Channel Myanmar

Amblin Television

Masters of the Air (2024) 5
Masters of the Air (2024) Masters of the Air (သွေးချောင်းစီးတဲ့-၁၀၀) Ongoing ~ IMDb - 8.8/10, Rotten Tomatoes - 85% ~ ဒုတိယကမ္ဘာစစ်ရဲ့ နာမည်ကျော် အမေရိကန်လေတပ် အမှတ်-၈ (နာမည်ပြောင် Mighty Eighth) ရဲ့ ဖြစ်ရပ်မှန်စစ်ဆင်ရေးတွေကို အခြေခံပြီးရိုက်ကူးထားတဲ့ စီးရီးအသစ်ထွက်လာပါပြီ။ ဒီဇာတ်လမ်းရဲ့အဓိကတပ်ဖွဲ့ကတော့ အမှတ်-၈ လေတပ်လက်အောက်ခံ အမှတ်-၁၀၀ ဗုံးကျဲလေယာဉ်အုပ်နဲ့ နာမည်ကျော် ဘီ-၁၇ မိုးပျံခံတပ်အကြောင်းပဲ ဖြစ်ပါတယ်။ ဒီဗုံးကျဲလေယာဉ်အုပ်ဟာ အကျအဆုံးများလွန်းလို့ သွေးချောင်းစီး-၁၀၀ လို့ နာမည်ပြောင်ပေးထားရတဲ့အထိ ရှေ့တန်းမှာ တိုက်ခဲ့ရတာပါ။ ဒီစီးရီးဟာ Band of Brothers နဲ့ The Pacific စီးရီးတို့နဲ့ ဖြစ်ရပ်ဆက်စပ်တာမို့ စီးရီး ၃ ခုပေါင်းပြီးကြည့်လို့ရတဲ့သဘောပါပဲ။ တကယ့်စစ်ကားကြီးတွေလို အထူးပြုလုပ်ချက်တွေနဲ့ ရိုက်ကူးထားတာမို့ အတော်ကြည့်ကောင်းပါတယ်။ Band of Brothers ရဲ့ ...
5
TMDb: 5/10 1 votes
tv

Masters of the Air (2024)

2024
Halo (2022) Season 2 8.306
Halo (2022) Season 2 Halo ဂိမ်းတွေကိုအခြေခံပြီး ကွာလတီအမြင့်နဲ့ ရိုက်ထားတဲ့စီးရီး Season 2 ထွက်လာပါပြီဇာတ်လမ်းနောက်ခံကျယ်ပြန့်တဲ့ဂိမ်းတွေမို့ စီးရီးလည်း ဇာတ်အိမ်ကြီးကြီးမားမားနဲ့ရှေ့ဆက်ပါလိမ့်မယ်စွမ်းရည်မြင့် Spartan တပ်သားတွေထဲက Master Chief ဦးဆောင်တဲ့ Silver အဖွဲ့နဲ့ Covenent ဂြိုလ်သားမျိုးနွယ်တွေရဲ့တိုက်ပွဲတွေဟာ အစပြုရုံပဲရှိပါသေးတယ် Master Chief က စစ်ဆင်ရေးတစ်ခုမှာ Covenent တွေနဲ့ရင်ဆိုင်ခဲ့ရပြီး Covenent တွေမှာ ဂြိုလ်တွေကိုဖျက်စီးရုံထက် ပိုကြီးမားတဲ့အကြံအစည်ရှိနေသလို မသင်္ကာစရာလှုပ်ရှားမှုတွေတွေ့ခဲ့ရပေမယ့် ခေါင်းဆောင်တွေကမယုံကြည်တဲ့အခါမှာ Master Chief ကိုယ်တိုင် Covenent တွေရဲ့ အစီအစဉ်ကိုသိရဖို့ ကြိုးစားရပါတော့တယ် File size…(778 MB)/(396 MB) Quality….Webrip 1080p / 720p Format…mp4 Duration….00:58:00 Genre...Action, Adventure, Scifi and Fanatasy  Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Pyi T Nyein   Season 2Episode 1 720p  -  Yoteshin ...
8.306
TMDb: 8.306/10 2152 votes
tv

Halo (2022) Season 2

2022
Billy the Kid (2022) 7.5
Billy the Kid (2022)  Billy the Kid လို့အများသိကြတဲ့ Henry McCarty ဒါမှမဟုတ် William H. Bonney ဆိုတဲ့ကောင်လေးဟာ သမိုင်းမှာ နာမည်ကျော်ပါတယ်။တစ်ချိန်က နာမည်ကြီး တောပုန်းတစ်ယောက်ဖြစ်ခဲ့ပြီး သူကိုယ်တိုင် အသက် ၂၁ ငယ်ငယ်ရွယ်ရွယ်နဲ့ မသေခင်မှာ လူ ၂၁ ယောက်ကိုသတ်ခဲ့တယ်လို့ ပြောစမှတ်ရှိခဲ့ပါတယ်။သူ့ရဲ့ဘဝဖြစ်စဉ် သမိုင်းတောက်လျှောက်ဟာ အခုချိန်မှာ ပြန်ပြောပြနိုင်တဲ့သူမရှိတဲ့အတွက် လက်ဆုပ်လက်ကိုင် ရေရေရာရာပြနိုင်စရာမရှိပေမယ့် ဒီဇာတ်လမ်းတွဲကတော့ သူ့ဘဝကိုအခြေခံပြီး အနီးစပ်ဆုံးကြိုးစားချဉ်းကပ်ပေးထားတယ်လို့ဆိုနိုင်ဟန်ရှိပါတယ်။အခုလောလောဆည် အပိုင်းရှစ်ပိုင်းပါ ဆီဇင်တစ်ခုထွက်ရှိထားပြီး အောင်မြင်မှုရခဲ့တဲ့အတွက် လာမယ့်အောက်တိုဘာမှာ ဒုတိယဆီဇင် ထွက်ရှိလာပါလိမ့်မယ်။ ရွှေ့ပြောင်းအခြေချတွေဖြစ်ခဲ့တဲ့ သူတို့မိသားစုဘယ်လိုကြမ္မာတွေကြုံရခဲ့ရလဲ? သာမန်လူငယ်တစ်ယောက်ဘဝကနေ နာမည်ကျော်တောပုန်းတစ်ယောက်အဖြစ် ဘယ်လိုအဖြစ်အပျက်တွေကဆွဲခေါ်သွားခဲ့လဲ အစရှိတဲ့ Billy the Kid ရဲ့ဘဝခရီးတစ်လျှောက်ကိုတွေ့မြင်ကြရမှာဖြစ်ပါတယ်။ Western ပရိသတ်တွေအကြိုက်တွေ့မယ့် ဇာတ်လမ်းတွဲတစ်ခုဖြစ်ပြီးတစ်ချိန်က နာမည်ဆိုးနဲ့ကျော်ကြားခဲ့တဲ့ တောပုန်းကြီးတစ်ယောက်ဟာ အခုခေတ်ထိ ရုပ်ရှင်တွေ စီးရီးစ်တွေ အဖန်ဖန်အလည်လည်ရိုက်နေကြရလောက်အောင် ဘာကြောင့် ဂန္ဓဝင်တွင်နေခဲ့တာလဲဆိုတာအသစ်တဖန် ပြန်ပြီး ...
7.5
TMDb: 7.5/10 73 votes
tv

Billy the Kid (2022)

2022
Life on Our Planet (2023) 10
Life on Our Planet (2023) CM ပရိသတ်ကြီးတို့ကို Netflix ကနေ အသစ်စက်စက် ထွက်ရှိထားတဲ့Docuseries တစ်ခုနဲ့ မိတ်ဆက်ပေးချင်ပါတယ်။IMDB rating 8.2 အထိ ရထားတာမလို့အချိန်ကုန်ခံရကျိုးမနပ်မှာကိုတော့ စိတ်ပူစရာမလိုပါဘူး။Docuseries ဆိုတဲ့အတိုင်း ကမ္ဘာပေါ်က ကျွမ်းကျင်ပညာရှင်တွေရဲ့အချက်အလက်တွေကို ကိုးကားပြီး ရိုက်ကူးပုံဖော်ထားတာမလို့အပန်းဖြေကြည့်ရင်း ဗဟုသုတပါ တိုးဦးမှာပါ။ Series နာမည်ဖြစ်တဲ့ Life On Our Planet ဆိုတဲ့အတိုင်းဒီမှတ်တမ်းရုပ်ရှင်မှာတော့ ကမ္ဘာကြီးရဲ့ သက်ရှိတွေအကြောင်းကို ကြည့်ရှုရမှာဖြစ်ပါတယ်။ ကမ္ဘာကြီးပေါ်မှာ သက်ရှိတွေ ဘယ်ကနေ စတင်ပေါ်ပေါက်လာတာလဲဆိုတာကနေစပြီးဒီနေ့ခေတ်မှာ မြင်တွေ့နေရတဲ့ သက်ရှိတွေဖြစ်ပေါ်လာပုံအထိအသေးစိတ်ကြည့်ရှုခွင့်ရမှာ ဖြစ်ပါတယ်။ အားလုံးနဲ့ ရင်းနှီးပြီးသားဖြစ်တဲ့ ဒိုင်နိုဆောမျိုးစိတ်တွေအကြောင်းလည်းတင်ဆက်ပြောပြထားတာမလို့ အားလုံးစိတ်ဝင်စားကြမှာ အသေချာပါပဲ။ဒါ့အပြင် ကမ္ဘာကြီးကိုယ်တိုင်နဲ့ သူ့ပေါ်မှာ နေထိုင်ကြတဲ့သက်ရှိတွေရဲ့ ဆင့်ကဲပြောင်းလဲမှုဖြစ်စဉ်တွေကိုပါ ကြည့်ရှုရဦးမှာပါ။ ဒီ series လေးရဲ့ ထူးခြားချက်တစ်ခုကတော့ အကြောင်းအရာတွေကိုတင်ဆက်တဲ့အခါမှာ စာသင်ပြသလို ဖတ်ပြနေတာမျိုးမဟုတ်ဘဲလက်တွေ့ရိုက်ကူးထားတဲ့ clip တွေ, CG နဲ့ ဖန်တီးထားတဲ့ clip တွေကိုရောစပ်ရိုက်ပြထားတာမလို့ အတော်လေးစိတ်ဝင်စားဖို့ကောင်းပါတယ်။Docuseries တွေ ကြည့်ရတာ ...
10
TMDb: 10/10 1 votes
tv

Life on Our Planet (2023)

2023
The Adventures of Young Indiana Jones (1999) 6.9
The Adventures of Young Indiana Jones (1999)  အရင်ခေတ်က ကားမို့ 1080p အကြည်တော့မရှိပါဘူး ။ Indiana Jones ရဲ့နောက်ဆုံးဇာတ်ကားကြီးကိုကြည့်ရဖို့မဝေးတော့တဲ့အချိန်မှာ Indiana Jones အငွေ့အသက်တွေအပြည့်နဲ့Indiana Jones ကြီးကိုငယ်မူငယ်သွေးနဲ့မြင်ရမယ့်ဇာတ်လမ်းတွဲတစ်ခုကို မိတ်ဆက်ပေးလိုက်ပါတယ်။ သူကတော့ The Adventures of Young Indiana Jones ပဲဖြစ်ပြီး Episdoe တစ်ခုကို တစ်နာရီခွဲစာအပိုင်းတွေဖြစ်တဲ့အတွက် ရုပ်ရှင်ကားတစ်ကားလိုတစ်ဝကြီး ခံစားရမှာဖြစ်ပါတယ်။ဒီဇာတ်ကားမှာတော့ Indiana Jones ရဲ့ငယ်ဘဝဖြစ်တဲ့ မိခင်၊ဖခင်ဖြစ်သူတို့နဲ့ ကမ္ဘာပတ်ခရီးလှည့်လည်ရာကနေ ရှေးဟောင်းသုသေသနဝါသနာအမြစ်တွယ်လာခဲ့ပုံ၊ဘာသာစကား၊ ဗဟုသုတ အစရှိတဲ့နေရာတွေမှာအရွယ်နဲ့မလိုက်အောင်ပညာရင့်သန်လာပုံတွေနဲ့အတူ လူငယ်တစ်ယောက်ဖြစ်လာချိန်မှာ ၂၀ ရာစုအစောပိုင်း အကြီးကျယ်ဆုံးပုဂ္ဂိုလ်တစ်ချို့နဲ့တွေ့ဆုံခဲ့ပြီး သမိုင်းဝင်ဖြစ်ရပ်တွေမှာ ဝင်ရောက်စွန့်စားခဲ့ပုံတွေကိုရှုစားကြရမှာပါ။ Indiana Jones ရဲ့မူလဖန်တီးရှင် George Lucas ရဲ့လက်ရာပဲဖြစ်ပြီး အာမခံပရိသတ်တွေအတွက်တကယ့် ရတနာတစ်ပါးပဲဖြစ်ပါတယ်။ File size…(547MB) Quality….Webrip 480p Format…mp4 Duration….01:26:00 Genre...action and adventure Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Alias, Ninja Download ...
6.9
TMDb: 6.9/10 10 votes
tv

The Adventures of Young Indiana Jones (1999)

1999
Fatal Attraction (2023) 7.7
Fatal Attraction (2023) Fatal Attraction (2023)ယခုဇာတ်လမ်းတွဲဟာ ၁၉၈၇ က ထွက်ရှိခဲ့တဲ့ Fatal Attraction အမည်ရ ရုပ်ရှင်ကို ပြန်လည်ဆန်းသစ် ပုံဖော်ထားတာပါ။Erotic Psychological Thriller အမျိုးအစားဖြစ်တာမို့ မထင်ထားတဲ့ ဇာတ်ကွက်တွေ၊ မြှုပ်ကွက်တွေကို သည်းထိတ်ရင်ဖို ကြည့်ရှု့ရမှာ ဖြစ်တာမို့ လက်လွတ်မခံဖို့ အကြံပေးချင်ပါတယ်။ Erotic အမျိုးအစားလည်းဖြစ်တာမို့ မိသားစုနဲ့အတူ မကြည့်သင့်တဲ့ ဇာတ်ဝင်ခန်းတစ်ချို့ ပါဝင်လာနိုင်တာမို့ ညိုကီတို့ ဒုက္ခမရောက်ရလေအောင် ကြိုပြီး သတိပေးလိုက်ချင်ပါတယ်။ဇာတ်လမ်းအကျဉ်းကတော့ ဒန်ဟာ အောင်မြင်နေတဲ့ အစိုးရ ခရိုင်ရှေ့နေတစ်ယောက်ပါ။ လှပတဲ့ ဇနီးရယ်၊ ချစ်စရာကောင်းတဲ့ သမီးလေးရယ်၊ သာယာတဲ့ အိမ်ထောင်ရေးရယ် ၊ အဆင်ပြေတဲ့ အလုပ်အကိုင်နဲ့ ဒန်ရဲ့ ဘဝဟာ ပြီးပြည့်စုံနေခဲ့ပါတယ်။ အဲလို ပြီးပြည့်စုံနေတဲ့ ဒန်ရဲ့ ဘဝကို မုန်တိုင်းလိုမွှေမယ့် မိန်းကလေး အဲလက်စ် ဖောရက်စ်နဲ့ တရားခွင်တစ်ခုမှာ ဆုံခဲ့ပါတယ်။ အဲလက်စ်ဟာဆိုရင် တရားလိုမိသားစုတွေကို အား‌ပေးရတဲ့ ဝန်ထမ်းဖြစ်ပြီး ဒန်ဟာလည်း ရှေ့နေဖြစ်တာမို့ သူတို့ချင်း မကြာခဏဆိုသလို ...
7.7
TMDb: 7.7/10 10 votes
tv

Fatal Attraction (2023)

2023
Amazing Stories (2023) 6.3
Amazing Stories (2023) Amazing Stories (2020)=======================IMDb Rating - 6.3/10 Amazing Stories က စိတ်ဝင်စားဖို့အရမ်းကောင်းတဲ့ ဇာတ်လမ်းမျိုးစုံကိုစုထားတဲ့ Anthology Series တစ်ခု ဖြစ်ပါတယ်။ တစ်ပိုင်းတစ်ပိုင်းစီက ဇာတ်ကွက်တွေက စိတ်ဝင်စားဖို့ကောင်းပြီး ရင်ထဲထိစေမယ့် ရသမျိုးစုံကို ပေးနိုင်ပါတယ်။ နာမည်ကြီး Flimmaker Steven Spielberg ရိုက်ကူး ထားပြီး Dylan O'Brien, Josh holloway, Victoria Pedretti, Edward Burns, Robert Forster စတဲ့ Castတွေ များစွာပါဝင်ပါတယ်။ ကြည့်ရူသူတွေကို စိတ် ကူးယဥ်၊ ဆန်းကြယ်မှုကမ္ဘာဆီ ခေါ်သွားပေးမယ့် Sci-Fi, Fantasy ဆန်ဆန် Series တစ်ခုပဲ ဖြစ်ပါတယ်။ (ဒီစီးရီးရဲ့ အညွှန်းနဲ့ဘာသာပြန် ရေးသားပေးသူကတော့ Thwal Htoo Zin ဖြစ်ပါတယ်။) File Size.............(400 MB) / (1 GB) Quality...............WEB-DL 720p / 1080p Duration............52Mins(@Episode) Subtitle..............Myanmar Hardsub Format...............MP4 Genre.................Action, Adventure, Drama Translator..........Thwal Htoo Zin Encoder..............Zin Phyo Aung 720P ...
6.3
TMDb: 6.3/10 65000 votes
tv

Amazing Stories (2023)

2020
Halo (2022) 7.7
Halo (2022) Halo ဆိုတာ ဒီမှာတော့လူသိနည်းလောက်ပေမယ့် တခြားနိုင်ငံတွေမှာ တော်တော်ကြီးအောင်မြင်ခဲ့တဲ့ Sci-fi ဂိမ်းစီးရီးဖြစ်ပါတယ်။ဇာတ်လမ်းဇာတ်အိမ်အတော်ကျယ်ပြန့်ခိုင်မာတာမို့ live action ဇာတ်လမ်းတွဲအဖြစ်ပြန်ပုံဖော်ခံရတာ ကွက်တိပဲလို့ပြောရမှာပါ။1883, Mayor of Kingstown တို့လိုအမိုက်စားစီးရီးတွေထုတ်ထားတဲ့ Paramount + ကဆိုတော့ အပြင်အဆင်အထူးပြုလုပ်ချက်ပိုင်းတွေ ရုပ်ရှင်ကားကြီးလိုဖြစ်နေမှာပြောစရာမလိုပါဘူး။ အပိုင်း ၉ ပိုင်းရှိပြီး တစ်ပတ်တစ်ပိုင်း ပြသသွားမှာဖြစ်ပါတယ်။ Halo အကြောင်းပြောရင် Master chief အကြောင်းကစပြောရမှာပါ။The witcher က Geralt၊ The mandalorian က Din Jarin တို့လို Halo မှာလည်း အပိုစကားတွေမပြောပဲ မျက်နှာမပြပဲ ပွဲကြမ်းတဲ့ master chief ခေါ် John-117 ရှိပါတယ်။ကလေးဘဝကတည်းက စူပါတပ်သားဖြစ်လာအောင် သင်တန်းပေး စမ်းသပ်ခံခဲ့ရသူတစ်ယောက်ပါ။Spartan လို့ခေါ်တဲ့ ထိုအထူးတပ်သားတွေကိုဖန်တီးရာမှာ စမ်းသပ်မှုဒဏ်တွေကို လူနည်းစုသာခံနိုင်ပြီး အသက်ရှင်နိုင်ပါတယ်။ Covenant ဆိုတဲ့ ဂြိုလ်သားမျိုးနွယ်အင်ပါယာကြီးဟာ Forerunner လို့ခေါ်တဲ့ရှေးဦးဂြိုလ်သားတွေဖန်တီးခဲ့တဲ့ ...
7.7
TMDb: 7.7/10 7 votes
tv

Halo (2022)

2022
The Haunting of Hill House {Complete} 7.7
The Haunting of Hill House {Complete} Plotမိသားစု ၁ စုရှိတယ်။မိဘနှစ်ယောက်က အိမ်ဟောင်း အိမ်အိုကြီးတွေကို ဝယ်၊ ပြန်ပြီးခမ်းနားသစ်လွင်သွားအောင်ပြုပြင်၊ စျေးတင်ပြီး ပြန်ရောင်းတတ်တဲ့ သူတွေ။ကလေး ၅ ယောက်နဲ့အတူ ပျော်ပျော်ရွှင်ရွှင် ချစ်ချစ်ခင်ခင်ပဲ။ဒါပေမဲ့ Hill မိသားစုရဲ့ အိမ်ကြီးကို ပြင်ဖို့ ပြောင်းရွှေ့လာတဲ့အခါမှာတော့ဒီ မိသားစု တစ်စုလုံးရဲ့ ဘဝကို ဆယ်စုနှစ်ပေါင်းများစွာ ပြောင်းလဲဖို့ အဖြစ်အပျက်တွေနဲ့ တွေ့ကြုံလာရပါတယ်။ReviewPlot ကိုဖတ်ကြည့်ရင် ထင်ကြမိမှာက typical horror ဇာတ်လမ်းပဲ၊အိမ်ပြောင်း သရဲခြောက်တယ် ဆိုပြီး။ဒါပေမဲ့ ဒီ base idea ကပဲ တူပြီး ကျန်တဲ့တစ်တွဲလုံးနီးပါးကနည်းနည်းလေးထူးခြားပါတယ်။သာမန် သရဲခြောက်လို့ ပြဿနာတွေ တောက်လျှောက်တက်တယ်ဆိုတဲ့ပုံမျိုးမဟုတ်ဘဲ ဒီအိမ်ကြီးကြောင့် ဖြစ်လာတဲ့ အကျိုးဆက်တွေကိုပိုပြီး ဦးတည်ထားတယ်။ ဒီအိမ်ကို ရောက်တော့ ကလေးတွေကငယ်ကြသေးတယ်။ဒါပေမဲ့ အိမ်မှာ အဆင်မပြေလို့ အိမ်ပြောင်းသွားတယ်၊ အသက်တွေကြီးလာတယ်၊ကလေးတွေရ အိမ်ထောင်တွေ ကျတဲ့အထိဒီအိမ်ကြီးရဲ့ လွှမ်းမိုးမှုတွေ၊ ငယ်ဘဝက ကြုံတွေ့ခဲ့ရတဲ့ trauma တွေကမိသားစုတစ်ခုလုံးကို ...
7.7
TMDb: 7.7/10 27 votes
tv

The Haunting of Hill House {Complete}

2018