Channel Myanmar

GMM One

Across the Sky (2023)
Across the Sky (2023) Across the Sky (2023)စကိုင်းဆိုတဲ့ ကောင်လေးက သူ့အဖေလို နာမည်ကြီးအဆိုတော်တစ်ယောက်ဖြစ်ချင်တာကြောင့် နိုင်ငံခြားကနေ အဖေဖြစ်သူနာမည်ကြီးခဲ့တဲ့ ထိုင်းကို လာခဲ့ပါတယ်။စကိုင်းရဲ့ အဖေက TEMMAX ဆိုတဲ့ အဆိုတော်နှစ်ယောက် ပါဝင်တဲ့ နာမည်ကြီးအဖွဲ့က တမ်ဆိုသူဖြစ်ပြီး ကွယ်လွန်သွားခဲ့ပြီပဲဖြစ်ပါတယ်။TEMMAX အဖွဲ့မှ မက်ပဲ ကျန်ခဲ့ကာ မက်ကတော့ လက်ရှိမှာ Max Academy ဆိုတဲ့ အနုပညာကျောင်းထောင်ထားပြီး လူငယ်တွေကို အဆို အက လေ့ကျင့်ပေးနေတာပဲ ဖြစ်ပါတယ်။စကိုင်းကလည်း သူ့အဖေရဲ့ သူငယ်ချင်းဖြစ်တဲ့ ဦးလေးမက်ရဲ့ Max Academy မှာ တက်ချင်လို့ ထိုင်းအထိတောင် လာခဲ့ပေမဲ့ ဦးလေးမက်က မကြည်ဖြူတဲ့အခါ စကိုင်းတစ်ယောက် ဘယ်လိုဒုက္ခရောက်မလဲ... စကိုင်းတစ်ယောက် နာမည်ကြီးအဆိုတော်တစ်ယောက်ရော ဖြစ်လာနိုင်မလား....လေ့ကျင့်ရေးသင်တန်းသူ၊ သင်တန်းသား ငယ်ငယ်လေးတွေ အများကြီးနဲ့ လူငယ်ဇာတ်လမ်း ပေါ့ပေါ့ပါးပါးခံစားချက်လေးလည်း ရမှာဖြစ်ပါတယ်။(အညွှန်းရေးသားသူမှာ Kppks ဖြစ်ပါတယ်)Translated by Kppks, Thae Thae, Su MyatGenre..... Music, Drama Quality…. 1080p ...

Across the Sky (2023)

2023
Bunga Saree (2023) 8.2
Bunga Saree (2023) "ရင်ထဲပွင့်တဲ့သဇင်ပန်း" မြန်မာစာတန်းထိုးBeyond Destiny 2023တာဝမ်း အဖြစ် Jes Jespipat ပူငှာ အဖြစ် Prang Kannarun Wongkajornklaiနယ်မြို့လေးတစ်ခုက အဘွားနဲ့အတူနေထိုင်တဲ့ တောင်ပိုင်းသူလေး ပူငှါဟာတရက်မှာ အကြွေးရှင်ဆီက ထွက်ပြေးဖို့ကြိုးစားရင်း ရထားပေါ်မှာဖရနခွန်သား တာဝမ်းနဲ့ဆုံခဲ့ပါတယ်မြင်မြင်ချင်းသဘောကျသွားတဲ့သူတို့နှစ်ဦးသားအဆင့်အတန်းနဲ့ဂုဏ်ဒြပ်တွေကွာခြားလွန်းတာကြောင့် ကွဲကွာဖို့အကြောင်းဖန်လာပါတယ်မြို့ပြကြီးမှာ တယောက်တည်းရုန််းကန်နေရတဲ့ပူငှါလေး ချစ်သူနဲ့ခွဲခွါရပြီးနောက်သူတို့နှစ်ဦးရဲ့အချစ်တွေက အနိုင်ရမလားအခက်အခဲတွေ မျိုးစုံအောင်ကြုံနေရတဲ့ ဒီအချစ်က ကြာရှည်တည်ရှိနေမလားဆိုတာကိုတော့ရိုမန့်ဒရမ်မာဇာတ်ကားစစ်စစ်ဖြစ်တဲ့ “ရင်ထဲပွင့်တဲ့သဇင်ပန်း”ကို စောင့်မျှော်ကြည့်ရှုလိုက်ရအောင်ပါ(အညွှန်းရေးသားသူမှာ Lei Wutyi Tun ဖြစ်ပါတယ်)Native Title: บุหงาส่าหรี Episodes: 10 Aired: Aug 10, 2023 - ? Aired On: Wednesday, Thursday Original Network: GMM One Translated by  Nang Mwe Kham, Lei Wutyi Tun , Fake LoveEncoded by Naing Aung Latt Episode (1) ...
8.2
TMDb: 8.2/10 votes
tv

Bunga Saree (2023)

A Wildflower in the City (2023) 8.0
A Wildflower in the City (2023) “သံမဏိအရိုင်းပန်း” မြန်မာစာတန်းထိုး Dok Ya Pa Concrete 2023ချာနွန် အဖြစ် Toontam Yuttana မီနာ အဖြစ် Kaimook Rungratတောသူမလေးမီနာက ဘန်ကောက်မြို့ပေါ်တက်ပြီး အဖေနဲ့အတူအလုပ်လုပ်နေသူပါမဟုတ်မခံတတ်တဲ့မီနာတစ်ယောက် သူများကိစ္စဝင်ကူရှင်းပေးရင်း မာဖီးယားဂိုဏ်းဝင်ချာနွန်နဲ့ဆုံမိကြပါတယ်မီနာဖခင်က အကြွေး၁သိန်းရှိသော်လည်း ချာနွန်တပည့်တွေက အတိုးနဲ့ပေါင်း ၃သိန်းပြန်တောင်းတာကြောင့် ရန်ဖြစ်ခဲ့ကြရာမီနာတယောက် ချာနွန်က သူ့အဖေကိုရန်ပြုခဲ့သူအဖြစ် အမုန်းကြီးမုန်းနေခဲ့ပါတယ်တရားမဝင်စီးပွါးရေးတွေလုပ်နေရတဲ့ ချာနွန်ကလည်း ဒီလောင်ရိပ်ထဲမှာ ပိတ်မိနေသူလားသူတကယ်ပဲ မီနာ့အဖေကိုရန်ပြုခဲ့တာလားမီနာတစ်ယောက်ရော ချာနွန်ကိုဘယ်တော့မှအမြင်ကြည်မလဲအရိုင်းပန်းလေးမီနာတယောက် ဒီအခက်အခဲတွေကို ဘယ်လိုကျော်ဖြတ်ရမလဲဆိုတာကိုတော့အရမ်းကောင်းတဲ့ဒရမ်မာဇာတ်ကားလေးဖြစ်တဲ့ “သံမဏိအရိုင်းပန်း”ကို စောင့်မျှော်ကြည့်ရှုရအောင်နော်Native Title: ดอกหญ้าป่าคอนกรีต Episodes: 15 Aired: May 29, 2023 - ? Aired On: Monday, Tuesday, Wednesday, Thursday, Friday Original Network: GMM One Duration: 40 min.Translated by  Nang Mwe Kham & Lei Wutyi TunEncoded ...
8.0
TMDb: 8.0/10 votes
tv

A Wildflower in the City (2023)

2023
Unhating You (2023) 8.4
Unhating You (2023) "အဆုံးသတ်ချစ်ခြင်း ၂၀၂၃ " မြန်မာစာတန်းထိုးTon Rai Plai Rak 2023ကွမ် အဖြစ် Pong Nawat Kulrattanarak ရုတ်စနာ အဖြစ် Fern Nopjira Lerkkajornnamkulဇာတ်လမ်းအကျဉ်းမကျန်းမာတဲ့မိခင်အတွက် ခွဲစိတ်ကုသစရိတ်လိုနေတဲ့ ရုတ်စနာတစ်ယောက် အမှတ်မထင်အလုပ်ထုတ်ခံရဖို့ အကြောင်းဖန်လာပါတယ်ငွေလိုနေတဲ့သူမက ငွေရဖို့ဘာမဆိုလုပ်မယ်ဆုံးဖြတ်ပြီး သူ့သူဌေးရဲ့မိန်းမဖြစ်သူ ကမွန်ဂန်နေရာမှာ ဟန်ဆောင်ခဲ့ရပါတယ်မွန်ဟာ ကွမ်ရဲ့ညီမဖြစ်တာကြောင့် သူတို့နှစ်ဦးသား ပြန်လည်တွေ့ဆုံခဲ့ရာမှာအမွေလိုချင်လို့ ဟန်ဆောင်နေတဲ့ရုတ်ကို ကွမ်တစ်ယောက် ဖမ်းမိသွားမလားကိုယ့်ညီမလို့ထင်နေတဲ့သူမကို ကွမ်ကရော ဘယ်လိုချစ်မိသွားမလဲရုတ်တယောက်က ငွေကြောင့်လုပ်ခဲ့တဲ့အရာက သူမအပေါ် ဘယ်လိုအကျိုးဆက်တွေဖြစ်လာမလဲဆိုတာကအဆုံးသတ်ချစ်ခြင်း ဇာတ်ကားထဲမှာ ရိုမန့်အခန်းများစွာနဲ့အတူ ကြည့်ရှုခံစားရမှာပဲဖြစ်ပါတယ်(အညွှန်းရေးသားသူမှာ Lei Wutyi Tun ဖြစ်ပါတယ်)Native Title: ต้นร้ายปลายรัก Episodes: 10 Aired: May 22, 2023 - ? Aired On: Monday, Tuesday Original Network: GMM One Duration: 1 hr. 10 min.Translated by ...
8.4
TMDb: 8.4/10 votes
tv

Unhating You (2023)

2023
House of Stars (2023)
House of Stars (2023) Hkuse of Stars / ငွေကြယ်ပွင့်တို့ရဲ့ မဟာစံအိမ် (2023)Castဂန်းအဖြစ် Pepo Nutchapan Paramacharenroj ဆို့အဖြစ် Boss Pornpipat KunisornSynopsisအိမ်ဆိုတာက နွေးထွေးတယ်၊ လုံခြုံတယ်၊ လွတ်လပ်တယ်။ ဒါပေမဲ့ ဒီကြယ်ပွင့်လေးတွေရဲ့အိမ်က ဒီလိုမဟုတ်ပါဘူး။ မြင်သာအောင်ပြောရရင် ဘော်ဒါလိုမျိုး - တင်းကျပ်တဲ့စည်းကမ်း၊ ညမထွက်ရအမိန့်၊ ထိန်းချုပ်တတ်လွန်းတဲ့ မန်နေဂျာ ခွန်ဆူဇီ စသည်ဖြင့်ပေါ့။ဒါဆို ဒီ Big House ဆိုတဲ့ အိမ်ကြီးမှာ မင်းသားတွေ မင်းသမီးတွေ ဘာလို့လာနေကြတာလဲ? အကြောင်းရင်းကတော့ ဘော်ဒါတွေ အောင်ချက်ကောင်းသလို ဒီမင်းသား မင်းသမီးတွေက ခွန်ဆူဇီဆိုတဲ့ မန်နေဂျာရဲ့ လက်‌အောက်မှာ ‌တစ်ကားတည်းရိုက်တာနဲ့ မျက်နှာသစ်သရုပ်ဆောင်ဆု တန်းရတာမျိုး၊ ဇာတ်ကားကောင်းတွေ၊ ဇာတ်ညွှန်းကောင်းတွေ ရတတ်တာမျိုးတွေရှိလို့ပါပဲ။ ဒီလိုအခွင့်အရေးကောင်းတွေ ရတတ်တဲ့ ခွန်ဆူဇီတို့ အိမ်မှာနေပြီး သရုပ်ဆောင်ဝင်လုပ်ကြသူတွေလည်း မနည်းပါဘူး။ဒါပေမဲ့ တင်းလွန်းရင် ပြတ်တတ်တဲ့သားရေကြိုးလိုပဲ လူတွေဟာ တင်းကြပ်လွန်းရင် ထွက်ပေါက်ရှာတတ်ကြပါတယ်။ ဒီစီးရီးထဲမှာတော့ Big House ထဲမှာ နေထိုင်သူတိုင်းရဲ့ မာန၊ ...

House of Stars (2023)

2023
Tam Ya Bok (2023) 7.9
Tam Ya Bok (2023) မနောင်ဝ် အဖြစ် Rakwanee Khamsing ကွမ် အဖြစ် Tiewhui နမ့်တန် အဖြစ် Noolek Thithinam အဒေါ်ဒွမ် အဖြစ် Duangdao Jarujinda အဒေါ်မွိုင်း အဖြစ် Aew Amphaဇာတ်လမ်းအကျဉ်းမနောင်ဝ်က အဖွားဒွမ်တစ်ယောက် ငယ်ကတည်းက ကောက်ရထားပြီး မွေးစားထားတဲ့ မြေးမလေးဖြစ်ပြီး အဖွားနဲ့ သင်္ဘောသီးထောင်းဆိုင်တူတူဖွင့်ထားသူ ဖြစ်ပါတယ်အဖွားဒွမ်ရဲ့ဆိုင်က အဒေါ်မွိုင်းနဲ့ သင်္ဘောသီးထောင်ပြိုင်ပွဲတိုင်းမှာ ပြိုင်ဘက်ဖြစ်ပြီး အမြဲနံပတ်၁ နေရာရနေသူမို့ အဒေါ်မွိုင်းနဲ့ တူမဖြစ်သူ နမ့်တန်တို့ရဲ့ မျက်မုန်းကျိုးမှုကို ခံနေရခဲ့တယ်တစ်ရက်အဖွားဒွမ်ရဲ့ မြေးအရင်းဖြစ်သူ ကွမ် တစ်ယောက် ဆိုင်ကို ပြန်ရောက်လာခဲ့ချိန်မှာပဲ အဖွားဒွမ်တစ်ယောက် ဆုံးပါးသွားခဲ့တယ်ဆိုင်ကို အစွဲကြီးသူ အဖွားဒွမ်တစ်ယောက် ထောင်းနည်းကို မသင်ပေးခဲ့ရလို့ မကျွတ်ခဲ့ရာမှ မပြီးပြတ်သေးတဲ့အလုပ်တွေလုပ်ဖို့ အချိန် ၄၉ရက် ရခဲ့ပါတော့တယ်ဒီအချိန်၄၉ ရက်အတွင်းမှာ အဖွားဒွမ်ရဲ့ဆန္ဒတွေ ပြည့်လာနိုင်မလားဆိုင်ကိုဖျက်ဆီးချင်နေတဲ့ အဒေါ်မွိုင်းနဲ့နမ့်တန်လက်က ရှောင်ထွက်နိုင်ပါ့မလားအမြဲမတည့်အတူနေဖြစ်နေတဲ့ ကွမ်နဲ့ မနောင်ဝ်ကရော သင်္ဘောသီးထောင်းဆိုင်ကို ထိန်းသိမ်းသွားနိုင်ပ့ါမလားဆိုတာ ကြည့်ရှုကြရအောင် ။Native ...
7.9
TMDb: 7.9/10 votes
tv

Tam Ya Bok (2023)

Bad Love_Rak Rai (2023) 8.8
Bad Love_Rak Rai (2023) ဝေနိကာ အဖြစ် Mai Davika ထီရကစ် အဖြစ် Jes Jespipat ဘန်ထောင်ဝ် အဖြစ် Mew Suppasit မေနိ အဖြစ် Lily Pantilaဇာတ်လမ်းအကျဉ်းဝေနိကာ၊မေနိ နဲ့ ဘန်ထောင်ဝ်တို့က ငယ်ကတည်းက အရမ်းခင်ကြတဲ့ သူငယ်ချင်းတွေဖြစ်ပြီး ဝေနိကာက ငယ်ကတည်းက ဖခင်ကို ဆုံးရှုံးခဲ့ရလို့ ဘဝကို ရုန်းကန်ခဲ့ရတဲ့သူတစ်ယောက်လည်းဖြစ်ပါတယ်ဝေနိကာတစ်ယောက် online စျေးရောင်းရာကနေ “all about vinegar” ဆိုတဲ့ skincare brand တစ်ခုကို ဖန်တီးခဲ့ပါတော့တယ်ဝေနိကာတစ်ယောက် brand အတွက် ကြိုးစားရင်း ဒန်ဝတ်ဆိုတဲ့ အမျိုးသမီးတစ်ယောက်၊ ဒန်ဝတ်ရဲ့ တူဖြစ်သူ ထီရကစ်နဲ့ပါ သိကျွမ်းခဲ့ပါတော့တယ်ထီရကစ်က ဝေနိကာရဲ့ skincare brand ကို ရှယ်ယာဝင်ရင်း ဝေနိကာ့ကိုပါ ပုံမှန်ထက်ပိုတဲ့ ဆက်ဆံရေးရှိလာတဲ့အခါ…..ထီရကစ်နဲ့ မေနိကလည်း one night stand ဆက်ဆံရေးရှိနေပြီးခဲ့တဲ့အခါ….ဘန်ထောင်ဝ်ကလည်း ငယ်ကတည်းက ဝေနိကာအပေါ် တိတ်တခိုးချစ်နေခဲ့တဲ့အခါ…ထီရကစ်ကြောင့် ဝေနိကာတို့ ...
8.8
TMDb: 8.8/10 votes
tv

Bad Love_Rak Rai (2023)

Sassy Matchmaker (2023) 8.8
Sassy Matchmaker (2023) "အချစ်တိုင်းပြည်" မြန်မာစာတန်းထိုးပုလိပ်မှူးကြီးခွန်ရစ် အဖြစ် Sean Jindachot နိုရီ အဖြစ် Charlette Wasita Hermenau1867ခုနှစ်တွင် ဖရနခွန်လို့အမည်တွင်တဲ့တိုင်း​ပြည်မှာ နာမည်ကြီးအောင်သွယ်တော်ရဲ့မြေးမလေး နိုရီဆိုသူက မိဘမဲ့ဖြစ်သည့်အလျောက် ငယ်စဉ်ကတည်းက သူမရုပ်ရည်ကြောင့် ခွဲခြားဆက်ဆံမှုကို ခံလာရသူပါတစ်နေ့မှာ သူမဟာ ပုလိပ်မှူးကြီးခွန်ရစ်ကို လက်တွဲဖော်ရှာပေးဖို့ တာဝန်ရခဲ့ပါတယ်ခွန်ရစ်ဟာ အသက်၄၀ထိတိုင် တကိုယ်တော်သမားအဖြစ်ရပ်တည်လာသူကို လက်ထပ်ဖို့ရန် အောင်သွယ်ပေးဖို့ နိုရီတစ်ယောက် အခက်တွေ့နေရပါပြီဒီပုလိပ်ကြီးခွန်ရစ်ဟာ ဘာလို့အချစ်မရှာသေးတာလဲသူ့မှာ အချစ်ကြောင့်စိတ်ဒဏ်ရာရှိနေတာလားမိန်းကလေးပဲစိတ်မဝင်စားလို့လားဆိုတာကနိုရီအတွက် ဒီမေးခွန်းတွေနဲ့အတူ စိန်ခေါ်မှုကြီးကို ဘယ်လိုအောင်မြင်အောင်လုပ်မလဲ လုပ်ရောလုပ်နိုင်ပါ့မလားဆိုတာကိုကိုလိုနီခေတ်အငွေ့အသက်မျိုးနဲ့ပြည့်နှက်နေမဲ့ အချစ်တိုင်း​ပြည် ဇာတ်ကားလေးထဲမှာ ရိုမန့်ဆန်ဆန်အချစ်ဇာတ်လမ်းလေးကို ကြည့်ရှုကြရအောင်ပါနော်Native Title: พระนคร ๒๔๑๐ Episodes: 10 Aired: Feb 8, 2023 - ? Aired On: Wednesday, Thursday Original Network: GMM One(အညွှန်းရေးသားသူမှာ Lei Wutyi Tun ဖြစ်ပါတယ်)Translated by  Kyi Nue Zin & Nang Mwe ...
8.8
TMDb: 8.8/10 votes
tv

Sassy Matchmaker (2023)

Manee Phayabat (2023) 8.5
Manee Phayabat (2023) "ကျောက်မဏီကျိန်စာ" မြန်မာစာတန်းထိုးဖူမင်/ ဖရစ် အဖြစ် New Thitipoom ဖလွိုင်/ ဖိုင်လင် အဖြစ် Bua Nalinthip မွတ်ဂ်ဒါ အဖြစ် Ben Raviyanumခွန်ဖရစ်နဲ့ဖိုင်လင်တို့က လွန်ခဲ့တဲ့နှစ်ပေါင်းရာချီတုန်းက အကြင်လင်မယားတွေဖြစ်ကြပါတယ်အစ်မဖြစ်သူမွတ်ဂ်ဒါက ဖရစ်အပေါ် မေတ္တာရှိနေတာကြောင့် သစ္စာဖောက်ညီမအဖြစ် ဖိုင်လင်ကို အငြိုးထားခဲ့တော့တာပေါ့မရဏစိုးမိုးနေတဲ့ရတနာကျောက်ထဲမှာ အငြိုးကြီးစွာသေဆုံးသွားတဲ့ မွတ်ဂ်ဒါတစ်ယောက် ချုပ်နှောင်ခံထားရာမှာသူမလွှတ်မြောက်လာချိန်မှာတော့ လက်စားချေခြင်းစိတ်များစွာနဲ့သူမတစ်ယောက် လက်ရှိဘဝက ဖူမင်နဲ့ဖလွိုင်ကို ဘယ်လိုကလဲ့စားချေမလဲသူမအမုန်းတွေက ဒီဘဝမှာကျေသွားမလားသူမဆန္ဒပြည့်ဝသွားမလားဆိုတာကို ဒီဇာတ်ကားလေးထဲမှာ စိတ်ဝင်တစားကြည့်ရှုရမှာပဲဖြစ်ပါတယ်( အညွှန်းရေးသားထားသူကတော့ Lei Wutyi Tun ပါ )Native Title: มณีพยาบาท Episodes: 10 Aired: Jan 24, 2023 - ? Aired On: Monday, Tuesday Original Network: GMM OneTranslated by Kyi Nue Zin , Nang Mwe Kham , ...
8.5
TMDb: 8.5/10 votes
tv

Manee Phayabat (2023)

Phuea Mae Phae Bo Dai (2023) 7.5
Phuea Mae Phae Bo Dai (2023) ခွန်ဒရင် အဖြစ် Toy Pathompong ကွိုင့် အဖြစ် Phingphing Nichaဇာတ်လမ်းအကျဉ်းကွိုင့်က မိသားစုပိုင်ခြံလေးမှာ ရော်ဘာပင်တွေစိုက်ဖို့ ငယ်ကတည်းက စိတ်ကူးလာခဲ့တဲ့ မိန်းမငယ်လေးတစ်ယောက်ပါဒါပေမဲ့ ကွိုင့်အဖေက ခြံကိုသူဌေးချိတ် ​ဆီမှာ ဘတ်၃သိန်းနဲ့ပေါင်ခဲ့တာမို့ အကြွေးမဆပ်အတိူးမပေးနိုင်ရင် သိမ်းခံရပြီးစိတ်ကူးအိပ်မက်လေးကလည်းပျက်စီးသွားရမှာဖြစ်နေပါတယ်ဒရင်ကတော့ ရော်ဘာစက်ရုံပိုင်ရှင်သူဌေးလေးတစ်ယောက်ဖြစ်ပြီး ကုမ္ပဏီနဲ့စာချုပ်ချုပ်ထားတဲ့ရော်ဘာခြံက စျေးတင်ရောင်းတာမို့ ကိုယ်ပိုင်ခြံဝယ်ယူဖို့ကြိုးစားနေသူပါဒရင်ဝယ်ယူဖို့ရှာဖွေမိထားတဲ့ခြံက ကွိုင့်ရဲ့ခြံဖြစ်လာတဲ့အခါ..မိခင်ဖြစ်သူအတွက်ရော သူမရဲ့အိပ်မက်အတွက်ပါ ကွိုင့်က ရော်ဘာခြံကို လက်မလွှတ်ပေးနိုင်တဲ့အခါကွိုင့်ကပဲ ခြံကိုပြန်ရွေးနိုင်မလား ဒရင်ကပဲ ခြံကိုဝယ်နိုင်သွားမလဲ ပြိုင်ဘက်တွေဖြစ်လာခဲ့တဲ့ ဒရင်နဲ့ကွိုင့်တို့ကြား ဘာတွေဆက်ဖြစ်လာမလဲဆိုတာ ကြည့်ရှုကြရအောင် ။Native Title: เพื่อแม่แพ้บ่ได้ Episodes: 15 Aired: Jan 9, 2023 - ? Aired On: Monday, Tuesday, Wednesday, Thursday, Friday Original Network: GMM OneTranslated by Kyi Nue Zin & Nang Mwe Kham Encoded by Naing ...
7.5
TMDb: 7.5/10 votes
tv

Phuea Mae Phae Bo Dai (2023)

My Sassy Princess: Wake Up, Sleeping Beauty (2022) 7.5
My Sassy Princess: Wake Up, Sleeping Beauty (2022) ဆိုင်နိယူ အဖြစ် Kimmy Chermarin ခိုင် အဖြစ် Lee Thanat ခိန် အဖြစ် Pepo Nutchapanဇာတ်လမ်းအကျဉ်းဆိုင်နိယူက ဖန်ပြွန်သန္ဓေသားအဖြစ်နဲ့ ခက်ခက်ခဲခဲ မွေးထားရတဲ့ ကလေးဖြစ်တာမို့ အမြဲအားနည်းတတ်ပြီး ဓာတ်မတည့်ရောဂါဖြစ်နေတတ်ပါတယ်ကျန်းမာရေးမကောင်းတဲ့ သမီးလေးမို့ မိဘတွေက အရမ်းထိိန်းချုပ် စည်းကမ်းကြီးထားခဲ့ပေမဲ့ ဆိုင်နိယူကတော့ အခွင့်အရေးရရင် ရသလို အပြင်ထွက်ပြီး စိတ်တိုင်းကျလုပ်ဖို့ ကြိုးစားနေခဲ့ပါတယ်ဒီလိုနဲ့ ဆိုင်နိယူတို့ အိမ်မှာ ခိုင်ဆိုတဲ့ အိမ်ငှါး ဒေါက်တာချောချောအစ်ကိုတစ်ဦးရောက်လာခဲ့သလို ကျောင်းမှာလည်း ခပ်ဆိုးဆိုး စီနီယာအစ်ကို ခိန်ပေါ်လာတဲ့အခါ…မိဘတွေကို လွန်ဆန်ချင်နေတဲ့ ဆိုင်နိယူတစ်ယောက် သွန်သင်ဆုံးမလူကြီးဆန်တဲ့ ခိုင်နဲ့ အလိုလိုက်တတ်တဲ့ခိန်တို့ကြား ဘယ်သူ့ကိုရွေးမလဲဆိုတာ ကြည့်ရှုရမှာဖြစ်ပါတယ် ။( အညွှန်းရေးသားထားသူကတော့ Ma Nue ပါ )Native Title: My Sassy Princess : เจ้าหญิงนิทรา 2022 Episodes: 6 Aired: Dec 10, 2022 - ...
7.5
TMDb: 7.5/10 votes
tv

My Sassy Princess: Wake Up, Sleeping Beauty (2022)

Club Friday the Series 14: 3 of Us (2023) 7.5
Club Friday the Series 14: 3 of Us (2023) "တတိယလူ"Main Casts ထီယူအဖြစ် (Golf Anuwat) မေ အဖြစ် (Chippy Sirin) အတွန်မ် အဖြစ် ( Yin Anan)အချစ်ရေးတစ်ခုမှာ အမြဲတမ်းကံဆိုးပြီး တတိယလူသာဖြစ်နေခဲ့သော" မေ" (Chippy) ဆိုတဲ့ကောင်မလေးဟာ အိမ်ထောင်ရှိအမျိုးသားဖြစ်တဲ့"ထီယူ" (Golf) ဆိုသူနဲ့ဖောက်ပြန်ခဲ့ပါတယ်အချစ်ဆိုတဲ့ခေါင်းစဥ်တစ်ခုအောက်မှာ အရာရာကိုလျစ်လျူရှုပြီး ထီယူ အလိုကျအကုန်လိုက်လျောပြီးနေခဲ့ပေမယ့်လည်း အိမ်ထောင်ရှိအမျိုးသားတစ်ယောက်ဟာ သူမအပေါ်အချိန်တွေလုံလောက်စွာမပေးနိုင်ခဲ့ချိန်မှာ တော့ မေဟာ သူမရဲ့ပျော်ရွှင်မှုအသစ်ကိုရှာဖွေပါတော့တယ် ဒီလိုနဲ့ ချစ်သူရှိပြီးသားသူတစ်ယောက်ဖြစ်တဲ့ "အတွန်မ်"(Yin) ဆိုသူနဲ့ထပ်တွဲမိကြပြီးနောက် ဘယ်လိုဇာတ်လမ်းတွေရှုပ်ထွေးလာမလဲ???မေတစ်ယောက်ဘာကြောင့် ပိုင်ရှင်ရှိပြီးသားသူတွေနဲ့ပဲဆုံဆည်းနေရတာလဲ ???သူများအချစ်ရေးမှာ တတိယလူအမြဲဖြစ်နေသူဆိုတဲ့ခေါင်းစဥ်အောက်ကိုထပ်မရောက်ဖို့ မေကိုယ်တိုင်ကရော အဲ့လိုစိတ်ဆန္ဒရှိရဲ့လား ??ဆိုတာ ဒီဇာတ်လမ်းလေးထဲမှာကြည့်ရှုလိုက်ကြပါစို့ရှင့်( အညွှန်းရေးသားထားသူကတော့ Yoon Mie ပါ )Native Title: คลับฟรายเดย์เดอะซีรีส์ ความรักกับความเชื่อ ตอนมือที่3 Episodes: 4 Aired: Jan 6, 2023 - Jan 27, 2023 Aired On: Friday Original Network: GMM OneTranslated by ...
7.5
TMDb: 7.5/10 votes
tv

Club Friday the Series 14: 3 of Us (2023)

Club Friday the Series 14: Our Promise (2022) 8.5
Club Friday the Series 14: Our Promise (2022) "အဆိပ်သင့်မယ့်ကတိကျိန်စာ"Main Castsနတ် အဖြစ် Punjan Pramaဝမ်မိုင် အဖြစ် Vill Wannarotဖတ်ချာ အဖြစ် Ying Rhathaကဝင်း အဖြစ် Zung Kidakarn တို့ကပါဝင်သရုပ်ဆောင်ထားကြပါတယ်❣ဇာတ်လမ်းအညွှန်း🎥❤ ••••••••••••••••••••••နတ် နဲ့ ဝမ်မိုင် တို့က အရမ်းကို ချစ်ကြတဲ့ စုံတွဲပေါ့👫 သူတို့နှစ်ယောက်က သိပ်ကို ချစ်ကြသလို ကတိသစ္စာတွေလည်းထားရှိခဲ့ကြတယ် ယုံကြည်မှုတွေရော ထားရှိခဲ့ကြတယ်❤သူတို့ ယုံကြည်မှုနဲ့ ကတိသစ္စာတွေ ထားရှိပေမယ့် အချစ်တို့ မဖြောင့်ဖြူးဘူးဆိုတဲ့အတိုင်း အနှောက်အယှက်တွေ ဝင်လာပြီး သူတို့နှစ်ယောက်စောင့်ထိန်းတဲ့ကတိတွေ ချိုးဖျတ်မိကြတာပေါ့နတ်နဲ့ ဝမ်မိုင်တို့နှစ်ယောက် ဘယ်လိုတွေ ကတိသစ္စာတွေကို ချိုးဖောက်မိကြလဲ???ဘယ်လိုမျိုး အနှောက်အယှက်တွေ ဝင်လာမလဲ???ကျိန်ဆိုခဲ့တဲ့ ကတိသစ္စာတရားကရော သူတို့အပေါ် သက်ရောက်မှုရှိမှာလား???ဆိုတာ.....''အဆိပ်သင့်မယ့်ကတိကျိန်စာဆိုတဲ့'' ဆိုတဲ့ ဇာတ်ကားလေးကို ကြည့်လိုက်ကြရအောင်နော်....❤Native Title: คลับฟรายเดย์เดอะซีรีส์ ความรักกับความเชื่อ ตอน คำสาบาน Episodes: 4 Aired: Dec 2, 2022 - ? Aired On: Friday Original Network: GMM ...
8.5
TMDb: 8.5/10 votes
tv

Club Friday the Series 14: Our Promise (2022)

My Sassy Princess: Snow White (2022) 7.5
My Sassy Princess: Snow White (2022) ဖလူး အဖြစ် Tongtong Kitsakorn စနိုး အဖြစ် Faye Preava Bunnag ဗျူတီး အဖြစ် Perth Veerinsaraဇာတ်လမ်းအကျဉ်းပုံပြင်တွေထဲက စနိုးဝှိုက်လေးက ဖြူဖွေးတဲ့ အသားအရည် နီမြန်းတဲ့ နှုတ်ခမ်းလေးနဲ့ ပါးအို့လေးတွေရှိပေမဲ့ ခုခေတ် စနိုးဝှိုက်လေးကတော့ ငယ်ကတည်းက အသားမည်းတယ် ဝတယ် လူကောင်ကြီးတယ်ဆိုပြီး အနိုင်ကျင့်ခံရရင်းကြီးပြင်းလာရသူတစ်ယောက်ပါစနိုးဝှိုက်မှာ အရမ်းချစ်ရတဲ့သူငယ်ချင်းဖြစ်သူ ဗျူတီးရှိပြီး သွားအတူလာအတူ အရမ်းခင်ကြတဲ့သူတွေပေါ့ငယ်ဘဝက အတိတ်ဆိုးတွေကြောင့် panic disorder ရခဲ့ပြီး ရုပ်ရည်ကို ပြန်မကြည့်ရဲတဲ့ မှန်ကြောက်ရောဂါရှိတဲ့ စနိုးက လက်ရှိမှာ နာမည်ကြီးမင်းသားဖြစ်သလို စီနီယာအစ်ကိုလည်းဖြစ်တဲ့ ဖလူးကို တိတ်တခိုးချစ်နေခဲ့ပါတယ်ဖလူးက စနိုးရဲ့အချစ်ဦးဖြစ်သလို ဗျူတီး ချစ်နေရသူလည်းဖြစ်နေတဲ့အခါ...သူငယ်ချင်းနှစ်ယောက်ကြား နှလုံးသားရေးရာကြောင့် ဘာတွေဆက်ဖြစ်လာဦးမလဲစနိုးအနေနဲ့ရော မှန်မကြည့်ရဲတဲ့ရောဂါပျောက်ပြီး ပုံမှန်လူတစ်ယောက်ပြန်ဖြစ်လာနိုင်မလားဆိုတာ ခေတ်သစ်စနိုးဝှိုက်ပုံပြင်လေးမှာ ကြည့်ရှူရမှာပဲ ဖြစ်ပါတယ် ။( အညွှန်းရေးသားထားသူကတော့ Kyi Nue Zin ပါ )Native Title: My ...
7.5
TMDb: 7.5/10 votes
tv

My Sassy Princess: Snow White (2022)

To Sir, With Love (2022) 9.0
To Sir, With Love (2022) ထီယင်း အဖြစ် Film Thanapat ယန် အဖြစ် Tongtong Kitsakornဇာတ်လမ်းအကျဉ်းစုန့်လူကြီးမင်းက နဂါးငါးကောင်အဖွဲ့အစည်းကို ဦးဆောင်နေသူဖြစ်ပြီး စီးပွားရေးနယ်ပယ်မှာလည်း အရည်အချင်းပြည့်ဝတဲ့သူ တစ်ယောက်ပါသူဌေးစုန့်မှာ ပထမဇနီးဖြစ်သူ လီနဲ့ ထီယင်းဆိုတဲ့သားကြီးရထားသလို ဒုတိယဇနီးဖြစ်သူ ကျမ်န်နဲ့လည်း ယန်ဖြစ်တဲ့သားငယ်ရှိထားပါတယ်တရုတ်မိသားစုဖြစ်တဲ့ စုန့်အိမ်တော်မှာ ထီယင်းက သားကြီးဖြစ်လို့ သခင်လေးနေရာနဲ့ တာဝန်အားလုံးကိုအမွေဆက်ခံရမယ့်သူ ဖြစ်ပါတယ်ဒီလိုစည်းကမ်းတင်းကြပ်တဲ့ အိမ်တော်ရဲ့သခင်လေးဖြစ်တဲ့ထီယင်းက "လိင်တူချစ်ကြိုက်သူ" တစ်ဦးဖြစ်နေတဲ့အခါမှာတော့မိခင်ဖြစ်သူ လီက နည်းလမ်းမျိုးစုံသုံးကာ သားဖြစ်သူရဲ့စိတ်ကို ဖုံးဖိပါတော့တယ်ဘယ်လိုပိတ်ပင်တားဆီးပါစေ သခင်လေးထီယင်းတစ်ယောက် အရွယ်ရောက်လာပြီး သာမန်ယောက်ျားသားတစ်ဦးကို မေတ္တာသက်ဝင်လာတဲ့အခါ...ဒုတိယဇနီးဖြစ်သူ ကျမ်န်ကလည်း သားဖြစ်သူ ယန် ကို သခင်လေးနေရာရဖို့ နည်းလမ်းမျိုးစုံ ကြိုးစားလာခဲ့တဲ့အခါ...​အိမ်တော်ကြီးရဲ့တာဝန်ဝတ္တရားနဲ့ချစ်ရသူကြား သနားစရာ သခင်လေး ထီယင်းတစ်ယောက် ဘယ်လမ်းကိုရွေးချယ်မလဲဆိုတာကြည့်ရှုရမှာပဲ ဖြစ်ပါတယ် ။( အညွှန်းရေးသားထားသူကတော့ Kyi Nue Zin ပါ )Native Title: คุณชาย Episodes: 10 Aired: Oct 3, 2022 ...
9.0
TMDb: 9.0/10 votes
tv

To Sir, With Love (2022)

Jao Sao Yuen Nueng (2022)
Jao Sao Yuen Nueng (2022) တစ်ကိုယ်တော်သတိုသမီးလေးအန်ချန် အဖြစ် Perth Veerinsara Tangkitsuvanich မာဝင်း အဖြစ် Tao Sattaphong နိဆာ အဖြစ် Mayura Sawetsila ချတ်ချဝီ အဖြစ် Pepo Nutchapan Paramacharenjoi ဖဆိုင် အဖြစ် Orly Tatiya Sonsagunဇာတ်လမ်းအကျဉ်းနိဆာအလှအပရေးရာဆေးခန်းပိုင်ရှင် ခွန်နိဆာက ဆေးခန်းရဲ့ presenter အဖြစ် ရေပန်းစားနေတဲ့မိန်းမလှလေးတွေကို အလုပ်ခန့်တတ်တဲ့သူပါတစ်နေ့ မိန်းမလှလေးအန်ချန်တစ်ယောက် လက်ထပ်ပွဲနေ့မှာမှ ရည်းစားဖြစ်သူက ထွက်ပြေးသွားတဲ့အပြင် ပိုင်ဆိုင်တဲ့ဘတ်ငါးသိန်းကိုပါ လိမ်လည်သွားခဲ့ပါတယ်ဒီလိုနဲ့ နာမည်ကြီးလာခဲ့တဲ့ အန်ချန်ကို ခွန်နိဆာက presenter လုပ်ဖို ကမ်းလှမ်းခဲ့ပါတော့တယ်ဒီအချိန်မှာပဲ ခွန်နိဆာ သဘောမတူဘဲ သားဖြစ်သူ မာဝင်းကို အမိဖမ်းချင်ခဲ့တဲ့ ငွေမက်တဲ့ချွေးမ ဖဆိုင်တစ်ယောက် သားကိုလက်ဆွဲပြီး အိမ်ပေါ် ဇွတ်တက်လာချိန်မှာတော့ခွန်နိဆာက ဖဆိုင်ကို နှင်ထုတ်နိုင်ဖို အန်ချန်ကို မာဝင်းရဲ့ချစ်သူအဖြစ် ဟန်ဆောင်ခိုင်းပါတော့တယ်အန်ချန်တစ်ယောက် ငရဲလို ချွေးမ ဖဆိုင်ကို ယှဥ်နိုင်ပါ့မလားဟန်ဆောင်ရင်းနဲ့ မာဝင်းအပေါ်ကို ချစ်မိသွားမလားဆိုတာ ကြည့်ရှူရမယ့်အချစ်ဟာသဇာတ်လမ်းလေးပဲ ဖြစ်ပါတယ် ...

Jao Sao Yuen Nueng (2022)

The Blue Ocean Diamond (2020) 7.6
The Blue Ocean Diamond (2020) [Unicode]မျက်ဝန်းပင်လယ်ပြာစိန်Casts လိဆာ အဖြစ် Esther Supreeleela ဖရုန်ဖွန်(မ်) အဖြစ် Son Yuke ဂျိတ်ဖ် အဖြစ် Kang Korn Sirisorn လာဖင် အဖြစ် Ak Akaratဇာတ်လမ်းအကျဉ်းကျောက်မျက်လုပ်ငန်းပိုင်သူ ဖခင်ဖြစ်သူ ရုတ်ရတ်ကို ကူညီနိုင်ဖို့ နိုင်ငံခြားမှာ လက်ဝတ်ရတနာဒီဇိုင်းသင်ကြားနေခဲ့တဲ့ လိဆာက ဖခင် ဆေးရုံတက်လိုက်ရတဲ့သတင်းကြောင့် ချစ်သူဖြစ်သူ ဂျိတ်ဖ်နဲ့ ဘန်ကောက်ကို အမြန်ပြန်လာခဲ့ရပါတယ်လိဆာ သိလိုက်တာက ကုမ္ပဏီမှာ အကြွေးတွေဝိုင်းနေခဲ့ပြီး အကြွေးရှင်ဆီဆပ်နိုင်ဖို့ သူ့ဟိုတယ်မှာ ဖခင်ပိုင်တဲ့ စိန်တွေကို လေလံတင်ရတော့မယ့် အခြေအနေရောက်နေခဲ့တာကိုပါခွန်ရုတ်ရတ်ရဲ့ စိန်တွေထဲမှာမှ ပျောက်ဆုံးနေတဲ့ရှမ်းကြီးလူမျိုးစုရဲ့ စိန်ပြာကြီးပါ ပါဝင်နေခဲ့တယ်မျက်ဝန်းပင်လယ်ပြာစိန်သတင်းကြောင့် လေလံပွဲကို တက်ရောက်ချင်သူတွေများပြားနေခဲ့တယ်ခွန်ရုတ်ရတ်အနေနဲ့ အကြွေးရှင်ဖြစ်သူက စိန်ပြာကို ခိုးယူချင်နေတယ်လို့ သံသယဝင်တာမို့ ရဲဝန်ထမ်းဟောင်းဖြစ်သူ ဖရုမ်ဖွန်(မ်)ရဲ့ လုံခြုံရေးကုမ္ပဏီကို ငှားရမ်းခဲ့တယ်လုံခြုံရေးတင်းကြပ်ထားတဲ့ကြားက စိန်ပြာကြီး ပျောက်ဆုံးသွားချိန်မှာတော့ ပွဲတက်သူတွေထဲက သံသယရှိသူတွေကို စုံစမ်းစစ်ဆေးရပါတော့တယ်ရှမ်းကြီးလူမျိုးစုပဲ ပိုင်ဆိုင်နိုင်တဲ့ စိန်ပြာကြီးက ဘယ်လိုလုပ် ခွန်ရုတ်ရတ်ဆီရောက်နေခဲ့တာလဲတကယ်ပဲ ပြောကြသလို စိန်ပြာကြီးကရော ...
7.6
TMDb: 7.6/10 votes
tv

The Blue Ocean Diamond (2020)

2020