Channel Myanmar

Boat Rocker Studios

Beacon 23 (2023) 6.4
Beacon 23 (2023)  ဒီတစ်ခါ ပရိသတ်ကြီးအတွက် ခေတ်လွန်အာကာသ သိပ္ပံဇာတ်လမ်းတွဲလေး တစ်ခုနဲ့ မိတ်ဆက်ပေးပါရစေ.....ဒီကားထဲမှာတော့ ရေကြောင်းလမ်းခရီးမှာ လမ်းပြပေးတဲ့ မီးပြတိုက်လိုမျိုး အာကာသထဲ ယာဉ်တဲ့သွားတဲ့အခါ လမ်းပြပေးတဲ့ ဘီကွန် ၂၃ ကို ကြောရိုးယူပြီးရိုက်ထားတဲ့ကားလေးပါပဲ......ဇာတ်လမ်းအစမှာတော့ ယာဉ်တစ်စင်းက လမ်းကြောင်းမရှင်းပါဘူးလို့ အတန်တန်ပြောနေတဲ့ကြားကနေ ဝင်လာလို့ ပေါက်ကွဲပျက်စီး သွားခဲ့ပါတယ် အဲဒီ ပေါက်ကွဲသွားတဲ့ ယာဉ်ပေါ်ကနေ ကျွန်တော်တို့ သိတဲ့ သက်ကယ်လှေလိုမျိုး လေထုဖိအားထိန်း ယာဉ်လေးနဲ့ အက်စတာဆိုတဲ့ အမျိုးသမီးက မျောလာလို့ ဘီကွန် ပေါ်မှာရှိတဲ့ ဟယ်လန် က ကယ်တင်ထားပေးခဲ့တာပါ......အဲဒီနောက်ပိုင်းမှာတော့ ဘီကွန် ပေါ်မှာရှိနေခဲ့တာက ဘီကွန်ကို ထိန်းသိမ်းစောင့်ရှောက်ရမဲ့ ဆာလမွန် ဟုတ်မနေဘဲ ဟယ်လန် ဖြစ်နေတာကို အက်စတာ သိသွားတဲ့အချိန်......အက်စတာ ကလည်း ဒီယာဉ်ပေါ်ကို ဘာအကြောင်းပြချက်နဲ့ရောက်လာတာလဲဆိုတာ ဟယ်လန် က သိသွားတဲ့အချိန်......အထီးကျန် နေတဲ့ ဟယ်လန် နဲ့ လူတကာမျက်ခုံးပေါ်စင်္ကြံလျှောက်တတ်တဲ့ အက်စတာ တို့ ...
6.4
TMDb: 6.4/10 18 votes
tv

Beacon 23 (2023)

2023
Invasion (2021) S1 + S2 10
Invasion (2021) S1 + S2 Invasion series(2021) ရုပ်ရှင် အညွှန်း အခု Apple TV + မှာ ထွက်ရှိထားတဲ့ sci-fi /drama seriesကောင်းလေး တစ်ခုနဲ့ မိတ်ဆက်ပေးချင်ပါတယ်X-Men ဇာတ်ကားတွေကို ရိုက်ကူးခဲ့တဲ့ ဒါရိုက်တာ Simon Kinberg ကိုယ်တိုင် ပါဝင်ဖန်တီးထားတာလည်းဖြစ်ပါတယ်ခေါင်းစဥ်အတိုင်းပဲ ဂြိုလ်သားတွေ ကမ္ဘာကို ကျူးကျော်လာမယ့် ပုံစံမျိုးဖြစ်ပေမယ့် တခြား မြင်တွေ့နေကျ ဂြိုလ်သား ကျူးကျော်တဲ့ movies တွေ seriesတွေနဲ့ လုံးဝ ကွဲထွက်နေမှာ ဖြစ်ပါတယ်ပုံမှန်လိုမျိုး မိသားစု တစ်စု က ဂြိုလ်သားကျူးကျော်မှုကြောင့်ဖြစ်လာတဲ့ အပျက်အစီးတွေကြား လွတ်မြောက်အောင်ရှင်သန်ဖို့ ကြိုးစားရတဲ့ ပုံစံမျိုး မဟုတ်ပါဘူး ဘယ်ကမှန်းမသိတဲ့ ဂြိုလ်သားတွေက ကမ္ဘာကိုရောက်လာပြီး လူတွေဖြစ်တည်မှုကို ခြိမ်းခြောက်ဖို့ကြိုးစားတဲ့အ​ဖြစ်အပျက် ကို နေရာဒေသမတူတဲ့ လူ ငါးယောက်က ထိပ်တိုက်ရင်ဆိုင်ကြုံတွေ့ပြီး ဘယ်လိုဖြေရှင်းကြမလဲ ဆိုတာကို မြင်တွေ့ရမှာပါ အမေရိကန် ကျေးလက်ဒေသ၊ အာဖဂန်နစ်စတန်နိုင်ငံ ကနေ ဂျပန်မြို့ပြ အထိ မတူညီတဲ့နေရာတွေမှာ ရိုက်ကူးထားပါတယ်season 1အနေနဲ့ ဆယ်ပိုင်းထွက်ရှိမှာဖြစ်ပြီး လောလောဆယ် ၃ပိုင်းအရင် ထွက်ရှိထားပါတယ်File Size ...
10
TMDb: 10/10 2 votes
tv

Invasion (2021) S1 + S2

2021
Slip (2023) 6.7
Slip (2023) Slip (2023)နေ့စဉ် ပြောင်းလဲမှုမရှိ၊ စိတ်လှုပ်ရှားစရာမရှိဘဲ ဖြတ်သန်းနေရတဲ့ဘဝကြီးကို လူတော်တော်များများ ငြီးငွေ့ကြမှာပါ။ ဒီဇာတ်ကားထဲက Mae ကလည်း အဲဒီလိုပါပဲ။ အတူနေရည်းစားဖြစ်သူ Elijah နဲ့ ၁၃ နှစ်ကြာ နွေးထွေးမှုတွေ ပျောက်ကွယ်နေတဲ့ Relationship ထဲမှာ ပိတ်မိနေရင်း ဘဝကို စိတ်ကုန်နေပါတယ်။ အချင်းချင်း အချိန်သိပ်မပေးဖြစ်ကြတော့ဘဲ အဆင်ပြေသလိုနေလာကြပြီးတော့ Elija က ကလေးလိုချင်ပေမယ့် Mae ကတော့ အတိတ်ကစိတ်ဒဏ်ရာတွေကြောင့် မလိုချင်သေးပါဘူး။ တစ်နေ့ Mae အလုပ်လုပ်တဲ့ ပန်းချီပြခန်းက ပန်းချီပြပွဲအပြီး ပါတီမှာ Elijah က Mae ကိုမစောင့်ဘဲ ပြန်သွားတော့ ဘားမှာ Eric နဲ့ဆုံပါတယ်။ရည်းစားကို စိတ်ကုန်နေတဲ့ Mae လည်း Eric နဲ့ တစ်ညတာကုန်ဆုံးရင်း မနက်ခင်း သူနိုးလာတဲ့အချိန်မှာ Eric နဲ့သူက လက်ထပ်ထားပြီးသားဖြစ်နေတာကို တွေ့လိုက်ရပြီး သူ့ဘဝတစ်ခုလုံး ပြောင်းလဲသွားပါတော့တယ်။Rating ကလည်း IMDb 6.1 ရထားတာမို့ Parallel Universe ထဲမှာ ...
6.7
TMDb: 6.7/10 3 votes
tv

Slip (2023)

2023
A Tale Dark & Grimm (2021) 7.7
A Tale Dark & Grimm (2021) A Tale Dark And Grimm (2021)====================== IMDb Rating - 7.3/10Rating အလန်းစားလေးနဲ့ရတဲ့နောက်ထပ် aminated series လေးတစ်ခု တင်ဆက်ပေးလိုက်ပါတယ်။ အိပ်ရာဝင်ပုံပြင်တွေ နတ်သမီးပုံပြင်တွေဟာ ချစ်စရာအကောင်လေးတွေ နတ်သမီးလေးတွေရဲ့အ‌‌ေကြာင်းကို ဇာတ်လမ်း လေးတွေရေးဖွဲ့ကြတာဆိုပေမယ့်။ ဒီဇာတ်လေးကတော့ တစ်မျိုးတစ်ဖုံကို ကွဲထွက်နေပါတယ်။  ဇာတ်လမ်းရှည်ဖြစ်တာနဲ့အညီ တစ်ပိုင်းပြီးတစ်ပိုင်း မြှုပ်ကွက်တွေ လှည့်ကွက်တွေနဲ့ ဆွဲဆောင်သွားတာအတော်ကိုကြည့်လို့ ကောင်းတဲ့ adventure ဆန်ဆန် series လေးပါ။ဇာတ်လမ်းအကျဉ်းကိုပြောပြရရင် ဂရင်းဆိုတဲ့တိုင်းပြည်မှာ ဟန်ဆယ်နဲ့ ဂရေတယ်ဆိုတဲ့ ဘုရင့်သားတော်နဲ့သမီးတော်ရှိပါတယ်။ ဒီအမွှာနှစ်ယောက်ပဲ ရှိတဲ့အတွက် ဘုရင်ကြီးနဲ့ ဘုရင်မကြီးဟာသည်းသည်းလှုပ်ချစ်တာပေါ့။ ဒီလိုနဲ့ တစ်နေ့မှာဘုရင်နဲ့ဘုရင်မကြီးဟာ အကြောင်းတစ်စုံတစ်ရာမရှိပဲနဲ့ ဒီကလေးနှစ်ယောက်ကိုခေါင်းဖြတ်သတ်လိုက်တယ်။ ပြီးတော့မှကလေး နှစ်ယောက် ကိုမှော်အစွမ်းရှိတဲ့ကြိုးနဲ့ သူတို့ခေါင်းကိုပြန်ချုပ်ပေးလိုက်တယ်။ ကလေးနှစ်ယောက်လုံးပြန်အသက်ရှင်လာတယ်ဆိုပေမယ့် သေရွာကနေ ပြန်ရှင်လာတဲ့ ဟန်ဆယ်နဲ့ဂရေတယ်တို့ ဟာ သူတို့မိဘတွေကိုအရမ်းကြောက် သွားတယ်။ ကိုယ့်ကလေးနှစ်ယောက်လုံးခေါင်းဖြတ်ပြီးမှ ပြန်အသက်ရှင်စေတဲ့ ဒီမိဘတွေဟာ သူတို့ကိုတကယ်မချစ်လို့လား နောက်ထပ်ရောခေါင်းဖြတ်ခံရဦး မှာလားဆိုပြီး စိုးရိမ်စိတ်တွေနဲ့ နန်းတော်ကနေနှစ်ယောက်လုံးထွက်ပြေးကြတယ်။ ဟန်ဆယ်နဲ့ဂရေတယ်တို့သူတို့ကိုချစ်မယ့်ပြီးပြည့်စုံတဲ့မိသားစုကိုရှာဖွေရင်း သူမတူတဲ့ အခက်အခဲတွေကြုံရပါတော့တယ်။ ဘုရင်ကြီးနဲ့ ဘုရင်မကြီးဟာကိုယ့်ကလေးကို ခေါင်းဖြတ်သတ်လိုက်ရတဲ့အထိ ဘာအကြောင်းတွေများရှိနေလို့လဲ ၊ ဟန်ဆယ်နဲ့ ဂရေတယ်ကရော သူတို့ကိုတကယ်ချစ်တဲ့ပြီးပြည့်စုံတဲ့မိသာစုကိုရှာဖွေရင်းနဲ့ ဘယ်လိုအခက်အခဲတွေကြုံတွေရမလဲဆိုတာကြည့်ရှုပေးပါဦး ‌။(ဒီစီးရီးရဲ့ အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Tin Myo ...
7.7
TMDb: 7.7/10 10 votes
tv

A Tale Dark & Grimm (2021)

2021