Channel Myanmar

Anonymous Content

True Detective (Complete) Season(1-4) 8.283
True Detective (Complete) Season(1-4) HBO ကလွှင့်တဲ့ အမိုက်စား crime drama စီးရီးတစ်ခုလာပါပြီ။ ဒီစီးရီးကို ၂၀၁၄ ခုနှစ်မှာ season 1 စတင်ထုတ်လွှင့်ခဲ့ပြီး season တစ်ခုမှာ အပိုင်း(၈)ပိုင်းပါဝင်ပါတယ်...စီစင်တစ်ခုစီက မဆက်စပ်ဘဲ သီးခြားဇာတ်လမ်း၊ ဇာတ်အိမ်နဲ့ဖြစ်ပါတယ်။ဝူဒီဟာရယ်ဆန်၊ မက်သယူးမက်ကော်နယ်တို့ခေါင်းဆောင်ပါဝင်ထားတဲ့ဒီစီးရီးဟာ 2014 primetime Emmy Award ရရှိထားတဲ့ ဇာတ်လမ်းတွဲတစ်ခုဖြစ်ပါတယ်။IMDb Rating 8.9 နဲ့  Rotten Tomatoes 77% ရရှိထားပြီး ဒီစီးရီးက Rating ကြောင့် Plot ကြောင့်အပြင် ပါဝင်တဲ့မင်းသမီးတွေရဲ့ ဝတ်လစ်စလစ်ခန်းတွေကြောင့်လဲနာမည်ကြီးခဲ့ပါတယ်။ Season 1 မှာဆိုရင် မျက်ဝန်းလဲ့ပြာပြာနဲ့ Alexandra Daddario , Banshee စီးရီးရဲ့မင်းသမီးချော Lili Simmons နဲ့ Michelle Monaghan တို့လို မင်းသမီးတွေပါဝင်ထားပါတယ်။ဒါပေမယ့် မင်းသမီးတွေထက် မင်းသားကြီး Matthew McConaughey ကိုသာ ...
8.283
TMDb: 8.283/10 2516 votes
tv

True Detective (Complete) Season(1-4)

2014
Boy Swallows Universe (2024) 7.648
Boy Swallows Universe (2024)  IMDb - 8.2/10Rotten Tomatoes - 83% ဒီတစ်ခါ Netflix က ပြန်လည်ရိုက်ကူးထားတဲ့ Rating ကောင်းကောင်းဇာတ်လမ်းတွဲကောင်းလေး တစ်ခုကို မိတ်ဆက်ပေးချင်ပါတယ်။ဒီဇာတ်လမ်းရဲ့ မူရင်းဝတ္ထု ရေးသားသူ စာရေးဆရာ ထရန့်ဒယ်လ်တန်ကဒီဇာတ်လမ်းနဲ့ ပွဲဦးထွက် အောင်မြင်မှုရရှိခဲ့ပြီး နိုင်ငံတကာမှာ ဘာသာစကား၃၄ မျိုးနဲ့ ဘာသာပြန်ဆိုဖြန့်ချိရတဲ့ အထိ အောင်မြင်ခဲ့တာပါ။စာရေးသူရဲ့ ငယ်စဉ်ဘဝအကြောင်း ဖြစ်ရပ်မှန်တွေကို မှီငြမ်းထားတာ ဖြစ်ပြီးဇာတ်လမ်းတွဲ ပြန်လည်ရိုက်ကူးတဲ့ နေရာမှာလည်း ဇာတ်ကောင်အံဝင်ခွင်ကျဖြစ်မှုတွေကြောင့် Rating ကောင်းတွေရရှိထားပါတယ်။ ဇာတ်လမ်း အကျဉ်း ***************၁၉၈၀ ခုနှစ်ဝန်းကျင် ဩစတေးလျနိုင်ငံ ဘရစ်စဘိန်းမြို့က 'ဒါရာ'ဆိုတဲ့ဆင်ခြေဖုံး ရပ်ကွက်လေး တစ်ခုမှာ အယ်လိုင်းဆိုတဲ့ ကောင်လေးတစ်ယောက်ရှိတယ်။ ဖခင်က ငယ်စဉ်ကတည်းက အနားမှာ မရှိဘူး။သူ့မှာ စကားမပြောတဲ့ အစ်ကိုတစ်ယောက်ရှိတယ်၊ မိခင်ဖြစ်သူကဆေးမှုနဲ့ ထောင်ကျနေပြီးတော့ ပထွေးလုပ်သူက မူးယစ်ဆေးဝါးရောင်းဝယ်ဖောက်ကားသူ တစ်ယောက်။ဒီလို ပတ်ဝန်းကျင်မှာ ရှင်သန်နေရတဲ့ ဆယ်ကျော်သက် ကောင်လေးတစ်ယောက်က လမ်းမှန်ကိုရောက်ဖို့ ကြိုးစားရုန်းကန်ရင်း ...
7.648
TMDb: 7.648/10 27 votes
tv

Boy Swallows Universe (2024)

2024
Saint X (2023) 6.1
Saint X (2023) Saint X (2023) =========== IMDb Rating - 6.1/10အပန်းဖြေခရီးထွက်ရတာကို သဘောမကျတဲ့သူမျိုး မရှိနိုင်ဘူး ထင်ပါတယ်။ စိတ်ပျော်ရွှင်ဖို့အတွက် ခရီးတွေထွက်ကြတယ်၊ တချို့ကတော့ မိသားစုအချိန်လေးရဖို့ ခရီးထွက်တတ်ကြတယ်။ အယ်လီဆန်တို့ မိသားစုလေးကလည်း ကျောင်းပိတ်ရက်ရာသီ လေးမှာ အပန်းဖြေခရီးထွက်ခဲ့ကြတဲ့ သာမန်မိသားစုလေးပါပဲ။ ဒါပေမဲ့ ပျော်ရွှင်စရာအပန်းဖြေခရီးမဟုတ်ဘဲ ကြမ္မာဂြိုဟ်ဆိုး ဝင်မွှေခံရတဲ့ အပန်းဖြေခရီးတစ်ခု ဖြစ်လို့လာခဲ့တဲ့အခါ....ဇာတ်လမ်းလေးကတော့ ဒီလိုပါ။ ဝက်စ်ချက်စတာမြို့က လူကုံထံလူဖြူမိသားစုတွေ အင်ဒီဂိုပင် လယ်အော်ကျွန်းလေးပေါ်က အပန်းဖြေစခန်းတစ်ခုဆီ အပန်း ဖြေခရီး ထွက်လာခဲ့ကြပါတယ်။ အယ်လီဆန်တို့ မိသားစုအပါ အဝင်ပေါ့။ အယ်လီဆန်က သိပ်ကိုလှပပြီး ဆွဲဆောင်မှုအပြည့် ရှိတော့ ခရီးစဉ်မှာပါသမျှ ပုရိသတွေအပြင် ကျွန်းသားတွေရဲ့ လည်ပြန်ငေးခြင်းကိုပါ ခံရတဲ့ ဆယ်ကျော်သက်ကောင်မလေး တစ်ယောက်ပေါ့လေ။ တစ်ညမှာတော့ အယ်လီဆန်တစ်ယောက် ပျောက်ချင်းမလှပျောက်ဆုံးသွားခဲ့ပြီး ကျွန်းနဲ့မိုင်ချီဝေးတဲ့ ဖားရ် အဝေးကေးဆိုတဲ့ တောအုပ်ထဲမှာ သူ့ရဲ့အလောင်းပေါ်လာခဲ့ ပါတယ်။ဒါပေမဲ့ အာဏာပိုင်တွေက သူ့အမှုကို မတော်တဆမှုတစ်ခုအနေ နဲ့ပဲ ပိတ်လိုက်ခဲ့ကြတယ်။ နှစ် ၂၀ ကြာပြီးတဲ့နောက်မှာတော့ အယ် လီဆန်ရဲ့ ညီမဖြစ်သူ အမ်မလီတစ်ယောက် အရွယ်ရောက်လာတဲ့ အခါမှာ သူ့အစ်မရဲ့ ပဟေဠိဆန်စွာ သေဆုံးရမှုအတွက် တရားခံ ရှာဖို့ စတင်ပါတော့တယ်။ မမျှော်လင့်ထားတဲ့ အချိုးအကွေ့တွေနဲ့ အဆုံးထိ ...
6.1
TMDb: 6.1/10 1400 votes
tv

Saint X (2023)

2023
Home Before Dark – Season (01),(02) 7.5
Home Before Dark – Season (01),(02) Home Before Dark - Season (01),(02) ========================== IMDb Rating - 7.5/10ခင်ဗျားတို့ အသက် ၉ နှစ်အရွယ်မှာ ဘာလုပ်နေကြပြီလဲ၊ သံပြိုင်ကဗျာတွေ သီဆိုရင်း ဆော့ကစားလို့ ကောင်းတုန်း၊ ညောင်ပင်တစ္ဆေဝေလေလေ လုပ်လို့ကောင်းတုန်းပဲလား၊ ဒီထဲက ဟေလ်ဒီဆိုတဲ့ ၉ နှစ်အရွယ် ကလေးမကတော့ သတင်းစာတွေထုတ်ဝေပြီး အမှုတွေတောင် လိုက်ဖြေရှင်း ပေးနေပြီဗျ။အဖြစ်ကတော့ ဒီလိုဗျာ . ဟေလ်ဒီရဲ့ အဖေက မှုခင်းသတင်း တွေကိုလိုက်တဲ့ သတင်းထောက်တစ်ယောက်။တစ်နေ့ သူတို့ မိသားစုက သူ့အဖေရဲ့ မြို့လေးကို ပြောင်းရွှေ့ခဲ့ရပြီး အဲဒီမှာပဲ အခြေချဖို့ ဖြစ်လာခဲ့တယ်။ ဒါပေမဲ့ ထူးဆန်းတာက အဲဒီမြို့ လေးမှာ သူ့အဖေက အရင်က မဖြေရှင်းနိုင်ခဲ့တဲ့ အမှုတစ်ခုရဲ့ ပါဝင်ပတ်သက်သူအဖြစ် နာမည်ကြီးနေတာကို သူတို့က မသိကြဘူး။မြို့ကိုရောက်ရောက်ချင်းမှာပဲ ကလေးမရဲ့ ပထမဆုံးမိတ်ဆွေ တစ်ယောက် အသတ်ခံရလိုက်ရပြီး ထူးဆန်းမှုတွေ ဆက်တိုက်ပဲ ဖြစ်ပေါ်လာခဲ့တယ်။ အဲဒီထူးဆန်းမှုတွေ၊ လူသတ်မှုတွေ၊ သူ့အဖေ ပါဝင်ပတ်သက်နေတယ်ဆိုတဲ့ အဖြေရှာမရတဲ့အမှုတွေ ဒါတွေ အားလုံးက ဟေလ်ဒီ့အတွက် လက်မလွှတ်နိုင်စရာ အနံ့တွေဖြစ် လာခဲ့ပြီး ပဟေဠိတွေ အဖြေညှိဖို့ ကြိုးစားတော့တာပါပဲ။ဒီဇာတ်လမ်းက ...
7.5
TMDb: 7.5/10 11000 votes
tv

Home Before Dark – Season (01),(02)

2020
The Last Days of Ptolemy Grey (2023) 8
The Last Days of Ptolemy Grey (2023) The Last Days of Potlemy Grey (2023)ပဟေဠိဆန်ဆန် စိတ်ကူးယဥ်ဇာတ်လမ်းတွေကို စိတ်ဝင်စားသူတွေ အကြိုက်တွေ့ဦးမယ့် Samuel L.Jackson အဓိကပါဝင်သရုပ်ဆောင်ထားတဲ့ series ကောင်းတစ်ခုပါ။ စီးရီးနာမည်က "တော်မီဂရေးရဲ့ နောက်ဆုံးနေ့ရက်များ" ပေါ့။တော်မီဆိုတာကတော့ အတိတ်မေ့ဝေဒနာကို ခံစားနေရတဲ့ ၉၁ နှစ်အရွယ် အဖိုးကြီးတစ်ယောက်ပါ။ ဒီလိုအဖိုးကြီးရဲ့ နောက်ဆုံးနေ့ရက်တွေမှာ ဘာတွေများထူးထူးခြားခြားဖြစ်နိုင်မှာမို့လို့လဲပေါ့။ တော်မီက မိသားစုမိတ်ဆွေတော်တော်များများကို မမှတ်မိနိုင်တော့ပါဘူး။ သူ့ကိုယ်သူတောင်သေချာမမှတ်မိဘဲ အတိတ်ရဲ့ပုံရိပ်တွေကလဲလာလာခြောက်လှန့်နေတာကိုခံနေရသူပါ။ သူနဲ့လောကကြီးကြားက တစ်ခုထဲသောအဆက်အသွယ်ကတော့ သူ့မြေးဖြစ်သူရက်ဂျီပါ။ တစ်နေ့မှာရက်ဂျီတစ်ယောက် အသတ်ခံလိုက်ရချိန်မှာတော့ တော်မီလဲကူကယ်ရာမဲ့ဖြစ်ခဲ့ရတယ်။ ဒါပေမဲ့ တော်မီ့အတွက် ရက်ဂျီ့နေရာကိုအစားဝင်သူလို့ခေါ်ရမယ့်မိန်းကလေးတစ်ယောက်နဲ့ သူ့ရဲ့အတိတ်မေ့ရောဂါအတွက် စမ်းသပ်နေဆဲဆေးအသစ်တစ်မျိုးကိုရလိုက်ချိန်မှာတော့ တော်မီက သူ့ရဲ့နောက်ဆုံးနေ့ရက်တွေမှာ ဆန်းပြားလွန်းတဲ့သူရဲ့သမိုင်းကိုရေးသွားပုံကိုကြည့်ရှုရမှာပါ။ဒီဇာတ်လမ်းတစ်ခုလုံးက ဒီဆေးပေါ်မှာပဲ အခြေခံထားတာဖြစ်ပြီး အပြင်လောကမှာတော့တကယ်မရှိပါဘူး။ ဆေးရဲ့အလုပ်လုပ်ပုံကတော့ တော်မီ့အနေနဲ့ ရက်အနည်းငယ်ကြာ မှတ်ဥာဏ်ပြန်ကောင်းမှာဖြစ်ပေမယ့် ပြီးသွားရင်တော့သူ့ရောဂါက အရင်ထက်ဆိုးရွားပြီးအသက်အန္တရာယ်ပါရှိလာမှာပါ။ ဒီဆေးကတကယ်မရှိပေမယ့် ဒီစီးရီးထဲမှာတော့ အတိတ်မေ့ဝေဒနာခံစားနေရတဲ့ လူကြီးတွေရဲ့ဘဝ၊ သူတို့ရဲ့ရုန်းကန်ရမှုတွေ၊ ချစ်ခင်ရသူတွေနဲ့ရော ကိုယ်ကိုယ်တိုင်နဲ့ပါအဆက်အသွယ်ပြတ်မှုတွေကို ကောင်းကောင်းကြီးမီးမောင်းထိုးပြထားတာကြောင့် ပညာလဲရ စိတ်ဝင်စားစရာလဲကောင်းတဲ့ limited series ပါပဲ။အညွှန်း နဲ့ ဘာသာပြန်ကတော့ Rashida ပဲ ဖြစ်ပါတယ်။Genre..... Drama Quality…. 1080p ...
8
TMDb: 8/10 25 votes
tv

The Last Days of Ptolemy Grey (2023)

2022
The Resort (2022) 7.4
The Resort (2022) The Resort (2022) ============= IMDb Rating  - 7.4/10Peacockကနေ အပတ်စဥ်ပြသနေပြီး  IMDb Rating 7.4/10 ရရှိထားတဲ့ The Resort ဆိုတဲ့ စီးရီးလေးကိုတင်ဆက်ပေးချင် ပါတယ်။နိုအာနဲ့ အမ်မာတို့ ဇနီးမောင်နှံ‌နှစ်ယောက်က မက္ကဆီကိုက ယူကာတန်ပြည်နယ်မှာရှိတဲ့ အပန်းဖြေစခန်းတစ်ခုဆီကို အပန်းဖြေဖို့ရောက်လာခဲ့တာကနေစထားပါတယ်။ ဒါပေမဲ့ သူတို့မထင်မှတ်ထားတာက လွန်ခဲ့တဲ့ ၁၅ နှစ်ကဖြစ်ပျက်ခဲ့တဲ့ မဖြေရှင်းနိုင်သေးတဲ့ လျို့ဝှက်ချက်ကြီးတစ်ခုက အဖော်ထုတ်ခံရဖို့ သူတို့ကိုစောင့်ကြိုနေတယ်ဆိုတာပါပဲ။အဲဒီလျို့ဝှက်ချက်ကတော့ ကောလိပ်ကျောင်းသား တစ်ယောက်နဲ့ ကောင်မလေးတစ်ယောက် အစအနမရှိ ပျောက်သွားခဲ့တဲ့ကိစ္စပါ။ ဒါကို သူတို့ဘယ်လိုဖော်ထုတ်ကြမလဲဆိုတာကိုစိတ်ဝင်တစားကြည့်ရှု ရမှာပါ။ ဒီစီးရီးက စုစုပေါင်း(၈)ပိုင်းထွက်ရှိမှာဖြစ်ပြီး CM မှဆက် တိုက်တင်ဆက်ပေးသွားပါမယ်။ (ဒီစီးရီးရဲ့ အညွှန်းကို Khant Sett Naing မှရေးသားပေးပြီး၊ ဘာသာပြန် ရေးသား ပေးသူများကတော့ Khant Sett Naing, May Thet Khine Soeတို့ ဖြစ်ပါတယ်။)File Size.............(350 MB) / (800 MB) Quality...............WEB-DL 720p / 1080p Duration............35Mins(@Episode) Subtitle..............Myanmar Hardsub Format...............MP4 Genre.................Comedy, Mystery, Thriller Translator..........Khant Sett ...
7.4
TMDb: 7.4/10 2600 votes
tv

The Resort (2022)

2022
Gaslit (2022) 8.1
Gaslit (2022) Gaslit (2022) ၁၉၇၂ခုနှစ်မှာ အ​မေရိကန်ပြည်​တောင်စုတစ်ခုလုံး ရုတ်ရုတ်သဲသဲဖြစ်ခဲ့တဲ့ ဝါးတားဂိတ်အ​ရှုပ်​တော်ပုံကြီးကို အ​ခြေခံကာ ​နောက်ကွယ်ကအရှုပ်အရှင်းပြဿနာ​တွေကို အ​မေရိကန်နိုင်ငံ​ရှေ့​​​နေချုပ်ကြီးရဲ့ ဇနီး မာသာမစ်ချယ်ရဲ့ရှူ​ထောင့်က​နေ ရိုက်ကူးထားတာပဲ ဖြစ်ပါတယ်။ Starz channelမှာ ပြသ​နေတာဖြစ်ပြီး IMDb 6.8နဲ့ Rotten Tomatoes 88%ထိ ရထားပါတယ်၊အဓိကဇာတ်လိုက် မာသာမစ်ချယ်​နေရာမှာ သရုပ်​ဆောင်ထားသူက​တော့ ဝါရင့်မင်းသမီးကြီး ဂျူလီယာ​ရောဘတ်ပဲဖြစ်ပြီး ​ရှေ့​နေချုပ်ဂျွန်မစ်ချယ်အဖြစ် Mystic River, Milkတို့ရဲ့မင်းသား၊ Into The Wildရဲ့ဒါရိုက်တာ ​ရှောင်ပင်းလို ဝါရင့်သမ္ဘာရင့်​တွေက ဦး​ဆောင်ပါဝင်ထားပါတယ်။ဝါးတားဂိတ်အရှုပ်​တော်ပုံဆိုတာ သမ္မတနစ်ဆင်လက်ထက် ၁၉၇၂ခုနှစ်ရဲ့ရွေး​ကောက်ပွဲမတိုင်ခင် ဖြစ်ပွားခဲ့တာပဲဖြစ်ပါတယ်၊ ၁၉၆၈​ ရွေး​ကောက်ပွဲ အနိုင်ရသူအဖြစ် သမ္မတဖြစ်လာတဲ့ရစ်ချက်နစ်​ဆင်ဟာ ၁၉၇၂မှာ ဒုတိယသမ္မတသက်တမ်းအတွက် ထပ်မံ အ​ရွေးခံခဲ့ပါတယ်၊ ဒီတစ်ကြိမ်မှာလည်း ​သူပဲ ထပ်ပြီးအနိုင်ရမယ်လို့ ထင်​ကြေး​ပေး​ခံထားရတာပါ၊ ဒါ​ပေမဲ့ သမ္မတရာထူးအတွက် အတိမ်းအ​စောင်းအဖြစ်မခံနိုင်ခဲ့တဲ့ သူဟာ ​ခြေဥ​ဖောက်တဲ့ ဥပ​ဒေမဲ့လုပ်ရပ်​တွေကို ကျူးလွန်ခဲ့ပါတယ်။ဒါက​တော့ သူဖွဲ့စည်းထားတဲ့ သမ္မတပြန်​ရွေး​ကောက်ခံ​ကော်မတီမှတဆင့် သူ့ရဲ့ သမ္မတအင်အားနဲ့ ပြိုင်ဖက်ပါတီဖြစ်တဲဲ့ ဒီမိုကရက်တစ် ပါတီအ​ပေါ် အဖျက်အ​မှောင့်မျိုးစုံလုပ်ခဲ့ခြင်းပဲ ဖြစ်ပါတယ်၊ အဆိုပါ လုပ်ငန်း​တွေဟာ ၁၉၇၂ခု ဇွန်လ ၁၇ရက်မှာ ဒီမိုကရက်တစ်​ နေရှင်နယ်​ကော်မတီရဲ့ ရုံးချုပ်ဖြစ်တဲ့ ဝါးတားဂိတ်အ​ဆောက်အအုံတွင်း ...
8.1
TMDb: 8.1/10 10 votes
tv

Gaslit (2022)

2022
Dickinson (2019) 8.7
Dickinson (2019) Dickinson (2019) IMDB 7.6 / Rotten Tomatoes 92%မင်းသမီးလှလှလေးနဲ့ဇာတ်လမ်းလှလှလေး ကဗျာလှလှလေးတွေကို ဘာသာပြန်လှလှလေးတွေက တင်ဆက်ပေးထားလိုက်ပါပြီ။ကျွန်တော်တို့အချစ်တော်လေး Hailee Steinfeld နဲ့ မင်းသမီးချော Ella Hunt တို့ ပါဝင်သရုပ်ဆောင်ထားတဲ့ Dickinson series လေးကို တောင်းဆိုကြလွန်းလို့ ကိုယ်ထင်ပြပေးလိုက်ပါပြီဗျာ။ Apple Tv+ က ထုတ်လွှင့်ပြသခဲ့တာဖြစ်ပြီး အောင်မြင်မှုများစွာလည်း ရရှိထားပါတယ်။Emily Elizabeth Dickinson ဆိုတဲ့ ထူးချွန်ထက်မြက်သော ကဗျာဆရာမအကြောင်းကို အခြေခံပြီး ရိုက်ကူးတင်ဆက်ထားတာဖြစ်ပါတယ်။ ကဗျာဆရာမဆိုပေမဲ့ ထိုခေတ်ထိုအခါက အမျိုးသမီးများကို စာပေလောကမှ ဖယ်ကျဉ်မှုများကြောင့် စာအုပ်ထုတ်ဝေခြင်းတော့ မရှိခဲ့ပါဘူး။ Emily ဟာ သူ့ဘဝအချိန်အတော်အများကို တစ်ကိုယ်တည်းသီးသန့်ကုန်ဆုံးခဲ့ပြီး သေဆုံးခါနီးအချိန်မှာတော့ အခန်းထဲကတောင် မထွက်တော့ပါဘူးတဲ့။ သူသေဆုံးပြီးနောက်မှာမှ ကဗျာအပုဒ်ရေပေါင်း ၂၀၀၀ ကျော်လောက်ကို အိမ်အကူရဲ့ အဝတ်သေတ္တာထဲမှာ တွေ့ရှိခဲ့ကြတာဖြစ်ပါတယ်။ သူ့ကဗျာအများစုဟာ ခေါင်းစဉ်မရှိဘဲ သာမန်ရိုးကျ ကဗျာစည်းမျဉ်းဘောင်ထဲမှ သွေဖယ်နေခဲ့ပါတယ်။ သူ့ကဗျာတွေထဲမှာ သေခြင်းတရား၊ ထာဝရရှင်သန်ခြင်းနဲ့ ...
8.7
TMDb: 8.7/10 619 votes
tv

Dickinson (2019)

2019
Mr. Robot 8.2
Mr. Robot       Bohemian Rhapsody လို့ ဆိုလိုက်ရင် Freddie Mercury အဖြစ် အော်စကာ ဆုရအောင် သရုပ်ဆောင် ကောင်းလွန်းတဲ့ မင်းသား Rami Malek ကိုလည်း တန်းပြီးသတိရမိမယ် ထင်ပါတယ်။ ဒီ စီးရီးတွဲမှာလည်း မင်းသား Rami Malek အနေနဲ့ Golden Globe မှာလည်း အဲဒီ ဇာတ်ကောင် အတွက်  Nominee အကြိမ်ကြိမ် ဝင်ခဲ့ပြီး အဓိက သရုပ်ဆောင် အနေနဲ့ ဆုတွေ အများကြီး ရခဲ့ ပါတယ်။   အဲဒီ မင်းသားကို ဟက်ကာ တစ်ယောက်၊ အဲဒါထက်ပိုပြီး တော့ စိတ်ကျ ရောဂါ ခံစားနေရတဲ့ သူတစ်ယောက်အနေနဲ့ မှုခင်းတွေ ကို လိုက်ဖော်ထုတ်တဲ့ လူစွန့်စား တစ်ဦး အဖြစ် မြင်တွေ့ကြရဦးမှာပါ။ စိတ်ဝင်စား စရာ ကောင်းတာကြောင့် တစ်ပိုင်း လောက်ကြည့်ရုံနဲ့ နောက် အပိုင်းတွေကိုပါ ဆက်ကြည့်ချင်စိတ် ပေါ်လာမှာ အသေအချာ ...
8.2
TMDb: 8.2/10 2692 votes
tv

Mr. Robot

2015
Defending Jacob (2020) Season 1 [COMPLETE] 8
Defending Jacob (2020) Season 1 [COMPLETE] ဇာတ်လမ်းကတော့ Defending Jacob ဆိုတဲ့ စကားအတိုင်းပဲ ဂျေကော့ဘ်အတွက် ခုခံကာကွယ်ပေးရမှာပါ။ဂျေကော့ဘ် ဆိုတာကတော့ အန်ဒရူးဘာဘာဆိုတဲ့ ခရိုင်ရှေ့နေတစ်ယောက်ရဲ့သားပါ။ခရိုင်ရှေ့နေက သူ့သားအတွက် ဘာလို့ သူက ရှေ့နေလိုက်ပေးရတာလဲ?သူ့သားကရော ဘာတွေ လုပ်ခဲ့လို့လဲ?ဇာတ်လမ်းအကျဉ်းကတော့ ဒီလိုပါ။အလယ်တန်းကျောင်းသားလေး ဘန်ရစ်ဖ်ကင်အသတ်ခံရတဲ့အမှုကို အန်ဒီတစ်ယောက် စုံစမ်းရပါတယ်။ဒါပေမယ့် မမျှော်လင့်ဘဲ သားဖြစ်သူဂျေကော့ဘ်ကို တရားခံအဖြစ် စွပ်စွဲခံရတဲ့အခါမှာတော့ ....တကယ့်တရားခံအစစ်က ဘယ်သူလဲ?????သူ့သားကရော ဘန် ရစ်ဖ်ကင်ကို တကယ်သတ်ခဲ့တာလားဆိုတာကတော့????ဧပြီလ ၂၄ ရက်နေ့မှာ Apple TV+ ကနေ ထုတ်လွှင့်ပြသခဲ့ပြီး လက်ရှိမှာ ၄ ပိုင်း ပြသပြီးဖြစ်ပါတယ်။နောက်အပတ်တွေမှာတော့ အပတ်စဉ် သောကြာနေ့တိုင်း ထုတ်လွှင့်ပြသပေးသွားမှာပါ။စုစုပေါင်း အပိုင်း ၈ ပိုင်း ပါဝင်ပါတယ်။ William Landay ရဲ့ ဝတ္ထုကို အခြေခံပြီး ရိုက်ကူးထားတာပါ။ပါဝင်ထားတဲ့ ခေါင်းဆောင်မင်းသား ၂ လက်ကတော့ ပျိုမေတို့ အသည်းကျော်ဖြစ်တဲ့ Captain America ကြီး ...
8
TMDb: 8/10 35 votes
tv

Defending Jacob (2020) Season 1 [COMPLETE]

2020
13 Reasons Why Season 3 [COMPLETE] 7.1
13 Reasons Why Season 3 [COMPLETE] Unicode======13 Reasons Why ရဲ့ တတိယဇာတ်လမ်းတွဲ လာပါပြီခင်ဗျာ။ဒီဇာတ်လမ်းမှာတော့ ဟန်နာဘိတ်ကာ သေဆုံးပြီး ရှစ်လအကြာကို ဆက်ရိုက်ပြထားတဲ့ ဇာတ်လမ်းပါ။ဒီဇာတ်လမ်းမှာတော့ ဟန်နာ့ကို မတရားကျုးလွန်ခဲ့တဲ့ ဘရိုက်စ်ဝေါ့ကာရဲ့ သေဆုံးမှုနဲ့ စဖွင့်ထားပါတယ်။ဘရိုက်စ်ဝေါ့ကာ ဘာကြောင့် သေရတာလဲ?????ဘရိုက်စ်ဝေါ့ကာကို ဘယ်သူတွေက သတ်သွားရတာလဲ?????ဘာကြောင့် သတ်ချင်ရတာလဲ?????ဘရိုက်စ်က လစ်ဘာတီကျောင်းရဲ့နာမည်ကြီး ကျောင်းသားဆိုးဆိုးထဲမှာ ပါပါတယ်။ဒီဇာတ်လမ်းမှာ ဘရိုက်စ်ဟာ လစ်ဘာတီကျောင်းကထွက်ပြီး ဟေးလ်ခရက်စ်ကျောင်းမှာ ဆက်လက်တက်ရောက်နေပါပြီ။ကျောင်းသားဟောင်းတွေ ပြန်လည်တွေ့ဆုံကြတဲ့ ဟုမ်းကမ်းမင်း (Homecoming) ပွဲမှာ ဘရိုက်စ်တစ်ယောက် သေဆုံးခဲ့ရပါတယ်။ရဲတွေကတော့ လူသတ်မှုလို့ သတ်မှတ်ပြီးတော့ သံသယတရားခံတွေကို စစ်ဆေးမေးမြန်းပါတယ်။ဘယ်သူ တရားခံ ဖြစ်နိုင်ပါသလဲ?????လစ်ဘာတီ ကျောင်းက ကျောင်းသားတိုင်းနီးပါးကတော့ ဘရိုက်စ်အနိုင်ကျင့်မခံရဖူးတဲ့လူ မရှိပါဘူး။ဒီဇာတ်လမ်းမှာ ပါတဲ့ စကားတစ်လုံး ရှိပါတယ်။"No one is innocent" ဘယ်သူမှတော့ အပြစ်မကင်းပါဘူး။ကဲ.....ကျွန်တော်တို့လည်း ဘရိုက်စ်ဝေါ့ကာကို သတ်တဲ့တရားခံကို ရှာကြည့်ရအောင်ဗျာ။Season 3 ကတော့ လျှို့ဝှက်ချက်တော်တော်များများကို ဖြည်ထုပ်ပြသသွားပါတယ်။အရင် Season ...
7.1
TMDb: 7.1/10 855 votes
tv

13 Reasons Why Season 3 [COMPLETE]

2017
13 Reasons Why {Complete} 8.1
13 Reasons Why {Complete} ဒီစီးရီးကိုတော့ လူအတော်များများ ကြားဖူးပြီးနေလောက်ပါပြီ။ Netflix ရဲ့ ကမ္ဘာတစ်ဝှမ်းမှာ ကျော်ကြားသွားတဲ့ စီးရီးပါပဲ။IMDb နဲ့ RT တွေမှာ rating 9 ကျော်နေပြီး  ဝေဖန်ရေးဆရာတွေရဲ့ ချီးကျူးသံတွေ ဆက်တိုက်ရရှိခဲ့တဲ့ စီးရီးလေးပါ။ ၂၁ ရာစု အကောင်းဆုံး High School Drama တွေထဲက တစ်ခုလို့ ချီးကျူးကြတယ်။ စလယ်ဆုံး ဇာတ်ရှိန်မကျဘဲ ဆွဲခေါ်သွားနိုင်တယ်။ ခံစားချက်မျိုးစုံကို ပေးနိုင်တယ် စသည်ဖြင့် မှတ်ချက်တွေပြည့်နေခဲ့ပါတယ်။  ဝေဖန်ခံရတဲ့ အချက်ကတော့ ဇာတ်လမ်းရဲ့ အဓိကဇာတ်ဆောင်ဟာ မိမိကိုယ်ကို သတ်သေခဲ့ပြီးမှ သူ့ရဲ့  နောက်ဆက်တွဲတွေကို ခမ်းနားစွာ ဖော်ပြထားတဲ့ ဇာတ်ကြောင်းဖြစ်နေလို့ သတ်သေမှုတွေကို တနည်းအားဖြင့် အားပေးနိုင်တယ်ဆိုပြီး  ပြောသူတွေတော့ ရှိပါတယ်။ ဒါပေမယ့် ဒီစီးရီးရဲ့ အကြောင်းအရာတွေမှာ အထက်တန်းကျောင်းသားတွေရဲ့ စိတ်ဖိအား၊ခံစားချက်တွေတွေကို နားလည်ဖို့နဲ့ ဆရာတွေမိဘတွေ ပိုပြီး သတိထားမိလာစေဖို့၊ ကျောင်းသားသူတွေကြားထဲက ကိုယ်ချင်းစာတရားတွေ ပိုကောင်းမွန်လာဖို့ အားပေးတဲ့အချက်တွေ အများကြီးပါပါတယ်။ ဒီစီးရီးရဲ့ အဓိက သရုပ်ဆောင် ၂ ယောက်ဟာလည်း တကယ်ကောင်းမွန်ခဲ့တာမို့ ချီးကျူးမှုတွေ အများအပြားရရှိထားပြီး သူတို့ သရုပ်ဆောင်ဘ၀လမ်းကတော့ ပိုပြီးတောက်ပြောင်လာလိမ့်မယ် ထင်မိပါသေးတယ်။ ဇာတ်လမ်း အကျဉ်းပြောရရင် အစမှာ ဟန်နာ ဆိုတဲ့ အထက်တန်းကျောင်းသူလေး မိမိကိုယ်ကို သေကြောင်းကြံသွားခဲ့တာက စပါတယ်။ အဲဒီအဖြစ်ရဲ့ ရိုက်ခတ်မှုတွေဟာ ဆရာတွေ၊ကျောင်းသားတွေ နဲ့ မိဘတွေကြားမှာနည်းမျိုးစုံနဲ့ သက်ရောက်နေခဲ့တယ်။ ကျောင်းသားတွေထဲမှာမှ ဟန်နာနဲ့ထူးထူးခြားခြားသိကျွမ်းခဲ့တဲ့ ကလေးရ်(Clay) ဆိုတဲ့ ကောင်လေးကတော့ ပိုပြီးသူ့ကို သတိရနေခဲ့သူပါ။ တစ်ညမှာတော့ ကလေးရ်ဆီကို ဟန်နာ အသံသွင်းထားတဲ့ တိတ်ခွေလေးတွေ ရောက်လာခဲ့တယ်။ တိတ်ခွေမှာ အကြောင်း ...
8.1
TMDb: 8.1/10 750 votes
tv


2017