Channel Myanmar

FOX Entertainment

The Cleaning Lady (2021)
The Cleaning Lady (2021) "ဒီသွေးတွေကို ဘလိချ် နဲ့ ရေနွေးနဲ့ဆေးလိုက်ရင်ပြီးတာပဲ" "မဟုတ်ဘူး ဟိုက်ဒရိုဂျင်ပါအောက်ဆိုက်နဲ့ ရေအေးနဲ့ ဆေးရတယ်၊ အပူကြောင့် သွေးက ပိုစွန်းသွားတတ်တယ်" လူသတ်မှုမှာ မျက်မြင်သက်သေဖြစ်နေလို့ အသတ်ခံရတော့မယ့်အချိန်မှာ ဒီစကားတစ်ခွန်းနဲ့ သိုနီရဲ့ ဘဝ ပြောင်းလဲသွားပါတော့တယ်။John Wick တို့ဘာတို့လို ရုပ်ရှင်ထဲမှာ လူတွေ သတ်ချင်တိုင်းသတ်ပြီးရင် လာရှင်းလင်းတဲ့အဖွဲ့တွေ ရှိကြတာကို မြင်ဖူးမှာပေါ့။ အဲဒီလို သန့်ရှင်းရေးသမားအကြောင်း စီးရီးရိုက်ထားတယ်ဆိုရင်ရော ဘယ်လိုနေမလဲ။ ၁၀ ပိုင်းအထိ အပတ်စဉ် ထွက်ရှိမှာ ဖြစ်ပါတယ်။ ဒီဇာတ်လမ်းထဲက ဇာတ်ကောင်ကလည်း စီးရီး နာမည်အတိုင်း သန့်ရှင်းရေးအမျိုးသမီးပါပဲ။ သရုပ်ဆောင်ထားတာကတော့ Daredevil စီးရီးတွေထဲမှာ ကြမ်းပြခဲ့တဲ့ အလက်ထရာ မင်းသမီး အယ်လိုဒီယန်းပါပဲ။ ဒီဇာတ်လမ်းမှာတော့ သူဟာ အမေရိကန်မှာ တရားမဝင် နေထိုင်ပြီး သန့်ရှင်းရေးသမ လုပ်နေတာပေါ့။ တကယ်တော့သူက မနီလာ၊ ဖိလစ်ပိုင်က ဆရာဝန်တစ်ယောက်ပါ။ သူ့ရဲ့သားလေးမှာ ရှားပါးတဲ့ ကိုယ်ခံအားကျဆင်းရောဂါဖြစ်နေလို့ ...

The Cleaning Lady (2021)

2022
Fantasy Island – Season (01),(02) 6.122
Fantasy Island – Season (01),(02) Fantasy Island - Season (01),(02) ======================= IMDb Rating - 6.2/10အခု Fantasy Island (2021) ဇာတ်လမ်းတွဲဟာ ၁၉၉၇ ခုနှစ်က ထွက်ရှိခဲ့တဲ့ Fantasy Island ဇာတ်လမ်းတွဲရဲ့ တိုက်ရိုက်အဆက်ဖြစ်သလို ၂၀၂၀ ခုနှစ်က ထွက်ရှိခဲ့တဲ့ Fantasy Island ရုပ်ရှင်ရဲ့ အဆက်လည်းဖြစ်ပါတယ်။ ၂၀၂၀ ခုနှစ်တုန်းက ထွက်ရှိခဲ့တဲ့ ရုပ်ရှင်ဟာဆိုရင် Horror/ Thriller ပုံစံမျိုးသွားခဲ့ပေမယ့် အခု ဇာတ်လမ်းတွဲ ကတော့ Fantasy/Drama အမျိုးအစားမျိုးဖြစ်နေပါတယ်။ စိတ်ကူး ယဉ်ကျွန်းဆိုတဲ့ ကျွန်းကြီးတစ်ကျွန်းပေါ်မှာ ဖြစ်ပျက်နေတဲ့ အကြောင်းအရာတွေကို တစ်ပိုင်းချင်းစီမှာ မတူညီတဲ့ရသ တင်ဆက်ပုံတွေနဲ့ အပိုင်းလိုက် တင်ဆက်ထားပါတယ်။အပိုင်း (၁) မှာတော့ အစားအသောက်ကို စားချင်ပေမယ့် ဝိတ်ချဖို့မစားနိုင်ဘူးဖြစ်နေတဲ့ တင်ဆက်သူ ခရစ္စတင်း ကောလင်းရယ်၊ မဲလ်အကူဒါနဲ့ ရူဘီအကူဒါဆိုတဲ့ အဘိုးကြီး အဘွားကြီးစုံတွဲရယ် စိတ်ကူးယဉ်ကျွန်းပေါ်ကို ရောက်လာခဲ့ ပါတယ်။ ရူဘီဟာဆိုရင် ကင်ဆာရောဂါနဲ့သေခါနီးဖြစ်နေတာမို့ နောက်ဆုံးအနေနဲ့ ‌ပျော်ပါးနိုင်ဖို့ ဒီကျွန်းကိုရောက်လာခဲ့တာပါ။ အကြောင်းကိစ္စအသီးသီးနဲ့ ရောက်လာကြတဲ့ သူတို့ ၃ ယောက်ရဲ့ ဘဝတွေကို ဆန်းကြယ်မှုတွေ ပြည့်နှက်နေတဲ့ကျွန်းကြီးက ...
6.122
TMDb: 6.122/10 41 votes
tv

Fantasy Island – Season (01),(02)

2021
Alert: Missing Persons Unit (2023) 9.2
Alert: Missing Persons Unit (2023) Alert: Missing Persons Unit (2023) Completed Series Fox က​နေ အပတ်စဉ်ထုတ်လွှင့်နေတဲ့ Action, Drama စီးရီးအသစ်တစ်ခုကိုတင်ဆက်​ပေးလိုက်ပါတယ်။ Alert: Missing Persons Unit ဆိုတဲ့နာမည်အတိုင်း လူ​ပျောက်တိုင်ကြား​ရေးဌာနနဲ့ သက်ဆိုင်တဲ့ စီးရီးပါ။ ​​​​ဂျေဆင်နဲ့နစ်ကီ လင်မယား၂​ယောက်မှာ ​မွေးစားသားသမီး၂​ယောက်ရှိရာမှာ ကိသ်ဆိုတဲ့ သား​ဖြစ်သူက ၁၁နှစ်ကတည်းက ပြန်​ပေးဆွဲခံခဲ့ရတာပါ။ ၆နှစ်​ကျော်ကြာတဲ့အထိ သားဖြစ်သူကို ပြန်မ​တွေ့ခဲ့သလို နစ်ကီကိုယ်တိုင်လည်း MPU ဌာနရဲ့​ခေါင်း​ဆောင်တစ်​ယောက် ဖြစ်​နေပါပြီ။ သားဖြစ်သူကို ရှာ​ဖို့ ကြိုးစားရင်း တခြားလူ​ပျောက်မှု​တွေကို ရှာ​​ဖွေကယ်ဆယ်ကြပုံ​တွေ၊ စွန့်စားခန်း​တွေကို တစ်ပတ်ကို Story တစ်ခု ပုံစံနဲ့ ရိုက်ကူးထားတာပဲဖြစ်ပါတယ်။ CM က​နေ အပတ်စဉ်ပုံမှန်တင်​ဆက်​ပေးသွားမယ့် 11 ပိုင်းရှိမယ့် စီးရီးအသစ်ပါပဲ။ (ဒီစီးရီးကို အညွှန်းရေးသား ဘာသာပြန်ပေးသူတွေကတော့ X, Thar Htet နဲ့ 666 တို့ပဲဖြစ်ပါတယ်) Size ~ ...
9.2
TMDb: 9.2/10 9 votes
tv

Alert: Missing Persons Unit (2023)

2023
Monarch (2022) 10
Monarch (2022) Monarch (2022) ============ကန်းထရီးဂီတကို လူတွေ သိပ်အဖက်မလုပ်ကြတော့သလို ဒီကန်းထရီး ဂီတနဲ့နွယ်တဲ့ စီးရီးကလည်း ပလစ်ခံရပြီး rating တော့ အနည်းသားပဲ ပရိသတ်ကြီးရေ . . . . . ဒါပေမဲ့ ကျွန်တော့်အနေနဲ့ ဇာတ်ကားကို ဘာသာပြန်ရင်း ကြည့်ပြီး သုံးသပ် မိပြန်တော့ ဒီစီးရီးက ထိုက်တန်တဲ့ rating အောက်တော့ ရောက်နေတယ်လို့ သုံးသပ်မိပါတယ်။ ဘာလို့ဆို ဒီဇာတ်လမ်းမှာ ကန်းထရီးဂီတလောကရဲ့ အကြောင်းတွေ သီချင်းကောင်းတွေ အများကြီး ပါတဲ့အပြင် ဇာတ်လမ်း ဇာတ်ကွက်ကလည်း သူ့အထာနဲ့သူ ကောင်းနေပါတယ်။ကန်းထရီးဂီတလောကကို ဦးဆောင်နေတဲ့ ရိုမန်မိသားစုဟာ ကန်းထရီးဘုရင်မ ဖြစ်တဲ့ မိခင်ကြီး ဒေါ့တီရိုမန်တစ်ယောက် ကျန်းမာရေး အခြေအနေကြောင့် အနုပညာလောကက အနားယူမယ့်အခါ ဒီမျိုးဆက်ကို ဆက်လက်ထိန်းသိမ်း ထားဖို့ အခက်တွေကြုံရပုံတွေနဲ့ အနုပညာသမားတို့ရဲ့ ဘဝတွေကို ရိုက်ကူးး တင်ဆက်ထားပါတယ်။ဒါ့အပြင် Drama ဇာတ်လမ်းဖြစ်လို့ ဒီရိုမန်မိသားစုတစ်ယောက်ချင်းစီရဲ့ ဘဝ ရေးရာ ပြဿနာတွေလည်း ပါဝင်တာဖြစ်လို့ ဂီတချစ်သူတွေရော တစ်ချိန်လုံး သီချင်းတွေဆိုနေရင် ငြီးငွေ့တတ်တဲ့ သူတွေအတွက်ပါ ကြည့်လို့ အဆင်ပြေမယ့် အပန်းဖြေကြည့်စရာ ...
10
TMDb: 10/10 3 votes
tv

Monarch (2022)

2022