Channel Myanmar

2022

The Legend of Vox Machina – Season (01),(02) 8.6
The Legend of Vox Machina – Season (01),(02) The Legend of Vox Machina - Season (01),(02)=================================IMDb Rating - 8.4/10 Rotten Tomatoes- 100% IMDB rating ကလည်းအလန်း၊ခရမ်းချဉ်သီးက အလုံး ၁၀၀ လောက်ရထားတဲ့ Adventure Series လေးကိုတင်ဆက်ပေးလိုက်ပါတယ်၊ဇာတ်လမ်းအကျဉ်းကတော့ ... တယ်လ်ဒိုရီဆိုတဲ့မှော်တိုင်းပြည်ဟာအရင်က သာယာခဲ့သလောက် အခုချိန်မှာတော့ သားရဲတစ်ကောင်ကြောင့် ရွာတွေလည်းပျက်စီး၊အပြစ်မဲ့ပြည်သူတွေလည်းသေကြေ နေကြရတယ်။ ဒီသားရဲကိုသတ်ဖို့အတွက် တိုင်းပြည်ရဲ့ရှင်ဘုရင်ဟာ သူရဲ့စစ်တပ်တွေ ကိုစေလွှတ်ပေမယ့်လည်း တစ်ခါမှအောင်မြင်တယ်ဆိုတာမရှိပါဘူး၊ ပိုဆိုးတာက သူတို့ ရင်ဆိုင်နေရတဲ့သားရဲကောင်က ဘယ်ကောင်ဘယ်ဝါမှန်းတောင်မသိလိုက်ရဘူး၊ သူ့စစ်တပ် တင်မကနာမည်ကြီးကြေးစားလူမိုက်တွေပါလွှတ်ပါပေမ့ယ်လည်း လွှတ်လေသေလေဖြစ်နေပါ တော့တယ်၊ ဒီလိုနဲ့ ရှင်ဘုရင်ဟာ ဒီသားရဲကောင်သတ်နိုင်ရင် ဆုငွေဘယ်လောက်ပေးမယ်ဆိုပြီး ကြေညာ လိုက်တယ်၊ ဒီအချိန်မှာ ဗောက်စ်မက်ဒီနာဆိုတဲ့ မထင်မရှား ကြေးစားလူမိုက်အဖွဲ့ကဘုရင်ရဲ့ ကြေညာစာတမ်းကို တွေ့လိုက်တယ်၊ သူတို့တွေလည်းရွှေငွေဆိုငမ်းငမ်းတက်လိုချင်နေတာဆိုတော့ ဘာသားရဲကောင်လည်းဆိုတာသေချာ တောင်မသိဘဲနဲ့ ဘုရင့်ဆီသွားပြီးတော့ သူတို့သတ်မယ် နိုင်ရင်ဆုလာဒ်ပေးဆိုပြီးသွားတောင်းတယ်။ ဘုရင်ကလည်း သတ်နိုင်ရင်ဆုလာဒ်ယူဆိုပြီး စေလွှတ်လိုက်တယ်၊ ဘုရင့်စစ်တပ်တွေနာမည်ကြီးကြေးစားလူမိုက်တွေတောင် အစအနပျောက်သွား အောင်လုပ်နိုင်တဲ့ ဒီသားရဲကောင်ကြီးကို ဗောက်စ်မက်ဒီနာအဖွဲ့ဘယ်လိုရင်ဆိုင်တိုက်ခိုက်မလဲဆိုတာ စိတ်ဝင်စားဖွယ်ကြည့်ရှူပေးပါဦး ။(ဒီစီးရီးရဲ့ အညွှန်းကို Tin Myo Lwin မှရေးသားပေးပြီး၊ ဘာသာပြန်ရေးသားပေး သူများကတော့ Tin ...
8.6
TMDb: 8.6/10 13000 votes
tv

The Legend of Vox Machina – Season (01),(02)

2022
Rocket Boys (2022) Season 2 7
Rocket Boys (2022) Season 2 1940-1960 ကာလတွေအတွင်းမှာ ဇာတ်လမ်းတည်ထားတဲ့ Sony LIV ရဲ့ Rocket Boys ဟာ အိန္ဒိယရဲ့ သမိုင်း၀င် သိပ္ပံပညာရှင်ကြီး နှစ်ဦးဖြစ်တဲ့ Homi Bhabha နဲ့ Vikram Sarabai တို့ရဲ့ နျူးကလီးယားနဲ့ အာကာသ သမိုင်းသစ်ရေးထိုးပုံကို ရိုက်ကူးတင်ဆက်ထားတဲ့ အတ္ထုပ္ပတ္တိဆန်ဆန် ဇာတ်လမ်းတွဲလေးပဲ ဖြစ်ပါတယ်ဒီ season 2 မှာကတော့ အိန္ဒိယရဲ့ပထမဆုံး နျူးကလီယားစီမံကိန်းနဲ့ အာကာသသိပ္ပံစီမံကိန်းကို ဗစ်ခရမ်နဲ့ ဟိုမီတို့ ဖော်ဆောင်ခဲ့ကြပြီးနောက် ကြုံတွေ့လာကြရမယ့်အခက်အခဲတွေ သမိုင်းမှတ်ကျောက်တွေကိုအသေးစိတ်ရိုက်ကူးတင်ဆက်ထားပါတယ်။နျူလက်နက်စီမံကိန်းအတွက်လိုအပ်တာ ဘာမှထုတ်မနိုင်သေးတဲ့ အိန္ဒိယရဲ့ထုတ်ကုန်ပြသာနာတွေ စစ်အေး စစ်ပွဲကြီးဖြစ်နေချိန်မှာ အိန္ဒိယရဲ့ နျူ လက်နက်နဲ့အတူနိုင်ငံရေးနေရာတခုရလာမှာကို မလိုလားတဲ့ အမေရိကန်ရဲ့ကွယ်ရာက ဆေးပေးမီးယူ အဖျက်အနှောင့်တွေ ပါကစ္စတန်နဲ့ကက်ရှ်မီးယားဒေသ စစ်ပွဲတွေကြောင့် သံတမန်ရေးစစ်ရေး အရှုပ်တော်ပုံတွေ အိန္ဒိယရဲ့ ရှေးရိုးစွဲနဲ့ သိပ္ပံပညာတို့ရဲ့ အကြားလွန်ဆွဲမှုတွေ ဒီလိုအခြေအနေတွေကြားမှာမှ Homiနဲ့ Vikramတို့ သူတို့ရဲ့တဖြည်းဖြည်းမတူလာတော့တဲ့ပန်းတိုင်တွေကို ဘယ်လိုအကောင်အထည်ဖော်သွားပြီး သမိုင်းသစ်ရေးထိုးသွားကြမလဲဆိုတာကို အသေးစိတ်ကျကျ ဗဟုသုတရမယ့်ဇာတ်လမ်းလေးပဲ ဖြစ်ပါတယ်။အပိုင်း ၈ ပိုင်းရိုက်ကူးထားပြီး တစ်ပိုင်းပြီး တစ်ပိုင်း ဆက်သိချင်ကြည့်ချင်စေမယ့်ဒါရိုက်တာရဲ့ ရိုက်ချက်တွေအပြင်အိန္ဒိယနိုင်ငံရေးတွေ ပညာရှင်တွေရဲ့ personal life နဲ့ အချစ်ရေးအချစ်ရာတွေကိုလည်း ဒရာမာဆန်ဆန်တွေ့မြင်ရမှာဖြစ်လို့ စိတ်ဝင်စားဖွယ် ...
7
TMDb: 7/10 4 votes
tv

Rocket Boys (2022) Season 2

2022
Welcome to Chippendales (2022) Complete 8
Welcome to Chippendales (2022) Complete ဆိုမန်စတိဗ်ဘန်းနာဂျီ ဟာ အိန္ဒိယကနေ အမေရိကန်ကို ရွှေ့ပြောင်းလာရောက်နေထိုင်သူဖြစ်ပြီး ဇွဲနပဲရှိရှိ ခြစ်ကုတ်စုဆောင်းနိုင်မှုကြောင့် ခုနစ်နှစ်ကြာပြီးနောက်မှာ ကိုယ်ပိုင်လုပ်ငန်းတစ်ခု တည်ထောင်နိုင်သွားတယ်။အစဦးမှာ ရေလိုက်ငါးလိုက်လွဲခဲ့ပေမဲ့ သူဟာ ၁၉၈၀ ခုနှစ်များမှာ အမျိုးသမီးတွေအတွက် အမျိုးသားအဖော်အချွတ်ကလပ် "ချစ်ပန်ဒေးလ်စ်" ကို အောင်မြင်တဲ့လုပ်ငန်းအဖြစ် ဦးဆောင်နိုင်ခဲ့တဲ့ စီးပွားရေးစွမ်းဆောင်ရှင်တစ်ယောက် ဖြစ်လာခဲ့ပါတယ်။ သူတည်ထောင်ခဲ့တဲ့ ချစ်ပန်ဒေးလ်စ်ဟာ အခုခေတ်ကာလအထိ နာမည်တစ်ခုရှိနေပေမဲ့ သူ့ရဲ့ဇာတ်ကြောင်းကတော့ သာမန် စီးပွားရေးစွမ်းဆောင်ရှင်တွေလောက် မရိုးရှင်းခဲ့။သူ့ရဲ့ကလပ် အောင်မြင်ရေး၊ အောင်မြင်မှုကို ထိန်းသိမ်းထားနိုင်ရေးအတွက် လိုက်ခဲ့မိတဲ့ လမ်းမှားတွေနဲ့ နောက်ဆုံးမှာ ခေတ်တစ်ခေတ်ရဲ့ အဆန်းကြယ်ဆုံး မှုခင်းဖြစ်ရပ်မှန်တစ်ခုအဖြစ် ယနေ့ထိတိုင် ပြောမဆုံး ဖြစ်နေကြသေးတဲ့ အမေရိကန်အိပ်မက် လမ်းကြောင်းလွဲသွားခဲ့ပုံကို ကြည့်ရှုရမှာပါ။Quality :1080p DSNP WEB DL /720pTotal Episodes : 778MB / 362MBFormat : mp4Genres :Drama, Crime, ComedyDuration :45minsSubtitle : Myanmar Subtitle ( Hardsub )Translated by Nana Yuni & Min Khant Kyi WinEncoded ...
8
TMDb: 8/10 4 votes
tv

Welcome to Chippendales (2022) Complete

2022
The Love in Your Eyes (2022)[Complete]
The Love in Your Eyes (2022)[Complete] The Love in Your Eyes(2022)အပိုင်း(၁ မှ ၁၂၃ ) ထိ စ/ဆုံးYoung Ih ဆိုတဲ့ကောင်မလေးဟာ ငယ်ရွယ်စဉ်မှာ အိမ်ထောင်ကျခဲ့ပြီး ချစ်စရာသမီးလေးထွန်းကားခဲ့တယ်။ ဒါပေမယ့် ကံဆိုးစွာပဲ ခင်ပွန်းသည်ကတော့ ဆုံးပါးသွားခဲ့ရှာတယ်။အဲ့ဒီနောက် သမီးလေးအနာဂတ်လှပရေး အလုပ်မျိုးစုံလုပ်ပြီး ရုန်းကန်ရှာတာပေါ့။ ဒီလိုနဲ့ တစ်နေ့မှာတော့ သူမရဲ့ခင်ပွန်းမျက်ကြည်လွှာကို ယူပြီး ကုသပေးခဲ့တဲ့ ယောက်ျားလေးတစ်ယောက်နဲ့ တွေ့ဆုံခဲ့တဲ့အခါမှာတော့ ...ဘာတွေဆက်ဖြစ်မလဲ?Family , Drama လေးဖြစ်လို့ ပေါ့ပေါ့ပါးပါးနဲ့ ကြည့်လို့ကောင်းမယ့် ဇာတ်လမ်းတွဲရှည်လေးဖြစ်ပါကြောင်း။ Episodes: 123Aired:  Sep 5, 2022 - Oct 25, 2022Aired On: Monday, Tuesday, Wednesday, Thursday, FridayFile Size:1.1GB, 500MBQuality :Web-DL 1080p,720PGenres: Family ,Drama, RomanceTranslated by  Hay Thar Oo  ...

The Love in Your Eyes (2022)[Complete]

2022
Game of Witches (2022)
Game of Witches (2022) Game of Witches (2022)အပိုင်းသစ် - ၁၀၄သမီးဖြစ်သူကို ဆုံးရှုံးလိုက်ရပေမဲ့ အလောင်းကို ကိုယ်တိုင်မမြင်ခဲ့တဲ့အတွက် လက်မခံနိုင်တဲ့ ယူဂျောင်း တစ်ယောက် တစ်နေ့မှာတော့ သူ့သမီးလေး အသက်ရှင်နေသေးတယ်ဆိုတာကို သိလိုက်ရလို့ အပူတပြင်း လိုက်ရှာပါတော့တယ်။သားသမီးရှေ့ရေးအတွက် မတရားမှုတွေကို ဘယ်လိုနည်းနဲ့မဆို တွန်းလှန်ဖို့ အသင့်ဖြစ်နေတဲ့ မိခင်နှစ်ဦး သားသမီးတွေအတွက် လက်စားချေရဖို့ဖြစ်လာတဲ့အခါ ...ဆုံးရှုံးလိုက်ရတဲ့ သမီးလေးက တကယ်ပဲ အသက်ရှင်နေသေးတာလား? ဘာတွေဆက်ဖြစ်မလဲ? ဆိုတာကိုတော့ လှည့်ကွက် မြုပ်ကွက်တွေ တသီကြီး စိတ်ကြိုက် အဝ ကြည့်ရမဲ့ ဇာတ်လမ်းတွဲရှည်ကြီးမှာ ဆက်ပြီး စောင့်ကြည့်လိုက်ရအောင်နော်။အပတ်စဉ် တနင်္လာ မှ သောကြာ တစ်ပတ်ငါးပိုင်း ပြသမှာဖြစ်ပြီး CMမှလည်း အပတ်စဉ်တင်ဆက်ပေးသွားပါ့မယ်။(ဇာတ်လမ်းအညွှန်းကိုတော့ Hnin Wut Yi က ရေးပေးထားပါတယ်။)Aired: Oct 11, 2022 -- Aired On: Monday - Friday Genres: Drama, ...

Game of Witches (2022)

2022
The Promise (2023) 8.1
The Promise (2023) The Promise (2023) (အညွှန်း) =====================ဒီတစ်ခေါက်အလှည့်ကျတဲ့ BL series ချိုချိုလေးကတော့ “သူငယ်ချင်းလေးပါပဲ ..” ကနေ အဆင့်တွေတက်ကုန်ကြမယ့် “The Promise” ပဲဖြစ်ပါတယ်xPPhupha နဲ့ Nanfah တို့က ငယ်ငယ်လေးတည်းက အမြဲတတွဲတွဲရှိခဲ့ကြတဲ့ ကစားဖော်ကစားဖက် အိမ်နီးချင်းသူငယ်ချင်းတွေပါ။ အိမ်ချင်းနီးချက်ကတော့ နှစ်အိမ်က မျက်နှာချင်းဆိုင်ပါပဲ။ လမ်းရဲ့ဒီဘက်မှာ Phupha အဖေက အိမ်ဆိုင်ကော်ဖီဆိုင်လေးဖွင့်ထားတယ်။ လမ်းရဲ့ဟိုဘက်မှာ Nanfah အဖေက အိမ်ဆိုင်ဆေးဆိုင်လေးဖွင့်ထားတယ်။ ဆိုတော့ နှစ်ယောက်ကအမြဲတတွဲတွဲနဲ့ ကောလိပ်ပြီးတဲ့အထိ အချင်းချင်းရဲ့ အကောင်းဆုံး အဆိုးဆုံးအချိန်တွေမှာပါ အတူတူရှိခဲ့ကြသူတွေပေါ့။ ဒီလိုနဲ့ကောလိပ်မှာဘွဲ့ယူတဲ့ ရီဟာဇယ်နေ့မှာ Nanfah ရဲ့ကမ္ဘာထဲကနေ Phupha တစ်ယောက် ရုတ်တရက်ကြီး ပျောက်ချင်းမလှပျောက်သွားပါတော့တယ်။၁၀ စုနှစ်တစ်ခုစာကြာတဲ့အထိ Phupha ကိုသတိရတဲ့စိတ်နဲ့ ဘဝကိုအထီးကျန်ကျန်ဖြတ်သန်းနေခဲ့ရတဲ့ Nanfah တစ်ယောက် move on ပြီး ဘဝသစ်တစ်ခုကိုစနိုင်သွားမှာလား .. ဒါမှမဟုတ် Phupha နဲ့ပြန်တွေ့နိုင်ဦးမှာလား .. Phupha ကရော ဘာကြောင့်ထွက်သွားခဲ့ရတာလဲ ..စတာတွေကို အပတ်စဉ် ဗုဒ္ဓဟူးနေ့တိုင်းတင်ဆက်ပေးသွားမှာမို့ စောင့်မျှော်ကြည့်ရှုနိုင်ကြောင်းပါနော်။အညွှန်းကို Lai Laii က ...
8.1
TMDb: 8.1/10 1 votes
tv

The Promise (2023)

2022
The Winchesters Season 1 (2022) 6.9
The Winchesters Season 1 (2022) The Winchesters Season 1 (2022)========================IMDb Rating - 6.9/10ပညာသည်နှစ်ဦးတို့ တစ္ဆေမုဆိုးတို့ ဘာညာနာမည်မျိုးစုံနဲ့ ကျော်ကြားခဲ့တဲ့ Supernatural စီးရီးကို လူအတော်များများ ကြည့်ဖူးကြားဖူးမှာပါ။ အဓိက ဇာတ်ဆောင်ကတော့ ဆမ်နဲ့ဒင်း ညီအစ်ကိုနှစ်ယောက်ပေါ့။အခုစီးရီးကတော့ အဲဒီစီးရီးရဲ့ခေတ်မတိုင်ခင် ဆမ်နဲ့ဒင်းရဲ့ အဖေနဲ့အမေဖြစ်တဲ့ ဂျွန် ဝင်ချက်စတာနဲ့ မယ်ရီဝင်ချက်စတာတို့ စတွေ့ပုံရယ် စွန့်စားခန်းတွေ ဖွင့်ခဲ့ ကြပုံတွေရယ်ကို ပြသသွားမှာပဲဖြစ်ပါတယ်။ ဇာတ်ကောင်အသစ်တွေပါလာသလို SPN တုန်းက အရမ်းကြိုက်ခဲ့ရတဲ့သူတွေလည်း ပြန်ပါလာဖို့ မျှော်လင့်ရတာပါပဲ။ပြီးတော့ အရင် SPN မှာမဖော်ပြဖူးတဲ့ မွန်းစတား ကြမ်းကြမ်းတွေလည်း ပါလာဖို့ ရှိတာမို့ သေချာပေါက်စောင့်မျှော်ကြည့်ရှုရမယ့် စီးရီးတစ်ခုပဲဖြစ်ပါတယ်။ အပိုင်း (၁၃)ပိုင်းရှိမှာဖြစ်ပြီး အပတ်စဉ် ဗုဒ္ဓဟူးနေ့တိုင်း ချန်နယ်မြန်မာမှာ ဘာသာပြန် တင်ဆက်ပေးသွားမှာမို့ စောင့်မျှော်ကြည့်ရှုလို့ရပါပြီ။(ဒီစီးရီးရဲ့ အညွှန်းနဲ့ ဘာသာပြန် ရေးသားပေးသူကတော့ Mr.Anderson ဖြစ်ပါတယ်။)File Size.............(400 MB) / (800 MB) Quality...............WEB-DL 720p / 1080p Duration............50Mins(@Episode) Subtitle..............Myanmar Hardsub Format...............MP4 Genre.................Adventure, Fantasy Translator..........Mr.Anderson Encoder..............SWM720P ...
6.9
TMDb: 6.9/10 2500 votes
tv

The Winchesters Season 1 (2022)

2022
Big Bet(2022) SE1 +SE2 [Complete] 10
Big Bet(2022) SE1 +SE2 [Complete] Big Bet(2022)*****************စ/ဆုံး Cha Moo Sik ဆိုတဲ့ ဘိုးတော်ကြီးကို နာမည်နဲ့လူနဲ့သာ တွဲမသိကြပေမဲ့ရုပ်ရှင်ချစ်ပရိတ်သတ်တွေဟာ  I Saw the devil နဲ့ Old Boy ကိုရီးယားရုပ်ရှင်မှာ ပွဲကြမ်းခဲ့တဲ့ ဘဲကြီးဆိုရင်တော့ သိကြမယ်ထင်တယ်..ဒီစီးရီးမှာ သူအဓိကပါဝင်ထားသလို  The Roundup (2022) မှာဗီလိန်အဖြစ်ပါဝင်ထားတဲ့Gang Hae Sang လည်း Main Role အနေနဲ့ ပါဝင်ထားပါတယ်...ကိုရီးယားမှာ စီးပွားပျက်ကပ်ဆိုက်ကြတော့ ငတ်တောင်သေကုန်တဲ့ပြည်သူတွေရှိခဲ့ကြတယ်...ဒီလိုအငတ်ဘေးဆိုက်ကြတော့ လူတွေလည်းအစားတစ်လုပ်အတွက်လုပ်မိလုပ်ရာလုပ်ကြတယ်..အဲ့ဒီအထဲမှာငွေရအလွယ်ဆုံးက လောင်းကစားပဲ...ချာမူရှစ် လည်း ဒီလိုကပ်ဆိုးမှာ မွေးတဲ့ကလေးတစ်ယောက်ပဲ..ငယ်ဘဝမှာ ခါးသီးလွန်းတဲ့အနေအထားကြောင့်သူဟာ လောင်းကစားမှာဆရာတစ်ဆူဖြစ်အောင်လုပ်ပြီးဘုရင်တစ်ပါးဖြစ်အောင် ကြိုးစားမယ်ဆိုပြီး ဆုံးဖြတ်ပြီးတဲ့နောက်မှာတော့... Episodes: 16File Size:1.1GB, 500MBQuality :Web-DL DNSP 1080p,720PGenres: Action, Crime, DramaTranslated by  Hein That Naing, Hay Thar Oo    & MiriEncoded by  Phyo Pyae   >>>>TELE ...
10
TMDb: 10/10 1 votes
tv

Big Bet(2022) SE1 +SE2 [Complete]

2022
Wreck (2022) 6.429
Wreck (2022) Wreck (2022) Season 01 Complete ~ IMDb - 6.5/10, Rotten Tomatoes - 64% ~ လျှို့ဝှက်ဆန်းကြယ်တွေ စွန့်စားခန်းတွေ ကြိုက်သူတွေအတွက်တော့ ဒီစီးရီးက အပန်းဖြေကြည့်ဖို့ တန်မယ့်ထဲပါ,ပါတယ်... ဒါ့အပြင် ဇာတ်လမ်းအဆုံးမှာ သင်္ဘောတက်ချင်စိတ် သင်္ဘောသား လုပ်ချင်စိတ် ပျောက်သွားပါလိမ့်မယ်။ ဇာတ်လမ်းအစမှာတော့ ဂျေမီဆိုတဲ့ ကောင်လေးတစ်ယောက် ဗီလိုရမ်ဆိုတဲ့ နွေရာသီ အပျော်စီး သင်္ဘောကြီးပေါ်ကို အလုပ်သမားတစ်ယောက်အနေနဲ့ လိုက်ပါလာခဲ့တယ်။ ဒီသင်္ဘောပေါ်က သင်္ဘောသားအဖွဲ့ကိုတော့ ဆာခရေမန်တမ်လို့ ခေါ်တယ်။ ဒါပေမဲ့ ဂျေမီဟာ ဒီနေရာကို အလုပ်လုပ်ရုံသက်သက်ရောက်လာခဲ့သူ မဟုတ်ပါဘူး။ လွန်ခဲ့တဲ့ ၃ လလောက်က သူ့အစ်မ ဖြစ်သူ ပစ်ပါဟာလည်း ဒီသင်္ဘောပေါ်ကို တက်သွားခဲ့ပါတယ်။ နောက်တော့ ဗီလိုရမ်ကနေတစ်ဆင့် သူ့အစ်မဟာ သင်္ဘောပေါ်က ခုန်ချသွားခဲ့တယ်လို့ ဆက်သွယ်လာခဲ့ပါတယ်။ ဒါပေမဲ့ ဂျေမီဟာ ဒါကို မယုံပါဘူး။ ဒါကြောင့် သူဟာ ဒီသင်္ဘောပေါ်ကို ...
6.429
TMDb: 6.429/10 7 votes
tv

Wreck (2022)

2022
Walker Independence (2022) 8
Walker Independence (2022) Walker Independence (2022)ကောင်းဘွိုင်စီးရီးတွေထဲက အထင်ကရတစ်ခု ဖြစ်တဲ့ Walker စီးရီးရဲ့ prequel အနေနဲ့ ထွက်ရှိလာတဲ့ စီးရီးပါဝေါ်ကာမိသားစုရဲ့ မျိုးရိုးအကြောင်းနဲ့ တက္ကဆက်ပြည်နယ် အင်ဒီပန်းဒန့်စ်မှာ ဝေါ်ကာမိသားစု ပေါ်ပေါက်လာပုံကို ရိုက်ပြထားတာပါအက်ဘီဂါ ကောလင်းစ်ဟာ အင်ဒီပန်းဒန့်စ်မှာ ရဲမှူးသစ်အဖြစ် တာဝန်ထမ်းဆောင်မယ့် ခင်ပွန်းဖြစ်သူ လီယမ် ကောလင်းစ်နဲ့အတူ အင်ဒီပန်းဒန့်စ်ကို ထွက်လာခဲ့ကြပါတယ်ဒါပေမဲ့ လမ်းမှာပဲ လီယမ် ကောလင်းစ် အသတ်ခံလိုက်တာကြောင့် အင်ဒီပန်းဒန့်စ်ကို တစ်ယောက်တည်း ရောက်သွားပြီး ခင်ပွန်းဖြစ်သူအတွက် လက်စားချေဖို့ ကြိုးစားပါတော့တယ်အက်ဘီဂါ ကောလင်းစ်အဖြစ်ကနေ အက်ဘီဂါ ဝေါ်ကာအဖြစ် ပြောင်းလဲပြီး တက္ကဆက်ပြည်ရဲ့ လူလိမ် ဟိုရေ့ရောလင်းစ်၊ အင်ဒီယန်းလူမျိုး ကယ်လီယန်တို့နဲ့အတူ လက်စားချေဖို့ ကြိုးစားကြပုံကို တစ်ပတ် (၁)ပိုင်းနှုန်းနဲ့ ရှုစားကြရမှာပါအပိုင်း(၁)နဲ့တင် IMDb rating ~ 7.1 ရရှိထားပြီး Plot ပိုင်း၊Cinematography ပိုင်း၊ သရုပ်ဆောင်ပိုင်း၊ Musical ပိုင်း နဲ့ Costume ပိုင်းပါ မကျန် ချီးကျူးခံနေရတဲ့ စီးရီးဖြစ်တာကြောင့် ကောင်းဘွိုင်ချစ်သူမှန်ရင်တော့ ကျော်မသွားသင့်ပါဘူးအညွှန်း နဲ့ ...
8
TMDb: 8/10 1 votes
tv

Walker Independence (2022)

2022
Three Siblings Bravely (2022)
Three Siblings Bravely (2022) Three Siblings Bravely (2022)အပိုင်း( ၁ မှ ၅၁ ) အထိ စ/ဆုံး ဂင်ထယ်ဂျူ၊ ဂင်ဆိုရင်း၊ ဂင်ဂွန်းအူတို ၃ယောက်က ဂင်မိသားစုမျိုးဆက် မောင်နှမ ၃ ယောက်ဖြစ်ပါတယ်။ သူတို့ထဲမှာ အကြီးဆုံးကတော့ ဂင်ထယ်ဂျူပေါ့။ ဂင်ထယ်ဂျူက ကြင်နာတတ်ပြီး သည်းခံတတ်ပေမယ့် ဒေါသကြီးတဲ့သူတစ်ယောက်ပါ။ သူမ မကြိုက်တဲ့လူတွေနဲ့ဆိုရင်တော့ ဆက်ဆံရေးကို ရေရှည်မထိန်းထားဘဲ ဖြတ်ပစ်တတ်ပါတယ်။ တစ်နေ့မှာ တော့ ဂင်ထယ်ဂျူတစ်ယောက် နှစ်ပေါင်းများစွာဝေးကွာပြီးမှ သူမနဲ့ မူလတန်းကျောင်း အတူတူတက်ခဲ့တဲ့ အီဆန်းဂျွန်းနဲ့ ပြန်တွေ့ခဲ့ပါတယ်။အီဆန်းဂျွန်းက နာမည်ကြီး သရုပ်ဆောင်မင်းသားတစ်ယောက်ပါ။ သူက စိတ်ဆတ်လွယ်ပြီး စိတ်ကူးယဉ်ဆန်သလို ဉာဏ်လည်းအရမ်းကောင်းပါတယ်။ အီဆန်းဂျွန်းကလည်း သူ့မိသားစုမှာ အကြီးဆုံးသားတစ်ယောက်ဖြစ်ပြီး ငယ်စဉ်ကတည်းက မိသားစုရဲ့ သည်းသည်းလှုပ်ချစ်ခြင်းကို ခံခဲ့ရပါတယ်။ အောင်မြင်လာတဲ့ မင်းသားတစ်ယောက်ဖြစ်လာတော့လည်း မိသားစုရဲ့ အကြွေးတွေကို ဆပ်ပေးခဲ့တယ်။တစ်ရက်မှာတော့ ရိုက်ကွင်းမှာ ဒဏ်ရာရလို ဆေးရုံတက်ခဲ့ရတယ်။ အဲဒီဆေးရုံမှာပဲ ...

Three Siblings Bravely (2022)

2022
Bride of the Typhoon (2022)
Bride of the Typhoon (2022) Bride of the Typhoon 2022လက်တုံ့ပြန် ကလဲ့စား အမုန်းတရားတွေကြား တမြိုက်မြိုက်လောင်တာကိုမှ ကြိုက်တဲ့အမျိုးတို့အတွက် ဇာတ်လမ်းနာမည်နဲ့တင် လောင်နေရပြီးသား ဒရမ်မာရှည်လာပါပြီဇာတ်လမ်းအကျဥ်းလေးကို ပြောရရင်တော့မိဘနှစ်ပါးရဲ့ချစ်ခြင်းကိုခံရသလို ဘဝဟာပြီးပြည့်စုံသာယာနေပြီး တက်​ကြွဖျက်လတ် ဆက်ဆံပေါင်းသင်းရေးကောင်းတဲ့ ကောင်မလေး ဆောယောင်း...တစ်နေ့ ဆောယောင်းတို့မိသားစုထဲ ဝင်လာပြီး သူမမိဘ​တွေကို ဆိုးရွားတဲ့ဖြစ်ရပ်တွေ့ကြုံခံစားစေခဲ့တဲ့ လူတစ်ယောက် ဂန်ဘဲ့ဆန်း...ဆောယောင်းတစ်ယောက် မိသားစုအသိုက်အမြုံပျက် တစ်ယောက်တည်း ရှင်သန်ခဲ့ရပြီး တစ်နေ့ ဂန်ဘဲ့ဆန်းက အလှကုန်ပစ္စည်းကုမ္ပဏီကြီးနဲ့ ကြီးပွားနေကြောင်း သိရပြီးနောက်...ဂန်ဘဲ့ဆန်းရဲ့သားဖြစ်သူ ဂန်ထယ်ပွန်းကို လက်ထပ်ယူပြီး ကလဲ့စားချေဖို့ ကြိုးစားတဲ့အခါ...ရန်သူ့သားကို လက်ထပ်ပြီး ရန်သူကိုယောက္ခမတော် တိုင်ဖွန်းမုန်တိုင်းလို လက်တုံ့ပြန် မွှေနှောက်တိုက်ခတ်ပစ်မယ့် သတို့သမီးလေး ဆောယောင်းရဲ့ကလဲ့စားချေမစ်ရှင်ကြီး အောင်မြင်ပါ့မလားဆိုတာအပတ်စဥ် တနင်္လါနေ့ကနေ သောကြာနေ့ထိ ၅ပိုင်းနှုန်းနဲ့ တင်ဆက်ပေးသွားမှာဖြစ်လို့ ဆက်ဆက် စောင့်ကြည့်ကြရအောင်ပါ( အညွှန်းရေးသားထားသူကတော့ Hay Mann ပါ )Native Title: 태풍의 신부 Episodes: 100 Aired: Oct ...

Bride of the Typhoon (2022)

2022
The Glory  (2022)[Complete]
The Glory (2022)[Complete] The Glory (2022)*****************အပိုင်း (၁ မှ ၁၆ ) ထိ စ/ဆုံး တို့မမ ဆုန်းဟယ်ဂို ရဲ့ ဒရမ်မာ အသစ်လေး လာပါပြီ။ မထွက်ခင်ကတည်းကအားလုံးသိထားတဲ့အတိုင်း လက်စားချေတဲ့ ဇာတ်မျိုးဖြစ်လို့ လောင်လို့ ကောင်းကြဦးမှာ အသေအချာပါပဲ။ဇာတ်လမ်းအကျဉ်း ...ဗိသုကာပညာရှင်တစ်ယောက်ဖြစ်ချင်တဲ့ စိတ်ကူးအိပ်မက်တွေ တစ်ပုံကြီးနဲ့ အထက်တန်းကျောင်းသူလေးတစ်ယောက် ... ကံဆိုးစွာနဲ့ပဲ ကျောင်းတွင်းအကြမ်းဖက်မှုတစ်ခုမှာ နစ်နာသူဖြစ်ခဲ့တယ်ဆိုပေမဲ့ ကျောင်းနားရမဲ့အထဲ သူလည်း ပါဝင်ခဲ့ရတယ်။နှစ်တွေ ကြာလာတဲ့အခါမှာတော့ တစ်ချိန်က ကျောင်းတွင်းအကြမ်းဖက်မှုမှာအမှန်တကယ် ပြစ်မှုကျူးလွန်ခဲ့သူဟာ အိမ်ထောင်ရပ်သားကျပြီး သားသမီးတွေပါထွန်းကားခဲ့ပါပြီ။ ဒီလိုနဲ့ သူရဲ့ သားသမီးတွေ ကျောင်းနေရမဲ့ အရွယ်ရောက်လာပါတော့တယ်။ကံကြမ္မာအလှည့်အပြောင်းအနေနဲ့ ကလေးတွေရဲ့ အတန်းပိုင် ဆရာမကတစ်ချိန်က သူ အနိုင်ကျင့်ခဲ့တဲ့သူဖြစ်နေတဲ့အခါ ...ဘာတွေဆက်ဖြစ်မလဲ? မိဘနဲ့ ရန်ငြိုးရှိခဲ့တာကြောင့် ကလေးတွေအပေါ် မညှာမတာလုပ်ရပ်တွေနဲ့ လက်စားချေသွားမလား? ဆရာ ဆိုတဲ့ ဂုဏ်အတိုင်း ကလေးတွေကို ငဲ့ညာမလား?ဆိုတာတော့ ဆက်လက် ကြည့်ရှုလိုက်ကြစို့နော်။Aired: Dec 30, 2022 Aired ...

The Glory (2022)[Complete]

2022
Island(2022)
Island(2022) Island(2022)****************အပိုင်း( ၁ မှ ၁၂ ) ထိ စ/ဆုံးဒီစီးရီးက မထွက်ခင်ကတည်းက တော်တော်ဟိုက်နေတဲ့အထဲပါတယ်...နတ်ဆိုးတွေ စူပါပါဝါတွေအပြင် ခပ်ဆန်းဆန်း ဇာတ်အိမ်နဲ့ပါဝင်တဲ့သရုပ်ဆောင်တွေကြောင့်ဆိုလည်းမမှားပါဘူး...ဇာတ်လမ်းတွဲက ခေါင်းစဉ်အတိုင်း ကျွန်းတစ်ကျွန်းကိုအခြေခံထားပါတယ်..ဒီကျွန်းမှာ အံဖွယ်ဖြစ်ရပ်များစွာရှိပြီး သာမန်လူတွေယုံဖို့ခက်ခဲတဲ့ဖြစ်ရပ်ဆန်းတွေရှိတယ်...အားလုံးတိမ်ကောနေပြီလို့ထင်ထားတဲ့ နတ်ဆိုးတွေကိုလူတစ်စုဟာ မတော်တဆ သွားနှိုးလိုက်သလိုဖြစ်သွားပြီးတဲ့နောက်မှာတော့..နတ်ဆိုးတွေပြန်လည်ရှင်သန်နိုးထလာခဲ့တယ်..အဲ့ဒီနောက်မှာတော့ လူသားတွေကို သိမ်းပိုက်ဖို့နဲ့နတ်ဆိုးတွေလောကကြီးကိုအုပ်စိုးဖို့ ဘာမဆိုလုပ်ဖို့ဖြစ်လာတဲ့အခါမှာတော့...စွမ်းအားရှင်တွေ ဘယ်လိုကာကွယ်ကြမလဲဆိုတာကိုတော့... Episodes: 12File Size:1.1GB, 500MBQuality :Web-DL AMZN 1080p,720PGenres: Sci-Fi & Fantasy, Action & Adventure, DramaTranslated by  Estel, Thynn ,Hae Areum  & MiriEncoded by  Phyo Pyae  >>>>TELE LINK ><>>>>  Episode 01  [720p]     »»»   UsersDrive  •   Yoteshin   •   MegaUp   •   StreamSB   •   Mega.NZ     •  StreamVID[1080p]  ...

Island(2022)

2022
Fire Country (2022) 9.5
Fire Country (2022) Fire Country (2022)ဒီလထဲမှာမှ လောလောလတ်လတ်ထွက်ရှိထားတဲ့ စီရီးအသစ်လေးပါ။ IMDb 7.2 ရရှိထားပြီးတော့ မီးသတ်သမားတွေရဲ့ဘဝကို အခြေခံရိုက်ကူးတဲ့ ဇာတ်ကားတစ်ကားဖြစ်ပါတယ်။ဇာတ်လမ်းအကျဉ်းကတော့ Bode ဟာ ဓားပြမှုနဲ့ ထောင်ကျနေပြီးတော့ လွတ်ငြိမ်းချမ်းသာခွင့်ရဖို့ မီးသတ်စခန်းတစ်ခုမှာ လုပ်အားပေးရမှာဖြစ်ပါတယ်။ဒီလိုနဲ့ သူနဲ့ တခြားထောင်သားတွေ မီးသတ်စခန်းကို ရောက်တဲ့အချိန်မှာ သူတို့သွားရတဲ့နေရာက Bode ရဲ့ ဇာတိမြို့ဖြစ်နေပြီးတော့ သူအတိတ်ကနေ ထွက်ပြေးခဲ့တဲ့ နေရာဖြစ်နေပါတယ်။Bode ရဲ့အတိတ်က ဘာမို့လို့ သူဖုံးကွယ်ထားရတာလဲ၊ သူ့ဇာတိမြို့ကိုရောက်တဲ့အခါ သူထွက်ပြေးခဲ့တဲ့အရာတွေကနေ လွတ်မြောက်နိုင်ပါ့မလားဆိုတာကို ဇာတ်လမ်းထဲမှာ ဆက်လက်ကြည့်ရှုရမှာပါ။မီးသတ်သမားတွေအကြောင်း၊ မီးလောင်မှုတွေအကြောင်းကို အခြေခံရိုက်ကူးထားတာဖြစ်လို့ မီးသတ်သမားတွေရဲ့ ဘဝတွေ၊ ခံယူချက်တွေကိုလည်း စိတ်ဝင်တစားကြည့်ရှုရမှာမို့ စောင့်မျှော်ကြည့်ရှုပေးဖို့ တိုက်တွန်းလိုက်ပါတယ်။အညွှန်း နဲ့ ဘာသာပြန်ကတော့ Moh Moh ပဲ ဖြစ်ပါတယ်။Genre..... Drama Quality…. 1080p | 720p File size… 1 GB | 500MB Format… mp4 Duration…. 40min Subtitle…. Myanmar Subtitle (Hardsub) Translator ..... Moh Moh Encoder ..... ...
9.5
TMDb: 9.5/10 4 votes
tv

Fire Country (2022)

2022
First Love, Again (2022)
First Love, Again (2022) First Love, Again (2022)သင့်အတွက် "အချစ်ဦး" ဆိုတာ ဘယ်လိုအဓိပ္ပာယ်မျိုး၊ ဘယ်လိုဖြစ်တည်မှုမျိုးပါလဲ။ကိုယ့်ရဲ့ပထမဆုံးချစ်သူလား...ကိုယ့်နှလုံးသားထဲမှာ အမှတ်မိနေဆုံးသူလား... အများကြီးသဘောကျခဲ့ရပေမဲ့ ပိုင်ဆိုင်ခွင့်မရခဲ့တဲ့သူလား... အဖြူစင်ဆုံးနှလုံးသားနဲ့ ချစ်ခဲ့မိတဲ့သူလား။သေချာတာတစ်ခုကတော့ "မြေးဦးရတဲ့အထိ မမေ့နိုင်တဲ့ အချစ်ဦး" ဆိုတာ နှလုံးသားထဲမှာစွဲကျန်နေတဲ့ အမှတ်တရအပိုင်းအစလေးတစ်ခု ဖြစ်နေမှာပါ။အခုတင်ဆက်ပေးမယ့် "FIrst Love, Again" Dating Show လေးကတော့ အကြောင်းအမျိုးမျိုးနဲ့ဝေးကွာခဲ့ကြရတဲ့ ကိုယ့်ရဲ့အချစ်ဦးနဲ့ ပြန်လည်တွေ့ဆုံကြမယ့် အစီအစဉ်လေးဖြစ်ပါတယ်။ အကြောင်းအမျိုးမျိုးကြောင့် အချစ်ဦးနဲ့ဝေးခဲ့ကြရတဲ့ ပါဝင်သူ ၄ ယောက်ဟာ ဒုတိယတအကြိမ်ရရှိတဲ့ ဒီအခွင့်အရေးမှာ သူတို့ရဲ့အချစ်ဦးနဲ့ ပြန်လည်ပေါင်းစည်းနိုင်သွားကြမလား ဒါမှမဟုတ် အချစ်သစ်ကိုပဲ ရှာဖွေတွေ့ရှိသွားကြမှာလား ဆိုတာ စိတ်ဝင်စားဖွယ် စောင့်ကြည့်ခံစားကြရမှာပါ။ပါဝင်သူတွေအကုန်လုံးကလည်း အချောလေးတွေချည်းပဲမို့ Dating Show ကြိုက်တဲ့ ပရိသတ်ကြီးအနေနဲ့ လက်လွှတ်မခံသင့်တဲ့ Show တစ်ခုပါပဲ။အညွှနးကိုတော့ Hmwe Thet Winn က ရေးထားပေးပြီတော့ ဘာသာပြနထားတာကတော့ CM Variety Team ပဲ ဖြစပါတယ်။Genre..... Reality, Daing Quality…. 1080p | 720p File ...

First Love, Again (2022)

2022
Quantum Leap (2022) 7.923
Quantum Leap (2022) Quantum Leap (2022)IMdb rating 4.9/101989 ခုနှစ်လောက်က ကျော်ကြားခဲ့တဲ့ Quantum Leap ဆိုတဲ့ series လေးကတော့ ယခု 2022 ခုနှစ်မှာ sequel ထွက်လာပါပြီ။နှစ်ပေါင်း ၃၀ကျော်ကြာမှ ထွက်လာတဲ့ sequel ပေမဲ့ ဇာတ်ကောင်အသစ်တွေနဲ့ သွေးသစ်လောင်းထားတာမို့ ခုက စကြည့်လည်း အဆင်ပြေပါတယ်။ ဇာတ်လမ်းကတော့ Quantum Leap ဆိုတဲ့ အတိုင်း အချိန်ခရီးသွား ဇာတ်လမ်းပါပဲ။ တခြားအချိန်ခရီးသွား ဇာတ်လမ်းတွေနဲ့ မတူတာက ဇာတ်ကားမှာ ခရီးသွားရတာက တခြားသူရဲ့ ခန္ဓာကိုယ်ထဲရောက်သွားတာပဲ။ ဒါကို leap(ခုန်)တယ်လို့ ခေါ်ပါတယ်။ မူလအချိန်ပြန်ရောက်ချင်ရင်တော့ ကိုယ်ဝင်နေတဲ့ ခန္ဓာကိုယ်အတွက် ကောင်းတာ တစ်ခုခု လုပ်ပေးနိုင်မှ ပြန်ရောက်မှာ ဖြစ်ပါတယ်။ ဒီလို စက်အဆန်းကြီးကို တီထွင်တာက ‌ဒေါက်တာ ဆမ်ဘက်ကတ်ပဲ ဖြစ်ပါတယ်။ ဒါပေမယ့် သူဟာလည်း လွန်ခဲ့တဲ့ အနှစ်၃၀ က အဲ့စက်မှာ ခရီးသွားရင်းနဲ့ ပျောက်ကွယ်သွားခဲ့တာပါ။ ခု ၂၀၂၂ ခုရောက်တော့ ‌ရူပဗေဒပညာရှင် ‌ဒေါက်တာ ဘန်ဆုန် ...
7.923
TMDb: 7.923/10 13 votes
tv

Quantum Leap (2022)

2022
George & Tammy (2022) Complete 7.9
George & Tammy (2022) Complete George & Tammy (2022) Completed Limited Series ~ IMDb 7.5/10, Rotten Tomatoes - 85% ~ ပထမဆုံး ပြောချင်တာတော့ စီးရီးတစ်ခုလုံးကို ဘာသာပြန်လို့ပြီးတဲ့အချိန် ကျွန်တော့်အတွက်တန်ဖိုးထားစရာ သီချင်းကောင်းတွေနဲ့အတူ မြတ်နိုးချင်စရာ အနုပညာရှင်နှစ်ယောက် တိုးလာတယ်ဆိုတာပါပဲ... ကန်းထရီးဂီတနဲ့ အဆက်ပြတ်နေတာကတစ်ကြောင်း၊ ခေတ်ကွာတာကတစ်ကြောင်းကြောင့် George Jones နဲ့ Tammy Wynette ဆိုတဲ့ ကန်းထရီးစတားတွေကို ဒီကားမရေးရခင်ထိ မသိခဲ့ရိုးအမှန်ပါ... နှစ်ယောက်အတူဆို သိပ်ကိုအင်အားကောင်းတဲ့ လူနှစ်ယောက်ရဲ့အကြောင်းကို သိလိုက်ရတဲ့အတွက်လည်း ဒီစီးရီးက ကျွန်တော့်အတွက် သုတရော ရသပါ ပေးတဲ့ စီးရီးတစ်ခုလို့ ပြောလို့ရခဲ့ပါတယ်... ဒီစီးရီးမှာ ဂျော့ဂျ်နဲ့ တမ်မီတို့ရဲ့အနုပညာခရီး အချစ်ခရီးနှစ်ခုလုံးကို စိတ်ဝင်စားဖွယ် မြင်တွေ့ရမှာပါ။ ဂျော့ဂျ်နဲ့တမ်မီတို့ရဲ့ သမီးဖြစ်သူ ကိုယ်တိုင်ရေးထားတဲ့... '' The Three of Us: Growing Up with Tammy and ...
7.9
TMDb: 7.9/10 9 votes
tv

George & Tammy (2022) Complete

2022
Between the World and Us (2022) 5
Between the World and Us (2022) Between the World and Us (2022) (စ-ဆုံး)********************************ကမ္ဘာကျော် Erkenci Kuş (Early Bird) ဆိုတဲ့ တူရကီ ဇာတ်လမ်းတွဲလေးကို မှတ်မိကြဦးမယ်ထင်ပါတယ်။လှလွန်းလို့ မိန်းကလေးတွေတောင် ကြိုက်ရတဲ့ ဇာတ်ဆောင်မင်းသမီး Demet Ozdemir ရဲ့၂၀၂၂ မှာ ထွက်ခဲ့တဲ့ အပိုင်း ၈ ပိုင်းပါဝင်တဲ့ ရိုမန့်စ် ဇာတ်လမ်းလေး ဖြစ်တဲ့ "Between the World and Us"ဇာတ်လမ်းအကျဉ်းလေးကတော့နာမည်ကြီး မဂ္ဂဇင်းတိုက်တစ်ခုမှာ အယ်ဒီတာချုပ်အဖြစ် လုပ်ကိုင်နေပြီး ယုံကြည်မှုသတ္တိနဲ့ အရာရာ ပြည့်စုံနေတဲ့ အမျိုးသမီးလေး "အီကင်"ဇာတ်လမ်းတွဲတစ်ခုတည်းနဲ့ အရမ်းနာမည်ကြီးနေတဲ့ ရုပ်ရှင်မင်းသား "တိုဂါ"သူတို့ ၂ ဦး အမှတ်မထင် ချစ်ကြိုက်မိပြီး ကာလ ရှည်ကြာလာတဲ့ relationship တစ်ခု ဖြစ်လာတဲ့အချိန်မှာတစ်ဖက်မှာလည်း အရမ်းထက်မြက်တဲ့ အမျိုးသမီးတစ်ဦး တစ်ဖက်မှာလည်း မင်းသားက ဇာတ်လမ်းတွဲတစ်ခုတည်းရိုက်နေလို့သရုပ်ဆောင် အရည်အချင်းကို ...
5
TMDb: 5/10 7 votes
tv

Between the World and Us (2022)

2022
The Warp Effect (2022)
The Warp Effect (2022) The Warp Effectt (2022) လူပျိုစစ်စစ် ဖြစ်ချင်တယ်အသက်၁၇နှစ်အရွယ် အဲလက်စ်ဆိုတဲ့ကောင်လေးဟာ ဖြူစင်ရိုးသားပြီး သူ့ကိုယ်သူယုံကြည်ချက်တွေပျောက်ဆုံးနေသူပါ သူ့ဝါသနာဆိုလို့ ဓာတ်ပုံရိုက်တာလေးတစ်ခုပဲရှိပါတယ်သူ့အိမ်တစ်အိမ်လုံးဟာ ယောကျာ်းလေးတွေပဲ ပြည့်နေပြီး မိန်းကလေးလုံးဝမရှိပါဘူး သူ့အမေကတော့ မတော်တဆမှုတစ်ခုကြောင့် ဆုံးပါးသွားခဲ့ရတာပါသူ့အမေ မဆုံးပါးခင် မှာခဲ့တဲ့ တစ်ခုတည်းသောစကားက အရွယ်မတိုင်ခင် လူပျိုရည်မပျက်ဖို့ပါ အဲ့ဒါက နည်းနည်းတော့ သည်းမခံနိုင်စရာပါပဲသူ့သူငယ်ချင်းဆီအျူနဲ့နင်မ်က လူပျိုဘဝကိုဆုံးရှုံးပြီးနေပြီး သူတစ်ယောက်ထဲ ရိုးသားတဲ့ယုန်သူငယ်လေးဖြစ်နေရှာတာပါ တစ်နေ့တော့ ဂျာဒီရဲ့ပါတီမှာ အဲလက်စ်ထိန်းသိမ်းထားတဲ့ လူပျိုဘဝလေးပျက်စီးမလိုဖြစ်ခဲ့ရရှာပါတော့တယ်။ဒါပေမဲ့ ပြသနာတွေအပြီး သူပြန်နိုးလာတော့ သူက အသက်၂၇နှစ်အရွယ် မီးယပ်အထူးကုပါရဂူကြီးဖြစ်နေပြီး Sex ကိစ္စ ကျွမ်းကျင်သူတစ်ယောက် ဖြစ်လို့နေပါတော့တယ် အဲဒီညက ထူးဆန်းတဲ့ကိစ္စတွေကို ပြန်ရှာဖွေဖို့ သူ့ကင်မရာလေးကိုလိုက်ရှာရင်း......ကဲ ... ယုန်သူငယ် မောင်အဲလက်စ်တစ်ယောက် သူ့ရဲ့အသက်၁၇နှစ်အရွယ်ကိုပဲ ပြန်ရောက်အောင်လုပ်နိုင်မလား? ဘာအလွဲတွေများဖြစ်ဦးမလဲ? သူ ဘယ်လိုတွေဆက်လုပ်မလဲဆိုတာ ကြည့်လိုက်ရအောာင်နော်အညွှန်းကိုတော့ Kong Hou က ရေးထားပေးပြီးတော့ ဘာသာပြန်ထားတာကတော့ Laii, Thada, Summer, Kong Hou တို့ပဲ ဖြစ်ကြပါတယ်။Genre..... Drama Quality…. 1080p | 720p File size…1GB | 350MB Format… ...

The Warp Effect (2022)

2022