု​ကြောင့် တစ်ကမ္ဘာလုံး စွမ်းအင်ပျက်သုဉ်း အ​မှောင်ကျခြင်းဖြစ်စဉ် (Global Blackout)တစ်ခုဖြစ်ပွားခဲ့ပြီး ကမ္ဘာ​ပေါ်က မူရင်းရှိပြီးသား နိုင်ငံ အားလုံးပြိုကွဲကာ ဓ​လေ့တူ၊ ရိုးရာတူ၊ ယုံကြည်မှုတူတဲ့ လူ​တွေစုပြီး သူတစ်လူ ငါတစ်မင်း နယ်​မြေဖွဲ့ကာ ​နေထိုင်လာကြပါတယ်။ ဒီနယ် နဲ့ လူမျိုး​တွေကို မျိုးနွယ်စု​တွေရယ်လို့ ​ခေါ်ဆိုကြပါတယ်။ Originesဆိုတဲ့ မျိုးနွယ်စုဟာ နာမည်နဲ့လိုက်​အောင် နည်းပညာ​တွေ နဲ့အ​ဝေး၊ ပြင်ပ​လောကနဲ့​ဝေးရာကို ​ပြောင်း​လာပြီး သဘာဝတရားရဲ့မူလအနှစ်သာရအတိုင်း ​​တောအုပ်ကြီးထဲမှာ အ​ခြေချနေထိုင်ကြတဲ့ မျိုးနွယ်စုပဲဖြစ်ပါတယ်။ ...
6.7
TMDb: 6.7/10 2262 votes
tv

Tribes of Europa (2021)

2021
MalaYerba (2021) 7.2
MalaYerba (2021) Mala Yerba series (Season 1)IMDb 7.5/10 =================================ကမ္ဘာကြီးတစ်ခုလုံးကို လယ်တစ်ကွက်နဲ့ တက်သိမ်းဖို့ ဆိုတာ ဖြစ်နိုင်ပါ့မလား....သိပ်ကိုဖြစ်နိုင်တာပေါ့ ......ဒီလယ်တစ်ကွက်က အကောင်းစား ဆေးခြောက်ပင်တွေ စိုက်ထားဖို့ပဲ လိုပါတယ်တဲ့.....ဒီစီးရီးလေးက စပိန်စီးရီးလေး ဖြစ်ပြီးတော့ နာမည်ကို ကြည့်လိုက်ရုံနဲ့ ဒီဇိုင်းကာလာ အနေအထားကို သိနိုင်ပါတယ်။ဇာတ်လမ်းအကျဥ်းလေးကို ပြောပြရရင်ကိုလမ်ဘီယာနိုင်ငံမှာ ဆေးခြောက်ပင်ကို တရားဝင်စိုက်ခွင့် ပြုလိုက်ရာက အစပြုခဲ့တာပါ။သမ္မတဟောင်းရဲ့ မြေးဖြစ်သူ ဇာတ်လိုက်ဟာ မိသားစု အသိုင်းအဝိုင်းကြားမှာ အရှုံးသမား ဖြစ်နေခဲ့တာကြာပါပြီ.....။ တစ်ရက်ကျတော့ အခမ်းအနားတစ်ခုကနေ သတင်းထူးတစ်ခု သိုးသိုးသန့်သန့် ကြားလိုက်ရပါတယ်။ နိုင်ငံထဲမှာ ဆေးခြောက် တရားဝင်စိုက်ခွင့်ကို မကြာခင် အတည်ပြုပေးတော့မယ်ဆိုတဲ့ သတင်းပါပဲ။ဒါကို ကြားလိုက်ရတဲ့အခါ ဇာတ်လိုက်အနေနဲ့ လက်ဦးမှု ရယူနိုင်ရင် ဆေးခြောက်လောကမှာ မင်းမူလို့ရပြီဆိုတာ ကောင်းကောင်းကြီးသိနေပါတယ်။ ဒီအကြံကို အကောင်အထည်ဖော်ဖို့ သူ့ရဲ့ ဘော်ဒါတွေကို သွားရှာပြီး လူစုပါတော့တယ်။ဒါပေမဲ့လည်း ထင်သလိုဖြစ်မလာတတ်တဲ့ လောကကြီးမှာ ဘယ်လို အရှုပ်ထုပ်တွေ ဖြစ်လာဦးမလဲဆိုတာ စီးရီးထဲမှာပဲ ဆက်လက်စောင့်ကြည့်ဖို့ ပြောချင်ပါတယ်။ပရိသတ်ကြီးတွေအနေနဲ့ Money Heist တို့လို Platform တို့လို စပိန်ကားတွေကို ...
7.2
TMDb: 7.2/10 46 votes
tv

MalaYerba (2021)

2021
The Dog I Encountered (2021) 8.9
The Dog I Encountered (2021) The Dog I Encountered (2021)ဒီအစီအစဉ်လေးကတော့ လူသားတွေကြောင့် ထိခိုက်ဒဏ်ရာရပြီး စွန့်ပစ်ခံထားရတဲ့ ခွေးလေးတွေကို နာမည်ကြီး အနုပညာရှင်တွေက စောင့်ရှောက်ပေးကြမယ့် အစီအစဉ်လေးပဲဖြစ်ပါတယ်ဒီအပိုင်းလေးမှာတော့ လူမဆန်တဲ့လူတွေရဲ့ လုပ်ရပ်ကြောင့် ဒဏ်ရာအမြောက်အမြားရရှိထားပြီး ကောင်းကောင်း လမ်းမလျှောက်နိုင်တဲ့ ခွေးလေးကို ဆေးကုသ စောင့်ရှောက်ပေးနိုင်အောင် ကြိုးပမ်းကြပုံကို ရှုစားကြရမှာပါလူတွေကြောင့် စိတ်ဒဏ်ရာရထားလို့ အလွယ်တကူချဉ်းကပ်ဖို့ ခက်ခဲတဲ့ ခွေးလေးကို ဘယ်လိုမျိုး ပြုစုစောင့်ရှောက်မှုတွေ ပေးသွားကြမလဲခွေးလေးတွေကရော လူသားတွေကြောင့် ရခဲ့တဲ့ စိတ်ဒဏ်ရာကို ကျော်လွှားနိုင်ပြီး မိသားစု အသစ်နဲ့ တွေ့ဆုံသွားနိုင်မလားဆိုတာ ကြည့်ရှုခံစားလိုက်ကြပါဦးနော်စုစု‌‌ပေါင်း ၄ ပိုင်း ပါဝင်မှာပဲ ဖြစ်ပါတယ်.အညွှန်းကိုတော့ Theingi က ရေးသားပေးပြီးဘာသာပြန်ထားတာကတော့ CM Variety Pro Max ပဲ ဖြစ်ပါတယ် ။Genre.....Reality Quality….WEB-DL 1080p and 720p File size…1GB and 500MB Format…mp4 Duration….1h 15min Subtitle….Myanmar Subtitle (Hardsub) Translator ..... CM Variety Pro Max Encoder .....AugustVIP Link - ...
8.9
TMDb: 8.9/10 48 votes
tv

The Dog I Encountered (2021)

2021
Hello, The Sharpshooter (2021)
Hello, The Sharpshooter (2021) ဒီတစ်ခါ CMကနေ ဘာသာပြန်တင်ဆက်ပေးဖို့ ရွေးချယ်ထားတဲ့ ဇာတ်ကားလေးကတော့ ခေတ်လူငယ် အချစ်ကားလေးဖြစ်တဲ့Hello, the Sharpshooterပဲဖြစ်ပါတယ်။ ဒီကားလေးမှာဆိုရင်တော့ A Love So Beautiful ထဲက မင်းသားချောလေးHu Yi Tian က သေနတ်ပစ်ကစားသမားလေး (ရှန်ချင်းယွမ်)အဖြစ် Put Your Head On My Shoulder ထဲကမင်းသမီးချောလေး Xing Fei က ရုပ်သံလွှင့်ဌာနမှ သတင်းထောက်မလေး (ထန်ရှင်း) အဖြစ် အဓိကပါဝင် သရုပ်ဆောင်ထားကြတာပဲ ဖြစ်ပါတယ်ဇာတ်လမ်းလေးကတော့ အမျိုးသားအားကစားပြိုင်ပွဲမှာ ရုပ်သံလွှင့်ဌာန Sports Channelမှ အလုပ်သင်သတင်းထောက်မလေး ထန်ရှင်းကပစ္စတိုသေနတ်ပစ်ပြိုင်ပွဲချန်ပီယံကို အင်တာဗျူးဖို့ တာဝန်ပေးခံရတယ်။ အင်တာဗျူးဖို့ လုပ်တဲ့အချိန်မှာ တစ်ဖက်သူက လွန်ခဲ့တဲ့ ၄နှစ်တုန်းကထန်ရှင်း တိတ်တခိုးသဘောကျခဲ့တဲ့ ရှန်ချင်းယွမ်ဖြစ်နေတယ်။ ဒါပေမဲ့လည်း ထန်ရှင်းက အင်တာဗျူးတဲ့အခါ ရှန်ချင်းယွမ်ရဲ့ အေးတိအေးစက်တုံ့ပြန်မှုတွေကြောင့် ထိတ်လန့်သွားပြီး စကားထစ်သွားတာကြောင့် ...

Hello, The Sharpshooter (2021)

2021
Arcane(2021) Complete 9.7
Arcane(2021) Complete နာမည်ကျော် PC ဂိမ်းကြီးတစ်ခုဖြစ်တဲ့ League of Legends ဂိမ်းကြီးကိုပရိသတ်တော်တော်များများ သိကြမှာပါ... ဒီဂိမ်းဟာ MOBA ဂိမ်းတစ်ခုဖြစ်ပြီးတော့ကမ္ဘာတစ်ဝှမ်းဆော့ကစားသူပေါင်းသန်းချီရှိနေတဲ့ Playerbase အများဆုံးဂိမ်းလည်း ဖြစ်ပါတယ်...ထူးခြားတာကတော့ ဒီဂိမ်းကိုပိုင်တဲ့ Riot ကုမ္ပဏီက Fan service ပေးရမှာ အင်မတန်ကို နာမည်ကြီးတာပါ...ဂိမ်းထုတ်လုပ်ရုံတင်မကပဲ ဂိမ်းနဲ့ပတ်သတ်တဲ့ ပြိုင်ပွဲတွေ ရှိုးတွေ အလှူပွဲတွေအပြင် Kpop band လို အဆိုတော်အဖွဲ့တွေပါ ဖွဲ့ထားတာပဲဖြစ်ပါတယ်...အခုတော့ နောက်တစ်ဆင့်အနေနဲ့ ရုပ်ရှင်ဇာတ်လမ်းတွဲတွေဘက်ပါ ခြေဦးလှည့်လာပြန်ပါတယ်...ဒါကတော့ အခုတင်ဆက်ပေးမယ့် 'Arcane' ဆိုတဲ့ စီးရီးပါ... LOL အခြေတည်ရာကမ္ဘာကတော့Runeterra ဆိုတဲ့ ကမ္ဘာကြီးဖြစ်ပြီး နောက်ခံသမိုင်းဇာတ်ကြောင်းတွေ ဇာတ်လမ်းတွေနဲ့ အင်မတန်ကျယ်ပြန့်တဲ့universe ကြီးတစ်ခုကို တည်ဆောက်ထားတာပဲဖြစ်ပါတယ်... ဂိမ်းထဲမှာပါဝင်တဲ့ ချန်ပီယံတွေရဲ့ ဘဝဇာတ်ကြောင်း..နေရာဒေသတွေရဲ့ သမိုင်း..စတာတွေဟာ LOL ဆော့ကစားရာ Players တွေအတွက် သီးသန့်ကမ္ဘာတစ်ခုဖြစ်နေပြီး စိတ်ဝင်စားစရာလည်း အပြည့်နဲ့ပါ...ဒီ universe ကြီးကို ...
9.7
TMDb: 9.7/10 6 votes
tv

Arcane(2021) Complete

2021
My Teenage Girl (2021)
My Teenage Girl (2021) My Teenage Girl (2021)Idol အိပ်မက်ကို အမြန်ဆုံးဖန်တီးပေးနိုင်တဲ့ တစ်ခုတည်းသော အခွင့်အရေးဆိုတာ survival show တွေမှာပဲ ရှိတာမဟုတ်လားအားလုံးစောင့်မျှော်နေကြတဲ့ “My Teenage Girl ”ကို Channel Myanmar ကနောက်မကျစေရဘဲ တင်ဆက်ပေးချင်ပါတယ်ကိုရီးယားတင်မကဘဲ ကမ္ဘာတစ်ဝန်းက အသက် 11 မှ 23 ကြား မိန်းကလေး ပြိုင်ပွဲဝင်တွေဟာ debut နိုင်မယ့်အခွင့်အရေးအတွက် အကြိတ်အနယ်ယှဉ်ပြိုင်သွားကြမယ့် survival show တစ်ခုပဲဖြစ်ပါတယ်Auditions အတွက် လျှောက်ထားသူပေါင်း 30000 ကျော်ထဲက မိန်းကလေး 83ယောက်ကသာ ဆန်ခါတင်ရွေးချယ်ခံခဲ့ရပြီး အသက်အရွယ်အလိုက် အုပ်စုလေးစုကာ ပထမအဆင့် အရင်ယှဉ်ပြိုင်စေမှာပါအဓိက show မှာပါဝင်ယှဉ်ပြိုင်ခွင့်ကိုတော့ အုပ်စုတစ်စုစီက မိန်းကလေး 10 ယောက်စီကသာ ရရှိမယ့် survival showပါတင်ဆက်ပေးသွားမယ့် MC ကတော့ Yoon Kyun Sang ဖြစ်ပြီး Mentors တွေအနေနဲ့- Nation's girlgroup SNSD ရဲ့ KwonYuri - ...

My Teenage Girl (2021)

2021
1883 (2021) 9
1883 (2021) ဒီဇာတ်လမ်းတွဲကတော့ နာမည်ကျော် စီးရီး Yellowstone ထဲက မိသားစုရဲ့မူလပထမ စွန့်စားခန်းခရီးစဉ်ကို ရိုက်ကူးထားတာဖြစ်ပါတယ်။ Rating အမြင့်စား ကောင်းဘွိုင်စီးရီးရှားပါးနေတဲ့အချိန်မှာ ပီပီပြင်ပြင်ကို ရိုက်ကူးထားတာပါပဲ။ ၁၈၈၃ခုနှစ် အမေရိကန်ပြည်မှာ ရေမြေပတ်ဝန်းကျင် ပိုကောင်းရာအရပ်တွေဆီ ပြောင်းရွှေ့နေထိုင်ကြပုံတွေကို ရိုက်ကူးပြသထားတာပါ။ ဇာတ်လမ်းအကျဉ်းကတော့ လယ်သမားတစ်ဦးဖြစ်တဲ့ ဂျိမ်းစ်ဒက်တန်ဟာ ခိုးဆိုးဓားပြတွေပေါတဲ့ တက္ကဆက်အရိုင်းမြေကို စွန့်ခွာပြီး သူ့မိသားစုနဲ့အတူ အနောက်အရပ်ဆီ ခရီးထွက်ဖို့ပြင်ခဲ့ပါတယ်။ ဒီလိုပြင်ဆင်တုန်းမှာ လှည်းခရီးသွားတစ်ဖွဲ့ကို အနောက်အော်ရီဂွန်အရပ်ဆီ ဦးဆောင်သွားမယ့် ရှီအေးဘရန်နန်ဆိုတဲ့ လူတစ်ယောက်နဲ့ ဆုံမိခဲ့ပါတယ်။ ရှီအေးဘရန်နန်ဆိုတာကတော့ ကူးစက်ရေကျောက်ရောဂါဖြစ်ပြီး သေဆုံးသွားတဲ့ မိသားစုကို အိမ်မှာမီးရှို့ပြီးထားခဲ့ရတဲ့ နာကျင်စရာအတိတ်‌တွေနဲ့ လူတစ်ဦးပါ။ သူ့မှာ သောမတ်စ်ဆိုတဲ့ ညာလက်ရုံးတစ်ဦးလည်းရှိပါတယ်။ ဂျိမ်းစ်မိသားစုမှာက မိန်းမသားလေးယောက်နဲ့ ငါးနှစ်သား‌တစ်ယောက်၊ ရှီအေးတို့ခရီးသွားအဖွဲ့မှာက ‌မြင်းမစီး သေနတ်မပစ်တတ် ဘာဆိုဘာမှ မကျွမ်းကျင်သူတွေချည်းဆိုတော့ တစ်နေရာတည်းသွားမယ့် ခရီးသည်တွေအဖြစ် သူတို့နှစ်ဖွဲ့ တူတူခရီးနှင်ခဲ့ကြပါတယ်။ လမ်းခရီးမှာတော့ ခိုးဆိုးဓားပြ၊ မြွေပါးကင်းပါး၊ လှည်းနင်းမိတဲ့မတော်တဆမှုတွေ၊ ရောဂါကပ်ဘေးတွေ အမျိုးမျိုးကြုံကြရပါတယ်။ သေခြင်းတရားတွေ ပူဆွေးမှုတွေနဲ့ ပြည့်နှက်နေတဲ့ ခရီးစဉ်ကြီးပေါ့။ ဒါပေမဲ့ ဆယ်ကျော်သက်‌မိန်းမပျိုလေးတစ်ဦးဖြစ်တဲ့ ...
9
TMDb: 9/10 32 votes
tv

1883 (2021)

2021