Channel Myanmar

Endeavor Content

The Lost Flowers of Alice Hart (2023) 8.1
The Lost Flowers of Alice Hart (2023)  Genre – Drama IMDB – 8.1/10 IMDB 8.1 ရရှိထားတဲ့ ၇ ပိုင်း မီနီ ဒရမ်မာစီးရီးကောင်း အသစ်ဖြစ်ပါတယ်။သြစတြေးယား ရှုခင်းအလှအပတွေနဲ့ ဆိုးဝါးတဲ့ ငယ်ဘဝနဲ့ ကောင်မလေးတစ်ယောက်အကြောင်း ပုံဖော်ထားတာလည်း ဖြစ်ပါတယ်။ ဒါ့အပြင် Avator တို့Alien တို့မှာ ပါဝင်သရုပ်ဆောင်ဖူးတဲ့ မင်းသမီးကြီး Sigourney Weaver ကလည်းအားဖြည့်ထားပါသေးတယ်။ ဇာတ်လမ်းလေးကတော့ အဲလစ်စ်ဆိုတဲ့ကောင်မလေးဟာ မိဘဖြစ်သူတွေနဲ့လူသူကင်းဝေးရာမှာ နေထိုင်ပါတယ်။ စာဖတ်ရတာလည်း အလွန်နှစ်ခြိုက်တဲ့ကောင်မလေးပေါ့။ မိခင်ဖြစ်သူကလည်း မောင်လေးလား ညီမလေးလားမွေးပေးတော့မယ့်အချိန်ပါ။ အဖေကလည်း ချစ်တယ်ဆိုပေမဲ့ ချုပ်ချယ်ပြီးလက်ပါတဲ့အထိ ဆုံးမတတ်လို့ တစ်ခါတရံ ပွန်းပဲ့နေတတ်တဲ့ကောင်မလေးမျိုးပေါ့။ဒီလိုနဲ့ တစ်ရက်ကျ သူတို့မိသားစုဘဝ ကံဆိုးမိုးမှောင်ကျပြီး တစ်အိမ်လုံး မီးလောင်ကျွမ်းကာ အမေရော အဖေရော သေဆုံးတဲ့အထိ ဖြစ်ကာ သူကိုယ်တိုင်လည်း မနည်းအသက်ကယ်ထားရတာပါ။ ဒီလိုနဲ့ မွေးစားမယ့်လူမရှိတုန်း သဘောကောင်းသူစာကြည့်တိုက်မှုးက မွေးစားချင်ပေမဲ့ အဖေဖက်က အဖွားဖြစ်သူ ရောက်လာပြီးမွေးစားသွားပါတယ်။ ဒီလိုနဲ့ ...
8.1
TMDb: 8.1/10 16 votes
tv

The Lost Flowers of Alice Hart (2023)

2023
Wayne (2019) Complete 8.309
Wayne (2019) Complete Wayne 2019IMDb - 84 % , RT Rating 100%Now we're talking ရဲ့ Producer , Man Up ! ရဲ့ writer ဖြစ်တဲ့ Shawn Simons ရဲ့ ခပ်ကြမ်းကြမ်း Action Comedy series ကောင်းလေးလာပါပြီ။ One of Us is lying ထဲက မင်းသားချောလေး ( ရှယ်ချောပလန်နဲ့ကိုချောတဲ့ ) Mark McKenna နဲ့ Open season , Ice Age , Penguinsတွေထဲမှာ voice actorအဖြစ် သရုပ်ဆောင်ဖူးတဲ့ မင်းသမီးချောကလေး Ciara Bravoတို့အတူတူပါဝင်သရုပ်ဆောင်ထားပါတယ်။ဝိန်းဆိုတဲ့ကောင်လေးက ၅နှစ်သားအရွယ်ထဲက အမေဖြစ်သူရဲ့စွန့်ပစ်ခြင်းခံရပြီး ကင်ဆာဖြစ်နေတဲ့အဖေဖြစ်သူနဲ့အတူ နေထိုင်နေတဲ့ ကောင်လေးတစ်ယောက်ပါ။ တစ်နေ့မှာ သူ့ဘဝထဲကို ဒယ်လိုင်လာဆိုတဲ့ကောင်မလေးတစ်ယောက်ဝင်ရောက်လို့လာပါတယ်။ ဝိန်းတစ်ယောက် သူ့အဖေဖြစ်သူကင်ဆာနဲ့ဆုံးပါးသွားပြီးနောက်မှာ သူ့အမေယူသွားတဲ့ ...
8.309
TMDb: 8.309/10 324 votes
tv

Wayne (2019) Complete

2019
See (2019) 7.6
See (2019) See Season 1 (2019) အနာဂတ်ကာလတစ်ခုမှာ လူတွေဟာ အမြင်အာရုံပျောက်ကွယ်သွားကြပါပြီ။ ဒီကာလမှာ လူတွေဟာ ရှင်သန်ဖို့ နည်းအမျိုးမျိုးနဲ့ ကြိုးစားနေရပါတယ်။ အယ်ကန်နီ လူမျိုးစုခေါင်းဆောင် ဘာဘာဗော့စ်ဟာ ကိုယ်ဝန်ဆောင်အမျိုးသမီးတစ်ယောက်ကို ကယ်တင်ပြီး လက်ထပ်ခဲ့ပါတယ်။ သူ ကယ်တင်ခဲ့တဲ့ အမျိုးသမီးကနေ မွေးဖွားလာတဲ့ အမွှာကလေးလေးနှစ်ယောက်က ထူးဆန်းစွာပဲ အမြင်အာရုံရှိနေခဲ့ပါတယ်။ ကိန်း ဘုရင်မကြီးက အမြင်အာရုံရှိတဲ့လူကို မိစ္ဆာဒိဋ္ဌိလို့ သတ်မှတ်ခဲ့ပြီး ကလေးလေးတွေရဲ့နောက်ကို သူ့ရဲ့စစ်တပ်ကြီးကို လိုက်ခိုင်းတဲ့အခါမှာတော့..... Aquaman မင်းသားကြီး Jasom Momoa က အယ်ကန်နီ လူမျိုးစုခေါင်းဆောင်အနေနဲ့ အဓိက ပါဝင်သရုပ်ဆောင်ထားပါတယ် Apple TV မှာ ထုတ်လွှင့်ပြသနေဆဲပါ၊ ဇာတ်လမ်းက တစ်ပိုင်းထက်တစ်ပိုင်း ဇာတ်ရှိန်မြင့်လာမှာမို့ ဒီထက် ညွှန်းမနေတော့ပါဘူး။ တစ်ပတ်တစ်ခါသာ ဆက်ဆက်မျှော်ကြပါဦးခင်ဗျာ။ Translated By : August Encoded By : XCodeSeason 1 Zip File : Yoteshin /VIP  See Season 2 (2021) ၂ နှစ်အကြာမှာတော့ အားလုံး မျှော်လင့်စောင့်စားနေတဲ့See Season 2 ပြန်လည် ရောက်ရှိလာပါပြီ။ဘာဘာဗော့စ်တစ်ယောက် ...
7.6
TMDb: 7.6/10 25 votes
tv

See (2019)

2019
Tokyo Vice (2022)
Tokyo Vice (2022) Tokyo Vice (2022)IMDb - 9.5/10သတင်း​ထောက်​တစ်​ယောက်အတွက် သတင်း​ကောင်း​ကောင်း လိုက်​နိုင်လေ ရန်သူများ​လေလို့ ဆိုကြစမြဲပါ၊ အထူးသဖြင့် ဒုစရိုက်အဖွဲ့​တွေနဲ့နွယ်တဲ့ သတင်း​တွေကို ​​ရေးရတဲ့ သတင်း​ထောက်​တွေအ​နေနဲ့ သတင်းမှန်​လေ၊ အသက်အန္တရာယ်ကြီး​လေပါ၊ဒီစီးရီးက​တော့Tokyo Viceလို့​ ခေါ်တဲ့ မူရင်းစာအုပ်ကို ပြန်လည်ရိုက်ကူးထားတဲ့ ဖြစ်ရပ်မှန်မှုခင်းစီးရီးပဲ ဖြစ်ပါတယ်၊ HBO maxက​နေ လွှင့်သွားမှာဖြစ်ပြီး IMDb 9.5 အထိ ရရှိထားပါတယ်၊Cast​တွေအ​နေနဲ့က​တော့ - Baby Driver, West Side Storyထဲက မင်းသား Ansel Elgort - Inception, Memoirs of a Geishaလို ဇာတ်ကားကြီး​တွေမှာ ပါဝင်ထားတဲ့ ဝါရင့်သရုပ်​ဆောင်မင်းသားကြီ Ken Watanabeတို့ပဲဖြစ်ပါတယ်၊အ​မေရိကန်သတင်း​ထောက် ဂျိတ် အဒယ်စတင်းဟာ ၁၉၉၀​ကျော် ကာလ​တွေမှာ နိုင်ငံခြားသတင်း​ထောက်အဖြစ် ဂျပန်နိုင်ငံ၊တိုကျိုမြို့ကို ​ရောက်သွားခဲ့ပါတယ်၊ သူသတင်းလိုက်တဲ့ အပိုင်းက​တော့ တခြားမဟုတ်ဘဲ မှုခင်း​ရေးရာအပိုင်းဖြစ်​နေတာပါ၊ ဖခင်ဖြစ်သူ ​သေမှု​သေခင်းအရာရှိဆီက​နေ အမှုအခင်းပိုင်းကို စိတ်ဝင်စားလာတဲ့ ဂျိတ်က ထူးဆန်းစွာပဲ ဂျပန်ရဲ့ ဒုစရိုက်​လောက ကို အထူးစိတ်ဝင်စားကာ မဲအိချိုရှင်းဘန်းသတင်းစာတိုက်ရဲ့ မှုခင်းသတင်း​ထောက်ဖြစ်​အောင် ...

Tokyo Vice (2022)

2022
Severance (2022) 7.1
Severance (2022) အလုပ်ခေါ်စာတွေထဲမှာ မိသားစုအလုပ်လေးပါတို့၊ ဝိုင်းလုပ်ဝိုင်းစားတို့၊ အောက်သက်ကြေအောင် သင်ပေးမှာပါတို့နဲ့ ချင်းတွေထည့်ခံရဖူးကြသေးလား။ Apple tv+က နာမည်ကြီးနေတဲ့ series လေးကိုကြည့်ကြည့်လိုက်ပါ။ Lumon ဆိုတဲ့ ကုမ္ပဏီလေးအကြောင်းပေါ့။ အလုပ်သမားတွေကို စေတနာနဲ့ အလုပ်ချိန်မှာ တောင်တောင်အီအီမတွေးနိုင်အောင် ဦးနှောက်ကို ခွဲစိတ်ပေးထားလိုက်ပါတယ်။ အလုပ်ချိန်မှာ ကိုယ်ရေးကိုယ်တာကိစ္စတွေကို ဘာမှမမှတ်မိသလို၊ အပြင်ကိုရောက်ရင်လည်း အလုပ်ထဲကကိစ္စတွေ ဘာမှမမှတ်မိတော့ပါဘူး။ ဘယ်လောက်အလုပ်ဖြစ်လဲ။ Mark ဆိုတဲ့လူငယ်တစ်ဦးဟာ သူ့မိန်းမဆုံးသွားတဲ့အတွက် ပူ‌ဆွေးမှုကို သက်သာအောင် Severanceဆိုတဲ့ ခွဲစိတ်မှုကို ပြုလုပ်ပြီး Lumon ဆိုတဲ့ အဲဒီ ကုမ္ပဏီမှာ အလုပ်လုပ်ဖို့ဆုံးဖြတ်ခဲ့ပါတယ်။ Lumon ကုမ္ပဏီဆိုတာကလည်း အများထင်သလို မဟုတ်ဘဲအထဲမှာရော ဘာတွေဖြစ်ပျက်နေတာလဲ? သူ့ရဲ့ ကိုယ်ပိုင်ဘဝနဲ့ အလုပ်ဘဝရယ် ကုမ္ပဏီရဲ့လျို့ဝှက်ချက်တွေရယ် တဖြည်းဖြည်းပေါ်လာတာကို ပဟေဠိအနေနဲ့ ကြည့်ရှုရမှာပါ။နာမည်ကြီး သရုပ်ဆောင် Ben Stiller ကဒါရိုက်တာအနေနဲ့ရိုက်ကူးထားတဲ့ thriller series ဖြစ်ပြီး Adam Scott,Brit Lower ...
7.1
TMDb: 7.1/10 11 votes
tv

Severance (2022)

2022
Life & Beth (2022) 6.5
Life & Beth (2022) Life and Beth (2022)=============== IMDb Rating - 6.5/10 နာမည်ကျော် သရုပ်ဆောင်/ comedian - Amy Schumer အဓိက ပါဝင်သရုပ်ဆောင်ထားတဲ့ Comedy/Drama စီးရီးလေးဖြစ်ပါတယ်။ ဇာတ်လမ်းအကျဉ်းလေးကတော့ ဘတ်သ်ဆိုတဲ့ အမျိုးသမီးဟာ အသက် (၄၀)ဝန်းကျင်ဖြစ်ပြီးနာမည်ကျော် ဝိုင်ကုမ္ပဏီတစ်ခုက salesperson တစ်ယောက်ပါ။ အသက်အရွယ်အရ အလုပ်အကိုင်အပြင် အချစ်ရေးမှာပါ အခြေတကျရှိပြီးသားသူတစ်ယောက်ပေါ့။ ဒါပေမဲ့ သူ့မိခင်နဲ့ပတ်သက်ပြီး အတိတ်ကို ပြန်လှည့်ကြည့်ခဲ့မိရာက သူလိုချင်ခဲ့တာတွေ ဖြစ်ချင်ခဲ့တာ တွေကို ပြန်မြင်လာတဲ့အခါ…သူ့ဘဝတစ်ဆစ်ချိုးပြောင်းလဲခဲ့ပြီးမှ အောင်အောင်မြင်မြင်နောက်ပြန်လှည့်နိုင်ပါ့မလားဆိုတာကို ဟာသနှောပြီး ကြည့်ရှူခံစားရမှာ ဖြစ်ပါတယ်။(စုစုပေါင်း ၁၀ ပိုင်းပါဝင်တဲ့ ဒီစီးရီးကို cm မှ ဆက်တိုက်တင်ဆက်ပေးသွားပါမည်။) (ဒီစီးရီးရဲ့ အညွှန်းနဲ့ဘာသာပြန်ရေးသားပေး သူကတော့ May Myat Thu ဖြစ်ပါတယ်။)File Size - (300 MB) Quality – WEBDL 1080p / 720p Duration - 30 min (@Episode) Subtitle – Myanmar Hardsub Format – ...
6.5
TMDb: 6.5/10 2700 votes
tv

Life & Beth (2022)

2022
Pieces Of Her (2022) 7.8
Pieces Of Her (2022) Pieces Of Her (2022)================IMDb Rating - 7.8/10ဒီနေ့မှ အသစ်ထွက်ရှိထားပြီး IMDB 7.8 အထိရရှိထားတဲ့ Netflix series လေးနဲ့မိတ်ဆက်ပေးချင်ပါတယ် ။ (၈) ပိုင်းလုံးထွက်ရှိထားတာဖြစ်ပြီး ကျန်တဲ့ အပိုင်းတွေကို ဆက်တိုက်တင်ပေးသွားမှာပါ။ဇာတ်လမ်းပုံစံက Crime, Drama, Thriller ဖြစ်ပြီး Laura‌ နဲ့ Andrea တို့သားအမိနဲ့ စတင်ထားပါတယ်။ အမေက စစ်ပြန်တွေကို ဘာသာစကားမှတ်ဉာဏ်ပျောက်ဆုံးမှု ကုသရေးစင်တာမှာ ကူညီနေတဲ့ သူဖြစ်ပြီးသမီးက တိုင်ကြားမှုတွေကို လက်ခံရတဲ့ 911 ဌာနကပါ။ Andrea ရဲ့အသက် ၃၀ ပြည့်မွေးနေ့မှာ သားအမိ ၂ ယောက် ဆိုင်တစ်ဆိုင်မှာ မိတ်ဆွေတစ်ယောက်နဲ့စကားပြောနေတုန်း သေနတ်သမားက ဝင်ပစ်ရာကနေ ဇာတ်လမ်း စပါတယ်။ ဒါကို Laura ဟာ သေနတ်သမားနဲ့တိုက်ခိုက်ကာ လူတွေကို ကယ်တင်နိုင်ခဲ့ပေမယ့် သူ့လက်မှာ ဓားဒဏ်ရာရပြီး ဆေးရုံရောက်သွားပါတယ်... Laura ရဲ့သတင်းဟာ သတင်းစာမျက်နှာ ရုပ်သံတွေမှာ ပျံ့နှံသွားပြီး လူတွေက သူရဲကောင်း တစ်ယောက်လိုအားပေးဆုတောင်းပေးနေကြပါတယ်။ သို့ပေမယ့် ...
7.8
TMDb: 7.8/10 2500 votes
tv

Pieces Of Her (2022)

2022
Truth Be Told (2019) 7.4
Truth Be Told (2019) Truth Be Told 2019 IMDB rating -7.5  UnicodeCM ပရိသတ်ကြီးအတွက် rating အလန်းစီးရီကားတစ်ခုကိုတင်ဆက်ပေးလိုက်ပါတယ်။ Crime, Dram, Thriller ဇာတ်လမ်းကြိုက်သူတွေအတွက်လုံးဝလက်မလွှတ်သင့်ဇာတ်ကားလေးပါ။ ဒီဇာတ်လမ်း စီးရီးကို Apple TV+ က ထုတ်လွှင့်ထားတာ ဖြစ်ပါတယ်။ ဇာတ်လမ်းက ဝေါ်ရိန်ကေ့ဗ်တစ်ယောက်တက္ကသိုလ်ကျောင်းဆရာတစ်ယောက် ချာ့ခ်ဘာမန် ကိုသတ်တယ်ဆိုတဲ့အမှုကနေစထားပါတယ်။ ဝေါ်ရိန်ကေ့ဗ်ကိုစွပ်စွဲထားတဲ့အမှုဟာ သက်သေခိုင်လုံတဲ့အတွက်ကြောင့်မဟုတ်ဘဲ ချာ့ခ်ဘာမန်ရဲ့သမီး လန်နီဘာမန်ရဲ့မျက်မြင်ထွက်ဆိုချက်ရယ်အိမ်ထဲမှာလက်ဗွေရာကျန်ခဲ့ဆိုတာရယ်ကြောင့် ထောင်ကျခဲ့ရတာပါ။ ဒါ့အပြင် The New York Time မဂ္ဂဇင်းရဲ့သတင်းထောက် ပေါ့ပီပေါ်နယ်ရဲ့ သတင်းအရေးအသားတွေကြောင့် ဝေါ်ရိန်ကိုထောင်ကျဖို့ပိုမိုခိုင်လုံသွားခဲ့တာပါ။ ဒါပေမယ့် ဝေါ်ရိန်ရဲ့အမေဟာသူ့သားအပြစ်ကင်းကြောင်း ပြဖို့နှစ်နှစ်ဆယ်လုံးလုံးရှာဖွေခဲ့ပါတယ်။ တစ်နေ့မှာတော့ လန်နီရဲ့သက်သေထွက်ဆိုချက်ဟာမှားကြောင်းဗီဒီယို ထွက်လာခဲ့ပါတယ်။ အဲ့ဒါကြောင့်တရားရုံကိုပြန်လည်လျှောက်ထားခဲ့ပါတယ်။အဲဒီအချိန်မှာ ပေ့ါပီဟာလဲတရားရုံးမှာရှိနေခဲ့ပါတယ်။ အဲ့ဒါကြောင့်ပေ့ါပီဟာ သူ့ကြောင့်အပြစ်မဲ့ကလေးတစ်ယောက်ကိုထောင်ကျအောင်လုပ်မိပြီဆိုပြီး နောင်တတွေရပြီး ဝေါ်ရိန်ရဲ့အမှုကိုအစအဆုံးကိုပြန်လိုက်ခဲ့ပါတယ်။ ပေ့ါပီဟာ ဝေါ်ရိန်အပြစ်မရှိဘူးဆိုတာယုံကြည်ပြီး ချာ့ခ်ဘာမန်ကိုဘယ်သူတွေသတ်တာလဲ ဘာကြောင့်သတ်တာလဲ သူ့သမီးကရောဘာလို့လိမ်ညာထွက်ဆိုတာလဲ ။ နောက်ကွယ်ဘယ်လိုအရာတွေရှိမှာလဲ၊ နောက်ထပ်ဘယ်လိုအကြောင်းအရာတွေရှိဦးမလဲ၊ စတဲ့အရာတွေကို ပေ့ါပီတစ်ယောက်ဘယ်လိုဖော်ထုတ်မလဲဆိုတာစိတ်ဝင်တစားနဲ့ကြည်ရှုရမယ့်ဇာတ်လမ်းကောင်းလေးမို့လို့တင်ဆက်ပေးလိုက်ပါတယ်။ (ဇာတ်လမ်းအညွှန်း နဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Tin Myo Lwin နဲ့ d3mon တို့ပဲဖြစ်ပါတယ်။)   Quality – 720p ...
7.4
TMDb: 7.4/10 9 votes
tv

Truth Be Told (2019)

2019