Channel Myanmar

Heel & Toe Films

House M.D 8.4
House M.D House MDဒီ ဇာတ်လမ်းတွဲကို ၂၀၁၁ တုန်းက ကျွန်တော့်ဆရာကညွှန်းလို့ ကြည့်ဖြစ်ခဲ့လိုက်တာပါ။တစ်ပိုင်းကြည့်ပြီးသွားတော့ စွဲသွားပြီးအဆုံးထိ ဆက်တိုက်ကြည့်မိသွားတယ်။အဲဒါပြီးတော့ အစအဆုံး နောက်ထပ်၂ ခေါက်ထပ်ကြည့်မိသေးတယ်။ဒီတော့ ကျွန်တော့်အကြိုက်ဆုံးဇာတ်လမ်းတွဲ စာရင်းထဲမှာ ပါပါတယ်။အပိုင်းတွေက အရမ်းများတာရယ်၊ဘာသာပြန်ဖို့ ခက်တာရယ်ကြောင့်အများကြည့်ဖို့ ပြန်မရှဲဖြစ်ခဲ့တာပါ။အခုတော့ နည်းနည်းချင်း ဘာသာပြန်ပေးဖို့ရည်ရွယ်ပြီး စလိုက်ပါပြီ။တစ်ခုတော့ ကြိုတင်တောင်းပန်ထားချင်ပါတယ်။ဒီစီးရီးက ၇ နှစ်ကြာအောင် လွှင့်ခဲ့တဲ့ စီးရီးပါ။ကျွန်တော်လည်း အလုပ်တွေတစ်ဖက်နဲ့ဖြည်းဖြည်းချင်း ဘာသာပြန်ပေးမှာမို့ အပိုင်းတွေအများကြီး ဆက်တိုက်တက်လာမှာတော့မဟုတ်ဘူး။တီဗီက အပတ်စဉ်လွှင့်သလိုသဘောထားပြီးမေ့မေ့ပျောက်ပျောက် အေးအေးဆေးဆေးပဲကြည့်ကြပါ။တစ်ပိုင်းချင်းဆီ ရသ ပေးတာမို့တန်းလန်းကြီးတော့ မမျှော်ရပါဘူး။ဇာတ်လမ်းအမျိုးအစားကတော့ဆေးပညာဆိုင်ရာ ဒရာမာ ဇာတ်လမ်းတွဲပါပဲ။ဒီဇာတ်လမ်းရဲ့ အဓိက ဇာတ်လိုက်ကတော့ဆရာဝန်တစ်ယောက်ပါ။Doctor House လို့ ခေါ်ပါတယ်။ကူးစက်ရောဂါနဲ့ ကျောက်ကပ်ရောဂါ ပါရဂူပါ။သူက ဆေးရုံမှာ ရောဂါရှာဖွေဌာနတစ်ခုတည်ထောင်ထားပြီး အရည်အချင်းအပြည့်လွန်နေတဲ့ဆရာဝန် အငယ် ၃ ယောက်နဲ့ အတူ အလုပ်လုပ်ပါတယ်။ဆေးရုံပေါင်းစုံက အဖြေရှာမရတဲ့ ကေ့စ်တွေ၊အခက်ခဲဆုံး ကေ့စ်တွေကိုပဲ သီးသန့် အဖြေရှာ ကုသပါတယ်။သူ့ရဲ့ အခင်မင်ဆုံး မိတ်ဆွေကတော့ကင်ဆာအထူးကု ...
8.4
TMDb: 8.4/10 1644 votes
tv

House M.D

2004