Channel Myanmar

2021

Reuan Rom Ngiw (2021)
Reuan Rom Ngiw (2021) Reuan Rom Ngiw-ရန်ငြိုးမပျယ်သောစံအိမ်( (2021)ထိုင်းဇာတ်လမ်းတွဲအညွှန်း*****************************************************************အပိုင်းသစ်(၁ မှ ၂၇ ထိ)စ/ဆုံးမာလိုင် အဖြစ် Pinky Savika ဒတ် အဖြစ် Golf Anuwat လွမ် အဖြစ် Aun Witayaတိတ်ဆိတ်တဲ့ညမှာ သူခိုးဓားပြအဖွဲ့ဟာအမှောင်ကိုအခွင့်ကောင်းယူပြီး လူသူအစောင့်ကင်းမဲ့တဲ့စံအိမ်ကြီးတစ်ခုထဲကို ဝင်လာကြတယ်...အံအားသင့်စရာကောင်းတာက အစောင့်မရှိ လူမရှိတာတောင်မှ စံအိမ်တော်ကြီးထဲမှာအဖိုးတန်ပစ္စည်းတွေ တစ်ခုတစ်လေတောင်မပျောက်ဘဲတည်ရှိနေတာပါပဲ...သူခိုးတွေအတွက် ပွပေါက်ပေါ့...တန်ဘိုးကြီးတဲ့ရွှေကလပ်တွေ လက်ဝတ်ရတနာတွေယူနေတုန်းမှာပဲ ဗြုန်းဆိုမျက်နှာကျက်နဲ့ နံရံမှာ သွေးကွက်တွေပေါ်လာတယ်...အလွန်ကြောက်စရာကောင်းတဲ့ သရဲမဟာ ဒီစံအိမ်ထဲဝင်ပြီး ပစ္စည်းတွေခိုးတဲ့သူတွေကို ဂုတ်ကိုခွစီးပြီး လည်ပင်းတွေချိုးပစ်လိုက်တယ်....ဘဝခြားနေတာတောင် ဒီသရဲမဟာ လူတွေကိုသတ်ပစ်နိုင်စွမ်း ဝင်ပူးနိုင်စွမ်းရှိတဲ့ အငြိုးကြီးသရဲမဖြစ်ပုံရပါတယ်....တကယ်တော့ဒီခြံကြီးနဲ့အိမ်မှာပိုင်ရှင်တွေရှိပါတယ်...အိမ်ကြီးကိုရောင်းချင်ပေမဲ့ သရဲကြမ်းတဲ့အတွက်ကြောင့် ရောင်းဖို့ခက်ခဲနေတာကြောင့်အတော်ဆုံးအောက်လမ်းဆရာကိုပင့်ဖိတ်ပြီး သရဲမကိုနှိမ်နှင်းဖို့ကြိုးစားပါတယ်....သရဲမဟာ ပရိတ်ကြိုးလိုအရာမျိုးတွေကိုဖြတ်ပစ်တဲ့အပြင်အောက်လမ်းဆရာကိုရော အိမ်ပိုင်ရှင်လင်မယားကိုပါထပ်သတ်ပစ်လိုက်တယ်...အဲ့ဒီနောက်မှာတော့...ဒီကားလေးကတော့ မြန်မာပရိတ်သတ်တွေနဲ့ မစိမ်းလှတဲ့ ထိုင်းနိုင်ငံရဲ့ စီနီယာ မင်းသမီးကြီး Pinky ပါဝင်ထားတဲ့ သရဲကားပါ....ဘယ်လိုအငြိုးအတေးတွေကြောင့် မကျွတ်မလွတ်တဲ့သရဲမဖြစ်လာတာလဲ...ဒီစံအိမ်ကြီးဟာရှေးတုန်းက ဘယ်လိုဇာတ်လမ်းမျိုးတွေရှိခဲ့တာလဲ...သူမကို ဒီလိုဘဝမျိုးတွေဖြစ်အောင်ဘယ်သူတွေကလုပ်ခဲ့တာလဲ...စိတ်ဝင်စားစရာကောင်းလွန်းတဲ့ဒီထိုင်းစီးရီး" ရန်ငြိုးမပျယ်သောစံအိမ် " ကို ခံစားကြည့်လိုက်ပါဉီး.... [ဇာတ်လမ်းအကျဉ်းကို Mann Mawkunn မှ ရေးသားပေးထားပါသည်] Drama: ...

Reuan Rom Ngiw (2021)

2021
Dream of Chang’an (2021) ( Completed )
Dream of Chang’an (2021) ( Completed ) အားလုံးမျှော်လင့်စောင့်စားနေတဲ့ကားလေး လာပါပြီနော်Ratingတွေအများကြီးနဲ့ ပရိတ်သတ်အသည်းကို သိမ်းသွားခဲ့တဲ့ love and redemption လေးကိုမှတ်မိကြတယ်မို့လား ဒီတစ်ခေါက်တော့ CMက ​အဲ့ဒီ ဇာတ်ကားလေးထဲက မင်းသား ယွီစီဖုန်းလေးနဲ့ မင်းသမီးရဲ့အမ ချူလင်းလုံတို့ အတူတွဲဖက်ပြီး ရိုက်ကူးထားတဲ့ကားလေးကို တင်ဆက်ပေးချင်ပါတယ်ဇာတ်ကြောင်းလေးကတော့... ထန်မင်းဆက်ရဲ့ ဝမ်ကျုံးမင်းခေတ်မှာ မိန်းမစိုးတွေဟာ မင်းကြီးထက်ပိုပြီး အာဏာကုန်ရထားကြပါတယ် အဲ့လို့ အာဏာလွှမ်းမိုးနေတာကို ကြည့်မနေနိုင်တဲ့ ဝမ်ကျုံးမင်းကြီးဟာ ဝန်ကြီးဝမ်ယန်နဲ့ ပူးပေါင်းပြီး မိန်းမစိုးခေါင်းဆောင် ချိုဇီလျန်ကို အကွက်ချဖို့စီစဉ်ပါတော့တယ် ဒါပေမဲ့ သူတို့ရဲ့ အကြံအစဉ်ဟာ အကြီးအကျယ်ရှုံးနိမ့်ပြီး ဝန်ကြီး ဝမ်ယန်တို့ အိမ်တော်တစ်ခုလုံးလည်း သေဒဏ်ချမှတ်ခံခဲ့ရပါတယ်ကံကောင်းထောက်မစွာ ဝမ်ယန်ရဲ့ မြေးအမွှာနှစ်ယောက်ကတော့ လွှတ်မြောက်သွားခဲ့ပါတယ် ဒါပေမဲ့လည်း ကံကြမ္မာကမျက်နှာသာမပေးဘဲ ညီအမနှစ်ယောက် ကွဲသွားရှာတော့တယ် သူတို့ညီအစ်မနှစ်ယောက်ထဲက အမကြီး ယွီပင်အာဟာ ဇီယီဌာနက မွေးစားခံခဲ့ရပြီး သွေးကြွေးပြန်ချေဖို့ ယန်ကျီလို့ နာမည်ပြောင်းကာ ချိုရှစ်လျန်ရဲ့ မွေးစားသမီးအဖြစ်ခံယူလိုက်ပါတယ်နောက် ခုနှစ်နှစ်ကြာပြီး မင်းကြီး လီယန် နန်းတတ်လာတဲ့အခါမှာတော့ လီယန်က ဇီယီဌာနကို သုံးပြီး ချိုရှစ်လျန်ကို ဆန့်ကျင်ဖို့ ကြံပါတော့တယ် အဲ့ဒီအချိန်မှာ အမွှာညီအမနှစ်ယောက် ရန်သူအဖြစ်နဲ့ ပြန်တွေ့ကြပြီး ဘယ်လိုကံကြမ္မာဆိုးတွေက ...

Dream of Chang’an (2021) ( Completed )

2021
Dare to Love (2021) 8.0
Dare to Love (2021) တက်သစ်စမင်းသားလေး Peak နဲ့ ထိပ်တန်းမင်းသမီးတစ်ဦးဖြစ်တဲ့ Bella တို့က အဓိကပါဝင်သရုပ်ဆောင်ထားတဲ့ 💏"မင်းအတွက်ဆိုချစ်ရဲတယ်" 💏ဇာတ်လမ်းတွဲအညွှန်းလေး •••••••••••••••••••••••••••••••••••••••••••••••••• ~ခီယူအဖြစ် Peak ~ရှေ့နေမလေးထိချာကွန်အဖြစ်Bella တို့က အဓိကပါဝင်သရုပ်ဆောင်ထားပြီး မြန်မာပရိသတ်တွေနဲ့မစိမ်းတဲ့ ~မင်းသမီး Pinky ကလည်း ခါမီလီယာဆိုတဲ့ ရှေ့နေမလေးတစ်ဦး အနေနဲ့ ဇာတ်ပို့နေရာကနေ ပါဝင်ထားပါသေးတယ် 🥀ခီယူ (Peak) ဟာကျောင်းသားအရွယ်ကတည်းက စီနီယာမမဖြစ်တဲ့ ထိချာကွန် (Bella ) ကို တိတ်တခိုးကြိတ်ချစ်နေတဲ့သူပေါ့💏🥀ဒီလိုနဲ့ အချိန်တွေကြာလာတာနဲ့အမျှ........ ထိချာကွန်လည်းဘွဲ့ရသွားပြီး ထက်လည်းထက်မြက် စမတ်လည်းကျတဲ့ရှေ့နေမလေးတစ်ဦးဖြစ်လာခဲ့တယ်🥀ခီယူကလည်းကျောင်းပြီးသွားတဲ့နောက်..... သူကြိတ်ချစ်ရတဲ့စီနီယာရှေ့နေမမရဲ့ အချစ်ကို ရယူဖို့ ကြိုးစားပါတော့တယ်🥀ဒါ့ကြောင့်မို့ မမနဲ့အနေနီးဖို့ သူပါရှေ့နေပညာကို အပတ်တကုတ်ကြိုးစားလေ့လာတော့တာပေါ့ (အချစ်ကြီးတဲ့မောင်လေး☺️)🥀ရှေ့နေမလေးထိချာကွန်က ခီယူ အပေါ်ခံစားချက်ကောင်းတွေရှိနေပေမယ့်လည်း ခီယူရဲ့အချစ်တွေကိုလက်ခံဖို့ဆိုတာ သူမအတွက် ဒွိဟတွေ ဖြစ်နေခဲ့ရတယ်🥀ဘာလို့ဒွိဟတွေဖြစ်နေရလဲဆိုရင်....... သူမနဲ့အသက်ချင်းကွာတဲ့ခီယူဆီက အချစ်ကို မယုံရဲတာကတစ်ကြောင်းနောက်တစ်ချက်က..... တော်ပြီးအရည်အချင်းပြည့်ဝတဲ့သူတစ်‌ယောက်ကလည်း သူမကိုချဉ်းကပ်နေတာကြောင့်မို့လို့ပါပဲ( ရှေ့နေမလေးထိချာကွန်တော့ ကိုကိုနဲ့မောင်လေးကြားအရွေးရခက်ပြီပေါ့☺️)🥀ဒီလိုဒွိဟတွေဖြစ်နေတဲ့နောက် ရှေ့ဆက်ပြီးတော့ရော...ခီယူက ထိချာကွန်ရဲ့အချစ်တွေရဖို့ဘယ်လိုတွေကြိုးစားမလဲ?မောင်လေးခီယူရဲ့အချစ်ကိုမယုံမကြည်ဖြစ်နေတဲ့ ရှေ့နေမမထိချာကွန်ကရော ? ဘယ်လိုအရာတွေကများ သူမကိုချစ်လာရဲအောင်လုပ်ဆောင်ပေးမလဲဆိုတာ ဇာတ်ကားလေးထဲမှာရင်ခုန်စွာကြည့်ရှုခံစားကြည့်ကြရအောင်ပါနော်🙆ရင်ခုန်စရာကောင်းတဲ့မောင်နဲ့မကြားက ရိုမန်တစ်ဆန်တာတွေအပြင် ရှေ့နေမလေးထိချာကွန်နဲ့ ရှေ့နေမလေးခါမီလီယာတို့ကြား အပြိုင်အဆိုင်တွေကိုလည်း စိတ်ဝင်စားဖွယ်ကြည့်ရှုရမှာပဲဖြစ်ပါတယ်😍ရသစုံလင်မယ့်ဇာတ်လမ်းတွဲကောင်းလေး တစ်ကားဖြစ်တာမို့ လက်မလွတ်ဘဲ စောင့်ကြည့်သင့်ကြောင်း ပြောပါရစေရှင်❤️(အညွှန်းအား Bella Campen Myanmar Fanclubမှရေးသားထားပါသည်) Translated by Kyi Nue Zin ,Lang ...
8.0
TMDb: 8.0/10 2,386 votes
tv

Dare to Love (2021)

2021
The Mysterious Benedict Society Season 1 (2021) 7.8
The Mysterious Benedict Society Season 1 (2021) ဒစ်စနေးကတော့ စီးရီးကောင်းတွေချည်းပဲ ချနေတာပါပဲ။ဒီဟာလည်း rating 7.8 ရထားပါတယ်။နာမည်ကျော် စာအုပ်တွဲတွေကို ပြန်ရိုက်ထားတာပါပဲ။ကလေး ဟာသ စုံထောက် အမျိုးအစားပါ။ဇာတ်လမ်းအကျဉ်းကတော့ လူတွေကြားထဲမှာ အရေးပေါ်ကိစ္စ ဆိုတဲ့အရာကြီး ပြန့်နှံ့နေပါတယ်။ဘာဖြစ်မှာလဲမသိ ဘယ်တော့ဖြစ်မှာလဲမသိဘဲနဲ့ ဒီအတိုင်း လူတွေကြောက်လန့်နေကြပြီး ဝရုန်းသုန်းကားတွေ ဖြစ်နေတာပါ။ဒါကို ဖြေရှင်းဖို့အတွက် ဘန်နီဒစ်ဆိုတဲ့ သိပ္ပံပညာရှင် လူထူးဆန်းကြီးကပညာသင်ဆုပေးမယ်ဆိုပြီး စာမေးပွဲတစ်ခု စစ်လိုက်ပါတယ်။လာပြီးဖြေကြတဲ့ ကလေးတွေကို ထူးဆန်းတဲ့ စာမေးပွဲတွေ စစ်ပြီးထူးခြားတဲ့ စွမ်းရည်ကိုယ်စီနဲ့ ကလေးလေးယောက်ကို ရွေးချယ်လိုက်ပါတယ်။တစ်ယောက်ကတော့ ဖတ်သမျှ၊မြင်သမျှ အကုန်မှတ်မိနေတဲ့ ဉာဏ်ကြီးရှင်၊နောက်တစ်ယောက်ကလည်း သချာင်္တွေ ဘာသာစကားတွေ ဗဟုသုတတွေ အကုန်တော်တဲ့ကလေး၊နောက်တစ်ယောက်က ဆပ်ကပ်ကနေ လာတဲ့ ကျွမ်းဘားနဲ့အတိုက်အခိုက်သမား၊နောက်တစ်ယောက်ကတော့ ဘာမှန်းမသိဘဲ တွေ့သမျှ အမှန်တွေချည်းပြောတဲ့ ဘုကလန့် ကလေးမ တစ်ယောက်ပါ။သူတို့ လေးယောက်သား အဖွဲ့ဖွဲ့ပြီး တစ်နိုင်ငံလုံးကို ဆိုက်ကိုထည့်နေတဲ့ နောက်ကွယ်က လူဆိုးတွေကို ဘယ်လို အဖြေရှာပြီးဖြေရှင်းကြမလဲဆိုတာ... Translated and Encoded ...
7.8
TMDb: 7.8/10 8 votes
tv

The Mysterious Benedict Society Season 1 (2021)

2021
Superman & Lois Season 1 (2021) 8.3
Superman & Lois Season 1 (2021) CW ရဲ့ Arrow universe ထဲက Superman နဲ့ Lois Lane တို့ရဲ့ကိုယ်ပိုင်စီးရီးဖြစ်ပါတယ်။ အရင် Arrowverse စီးရီးတွေတုန်းက Superman ဇာတ်ကောင်ကို fan တွေစိတ်ပျက်ခဲ့ပေမယ့် ဒီစီးရီးမှာတော့အားမရခဲ့သမျှကိုအဖတ်ဆယ်ပေးမှာဖြစ်ပါတယ်။ HBO ကလည်းအားဖြည့်ပေးထားတာမို့ CW စီးရီးလို့မထင်ရလောက်အောင် vfx တွေ အက်ရှင် scene တွေလန်ပြန်နေပြီး Superman ရဲ့ suit အသစ်ဟာလည်း အတော်လေးကြည့်ကောင်းလာပါတယ်။ Clark နဲ့ Lois မှာအရင်က Jon Kent ဆိုတဲ့ ကလေးတစ်ယောက်ပဲ ရှိခဲ့ပေမယ့် Crisis on infinite earth အပြီးမှာ earth တွေအပြောင်းအလဲဖြစ်သွားတာကြောင့် အမွှာနှစ်ယောက်ဖြစ်သွားပါတယ်။ ဒီစီးရီးမှာ Clark ကို စူပါဟီးရိုးတစ်ယောက်အနေနဲ့တင်မကပဲ သား၂ယောက်ကို အခက်အခဲတွေကြားက ပြုစုပျိုးထောင်နေတဲ့ အဖေတစ်ယောက်အနေနဲ့ပါ တွေ့ရမှာဖြစ်ပါတယ်။ Superman နဲ့ ...
8.3
TMDb: 8.3/10 964 votes
tv

Superman & Lois Season 1 (2021)

2021
The Empire (2021) 5.7
The Empire (2021) The Empire (2021)=============== ဒီseriesကတော့ ဒီနေ့မှ စတင်ထုတ်လွှင့်ခဲ့တဲ့ အသစ်စစ်စစ် ဟင်ဒီ နန်းတွင်း ဇာတ်လမ်းရှည် တစ်ခုပါ။ဒီဇာတ်လမ်းတွဲဟာ "Empire Of Moghul"ဆိုတဲ့ ဝတ္ထုဇာတ်လမ်းတွဲကို အခြေခံပြီး ရိုက်ကူးထားတာပါ။ဇာတ်လမ်းအစမှာတော့ ဖာဂန်းနားတိုင်းပြည်ကို အုပ်ချုပ်ခွင့်ပေးဖို့ ရှဲဘာနီခန်ဆိုတဲ့ နယ်စားက အင်အားကြီးမားလာတဲ့အခါ ပုန်ကန်လာတယ်။အဲ့ဒီနန်းတော်မှာလည်း ဘုရင်ကိုယ်တိုင်က ပျော့ညံ့တယ်၊ စိတ်ရင်းကောင်းတယ်။ဒီလို အခြေအနေမျိုးမှာ ရန်သူဖြစ်တဲ့ ရှဲဘာနီခန်ကတော့ အခွင့်ကောင်းယူဖို့ လွယ်ကူသလို ဖြစ်နေခဲ့ပါတယ်။ဒါပေမဲ့ ပျော့ညံ့တဲ့ မင်းကြီးမှာ ထက်မြက်တဲ့ သားတော်တစ်ပါး ရှိလေတယ်။အဲ့ဒီသားတော်ဟာ အခြေအနေ တစ်ခုအရ အရိုက်အရာကို ဆက်ခံဖို့ ဖြစ်လာခဲ့ပြီး ရန်သူတွေကို ဘယ်လိုမျိုး တိုက်မယ်ဆိုတာ..နန်းတွင်းပဋိပက္ခတွေနဲ့ တိုက်ပွဲတွေကို ခံစားကြည့်လိုက်ပါဗျာ။(ဒီဇာတ်လမ်းရဲ့ အညွှန်းကိုရေးသားပေးသူကတော့ Nyi Nyi Koe ဖြစ်ပြီး၊ ဘာသာပြန်ရေးသားပေးသူများကတော့ Myint Thu, Nyi Nyi Koe တိုပဲဖြစ်ပါတယ်။ Quality – 1080p WebRip 5.1CHDuration – 40 mins (@Episode)Subtitle – Myanmar ...
5.7
TMDb: 5.7/10 2300 votes
tv

The Empire (2021)

2021
Grahan(2021) 6
Grahan(2021)  Grahan(2021)ဇာတ်လမ်းတွဲအညွှန်း******************************IMDb...8.6အပိုင်းသစ် (၁ မှ ၈)ထိ စ/ဆုံးဒီ Web series လေးကတော့ Hotstar Special ရုပ်သံလိုင်းမှ ထုတ်လွှင့်ထားခြင်း ဖြစ်ပြီးIMDb rating 8.6အထိ ရရှိထားကာ အပိုင်း ၈ပိုင်း ပါရှိတဲ့ Web Seriesတစ်ခု ဖြစ်ပါတယ်။သတင်းဌါနတွေကို သတင်းရောင်းစားတဲ့သူတစ်ယောက်ရှိတယ်...တစ်နေ့တော့ အရေးကြီးသတင်းတွေရထားတော့ သူဟာ ထုံးစံအတိုင်းရောင်းစားဖို့ကြံရွယ်တယ်... ပုံမှန်ထက်ပိုထူးတဲ့သတင်းဖြစ်လို့ သူဟာ သတိထားပြီး စာရွက်စာတမ်းတွေလွှဲပြောင်းဖို့ကြံရွယ်ခဲ့ပေမဲ့ အကြမ်းဖက်အဖွဲ့က သိသွားတယ်....ထွက်ပြေးဖို့ကြိုးစားခဲ့ပေမဲ့ သူနောက်ကျသွားတယ်.... အကြမ်းဖက်အဖွဲ့ကဖမ်းဆီးခြင်းခံလိုက်ရသလို သတင်းအချက်အလက်တွေမေးဖို့  နည်းမျိုးစုံနဲ့စစ်မေးတယ်..နောက်ဆုံးတော့ သူဟာ အရှင်လတ်လတ်မီးရှို့သတ်ဖြတ်ခြင်းခံလိုက်ရတယ်...ရဲတွေလည်းအပူတပြင်းလိုက်ပေမဲ့  အသက်မမှီလိုက်ရှာဘူး...အဲ့ဒီနောက်မှာတော့...ဘာတွေဆက်ဖြစ်မလဲဆိုတော့..۔۔ ဘာသာပြန်သူကတော့ Thaik Sanပဲ ဖြစ်ပါတယ်။  File Size :500MB Quality : Blu-Ray 720p Format…mp4 Duration…01:48:00 Genre : Action ,History , Drama Translated by Thaik San Encoder – Phyo ...
6
TMDb: 6/10 1 votes
tv

Grahan(2021)

2021
D.P.(2021)
D.P.(2021) D.P.(2021)ဇာတ်လမ်းတွဲအညွှန်း*************************အပိုင်းသစ်(၁ မှ ၆)ထိ စ/ဆုံး(၆)ပိုင်းတစ်ပြိုင်နက်ထွက်ရှိမှာဖြစ်လို့ တစ်ထိုင်ထဲထိုင်ကြည့်ဖို့ အနည်းငယ်စောင့်ဆိုင်းပေးကြပါကုန်....နိုင်ငံသားတိုင်း စစ်မှုမထမ်းမနေရဆိုတဲ့ဉပဒေကို ကိုရီးယားမှာပြဌာန်းထားတာအားလုံးသိကြမှာပါ....ထုံးစံအတိုင်းအသက်ပြည့်လို့  တာဝန်ထမ်းဆောင်ဖို့ စစ်ထဲရောက်လာကြတဲ့သူတွေရှိပါတယ်...စစ်တပ်ဆိုတာလည်းသိတဲ့အတိုင်း ဌာနဆိုင်ရာတွေများပြားလွန်းလှသလို တာဝန်အသီးသီးသယ်ပိုးရတာလည်းအများကြီးရှိပါတယ်...အခုမှစစ်ထဲဝင်တဲ့ အန်ဂျွန်ဟိုအတွက်တော့ထူးခြားတယ်ပြောရမှာပဲ...နိုင်ငံတိုင်းမှာ စစ်ပြေးတွေပြန်လည်ဖမ်းဆီးဖို့ သီးခြားဖွဲ့စည်းထားတဲ့ တပ်ဖွဲ့တစ်ခုရှိကြတယ်...မြန်မာမှာဆိုရင်တော့ တပ်ထိန်းဖြစ်မလားပဲ...ဒီလိုအဖွဲ့အစည်းက သိရသလောက်ဖိုက်တာတွေနဲ့ဖွဲ့ထားတယ်ပြောတယ်....စစ်ပြေးတဲ့သူတွေကလည်း အခြေခံစစ်ပညာ တိုက်ရည်ခိုက်ရည်တွေရှိတော့ဖမ်းဆီးတဲ့နေရာမှာ သူတို့ထက် လက်စောင်းထက်ပြီး ဖိုက်တာကျနေနိုင်မှာအဆင်ပြေမှာမို့တော်ပေ့ ကြမ်းပေးဆိုတဲ့သူတွေနဲ့ဖွဲ့စည်းထားတယ်လို့ ဆိုတယ်... အန်ဂျွန်ဟိုတစ်ယောက်မမျှော်လင့်ဘဲ တပ်ထိန်းတပ်ဖွဲ့ထဲရောက်ပြီး မကြုံစဖူး ထိတ်လန့်စရာ တာဝန်တွေထမ်းဆောင်ဖို့ကြုံလာရတဲ့အခါမှာတော့...    Episodes-6Air Date-Aug 27, 2021Genres: Action, Military, DramaTranslated by Ei Phyu Khin, Hnin Pale,Mi Moe Set & Myo Myo HtetEncoder – Phyo Pyae    Episode 1(500MB)  UsersDrive /Yoteshindrive/ MegaUp/StreamSB/  MegaNZ/ VIP    Episode 2(500MB)  UsersDrive /Yoteshindrive/ MegaUp/StreamSB/  MegaNZ/ VIP   Episode 3(500MB)  UsersDrive /Yoteshindrive/ MegaUp/StreamSB/  MegaNZ/ ...

D.P.(2021)

2021
On the Verge of Insanity (2021)(Complete)
On the Verge of Insanity (2021)(Complete) On the Verge of Insanity(2021)ချွဲဘန်ဆော့ ဆိုတာကတော့ .....ဟန်မြောင် အီလက်ထရွန်းရဲ့ လုပ်သက်ရင့်တဲ့ အင်ဂျင်နီယာတစ်ယောက်ဖြစ်ပါတယ်။သဘောကောင်းမနောကောင်း အနေအထိုင်အေးဆေးတည်ငြိမ်သလို 'ရွှတ်နောက်နောက်နေတတ်တဲ့ လူကြီးတစ်ယောက်ပါ။” မမှားသောရှေ့နေ မသေသောဆေးသမား ” ဆိုတဲ့စကားအတိုင်း၂၂နှစ်တာလုပ်သက်ရှိနေတဲ့ ချွဲဘန်ဆော့ တစ်ယောက်ကြီးမားတဲ့အမှားတစ်ခုကိုလုပ်မိပြီး အလုပ်ဖြုတ်ခံရဆဲဆဲ အခြေအနေတစ်ခုကို ရင်ဆိုင်လိုက်ရပါတယ်။အလုပ်ဖြုတ်ခံရမယ့်အခြေအနေကိုရင်ဆိုင်ဖို့ရာကိုယ်နဲ့အကျွမ်းတဝင်မရှိတဲ့ ဝန်ထမ်းရေးရာဌာန ကို ပြောင်းရွှေ့လိုက်ရပါတော့တယ်။ဒမ်ဂျာယောင်းဆိုတာကတော့ လက်တလောမှ ရာထူးတိုးထားတဲ့ ဝန်ထမ်းရေးရာဌာနရဲ့ ဌာနမှူးမမ ပါ။ကဲဒီတော့ ပစိပစပ်များတဲ့ ဌာနမှူးကြီးနဲ့ ဝါရင့်အင်ဂျင်နီယာဖြစ်တဲ့ အလုပ်သင်ပေါက်စလေးတို့ရဲ့ကမောက်ကမ ကတောက်ကဆတ်လေးတွေကို ဟာသလေးနှောပြီးကြည့်ရှုရမယ့် ဇာတ်ကားလေးကိုတော့အပတ်စဥ် ဗုဒ္ဓဟူး ကြာသပတေးတိုင်း Channel Myanmar ကနေ တင်ဆက်ပေးသွားမှာဖြစ်ပါတယ်။Translators: HAW, Amelia, Deer, HannaEncoded by: AugustEpisodes: 16Aired: Jun 23, 2021 - Aug 12, 2021Aired On: Wednesday, ThursdaySize: ...

On the Verge of Insanity (2021)(Complete)

2021
You Are My Spring(2021)
You Are My Spring(2021) You Are My Spring(2021) ဇာတ်လမ်းတွဲအညွှန်း***************************************အပိုင်းသစ်(၁ မှ ၁၆)ထိ စ/ဆုံးKang Da Jung ဟာ five star အဆင့်ရှိတဲ့ဟိုတယ်တစ်ခုမှာ အလုပ်ရပြီးတဲ့နောက်သူနဲ့အတူ အလုပ်ဝင်တဲ့ ဝန်ထမ်းတွေက သူဟာစောပြီး မန်နေဂျာရာထူးတိုးသွားခဲ့ပါတယ်...သူမရဲ့ဒုက္ခကတော့ ယောကျ်ားရကံမကောင်းတဲ့ သူမရဲ့အမေကို ခေါ်ယူစောင့်ရှောက်ထားရတာပါပဲ...Joo Young Doo ကတော့ psychiatrist တစ်ယောက်ဖြစ်ပြီး တစ်ပါးသူတွေရဲ့ စိတ်ဒဏ်ရာခံစားချက်တွေကို ကုစားပေးရတဲ့ လူတစ်ဦးပေါ့ ဒါပေမယ့် သူဟာ သူ့ရဲ့အစ်ကိုဖြစ်သူနဲ့ လူနာတစ်ယောက်ကိုမကယ်တင်နိုင်ပေးခဲ့တဲ့ စိတ်ဒဏ်ရာအမာရွတ်ရှိသူတစ်ဦးလည်းဖြစ်နေပြန်ပါတယ်...ငယ်ငယ်လေးတည်းက စိတ်ဒဏ်ရာတွေရှိခဲ့ကြတဲ့ သူတို့နှစ်ဦး စိတ်ရှုပ်ထွေးစရာမြို့ခံလူသတ်မှုတစ်ခုမှာ ပါဝင်သွားပြီးဖြေရှင်းဖို့ အကြောင်းတွေဖန်လာတဲ့အခါမှာတော့...သူတို့ဘယ်လိုတွေဆက်ဖြစ်ကြမလဲဆိုတာကိုတော့ ဒီဇာတ်လမ်းတွဲလေးထဲမှာ ကြည့်ရှုခံစားလိုက်ပါဦး.... Episodes: 16Aired: Jul 5, 2021 - Aug 24, 2021Aired On: Monday, TuesdayGenres: Romance, Drama, Fantasy, MelodramaTranslated by Shoon Thu ...

You Are My Spring(2021)

2021
The Devil Judge ( 2021 )
The Devil Judge ( 2021 ) Kang Yo-Han ဟာ အပြစ်ရှိသူတွေကို မညှာမတာ အပြစ်ပေးတတ်တဲ့တရားသူကြီးတစ်ဦးဖြစ်လို့ သူ့ကိုလူတိုင်းက "Devil Judge" လို့ခေါ်ကြပါတယ်သို့ပေမယ့် သူ့ရဲ့ ဒီလို aura ရဲ့နောက်ကွယ်မှာ ဘယ်သူမှမသိတဲ့လျှို့ဝှက်ချက်လေးတစ်ခုက ကိန်းအောင်းနေပါတယ် ပြည်သူလူထုအနေနဲ့သူဟာ တကယ်ပဲ သူရဲကောင်းအစစ်အမှန်လား ဘယ်လိုလူစားမျိုးစားလဲဆိုတာ ဝေခွဲမရအောင်ဖြစ်နေခဲ့ပါတယ်သူနဲ့ပြိုင်ဘက်ကဲ့သို့ ဆန့်ကျင်ဘက်အနေအထားမှာ ရှိနေသူလေးကတော့ဘာမဆို ရည်မှန်းချက်မြင့်မြင့်ထားတတ်တဲ့ Jung Sun Ah ပဲဖြစ်ပါတယ်Sung Ah ဟာဆိုရင် ဆင်းရဲသားလေးအဖြစ်ကနေCooperate social responsibility foundation ရဲ့ ဒါရိုက်တာတစ်ဦးဖြစ်လာခဲ့ပါတယ်ဒီလို ပရမ်းပတာတွေဖြစ်နေတဲ့ တရားရေးရာလောကကြီးကို ငယ်သူငယ်ချင်းနှစ်ယောက်တရားမျှတမှုအတွက် ဝင်ရောက်လာတဲ့အခါမှာတော့.......အကြံသမား Jung Sun Ah နဲ့နာမည်ဆိုးနဲ့ကျော်ကြားတဲ့ Kang Yo Han တို့နှစ်ယောက်ဘယ်လိုစိန်ခေါ်မှုတွေနဲ့ရင်ဆိုင်ရမလဲဆိုတာ ဒီဒရမ်မာလေးပဲ ဆက်လက်စောင့်ကြည့်လိုက်ကြပါဦး Quality : HDTV 720pTotal Episode : 16Format : mp4During : 1hr ...

The Devil Judge ( 2021 )

2021
Nevertheless (2021) Complete 8.5
Nevertheless (2021) Complete ကဲ အားလုံးပဲ စောင့်မျှော်နေကြတဲ့ အရို စီးရီးလေးလာပါပြီအရိုဆိုတာထပ်ကို နည်းနည်းလား များများလား မသိကို လွန်လွန်ကဲကဲ ပိုပါတယ်ဘာလို့ဆို သူရဲ့ rated ကိုက 18+ Restricted (violence & profanity) ဖြစ်နေလို့ပါဆိုတော့ကား ဆက်လမ်းအကြောင်းလေးကို ဆက်ပြောမယ်ပေါ့နော် ဘတ်ဂျယ်အွန်းဆိုတဲ့ ကောင်လေးက ရည်းစားထားရတာကို စိတ်ကုန်နေတဲ့သူတစ်ယောက်ပါဒါပေမယ့်သူက ကောင်မလေးတွေကို အပျော်စိတ်ကစား ဆွဲဆောင်တဲ့နေရာမှာတော့ ဆရာတစ်ဆူပါပဲယူနာဘီ ကတော့ အချစ်ကို အယုံအကြည်မဲ့နေတဲ့ ကောင်မလေးပေါ့သူတို့နှစ်ယောက် တွေ့ရာကနေ ဘယ်လိုတွေ ရိုပြီး ဘယ်လိုတွေစောင်ကိုက် ကြည့်ရမလဲကိုတော့ဇာတ်လမ်းထဲမှာ ဆက်လက်ကြည့်ရှု့ကြရအောင်နော် ။ Native Title: 알고있지만, Episodes: 10 Aired: Jun 19, 2021 - Aug 21, 2021 Aired On: Saturday Original Network: jTBC, Netflix, Netflix, ...
8.5
TMDb: 8.5/10 7,256 votes
tv

Nevertheless (2021) Complete

2021
You Are My Glory (2021) 8
You Are My Glory (2021) ဒီတစ်ခေါက်တင်ဆက်ပေးမဲ့ကားလေးကတော့ ကိုယ်တွေရဲ့ မင်းသမီးချောလေး dilraba နဲ့love020ထဲက ရှောင်းနိုင်လေး (yang yang)တို့ ပါဝင်သရုပ်ဆောင်ထားတဲ့ ဇာတ်ကားလေးပါနော်ချောင်ကျင်းကျင်းကတော့ Honor of Kingsဂိမ်းရဲ့ ပြောရေးဆိုခွင့်ရှိသူ နာမည်ကြီးရုပ်ရှင်မင်းသမီးတစ်ယောက်ဖြစ်ပါတယ်ဒါပေမဲ့ ကျင်းကျင်းဟာ ဂိမ်းဆော့စကေးအလွန်ညံကြောင်း ​သူ့ပရိတ်သတ်တွေကြားထဲမှာ သတင်းတွေပျံ့နှံ့သွားပြီး သူကျွမ်းကျင်ကြောင်း သက်သေပြဖို့အတွက် ပြိုင်ပွဲတစ်ခုဝင်ပြိုင်ဖို့ရာ ဖြစ်လာပါတော့တယ်ယွီထူဆိုတဲ့ ကောင်ချောလေးကတော့ ငယ်စဉ်ကတည်းက ညဏ်ကြီးရှင် တစ်ယောက်ဖြစ်ပြီး လတ်တလော အလုပ်မှာ အခက်အခဲနဲ့ကြုံနေရပြီး စိတ်ပြေလက်ပျောက် honor of kingsဂိမ်းကို ဆော့နေတဲ့ ကျွမ်းကျင်ကစားသမားတစ်ယောက်ဖြစ်ပါတယ်ကျင်းကျင်းနဲ့ ယွီထူဟာတော့ အထက်တန်းကျောင်းတုန်းက အတန်းဖော်တွေပါ ကျင်းကျင်းဟာ အရမ်းချောတဲ့ ယွီထူကို တစ်ဖက်သက်ကြိုက်ကာဖွင့်ပြောခဲ့ပြီးအငြင်းခံခဲ့ရတဲ့ ကောင်မလေးတစ်ယောက်လည်း​ဖြစ်ပါတယ်ဒီလိုနဲ့ ၁၀နှစ်ကြာပြီးနောက် ဂိမ်းလောကမှာ သူတို့နှစ်ယောက် ဆရာနဲ့ တပည့်အဖြစ်ပြန်တွေ့ကြတဲ့အခါမှာတော့ ဘယ်လိုမျိုးတွေ ဆက်ဖြစ်လာမလဲဘယ်လို romanceတွေ ...
8
TMDb: 8/10 1 votes
tv

You Are My Glory (2021)

2021
Hit & Run (2021) Season 1 [COMPLETE] 8.6
Hit & Run (2021) Season 1 [COMPLETE] Action ကြိုက်သူတွေအတွက် Hit and Run ဆိုတဲ့ TV series လေးနဲ့ မိတ်ဆက်ပေးချင်ပါတယ် IMDB rating 7.2 ထိရထားပါတယ်။အစ္စရေးအမေရိကန် အက်ရှင်စီးရီးလို့ ပြောရမှာပါဇာတ်လမ်းလေး ဖြစ်ပွားခဲ့တဲ့နေရာက အစ္စရေးနိုင်ငံ တဲအဲဗစ်မြို့မှာပါ ဇာတ်လမ်းအကျဉ်းလေးကတော့ အစ္စရေးလူမျိုး ဧည့်လမ်းညွန် ဆာဂေဆိုသူဟာ အမေရိကန်အကမယ်လေး ဒန်နီရယ်ဆိုတဲ့ အမျိုးသမီးနဲ့ ပျော်ရွှင်စွာ လက်ထပ်ပေါင်းသင်းနေနိုင်နေသူဖြစ်ပါတယ်သူ့မှာ အရင်အိမ်ထောင်နဲ့ ရထားတဲ့ အယ်လာဆိုတဲ့ သမီးတစ်ယောက်လည်း ရှိပါတယ် သူတို့ရဲ့ မိသားစုဘဝလေး သာယာပျော်ရွှင်နေချိန်မှာပဲ ဒန်နီရယ့်ကို ကားနဲ့တိုက်ပြီး ထွက်ပြေးသွားတဲ့ မတော်တဆမှုကြောင့် ဒန်နီနယ် အသက်ဆုံးရှူံးခဲ့ရပါတယ်မတော်တဆမှုမှာ ကားတိုက်ပြေးသွားသူတွေကို စုံစမ်းဖော်ထုတ်မိတဲ့အခါ သာမန်မတော်တဆမှု မဟုတ်ဘဲ ပစ်မှတ်ထား တိုက်ခိုက်ခံရတာ ဖြစ်ကြောင်း တစစနဲ့ သိလာရပါတော့တယ်ဆာဂေကိုယ်တိုင်က သူ့ဘဝတလျှောက်လုံး ဧည့်လမ်းညွှန်အဖြစ် အသက်မွေးခဲ့တာ မဟုတ်ဘဲ ယခင်အလုပ်ရှင်ဟောင်းရဲ့ ငြိစွန်းမှုကြောင့် သူ့ဇနီးသေဆုံးရတယ်လို့ ယူဆမိပါတော့တယ်ဆာဂေတစ်ယောက် ဒီအမှုကို ရဲ‌တွေ ဖြေရှင်းတာထက် သူကိုယ်တိုင် ...
8.6
TMDb: 8.6/10 18 votes
tv

Hit & Run (2021) Season 1 [COMPLETE]

2021
The Witch’s Diner(2021)
The Witch’s Diner(2021) Witch's Dinner [2021] ဇာတ်လမ်းအကျဥ်းကတော့အလုပ်ဖြုတ်ခံလိုက်ရတဲ့ ဂျောင်ဂျင်(Nam Ji Hyun) ဟာ အမေဖြစ်သူနဲ့အတူစားသောက်ဆိုင်လေးတစ်ဆိုင်ကို ဖွင့်ဖို့ရွေးချယ်လိုက်ပါတယ်။ ရောင်းအားကောင်းနေတဲ့ဂျင်တို့ရဲ့စားသောက်ဆိုင်လေးက ကြာလာတဲ့အခါမှာတော့ အပြိုင်အဆိုင်စီးပွားရေးကြောင့်ဆိုင်ပိတ်ဖို့အထိပါ ဖြစ်လာရပါတော့တယ်။ ထူးဆန်းစွာနဲ့ ဂျိုဟီရာ(Song Jihyo) ဆိုတဲ့အမျိုးသမီးတစ်ဦးဟာ သူမ ရှေ့ကိုပေါ်လာပြီး သူ့ရဲ့ စားသောက်ဆိုင်ကိုငှားဖို့ပြောလာခဲ့ပါတယ်။စုန်းမတစ်ယောက်ဖြစ်တဲ့ ဂျိုဟီရာ ဖန်တီးတဲ့ အစားအသောက်တွေက လူတွေရဲ့လိုအင်ဆန္ဒကိုဖြည့်ပေးနိုင်တာမလို့ စားသောက်ဆိုင်က နာမည်ကြီးလာပါတော့တယ်။ အတောမသတ်နိုင်တဲ့လူတွေရဲ့လောဘတွေ​ရယ် ရန်ကိုရန်ခြင်း လက်စားချေချင်ကြတဲ့လူတွေကို စုန်းမဖြစ်တဲ့ဂျိုဟီရာတစ်ယောက် ဘယ်လိုဆန္ဒတွေဖြည့်ဆည်းပေးမလဲဆိုတာကိုတော့ Witch's Diner ဆိုတဲ့ဒီဇာတ်လမ်းတွဲလေးမှာဆက်လက်ကြည့်ရှုရမှာဖြစ်ပါတယ်။  Translated by : Htike Aung WIn, Kim Hana, Jerrica, Shwe PyaeEncoded by : YK Episode 1- Yoteshin / ...

The Witch’s Diner(2021)

2021
Racket Boys (2021) 6
Racket Boys (2021) Racket Boys (2021)Reply 1994, Prison Playbook တို့ရဲ့ဇာတ်ညွှန်းရေးဆရာ ဂျောင်ဘိုဟွန်း ရဲ့ လက်ရာမွန် နောက်တစ်တွဲ ထွက်ရှိလာပြန်ပါပြီ။ဒီတစ်ခါတော့ ကြက်တောင်ကစားကြတဲ့ အလယ်တန်းကျောင်းသားလူငယ်လေးများအကြောင်းပါ။ကြက်တောင် အားကစားကို ဝါသနာပါတဲ့လူတွေအတွက်တော့ အတော်လေး ချဉ်းကပ်မိဦးမယ့်ကားပါ။၁၆ နှစ် အရွယ် Generation Z လူငယ်မောင်မယ်များရဲ့ စည်းလုံးမှု၊ ညီညွတ်မှုတွေကို မြင်ရမှာပဲ ဖြစ်ပါတယ်။ဇာတ်လမ်းအကျဉ်းကတော့ ......ယွန်းဟွန်းဂျုံး က အတော်ဆုံး ကြက်တောင်ရိုက်ကစားသမား တစ်ဦး ဖြစ်ခဲ့ပြီးတော့လက်ရှိအချိန်မှာ ဟယ်နမ် က အလယ်တန်းကျောင်းတစ်ခုရဲ့ ယောကျာ်းလေး ကြက်တောင်အသင်းမှာ နည်းပြလုပ်ဖို့အသစ်ရောက်လာတဲ့သူဖြစ်ပါတယ်လစာသုံးလစာကြိုထုတ်လို့ရလို့ ပျော်နေတဲ့ ဟွန်းဂျုံတစ်ယောက် အသင်းက နောက်ထပ်ပြိုင်ပွဲမဝင်နိုင်တဲ့အခါ ....ထောက်ပံ့ငွေရပ်တန့်ပြီးတော့ လစာမရတော့ဘူးဆိုတဲ့အကြောင်းပါသိလိုက်ရတယ်လစာရဖို့အတွက် အသင်းကိုလူပြည့်အောင်စုနိုင်ပြန်တော့လည်း ကျောင်းသားတွေနေစရာမရှိလို့ အဖွဲ့ကွဲမလိုဖြစ်ပြန် .....နောက်ဆုံးတော့ သူအိမ်ကိုပဲ ခေါ်လာလိုက်ရပါတော့တယ်ကိုယ့်ဟာကိုယ်တောင် အနိုင်နိုင်ဖြစ်နေတဲ့ ဟွန်းဂျုံတစ်ယောက် ဒီကြက်တောင်အသင်းကို စုစည်းနိုင်ပါ့မလား????? လစာပြန်ရဖို့အတွက် ပြိုင်ပွဲဝင်နိုင်အောင် အသင်းသားတွေကို သင်ကြားပေးနိုင်မလား???? သားဖြစ်သူကို ဘေ့စ်ဘောကစားတာ တားမြစ်ထားရတဲ့ အကြောင်းကရော ဘာဖြစ်မလဲ????အဓိကအနေနဲ့ ကလေးသရုပ်ဆောင်တွေ ...
6
TMDb: 6/10 1 votes
tv

Racket Boys (2021)

2021
River Where the Moon Rises (2021)
River Where the Moon Rises (2021) River Where the Moon Rises (2021)ဇတ်လမ်းတွဲအညွှန်း********************************************************အပိုင်း (၁ မှ ၂၀)ထိ စ/ဆုံးပထမ ခေါင်းဆောင်မင်းသားဖြစ်သူ Kim Ji-soo ဟာ ပုဂ္ဂိုလ်ရေးဆိုင်ရာပြဿနာအချို့ရှိတာကြောင့်ဒီစီးရီးရိုက်လက်စအပိုင်း(၆)အပြီးမှာနှုတ်ထွက်ခဲ့ရတာအားလုံးအသိပါ..အပိုင်း(၇)ကစပြီးမင်းသားသစ် Na In Woo နဲ့ဆက်လက်ရိုက်ကူးခဲ့လို့  မင်းသားသစ်ကိုမကြိုက်တာမဟုတ်ပေမဲ့ပရိတ်သတ်တွေ အတော်စိတ်ကသိကအောက်ဖြစ်ခဲ့ရပါတယ်...သို့ပေမဲ့ဇာတ်လမ်းကောင်းတာရော မင်းသမီးဘဲပေါက်လေးဖန်တောင့်တာရောကြောင့် အောင်မြင်ခဲ့တယ်လို့ဆိုရပါ့မယ်...အခုက ဒီလိုအဆင်မပြေမှုတွေကိုပြင်ဆင်ဖို့ ဒါရိုက်တာက မင်းသားသစ်နဲ့ကို ပထမ(၆)ပိုင်းကို မလိုတဲ့အခန်းတွေဖြုတ် တစ်ချို့လည်းအနည်းငယ်ပြင်ဆင်ပြီးREFILMဆိုပြီးပြန်လည်ရိုက်ကူးခဲ့ပါတယ်...အခုက အဲ့ဒီအပိုင်း(၆)ပိုင်းကိုပြန်လည်တင်ဆက်ပေးထားပါတယ်....မကြည့်ရသေးတဲ့သူတွေအတွက် REFLIMလို့ရေးထားတဲ့(၆)ပိုင်းရယ် အောက်က အပိုင်း(၇)ရယ်ကိုဆက်ဒေါင်းပြီး စ/ဆုံးကြည့်ရုံပါပဲ... Kim Ji-soo  နဲ့ရိုက်ထားတဲ့(၆)ပိုင်းလည်းမဖျက်ဘဲထားမှာမို့ မျက်စိမူးနောက်နေမှာစိုးလို့ရှင်းပြထားတာပါ...အားလုံးအဆင်ပြေပါစေ...   ==============မင်းသမီးအဖြစ်မွေးဖွားခဲ့ပြီး စစ်သည်အဖြစ်ပျိုးထောင်ခံခဲ့ရတဲ့ Pyeonggangဟာရည်မှန်းချက်ကြီးမားပြီး ဂိုဂူလျောနိုင်ငံရဲ့ပထမဆုံးဘုရင်မဖြစ်ဖို့ဆုံးဖြတ်ထားသူပါသူ့ရဲ့အိပ်မက်ပြည့်မြောက်ဖို့ဘာမဆိုလုပ်မဲ့သူဖြစ်ပြီး သူမအိပ်မက်အတွက်ဂိုဂူလျောရဲ့အာဏာအရှိဆုံးသူတွေနဲ့ဆန့်ကျင်တိုက်ခိုက်ရတဲ့အခါသူပေးဆပ်ရမှာတွေမှာကဘာ‌တွေလဲ ဘုရင်မဖြစ်ချင်တဲ့သူ့အိပ်မက်ပြည့်မြောက်နိုင်ပါ့မလားတစ်ကိုယ်ကောင်းဆန်တဲ့Pyeonggangတစ်ယောက် ရိုးသားတဲ့Ondalနဲ့တွေ့ပြီးနောက်ပိုင်းဘယ်လိုပြောင်းလဲသွားမလဲဆိုတာကို စိတ်ဝင်စားဖွယ်စောင့်ကြည့်ရမှာဖြစ်ပါတယ်ဒီဇတ်လမ်းလေးကို ဘာသာပြန်ပေးထားကြသူတွေကတော့Lwin Lwin Aung, Mi Moe Set & Htet Nandar Aung တို့ဖြစ်ကြပါတယ် Quality – 720p Duration – ...

River Where the Moon Rises (2021)

2021
Illusion of Love (or) Maya Sanaeha (2021)
Illusion of Love (or) Maya Sanaeha (2021) I Fine Thank You,Love You နဲ့ ATM Error ဇာတ်ကားတွေထဲက ကျွန်တော်တို့ အသည်းစွဲမင်းသမီးလေး Ice Preechaya ရဲ့ စီးရီးလေးပါ။ဒီစီးရီးကို ထိုင်းနိုင်ငံ Channel3 ရုပ်သံလိုင်းမှာ ပြသခဲ့ပြီး ၂၀၂၁ ဇူလိုင်လထဲမှာ အပြီးထိ ထွက်ရှိထားပါတယ်။မင်းသားကတော့ Fabulous 30 ဇာတ်ကားထဲက ရုပ်ချောချော ဘော်ဒီတောင့်တောင့်နဲ့ Ken Phupoom ဖြစ်ပါတယ်။Channel7 မှာ ပြနေကျ ထိုင်းဇာတ်ကားတွေထဲက နာမည်ကြီးဗီလိန်တွေ ဇာတ်ရံတွေအပြင် အရံမင်းသားမင်းသမီး အတွဲတွေလဲ ပါပါသေးတယ်...။ဇာတ်လမ်းအကျဉ်းလေးကတော့....မွန်နဲ့ခီတို့ဟာ အဆင်မပြေတဲ့ အိမ်ထောင်ရေးကို ခရီးဆက်နေကြသူတွေပါ...ပြည့်စုံကြွယ်ဝတဲ့ နှစ်ဖက်မိဘတွေကလဲ ရန်စောင်နေကြပြီး မတည့်ကြတာမို့ သူတို့နှစ်ဦးကြား ပိုလို့ ပြသနာဖြစ်စေခဲ့ပါတယ်...ဒီကြားထဲ တစ်ယောက်ကိုတစ်ယောက် အထင်လွှဲမှားစရာ ဒုတိယလူတွေ ပေါ်ပေါက်လာတဲ့အခါမှာ...သိပ်ချစ်တဲ့ချစ်သူနှစ်ဦးရဲ့ အိမ်ထောင်ရေးဟာ စားပွဲထောင့်စွန်းက ကြွေခွက်လေးလို လေတိုက်တာနဲ့ ကျကွဲဖို့ဖြစ်လာပါတော့တယ်...ဖြစ်ချင်တော့ ခီတစ်ယောက် မတော်တဆမှုဖြစ်ပြီး ဝိဉာည်နဲ့ခန္ဓာကိုယ် ...

Illusion of Love (or) Maya Sanaeha (2021)

2021
The Innocent(2021) 7.8
The Innocent(2021)                IMDB Rating 7.9/10 User 20Kအင်္ဂလိပ်လိုဆိုရင် The Innocent , စပိန်စကားနဲ့​ပြောရရင်Inocente, မြန်မာမှုပြုလိုက်ရ​င်​တော့ "အပြစ်ကင်း​လေသူ"​ပေါ့ဒါ​ပေမဲ့ ဒီseriesထဲက ဇာတ်​ကောင် မက်တီယိုဗီဒယ်က​တော့အပြစ်ကင်းသူဆိုတာထက် "ကံဆိုးသူ​မောင်ရှင်" လို့​ခေါ်ရင် ပိုမှန်ပါလိမ့်မယ်ဇာတ်လမ်းအစမှာတင် အကိုဖြစ်သူရဲ့ရန်ပွဲမှာ ဝင်ပါမိရင်းမ​တော်တဆလူသတ်မှု​ကြောင့် ​ထောင်ကျခဲ့ရသူ၊ ထောင်က​နေ အာမခံနဲ့လွတ်ရက်ရပြန်​​တော့လည်း မိဘနှစ်ပါးရဲ့နာ​ရေး၊ ​ထောင်က​နေလွတ်လာပြီး ဘဝတစ်ခုပြန်စမယ်​တွေးပြန်​​တော့ချစ်ရတဲ့အကိုဖြစ်သူကပါ ​လေဖြတ်​ရောဂါနဲ့ ဆုံးသွားပြန်​ရောဒီလိုကံဆိုးလွန်းတဲ့ ဇာတ်လိုက်​ကျော်မက်တီယိုရဲ့ ဘဝထဲကိုမိန်းက​လေးတစ်​ယောက် ဝင်​ရောက်လာပြီး သာယာတဲ့အိမ်​​ထောင်ရေးတစ်ခုကို ​ပျော်​ပျော်ရွှင်ရွှင်အစပြုဖို့ကြံစည်ခဲ့ပါတယ်ဒါ​ပေမဲ့ အဲ့ဒီအကြံဟာလည်း သူ့ရဲ့ ရှုမငြီးတဲ့ချစ်ဇနီးဆီ ဝင်လာတဲ့Unknown Numberနဲ့ ဖုန်းတစ်​​ကောလ်​ကြောင့် ​ဇောက်ထိုးမိုး​မျှော်ဖြစ်သွားရပြန်ပါတယ်သူ့ဇနီးကိုဆက်တဲ့ဖုန်းနံပါတ်ဟာ ဘယ်သူ့နံပါတ်လဲ၊ သူ့ဇနီးက သူ့ကိုလိမ်ညာထားတာလား၊ ​နောက်ကွယ်မှာ​ဖောက်ပြန်​နေတာလားဆိုတဲ့ပြဿနာအ​သေးစား​လေးက​နေသပွတ်အူလိုရှူပ်​ထွေး​ပွေလီလွန်းတဲ့ပြဿနာကြီးတစ်ခုထဲကိုမက်တီယိုတစ်​ယောက် ပါဝင်ပတ်သတ်မိသွားတဲ့အခါ.......စပိန် Crime,Thriller,Mystery ရုပ်ရှင်​တွေနဲ့ ဇာတ်လမ်းတွဲ​တွေဟာ ဇာတ်လမ်းဇာတ်အိမ်ခိုင်မာမှု၊ ထင်မထားတဲ့ Plot twist​တွေများစွာပါဝင်မှု၊သရုပ်​ဆောင်​တွေရဲ့ သဘာဝကျမှု​ကြောင့် အဆင့်အတန်းတစ်ခုမှာ ရှိ​နေမှန်း Money Heist, Elite, The Platform, Alta Mar, ...
7.8
TMDb: 7.8/10 140 votes
tv

The Innocent(2021)

2021
Love (ft. Marriage and Divorce)Season 2 [2021] 7.7
Love (ft. Marriage and Divorce)Season 2 [2021] Love (ft. Marriage and Divorce)Season 2 [2021]အညွှန်း************************************************အပိုင်းသစ်(၁ မှ ၁၆)ထိ စ/ဆုံးSeason 1 ထွက်ပြီးသားပါ...လောင်မြိုက်ခြင်းတွေနဲ့ ပျော်မွေ့နေတဲ့သူတွေအတွက်လို့ဆိုတာထက် ဒီလောကကြီးမှာဒီလိုမျိုးတွေလည်းရှိပါ့လားဆိုတဲ့အသိနဲ့ ထွင်းဖောက်သုံးသပ်တတ်တဲ့သူတွေအတွက် S2 ကိုဆက်လက်တင်ပေးလိုက်ပါတယ်...အညွှန်းကတော့  S1ကဟာပဲထားလိုက်ပါ့မယ်...ဒီဇာတ်လမ်းတွဲကတော့ ပုံမှန် ကောင်လေးနဲ့ကောင်မလေးတို့ ချစ်ဖို့အရေးကြိုးစားနေတဲ့ ဇာတ်လမ်းတွဲမျိုးမဟုတ်ပါဘူး....အဲ့အဆင့်တွေထက်ကျော်လွန်ပြီး အိမ်ထောင်ကျပြီးနောက်ပိုင်း အိမ်ထောင်သည်တွေသမီးရည်းစားဘဝတုနး်ကလို ချစ်နိုင်သေးရဲ့လားဆိုပြီး ပုံစံမတူတဲ့ စုံတွဲ(၃)တွဲကို ရိုက်ပြထားတာပါ....ပျင်းစရာကြီးလို့မထင်လိုက်နဲ့...တကယ့်လက်ရှိမှာ ဒီလိုတွေတကယ်ဖြစ်နေတာ....တရားသူကြီး Park Sa Hyun ဟာ drum တီးခတ်နေတဲ့ Boo Hye Ryung ကိုမြင်မြင်ချင်းချစ်မိသွားပြီး လက်ထပ်ခဲ့ကြပါတယ် ...အိမ်ထောင်သက်သုံးနှစ်ရှိပြီး ကလေးမရှိသေးသော ပထမဆုံးစုံတွဲ.....Shin Yoo Shin ကတော့ဆေးရုံဒါရိုက်တာတစ်ယောက်ဖြစ်ပြီး radio show တစ်ခုရဲ့ PD ဖြစ်တဲ့ Sa Pi Young ရဲ့ချစ်လှစွာသောခင်ပွန်းပေါ့ သူမဟာ သူမရဲ့အိမ်ထောင်ရေးအတွက် အမြဲတမ်း အကောင်းဆုံးတွေဖြစ်အောင် ကြိုးစားနေတဲ့သူလေးပါ,......Lee Si ...
7.7
TMDb: 7.7/10 3 votes
tv

Love (ft. Marriage and Divorce)Season 2 [2021]

2021