Channel Myanmar

HBO

The Regime (2024) 7.909
The Regime (2024)  ငယ်ဘဝရဲ့အချစ်ဦးတစ်ယောက်ဖြစ်ခဲ့တဲ့ Kate Winslet ကိုDomineering female characters အဖြစ် တွေ့မြင်ရမယ့်HBOရဲ့ The Regime miniseries ဒီဇာတ်လမ်းတွဲထဲမှာတော့Kateကို စိတ်ကူးယဉ်ဥရောပနိုင်ငံတစ်ခုက ဝန်ကြီးချုပ်အနေနဲ့တွေ့မြင်ရမှာဖြစ်ပြီးတော့ နိုင်ငံရေးလောကကို သရော်ထားတဲ့ဟာသစီးရီးလေးတစ်ခုဖြစ်ပါတယ်။အယ်လီနာဟာ လောလောလတ်လတ် ရွေးကောက်ပွဲနိုင်ထားတဲ့ဝန်ကြီးချုပ်ဖြစ်ပြီး လက်အောက်ဝန်ထမ်းတွေကြားမှာအလွန်ဇီဇာကြောင်တဲ့သူပေါ့။ ဒါပေမဲ့ နိုင်ငံရေးပါးဝတဲ့နိုင်ငံ‌ရေးသမားပီပီမျက်နှာဖုံးအတု အပြုံးအတု‌တွေနဲ့ တော်ကီကြွယ်တဲ့အယ်လီနာကိုပြည်သူတွေကတော့ ချစ်ကြလေသတည်းပေါ့။ဖြစ်ချင်တော့ ဒီနိုင်ငံမှာ ဒီမိုကရေစီအယောင်ပြနဲ့ မီနီအာဏာရှင်လေးတွေက တက်တက်ပြီး အုပ်ချုပ်ထားတာဆို‌တော့ခေတ်အဆက်ဆက်က အုပ်ချုပ်သူတွေရဲ့ အကျင့်ပျက်ခြစားမှုတွေကြောင့်အဘက်ဘက်ကဆုတ်ယုတ်နေပြီးတော့ ပြည်သူတွေအတွက်ဝန်ကြီးချုပ်သစ်အယ်လီနာဟာ လမိုက်ညရဲ့အလင်းရှင်ပေါ့။ပြည်သူတွေဘာနေနေ နိုင်ငံရေးလောကဆိုတာ ဖိုဝါဒီကြီးစိုးတဲ့နေရာဆိုတော့ ခေတ်အဆက်ဆက် စားထားဝါးထားတဲ့ဝန်ကြီးအပေါင်းက အယ်လီနာမကျေနပ်ကြပါဘူး။နိုင်ငံလိုပဲ အဘက်ဘက်ကချွတ်ခြုံကျပြီး မှိုတက်နေတဲ့ နန်းတော်ကြီးကိုပါစိုထိုင်းဆတိုင်းပေးဖို့လူတစ်ယောက်အနေနဲ့ တပ်ကြပ်ဇူဘာ့ခ်ကိုအနားမှာထားဖို့ စီစဉ်လိုက်ပါတော့တယ်။အပြင်ရောအတွင်းပါ အန္တရာယ်အသွယ်သွယ်နဲ့ စိတ်အခြေအနေကပါမတည်ငြိမ်တဲ့အယ်လီနာတစ်ယောက် ဇူဘာ့ခ်ရဲ့အကူအညီနဲ့ပြဿနာပေါင်းစုံကြား သူ့ရဲ့အာဏာကို ဘယ်လိုတည်ဆောက်သွားမလဲဆိုတာရှုစားကြပါဦး။  File Size –  1.19 GB / 383 MBQuality –WEB-DL 1080p , 720pDuration – ...
7.909
TMDb: 7.909/10 11 votes
tv

The Regime (2024)

2024
White House Plumbers (2023) 6.7
White House Plumbers (2023)  ၁၉၇၄ ခုနှစ်မှာ အမေရိကန်သမ္မတ ရစ်ချက်နစ်ဆင် နှုတ်ထွက်ပေးလိုက်ရတဲ့အထိ ဖြစ်စေခဲ့တဲ့ ဖြစ်ရပ်မှန်ဝါးတားဂိတ်အရှုပ်တော်ပုံကို အခြေခံပြီး ရိုက်ကူးထားတဲ့ ဇာတ်လမ်းလေးပဲဖြစ်ပါတယ်။ သမ္မတ ရစ်ချက်နစ်ဆင်ဟာ ၁၉၆၉ ခုနှစ် ကနေ ၁၉၇၂ ခုနှစ်ထိ သမ္မတရာထူးတစ်ဆက် တာဝန်ထမ်းဆောင်ခဲ့ပြီးတဲ့နောက် နောက်ထပ်တစ်ကြိမ် ပြန်အရွေးခံရဖို့အတွက် ကြိုးပမ်းရင်း ဒီဝါးတားဂိတ်အရှုပ်တော်ပုံဆိုတာ ပေါ်လာခဲ့ရခြင်းပဲဖြစ်ပါတယ်။ နစ်ဆင်အနိုင်ရဖို့ သမ္မတပြန်လည်ရွေးကောက်ရေးကော်မတီပါဖွဲ့ခဲ့ပြီး ပြိုင်ဘက်အမတ်လောင်းရဲ့ ဒီမိုကရက်တစ်ပါတီ နေရှင်နယ်ဌာနချုပ်ဖြစ်တဲ့ ဝါးတားဂိတ်အဆောက်အအုံကို ဖောက်ထွင်းဝင်ပြီး အသံဖမ်းစက်တွေတပ်ဖို့ကြိုးစားခဲ့ကြပါတယ်။ ဒီဇာတ်လမ်းထဲမှာတော့ နစ်ဆင်ထောက်ခံသူ မျိုးချစ်နှစ်ယောက်ဖြစ်တဲ့ အက်ဖ်ဘီအိုင်အေးဂျင့်ဟောင်းဂေါ်ဒန်လစ်ဒီနဲ့ စီအိုင်အေအေးဂျင့်ဟောင်း ဟားဝပ်ဒ်ဟန့်တ်တို့က အဲဒီဖောက်ထွင်းမှုတွေကို ဦးဆောင်ခဲ့ပုံတွေအကြောင်း တင်ဆက်ထားပါတယ်။ နိုင်ငံရေးဖြစ်ရပ်မှန်ဇာတ်လမ်းကို အခြေခံထားပေမဲ့ စိတ်လှုပ်ရှားစရာအက်ရှင်ကားမျိုးအနေနဲ့ ကြည့်ရမှာမဟုတ်ဘဲ အေးဂျင့်၂ ယောက် ဝါးတားဂိတ်ရုံးခန်းထဲဝင်ရဖို့ အကြိမ်ကြိမ်ကျရှုံးပုံတွေကို ပြုံးချင်စရာကောင်းအောင်တင်ဆက်ထားတဲ့ သရော်ဇာတ်လမ်းမျိုး (Political Satire) ဖြစ်ပါတယ်။ HBO ကထုတ်ထားတာဖြစ်ပြီး Cast တွေကလည်း Now you see ...
6.7
TMDb: 6.7/10 32 votes
tv

White House Plumbers (2023)

2023
The Last of Us(2023) 9.2
The Last of Us(2023) The Last of Us(2023)================= ဂိမ်းလောကထဲမှာ နာမည်အကြီးဆုံးတွေထဲက တစ်ခုဖြစ်ပြီးဆုပေါင်းများစွာ ရရှိထားတဲ့ The Last of Us action ဂိမ်းကိုစီးရီးအနေနဲ့ တင်ဆက်လာပါပြီ။တစ်ပတ်တစ်ပိုင်းနဲ့ ၉ ပိုင်း အပတ်စဉ် ထွက်ပါလိမ့်မယ်။ ပထမဆုံးအပိုင်းကတော့ Imdb 9.8 နဲ့ တာထွက်ကောင်းနေပါပြီ။ မင်သားကလည်းGame of Thrones, Mandalorian, Kingsmen ကားတွေထဲကPedro Pascal ပါပဲ။ မင်းသမီးကလည်း Game of Thrones ထဲမှာအားလုံးချစ်ကြတဲ့ လေဒီ လာယာနာမော်မွန့်အဖြစ် သရုပ်ဆောင်ခဲ့တဲ့Bella Ramsey ပဲ ဖြစ်ပါတယ်။ဇာတ်လမ်းကတော့ မှိုပိုးတစ်မျိုးကြောင့် လူတွေ အသားစားတဲ့ဇွန်ဘီးတွေလိုဖြစ်သွားပြီး ကမ္ဘာပျက်သွားပြီးနောက် နှစ် ၂၀ မှာအခြေပြုထားပါတယ်။ နယ်မြေတိုင်းမှာ သီးသန့်ဇုံတွေနဲ့ FEDRA အဖွဲ့ကစစ်အာဏာရှင်အဖြစ် တင်းတင်းကြပ်ကြပ်အုပ်ချုပ်နေပါပြီ။ဇုံတွေထဲက ခိုးထွက်ရင် ခိုးဝင်ရင်ကို ကြိုးပေးသတ်ပါတယ်။သူတို့တွေကို ပိုးစုန်းကြူးတွေဆိုတဲ့ တော်လှန်ရေးအဖွဲ့တွေကလည်းတိုက်ခိုက်နေပါတယ်။ ဂျိုအယ်ကတော့ ...
9.2
TMDb: 9.2/10 30 votes
tv

The Last of Us(2023)

2023
The Gilded Age (2022) 8.5
The Gilded Age (2022) ဒီစီးရီးက ဘက်ဂျက်အတော်ကြီးကိုသုံးထားပြီး အတော်ကြီးကို ကောင်းပါတယ်။ HBO စီးရီးတွေရဲ့ထုံးစံအတိုင်း ဇာတ်လမ်းဇာတ်အိမ်ခိုင်ခိုင်မာမာနဲ့ ဆက်တင်တွေပီပီပြင်ပြင်ကြည့်ရမှာပါ။1882 ခုနှစ်၊ အမေရိကန်မှာ သံလမ်းလုပ်ငန်းတွေတွင်ကျယ်လာပြီး စီးပွားရေးအပြောင်းအလဲကြီးတွေ ဖြစ်ပျက်နေတဲ့ကာလ၊ နည်းလမ်းဟောင်းတွေနဲ့ နည်းလမ်းသစ်တွေ တိုက်ခိုက်နေကြတဲ့ Gilded age လို့ခေါ်တဲ့ကာလပါ။ နိုင်ငံရေးမသမာမှုတွေလည်း အတော်များတဲ့ကာလပေါ့။ပန်ဆယ်ဗေးနီးယား ကျေးလက်ဒေသမှာနေထိုင်တဲ့ မာရီယန်ဘရွတ်ခ်ဟာ ဖခင်ဖြစ်သူဆုံးပါးသွားပြီး သူ့ဖခင်နဲ့မသင့်မြတ်ခဲ့တဲ့ နယူးယောက်ကအဒေါ်တွေဆီ မဖြစ်မနေပြောင်းနေရဖို့ ဖြစ်လာပါတယ်။ရည်မှန်းချက်ကြီးတစ်ခုနဲ့ ဘဝသစ်စချင်နေတဲ့ လူမဲမိန်းကလေးပက်ဂီနဲ့တွေ့ရာကအပြန်အလှန်ကူညီဖို့အကြောင်းဖန်လာရင်း အဒေါ်တွေရဲ့အိမ်ကို အတူတူရောက်သွားကြပါတယ်။နယူးယောက်ရဲ့ လူကုံထံတွေဆီပြောင်းလာပြီး ဝင်ဆံ့အောင်ကြိုးစားချင်နေတဲ့ သံလမ်းလုပ်ငန်းပိုင်ရှင် မိသားစုတစ်စုနဲ့ လူသစ်လက်မခံချင်ကြတဲ့ အသိုင်းအဝိုင်းတို့ကြား မယ်ရီယန်တို့ရောက်လာတဲ့အခါ ဘယ်လိုအရှုပ်တော်ပုံတွေ ကြုံကြရမလဲဆိုတာ ရှုစားလိုက်ကြပါတော့။၁၉ရာစုလို စက်မှုထွန်းကားခါစကာလအခြေတည်တဲ့စီးရီးမျိုးတွေကြိုက်ရင်၊ ဇာတ်အိမ်ခိုင်ခိုင်မာမာစီးရီးတွေနှစ်သက်ရင် လုံးဝလက်လွှတ်မခံသင့်​ကြောင်း ပြောလိုက်ပါရစေFile size…400 Mb Quality….Webrip 720p Format…mp4 Duration….60 Min Genre...Drama Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Pyi T Nyein Complete Zip File - Yoteshin ...
8.5
TMDb: 8.5/10 15 votes
tv

The Gilded Age (2022)

2022
House of the Dragon Season 1 (2022) 7.4
House of the Dragon Season 1 (2022) Game of Thrones စီးရီးရဲ့ ခေတ်ကာလ မတိုင်ခင် ဖြစ်ပျက်ခဲ့တဲ့ တာဂေးရီးယန်းအိမ်တော်ဇာတ်လမ်းအကြောင်း စီးရီးအသစ် ထွက်ရှိလာပါပြီ။ Game of Thrones ကို မကြည့်ဖူးရင်တောင် ဒီကနေ စကြည့်လို့ရပြီး အတော်လေး စိတ်ဝင်စားဖို့ကောင်းပါတယ်။ဒါကဘာခေတ်လဲဆိုတာသိဖို့ ဒီစိတ်ကူးယဉ်လောကကြီးရဲ့ သမိုင်းကိုအကြမ်းဖျဉ်းသိဖို့လိုအပ်ပါတယ်။ အရင်ဆုံး ခုနှစ်တွေကို BAC နဲ့ AC ဆိုပြီး နှစ်မျိုးရှိတာ သိဖို့လိုပါတယ်။ BAC ဆိုတာကတော့ အေဂွန်ရဲ့ သိမ်းပိုက်မှုမတိုင်ခင် (Before Aegon's Conquest) ဖြစ်ပြီး AC ဆိုတာကတော့ (After Conquest) ၇ ပြည်ထောင်ကိုသိမ်းပြီးနောက်ပိုင်းခုနှစ်တွေပဲဖြစ်ပါတယ်။BAC 12000 (အေဂွန်မလာခင် နှစ်ပိုင်း ၁၂၀၀၀) မှာ အနောက်တိုင်းကို ရှေးဦးလူတွေ လာရောက်အခြေချခဲ့ပါတယ်။ အဲဒီမှာ ယခင်ရှိနေပြီးသားဖြစ်တဲ့ သစ်တောရဲ့ကလေးငယ်များဆိုတဲ့ မျိုးနွယ်တွေနဲ့ လူ့ဘီလူးကြီးတွေနဲ့ တိုက်ပွဲဖြစ်ခဲ့ပါတယ်။ သစ်တောကလေးငယ်တွေက ရှေးဦးလူတွေကို အနိုင်ယူဖို့ ...
7.4
TMDb: 7.4/10 17 votes
tv

House of the Dragon Season 1 (2022)

2022
The Time Traveler’s Wife (2022) 8.4
The Time Traveler’s Wife (2022)   အရင်က တစ်ကားတည်းထွက်ဖူးတဲ့ အချိန်ခရီးသွားတဲ့သူတစ်ယောက်အကြောင်းလေးကိုဇာတ်လမ်းတွဲလေးနဲ့ထွက်ရှိလို့လာပါပြီအချစ်ဆိုတာက မရှိတော့တဲ့အချိန်မှာမှ ပိုပြီးတော့ အသည်းအသန်ချစ်မိကြတာကသဘာဝပါပဲကိုယ့်ရဲ့ချစ်သူက ခနနေတိုင်း ဖြတ်ခနဲ ဖြတ်ခနဲ့ ပျောက်ပျောက်သွားတတ်တဲ့အချိန်ခရီးသွားတဲ့သူတစ်ယောက်ဖြစ်နေရင်ရော ဘယ်လိုလုပ်မလဲအချိန်ခရီးသွားရပေမဲ့လည်း ဘာကိုမှပြင်ဆင်ခွင့်မရှိတဲ့ လူတစ်ယောက်အနေနဲ့ရောဒါက ဆုလာဘ်လား ပြစ်ဒဏ်လာဆိုတာကိုတောင် သေချာမသိနိုင်လောက်အောာင်ပါပဲလူတွေရဲ့ ဖြစ်တတ်တဲ့သဘောတွေ ဖြစ်မယ်ဆိုတာကိုသိသိကြီးနဲ့ တားလို့မရတဲ့နာကျင်မှုတွေလူမှန်းမသိခင်လောက်ကတည်းက တစ်ယောက်တည်းကိုပဲ စွဲစွဲလန်းလန်းစောင့်ခဲ့တဲ့ အချစ်စစ်တွေအကြောင်းကိုပေါ့ပေါ့ပါးပါးလေးနရယ်စရာလေးတွေရောပြီးတော့ တင်ဆက်ထားတာဖြစ်တဲ့အတွက်ရသပေါင်းစုံခံစားပြီး ကြည့်ဖို့ထိုက်တန်တဲ့ကားကောင်းလေးတစ်ကားပါပဲ File size…(554Mb) Quality….Webrip 720p/1080p Format…mp4 Duration….50 Min Episode...6 Epi Genre... Sci-fic/Drama/ Fantasy Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by GarfieldEpisode 1720p - VIP / Yoteshin / Meaup /Meganz/ Usersdrive / StreamEpisode 2720p - VIP / Yoteshin / Meaup /Meganz/ Usersdrive / StreamEpisode 3720p - VIP ...
8.4
TMDb: 8.4/10 40 votes
tv

The Time Traveler’s Wife (2022)

2022
The Baby (2022) (Completed) 8
The Baby (2022) (Completed) The Baby (2022) (Completed Mini Series) ~ IMDb - 6.1/10, Rotten Tomatoes - 64% ~ ခင်ဗျားလက်ထဲ လေထိတောင်မခံတဲ့ မွေးကင်းစလေးချစ်စရာ‌လေးကို ကိုင်ထားပြီး အဲဒီကလေးကို တိုက်ပေါ်၀ရန်တာက လွတ်ကျသွားတယ်လို့ တွေးကြည့်။ သိပ်လန့်စရာကောင်းတယ်မလား။ ဒီရုပ်ရှင်ဟာ အဲဒီလိုကြောက်လန့်စရာကောင်းတဲ့ ရုပ်ရှင်‌ပေါ့။ HBO ရဲ့ အသစ်ထွက် Horror, Comedy Series လေးပါ။ Horror Comedy တော်တော်များများက ကြောက်ရတာထက် ရယ်စရာပိုကောင်းနေတတ်တယ်ဆိုပေမဲ့ ဒီတစ်ခုကတော့ ရယ်လည်းရယ်ရ အသည်းလည်းထိတ်ရပါပဲ။ ကလေးတွေဆိုတာ ရတနာလေးတွေ။ ကလေးရပြီဆိုတာနဲ့ ဘဝတစ်ခုလုံး ပြောင်းလဲသွားတယ်ဆိုပေမဲ့ ဒီဇာတ်လမ်းထဲက နာတာရှာလောက်တော့ ပြောင်းနိုင်မယ်မထင်ဘူး။ နာတာရှာက သူ့ရဲ့ အရင်းနှီးဆုံး သူငယ်ချင်းတွေအကုန်လုံး အိမ်ထောင်တွေကျ ကလေးတွေရကုန်လို့ သူ့ကိုပလစ်ကုန်ကြလို့ မကျေမနပ်ဖြစ်နေသလို ကလေးဆိုရင် အသံမကြားချင်လောက်အောင်မုန်းတဲ့လူပါ။ တစ်နေ့ သူနေတဲ့ ချောက်ထဲကို ကလေးတစ်ယောက် ပြုတ်ကျလာပြီး ...
8
TMDb: 8/10 3 votes
tv

The Baby (2022) (Completed)

2022