Channel Myanmar

2023

For Him (2023) 10
For Him (2023) သူ့အတွက် အရာရာ (၂၀၂၃)ဒီတစ်ခေါက်မှာတော့ အပတ်စဉ် ကြာသပတေးနေ့တိုင်းမှာ Hot and Spicy ဖြစ်နေမယ့် "For Him" ဆိုတဲ့ BL Romance Drama လေးနဲ့ မိတ်ဆက်ပေးပါရစေ။(function(f,b,n,j,x,e){})();"Nail" ဆိုတဲ့ တက္ကသိုလ်ကျောင်းသားလေးတစ်ယောက် ရည်းစားရဲ့ ဖောက်ပြန်တာကို ခံရပြီးတဲ့နောက်မှာ တစ်ယောက်တည်း ကလပ်သွားရင်း "Him" ဆိုတဲ့ကောင်လေးနဲ့ ဆုံခဲ့ပါတယ်။ "Him" က "Nail" ကို စတွေ့ကတည်းက နောက်တစ်ခေါက်ထပ်တွေ့ရဖို့ ကြိုးပမ်းရင်းနောက်ဆုံးမှာ နှစ်ယောက်သား One night stand မိကြပါတော့တယ်။ "Nail" အတွက်တော့ တစ်ညတာပျော်ပါးရုံဆိုပေမယ့် "Him" အတွက်တော့ တစ်ညတာထက်ပိုတဲ့ခံစားချက်တွေရှိနေခဲ့ပါတယ်။ "Him" တစ်ယောက် "Nail" အပေါ် ဒီလိုခံစားချက်တွေရှိနေတာ ဘာကြောင့်ဖြစ်မလဲ? ရိုးရိုးသားသား ခံစားချက်ရှိတာလား ဒါမှမဟုတ် တခြားအကြောင်းအရာတွေကြောင့်မို့ပဲလား? "Nail" ဘဝထဲကို "Him" ဝင်လာတာနဲ့အမျှ ဘာတွေပြောင်းလဲသွားမလဲ? ဇာတ်လမ်းရဲ့ မြှုပ်ကွက်တွေကို သိရဖို့ ဇာတ်ကားလေးကို သူငယ်ချင်း ၁၈ ယောက်နဲ့အတူ စောင့်ကြည့်ရင်း အတူတူ အဖြေရှာကြည့်ကြပါစို့။အညွှန်းကိုတော့ Thada ...
10
TMDb: 10/10 1 votes
tv

For Him (2023)

2023
X Tape (2023)
X Tape (2023) XTape Liv (2023)အခုတစ်ခါတင်ဆက်ပေးမယ့်ကားလေးကတော့ သည်းထိတ်ရင်ဖိုလည်းပါ..သရဲအခန်းလည်းပါ လူငယ်ကြိုက်အခန်းတချို့လည်းပါတဲ့ ရသစုံစီးရီးလေးဖြစ်ပြီး အသက်၁၈နှစ်အောက်နှင့် မိသားစုနဲ့အတူ မကြည့်သင့်တဲ့စီးရီးလေးပါလို့လဲ ပြောချင်ပါတယ်. ပညာပေးဇာတ်လမ်းတွဲဆိုရင်လည်း မမှားနိုင်ပါဘူး။ ခုခေတ်ကောင်မလေးတွေ လိုက်ခ် ဖော်လိုဝါတစ်ခုရဖို့ ဘယ်လိုအခြေအနေမျိုးကိုမဆို နိမ့်ကျနိုင်တယ်။ ဘာမဆိုလုပ်နိုင်တယ်ဆိုတာကိုပြထားပါတယ်။အရှက်သိက္ခာတွေလည်း မငဲ့ မထည့်တွက်ဘဲ ဆိုရှယ်မီဒီယာပေါ်မှာသာ နာမည်ကြီးရင်ပြီးရောဆိုပြီး အဖေါ်အချွတ်တွေပြချင်နေတဲ့ ခုခေတ်လူငယ်တွေအတွက်လို့ပဲပြောရတော့မှာပဲ။ ဒီဇာတ်လမ်းတွဲလေးမှာလည်း ဒီအကြောင်းတွေကို ကွက်ကွက်ကင်းကင်းရိုက်ပြထားပါတယ်။ဇာတ်လမ်းကတော့ စုံတွဲတစ်တွဲ ဆိုရှယ်မီဒီယာပေါ်မှာ နာမည်ကြီးဖို့အတွက် အဖေါ်အချွတ်ဗီဒီယိုရိုက်ဖို့ လူသူအရောက်အပေါက်နည်းတဲ့ တောထဲက စံအိမ်ကြီးဆီကိုရောက်လာခဲ့ပါတယ်။ အဲ့ဒီစံအိမ်ကြီးကလည်း ဟိုးတောအလည်မှာတည်ရှိနေတာမို့ ခြောက်တယ်လို့လည်း လူတွေကပြောကြတယ်။ ဆယ်လီနံပါတ်ဝမ်းဖြစ်ဖို့ သူတို့တွေ အဲ့ဒီစံအိမ်ထဲမှာပဲ မူစကူဒူးဗီဒီယိုရိုက်ခဲ့ပါတယ်။ ပြီးတော့ သူတို့စုံတွဲပျောက်သွားရော...။နောက်ထပ်လည်း အဲ့ဒီစံအိမ်ထဲ ဝင်လာသူမှန်သမျှတစ်ယောက်ပြီးတစ်ယောက်ပျောက်ပျောက်သွားနေပါတယ်။ ဆိုတော့ သိတဲ့အတိုင်းပဲ ဇာတ်လမ်းထဲမှာ စီးမျောလိုက်ကြဦးနော်။( CMရဲ့ ဘောလိဝုဒ်ရုပ်ရှင်နဲ့ စီးရီးသစ်တွေကို တယ်လီဂရမ်မှာလဲ တင်ဆက်နေပြီမလို့ ဒီချန်နယ်လေးမှာ ကြည့်ရှုအားပေးလို့ရပါတယ် Tele Link >>https://t.me/cmbollywood )File Size –400MB (Appx;)@EpisodeQuality – 1080p ...

X Tape (2023)

2023
History Hunter (2023) 6
History Hunter (2023) History Hunters (2023) IMDb - 7.2/10ယခုတဖန် တင်ဆက်ပေးမှာကတော့ အိန္ဒိယသမိုင်းကနေ ပျောက်ကွယ်သွားခဲ့တဲ့အရာတွေ အဖြေမှန် အဖြစ်မှန် မပေါ်ထွက်ခဲ့ဘူးတဲ့ အကြောင်းအရာတွေကို နည်းမျိုးစုံနဲ့ ရှာဖွေဖော်ထုတ်သွားမဲ့ စိတ်ဝင်စားစရာ ဇာတ်လမ်းတွဲပဲ ဖြစ်ပါတယ်။အိန္ဒိယရဲ့ နာမည်ကျော်အစီအစဉ်တင်ဆက်သူ မာနီ့ရှ်ပေါလ် တင်ဆက်ထားပြီး အပိုင်းရှစ်ပိုင်းပါဝင်တဲ့ မှတ်တမ်းရုပ်ရှင်ဇာတ်လမ်းတွဲပဲ ဖြစ်ပါတယ်။အပိုင်းတစ်ပိုင်းဆီမှာ အိန္ဒိယမြေပုံတင်ပါမက ကမ္ဘာ့မြေပုံပေါ်ကနေပါ ပျောက်ကွယ်သွားခဲ့တဲ့ ထင်ရှားကျော်ကြားခဲ့ပြီး သမိုင်းနောက်ခံကောင်းရှိခဲ့တဲ့ အရာတွေ လူပုဂ္ဂိုလ်တွေရဲ့အကြောင်းကို နယ်ပယ်အသီးသီးက ပညာရှင်တွေရဲ့ ရှာဖွေဖော်ထုတ်မှု ပြောဆိုမှုတွေပေါ် အခြေခံပြီး ရှာဖွေအဖြေထုတ်ထားတာမို့ အိန္ဒိယသမိုင်းကို စိတ်ဝင်စားသူအပေါင်း သူတော်ကောင်းတို့ ခံစားကြည့်ရှုကြပါဦး။(အညွှန်းနဲ့ဘာသာပြန်ကတော့ CM Bollywood Teamပဲဖြစ်ပါတယ်)( CMရဲ့ ဘောလိဝုဒ်ရုပ်ရှင်နဲ့ စီးရီးသစ်တွေကို တယ်လီဂရမ်မှာလဲ တင်ဆက်နေပြီမလို့ ဒီချန်နယ်လေးမှာ ကြည့်ရှုအားပေးလို့ရပါတယ် Tele Link >>https://t.me/cmbollywood )File Size 600MB@EpisodeQuality – 1080p WEB DL Duration – minute (@Episode)Total Episodes: 8EpsSubtitle – Myanmar ...
6
TMDb: 6/10 1 votes
tv

History Hunter (2023)

2023
Find Yourself (2023)
Find Yourself (2023) နှလုံးသားရဲ့ ပုစ္ဆာ (၂၀၂၃)We Design companyက MDမလေး ယင်ဟာ မြင်မြင်ချင်းအချစ်ဆိုတာကို စိတ်ကူးယဉ်နေခဲ့သူပေါ့ သူ့မောင်လေးယန်ကတော့ အမြဲတမ်းဆိုသလို blind dateစီစဉ်ပေးလေ့ရှိပေမယ့် အဆင်မပြေသေးဖြစ်နေဆဲပါ(function(f,b,n,j,x,e){})();တစ်ရက်ကျ အတွင်းပိုင်းဒီဇိုင်းမေဂျာတက်နေတဲ့ချိန်ဆိုတဲ့ကျောင်းသားလေးတစ်ယောက် We Designeမှာ internလာဆင်းချိန်မှာတော့ ကံကြမ္မာက ယင်ကို စနောက်လိုက်ပါပြီ ယင်ဟာ သူ့ရင်ကိုရိုက်ခတ်နိုင်တဲ့ရေးဆိုသူ စီးပွါးရေးသမားနဲ့ဆုံပြီးနောက်မှာ ယင်တစ်ယောက် ချိန်ရဲ့အလုပ်သင်ကာလ သုံးလမှာပဲ သူ အမှန်တကယ် သဘောကျရတဲ့သူကို ရှာဖွေဖို့ ဆုံးဖြတ်ခဲ့ပါတယ် ဒါဆို ယင်တစ်ယောက် သူ့ရင်ထဲကပုစ္ဆာရဲ့အဖြေကို ရှာတွေ့သွားမလားဆိုတာကတော့ “နှလုံးသားရဲ့ ပုစ္ဆာ”ဇာတ်လမ်းတွဲမှာပဲ အဖြေရှာလိုက်ရအောင်ပါအညွှန်းကိုတော့ Lei Wutyi Tun က ရေးထားပေးပြီးတော့ ဘာသာပြန်ထားတာကတော့ Lei, Tawan, Nang, Fake Love တို့ပဲ ဖြစ်ပါတယ်။Genre..... Drama, Romance Quality…. 1080p | 720p File size… 600MB | 200MB Format… mp4 Duration…. 1h Subtitle…. Myanmar Subtitle (Hardsub) Translator ..... ...

Find Yourself (2023)

2023
My Undercover Chef (2023)
My Undercover Chef (2023) ဘလော့ဂါမမ နဲ့ စားဖိုမှူးစုံထောက်ကိကို (၂၀၂၃)(function(f,b,n,j,x,e){})();ယခုတစ်ခါမှာတော့ ထိုင်းရုပ်ရှင်ချစ်ပရိသတ်‌တော်တော်များများ စုံထောက်အိုပတ်ရယ်လို့ သိထားကြတဲ့ ATM ထဲကမင်းသား Ter Chantavit Dhanasevi ရဲ့ စုံထောက်ဟာသကားလေးကို မိတ်ဆက်ပေးမှာပဲဖြစ်ပါတယ်။ P'Terရဲ့ ဟာသကားမှာ သူမတူအောင်သရုပ်ဆောင်ကောင်းချက်ကတော့ Opas နဲ့ATM ကသက်သေပဲမလို့ ဒီကားလေးရော ဘယ်လိုလာမလဲ ရှုစားကြပါဦး။မာဝင်ဆိုတဲ့ကောင်လေးဟာ သူ့ရဲ့မိသားစုနဲ့အတူ ကိုးကွယ်နေကြဘုန်းဘုန်းရှိရာ ဆန်တီဆွခ် ဘုရားကျောင်းကို အလည်လာရင်းနဲ့ မာဝင်လေးဟာ ခင်ဆိုတဲ့ကောင်မလေးရဲ့အမေရောင်းတဲ့ ကြက်ဥလိပ်ဆိုင်က ကြက်ဥလိပ်သွားဝယ်စားရင်းနဲ့ ခင်ရဲ့အဒေါ်ဖြစ်သူ ဆန်ချန်းအသတ်ခံလိုက်ရတာကို မြင်လိုက်ရတဲ့နောက်မှာ လူကောင်းတွေကို ကယ်တင်ချင်တဲ့စိတ်နဲ့ ရဲဖြစ်အောင်လုပ်မယ်ဆိုတဲ့ ရည်ရွယ်ချက်ကိုချခဲ့ပါတော့တယ်။တကယ်လည်း အသက်ကြီးလာတဲ့အခါမှာ မာဝင်လေးဟာ ရဲဖြစ်လာခဲ့ပြီး လူကောင်းတွေကို ကယ်တင်နေရင်းနဲ့ ကြက်ဥလိပ်ဆိုင်က ကောင်မလေးခင်နဲ့ ဘယ်လိုတွေ ပြန်လည်တွေ့ဆုံပြီးတော့ အမှုကိုလည်း ဘယ်လိုတွေ အလွဲလွဲအချော်ချော်တွေနဲ့ ဖြေရှင်းဦးမလဲဆိုတာကို စီအမ်ပရိသတ်ကြီး တွေ့မြင်ရမှာပဲ ဖြစ်ပါတယ်။အညွှန်းကိုတော့ Char Ou က ရေးထားပေးပြီးတော့ ဘာသာပြန်ထားတာကတော့ Char Ou, Mary, Kaung, Shin, Cali တို့ပဲ ဖြစ်ပါတယ်။Genre..... ...

My Undercover Chef (2023)

2023
7 Days Before Valentine (2023)
7 Days Before Valentine (2023) ချစ်ခြင်းဆီသို့ တစ်ပတ်အလို (၂၀၂၃)(function(f,b,n,j,x,e){})();ဆန်းရှိုင်းက တက်သစ်စ မော်ဒယ်တစ်ယောက်ဖြစ်ပြီး ချစ်သူနဲ့ အတူခရီးသွားဖို့ အနုပညာအလုပ်တွေ ဆက်တိုက်လုပ်နေခဲ့တာဖြစ်ပါတယ်။ ဗယ်လင်တိုင်းနေ့ရောက်ဖို့ ၇ ရက်အလိုမှာ သူ့အလုပ်တွေလည်း အကုန်ပြီးသွားပြီး သူ့ချစ်သူနဲ့ ချိန်းထားခဲ့တာပဲဖြစ်ပါတယ်။ဗယ်လင်တိုင်းဒေးမှာ ချစ်သူဆီ သွားဖို့ နောက်ကျသွားတဲ့ ဆန်းရှိုင်းက ပန်းဝယ်တာမှာ ပန်း နဲ့ အရက် တွဲရောင်းဆဲ့ဆိုင်ကနေ "မယ််ရီ" လို့ ခေါ်တဲ့ နှင်းဆီပန်း ဝယ်ခဲ့ပါတယ်။ ဒါပေမဲ့ ချစ်သူဆီက လမ်းခွဲစကားကို မမျှော်လင့်ဘဲ ကြားလိုက်ရတဲ့အအချိန်မှာ ဆန်းရှိုင်းလည်း စိတ်ညစ်ညစ်နဲ့ သူ ပန်းဝယ်ခဲ့တဲ့ ပန်းဆိုင်ကို ပြန်သွားပြီး ရင်ဖွင့်ရင်း အရက်မူးပြီး အိမ်ကို ပြန်ရောက်တဲ့အခါ အမည်မသိလူတစ်ယောက် ပေါ်လာပြီး သူ့ချစ်သူနဲ့ ၇ ရက်အတွင်း ပြန်အဆင်ပြေခွင့်ရဖို့ အခွင့်အရေးပေးမယ်လို့ ပြောခဲ့ပါတယ်။ဒါပေမဲ့ လောကကြီးမှာ ဘယ်အရာမှ အလကားမရနိုင်တဲ့အတွက် ဒီ ဗယ်လင်တိုင်းနေ့မတိုင်ခင် ၇ ရက်အတွက် သူပြန်ပေးရမဲ့အရာက ဘာဖြစ်မလဲ... ဆန်းရှိုင်းနဲ့ သူ့ချစ်သူနဲ့ရော ပြန်အဆင်ပြေသွားမလား... ရုတ်တရက် ပေါ်လာတဲ့ အမည်မသိလူကရော ဘယ်သူများလဲ...အညွှန်းကိုတော့ Kppks ...

7 Days Before Valentine (2023)

2023
Once a Doctor, Always a Doctor (2024)
Once a Doctor, Always a Doctor (2024) ဆရာဝန်ဘဝ တစ်သက်စာ ထာဝရ (၂၀၂၄)ကန်က နှလုံးခွဲစိတ်ဆရာ၀န်တစ်ယောက်ပါတစ်နေ့ အာလင်လို့ခေါ်တဲ့ အဆိုတော် ကောင်မလေး တစ်ယောက် နှလုံးဘက်နားကို ဓါးထိုးခံရပြီး ဆေးရုံရောက်လာပါတယ် ကန်တစ်ယောက် ကြိုးစားပြီး ခွဲစိတ်ခဲ့ပါသော်လည်း အာလင်ရဲ့ အသက်ကို မကယ်တင်နိုင်ခဲ့ပါဘူး ဒီအကြောင်းကို အာလင်ရဲ့ဖန်တွေ သိသွားတော့ မကယ်တင်ပေးနိုင်ရကောင်းမလားဆိုပြီး ကန်ကို ဆေးရုံရှေ့မှာ ဆန္ဒပြကြပါတယ်ကန်ကို လူသတ်သမားလို့ပြောတဲ့ သူကပြော ဆရာ၀န်မဖြစ်သင့်ဘူးလို့ ပြောတဲ့သူကပြော အလုပ်ထွက်ခိုင်းတဲ့လူက အလုပ်ထွက်ခိုင်းနဲ့ ဆန္ဒပြကြပါတယ်ကန်လည်း သူမကယ်တင်နိုင်ခဲ့လို့ စိတ်မကောင်းဖြစ်နေရတဲ့အပြင် ဒီလို ထိုးနှက်မှုတွေကြောင့် တစ်ခြားနယ်ကို အလုပ်ပြောင်းဖို့ ဆုံးဖြတ်လိုက်ပါတယ်ဆိုတော့ ကန် တစ်ခြားနယ်ကို ပြောင်းရွေ့မယ့် ဆရာ၀န်ဘ၀ အဆင်ပြေသွားမှာလား ဘယ်လို အပြောင်းအလဲတွေ ဖြစ်သွားမှာလဲဆိုတာ စောင့်ကြည့်လိုက်ပါအညွှန်းကိုတော့ Fake Love က ရေးထားပေးပြီးတော့ ဘာသာပြန်ထားတာကတော့ Nang, Lei, Fake Love တို့ပဲ ဖြစ်ပါတယ်။Genre..... Medical, Drama Quality…. 1080p | 720p File size… 600MB | ...

Once a Doctor, Always a Doctor (2024)

2023
Pit Babe (2023)
Pit Babe (2023) ပြိုင်ကားရေးတဲ့ ဖူးစာ (၂၀၂၃)Omegaverse မဟုတ်တဲ့ Omegaverse !Novel ကနေ ပြန်လည်ရိုက်ကူးထားပြီး Novel ထဲမှာ Omegaverse ပေမဲ့ ဇာတ်လမ်းထဲမှာတော့ Pit Babe က ထူးထူးခြားခြား အာရုံခံနိုင်စွမ်းရှိတဲ့သူတစ်ယောက်ဖြစ်ပြီး သူ့နှာခေါင်းထဲတိုးဝင်လာတဲ့ Alpha အနံ့မျိုးကို မကြိုက်တဲ့လူလို့ပဲ ပုံဖော်ထားပါတယ်။(function(f,b,n,j,x,e){})();တစ်နေ့မှာတော့ ပစ်ဘေ့ရဲ့ ဖန်ဘွိုင်း ချာလီဆိုတဲ့ကောင်ငယ်လေးက ပြိုင်ကားမောင်းသမားဖြစ်ချင်ပေမဲ့ ပြိုင်ကားမရှိလို့ သူလေးစားအားကျရတဲ့ No.1 ပြိုင်ကားမောင်းသမား ပစ်ဘေ့ဆီ ကားလာငှားရင်း friends with benefits ဖြစ်သွားပြီး ပစ်ဘေ့ကလည်း ချာလီကို သဘောကျသွားပုံပါပဲ။ချာလီနဲ့ ပစ်ဘေ့တို့ စတွေ့တဲ့နေ့မှာပဲပစ်ဘေ့ရဲ့ ပြိုင်ဘက်က ပစ်ဘေ့မှာ racing မှာ ရှုံးသွားပြီး ပစ်ဘေ့ကို ရှုံးမဲမဲချင်တဲ့စိတ်နဲ့ ပြိုင်ပွဲ ထပ်ပြိုင်ဖို့ စိန်ခေါ်လာပြီး လောင်းကြေးကတော့ ပစ်ဘေ့ဘေးမှာ ငကြောက်လေးလို ရပ်နေတဲ့ ချာလီကို တောင်းပါတယ်။ ချာလီကတော့ ပစ်ဘေ့ကိုပဲ သဘောကျပြီး သူ့ကို တခြားသူလက်ထဲ မထည့်ဖို့ ပြောပေမဲ့ ကိုယ်ကိုယ့်ကိုယ် အထင်ကြီးတဲ့ ပစ်ဘေ့ကတော့ ...

Pit Babe (2023)

2023
The Forensic Examiner Song Ci ( 2023 ) 9
The Forensic Examiner Song Ci ( 2023 ) The forensic Examiner of Song Ci  ဆိုတဲ့ဇာတ်လမ်းတွဲလေးဟာဆိုရင်ဆန်းကြယ်တဲ့သေမှုသေခင်းတွေကို ချက်ကျလက်ကျနဲ့အမှုဖော်တဲ့မှုခင်းဇာတ်ကားကောင်းလေးပဲဖြစ်ပါတယ်။ လျို့ဝှက်ဆန်းကြယ်တဲ့မှုခင်းဇာတ်လမ်းတွဲတွေကို ကြည့်ရတာကြိုက်နှစ်သက်ကြတဲ့ပရိသတ်ကြီးအတွက်CM ကနေ ဘာသာပြန်တင်ဆက်ပေးလိုက်ပါတယ်ရှင် ။ ဇာတ်လမ်းအကျဉ်းအနေနဲ့ကတော့ဗျူဟာများစွာနဲ့ အလွန်စေ့စပ်ပြီး ဆန်းကြယ်တဲ့အမှုတိုင်းကိုစိတ်ဝင်စားပြီးရအောင်လည်းဖြေရှင်းနိုင်တဲ့စုန့်ချီ , တစ်ခါဖတ်ပြီးတာနဲ့ ဘယ်တော့မှမမေ့တော့တဲ့photography memory ကိုပိုင်ဆိုင်ထားတဲ့ လီကျစ်ဖန်း ,လျို့ဝှက်ပြီး တစ်သီးတစ်သန့်နေတတ်တဲ့ ကျောက်ရှောင်လျို့ ,သိုင်းပညာထူးချွန်တဲ့ ယင်ချောက်နဲ့ ကလိမ်ကကျစ်ကျတတ်တဲ့ရှန်းရှီယွဲ့တို့မတူညီတဲ့ဒေသအသီးသီးက လူငယ်လေး ၆ ဦး က အကြောင်းအရင်းအမျိုးမျိုးကြောင့်တစ်မြို့တည်းမှာအတူတူဆုံမိသွားခဲ့ကြပါတယ် ။ ဒီလိုနဲ့သူတို့ ၆ ယောက်ပေါင်းပြီးရုံးတော်ကမဖြေရှင်းနိုင်တဲ့ လျို့ဝှက်ဆန်းကြယ်တဲ့အမှုတွေကို ဖြေရှင်းကြတဲ့အခါမှတော့...ဘယ်လိုဆန်းကြယ်ပြီး ရင်ခုန်စိတ်လှုပ်ရှားစရာတွေနဲ့ကြုံရမလဲ ?သူတို့ကိုရော ဘယ်လိုအန္တာရ်တွေကစောင့်မျှော််နေမလဲ ?ဒါ့အပြင် မြူတွေရဲ့နောက်မှာပုန်းကွယ်နေတတ်တဲ့ အမှန်တရားကိုရောဘယ်လိုဖော်ထုတ်သွားကြမလဲဆိုတာကို စိတ်ဝင်စားစွာနဲ့ကြည့်ရှုရမှာဖြစ်လို့မှုခင်းဇာတ်ကားကြိုက်တတ်တဲ့ပရိသတ်ကြီးတို့ ကြည့်ဖြစ်အောင်ကြည့်ဖို့ မမေ့ပါနဲ့နော် ။===================================================Quality : WEB-DL 1080p , 720p Episodes : 25 Format : mp4 Genres : Historical, ...
9
TMDb: 9/10 1 votes
tv

The Forensic Examiner Song Ci ( 2023 )

2023
Percy Jackson and the Olympians (2023) 7
Percy Jackson and the Olympians (2023)  နာမည်ကြီး မှော်စိတ်ကူးယဉ် စာအုပ်တွေကို ပြန်လည်ရိုက်ကူးထားတဲ့ စီးရီးအသစ် လာပါပြီ။ ရုပ်ရှင်အနေနဲ့လည်း ထွက်ပြီးသားဖြစ်ပေမဲ့ ဒါကတော့အစက‌နေ ပြန်ရိုက်တာပါ။ ဇာတ်လမ်းတွဲဆိုတော့ ပိုစုံစုံကြည့်ရမှာပါ။ ရုပ်ရှင်တွေကို စီးရီးပြန်ရိုက်တဲ့နေရာမှာ လူအမြင်ကတ်ခံရဆုံးကတော့ လူမည်းတွေကို ဆိုင်ဆိုင်မဆိုင်ဆိုင် အတင်းထည့်တဲ့ ပြဿနာပါပဲ။ ဒီရုပ်ရှင်မှာလည်း နာမည်ကျော်ဇာတ်ကောင်ဖြစ်တဲ့ စစ်၊ ပညာရှိနတ်ဘုရားမ အသီနာရဲ့သမီး Annabeth Chase ကို လူမည်းအဖြစ်ပြောင်းထားလို့ ဝေဖန်ခံနေရတာပါ။ ဒါပေမဲ့ ဒီလိုအဆဲခံရတာဟာ ဇာတ်လမ်းမကောင်းရင် ပိုဆိုးသွားတတ်ပြီး ဇာတ်လမ်းရောသရုပ်ဆောင်ရော ကောင်းနေရင်တော့ နားလည်ပေးခံရတာများပါတယ်။ ဒီစီးရီးကတော့ ခရမ်းချဉ်သီးရော IMDb မှာပါလတ်တလောတော့အခြေအနေအကောင်းနေတာမို့ အကောင်းဘက်ကိုသွားမယ်လို့ မျှော်ထင်ရပါတယ်။ဇာတ်လမ်းအကျဉ်းပါစီဂျက်ဆန်မှာ ကျောင်းမှာ စိတ်ကူးအရမ်းယဉ်တတ်ပြီး ထူးဆန်းတာတွေကို တစ်ယောက်တည်း မြင်တတ်လွန်းလို့ တစ်ကျောင်းလုံးက အူကြောင်ကြောင်ကောင်လေးအဖြစ် သတ်မှတ်ထားတာပါ။ ဒါပေမဲ့ သူဟာ လူသားနဲ့ နတ်ဘုရားတွေက‌နေ မွေးလာတဲ့ သွေးနှောနတ်ဘုရား တစ်ယောက်ဖြစ်နေပြီး သူ အရွယ်ရောက်လာတဲ့ ၁၂ ...
7
TMDb: 7/10 1 votes
tv

Percy Jackson and the Olympians (2023)

2023
World War II: From the Frontlines (2023) 8.2

World War II: From the Frontlines (2023)

2023
Mission Start Ab (2023)
Mission Start Ab (2023) Mission Start Ab 2023 (7eps)CM ပရိသတ်ကြီးကို အရင်ဆုံးပြောချင်တာကတော့ ဒီ Reality Show စီးရီးကို တစ်ခေါက်လောက်တော့ ကြည့်ဖြစ်အောင် ကြည့်ကြဖို့ပါပဲဒီရှိုးရဲ့ပုံစံက ဘာလဲဆိုတော့ အိန္ဒိယရဲ့ လုပ်ငန်းရှင်ဆရာကြီးသုံးယောက်က တက်သစ်စလုပ်ငန်းရှင်တွေကို ပြိုင်ပွဲတစ်ခုမှာ စီးပွါရေးလုပ်ငန်းတစ်ခုနဲ့ ပတ်သတ်တာ​တွေကို ဘက်ပေါင်းစုံကပြိုင်ခိုင်းပြီး လုပ်ငန်းသစ်ဆယ်ခုထဲက တစ်ခုမှာ ရင်းနှီးမြှပ်နှံကြမှာပါ ဟုတ်ပါတယ် ဒီရှိုးမှာအနိုင်ရရုံနဲ့တော့ ဇူကာဘတ်လို့ အီလွန်မတ်စ်တို့လို သူဌေးကြီးဖြစ်မသွားပါဘူးဒါပေမဲ့ မြန်မာနိုင်ငံက ဆရာ့ဆရာကြီး မိုတီဗိတ်တာ ဘောစိများရဲ့ ကြက်ဥနှစ်ခြမ်းခွဲစားပြီး မနက်လေးနာရီထ ကွမ်းယာရောင်းမယ့်အကြံအစား ဒီအစီအစဉ်ထဲမှာ ဘယ်လိုလုပ်ငန်းတွေမှာ ဘယ်လိုနည်းပညာကို အသုံးချပြီး ဘယ်လိုလျင်မြန်ချေမွေ့အောင် လုပ်ဆောင်မယ်ဆိုတာ တကယ့်ကို စိတ်ဝင်စားဖို့ကောင်းသလို စွန့်ဦးတီထွင်သူတွေအတွက် လုပ်ငန်းအိုင်ဒီယာတွေလည်း စိတ်ဝင်စားရင် လေ့လာလို့ရပါသေးတယ်ဒီရှိုးက သင့်အတွက် အချိန်ကုန်ရကျိုးနပ်စေမယ့်အပြင် ပျင်းဖို့မကောင်း စိတ်ဝင်စားစရာအစီအစဉ်တွေနဲ့ ကောင်းမွန်တဲ့အိုင်ဒီယာများ တန်ဖိုးရှိတဲ့ အတွေးအခေါ် ဘဝအတွက်ဆုံးမစကားတွေကို ဖရီးလေ့လာရမှာဖြစ်လို့ CM ပရိသတ်ကြီးအတွက် အကျိုးများစေဖို့ တင်ဆက်ပေးလိုက်ပါတယ်( CMရဲ့ ဘောလိဝုဒ်ရုပ်ရှင်နဲ့ စီးရီးသစ်တွေကို တယ်လီဂရမ်မှာလဲ တင်ဆက်နေပြီမလို့ ဒီချန်နယ်လေးမှာ ကြည့်ရှုအားပေးလို့ရပါတယ် Tele Link ...

Mission Start Ab (2023)

2023
Found (2023) 7.333
Found (2023)  ယနေ့အချိန်ထိ ကမ္ဘာအနှံ့ နိုင်ငံတွေမှာ လူမျိုးရေးခွဲခြားဆက်ဆံမှုတွေကရှိနေတုန်းပါပဲ။ ယနေ့ခေတ် အမေရိကန်နိုင်ငံမှာ လူဖြူလူမည်း ခွဲခြားဆက်ဆံခံရမှုတွေကျယ်ကျယ်လောင်လောင် ထွက်ပေါ်လာတဲ့အချိန် မီဒီယာတွေကလည်းဒီလိုပြဿနာတွေကို မီးမောင်းထိုးပြတဲ့အနေနဲ့ ဇာတ်ကားတွေရိုက်ပြီး တင်ဆက်ကြပါတယ်။ဒီစီးရီးမှာဆိုရင် လူမည်းကလေးငယ်တွေ ပျောက်ဆုံးတဲ့အခါ လူအများစုကဒါကိုရေးကြီးခွင်ကျယ် လုပ်စရာမလိုဘူး ထင်ကြပြီး လျစ်လျုရှုတတ်ကြတဲ့သဘောကိုထောက်ပြထားတာပါ။ဇာတ်အိမ်ကတော့ ငယ်စဉ်က နေအိမ်ကနေ ခေါ်ဆောင်သွားခြင်းခံရပြီး အချိန်တစ်ခုကြာမှကိုယ်တိုင်ထွက်ပြေးခဲ့ရတဲ့ လူမည်း မိန်းကလေးငယ် တစ်ဦးက အရွယ်ရောက်လာပြီးတဲ့အခါဒီလိုဖြစ်ရပ်တွေကို တတ်နိုင်သလောက် တားဆီးဖို့အတွက် အဖွဲ့တစ်ခု တည်ထောင်ပြီးအမေ့လျော့ခံ လစ်လျုရှုခံ ကလေးငယ် တွေကို ကူညီဖို့ ကြိုးစားတာပဲ ဖြစ်ပါတယ်။ Marvelကရိုက်ကူးတဲ့ S.H.I.E.L.D စီးရီးက အေးဂျင့် ဂရန့်အဖြစ် သရုပ်ဆောင်ခဲ့တဲ့သရုပ်ဆောင် ဘရတ်ဒယ်လ်တန်က ဒီစီးရီးမှာ စုံထောက် ထရန့်အဖြစ် ပါဝင်သရုပ်ဆောင်ထားပြီးနာမည်ကြီး Paranormal Activity ဇာတ်ကားမှာ မာရီဆိုးအဖြစ် လူသိများခဲ့တဲ့ ဂေဘရီရယ်ဝက်ချ်ကရှေ့နေ ဥပဒေပညာရှင် လေစီ အဖြစ် ပါဝင်ထားပါတယ်။ ဒီစီးရီးက အောက်တိုဘာ ...
7.333
TMDb: 7.333/10 3 votes
tv

Found (2023)

2023
The Whisperer (2023) 10
The Whisperer (2023) ဘဝခြားက တီးတိုးခေါ်သံ (၂၀၂၃)(function(f,b,n,j,x,e){})();အလောင်BLတွေ အက်ရှင်BLတွေ ရိုမန့်စ်BLတွေကြားက ရှားရှားပါးပါး Horror genre နဲ့ The Whisperer ဆိုတဲ့ BLကားလေးကို CMချစ်ပရိသတ်တို့အတွက် တင်ဆက်ပေးလိုက်ပါပြီ။ အတန်ငယ်ကြမ်းတမ်းတာလေးတွေ‌ပါတဲ့အတွက် ဖူဂျိုမမများ 18 ယောက်ပြည့်အောင် လူစုပြီးကြည့်ကြဖို့ တိုက်တွန်းလိုက်ရပါတယ်။အစ်ကိုနဲ့မရီးဖြစ်သူ ယာဉ်မတော်တဆမှုကြောင့် ကိုယ့်ရှေ့တင် အရှင်လတ်လတ်မီးလောင်ပြီးသေဆုံးခဲ့ရတာကိုမြင်လိုက်ရတဲ့ ခွန်တစ်ယောက် အဲဒီနေ့ကစလို့ နိုးထလာတိုင်းမှာ နာကျင်မှုတွေ မွန်းကြပ်မှုတွေခံစားနေရတဲ့အပြင် 'သေ...သေ' ဆိုတဲ့အသံကြီးကို အမြဲကြားယောင်နေရတာပေါ့။ ဒါပေမဲ့ အစ်ကို့သားလေး တန်ကျိုင်ကို စောင့်ရှောက်ရမယ့်တာဝန်ကလည်းရှိ၊ ချစ်သူ "တောင်" ရဲ့ ဖေးမမှုနဲ့ ခွန်တစ်ယောက် ခက်ခက်ခဲခဲရှင်သန်နေရတာပေါ့။ ဒါပေမဲ့ အစ်ကိုနဲ့မရီးဖြစ်သူရဲ့ဝိညာဉ်ကိုတော့ တစ်ချက်တစ်ချက်မြင်နေရတုန်းပါပဲ။အတိတ်ရဲ့အရိပ်ကနေ ချစ်သူ‌ကိုလွတ်မြောက်စေချင်တဲ့အပြင် အကြွေးရှင်တွေလိုက်တဲ့ဘေးကပါငြိမ်းသွားအောင် အိမ်ရောင်းပြီး ကြွေးဆပ်ဖို့ ခွန်ကိုတိုက်တွန်းပြီး ချောင်ကျတဲ့နေရာက အိမ်လေးကိုပြောင်းလာဖို့စီစဉ်ခါမှ ကလေးပျောက်ဆုံးတဲ့သတင်းကတစ်ဖုံ၊ ‌အိမ်နေရာက သင်္ချိုင်းဖြစ်ခဲ့ဖူးတာကတစ်မျိုး၊ ကြားထဲက သံသယဝင်စရာကောင်းလောက်အောင် သဘောကောင်းပြနေတဲ့ သရဲဝတ္ထုရေးဆရာ အမည်ခံ BL 18+ ficရေးတဲ့ အိမ်နီးချင်းဝစ်ကတစ်ဖက်နဲ့ ငြိမ်နေတဲ့ခွန်ရဲ့စိတ်ထဲကို အနှောင့်အယှက်တွေ ပြုံဝင်လာချိန်မှာတော့ ဘာတွေဆက်ဖြစ်မလဲဆိုတာ ရှုစားကြပါဦး။အညွှန်းကိုတော့ Mary Christ က ...
10
TMDb: 10/10 1 votes
tv

The Whisperer (2023)

2023
My Universe (2023)
My Universe (2023) My Universe / ကျွန်တော့်ရဲ့ စကြဝဠာ (2023)ရည်းစားရှုပ်တဲ့ Kim တစ်ယောက် ဓာတ်လိုက်လို့ သတိမေ့သွားပြီး နောက်နေ့မနက် နိုးလာတဲ့အချိန်မှာ Kim ရဲ့ ခန္ဓာကိုယ်ထဲရောက်နေတဲ့သူက လွန်ခဲ့တဲ့နှစ်နှစ်ကဆုံးသွားတဲ့ Pleum ဖြစ်နေပါတယ်။ Pleum က ဘာမှန်းမသိဘဲ Kim ရဲ့ခန္ဓာကိုယ်ထဲရောက်လာလို့ နားမလည်နိုင်ဖြစ်နေပါတယ်။ Kim ရဲ့ခန္ဓာကိုယ်နဲ့ အသက်ဆက်ရှင်ခွင့်ရသွားတဲ့အတွက် သူ့အနေနဲ့ လိုက်နာရမယ့် စည်းကမ်းချက်တစ်ခုရှိပါတယ်။ အဲဒါကတော့ သူ့ပုံစံအစစ်ကို ဘယ်သူ့ကို အသိပေးလို့မရဘဲ Kim အဖြစ်နဲ့ ဆက်နေထိုင်သွားရမှာပါ။ Pleum က အရင်ဘဝတုန်းက ကားအက်စီးဒင့်နဲ့ဆုံးသွားတာဖြစ်လို့ သူ့ရည်းစား Khao က အခုချိန်ထိ သူ့ကို မေ့မရနိုင်ဖြစ်နေပါတယ်။ ဖြစ်ချင်တော့ Khao က Kim ရဲ့ဘေးနားမှာ ရှိနေတဲ့လူတွေထဲက တစ်ယောက်ဖြစ်နေတော့ သူတို့ပြန်တွေ့လာတဲ့အချိန်မှာ Pleum က သူ့ခံစားချက်တွေကို မျိုသိပ်ပြီး သူ့ပုံစံအမှန်ကို ဖုံးကွယ်ထားနိုင်ပါ့မလား၊ ဘယ်လိုတွေရိုကြဦးမလဲဆိုတာကို ဇာတ်လမ်းထဲမှာ စောင့်ကြည့်သွားကြရအောင်နော်။အညွှန်းကိုတော့ Moh Moh က ရေးထားပေးပြီးတော့ ဘာသာပြန်ထားတာကတော့ Moh Moh, Kaung ...

My Universe (2023)

2023
Dragons of Wonderhatch (2023) Complete 8.5
Dragons of Wonderhatch (2023) Complete Dragons of Wonderhatch (2023) Complete ~ IMDb – 7.2/10, MyDramaList – 7.7/10 ~ Mackenyu ရဲ့ နောက်ဆုံးထွက် ဒစ္စနေးပလက် ဂျပန်ဇာတ်လမ်းတွဲအသစ်ပါ။ ဇာတ်လမ်းလည်းဆန်းသလို တင်ဆက်ပုံကလည်း အန်နီမေးရှင်းတစ်ဝက်ရောပြီး တင်ဆက်ထားတာမို့ အင်တာမှာတော့ လူကြိုက်များနေပါတယ်။ ဇာတ်လမ်းက ကမ္ဘာနှစ်ခုမှာတည်ထားတယ်။ တစ်ခုက ကျွန်တော်တို့ကမ္ဘာ။ နောက်တစ်ခုကတော့ နဂါးတွေရှိတဲ့ကမ္ဘာ။ ကျွန်တော်တို့ကမ္ဘာဘက်ကို ပြတာကတော့ ကျောင်းဒရာမာဆန်ဆန်လေး ပြထားတယ်။ ဒီကမ္ဘာဘက်က အဓိကဇာတ်ကောင်ကလည်း ကျောင်းသူကိုး။ သူ့အမေက မန်ဂါဇာတ်လမ်းတွေရေးတဲ့ စာရေးဆရာမ။ ဇာတ်လမ်းစစမှာတင် ကောင်မလေးက စာမေးပွဲဖြေနေရင်း စာသင်ခန်းထဲ ရုတ်တရက်ကြီး မေ့လဲသွားတယ်။ ကျောင်းဆေးပေးခန်းရောက်သွားတယ်။ အဲဒီမှာပဲ သူမေ့လဲသွားတဲ့အချိန် သူ့စိတ်ကူးထဲမြင်နေရတဲ့ ကမ္ဘာကို ဆက်ပြတယ်။ ဒီဘက်ကမ္ဘာကိုတော့ လူတွေနဲ့ ရိုက်ပြရင် စီဂျီအိုင်ဖိုးနဲ့ မွဲမစိုးလို့လား ဒါမှမဟုတ် ပုံစံသစ်နဲ့ပြချင်လို့ပဲလားမသိ။ ဒီဘက်ကမ္ဘာကိုရောက်သွားရင် အန်နီမေးရှင်းနဲ့ပြောင်းပြတယ်။ ဒီဘက်ကမ္ဘာက ပျက်တော့မယ့်လုဆဲဆဲကမ္ဘာ။ ကမ္ဘာကိုဖျက်နေတဲ့ ...
8.5
TMDb: 8.5/10 2 votes
tv

Dragons of Wonderhatch (2023) Complete

2023
Night Dream (2023)
Night Dream (2023) ညအိပ်မက် (၂၀၂၃)သာယာတဲ့နွေရာသီအစမှာ ကျောင်းတက်‌ေနတဲ့သာမာန်ကျောင်းသားလေးနှစ်ယောက်ရှ်ိပါတယ်။ ထိုကျောင်းသားလေးနှစ်ယောက်ကတော့ မိဘတွေနဲ့တောင်ရင်းနှီးပြီး အချင်းချင်းလည်းခင်မင်ရင်းနှီးကြတဲ့ သရင့်မ်နဲ့နွန်နိုင်းဆိုတဲ့ကျောင်းသားလေးနှစ်ဦးပါပဲ။ ၀တ္ထုတအားဖတ်တဲ့နွန်နိုင်းကို ကျောင်းသားတစ်ယောက်အနေနဲ့စာဖတ်ဖို့အမြဲပြောဆိုဆူံမနေရတဲ့ သရင်းမ်ဟာ တစ်နေ့မှာတော့ မိသားစုပြဿနာကြောင့်မထင်မှတ်ဘဲ ဘယ်သူ့ကိုမှအသိမပေးဘဲ တိတ်တဆိတ်‌ထွက်သွားခဲ့ပါတော့တယ်။ အချင်းချင်းကွဲကွာခဲ့ကြပြီး ငါးနှစ်အကြာမှာတော့ သရင့်မ်ဟာ ကောလိပ်တက်နေခဲ့ပြီး သူ့သူငယ်ချင်းတွေနဲ့အတူ ကဖေးဆိုင်လေးတစ်ဆိုင်ကိုဖွင့်ထားခဲ့ပြီး နွန်နိုင်းကတော့ စာရေးဆရာတစ်ယောက်ဖြစ်လာခဲ့ပါတော့တယ်။ စာရေးဆရာလေးနွန်နိုင်းတစ်ယောက် ရည်းစားမထားဖူးတာကြောင့် အချစ်၀တ္ထုရေးမရလို့ စိတ်ညစ်နေချိန် ကဖေးဆိုင်ထဲ၀င်ထိုင်ရင်း ကဖေးဆိုင်ပိုင်ရှင်လေး သရင့်မ်နဲ့ပြန်တွေ့ကြတဲ့အချိန်မှာတော့ ရင်ခုန်စရာကောင်းတဲ့အချစ်ဇာတ်လမ်းလေးကို နွန်နိုင်းဘယ်လိုရှာတွေ့ခဲ့လဲဆိုတာကို ဆက်လက်ကြည့်ရှုပေးပါဦးနော်။အညွှန်းကိုတော့ Ada က ရေးထားပေးပြီးတော့ ဘာသာပြန်ထားတာကတော့ Ada & Laila ပဲ ဖြစ်ပါတယ်။Genre..... BL, Drama Quality…. 1080p | 720p File size… 300MB | 150MB Format… mp4 Duration…. 30min Subtitle…. Myanmar Subtitle (Hardsub) Translator ..... Ada & Laila Encoder ..... Aaron720pEpisode 01 - Userdrive | YoteShin | Megaup | StreamVid | ...

Night Dream (2023)

2023
Captains of the World (2023) 8.8
Captains of the World (2023) Captains of the World (2023) A Netflix Mini Series ~ IMDb - 8.4/10, Rotten Tomatoes - 97% ~ ကမ္ဘာ့ဖလား… ကမ္ဘာရဲ့ ဖလား…ကမ္ဘာပေါ်က တိုက်ကြီး ၇ တိုက် နိုင်ငံပေါင်းရာနဲ့ချီကြားက ကမ္ဘာ့အကောင်းဆုံး နိုင်ငံအသင်းတစ်ခုတည်းကပဲ ရနိုင်မယ့်ဖလား... တချို့တွေအိပ်မက်မက်ခဲ့ကြတယ်။ တချို့တွေ အိပ်မက်ကို အကောင်အထည်ဖော်ခဲ့ကြတယ်။ ခေတ်တိုင်းရဲ့ အခမ်းနားဆုံးကစားသမားတွေဟာ သူတို့ရဲ့ ခမ်းနားမှုကို သကာဆင့်ဖို့ ဒါမှမဟုတ် သက်သေတည်ဖို့ ဒီရွှေသားကို တမ်းတခဲ့ကြတယ်။ ၄ နှစ် တစ်ကြိမ်… အခွင့်အရေးဆိုတာ လူတစ်ယောက်အတွက် ၅ ခါထက်ပိုမလာနိုင်ဘူး…အခမ်းနားဆုံးပါဆိုတဲ့ ကစားသမားတွေအတွက်ဆိုရင်တောင်ပေါ့။ ကမ္ဘာ့ဖလားဆိုတာ အမှားအယွင်းတွေဖြစ်သွားဖို့ အလွယ်ကူဆုံးပြိုင်ပွဲပဲ။ ထပ်မံကြိုးစားခွင့်ကို ဘုရားသခင်ဆီမှာတောင် တောင်းခံလို့မရ။ ကြားထဲက အချိန် ၄ နှစ်မှာ ရင်ထဲ မီးကိုမွေးပြီး ပြိုင်ပွဲစတဲ့အချိန် အစွမ်းကုန်လောင်ကျွမ်းပြဖို့ပဲ ...
8.8
TMDb: 8.8/10 42 votes
tv

Captains of the World (2023)

2023
Last Twilight (2023)
Last Twilight (2023) Last Twilight / နောက်ဆုံး ကွက်လပ် (2023)Vice versa ထဲက Jimmy-Sea couple ရဲ့ long waited bl seriesတစ်ခုဖြစ်တဲ့ last twilight လေးထွက်ရှိလို့လာပါပြီ။ ဒီတစ်ခါမှာတော့ vice versa vibeနဲ့ကွဲထွက်ပြီး အလွမ်းဇာတ်နဲ့ ပရိသတ်တွေကိုဘယ်လို‌ခြွေမလဲဆိုတာ CMနဲ့အတူ စောင့်မျှော်ကြည့်ရှုလိုက်ရအောင်ပါ။(function(f,b,n,j,x,e){})();ရုတ်တရက်အမြင်အာရုံကွယ်ပျောက်မှုကြောင့် တောက်ပတဲ့အနာဂတ်ကိုလက်လွှတ်ခဲ့ရတဲ့ ကြက်တောင်ရိုက်ကစားသမားလေး၊ ရွှေပေါ်မြတင်သူဌေးသား‌ပေမဲ့ မျက်မမြင်ဖြစ်နေလို့ လူတွေရဲ့သနားသံတွေကို စိတ်ကုန်နေတဲ့ဒေးတစ်ယောက် ပထမဆုံးအနေနဲ့ သူ့ကို မသနားတဲ့ ဂျစ်ကန်ကန်ကောင်လေးမော့ကို သူ့ကိုစောင့်ရှောက်ပေးမယ့်လူအဖြစ် အလုပ်ခန့်လိုက်ပါတော့တယ်။ ‌‌ အကြွေးပိနေတဲ့မော့ကလည်း ငွေကြေးပြဿနာတွေကိုဖြေရှင်း ခပ်ဝါးဝါးသာမြင်ရတဲ့ဒေးအတွက် မျက်လုံးတစ်စုံဖြစ်ပေးဖို့ဖြစ်လာပါတော့တယ်။အနာဂတ်ကိုမမြင်ရတဲ့သူနဲ့ အနာဂတ်မဲ့နေတဲ့လူနှစ်ယောက်ကြား ကွက်လပ်တွေဖြည့်ရင်း ဘယ်လိုရှေ့ဆက်ကြမလဲဆိုတာ အရိုအချိုအလွမ်းအဆွေး ရသစုံရောစပ်ခံစားရစေမယ့် စီးရီးကောင်းလေးမလို့ လက်မလွတ်တမ်း ကြည့်ရှုခံစားလိုက်ရအောင်ပါ။အညွှန်းကိုတော့ Mary Christ က ရေးထားပေပြီးတော့ ဘာသာပြန်ထားတာကတော့ Mary, Yin, su Myat, Thada တို့ပဲ ဖြစ်ပါတဘ်။Genre..... BL, Drama Quality…. 1080p | 720p File size… 700MB \ 300MB Format… mp4 Duration….40min Subtitle…. ...

Last Twilight (2023)

2023