Channel Myanmar

GMMTV

We Are (2024)
We Are (2024) သူငယ်ချင်းထက် ပိုသော (၂၀၂၄)BL CP နာမည်ကြီးတွေထဲကတစ်တွဲဖြစ်တဲ့ Pond-Phuwinရဲ့ကားသစ်ဖြစ်တဲ့ ကျောင်းသားကားblသစ်လေးထွက်ရှိလို့လာပြန်ပါပြီ။ Fish upon the sky ကနေစလို့ Never let me go အထိ အတွဲညီညီသရုပ်ဆောင်ခဲ့ကြတဲ့သူတို့ ဒီကားလေးမှာရော ဘယ်လိုတွေရိုကြချိုကြဦးမလဲ ဆိုတာကို CMနဲ့အတူ ရှုစားပေးကြပါဦး။ကျွန်တော်တို့ဘဝမှာ အပူအပင်ကင်းကင်းနဲ့ အပျော်ရဆုံးအချိန်တွေလို့ပြောရင် အရင်ဆုံးတွေးမိတာ အထက်တန်းကျောင်းသားဘဝဖြစ်ပြီး ပျော်ရွှင်မှုနဲ့ လွတ်လပ်မှုနဲ့ စိတ်ကစားခဲ့ဆုံးအချိန်ကာလကတော့ တက္ကသိုလ်ကျောင်းသားဘဝပါပဲ။အခုဒီကားလေးထဲမှာမြင်ရမှာကလည်း ဒုတိယနှစ်တက္ကသိုလ်ကျောင်းသား ဆယ်ကျော်သက်ဘဝကျွတ်ခါစ မြီးကောင်ပေါက်တစ်သိုက်အကြောင်းပေါ့။ ကျောင်းသားဘဝရဲ့ အခက်ခဲဆုံးလို့ထင်ခဲ့တဲ့ ပညာသင်ကြားချိန်တွေ၊ ပင်ပန်းလှပါပြီဆိုတဲ့ စာမေးပွဲ‌တွေ၊ အချိန်ဘယ်လောက်ပဲမပေးနိုင်ဘူးပြောပြော သူငယ်ချင်းတွေနဲ့ပျော်ခဲ့တာတွေ၊ နောက်ဆုံးအနေနဲ့ ချန်လှပ်ထားခဲ့လို့မရတာကတော့ အဖြူရောင်သံယောဇဉ်ကနေ အရောင်ပြောင်းစပြုလာတဲ့ခံစားချက်တွေနဲ့ ချစ်ခြင်းမေတ္တာတွေကို ကြည့်ရှုရမှာပါ။တခြားBLတွေနဲ့မတူတာကတော့ Side CPအတွဲတွေကလည်း မြိုင်မြိုင်ဆိုင်ဆိုင်နဲ့ အဆင်လေးတွေချည်းသက်သက်စုထားတဲ့စီးရီးလေးဆိုတော့ အောက်မေ့လွမ်းဆွတ်ဖွယ် တက္ကသိုလ်ကျောင်းသားဘဝလေးကို အဆင်ငမ်းရင်း ပြန်တမ်းတလိုက်ရအောင်ပါ။အညွှန်းကိုတော့ Mary Christ က ရေးထားပေးပြီးတော့ ဘာသာပြန်ထားတာကတော့ Mary, Char Ou, Su Myat, Laris M တို့ပဲ ဖြစ်ကြပါတယ်။Genre..... BL, Drama Quality…. 1080p ...

We Are (2024)

2024
Ploy’s Yearbook (2024)
Ploy’s Yearbook (2024) ကြယ် ၅ ပွင့်ရဲ့ ချစ်ဝင်္ကပါ (၂၀၂၄)Gmmtvကနေ အသစ်ထွက်ရှိလာတဲ့ နာမည်တူကောင်မလေး၅ယောက်နဲ့ သူတို့ရည်းစားတွေကြား ပြဿနာတွေနဲ့ ပတ်လည်ရိုက်နေမဲ့ ဒရာမာကားကောင်းလေးတစ်ကားပဲဖြစ်ပါတယ်။ကျောင်းတစ်ကျောင်းရဲ့ အတန်းတစ်တန်းထဲမှာပဲ ပလွိုင်းလို့ခေါ်တဲ့ နာမည်တူ ကျောင်းသူ၅ယောက်တောင် ရှိနေပါတယ်။ နာမည်သာတူပေမဲ့ စရိုက်ချင်းဘာမှမတူဘဲ တစ်ယောက်နဲ့တစ်ယောက် ကွဲပြားလို့နေတဲ့အတွက် နာမည်ပြောင်လေးတွေနဲ့ ခေါ်ကြပါတယ်။ ကျောင်းပြီးခါနီးအချိန်မှာတော့ ထုံးစံအတိုင်း နှစ်ချုပ်စာအုပ်လုပ်ဖို့ ပြင်တဲ့အချိန်မှာ ပလွိုင်းငါးယောက်နဲ့ တိုင်ပတ်ပြီး ဖုန်းနံပါတ်တွေမှားထည့်လိုက်မိပါတော့တယ်။ ဒါပေမဲ့လည်း အရေးမကြီးဘူးဆိုပြီး မပြင်ဘဲ ထားခဲ့ရာကနေ ပြဿနာတွေ စတော့တာပါပဲ....... ဒီလို ဖုန်းနံပါတ်မှားရေးတဲ့ကိစ္စကနေ ပလွိုင်း၅ယောက် ဘယ်လိုပြဿနာတွေကြုံတွေ့ရမလဲဆိုတာကို ခံစားရင်ခုန်ကြည့်ရှုလိုက်ကြပါဦးနော်အညွှန်းကိုတော့ Char Ou က ရေးထားပေးပြီးတော့ ဘာသာပြန်ထားတာကတော့ Char Ou, Mary, Hmwe, Khaing တို့ပဲ ဖြစ်ကြပါတယ်။Genre..... Drama Quality…. 1080p | 720p File size… 600MB | 250MB Format… mp4 Duration…. 50min Subtitle…. Myanmar Subtitle (Hardsub) Translator ..... Char Ou, Mary, Hmwe, ...

Ploy’s Yearbook (2024)

2024
23.5 (2024)
23.5 (2024) ၂၃.၅ ဒီဂရီ တိမ်းစောင်းနေတဲ့အချစ် (၂၀၂၄)အုန်ဆာ/ အတ် အဖြစ် Milk pansa ဆန်း အဖြစ် Love Pattraniteဇာတ်လမ်းအကျဉ်းIntrovert တစ်ယောက်ဖြစ်ပြီး လူတွေအမြင်ကို အရမ်းဂရုစိုက် ရှက်တတ်တဲ့ အုန်ဆာဆိုတဲ့ ကောင်မလေးတစ်ယောက်က ဆယ်တန်းနှစ်မှာတော့ သူ့ဇာတိ ဖူးခက်ကနေ ဘန်ကောက်ကို ကျောင်းပြောင်းလာတက်ခဲ့ရတယ်အုန်ဆာ့လို အေးတဲ့သူတစ်ယောက် အိမ်၊ကျောင်း၊သူငယ်ချင်းအသစ်နဲ့တွေ့ရတာ မတူညီတဲ့ စကြဝဠာကြီး တစ်ခုကို ရောက်သွားသလိုပါပဲဒါပေမဲ့ အုန်ဆာက စကြဝဠာသစ်ကြီးရဲ့ နေမင်းကြီးဖြစ်တဲ့ ဆန်းဆိုတဲ့ သွက်လက်ချစ်စရာကောင်းတဲ့ ကောင်မလေးကိုတွေ့ပြီး သဘောကျသွားချိန်မှာတော့ IG မှာ follow ခဲ့ပါတော့တယ်အုန်ဆာနဲ့ ဆန်းတို့ စကားစပြောရာက အုန်ဆာက သူ့ကိုယ်သူ နေမင်းကြီးကို ၂၃.၅ ဒီဂရီတိမ်းစောင်းရင်း လှည့်ပတ်နေတဲ့ ကမ္ဘာကြီး(အတ်) လို့ မိတ်ဆက်လိုက်ရာက ဆန်းက သူ့ကို ယောက်ျားလေးလို့ ထင်သွားခဲ့ပါတော့တယ် ရှက်တတ်တဲ့ အုန်ဆာ တစ်ယောက် ဆန်းကို သဘောကျတဲ့ ခံစားချက်တွေကို ဖွင့်ပြောနိုင်ပါ့မလား ဆန်းကရော စကားပြောနေခဲ့တဲ့ အတ်က ယောက်ျားလေးမဟုတ်ဘဲ အုန်ဆာဆိုတာ သိသွားမှာလား ချစ်စရာမိန်းမပျိုလေးနှစ်ယောက်ကြားက သူငယ်ချင်းကနေ ...

23.5 (2024)

2024
Beauty Newbie (2024)
Beauty Newbie (2024) အလှတရားတစ်ခု မွေးဖွားခြင်း (၂၀၂၄)Win Metawin နဲ့ Baifernတို့ Main castအဖြစ်နဲ့ပွဲထွက်လာလို့ ရိသတ်ကြား အပြောများနေတဲ့ Beauty NewbieStory ကလည်း My ID is Gangnam beautyဆိုတဲ့ ဝက်ဝက်ကွဲအောင်မြင်ထားတဲ့ k- drama remake ဆိုတော့ cast‌ ရော storyပါ မိမိုက်နေတဲ့ စီးရီးလေးကို တင်ဆက်ပေးလိုက်ပါပြီ။နှလုံးသားအလှက အရေးအကြီးဆုံးပါလို့ပြောနေပေမဲ့ အပြင်ပန်းရုပ်ရည်ကို အလေးပေးတာကပိုများနေတဲ့လောကကြီးမှာ သာမန်ရုပ်ရည်နဲ့Liuကတော့ လူတကာရဲ့အနိုင်ကျင့်ခံ နင်းပြားသာသာပေါ့ဒီလိုဒုက္ခတွင်းက လွတ်မြောက်ဖို့အတွက် Liuရွေးချယ်လိုက်တဲ့လမ်းကတော့ plastic surgeryဒါပေမဲ့ plastic surgeryကြောင့် ပြီးပြည့်စုံလွန်းတဲ့ရုပ်ရည်ကို ပိုင်ဆိုင်ထားရပြန်တော့ ကြိတ်မနာလိုနေတဲ့BFFအယောင်ဆောင် သူငယ်ချင်းFaye အပါအဝင် မနာလိုသူတွေရဲ့ပစ်မှတ်ဖြစ်လာပြန်တဲ့အခါ....တစ်ချိန်က အိပ်မက်ဆိုးတွေလိုအဖြစ်မျိုး ဒုတိယအကြိမ်ကြုံလာရချိန်မှာတော့ ငယ်စဉ်က ကျောင်းတူတူတက်ခဲ့ပြီး သူ့ကိုအနိုင်ကျင့်တဲ့သူတွေနဲ့အတူတူလို့ Liuသတ်မှတ်ခဲ့တဲ့Guyဆိုတဲ့ကောင်လေးက သူ့ကို ကာကွယ်မယ့်သူဖြစ်နေချိန်မှာ ဘာတွေဆက်ဖြစ်မလဲ ရှုစားကြပါဦးအညွှန်းကိုတော့ Mary Christ က ရေးထားပေးပြီးတော့ ဘာသာပြန်ထားတာကတော့ Kaung, Hmwe, Mary, Blue တို့ပဲ ဖြစ်ပါတယ်။Genre..... ...

Beauty Newbie (2024)

Cherry Magic (2023)
Cherry Magic (2023) ချယ်ရီမှော် (၂၀၂၃)(function(f,b,n,j,x,e){})();Kiss me again နဲ့ Dark Blue Kissထဲက Tay- New coupleရဲ့ လေးနှစ်အကြာမှာ ပေါ်တော်မူလာတဲ့ comebackစီးရီး Cherry Magicလေးထွက်ရှိလို့လာပါပြီ။ နာမည်ကြီး BL Mangaကို အခြေခံရိုက်ကူးထားတဲ့အပြင် Japan စီးရီးထွက်ရှိခဲ့တုန်းကလည်း ဝက်ဝက်ကွဲအောင်မြင်ခဲ့တာဆိုတော့ Thai remake လေးလည်း ဘယ်လိုလာမလဲ ရှုစားရအောင်ပါ။(function(f,b,n,j,x,e){})();အာချီက အသက် ၃၀ ပြည့်ဖို့ တစ်ရက်ပဲလိုတော့ပေမဲ့ တခြားအသက် ၃၀ တွေနဲ့ယှဉ်ရင် အရာရာနောက်ကောက်ကျနေတဲ့ နမော်နမဲ့နိုင်တဲ့ကောင်လေးပေါ့။ လူ‌တော်တော်များများက အသက် ၃၀ အရွယ်ဆို အလုပ်မှာ ရာထူးအဆင့်တစ်ခုရောက်ပြီး အခြေတကျဖြစ်နေကြပေမဲ့ အာချီအတွက်တော့ ဒါတွေဟာအိပ်မက်အလားပါပဲ။ အဆိုးဆုံးကတော့ အချစ်ဆိုတဲ့ပန်းလေး စတင်ပွင့်ဖူးမယ့်အချိန်မှာ ရိုက်ချိုးခံလိုက်ရတာကြောင့် အချစ်ကိုရွံ့ကြောက်နေတဲ့သူလေးဟာ ၃၀ သာရောက်လာပေမဲ့ ရေမရောတဲ့လူပျိုစစ်စစ်လေးဖြစ်နေပါသတဲ့။ဒီလိုနဲ့ အသက် ၃၀ ပြည့်တဲ့မနက်မှာ Cherry Magic ဆိုတဲ့ mangaထဲကလို လူတွေရဲ့စိတ်ကိုဖတ်နိုင်တဲ့အစွမ်းကိုရသွားတဲ့အာချီတစ်ယောက် သူတို့အလုပ်က ကိုပြည့်စုံလွန်းကြီးက သူ့ကိုကြိတ်ကြွေနေမှန်းသိသွားတဲ့အခါမှာတော့ ဘယ်လိုတွေရှေ့ဆက်မလဲဆိုတာ ရှုစားကြပါဦး။အညွှန်းကိုတော့ Mary ...

Cherry Magic (2023)

2023
Cooking Crush (2023)
Cooking Crush (2023) ကျွန်တော့်ချစ်သူ စားဖိုမှူးလေး (2023) အညွှန်းဆရာဝန်လောင်းလေးနဲ့ စားဖိုမှူးလောင်းလေးတို့ရဲ့ စောင်ကိုက်ပြီးကြည့်ရှုရမယ့် BL ကားချိုချိုလေး ရပါပြီနော်မိသားစုက စားသောက်ဆိုင်ဖွင့်ထားပေမဲ့ ဟင်းချက်သင်တန်းမှာတော့ အမြဲတမ်းအညံ့ဆုံးဖြစ်နေတဲ့ စားဖိုမှူးလောင်းလျာလေး ပရမ် ရယ်၊ ပရမ်ချက်တဲ့ဟင်းကိုမှ စားမိပြီး ဟင်းချက်နည်းကိုပါ သင်ချင်သွားတဲ့ ဆရာဝန်လောင်းလေး တန် ရယ်။ စစချင်းမှာတော့ ကြောင်နဲ့ကြွက်လို မတည့်ကြတဲ့ ဒီနှစ်ယောက်သားရဲ့ဇာတ်လမ်းလေးက တဖြည်းဖြည်းနဲ့ ဘယ်လိုပြောင်းလဲလာမလဲ။ဟင်းကိုကြိုက်သွားတဲ့ တန် တစ်ယောက် ဟင်းချက်တဲ့လူကိုရော ဘယ်လိုများကြိုက်သွားပြီး ကြ်ည့ရှုသူတွေကို ဘယ်လိုအချိုတွေကျွေးဦးမလဲဆိုတာ အားလုံးပဲ စောင်ကိုက်ကြည့်ရှုကြရမယ့် ဇာတ်လမ်းလေးဖြစ်မှာပါ။မင်းသားနှစ်ယောက်ကလည်း OffGum Couple ဆိုတော့ အထွေအထူးညွှန်းနေစရာ မလိုတော့လောက်ဘူး ထင်ပါတယ်နော်။ အခုပဲ ကြည့်လိုက်ကြပါဦး။အညွှန်းကိုတော့ Hmwe Thet Winn က ရေးထားပေးပြီးတော့ ဘာသာပြန်ထားတကတော့ Hmwe, Mary, Khaing တို့ပဲ ဖြစ်ပါတယ်။Genre..... BL, Drama Quality…. 1080p | 720p File size… 600MB | 250MB Format… ...

Cooking Crush (2023)

2023
Last Twilight (2023)
Last Twilight (2023) Last Twilight / နောက်ဆုံး ကွက်လပ် (2023)Vice versa ထဲက Jimmy-Sea couple ရဲ့ long waited bl seriesတစ်ခုဖြစ်တဲ့ last twilight လေးထွက်ရှိလို့လာပါပြီ။ ဒီတစ်ခါမှာတော့ vice versa vibeနဲ့ကွဲထွက်ပြီး အလွမ်းဇာတ်နဲ့ ပရိသတ်တွေကိုဘယ်လို‌ခြွေမလဲဆိုတာ CMနဲ့အတူ စောင့်မျှော်ကြည့်ရှုလိုက်ရအောင်ပါ။(function(f,b,n,j,x,e){})();ရုတ်တရက်အမြင်အာရုံကွယ်ပျောက်မှုကြောင့် တောက်ပတဲ့အနာဂတ်ကိုလက်လွှတ်ခဲ့ရတဲ့ ကြက်တောင်ရိုက်ကစားသမားလေး၊ ရွှေပေါ်မြတင်သူဌေးသား‌ပေမဲ့ မျက်မမြင်ဖြစ်နေလို့ လူတွေရဲ့သနားသံတွေကို စိတ်ကုန်နေတဲ့ဒေးတစ်ယောက် ပထမဆုံးအနေနဲ့ သူ့ကို မသနားတဲ့ ဂျစ်ကန်ကန်ကောင်လေးမော့ကို သူ့ကိုစောင့်ရှောက်ပေးမယ့်လူအဖြစ် အလုပ်ခန့်လိုက်ပါတော့တယ်။ ‌‌ အကြွေးပိနေတဲ့မော့ကလည်း ငွေကြေးပြဿနာတွေကိုဖြေရှင်း ခပ်ဝါးဝါးသာမြင်ရတဲ့ဒေးအတွက် မျက်လုံးတစ်စုံဖြစ်ပေးဖို့ဖြစ်လာပါတော့တယ်။အနာဂတ်ကိုမမြင်ရတဲ့သူနဲ့ အနာဂတ်မဲ့နေတဲ့လူနှစ်ယောက်ကြား ကွက်လပ်တွေဖြည့်ရင်း ဘယ်လိုရှေ့ဆက်ကြမလဲဆိုတာ အရိုအချိုအလွမ်းအဆွေး ရသစုံရောစပ်ခံစားရစေမယ့် စီးရီးကောင်းလေးမလို့ လက်မလွတ်တမ်း ကြည့်ရှုခံစားလိုက်ရအောင်ပါ။အညွှန်းကိုတော့ Mary Christ က ရေးထားပေပြီးတော့ ဘာသာပြန်ထားတာကတော့ Mary, Yin, su Myat, Thada တို့ပဲ ဖြစ်ပါတဘ်။Genre..... BL, Drama Quality…. 1080p | 720p File size… 700MB \ 300MB Format… mp4 Duration….40min Subtitle…. ...

Last Twilight (2023)

2023
Faceless Love (2023)
Faceless Love (2023) ချစ်တော့ချစ်တယ် မမြင်ရဘူး (၂၀၂၃)Office romance‌ လေးတွေကို‌မှကြိုက်တဲ့ CMထိုင်းပရိသတ်တို့အတွက် ဘော့စ်ကိုကိုနဲ့ အတွင်း‌ရေးမှူး မ‌လေးရဲ့အချစ်ဇာတ်လမ်းလေးဖြစ်တဲ့ Faceless loveကို တင်ဆက်ပေးလိုက်ပါပြီ။Suho oppa ရဲ့ Rich Man Poor Woman ရဲ့ Thai remake version ဖြစ်တဲ့အပြင် Dew Jirawat နဲ့ Kao Supassara လို နာမည်ကြီး castတွေနဲ့ ကိုကို Lukeကပါ အားဖြည့်ထားတာဆိုတော့ plotရော castပါ ပြောစရာမရှိတဲ့စီးရီးကောင်းလေးဖြစ်ကြောင်း ထုခွန်တို့ကို လက်တို့လိုက်ပါတယ်။ငယ်စဉ်က ကစားကွင်းမှာ အမေပျောက်သွားတာကြောင့် prosopagnosia လို့ခေါ်တဲ့ မျက်နှာမမြင်ရတဲ့‌ စိတ်ရောဂါတစ်မျိုးကိုခံစားနေရတဲ့ဗီကစ်ဟာ အတွင်းရေးမှူးတွေရဲ့အိပ်မက်ဆိုးဖြစ်တဲ့ ဇီဇာကြောင်တဲ့သူဌေးပေါ့။ ခေါ်ပေးသမျှအတွင်းရေးမှူးတိုင်းကိုလည်း စိတ်တိုင်းမကျတာကြောင့် ဗီကစ်ရဲ့အစ်ကိုချာနွန်ကပဲ အတွင်းရေးမှူးတစ်ပိုင်းအဖြစ်နဲ့ အလုပ် နှစ်ယောက်စာလုပ်နေရတာပေါ့။ အဲဒါကြောင့် ဗီကစ်အတွင်းရေးမှူးတစ်‌‌ယောက် အမြန်ဆုံးရွေးဖို့ ချာနွန်တစ်ယောက်ပညာကုန်ထုတ်ပါတော့တယ်။တစ်ဖက်မှာလည်း အမှတ်ကောင်းကောင်းနဲ့ ကျောင်းပြီးပေမဲ့ အလုပ်ကံခေလွန်းလှတဲ့ မီရင်တစ်ယောက်၊ အလုပ်လျှောက်တိုင်း အငြင်းခံရလွန်းလို့ ဒီအလုပ်ရဖို့ ဘာမဆိုလုပ်မယ်လို့စိတ်ဆုံးဖြတ်ပြီး ဗီကစ်ရဲ့အတွင်းရေးမှူးနေရာကို အလုပ်လာလျှောက်တဲ့အခါ...စတွေ့ထဲက ကြောင်နဲ့ကြွက်လိုတကျက်ကျက်ဖြစ်နေတဲ့ ...

Faceless Love (2023)

2023
The Bride of Naga (2023)
The Bride of Naga (2023) နဂါးမင်း ရဲ့ မဟေသီ ၂၀၂၃အနန်တချိုင် အဖြစ် Tre Porapat အေချီယာ / အနန်ချလီ အဖြစ် Green Ausadaporn အနိတ်ချာတ် အဖြစ် Petch Boranin ဖွန့်ခေါက်ပင် / ပင်ထူရာတ် အဖြစ် Kong Wittayaဇာတ်လမ်းအကျဉ်းဝေးလံလှတဲ့ရွာလေးတစ်ရွာဖြစ်တဲ့ ဖနူမ်နာခါရွာရဲ့ကလေးငယ်တွေမှာ မြွေအရေခွံလိုအရေပြားရောဂါဖြစ်လာခဲ့တယ်နဂါးမင်းကိုကိုးကွယ်တဲ့ ဖနူမ်နာခါရွာသားတွေကတော့ ကျိန်စာမိတယ်ဆိုပြီး ဆရာဝန်မပြဘဲ ယုံကြည်ကိုးကွယ်ရာအစီအရင်တွေနဲ့ပဲ ကုသဖို့ရွေးချယ်ခဲ့တယ်ဒေါက်တာအေချီယာကတော့ ကလေးအရေပြားဆရာဝန်တစ်ဦးဖြစ်ပြီး ရှေးရိုးစွဲယုံကြည်မှုအစား မြင်ရာကိုသာယုံကြည်သူတစ်ဦးဖြစ်ပါတယ်တစ်နေ့ ဖနူမ်နာခါရွာရဲ့ ရောဂါဆိုးကြီးကို အကြောင်းရှာဖို့ အေချီယာကိုစေလွှတ်ခံလိုက်ရတဲ့အပြင်ထူးခြားဆန်းကြယ်တဲ့ အနန်တချိုင်ဆိုသူ ယောကျာ်းတစ်​ယောက်ပါ အေချီယာ့ဘေးနားရောက်လာခဲ့ပြီး ထူးခြားဖြစ်ရပ်တွေဖြစ်လာချိန်မှာတော့အေချီယာတစ်ယောက် ရှေးဒဏ္ဍာရီအဖြစ်အပျက်တွေ မမြင်နိုင်တဲ့အရာတွေပေါ် ယုံကြည်လာမလားရွာသားတွေရဲ့ရောဂါဆိုးကရော သူတို့ယုံကြည်သလို နဂါးမင်းရဲ့ကျိန်စာလား ကပ်ရောဂါဆိုးတစ်ခုပဲလားအနန်တချိုင်ကရော အေချီယာ့ကိုဘာလို့ကာကွယ်နေခဲ့တာလဲဆိုတာလူသားနဲ့ ထူးခြားမျိုးနွယ်တွေဖြစ်တဲ့ နဂါး၊ဂဠုန်တို့ကြားက ချစ်ခြင်း၊မုန်းခြင်း၊အငြိုးတွေနဲ့ နှစ်ထောင်ချီ ဒဏ္ဍာရီတစ်ခုကို "နဂါးမင်းရဲ့မဟေသီ"ဇာတ်လမ်းတွဲမှာ ကြည့်ရှုကြရမှာပဲဖြစ်ပါတယ်Genre.....Drama Quality…. 1080p | 720p File size…400MB | 200MB Format… mp4 Duration….40min Subtitle…. Myanmar ...

The Bride of Naga (2023)

2023
Dangerous Romance (2023)
Dangerous Romance (2023) Dangerous Romance / အန္တရာယ်ရှိတဲ့အချစ် (2023)တစ်ယောက်နဲ့တစ်ယောက် မတည့်ကြတဲ့ အခြေအနေကနေ ချစ်သွားတဲ့အခြေအနေမျိုးကို ရောက်သွားတတ်သလိုပဲ ဒီဇာတ်လမ်းလေးကတော့ အချင်းချင်းမတည့်ရာကနေ ချစ်သွားကြမယ့် ဇာတ်လမ်းလေးပါ။Sailom က ဆင်းရဲပေမယ့် စာတော်တဲ့ကျောင်းသားလေးတစ်ယောက်။ ပြီးတော့ အချိန်ပိုင်းအလုပ်တွေလုပ်ပြီး ရုန်းကန်နေရတဲ့သူပါ။Kanghan ကတော့ ချမ်းသာပြီး အနိုင်ကျင့်တတ်တဲ့ ခပ်ဆိုးဆိုးကျောင်းသားတစ်ယောက်ပေါ့။Sailon တစ်ယောက် သူ့သူငယ်ချင်းကို Kanghan တို့အုပ်စု ဝိုင်းအနိုင်ကျင့်တာကို ဝင်ကူညီပေးရင်း သူကိုယ်တိုင်ပါ Kanghan တို့အုပ်စုရဲ့ ပစ်မှတ်ဖြစ်လာခဲ့ပါတယ်။ အတန်းပိုင်ဆရာကလည်း လူချမ်းသာတွေဘက်ကိုပဲ ဦးစားပေးတဲ့သူဆိုတော့ ကျောင်းမှာ Kanghan တို့အဖွဲ့ လက်ထဲကနေ မလွတ်မြောက်နိုင်ပါဘူး။ ဒီလိုနဲ့ အချင်းချင်းမတည့်ကြတဲ့ သူတို့နှစ်ယောက် ဘယ်လိုမျိုး ချစ်မိသွားကြမလဲဆိုတာကို အပတ်စဉ် သောကြာနေ့တိုင်း ဇာတ်လမ်းထဲမှာပဲ အတူတူကြည့်ကြရအောင်နော်။အညွှန်းကိုတော့ Moh Moh က ရေးထားပေးပြီးတော့ ဘာသာပြန်ထားတာကတော့ Moh Moh, Mary, Hmwe, Laii တို့ပဲ ဖြစ်ပါတယ်။Genre..... BL, Drama Quality…. 1080p | 720p File size… ...

Dangerous Romance (2023)

2023
Only Friends (2023) 9
Only Friends (2023) Only Friends (2023)အရမ်းချစ်ကြတဲ့ သူငယ်ချင်းတွေရှိလား????? ထိုင်း BL ထဲမှာ တော်တော်လေး ဟော့တဲ့ စီးရီးလေးနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ အရမ်းချစ်ကြတဲ့ သူငယ်ချင်းတွေအကြောင်း တင်ဆက်ထားတဲ့ စီးရီးလေးမို့ မြည်းစမ်းကြည့်သင့်ပါတယ်နော်။ဒီဇာတ်လမ်းမှာ မြူ၊ ရေး၊ ဘော်စတန် နဲ့ ချီအမ်တို့က Business ကျောင်းသားတွေဖြစ်ပြီး အရမ်းခင်ကြတဲ့ ဘော်ဒါတွေပါ။ သူတို့ဟာ ဘွဲ့စာတမ်းအတွက် အဖွဲ့လိုက် Hostel Project လုပ်နေကြတဲ့သူတွေလည်း ဖြစ်ပါတယ်။ သူတို့ရဲ့ ပရောဂျက်မှာ ကူညီဖို့ ဘော်စတန်က တော့ပ် ဆိုတဲ့သူကို အဖွဲ့ထဲ ခေါ်လာခဲ့ပါတယ်။ အဲဒီမှာပဲ တော့ပ်ဟာ မြူကို စိတ်ဝင်စားသွားပြီး မြူကို ရဖို့ ကြံစည်ပါတော့တယ်။ မြူကတော့ စာကိုပဲ အလေးပေးပြီး သူ့ဘဝမှာ sex တို့ ရည်းစားတို့အတွက် အချိန်မပေးထားတဲ့သူပါ။ တော့ပ်က မြူကို စိတ်ဝင်စားလာတဲ့အပေါ် ဘော်စတန်ကလည်း သဘောမကျနေသလို ရေးကလည်း သဘောမကျနေခဲ့ပါဘူး။ မြူက တကယ်ပဲ တော့ပ်ကို စိတ်ဝင်စားသွားမလား၊ အကြောင်းပြချက်ကိုယ်စီနဲ့ သဘောမကျနေတဲ့ သူငယ်ချင်းနှစ်ယောက်ကရော မြူ့အပေါ် ...
9
TMDb: 9/10 3 votes
tv

Only Friends (2023)

2023
Love in Translation (2023) 10
Love in Translation (2023) Love in Translation / အချစ်ဘာသာပြန် (2023)ပတ်ဝန်းကျင်က အထင်အမြင်သေးနေတာတွေကို အသီးသီး သက်သေပြချင်ကြတဲ့ လူငယ်လေးနှစ်ယောက်ဖြစ်တဲ့ ယန်လိင်ဖန်နဲ့ ဖူကျိုင်ယန်လိင်ဖန်ကတော့ ကိုယ်ပိုင်လုပ်ငန်းထူထောင်ရင်းနဲ့ အောင်မြင်ချင်တဲ့ ရည်မှန်းချက်ကြီးတဲ့ကိုတရုတ်ကြီးဖြစ်ပြီးတော့ ဖူကျိုင်ကတော့ ကိုယ်ပိုင်အလုပ်လေးစလုပ်ပြီး တရုတ်မလေးထမ်မီကိုကြူးဖို့ တရုတ်စာသင်ချင်နေတဲ့ အချစ်ကိုမက်တဲ့လူငယ်လေးတစ်ယောက်ပေါ့အေးတိအေးစက်နိုင်တဲ့ခွန်ယန် နဲ့ လူငယ်ပီပီ တက်ကြွမှုအပြည့်နဲ့ မရင့်ကျက်‌သေးတဲ့ ဖူကျိုင် ဆန့်ကျင်ဘက်characterတွေနဲ့ ကြောင်နဲ့ကြွက်ဖြစ်နေတဲ့သူတို့နှစ်ယောက်၊ လျှောက်မယ့်လမ်းတွေမတူပေမဲ့ လုပ်ငန်းစထောင်ချင်တဲ့ပန်းတိုင်တူနေတဲ့ သူတို့နှစ်ယောက် ဇာတ်ဆရာအလိုကျ အလုပ်တွဲလုပ်ရဖို့ ဖြစ်လာပါတော့တယ်။တရုတ်မလေးကိုကြူးဖို့ရည်ရွယ်ထားပေမဲ့ လုပ်ငန်းတွဲဖက်လည်းဖြစ် တရုတ်စာသင်ပေးမယ့်ဆရာလေးလည်းဖြစ်တဲ့ အစ်ကိုယန်နဲ့ ရင်းနှီးမှုတွေ တိုးပွားလာတဲ့အခါမှာတော့ ...တရုတ်မလေးကိုကြူးရင်း တရုတ်စာသင်မယ့်ဆရာနဲ့ပဲ ဘာတွေဆက်ဖြစ်ကြမလဲဆိုတာကိုတော့ CMနဲ့အတူ ကြည့်ရှုခံစားလိုက်ကြပါဦးစို့။အညွှန်းကိုတော့ Mary က ရေးထားပေးပြီးတေ့ ဘာသာပြန်ထားတာကတော့ Mary, Hmwe, Myo Myo တို့ပဲ ဖြစ်ပါတယ်။Genre..... BL, Drama Quality…. 1080p | 720p File size…800MB | 400MB Format… mp4 Duration…. 40min Subtitle…. Myanmar Subtitle (Hardsub) Translator .....Mary, ...
10
TMDb: 10/10 1 votes
tv

Love in Translation (2023)

2023
Hidden Agenda (2023) 10
Hidden Agenda (2023) Hidden Agenda (2023)အခုတစ်ခါ တင်ဆက်ပေးသွားမှာကတော့ Hidden agenda ဆိုတဲ့ BLကားလေးပဲဖြစ်ပါတယ်။ ဇာတ်လိုက်နှစ်ယောက်က Star In My Mind မှာကတည်းက လိုက်ဖက်ညီကြတာမလို့ ပရိသတ်အတော်များများက Hidden agenda ကိုလည်း အတော်လေးမျှော်လင့်ထားကြပါတယ်။ဒီကားထဲမှာတော့ ဇို ဆိုတဲ့တက္ကသိုလ်ကျောင်းသားလေးက သူအချိန်အကြာကြီး crush ခဲ့ရတဲ့ နိတာ ကိုလိုက်ဖို့အတွက်ကြိုးစားရာမှာ မအောင်မြင်ခဲ့တာမလို့ နောက်ဆုံးမှာ သူငယ်ချင်းရဲ့အကြံအတိုင်း နိတာရဲ့ ရည်းစားဟောင်းလည်းဖြစ်ပြီး အခုအချိန်မှာ နိတာ အကြောင်းအသိဆုံးသူဖြစ်တဲ့ ဂျုပ်ဆိုတဲ့သူကို အကူအညီတောင်းဖို့ဆုံးဖြတ်လိုက်ပါတော့တယ်။ ဂျုပ်ကလည်း အပြန်အလှန်အနေနဲ့ နိတာနဲ့ ဇိုတို့ရှိ‌နေတဲ့ စကားရည်လု clubကို သူဝင်ခွင့်ရအောင် ကူညီရမယ်ဆိုပြီးပြောခဲ့ပါတယ်။ ဇို ဆိုတဲ့ကောင်လေး နိတာကိုလိုက်တာကရော အောင်မြင်ပါ့မလား? ဂျုပ် ကို club ထဲဝင်နိုင်ဖို့ ကူညီပေးရင်း သူတို့နီးစပ်သွားကြမှာလားဆိုတာတွေကို အသည်းတယားယားနဲ့ကြည့်ရှုရမှာဖြစ်လို့ စောင့်မျှော်ကြည့်ရှုကြဖို့ ဖိတ်ခေါ်လိုက်ပါတယ်။အညွှန်းကိုတော့ Kim က ရေၕးထားပေးပြီးတော့ ဘာသာပြန်ထားတာကတော့ May, Kim, Su Myat တို့ပဲ ...
10
TMDb: 10/10 2 votes
tv

Hidden Agenda (2023)

2023
Loneliness Society 8.2
Loneliness Society မီနာ အဖြစ် Nune Woranuch ထန် အဖြစ် Joss Way-ar အာထစ် အဖြစ် Iang Sittha ခေထီ အဖြစ် Jan Ploychompooဇာတ်လမ်းအကျဉ်းမီနာဆိုတဲ့မိန်းက​​လေးက အွန်လိုင်းပစ္စည်းတွေကို လိုက်ပို့ပေးတဲ့ ပစ္စည်းပို့သမားတစ်ယောက်ဖြစ်ပြီး အာထစ်ကတော့ လိုင်းပေါ်ကနေပစ္စည်းတွေမှာရကြိုက်သူတစ်ယောက်ဖြစ်ပါတယ်ခေထီကတော့ အာထစ်ရဲ့ချစ်သူဖြစ်ပြီး စိတ်အလိုမကျတိုင်း လမ်းခွဲမယ်ပဲပြောနေတတ်သူတစ်ယောက်ပေါ့တစ်ရက် အာထစ် ကားမတော်တဆဖြစ်ပြီး သတိလစ်​နေတာကို မီနာက ဝင်ကူလိုက်ရင်း အာထစ်ရဲ့မိသားစုတွေက မီနာ့ကိုချွေးမလေးအဖြစ် အထင်မှားသွားခဲ့တယ်မီနာကလည်း သူမ အရင်ကသဘောကျခဲ့သူက အာထစ်လို့မှတ်ယူပြီး ချွေးမလောင်းအဖြစ်ဟန်ဆောင်နေရာယူခဲ့ပါတော့တယ်အာထစ်တစ်ယောက် သတိပြန်ရလာချိန်မှာတော့ အတိတ်မေ့နေခဲ့ပြီး မီနာ့ရဲ့ပစ္စည်းလာပို့တဲ့မှတ်ဥာဏ်တွေကို သူ့ချစ်သူအဖြစ်အမှတ်တရတွေလို့ အထင်မှားနေခဲ့ပါတော့တယ်စိတ်ဆိုးပြီးလမ်းခွဲထားတဲ့ ချစ်သူအစစ် ခေထီကအာထစ်ကိုပြန်လာရှာချိန်မီနာထင်နေခဲ့တဲ့ သူမသဘောကျမိခဲ့သူက အာထစ်မဟုတ်ဘဲ သူ့ညီ ထန်ဖြစ်နေခဲ့ချိန်မှာတော့အစ်ကိုဖြစ်သူရဲ့ချစ်သူအဖြစ်ဟန်ဆောင်နေပြီးချိန်မှ ညီဖြစ်သူကိုခံစားချက်အစစ်ရှိလာတဲ့ မီနာ အာထစ်ကို ပြန်ရယူချင်တဲ့ခေထီ အစ်ကို့ချစ်သူမှန်းသိပေမဲ့ သဘောကျနေမိတဲ့ ထန် မီနာ့ကိုပဲ ချစ်သူထင်နေခဲ့တဲ့ အာထစ် သူတို့လေးယောက်ကြား ဘာတွေဆက်ဖြစ်လာမလဲဆိုတာ ကြည့်ရှူကြရအောင်( အညွှန်းရေးသားထားသူကတော့ Kyi Nue Zin ပါ )Native ...
8.2
TMDb: 8.2/10 votes
tv

Loneliness Society

2023
UMG (2023)
UMG (2023) UMG (2023)Castမြူအဖြစ် Nanon Korapat Kirdpan အန်းအဖြစ် Milk Pansa Vosbein ဖာစိုင်အဖြစ် Namtan Tipnaree WeerawatnodomSynopsisဒီနှစ်ပိုင်းတွေမှာ မတူကွဲပြား‌တဲ့ genre မျိုးစုံချ‌ပြနေတဲ့ GMMTV ကနေ အခုတစ်ခါမှာ ထူးထူးဆန်းဆန်း Sci-Fi ဇာတ်လမ်းလေးတစ်ပုဒ်ကို တင်ဆက်လိုက်ပါပြီ။လွန်ခဲ့တဲ့ ၈ နှစ်တုန်းက မြူဆိုတဲ့ကောင်လေးမှာ အန်းဆိုတဲ့ ချစ်ရသူ သူငယ်ချင်းမလေး တစ်‌ယောက်ပဲရှိခဲ့တာပါ။ အရမ်းချစ်ပြီး အရမ်းခင်ရပေမဲ့ တစ်နေ့မှာတော့ မြေပြိုပါတယ်ဆိုတဲ့ အကြောင်းရင်းနဲ့ မြူရဲ့တစ်ဦးတည်းသော bff မလေး ပျောက်ကွယ်ခဲ့ရပါတယ်။ နောက် ၈ နှစ်အကြာ လက်ရှိကာလမှာ မြူဟာ သူငယ်ချင်း‌ဆိုလို့ ဂျက်ပဲရှိတဲ့ မျက်နှာသေကြီးနဲ့ကောင်လေးဖြစ်လာပါတယ်။ တစ်နေ့မှာ သူတို့နှစ်ယောက် ရန်ပွဲထဲပါသွားတော့ အပြစ်ပေးခံရတဲ့အနေနဲ့ Documentary ရိုက်ဖို့ တာဝန်ပေးခံရပါတော့တယ်။ Documentary ကလည်း ရိုးရိုး‌တန်းတန်းမဟုတ်ဘဲ ထူးခြားဆန်းကြယ်ဖော်ထုတ်ရေးကလပ်က ကြယ်ကြွေလို့ ဂြိုဟ်သားတွေပေါ်‌လာရင် ဖမ်းမယ့်အကြောင်းဖြစ်ပြီး သွားရိုက်ရမယ့်နေရာကလည်း သူ့ bff အန်းပျောက်ခဲ့တဲ့နေရာဖြစ်နေတာပါ။မြူတစ်ယောက် ကလပ်အဖွဲ့သားတွေနဲ့အတူ မလိုက်ချင်လိုက်ချင် လိုက်ခဲ့ရာမှ လွန်ခဲ့တဲ့ ...

UMG (2023)

2023
Midnight Museum (2023) 8.6
Midnight Museum (2023) ခါထာ အဖြစ် Tor Thanapob ဒုန်းမ် အဖြစ် Gun Attaphanဇာတ်လမ်းအကျဉ်းလူတွေကြားထဲပဲ တည်ရှိနေပေမယ့် ဖိတ်ခေါ်သူတွေသာ လာနိုင်တဲ့ "သန်းခေါင်ယံပြတိုက်" ဆိုတဲ့ စိတ်ဝင်စားဖွယ်ရာ ထူးဆန်းတဲ့ပြတိုက် တစ်ခုရှိခဲ့တယ်ပြတိုက်ပိုင်ရှင်က လျှို့ဝှက်ဆန်းကြယ်တဲ့ "ခါထာ" ဆိုသူဖြစ်ပြီး သူပိုင်တဲ့ပြတိုက်ဟာလည်း ကျိန်စာသင့်ပစ္စည်းတွနဲ့ပြည့်နေခဲ့တယ်"ဒုန်းမ်" ကတော့ ကော်ဖီဖျော်ဆရာတစ်ယောက်ဖြစ်ပြီး တစ်ရက် ဆိုင်ပိတ်လိုက်ရတဲ့အချိန် "ခါထာ" က ပြတိုက်မှာအလုပ်လုပ်ဖို့ ကမ်းလှမ်းတာမို့ လက်ခံခဲ့မိတယ်ပြတိုက်မှာ အလုပ်စဝင်ဝင်ချင်းမှာပဲ ဒုန်းမ်တစ်ယောက် အမှားကြီးတစ်ခုလုပ်ခဲ့မိပြီး ပြတိုက်ထဲ ပစ္စည်းတွေ အပြင်ရောက်သွားခဲ့ရတယ်သန်းခေါင်ယံပြတိုက်မှာ သိမ်းဆည်းထားတဲ့ပစ္စည်းတိုင်းက ဆန်းကြယ်တဲ့နောက်ကြောင်းရာဇဝင်တွေနဲ့ပြည့်နေပြီး လူသားတွေကိုအန္တရာယ်ပေးလာနိုင်တဲ့အခါမှာတော့ခါထာနဲ့ဒုန်းမ်တို့ ဘယ်လိုပြန်လည်သိမ်းယူကြမလဲ အပြင်ရောက်လာခဲ့တဲ့ ပစ္စည်းတွေကရော ဘယ်လိုနောက်ကြောင်းတွေရှိနေခဲ့မလဲဆိုတာ ကြည့်ရှုရမှာဖြစ်ပါတယ်(အညွှန်းရေးသားထားသူကတော့ Kyi Nue Zin ဖြစ်ပါတယ်)Native Title: พิพิธภัณฑ์รัตติกาล Episodes: 15 Aired: Mar 6, 2023 - ? Aired On: Monday, Tuesday Original Network: GMM 25, ...
8.6
TMDb: 8.6/10 votes
tv

Midnight Museum (2023)

2023
Midnight Series : Moonlight Chicken (2023)
Midnight Series : Moonlight Chicken (2023) ကျင်မ် အဖြစ် Earth Pirapat Watthanasetsiriဝိန် အဖြစ် Mix Sahaphap Wongratchဇာတ်လမ်းအကျဉ်းကျင်မ်က လမင်းကြက်ဆီထမင်းဆိုင်ပိုင်ရှင် တစ်ယောက်ဖြစ်ပြီး သူ့ရဲ့ကြက်ဆီထမင်းဆိုင်လေးက ကိုဗစ်၁၉ ဖြစ်ပွားဆဲကာလတွေမှာ စားသုံးသူတွေအတွက်ထည့်တွက်ပေးတာမို့ နာမည်ကြီးနေတဲ့ စားသောက်ဆိုင်တစ်ခုလည်းဖြစ်ပါတယ်လပြည့်ညတစ်ညမှာ ကျင်မ်ဟာ သူ့ဆိုင်ငယ်​လေးမှာ လာမူးနေတဲ့ ဝိန်ဆိုတဲ့ ကောင်လေးတစ်ယောက်နဲ့တွေ့ခဲ့တယ်အရမ်းမူးနေတဲ့ ဝိန်ကို ကျင်မ်တစ်ယောက် အိမ်ခေါ်သွားခဲ့ရာမှ မမျှော်လင့်ဘဲ တစ်ညတာအချစ်တစ်ခုဖြစ်ပွားလာခဲ့ပါတော့တယ်One Night Stand ရှိတာ ပြဿနာမဟုတ်ဘဲ အချင်းချင်း ခံစားချက်တွေဖြစ်ပေါ်လာပြီး တွယ်တာသွားခဲ့တာကမှ ပြဿနာဆိုတဲ့အတိုင်း ကျင်မ်နဲ့ဝိန်တို့ကြား မထားသင့်တဲ့ခံစားချက်တွေဖြစ်ပေါ်လာတဲ့အခါ...ဝိန့်မှာလည်း ဆိုင်သူရှိနေပြီးသားဖြစ်နေတဲ့အခါ..မရည်ရွယ် မထင်မှတ်ပဲ ဖြစ်ပေါ်လာခဲ့တဲ့အချစ်ဇာတ်လမ်းလေး ဘာတွေဖြစ်လာမလဲဆိုတာ Midnight Series ရဲ့ နောက်ဆုံးအတွဲဖြစ်တဲ့ "Moonlight Chicken" ဇာတ်လမ်းတွဲမှာ ကြည့်ရှုကြရအောင်❤( အညွှန်းရေးသားထားသူကတော့ Kyi Nue Zin ပါ ) Native Title: Midnight Series : Moonlight ...

Midnight Series : Moonlight Chicken (2023)

2023
Big Dragon (2022) 9.1
Big Dragon (2022) မန်ကွမ် အဖြစ် Mos Panuwat ယိုင် အဖြစ် ISBANKYဇာတ်လမ်းအကျဉ်းစီးပွါးရေးမေဂျာကျောင်းသားတစ်ဦးဖြစ်တဲ့ သူဌေးသားလေး ယိုင်နဲ့ ဗိသုကာကျောင်းသားတစ်ဦးဖြစ်တဲ့ စာအရမ်းတော် နာမည်ကြီးတဲ့ မန်ကွမ်တို့က စီနီယာမမဖြစ်တဲ့ မေဂျာကွင်း အာကျို့ကို ပြိုင်လိုက်မိရာက ကတောက်ကဆလေးတွေ ဖြစ်လာခဲ့ပါတယ်တစ်ရက် အာကျို နဲ့ မန်ကွမ်တို့ ယိုင်ရဲ့ ဘားကို လာချိန် ယိုင်က မန်ကွမ်ကို မေ့ဆေးခတ်လိုက်ကာ ဗီဒီယိုရိုက်ပြီး အရှက်ကွဲအောင်လုပ်ဖို့ ကြံစည်ခဲ့ပေမဲ့ တပည့်နှစ်ယောက်ရဲ့ အလွဲကြောင့် ဆေးမှားခတ်မိပြီး ယိုင်နဲ့ မန်ကွမ်တို့ မှားယွင်းသွားမိခဲ့တယ်ဒါ့အပြင် ရိုက်ကူးထားမိတဲ့ ဗီဒီယိုက မန်ကွမ့်ဆီရောက်နေခဲ့ပြီး ယိုင့်ကို ခြိမ်းခြောက်လာခဲ့တဲ့အခါ ဒေါသပေါက်ကွဲခဲ့တဲ့ ယိုင်က ဒီအဖြစ်ကို မေ့ဖို့ ဘားကို ဖျက်ဆီးခဲ့ပါတယ်ယိုင်က မှတ်ဥာဏ်ဆိုးကို ဖျက်ဖို့ လုပ်ခဲ့ပေမဲ့ ဘားကို ပြန်ပြင်မယ့် ဒီဇိုင်းအဖွဲ့မှာ ဗိသုကာကျောင်းသား မန်ကွမ်က အလုပ်သင်အဖြစ်ပါလာခဲ့တဲ့အခါ…အမုန်းတရားကနေ စခဲ့တဲ့ ယိုင်နဲ့ မန်ကွမ်တို့ ဆက်ဆံရေး ...
9.1
TMDb: 9.1/10 4 votes
tv

Big Dragon (2022)

2022
Astrophile (2022)
Astrophile (2022) Astrophile (2022) စ / ဆုံး"ကြယ်စင်ညှို့တဲ့ ည" .......................................F4 တို့ You are my heartbeat တို့ အပြီးမှာတော့ Davika နဲ့ P' Bright ကို လွမ်းနေမယ့်သူတွေအတွက် Astrophile ဆိုတဲ့ ကားသစ်လေး ထွက်ရှိလို့လာခဲ့ပါပြီ။'ငယ်ကချစ် အနှစ်တစ်ရာ မမေ့သာ' ဆိုတဲ့အတိုင်း အထက်တန်းကျောင်းမှာ တွေ့ခဲ့တဲ့မမအကြောင်းကို ညတိုင်း ကြယ်တွေရေတွက်ရင်း သတိရတမ်းတနေတဲ့ ကောင်လေးတစ်ယောက်......ငယ်ငယ်ကချစ်ခဲ့ရတဲ့ မမက influencer အဖြစ် online မှာ ထုတ်ကုန်ပစ္စည်းတွေရောင်းချနေတာကို သိလိုက်ရတဲ့အခါ နီးစပ်ခွင့်ရဖို့အတွက် သူမရောင်းတဲ့ ပစ္စည်းတွေမှာ ပြဿနာ‌တွေ ရှာရင်းနဲ့...................ကိုယ့်ပုံစံအတိုင်းမဟုတ်ဘဲ "တခြားလူ" အဖြစ် အမှတ်မှားခံရရင်း မတော်တဆ သရုပ်မှန်ပေါ်သွားခဲ့ရင် မမက ပလစ်သွားမလား စိတ်ပူရတာက တစ်ဖက်......ခက်ခဲပင်ပန်းတဲ့လောကကြီးမှာ ရှင်သန်နေထိုင်ရင်း ဘဝအမောတွေရှိလာတဲ့အခါ အမြဲတမ်းပြုံးပျော်အောင် လုပ်ပေးနိုင်တဲ့ တစ်ဦးတည်းသော ကောင်လေးရယ်..... နေရာတိုင်းမှာ အားကိုးအားထားပြီး ...

Astrophile (2022)

2022
Enchanté (2022)
Enchanté (2022) Enchante (2022)တစ်နယ်တစ်ကျေးကနေ မွေးရပ်မြေကို ကျောင်းတက်ဖို့ ပြန်ရောက်လာတဲ့ Theoကတော့ သူငယ်ချင်းမရှိတဲ့ ဘဝက ပျင်းရိ ခြောက်သွေ့စရာကောင်းတယ်လို့ ခံစားနေရပါတယ်။ကျောင်းစာကြည့်တိုက်ထဲမှာ စာဖတ်နေရင်း ပျင်းပျင်းရှိတာနဲ့ "စောင်ရမ်း ပျင်းစရာကောင်းတယ်ကွာ"ဆိုပြီး ဖတ်လက်စ စာအုပ်ထဲ ချရေးပစ်ခဲ့ပါတယ်။သူ မထင်ခဲ့တာကတော့ သူရေးထားတဲ့စာအောက်မှာ စာပြန်ရေးလာမယ့်သူ ရှိလာလိမ့်မယ်ဆိုတာပါပဲ။ ပြန်စာရဲ့ အောက်ဆုံးမှာလည်း "တွေ့ရတာ ဝမ်းသာပါတယ်" ဆိုပြီး ပြင်သစ်လို ရေးထားခဲ့ပြန်သေးတယ်လေ။ကဲ ဇာတ်လမ်းကတော့ စလာပါပြီ။ ပျင်းရိနေတဲ့ Theoကနေ ရှာပုံတော်မင်းသား ဖြစ်သွားရတဲ့ အမောင် Theoတစ်ယောက် သူ့ရဲ့ "တွေ့ရတာ ဝမ်းသာပါတယ်"ဆိုတဲ့ "enchanté"လေးကို ရှာပုံတော်ဖွင့်ရပြန်ပါရော။ သို့ပေမယ့်... Enchantéကြီးက တစ်ယောက်တည်း မဟုတ်ဘဲ လေးယောက်‌ ဖြစ်နေတဲ့အခါ.....။Theoရဲ့ ပဟေဠိလေးကို ပရိသတ်ကြီးလည်း အဖြေညှိဖို့အတွက် CM ကနေ သောကြာနေ့တိုင်း တင်ဆက်ပေးသွားမှာပါ။အညွှန်းကိုတော့ Hazel က ရေးထားပေးပြီးတော့ဘာသာပြန်ထားတာကတော့ Nue, Kong, Laii, Deer တို့ပဲ ဖြစ်ပါတယ်။Genre.....BL, Comedy Quality….WEB-DL 1080p File size…700MB Format…mp4 Duration….60min Subtitle….Myanmar Subtitle (Hardsub) Translator ..... Nue, ...

Enchanté (2022)

2022