Channel Myanmar

ABC Signature

The Lincoln Lawyer (2022) 8.5
The Lincoln Lawyer (2022) The Lincoln Lawyer (2022)သင်ဟာ အမှုအခင်း​တွေ၊တရား​စီရင်​ရေး​တွေကို စိတ်ဝင်စားလား၊ ပ​ဟေဠိဆန်တဲ့ လူသတ်မှု​တွေကို သ​ဘောကျလား၊ ​လေလုံးခပ်ကြီးကြီး စကားခပ်ကြွယ်ကြွယ်နဲ့ ဆိုက်နဲ့ ဂိုက်နဲ့ ​ရှေ့​နေဇာတ်​ကောင်​တွေကို အားကျတဲ့သူလား၊ ကားအ​ကောင်းစား တစ်စီးနဲ့ စတိုင်ကျလွန်းတဲ့ Gent​တွေလိုဖြစ်ချင်သလား၊ ဒါ​တွေအားလုံး Neflix က ဒီ​နေ့ထွက်ရှိလာတဲ့ Lincoln Lawyerဆိုတဲ့ Legal Drama seriesထဲမှာ အစုံ မြင်​တွေ့ရမှာပါ။ ကနဦးIMDb 8.6 ဆိုတဲ့ ratingက အာချာပင်မဟုတ်မှန်း အကုန် သိကြမှာပါ။မစ်ကီ​ဟော်လာဆိုတာ တချိန်က တရား​​ရေးရာမှာ အင်မတန်​နာမည်ရခဲ့တဲ့ ​ရှေ့​နေ တစ်​ယောက်​ပေါ့၊ လင်ကွန်းကားတစ်စီးနဲ့ ​လော့စ်အန်ဂျလိစ်ရဲ့ တရားရုံးတိုင်းကို ​ခြေချင်းလိမ်​အောင် အမှုလိုက်​ပေးခဲ့ရလို့ Lincoln Lawyerဆိုတဲ့ နာမည်၁လုံးနဲ့ ​ကျော်ကြားခဲ့သူ​ပေါ့၊ ဒါ​ပေမဲ့ အိမ်​ထောင်​​ရေးပြဿနာ​​တွေ၊ accident တစ်ခုက ဒဏ်​ကြောင့် ​အကိုက်အခဲ​ပျောက်​ဆေး​တွေ​သောက်ရင်း ​ဆေးစွဲသွားတဲ့ ပြဿနာ စသဖြင့် ပြဿနာ​ပေါင်းစုံနဲ့အတူ နာမည်ကျသွားသူ​ပေါ့။ဒီလိုနဲ့တစ်​နေ့မှာ သား​ရွှေအိုးထမ်းတယ်ပဲ ​ခေါ်ရမလား၊ ဒုက္ခရဲ့​ရောင်းရင်းများလို့ပဲ ဆိုရမလား မသိ၊ မစ်ကီကို တရားသူကြီးချုပ်က ဆင့်​ခေါ်ခဲ့ပါတယ်၊ အ​ကြောင်းက မစ်ကီရဲ့ လုပ်​ဖော်ကိုင်​ဖက်ဖြစ်သူ၊ ...
8.5
TMDb: 8.5/10 28 votes
tv

The Lincoln Lawyer (2022)

2022
Helstrom 2020 6.8
Helstrom 2020 Marvel's Helstrom 2020 - Season 1===========================IMDb Rating - 6.8/10#UnicodeMarvel ရဲ့ Helstrom ကာရိုက်တာကို စီးရီးအဖြစ် ထွက်လာပါပြီ။ကျွန်တော့်အမြင်ကတော့ သူက ကွန်စတန်တင်းနဲ့ ဆင်တယ်ပြောရမှာပါပဲ။အပိုင်း၁ မှာတော့ ဒေမင် ဟဲစ်ထရွန် ဟာ ဘုန်းတော်ကြီးမဟုတ်တဲ့ နတ်ဆိုးနှင်ပေးတဲ့သူပါ။သူ့မှာ အန်နာ ဟဲစ်ထရွန် ဆိုတဲ့ ညီမတစ်ယောက်ရှိပါတယ်။ နှစ်ယောက်လုံးမှာ ထူးဆန်းတဲ့အစွမ်းတွေ ကိုယ်စီရှိပါတယ်။ သူတို့ရဲ့ အဖေက စိတ္တဇလူသတ်သမား တစ်ယောက်လို့သိရပြီးသူတို့အမေကတော့ ဒေမင်ရောအန်နာရော နှင်လို့မရတဲ့ နတ်ဆိုးတစ်ကောင် ပူးကပ်တာကိုခံထားရပါတယ်။ ထူးဆန်းတဲ့ မိစ္ဆာလိုလိုအစွမ်းတွေနဲ့ လူတွေကို ကူညီနေတဲ့ ဒေမင်ကို ဗာတီကန်ဘုရားကျောင်းက စိတ်မချတဲ့အတွက် သူတို့ရဲ့ အတော်ဆုံး သင်တန်းသူ သီလရှင် ဂေဘရီရယ်ကိုတွဲဖက်အဖြစ် လွှတ်လိုက်ပြီး ဒေမင် နဲ့ ဂေဘရီရယ်တို့ နတ်ဆိုးတွေနဲ့ ရင်ဆိုင်ရတာကနေ အစပြုထားပါတယ်။ စူပါနေထရယ် စတိုင် စူပါဟီးရိုးစီးရီးမို့ ...
6.8
TMDb: 6.8/10 3,345 votes
tv

Helstrom 2020

2020
Marvel’s Runaways Season (2) 7.3
Marvel’s Runaways Season (2) ဒါကတော့ Marvel ကနေထုတ်လုပ်တဲ့ Runaways Season 2 ပါ...Rating 7.3 ရရှိထားပြီး အပိုင်း ၁၃ ပိုင်းပါဝင်ပါတယ်...အရင် Season 1 တုန်းကလည်းတင်ဆက်ပေးပြီးပါပြီ...အခုလည်း ထပ်မံပြီး တင်ဆက်ပေးထားပါတယ်...ပထမဆုံးအနေနဲ့ Season 1 မကြည့်ဖူးသေးတဲ့လူတွေအတွက်ဒီ Season 2 ကိုကြည့်ရတာအဆင်ပြေအောင်ပြောပြပေးပါ့မယ်...The Pride လို့ခေါ်တဲ့ အဖွဲ့စည်းတစ်ခုကြောင့် ကလေးမိဘတွေဟာမလုပ်သင့်တာတွေ လုပ်နေကြတာကြောင့် သူတို့ရဲ့သားသမီးတွေဟာ နောက်ဆုံးမှာသူတို့ရဲ့မိဘတွေဟာ မကောင်းတဲ့လူတွေဖြစ်ကြောင်းသိရှိသွားကြပြီးတော့အသီးသီးထွက်ပြေးကြရင်း အိမ်ပြေးလေးတွေဖြစ်ကုန်ကြပါတယ်...ထူးခြားတာကတော့ ဒီအိမ်ပြေးလေးတွေဟာ အစွမ်းကိုယ်စီနဲ့ပါ...ဒီ Season 2 အစမှာလည်း Season 1 ရဲ့အကြောင်းရာတွေကိုပြန်လည်ရှင်းပြထားတာကြောင့် အားလုံးလည်းကြည့်ရတာအဆင်ပြေမယ်လို့မျှော်လင့်ပါတယ်...ဒီ Runaways Season 2 ကို Channel Myanmar မှပုံမှန်တင်ဆက်ပေးသွားမှာလည်းဖြစ်ပါတယ်.....Translator .... Arrow Team (MKN)Encoder ..... Moe Myint Lwin   Complete Zip File  VIP  / ...
7.3
TMDb: 7.3/10 91 votes
tv

Marvel’s Runaways Season (2)

2017