Channel Myanmar

CBS Studios

Elsbeth (2024) 9.2
Elsbeth (2024) Elsbeth (2024)အရင်လကုန်ပိုင်းကမှ အသစ်စက်စက်ထွက်ရှိထားတဲ့ စီးရီးလေးကို CM ပရိတ်သတ်ကြီးအတွက် တင်ဆက်လိုက်ပါပြီ။ တစ်ပတ်တစ်ပိုင်းထွက်မှာဖြစ်လို့ စောင့်ကြည့်ပေးကြပါဦး။ဇာတ်လမ်းအညွှန်းချီကာဂိုမြို့မှာ နှစ်၃၀ကြာ ရှေ့နေလုပ်ခဲ့တဲ့ Elsbeth တစ်ယောက် နယူးရော့ခ်မြို့ဆီ တာဝန်ကျလာပါတယ်။ အခုအလုပ်ကတော့ အမှုတစ်ခုကို ရဲတွေစစ်ဆေးတဲ့အချိန်မှာ သူက ဘေးကစောင့်ကြည့်ဖို့ပါတဲ့။ သူကတော့ လူတစ်မျိုးပါ၊ သူ့ရဲ့ဘော့စ်ကတောင် Elsbeth က ပျော်ပျော်နေတတ်တဲ့သူပါလို့ မှာပေးရတဲ့သူပါ။ထိုးထွင်းဉာဏ်ကောင်းလွန်းပြီး အမှုတစ်ခုကို သူများနဲ့မတူညီတဲ့အမြင်နဲ့ကြည့်တတ်ပြီး သူများထက် တစ်လှမ်းကြိုမြင်တတ်တဲ့သူ၊ ဒါပေမဲ့ ရဲ‌တွေရဲ့ စစ်ဆေးမှုတွေမှာ ဟိုစပ်စပ်ဒီစပ်စပ်နဲ့ စပ်စုလွန်းနေတော့ အမြင်ကတ်စရာကောင်းနေရော ဖြစ်နေတယ်။ အဲဒါကြောင့် ပထမအမှုမှာတည်းက ရဲအရာရှိဝက်ဂ်နာက အမြင်မကြည်ဖြစ်တော့တာပဲ။ရဲဌာနဘက်က အမြင်မကြည်တော့ သူ့ကို တခြားရှေ့နေနဲ့ပြောင်းပေးဖို့တောင် တောင်းဆိုလာကြတယ်။ Elsbeth ဘက်ကကျတော့ ဒီအလုပ်ကို သူဆက်လုပ်ချင်နေတယ်၊ နယူးရော့ခ်မြို့ကြီးမှာ လျှောက်လည်ပြီး သူပျော်ပျော်ကြီး နေချင်သေးတယ်။ ဒီတော့လည်း NYPD တပ်ဖွဲ့မှာ ထက်မြက်ပေမယ့်လည်းအမြင်ကတ်စရာကောင်းတဲ့ မမ Elsbeth တစ်ယောက် ဘယ်လိုဆက်မွှေဦးမလဲပေါ့။Elsbeth ဇာတ်လမ်းကို "The Good Wife"နဲ့ "The Good ...
9.2
TMDb: 9.2/10 3 votes
tv

Elsbeth (2024)

2024
Fire Country Season 2 8.342
Fire Country Season 2 Fire country (2024) Season 2မီးသတ်သမားတွေရဲ့ဘဝကို အခြေခံရိုက်ကူးထားတဲ့ Fire Country season 1 က ၂၀၂၂ခုနှစ်မှာ rating ကောင်းကောင်းနဲ့ ပွဲထွက်ခဲ့ပါတယ်။ ၂၀၂၄ ဖေဖော်ဝါရီလမှာ season 2 ထွက်ရှိလို့လာပါပြီ။Season 1မှာ အဓိကဇာတ်ကောင် Bode က သူ့အတိတ်ကနေ ထွက်ပြေးနေသူတစ်ယောက်ဖြစ်ပြီး သူ့ဇာတိမြို့ကို ရောက်ရှိသွားတယ်လေ။ ထောင်ကျရင်း လွတ်ငြိမ်းချမ်းသာခွင့်ရဖို့ သရီးရော့ခ် အကျဉ်းသားမီးသတ်တပ်ဖွဲ့မှာ လုပ်အားပေးခဲ့တယ်။ (season 1မကြည့်ရသေးရင် CM မှာ ပြန်လည်ကြည့်ရှုနိုင်ပါတယ်။)အခု season 2 မှာတော့ Bode ဟာ ထောင်ထဲပြန်ရောက်နေပါတယ်။ အကြောင်းရင်းက သူ့သူငယ်ချင်း ဖရက်ဒီအစား အပြစ်ဝန်ခံပေးရင်း အစားထောင်ကျခံနေတာပါ။ သူ့မိဘတွေ ဗင့်စ်နဲ့ရှာရွန်ကတော့ သူတို့သား ထောင်ကျတာအတွက် စိတ်မကောင်းဖြစ်နေကြရပါတယ်။ “Bode ဟာ ထောင်ထဲမှာ ဘယ်လိုရှင်သန်နေလဲ။ သူ့ဘဝအတွက် ရှင်သန်ရတဲ့အဓိပ္ပာယ်ဟာ ဘာဖြစ်မလဲ။ အတ်ဂျ်ဝါးတားမြို့ဆီကိုရော သူပြန်ရောက်လာနိုင်မလား။”ပေါ့လူတွေဟာ အသက်ရှင်သန်ဖို့အကြောင်းရင်း ပျောက်ဆုံးရတဲ့အခါ ဘဝကိုလက်လျှော့ကျောခိုင်းတတ်ကြတယ်။ ထို့နည်းတူပဲ အသက်ရှင်သန်ဖို့အကြောင်းရင်းတစ်ခုလေးကို ...
8.342
TMDb: 8.342/10 73 votes
tv

Fire Country Season 2

2022
CSI: Vegas 7.9
CSI: Vegas  Anthony E. Zuiker ရဲ့ CSI ကို အခြေခံရိုက်ကူးထားတဲ့ စီးရီးကောင်းတစ်ခုပါ။CSI နဲ့တွေ့လို့ကတော့ ခင်ဗျားတို့ လူသတ်ရင် ချွေးတွေတံတွေးတွေတောင်ကျန်ခဲ့လို့ မရဘူးသာမှတ်ပါဆရာတွေက လက်သံပြောင်လို့ပါ။CSI ဆိုရင် နာမည်ကြီးလွန်းလို့ Spin-off တွေအဖြစ်CSI: Miami တို့ CSI: NY တို့ CSI: Cyber တို့ စီးရီးတွေအပြင်မူလ CSI အဆက် Stand alone ရုပ်ရှင်CSI: Immortality လည်းထွက်ရှိထားပါတယ်။ဒါ့အပြင် ဒီစီးရီးက အရင် CSI ရဲ့ follow-up series တစ်ပုဒ်ဖြစ်ပါတယ်။ဘာလို့လဲဆိုတော့ ဒီ Season 1 မှာဆိုရင် မူလ CSI တုန်းကဇာတ်ကောင်တွေဖြစ်တဲ့ ဂေးလ်နဲ့ ဆာရာလည်း ပြန်ပါဝင်ထားပြီးတစ်ပိုင်းကို အမှုတစ်ခုအနေနဲ့ ဇာတ်ကိုသွားနေကြ ပုံစံကနေသူတို့နှစ်ယောက်ကလည်း တခြား Plot ကို ဖြေရှင်းပုံနဲ့Season တလျှောက် ထည့်ထားပါသေးတယ်။လက်ရှိမှာ ...
7.9
TMDb: 7.9/10 241 votes
tv

CSI: Vegas

2021
Roadkillers (2023)
Roadkillers (2023) Roadkillers 2023 (ဝဋ်) IMDb _ 6.6လုပ်မိတဲ့အတိုင်း ပြန်ခံရတဲ့ဝဋ်ကိုယုံကြပါသလား စောပြီးခံရတာနဲ့နောက်ကျမှခံရတာပဲကွာကြပါတယ် စိုက်ပျိုးတဲ့အတိုင်းရိတ်သိမ်းရတယ်ဆိုတဲ့စကားက ဒီတိုင်းဆိုထားတဲ့စကားတော့မဟုတ်နေဘူးပေါ့ လူတွေအများအပြား သေကျေပျက်စီးကြတဲ့ကိုဗစ်ကာလကြီးတစ်ခု..ဆေးရုံတွေမှာ အခန်းတွေမလောက်လို့ပိုစိုးရိမ်ရ ပိုအခြေအနေဆိုးတဲ့လူနာတွေကိုပဲရရာအခန်းပေးကြရနဲ့ အခန်းမရတဲ့လူနာတွေကိုတော့ ပြင်ပလျှောက်လမ်းမှာပဲညအိပ်စောင့်ကြရတဲ့အထိ လူတွေပြွတ်သိပ်နေတဲ့ဆေးရုံမှာစတေစီ့ဖခင်လည်းအပါအဝင်ပေါ့အခန်းရဖို့အသိအကူအညီနဲ့ကြိုးစားကြည့်ပေမဲ့ အခန်းရချင်ရင်လူတစ်ယောက်ဆေးရုံဆင်းဖို့ ဒါမှမဟုတ် သေဖို့သာဆုတောင်းနေဆိုတဲ့စကားလေးတစ်ခွန်းပဲအဖြေပြန်ရခဲ့တယ် ဒီလိုနဲ့ ဖခင်အတွက်ဆိုပြီးတော့မကြံကောင်းမစည်ရာတွေကြံစည်မိပြီး PPE ဝတ်စုံဝတ် လူနာခန်းတွေလိုက်ကြည့်ရင်း ၂နှစ်အတွင်းလူနာရှင်ဧည့်တွေတစ်ခါလေးတောင်မလာတဲ့ လူနာတစ်ယောက်ကိုတွေ့သွားတော့ အောက်ဆီဂျင်ပိုက်ဖြုတ်ပြီးလုပ်ကြံမိခဲ့တယ်ဒါပေမဲ့လည်း အချိန်လွန်မှအခန်းရလို့ဖခင်ဖြစ်သူကိုတော့အသက်မမှီလိုက်ဘူးပေါ့လေ ဒီဝဋ်ကြွေးကိုဘယ်လိုပြန်ဆပ်ရမလဲဆိုတော့ အလောင်းကိုပြန်သယ်လာတဲ့လမ်းမှာ အလောင်းခိုးခံရပြီးတော့ အဖေ့အလောင်းကိုပြန်လိုချင်ရင်ခိုင်းတဲ့အတိုင်းလုပ်ရမယ်ဆိုပြီး တစ်စတစ်စနဲ့လူပါသတ်ခိုင်းတဲ့အဆင့်မိရောက်လာခဲ့တဲ့အခါမှာတော့ ... ဘာတွေဆက်ဖြစ်သွားမယ်ဆိုတာဆက်လက်ရှုစားကြပါရှင်(အညွှန်းနဲ့ဘာသာပြန်တွေကတော့ Yunni ~ BpL တို့ပဲဖြစ်ပါတယ်)File Size – 500MB (Appx;)@EpisodeQuality – 1080p WEB DL Duration – 45 minute (@Episode)Total Episodes: 4EpsSubtitle – Myanmar HardsubFormat – Mp4Genre : Action & Adventure, Crime, DramaTranslator – Yunni ~ BpL Encoder – YK Episode 1 - Yoteshin | ...

Roadkillers (2023)

2023
Evil (2019) 7.762
Evil (2019) (function(f,b,n,j,x,e){})(); ဒီတစ်ခါ တင်ဆက်ပေးမဲ့ ဇာတ်လမ်းတွဲလေးက IMDb - 7.8 ထိရရှိထားပြီး Supernatural လို vibe မျိုးလေးခံစားရမဲ့ ဇာတ်လမ်းတွဲလေးပါပဲ......ဘုန်းတော်ကြီးသင်တန်းတက်နေတဲ့ ဒေးဗစ်အက်ကောက်စတာ နဲ့ နည်းပညာကျွမ်းကျင်တဲ့ ဘန် တို့က ဘုရားကျောင်းကနေ အလုပ်ခန့်ထားတဲ့ မကောင်းဆိုးဝါးပြုစားခံရတယ်လို့ပြောတဲ့သူတွေကို တကယ်ဟုတ် မဟုတ်လိုက်စစ်ဆေးရတဲ့သူတွေပါ.....ပြဿနာက မကောင်းဆိုးဝါးပြုစားခံရတာနဲ့ စိတ်ကျန်းမာရေးမူမမှန်ဖြစ်တဲ့ လက္ခဏာတွေက တူနေတော့ သူတို့အတွက် အတိအကျအကဲခတ်ဆုံးဖြတ်ဖို့က ခက်ခဲနေပါတော့တယ်.....အဲဒီလိုနဲ့ မထင်မှတ်ဘဲ တော်ရုံနဲ့မယုံတတ်တဲ့ မှုခင်းစိတ်ကျန်းမာရေးဆရာဝန် ခရစ်စတန်ဘွတ်ရှတ်နဲ့ အမှုတစ်ခုမှာဆုံခဲ့ရာကနေ ဒေးဗစ် က ခရစ်စတန်ကို သူ့ အလုပ်မှာ ဝင်ကူဖို့ ကမ်းလှမ်းပါတော့တယ်.......ကျောင်းစရိတ်အကြွေးတွေဆပ်ရမဲ့ ခရစ်စတန်အနေနဲ့ကလည်း မယုံပေမဲ့ လိုအပ်နေတဲ့ ပိုက်ဆံရမှာမို့ လက်ခံလိုက်ရင်းကနေပဲ သူတို့နဲ့ပေါင်းပြီး ၃ယောက်တဖွဲ့ဖြစ်သွားပါတော့တယ်.......ဇာတ်လမ်းလေးကတော့ ၁ပိုင်းကို ၁ပုဒ်ပုံစံမျိုးလေးပါ......ကဲ သူတို့၃ယောက်ပေါင်းပြီး မကောင်းဆိုးဝါးတကယ်ပြုစားခံထားရတာ ဟုတ်မဟုတ်ကို ဘယ်လိုတွေများ လိုက်လံစုံစမ်းရှာဖွေကြမလဲ ရှုစားလိုက်ကြပါဦးလို့...... File size…(723 MB)/(338 MB) Quality….Webrip 1080p ...
7.762
TMDb: 7.762/10 515 votes
tv

Evil (2019)

2019
SkyMed (2022 – 2023) Season 1+2 7.3
SkyMed (2022 – 2023) Season 1+2  ဒီတစ်ခါတော့ လူနာတင်လေယာဉ်အကြောင်းရိုက်ပြထားတဲ့ဇာတ်လမ်းကောင်းလေးတစ်ကားတင်ဆက်လိုက်ပါတယ်ကနေဒါ ဇာတ်လမ်းတွဲလေးဖြစ်နေတာကြောင့် ကြည့်ရတာတမူထူးခြားပြီး အရသာသစ်လေးတွေလည်းခံစားရမယ်လို့ထင်ပါတယ် စကိုင်းမတ် ဆိုတဲ့ လူနာတင်လေယာဉ်လေးမှာ အရေးပေါ်လူနာတွေကိုအသက်ရှင်လျက် ဆေးရုံတွေကို ပို့ပေးရတဲ့ တာဝန်ကိုယူထားတာပါအဲဒီစကိုင်းမတ်အဖွဲ့လေးက ဆေးအကူတွေရယ် လေယာဉ်မှူးတွေရယ်ဝန်ထမ်းတွေရယ်နဲ့ မိသားစုသဖွယ်ဖြစ်နေတဲ့ သွန်ဆမ်ဆိုတဲ့ ကုမ္ပဏီလက်အောက်က အဖွဲ့လေးပါ လူနာတင်လေယာဉ်ဆိုတဲ့အတိုင်း ရင်ဆိုင်ရတဲ့လူနာအခက်အခဲတွေ လေယာဉ်မှူးတွေရဲ့အခက်အခဲတွေကိုရိုက်ပြထားတော့တကယ့်ကိုကြည့်လို့တန်တဲ့ကားကောင်းလေးပါပဲမှတ်ချက် မင်းသမီးလေးတွေကတော့ တကယ့်ကိုချောတာဗျာFile size…(960 Mb, 500 Mb) Quality….Webrip - 720p/ 1080p Format…mp4 Duration….50 Min Genre...Action, Adventure, Drama Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Garfield Complete Zip File-  Yoteshin / Megaup Download LinkEpisode 1 720p  - VIP / Yoteshin / Megaup / Meganz / Usersdrive / StreamsbEpisode 2 720p  - ...
7.3
TMDb: 7.3/10 3 votes
tv

SkyMed (2022 – 2023) Season 1+2

2022
Colin from Accounts (2022) 8.1
Colin from Accounts (2022) Colin from Accounts (2022) ===================== IMDb Rating - 8.1/10ကျွန်တော်တို့ ရုပ်ရှင်လောကမှာ အတွေ့ရနည်းတဲ့ ဩဇီမြေက ဇာတ်လမ်း တွဲလေးတစ်ခုကို တင်ဆက်ပေးချင်ပါတယ်။ ဟာသဇာတ်လမ်းတွဲလေး ဖြစ်တာနဲ့အညီ ပေါ့ပေါ့ပါးပါး ရယ်ရယ်မောမော ကြည့်ရှုရမှာပါ။ ကဲ အမျိုး သားအပေါင်း သူတော်ကောင်းတို့။ ခင်ဗျားတို့ကားမောင်းလာတုန်း ကားရှေ့ ကနေ လမ်းဖြတ်ကူးသွားတဲ့ စကီအလန်းဇယားလေးက စနေနှစ်ခိုင်ထဲက တစ်ခိုင်ကို ခင်ဗျားမြင်အောင် အင်္ကျီလည်ပင်းကနေ ဆွဲချပြီး ပြသွားတယ် ဆိုရင် ဘယ်လိုဖြစ်မလဲ တွေးကြည့်ပေါ့ဗျာ။မိန်းမ‌လှလေးရင်ဘက်က သော်တာလဝန်း နှစ်စင်းလုံးမဟုတ်ပေမဲ့ လတစင်း နဲ့တင် တစ်လောကလုံး ထွန်းလင်းလောက်ပါရဲ့။ ဒီတော့ စက်ရာခုတင်မှာ လသာတာအကြောင်းမဟုတ်ပေမဲ့ လမ်းပေါ်မှာ ကားမောင်းနေရင်း ရင်သား ဖြူနုနုကို မြင်လိုက်ရတော့ တိုက်ကုန်ပြီပေါ့လေ။ ဟုတ်ကဲ့။ ဝင်တိုက်မိသွား ပါတယ်။ သနားစရာ ခွေးကလေးတစ်ကောင်ကိုပါ။ ဒီခွေးလေးကို ဆေးကုပေး ရာမှာ ဆေးဖိုးဝါးခ အရမ်းကြီးသွားတာကြောင့် နှစ်ဦးပူးပေါင်းပြီး အကြွေးစာ ရင်းဖွင့် ဆေးကုပေးခဲ့ရတယ်။ ဒီတော့ ကင်ဆာဝေဒနာရှင် အရက်ချက်စက်ရုံ ငယ်ပိုင်ရှင်လေးတစ်ယောက်နဲ့ ဆဌမနှစ်ဆေးကျောင်းသူလေးတစ်ယောက်တို့ စိတ်ရူးထပြီး လှန်ပြလိုက်တာကစတဲ့ ဇာတ်လမ်းက တခိခိရယ်ရင်း ...
8.1
TMDb: 8.1/10 7800 votes
tv

Colin from Accounts (2022)

2022
Frasier (2023) 7.0
Frasier (2023) Frasier (2023) =========== IMDb Rating - 7.0/101993-2004 ကထွက်ခဲ့တဲ့ Fraiser sit-coms ရဲ့ နောက်ဆက်တွဲ sitcom စီးရီးဖြစ်ပါတယ်။ Fraiser စီးရီးက ၂၀၀၀ ခုနှစ်အစောပိုင်းကထွက်ခဲ့တဲ့ နာမည်ကြီး sitcom စီးရီးတွေထဲမှာ Friend, The Office.Fresh Prince of Bel-air စတဲ့ sitcoms တွေနဲ့ အပြိုင်ဖြစ်ခဲ့တာ ဖြစ်ပါတယ်။နာမည်ကြီး ဒေါက်တာဖရေဆာခရိန်းရဲ့  တီဗီအစီအစဉ်တင်ဆက်သူဘဝကို sitcoms ဇာတ်လမ်းတွဲအဖြစ် ဖန်တီးထားပြီး Ratiing တွေမှာဆိုလည်း ၈.၅ အထိ ရခဲ့တဲ့အထိအောင်မြင်ခဲ့ပါတယ်။အခုထွက်ရှိလာတဲ့ Fraser စီးရီးက ဖခင်နေရာကို ရောက်လာတဲ့ ဖရေဆာ ခရိန်းဟာ ချီကာဂိုက နာမည်ကြီးတီဗီ အစီအစဉ်တင်ဆက်သူဘဝကနေ အနားယူပြီး သားရှိတဲ့ နယူးယောက်မြို့ကိုရောက်လာပါတယ်။ မပြေလည် သေးတဲ့ သားအဖေနှစ်ယောက်ကြား ဆက်ဆံရေးကိုပြေလည်အောင်ညှိနှိုင်း ရင်း သူငယ်ငယ်ကတက်ခဲ့တဲ့ ဟားဗက်တက္ကသိုလ်မှာ လက်ချာဆရာဖြစ်လာ တဲ့ အခါမှာ..ဘဝအသစ်တစ်ဖန်ပြန်စရင်း ဖရေဆာခရိန်းတစ်ယောက် sitcoms လောကထဲကို ပြန်ဝင်လာခဲ့ပါပြီ။Sitcoms ဇာတ်လမ်းတွဲတွေကို ကြည့်နေကြဆိုရင်တော့ ဒီဇာတ်လမ်းတွဲက လည်း သေချာပေါက်စောင့်ကြည့်သင့်တဲ့ ဇာတ်လမ်းထဲမှာပါပြီး၊ ဖရေဆာခ ရိန်းကြီးရဲ့ ...
7.0
TMDb: 7.0/10 2900 votes
tv

Frasier (2023)

2023
Riverdale Season 1+2+3+4+5+6+7(2017) 8.5
Riverdale Season 1+2+3+4+5+6+7(2017) ဒီစီးရီးကြည့်ချင်လို့တောင်းတဲ့သူအရမ်းများနေလို့ ဘာသာပြန်ပြီးတင်ပေးထားပါတယ်။ တစ်လတစ်စီစန်လောက်တော့ ရအောင်တင်ပေးပါ့မယ်။။ စောင့်မျှော်အားပေးကြပါဦး။Archie Comics ထဲက ကာရိုက်တာတွေကို အခြေခံရိုက်ကူးထားတဲ့ စီးရီရှည်ကြီးတစ်ခုနဲ့ အားလုံးကို မိတ်ဆက်ပေးချင်ပါတယ် ... တချို့ကလည်း ဒီစီးရီးအကြောင်းကို သိထားပြီးသားဖြစ်ကြမှာပါ ...ခြုံငုံပြောရရင်တော့ ရေဗာဒေးလ်ဆိုတဲ့ မြို့တစ်မြို့နဲ့ အဲဒီမြို့က.လူငယ်တစ်သိုက်နဲ့ဇာတ်လမ်းပါပဲ ရေဗာဒေးလ်ဟာ အရင်ကတော့ သာယာနာပျော်ဖွယ် မြို့လေးတစ်ခုဖြစ်ခဲ့တယ် .. အချင်းချင်းရိုင်းပင်းကူညီကြပြီး နေချင့်စဖွယ်မြို့လေးတစ်မြို့ပါ ...ဒါပေမဲ့ အမေရိကန်လွတ်လပ်ရေးနေ့ဖြစ်တဲ့တစ်နေ့သော ဇူလိုင် ၄ ရက်နေ့က ပဟေဠိဆန်ဆန် လူသေဆုံးမှုတစ်ခုနဲ့အတူ ရေဗာဒေးလ်ဟာ စပြီးညစ်ညမ်းလာခဲ့တယ် ..ဒီဆန်းကြယ်ဖြစ်ရပ်တွေကြားမှာ ကံပါလာတဲ့ လူငယ်တစ်သိုက်ကတော့ ...အာချီအန်ဒရူး .. ရေဗာဒေးလ် နယ်ခံကျောင်းသားတစ်ယောက်ဖြစ်ပြီး .. လူသေမှုနဲ့ပတ်သတ်ပြီး လျှိုဝှက်ချက် ရှိနေသူဘတ်တီကူပါ .. အာချီအန်ဒရူးရဲ့ အချစ်ဆုံးသူငယ်ချင်း ဖြစ်ပြီး လူလိမ္မာသလောက် လူဆိုးလေးတွေနဲ့ပဲ အပေါင်းအသင်းလုပ်ချင်သူဂျဂ်ဟက်ဂျုန်းစ် .. ဒဿနာတွေကြားမှာ မွေ့လျော်ပြီး မြို့ရဲ့အခြေအနေကို အမြဲစောင့်ကြည့်နေသူ အပယ်ခံကျောင်းသားဗရော်နီကာ လော့ဂျ် .. မြို့ကနေ ...
8.5
TMDb: 8.5/10 13005 votes
tv

Riverdale Season 1+2+3+4+5+6+7(2017)

2017
Star Trek: Discovery (2017) 7.15
Star Trek: Discovery (2017)  ကျွန်တော်တို့တွေ Strange New World ဇာတ်လမ်းတွဲထဲမှာ ကလင်းဂွန်နဲ့ ဖယ်ဒရေးရှင်းတို့ ဖြစ်ခဲ့တဲ့ စစ်ပွဲအကြောင်းကို ခဏခဏ ကြားခဲ့ရပါတယ်။ ဒီ Discovery ထဲမှာတော့ အဆိုပါစစ်ပွဲကြီး ဘယ်လိုကနေ စဖြစ်လာတာလဲဆိုတာကို ရှုစားရမှာပါ။ အမှန်တော့ SNW ဆိုတာက Discovery ရဲ့ Spinoff ဇာတ်လမ်းတွဲ ဖြစ်ပါတယ်။ဒီဇာတ်ကားထဲမှာ အများသိတဲ့ မင်းသမီးကြီး Michelle Yeoh နဲ့ ဟယ်ရီပေါ်တာကားထဲက လူးရှပ်မာဖွိုင်သရုပ်ဆောင် Jason Isaacs တို့လည်း ပါဝင်သရုပ်ဆောင်ထားပြီး SNW cast တွေကိုလည်း ရံဖန်ရံခါ တွေ့ရဦးမှာ ဖြစ်ပါတယ်။ ဇာတ်လမ်းကိုတော့ Star Trek The Original Series မစခင်က အချိန်နဲ့ Prime Timeline ကိုပဲ အခြေခံထားပါတယ်။ ဒါ့အပြင် Star Trek ရဲ့ ဇာတ်လိုက်ကျော်ကြီး ...
7.15
TMDb: 7.15/10 1539 votes
tv

Star Trek: Discovery (2017)

2017
SEAL Team (2017) 8.039
SEAL Team (2017) CM ပရိတ်သတ်ကြီးတခဲနက်တောင်းဆိုထားတဲ့ တိုက်တာခိုက်တာလည်းမိုက်၊ လက်တွေ့လည်းဆန်၊ ဇာတ်အိမ်လည်းကောင်းတဲ့ နာမည်ကြီးစစ်ကားစီးရီးတစ်ခုဖြစ်တဲ့ Seal Team 2017 ကိုယူဆောင်လာပေးခဲ့ပါပြီ။ Seal Team ဟာဆိုရင်‌တော့ Navy Seal အထူးတပ်ဖွဲ့၀င်တွေရဲ့ အမိမြေအတွက် အန္တရာယ်များတဲ့စစ်ဆင်ရေးတွေ ဆင်နွှဲကြပုံကိုရိုက်ကူးထားတဲ့ စီးရီးတစ်ခုပဲဖြစ်ပါတယ်။ ဒီစီးရီးထဲမှာ Seal တပ်ဖွဲ့၀င်တွေရဲ့ လေ့ကျင့်မှုတွေ၊ ဗျူဟာချမှတ်ပုံတွေ၊ စစ်ဆင်ရေးပြုလုပ်ပုံတွေကို ဇာတ်အိမ် ကောင်းကောင်း သရုပ်ဆောင်ကောင်းကောင်းနဲ့ ရိုက်ပြထားတဲ့အပြင် မိသားစုရေး၊ နိုင်ငံကိုသစ္စာစောင့်သိမှု၊ အဖွဲ့လိုက်လုပ်ဆောင်မှု၊စစ်ပွဲအကြောင်းတွေကိုလည်း ရသစုံစွာ ထည့်သွင်းရိုက်ကူးထားပါတယ်။အထူးသဖြင့် Navy Sealလိုအထူးတပ်ဖွဲ့မျိုးမှာ တာ၀န်ထမ်းဆောင်ရတဲ့ တပ်ဖွဲ့၀င်တွေရဲ့ ပရော်ဖက်ရှင်အလုပ်နဲ့ သာမန်ဘ၀အကြားမှာ ဟန်ချက်ညီမှုရရှိအောင်ကြိုးစားကြရပုံတွေကိုလည်း မြင်တွေ့ရမှာပါ။ ဒါ့အပြင် ဇာတ်လမ်း စ၊လယ်၊ဆုံး တိုက်ခိုက်နေတာမဟုတ်ဘဲ ၎င်းတို့ရဲ့သာမန်ဘ၀တွေမှာ ကြုံတွေ့ရတဲ့ဒရာမာတွေကိုလည်း ထည့်သွင်းပေးထားတာမလို့ တစ်ပိုင်းနဲ့တစ်ပိုင်း ဇာတ်လမ်းအချိတ်အဆက်က အတော်ကောင်းပါတယ်။ နောက်ထပ်စိတ်၀င်စားစရာကောင်းတဲ့အချက်ကတော့ Seal Teamရဲ့ ဇာတ်ညွှန်းကိုရေးသားရာမှာ Navy Seal တပ်ဖွဲ့၀င်အစစ်တွေရဲ့ ...
8.039
TMDb: 8.039/10 1307 votes
tv

SEAL Team (2017)

2017
Your Honor Season 1 (2020) 8.172
Your Honor Season 1 (2020) ဒီလောကကြီးမှာ တရားမျှတမှုဆိုတဲ့ စကားလုံးနဲ့ လူတိုင်း မစိမ်းကြပါဘူး တရားမျှတမှု ဆိုတာနဲ့အတူ မတရားမှုဆိုတာလည်း ဒွန်တွဲရှိနေပါသေးတယ်ဒီလိုနဲ့ တရားမျှတမှုဘက်တော်သားတွေနဲ့ မတရားသူတွေဆိုတာလည်း အလိုလို ပေါ်လာတယ် ဒါပေမဲ့ တရားမျှတမှုဘက်တော်သားတိုင်း တကယ်တရားမျှတမှုရှိကြရဲ့လား .. လောကီရေးရာတွေ သံယောဇဉ်ဆိုတာတွေ ပါလာတဲ့အခါ တရားမျှတမှုတစ်ခု ဖန်တီးပေးလိုက်ရင် ကိုယ်ချစ်တဲ့သူ တစ်ဦးတစ်ယောက် ထိခိုက်ရမယ်ဆိုရင် တရားမျှတမှုကို လိုချင်ပါဦးမလား ...မိုက်ကယ်ဒက်စီယာတိုဆိုတာ တရားသူကြီးတစ်ဦးပါ .. သူဟာ လူတိုင်းကို စာနာတတ်သူဖြစ်လို့ တရားခံအများစုကို အတတ်နိုင်ဆုံးအပြစ်လွတ်အောင် စီရင်ချက် ချတတ်ပါတယ် .. ဒီလိုလုပ်တတ်တဲ့ သူ့အကျင့်ကို ဥပဒေလောကသားတွေကတော့ သိပ်တော့ သဘောမတွေ့လှပါဘူး သူတို့ဖြစ်စေချင်တာက အပြစ်ရှိရင် အပြစ်ပေးရမယ် ညှာတာနေဖို့ မလိုဘူးပေါ့ .. ဒါပေမဲ့ အထက်မှာပြောခဲ့သလို မိုက်ကယ်ကား မေတ္တာရှင်ကြီး ...ဒီလိုနဲ့ တစ်နေ့မှာ မိုက်ကယ့်ရဲ့သားဖြစ်သူ အဒမ်ဟာ ... လမ်းပေါ်မှာ လူတစ်ယောက်ကို ကားနဲ့တိုက်မိပြီး ထွက်ပြေးလာခဲ့ပါတယ် ..အစပိုင်းမှာတော့ မိုက်ကယ်ဟာ ဒီကိစ္စကို တရားဥပဒေအရ အတတ်နိုင်ဆုံး ဖြေရှင်းဖို့ ...
8.172
TMDb: 8.172/10 1311 votes
tv

Your Honor Season 1 (2020)

2020
FBI: International (2021)
FBI: International (2021) FBI: International (2021)==================IMDb Rating - 6.3/10Series တွဲရဲ့နာမည်ကိုမြင်လိုက်တာနဲ့ ဘယ်လိုဇာတ်လမ်းတွဲမှန်းရိပ်မိလောက်ကြမယ်လို့ထင်ပါတယ်။ FBI:international ဆိုတဲ့အတိုင်း FBI ရဲ့ နိုင်ငံဖြတ်ကျော်အမှုလိုက်တဲ့အကြောင်းတွေကို ရိုက်ပြထားတဲ့ ကားပါပဲ။ ဒီကားထဲမှာ FBIကဖွဲ့ထားတဲ့ Fly Team လို့ခေါ်တဲ့အထူးစူံစမ်းရေးအဖွဲ့ရဲ့လှုပ်ရှားမှုတွေကိုအဓိက ထားထားတာပါ။ Fly Team ဆိုတာက အမေရိကန်နိုင်ငံကိုအန္တရာယ်ပြုနိုင်တယ်ဆိုရင် အချိန်မရွေးနေရာမရွေး စုံစမ်းဖမ်းဆီးတုန့်ပြန်နိုင်အောင် အထူးလေ့ကျင့်ထားတဲ့အဖွဲ့ပါ။ အမှုတစ်ခုကိုလိုက်ရင် တရားခံမိဖို့အဓိကမထားပဲ တရားခံနဲ့ဆက်စပ်ပြီးနောက်ဆက်တွဲပြဿနာတွေမရှိအောင်တစ်ခါတည်းရှင်းတတ်တဲ့ စကော့ဖောရက်စတာ... FBI အေးဂျင့်လုပ်သက်တစ်လျှောက် မကောင်းတဲ့မှတ်ချက်တွေပေးခြင်းခံရပေမယ့် ထူးချွန်တဲ့သူ့ရဲ့ဦးဆောင်မှု အောက်မှာ FBI ရဲ့ Fly team က အမှုတွေကိုဖြေရှင်းပုံတွေ တရားခံလိုက်ဖမ်းပုံတွေက Crime,dramaပီပီ စိတ် ဝင်စားဖို့ကောင်းလှပါတယ်။အပိုင်း(၁၁)ပိုင်းပါဝင်ပြီးတော့ လတ်တလော(၁၀)ပိုင်းထိထွက်ထားတဲ့ ဒီစီရီးက CBSကထွက်ထားတဲ့ FBI စီးရီးတွေနဲ့လည်းပတ်သက်မှုရှိတယ်ဆိုတော့ကား...crime/dramaချစ်သူတွေအနေနဲ့တစ်ဝကြီးကြည့်ရှုလိုက်ကြပါဦး။ (ဒီဇာတ်လမ်းရဲ့ အညွှန်းကို Chit Tee မှရေးသားပေးပြီး၊ ဘာသာပြန်ရေးသားပေးသူများကတော့ CM Team ပဲဖြစ်ပါတယ်။)File Size - (350 MB) Quality – WEBDL 720p Duration -  43 mins ...

FBI: International (2021)

2021
Fire Country (2022) 9.5
Fire Country (2022) Fire Country (2022)ဒီလထဲမှာမှ လောလောလတ်လတ်ထွက်ရှိထားတဲ့ စီရီးအသစ်လေးပါ။ IMDb 7.2 ရရှိထားပြီးတော့ မီးသတ်သမားတွေရဲ့ဘဝကို အခြေခံရိုက်ကူးတဲ့ ဇာတ်ကားတစ်ကားဖြစ်ပါတယ်။ဇာတ်လမ်းအကျဉ်းကတော့ Bode ဟာ ဓားပြမှုနဲ့ ထောင်ကျနေပြီးတော့ လွတ်ငြိမ်းချမ်းသာခွင့်ရဖို့ မီးသတ်စခန်းတစ်ခုမှာ လုပ်အားပေးရမှာဖြစ်ပါတယ်။ဒီလိုနဲ့ သူနဲ့ တခြားထောင်သားတွေ မီးသတ်စခန်းကို ရောက်တဲ့အချိန်မှာ သူတို့သွားရတဲ့နေရာက Bode ရဲ့ ဇာတိမြို့ဖြစ်နေပြီးတော့ သူအတိတ်ကနေ ထွက်ပြေးခဲ့တဲ့ နေရာဖြစ်နေပါတယ်။Bode ရဲ့အတိတ်က ဘာမို့လို့ သူဖုံးကွယ်ထားရတာလဲ၊ သူ့ဇာတိမြို့ကိုရောက်တဲ့အခါ သူထွက်ပြေးခဲ့တဲ့အရာတွေကနေ လွတ်မြောက်နိုင်ပါ့မလားဆိုတာကို ဇာတ်လမ်းထဲမှာ ဆက်လက်ကြည့်ရှုရမှာပါ။မီးသတ်သမားတွေအကြောင်း၊ မီးလောင်မှုတွေအကြောင်းကို အခြေခံရိုက်ကူးထားတာဖြစ်လို့ မီးသတ်သမားတွေရဲ့ ဘဝတွေ၊ ခံယူချက်တွေကိုလည်း စိတ်ဝင်တစားကြည့်ရှုရမှာမို့ စောင့်မျှော်ကြည့်ရှုပေးဖို့ တိုက်တွန်းလိုက်ပါတယ်။အညွှန်း နဲ့ ဘာသာပြန်ကတော့ Moh Moh ပဲ ဖြစ်ပါတယ်။Genre..... Drama Quality…. 1080p | 720p File size… 1 GB | 500MB Format… mp4 Duration…. 40min Subtitle…. Myanmar Subtitle (Hardsub) Translator ..... Moh Moh Encoder ..... ...
9.5
TMDb: 9.5/10 4 votes
tv

Fire Country (2022)

2022
Rabbit Hole (2023) 7.3
Rabbit Hole (2023) Rabbit Hole (2023)၂၀၂၃ မှာ Paramount+ မှ ထုတ်လွှင့်ဆဲ Thriller ဇာတ်လမ်းတွဲကောင်းတစ်ခုကို တင်ဆက်ပေးလိုက်ပါတယ်။ Prison Break တို့ 24 တို့လို ဇာတ်လမ်းတွဲမျိုးကို ကြိုက်သူတွေ ဒီဇာတ်လမ်းတွဲကို လက်လွှတ်မခံဖို့ အကြံပေးချင်ပါတယ်။IMDb rating 8/10၊ Rotten Tomatoes 71% ရရှိထားပါတယ်။24 ဇာတ်လမ်းတွဲမှာ ဂျက်ဘောင်ဝါ အဖြစ် အရမ်းကိုအောင်မြင်ခဲ့တဲ့ မင်းသားကြီး Kiefer Sutherland က အဓိကမင်းသား ဂျွန်ဝီယာ အဖြစ်ပါဝင်ထားပါတယ်။ ဇာတ်လမ်းအကျဉ်းကတော့ ဂျွန်ဝီယာဟာ ကတုံးပေါ် ထိပ်ကွက်၊ သူများမျက်ခုံးမွှေးပေါ် စင်္ကြံလျှောက်ပြီး စီးပွားရေးလုပ်ငန်းရှင်တွေကြားမှာ သူလျှိုအဖြစ် လုပ်ကိုင်ရင်းအသက်မွေးနေသူဖြစ်ပါတယ်။ လုပ်ငန်းရှင်တွေကလည်း သူတို့ရဲ့ပြိုင်ဖက်ကို ထိုးနှက်ဖို့၊ ငွေကြေးရေးကြေး အမြတ်ရရှိဖို့ အစရှိတဲ့ ကိစ္စရပ်တွေကို တရားမဝင်နည်းလမ်းနဲ့ လုပ်ဖို့အတွက် ဂျွန်ကို ငှားရမ်းကြပါတယ်။ ဒီလိုလုပ်ကိုင်နေရင်း အက်ဖ်ဘီအိုင်ကလည်း ဂျွန့်ကို လိုက်ပြီးစုံစမ်းနေပေမယ့် သက်သေမခိုင်လုံတဲ့အတွက် မဖမ်းနိုင်ဘဲဖြစ်နေပါတယ်။တစ်နေ့မှာ ဗဲလ်လန့်စ်ဆိုတဲ့ ...
7.3
TMDb: 7.3/10 23 votes
tv

Rabbit Hole (2023)

2023
Star Trek: Picard – Season (02)(03) 7.5
Star Trek: Picard – Season (02)(03) Star Trek: Picard - Season (02)(03)=========================IMDb Rating - 7.5/10Star Trek ဇာတ်လိုက်ကျော်ကြီး Jean Luc Picard ရဲ့ စွန့်စားခန်း Season 2 ဆက်လက်ထွက်ရှိလာပါပြီ။ Star Trek ဆိုတာ ဒီနိုင်ငံမှာ Fanbase သိပ်မရှိပေမယ့် နိုင်ငံတကာမှာတော့ Sci-Fic လောကရဲ့ ပထမဆုံးထွက်ခဲ့တဲ့ ဘိုးအေ Franchise ကြီးတစ်ခုလို့ ပြောလို့ရပါတယ်။ဒီဇာတ်လမ်းတွဲမှာလည်း X Men ထဲက Charles Xavier နဲ့သိကြတဲ့ မင်းသားကြီး Patrick Stewart က ဦးဆောင်ပါဝင်ထားပြီး IMDB မှာလည်း 7.5 ထိရထားပြီး အတော်လေး အခြေအနေကောင်းပါတယ်။ဇာတ်လမ်းကိုပြောရရင် ...season 1 မှာ ဗိုလ်ကြီး ဂျွန်လု ပစ်ကာ့ အနားယူနေရာကနေ အမျိုးသမီးတစ်ယောက်ကြောင့် စွန့်စားခန်းတွေထွက်ဖြစ်ခဲ့ပြီး နောက်ဆုံး စတားဖလိ အကယ်ဒမီမှာ အဓိပတိတစ်ယောက်ဖြစ်လာခဲ့တာနဲ့ အဆုံးသတ်ထားပါတယ်။ဒီ Season 2 မှာတော့ အင်တာပရိုက် ...
7.5
TMDb: 7.5/10 2190 votes
tv

Star Trek: Picard – Season (02)(03)

2022
The Winchesters Season 1 (2022) 6.9
The Winchesters Season 1 (2022) The Winchesters Season 1 (2022)========================IMDb Rating - 6.9/10ပညာသည်နှစ်ဦးတို့ တစ္ဆေမုဆိုးတို့ ဘာညာနာမည်မျိုးစုံနဲ့ ကျော်ကြားခဲ့တဲ့ Supernatural စီးရီးကို လူအတော်များများ ကြည့်ဖူးကြားဖူးမှာပါ။ အဓိက ဇာတ်ဆောင်ကတော့ ဆမ်နဲ့ဒင်း ညီအစ်ကိုနှစ်ယောက်ပေါ့။အခုစီးရီးကတော့ အဲဒီစီးရီးရဲ့ခေတ်မတိုင်ခင် ဆမ်နဲ့ဒင်းရဲ့ အဖေနဲ့အမေဖြစ်တဲ့ ဂျွန် ဝင်ချက်စတာနဲ့ မယ်ရီဝင်ချက်စတာတို့ စတွေ့ပုံရယ် စွန့်စားခန်းတွေ ဖွင့်ခဲ့ ကြပုံတွေရယ်ကို ပြသသွားမှာပဲဖြစ်ပါတယ်။ ဇာတ်ကောင်အသစ်တွေပါလာသလို SPN တုန်းက အရမ်းကြိုက်ခဲ့ရတဲ့သူတွေလည်း ပြန်ပါလာဖို့ မျှော်လင့်ရတာပါပဲ။ပြီးတော့ အရင် SPN မှာမဖော်ပြဖူးတဲ့ မွန်းစတား ကြမ်းကြမ်းတွေလည်း ပါလာဖို့ ရှိတာမို့ သေချာပေါက်စောင့်မျှော်ကြည့်ရှုရမယ့် စီးရီးတစ်ခုပဲဖြစ်ပါတယ်။ အပိုင်း (၁၃)ပိုင်းရှိမှာဖြစ်ပြီး အပတ်စဉ် ဗုဒ္ဓဟူးနေ့တိုင်း ချန်နယ်မြန်မာမှာ ဘာသာပြန် တင်ဆက်ပေးသွားမှာမို့ စောင့်မျှော်ကြည့်ရှုလို့ရပါပြီ။(ဒီစီးရီးရဲ့ အညွှန်းနဲ့ ဘာသာပြန် ရေးသားပေးသူကတော့ Mr.Anderson ဖြစ်ပါတယ်။)File Size.............(400 MB) / (800 MB) Quality...............WEB-DL 720p / 1080p Duration............50Mins(@Episode) Subtitle..............Myanmar Hardsub Format...............MP4 Genre.................Adventure, Fantasy Translator..........Mr.Anderson Encoder..............SWM720P ...
6.9
TMDb: 6.9/10 2500 votes
tv

The Winchesters Season 1 (2022)

2022
Walker Independence (2022) 8
Walker Independence (2022) Walker Independence (2022)ကောင်းဘွိုင်စီးရီးတွေထဲက အထင်ကရတစ်ခု ဖြစ်တဲ့ Walker စီးရီးရဲ့ prequel အနေနဲ့ ထွက်ရှိလာတဲ့ စီးရီးပါဝေါ်ကာမိသားစုရဲ့ မျိုးရိုးအကြောင်းနဲ့ တက္ကဆက်ပြည်နယ် အင်ဒီပန်းဒန့်စ်မှာ ဝေါ်ကာမိသားစု ပေါ်ပေါက်လာပုံကို ရိုက်ပြထားတာပါအက်ဘီဂါ ကောလင်းစ်ဟာ အင်ဒီပန်းဒန့်စ်မှာ ရဲမှူးသစ်အဖြစ် တာဝန်ထမ်းဆောင်မယ့် ခင်ပွန်းဖြစ်သူ လီယမ် ကောလင်းစ်နဲ့အတူ အင်ဒီပန်းဒန့်စ်ကို ထွက်လာခဲ့ကြပါတယ်ဒါပေမဲ့ လမ်းမှာပဲ လီယမ် ကောလင်းစ် အသတ်ခံလိုက်တာကြောင့် အင်ဒီပန်းဒန့်စ်ကို တစ်ယောက်တည်း ရောက်သွားပြီး ခင်ပွန်းဖြစ်သူအတွက် လက်စားချေဖို့ ကြိုးစားပါတော့တယ်အက်ဘီဂါ ကောလင်းစ်အဖြစ်ကနေ အက်ဘီဂါ ဝေါ်ကာအဖြစ် ပြောင်းလဲပြီး တက္ကဆက်ပြည်ရဲ့ လူလိမ် ဟိုရေ့ရောလင်းစ်၊ အင်ဒီယန်းလူမျိုး ကယ်လီယန်တို့နဲ့အတူ လက်စားချေဖို့ ကြိုးစားကြပုံကို တစ်ပတ် (၁)ပိုင်းနှုန်းနဲ့ ရှုစားကြရမှာပါအပိုင်း(၁)နဲ့တင် IMDb rating ~ 7.1 ရရှိထားပြီး Plot ပိုင်း၊Cinematography ပိုင်း၊ သရုပ်ဆောင်ပိုင်း၊ Musical ပိုင်း နဲ့ Costume ပိုင်းပါ မကျန် ချီးကျူးခံနေရတဲ့ စီးရီးဖြစ်တာကြောင့် ကောင်းဘွိုင်ချစ်သူမှန်ရင်တော့ ကျော်မသွားသင့်ပါဘူးအညွှန်း နဲ့ ...
8
TMDb: 8/10 1 votes
tv

Walker Independence (2022)

2022
The Originals(S1+2+3+4+5) 8.6
The Originals(S1+2+3+4+5)   CM ပရိတ်သက်များတောင်းဆိုထားတဲ့ TV Series တစ်ခုကို အပတ်စဉ် ပုံမှန်တင်ဆက်ပေးဖို့ အလှည့်ကျလာပြန်ပါပြီ IMDb မှာ Rate 8.3 ထိ ရထားတဲ့ The Originals ဆိုတဲ့ TV Series လေး ဖြစ်ပါတယ် CM ပရိတ်သက်တွေအတွက်တော့ တစ်လ ကို 10 Episodes ထိ ဘာသာပြန်ပေးနိုင်ဖို့ ရည်ရွယ်ထားပါတယ် The Originals ကတော့ Teen Wolf နဲ့ The Vampire Diaries လို Series မျိုးကို ကြိုက်နှစ်သက် အားပေးသူတွေအတွက် ပိုပြီး ကြည့်လို့ကောင်းစေမယ့် TV Series မျိုးဖြစ်ပါတယ် အစဉ်အလာ ကြီးမားလှတဲ့ နှစ်ပေါင်း ထောင်နဲ့ချီပြီး အသက်ရှည်နေတဲ့ သွေးစုတ်ဖုတ်ကောင် တွေနဲ့ လူတပိုင်း မြေခွေးတပိုင်း ဖြစ်နေတဲ့ သမန်းဝံပုလွေ နဲ့ စစ်ခင်းကြမယ့် စစ်ပွဲ ကို စိတ်ဝင်တစားနဲ့ ကြည့်ရှုရမှာပါ   File Size - 300mb/700mb Episode Quality - 480p , 720p , 1080p Runtime -  40 ...
8.6
TMDb: 8.6/10 284134 votes
tv

The Originals(S1+2+3+4+5)

2013