Channel Myanmar

Emmay Entertainment

Mumbai Diaries (2023) Season 2 6.357
Mumbai Diaries (2023) Season 2 Mumbai Diaries Season 2 (2023) IMDb - 8.6/10ပထမတွဲမှာ 26/11ကအဖြစ်အပျက်ကို ဇာတ်အိမ်တည်ထားခဲ့တဲ့ မွမ်ဘိုင်း ဒိုင်ယာရီဟာ ဒုတိယတွဲမှာ မှာတော့ 2005ခုနှစ်က မွမ်ဘိုင်းရေကြီးမှုကို အခြေခံထားပါတယ်။ နိုဝင်ဘာလ ၁၆ရက်နေ့အဖြစ်ဆိုးကြီးအပြီး နောက်ခြောက်လကြာတဲ့အချိန်ဆီကစပါတယ်။"ငါတို့က ဆရာဝန်တွေ လူ့ခန္ဓာကိုယ်လို့ပဲမြင်တာ ဘယ်လိုလူ ဘာညာခွဲခြားမနေဘူး"26/11 အခင်းဖြစ်တဲ့နေ့မှာ ဒေါက်တာကောရှစ်အိုဘရွိုင်တစ်ယောက် အကြမ်းဖက်သမားတစ်ဦးကို ကူညီပေးခဲ့သူအဖြစ် လူတွေလက်ညှိုးဝိုင်းထိုးတာ ခံနေရပါတယ်။ကွယ်လွန်သူရဲရဲ့ဇနီးကလည်း လူသတ်တရားခံလို့ နာမည်တပ်ပြီး တရားရုံးထိတက်တိုင်ပြီး သတင်းတွေမှာပါ တက်ပြောတဲ့အတွက်ကြောင့် ဒေါက်တာကောရှစ်တစ်ယောက် လူနာအသက်လုရင်း တစ်ဖက်ကလည်း သူ့သိက္ခာအတွက်ပါအချိန်လုတိုက်ပွဲဝင်နေရပါတော့တယ်။ဆေးပစ္စည်းက မစုံမလင်၊ ရေကြီးမှုကြောင့် လိုအပ်တဲ့အရေးပေါ်ပစ္စည်းတွေ အချိန်မီရောက်မလာရတဲ့ထဲ ဝမ်းဖောဝမ်း‌ရောင်ရောဂါနဲ့ ရောက်လာကြတဲ့အရေးပေါ်လူနာတွေ သေနတ်ဒဏ်ရာပေါင်းများစွာနဲ့လူတွေကြားမှာ ဗျာများရင်း ဒေါက်တာကောရှစ်တစ်ယောက် လူနာအသက်ရော မိမိသိက္ခာကိုပါအချိန်မီ ကယ်တင်အဖတ်ဆယ်နိုင်မလားဆိုတာ ရှုစားကြည့်ပါဦး။ အညွှန်းနှင့်ဘာသာပြန်သူတွေကတော့ BpL~ToMo~Yunni~Alex~V~Saii~Thaik San~Zweတို့ပဲဖြစ်ပါတယ်)( CMရဲ့ ဘောလိဝုဒ်ရုပ်ရှင်နဲ့ စီးရီးသစ်တွေကို တယ်လီဂရမ်မှာလဲ တင်ဆက်နေပြီမလို့ ဒီချန်နယ်လေးမှာ ကြည့်ရှုအားပေးလို့ရပါတယ် Tele Link >>https://t.me/cmbollywood )File Size – 850MB / 400MBQuality – ...
6.357
TMDb: 6.357/10 14 votes
tv

Mumbai Diaries (2023) Season 2

2021
Mumbai Diaries (2021) Season 1 6.7
Mumbai Diaries (2021) Season 1 Mumbai Diaries (TV Series)(2021) IMDb-8.6/10အချိန်အတော်ကြာတောင်းဆိုနေကြတဲ့ အကောင်းစားအိန္ဒိယမှုခင်းဒရာမာစီးရီးကို တင်ဆက်ပေးလိုက်ပါတယ်။ 9/11က စက်တင်ဘာလ ၁၁ရက်နေ့မှာ နယူးယောက်က အမွှာမျှော်စင် အကြမ်းဖက်ခံလိုက်ရတဲ့နေ့ပေါ့။ ဒီမွန်ဘိုင်းဒိုင်ယာရီကတော့ 26/11...၊ နိုဝင်ဘာ ၂၆ရက်နေ့ညမှာ မွမ်ဘိုင်းမြို့အကြမ်းဖက်ခံရမှုကို အခြေခံထားပြီး ပြန်လည်ရိုက်ကူးထားတဲ့ စီးရီးပေါ့။Amazon Prime Videoကနေ ၂၀၂၁ခုနစ်မှာ အပိုင်း၈ပိုင်းနဲ့ပထမတွဲထွက်ရှိထားပြီး အခု ၂၀၂၃ခုနစ်မှာ အပိုင်း၈ပိုင်းနဲ့ပဲ ဒုတိယတွဲထပ်မံထုတ်လွှင့်ခဲ့တဲ့အတွက် နှစ်တွဲလုံးကိုဘာသာပြန်တင်ဆက်ပေးလိုက်ပါတယ်။စက်တင်ဘာလထဲတုန်းက ကျွန်တော်တို့ချယ်နယ်မြန်မာကနေ တင်ဆက်ပေးခဲ့ပြီး အကြိုက်တွေ့ခဲ့ကြတဲ့ The Freelancer(2023)နာမည်နဲ့ အက်ရှင်စီးရီးထဲက ဇာတ်လိုက်ကျော်မင်းသားကြီး မိုဟစ်ရိန်နာက ဒီဇာတ်လမ်းတွဲမှာလည်း အဓိကဇာတ်ကောင်အဖြစ်ပါဝင်ထားပါတယ်။အပေါ်မှာပြောခဲ့သလိုပါပဲ မွမ်ဘိုင်းမြို့အကြမ်းဖက်ခံလိုက်ရတယ်။အကြမ်းဖက်သမားတွေ နေရာစုံမှာ ဖောက်ခွဲဖျက်ဆီးနေတာတွေထဲကမှ အဓိကအနေနဲ့ ဘုံဘေအထွေထွေရောဂါကုဆေးရုံကြီးကို အကြမ်းဖက်ခံရတာကို တင်ပြထားပါတယ်။ဆေးရုံထဲမှာရှိနေကြတဲ့ ဆရာဝန်တွေ ရဲတပ်ဖွဲ့ဝင်တွေ အကြမ်းဖက်သမားတွေကို ရင်ဆိုင်ကြရပုံ သူတို့တွေကြားထဲက မိသားစုပြဿနာတွေ သူငယ်ချင်းမိတ်ဆွေတွေကြားထဲက သံယောဇဉ် ချစ်ခြင်းတရားတွေကို ကြည့်မြင်ခံစားကြရမှာပါ။ဆေးရုံမှာတက်နေတဲ့ အမေကြီးပြောတဲ့ ဘာသာတရားတိုင်းဟာ ချစ်ခြင်းမေတ္တာကို အခြေခံပါတယ် လူတစ်ယောက်ကို သူကိုးကွယ်တဲ့ဘာသာနဲ့မဆုံးဖြတ်ပါနဲ့ သားရယ်ဆိုတာကိုတွေ့တော့ My Name Is Khan(2010)ထဲမှာ ဘာသာရေးအထိကရုဏ်းတွေဖြစ်တော့ ရှာရွတ်ခန်းအမေနေရာက ရာဇီယာခန်းပြောတာ သတိရမိတယ်။"တစ်ခုမှတ်ထား သား..လောကမှာ ...
6.7
TMDb: 6.7/10 13 votes
tv

Mumbai Diaries (2021) Season 1

2021
Adhura (2023) 6.2
Adhura (2023) Adhura 2023 (7 Episodes) IMDb 6.7/10သရဲစီးရီးခပ်ကြမ်းကြမ်းတွေကိုမှ ကြိုက်နှစ်သက်သူတွေအတွက် တဝကြီးကြောက်ရမဲ့ စီးရီးအသစ်စက်စက်လေးတင်ဆက်ပေးလိုက်ပါတယ်။ဘယ်လူမျိုး ဘယ်နိင်ငံ ဘယ်ယဉ်ကျေးမှုမှာမဆို ဘူလီလုပ်တတ် အနိုင်ကျင့်တတ်တဲ့သူကတော့ ရှိတတ်ကြတာကို ရုပ်ရှင်ဇာတ်လမ်း သတင်းတွေကတဆင့် ကျွန်မတို့တွေတွေ့မြင်ကြရပါတယ်။ ပတ်ဝန်းကျင်မှာရော ကိုယ်တိုင်ရော ကြုံဖူးကြသူတွေလည်းရှိမှာပါ။ ဘလိုင်းကြီးအနိုင်ကျင့်တဲ့သူတွေဆိုတာက ခပ်ရှားရှားရယ်ပါ။အနိုင်ကျင့်ကြသူတွေဆိုတာက သူတို့မပိုင်ဆိုင်နိုင်တဲ့အရာတွေကိုပိုင်ဆိုင်ထားကြသူတွေကို ဦးတည်တတ်တာမျိုး အိမ်မှာ ဒါမှမဟုတ် သူနေရတဲ့ပတ်ဝန်းကျင်မှာ သူကိုယ်တိုင်က အနိုင်ကျင့်ခံရတတ်တာမျိုးတွေကြောင့်ပဲ သူတို့ကို ဒီလမ်းလျောက်စေတယ်လို့ယူဆမိပါတယ်။ဒီဇာတ်လမ်းလေးထဲမှာလည်း အနိုင်ကျင့်ကြသူတွေကိုမြင်တွေ့ရမှာပါ။ဇာတ်လမ်းအညွှန်း ကျောင်းနောက်ဆုံးနေ့မှာ ထူးဆန်းစွာနဲ့ပျောက်ဆုံးသွားတဲ့ ၁၆နှစ်အရွယ်ကျောင်းသားလေးတစ်ယောက်.. ပျောက်ဆုံးသွားတာ ၁၅နှစ်ကြာတဲ့အထိ ဘယ်ရောက်သွားမှန်း ဘယ်သူမှမသိခဲ့ကြဘူး။ ရှာဖွေကြတော့လည်းဘယ်မှာမှမတွေ့ရဘဲ တစ်ခန်းရပ်ခဲ့လေရဲ့... ၂၀၀၇ခုနှစ်ပညာသင်နှစ်ရဲ့ ကျောင်းသားဟောင်းများ တွေ့ဆုံပွဲ .. အရာရာတစ်စခန်းပြန်ထလာမဲ့နေ့တစ်နေ့..နိုင်ငံရပ်ခြားရောက်နေသူတွေပါပြန်ပေါင်းဆုံတဲ့နေ့ရက်မှာ ထူးဆန်းမှုတွေဟာ ဆက်တိုက်... ချောက်ချားစရာတွေကြား တစ်စတစ်စနဲ့သိလာရတဲ့အမှန်တရားတွေ အမုန်းတရားတွေ ဒီလိုထူးဆန်းမှုတွေနဲ့ ပျောက်ဆုံးနေတဲ့ကျောင်းသားလေးတို့ ဘာတွေဆက်နွယ်နေကြမလဲ ပျောက်ဆုံးမှုနောက်ကွယ်ကအမှန်တရားနဲ့ဆာလောင်နေတဲ့ မကောင်းဆိုးဝါးတစ်ကောင်ရဲ့ခြောက်လှန့်မှုတွေကို တဝကြီးကြည့်ရှုခံစားရမယ့် စီးရီးတခု...... (အညွှန်းနဲ့ ဘာသာပြန်တွေကတော့ Yunni ~BpL~Zwe Yan~Cherry~Sai~V တို့ပဲဖြစ်ပါတယ်File Size – 600MB  / 300MBQuality – 1080p AMZ WEB DL / 720pDuration – ...
6.2
TMDb: 6.2/10 4 votes
tv

Adhura (2023)

2023
Rocket Boys (2022) Season 2 7
Rocket Boys (2022) Season 2 1940-1960 ကာလတွေအတွင်းမှာ ဇာတ်လမ်းတည်ထားတဲ့ Sony LIV ရဲ့ Rocket Boys ဟာ အိန္ဒိယရဲ့ သမိုင်း၀င် သိပ္ပံပညာရှင်ကြီး နှစ်ဦးဖြစ်တဲ့ Homi Bhabha နဲ့ Vikram Sarabai တို့ရဲ့ နျူးကလီးယားနဲ့ အာကာသ သမိုင်းသစ်ရေးထိုးပုံကို ရိုက်ကူးတင်ဆက်ထားတဲ့ အတ္ထုပ္ပတ္တိဆန်ဆန် ဇာတ်လမ်းတွဲလေးပဲ ဖြစ်ပါတယ်ဒီ season 2 မှာကတော့ အိန္ဒိယရဲ့ပထမဆုံး နျူးကလီယားစီမံကိန်းနဲ့ အာကာသသိပ္ပံစီမံကိန်းကို ဗစ်ခရမ်နဲ့ ဟိုမီတို့ ဖော်ဆောင်ခဲ့ကြပြီးနောက် ကြုံတွေ့လာကြရမယ့်အခက်အခဲတွေ သမိုင်းမှတ်ကျောက်တွေကိုအသေးစိတ်ရိုက်ကူးတင်ဆက်ထားပါတယ်။နျူလက်နက်စီမံကိန်းအတွက်လိုအပ်တာ ဘာမှထုတ်မနိုင်သေးတဲ့ အိန္ဒိယရဲ့ထုတ်ကုန်ပြသာနာတွေ စစ်အေး စစ်ပွဲကြီးဖြစ်နေချိန်မှာ အိန္ဒိယရဲ့ နျူ လက်နက်နဲ့အတူနိုင်ငံရေးနေရာတခုရလာမှာကို မလိုလားတဲ့ အမေရိကန်ရဲ့ကွယ်ရာက ဆေးပေးမီးယူ အဖျက်အနှောင့်တွေ ပါကစ္စတန်နဲ့ကက်ရှ်မီးယားဒေသ စစ်ပွဲတွေကြောင့် သံတမန်ရေးစစ်ရေး အရှုပ်တော်ပုံတွေ အိန္ဒိယရဲ့ ရှေးရိုးစွဲနဲ့ သိပ္ပံပညာတို့ရဲ့ အကြားလွန်ဆွဲမှုတွေ ဒီလိုအခြေအနေတွေကြားမှာမှ Homiနဲ့ Vikramတို့ သူတို့ရဲ့တဖြည်းဖြည်းမတူလာတော့တဲ့ပန်းတိုင်တွေကို ဘယ်လိုအကောင်အထည်ဖော်သွားပြီး သမိုင်းသစ်ရေးထိုးသွားကြမလဲဆိုတာကို အသေးစိတ်ကျကျ ဗဟုသုတရမယ့်ဇာတ်လမ်းလေးပဲ ဖြစ်ပါတယ်။အပိုင်း ၈ ပိုင်းရိုက်ကူးထားပြီး တစ်ပိုင်းပြီး တစ်ပိုင်း ဆက်သိချင်ကြည့်ချင်စေမယ့်ဒါရိုက်တာရဲ့ ရိုက်ချက်တွေအပြင်အိန္ဒိယနိုင်ငံရေးတွေ ပညာရှင်တွေရဲ့ personal life နဲ့ အချစ်ရေးအချစ်ရာတွေကိုလည်း ဒရာမာဆန်ဆန်တွေ့မြင်ရမှာဖြစ်လို့ စိတ်ဝင်စားဖွယ် ...
7
TMDb: 7/10 4 votes
tv

Rocket Boys (2022) Season 2

2022
Rocket Boys (2022) Complete 8
Rocket Boys (2022) Complete Rocket Boys (2022)———————————————-1940-1960 ကာလတွေအတွင်းမှာ ဇာတ်လမ်းတည်ထားတဲ့ Sony LIV ရဲ့ Rocket Boys ဟာ အိန္ဒိယရဲ့Scientific Legendကြီး နှစ်ဦးဖြစ်တဲ့ Homi Bhabha နဲ့ Vikram Sarabai တို့ရဲ့ သမိုင်းသစ်ရေးထိုးပုံကိုရိုက်ကူးတင်ဆက်ထားတဲ့ အတ္ထုပ္ပတ္တိဆန်ဆန် ဇာတ်လမ်းတွဲလေးပဲ ဖြစ်ပါတယ်၁၉၄၇ အိန္ဒိယရဲ့ လွတ်လပ်ရေးကာလက အိန္ဒိယတွေကို ဂုဏ်ယူစေခဲ့တဲ့ သိပ္ပံပညာရှင် သုံးယောက်ဟာအခက်အခဲတွေ အတွေးမတူတာတွေ နိုင်ငံရေးဖိအားတွေ စိတ်သဘောထားကွဲလွဲမှုတွေကြားက အိန္ဒိယရဲ့ပထမဆုံး နျူးကလီယားစီမံကိန်းနဲ့ အာကာသသိပ္ပံစီမံကိန်းကို ဖော်ဆောင်ခဲ့ကြတဲ့အကြောင်းအသေးစိတ်ကျကျ ဗဟုသုတရမယ့်ဇာတ်လမ်းလေးပဲ ဖြစ်ပါတယ်အတ္ထုပ္ပတ္တိဆန်ဆန် အပိုင်း ၈ ပ်ိုင်းရိုက်ကူးထားပေမယ့် တစ်ပိုင်းပြီး တစ်ပိုင်းဆက်သိချင်ကြည့်ချင်စေမယ့်ဒါရိုက်တာရဲ့ ရိုက်ချက်တွေအပြင် Scientist တွေရဲ့personal life နဲ့ အချစ်ရေးအချစ်ရာတွေကိုလည်း ဒရာမာဆန်ဆန်တွေ့မြင်ရမှာဖြစ်လ်ု့ ပျင်းစရာမကောင်းစေဘဲ ကြည်နူးဖွယ် စိတ်ဝင်စားဖွယ် ဖြစ်နေမှာပါဒီဇာတ်ကားကို ကြည့်ရင်းဆက်ကြည့်ချင်အောင် ဆွဲဆောင်နိုင်မယ့် အချက်တွေက ဒါတွေတင် မကသေးပါဘူးထိုခေတ်ထိုအခါက ...
8
TMDb: 8/10 1 votes
tv

Rocket Boys (2022) Complete

2022
The Empire (2021) 5.7
The Empire (2021) The Empire (2021)=============== ဒီseriesကတော့ ဒီနေ့မှ စတင်ထုတ်လွှင့်ခဲ့တဲ့ အသစ်စစ်စစ် ဟင်ဒီ နန်းတွင်း ဇာတ်လမ်းရှည် တစ်ခုပါ။ဒီဇာတ်လမ်းတွဲဟာ "Empire Of Moghul"ဆိုတဲ့ ဝတ္ထုဇာတ်လမ်းတွဲကို အခြေခံပြီး ရိုက်ကူးထားတာပါ။ဇာတ်လမ်းအစမှာတော့ ဖာဂန်းနားတိုင်းပြည်ကို အုပ်ချုပ်ခွင့်ပေးဖို့ ရှဲဘာနီခန်ဆိုတဲ့ နယ်စားက အင်အားကြီးမားလာတဲ့အခါ ပုန်ကန်လာတယ်။အဲ့ဒီနန်းတော်မှာလည်း ဘုရင်ကိုယ်တိုင်က ပျော့ညံ့တယ်၊ စိတ်ရင်းကောင်းတယ်။ဒီလို အခြေအနေမျိုးမှာ ရန်သူဖြစ်တဲ့ ရှဲဘာနီခန်ကတော့ အခွင့်ကောင်းယူဖို့ လွယ်ကူသလို ဖြစ်နေခဲ့ပါတယ်။ဒါပေမဲ့ ပျော့ညံ့တဲ့ မင်းကြီးမှာ ထက်မြက်တဲ့ သားတော်တစ်ပါး ရှိလေတယ်။အဲ့ဒီသားတော်ဟာ အခြေအနေ တစ်ခုအရ အရိုက်အရာကို ဆက်ခံဖို့ ဖြစ်လာခဲ့ပြီး ရန်သူတွေကို ဘယ်လိုမျိုး တိုက်မယ်ဆိုတာ..နန်းတွင်းပဋိပက္ခတွေနဲ့ တိုက်ပွဲတွေကို ခံစားကြည့်လိုက်ပါဗျာ။(ဒီဇာတ်လမ်းရဲ့ အညွှန်းကိုရေးသားပေးသူကတော့ Nyi Nyi Koe ဖြစ်ပြီး၊ ဘာသာပြန်ရေးသားပေးသူများကတော့ Myint Thu, Nyi Nyi Koe တိုပဲဖြစ်ပါတယ်။ Quality – 1080p WebRip 5.1CHDuration – 40 mins (@Episode)Subtitle – Myanmar ...
5.7
TMDb: 5.7/10 2300 votes
tv

The Empire (2021)

2021