Channel Myanmar
JS Pictures
Discovery of Love (2014) 7.1
Discovery of Love (2014) Discovery of Love (2014) ........................ဒီတစ်ခေါက်မှာတော့ သုံးပွင့်ဆိုင်အချစ်ဇာတ်လမ်းလေးတစ်ခုကို တင်ဆက်ပေးချင်ပါတယ် ဒီဇာတ်လမ်းကတော့ Shinhwa အဖွဲ့ရဲ့ leader တစ်ဦးဖြစ်တဲ့ Eric Mun နဲ့ မင်းသား Sung Joonရယ် မင်းသမီးJung Yu Miတို့ပါဝင်ထားတဲ့ အချစ်ဟာသဒရမ်မာ​လေးဖြစ်ပါတယ်ဇာတ်လမ်းအကျဉ်း **************ယောရွန်းဆိုတဲ့ကောင်မလေးကတော့ ​ယောရွန်းနှင့်ဆိုနာမူဆိုတဲ့ ပရိ​ဘောဂဆိုင်ရဲ့ သူ​ဌေးတစ်​ယောက်ဖြစ်ပါတယ် ။နမ်ဟာဂျင်းကတော့ သဘောမနောကောင်းတဲ့ ပလပ်စတစ်ဆာဂျရီ ဆရာဝန်တစ်ဦးဖြစ်ပြီး ယောရွန်းနဲ့လက်ရှိတွဲ​နေတဲ့ ချစ်သူလည်းဖြစ်ပါတယ်ဂန်ထယ်ဟာကတော့ အိမ်အတွင်းပိုင်း အလှဆင်ကုမ္ပဏီတစ်ခုရဲ့ ကိုယ်စားလှယ်ဖြစ်ပြီး ယောရွန်းရဲ့အတိတ်ကရည်းစား​​ဟောင်းပါယောရွန်းနဲ့ ဟာဂျင်းက ချစ်သူသက်တမ်း ၃ နှစ်ရှိပြီး သူတို့အချစ်ရေးဟာ အရမ်းကို အဆင်ပြေနေကြပါတယ် ဟာဂျင်းက အရမ်းကိုချစ်တတ်ပြီး ချစ်သူနဲ့ပတ်သက်လာရင်လည်း အရာရာအလျှော့ပေးတတ်တဲ့သူပါဒါပေမဲ့ သူတို့နှစ်ယောက်ရဲ့ကြားကို ယောရွန်းရဲ့ ရည်းစားဟောင်းဖြစ်တဲ့ ဂန်ထယ်ဟာပြန်ရောက်လာတဲ့အခါ အဆင်ပြေနေတဲ့ အချစ်ရေးလေးမှာ အဖုအထစ်လေးတွေ စတင်ဖြစ်လာပါတော့တယ်လက်ရှိရည်းစားနဲ့ ရည်းစားဟောင်းကြား ယောရွန်းတစ်ယောက် ဗျာများရပုံတွေကို ဟာသနှောပြီးရိုက်ကူးပြသထားပါတယ် နောက်ဆုံးမှာ နောက်ဆုံးမှာရည်းစားဟောင်းနဲ့ပဲ ပြန်တွဲမလား လက်ရှိချစ်သူကိုပဲ ​ရွေးချယ်မလားဆိုတာကို လှပတဲ့ dialogue ​တွေနဲ့အတူ ကြည့်ရှူရမှာပဲဖြစ်ပါတယ် ဇာတ်လမ်းတွဲအညွှန်းကိုတော့ ...
7.1
TMDb: 7.1/10 88 votes
tv
Discovery of Love (2014)
2014
Heartstrings(2011)[Complete] 6.9
Heartstrings(2011)[Complete] Heartstrings(2011)****************အပိုင်း(၁ မှ ၁၅)အထိ စ/ဆုံး တစ်ချိန်တစ်ခါကနေ အခုချိန်ထိ ဝက်ဝက်ကွဲ အောင်မြင်ခဲ့တဲ့ series လေး လာပါပြီYou're Beautiful ထဲမှာ မညားလိုက်ရတဲ့ ရှင်ဝူးနဲ့ ဂိုမီနမ်အတွက်သက်သက်တစ်ကားဖန်တီးပေးထားသလိုပါပဲLee Shin (Jung Yong Hwa) က ခေတ်ပေါ်တေးဂီတမေဂျာကို အဓိကယူထားတဲ့ကျောင်းသား ဖြစ်ပြီး Stupid အဖွဲ့ရဲ့ main vocalist နဲ့ guitarist ပါ ရုပ်ရည်ချောမောပြီး ဂီတကို ပြင်းပြင်းပျပျ ဝါသနာပါသူအဖြစ် ကျောင်းမှာနာမည်ကြီး ရေပန်းစားပေမဲ့ တကယ်တမ်းကျ အေးတိအေးစက်နဲ့ အနာဂတ်ကို စိတ်မဝင်စားသူတစ်ဦးပါ ..Lee Kyu Won (Park Shin Hye)ကတော့ ရိုးရာဂီတမေဂျာကဖြစ်ပြီး ကိုရီးယားရိုးရာ ၁၂ ကြိုးစောင်းကို ကျွမ်းကျင်သူပါ အဘိုးဖြစ်သူ Lee Dong Gun က ထိပ်တန်းရိုးရာဂီတသမားဖြစ်တာကြောင့်အဘိုးရဲ့ထိန်းချုပ်မှုအောက်မှာ ကြီးပြင်းရင်း ရိုးရာဂီတပညာရှင်ဖြစ်ဖို့ကလွဲပြီး ကျန်တာဘာမှမသိသူလေးပေါ့ တစ်နေ့မှာတော့ သူငယ်ချင်းတွေနဲ့ Lee ...
6.9
TMDb: 6.9/10 28 votes
tv
Heartstrings(2011)[Complete]
2011
Strong Woman Do Bong Soon(2017)[Complete] 8.148
Strong Woman Do Bong Soon(2017)[Complete] Strong Woman Do Bong Soon(2017)*********************************အပိုင်း( ၁ မှ ၁၆) အထိ စ/ဆုံး(လုံးဝကြည်တောက်ရှင်း ...မင်းသားရေသောက်ရင်တောင် လည်ချောင်းက ရေစီးတာမြင်နိုင်လောက်တဲ့အထိကြည်တဲ့ဗားရှင်းနဲ့တင်ဆက်ပေးထားပါသည်..)ဒီတစ်ခေါက်မှာတော့ KDramaပရိသတ်ကြီးနဲ့ ရင်းနှီးပြီးသားဖြစ်တဲ့ မင်မင်နဲ့ဘုံဘုံတို့ရဲ့ ဇာတ်လမ်းတွဲလေးကို တင်ဆက်ပေးချင်ပါတယ် ဒိုဘုံဆွန်းဆိုတဲ့ မိန်းကလေးဟာ မွေးဖွားလာကတည်းက ထူးထူးထူးခြားခြား အင်မတန်ခွန်အားသန်တဲ့စွမ်းအားကို ပိုင်ဆိုင်ထားသူပါ..အဲဒီစွမ်းအားကလည်း ဘုံဆွန်းတို့မျိုးရိုးမှာ အမျိုးသမီးတွေသာ အမွေရတာပါ...ဘုံဆွန်းရဲ့အိမ်မက်ကတော့ သူ့ကိုယ်သူဇာတ်လိုက်ထားပြီး Video Gameတစ်ခုဖန်တီးချင်တာပါ..တစ်နေ့မှာတော့ ဘုံဆွန်းတစ်ယောက် လူမိုက်တွေရန်ကနေ ကားဆရာကြီးကို ကာကွယ်ပေးရင်းအမှတ်မထင် Video Gameကုမ္ပဏီရဲ့ကိုယ်စားလှယ်ဖြစ်တဲ့ အန်းမင်ဟျော့နဲ့ တွေ့ဆုံခဲ့ပါတယ်...ခြိမ်းခြောက်မှုတွေခံရတဲ့ အန်းမင်ဟျော့က ခွန်အားသန်တဲ့ဘုံဆွန်းကို သဘောကျပြီးသူ့ရဲ့သက်တော်စောင့်အဖြစ် အလုပ်ခန့်လိုက်တဲ့အချိန်မှာတော့….ထွေထူးပြီးညွှန်းစရာမလိုတဲ့ မင်မင်နဲ့ဘုံဘုံတို့ရဲ့ချစ်ကြည်နူးတစ်တီတူးတဲ့ အခန်းတွေကိုတစ်ကျော့ပြန်လည်ခံစားကြည့်ရှုကြပါဦး....Episodes: 16File Size:1.3GB, 500MBQuality :Web-DL 1080p,720PGenres: Action, Comedy, Romance, SupernaturalTranslated by  Estel, Khine Khine Wai, Shoon ,AHtet & WinEncoded by  Phyo ...
8.148
TMDb: 8.148/10 176 votes
tv
Strong Woman Do Bong Soon(2017)[Complete]
2017
Becoming Witch (2022) 9
Becoming Witch (2022) ဒီတစ်ခေါက်တော့ CM ကနေမိန်းကလေး ၃ယောက်ရဲ့ အားရဖွယ်ရာ လက်စားချေမှုတွေကိုဟာသပုံစံလေးနဲ့ ရိုက်ကူးပြသထားတဲ့ဇာတ်လမ်းလေးကိုတင်ဆက်ပေးသွားမှာပါဇာတ်ကြောင်းလေးကတော့...ဂုံမာရီဟာ ချစ်ဖိုကောင်းတဲ့သမီးလေးနဲ့အတူ အားကျဖိုကောင်းတဲ့ပျှော်ရွှင်စရာအိမ်ထောင်သည်ဘဝကို ပိုင်ဆိုင်ထားသူဖြစ်ပါတယ်ဒါပေမဲ့ သူ့ယောကျာ်းဖောက်ပြန်နေတာကို သိသွားချိန်မှာတော့သူ့ရဲ့အိမ်ထောင်သည်ဘဝကို သူမတူတဲ့နည်းလမ်းနဲ့အဆုံးသတ်ဖိုပြင်ဆင်ပါတော့တယ် ချယ်ဟီဆူးကတော့ သူဌေးမိသားစုရဲ့ချွေးမတစ်ယောက်ဆိုပေမဲ့အတိတ်မေ့ရောဂါခံစားနေရတဲ့ ယောက္ခမရဲ့ပြုစုစောင့်ရှောက်နေရတဲ့အပြင်ယောကျာ်းကလည်း သွေးအေးအေးနဲ့ အဖတ်မလုပ်တာကို ကြုံတွေ့နေရသူပါတစ်နေ့မှာတော့ သူ့ယောက္ခမက ကြောက်မက်ဖွယ်ကောင်းပြီးမက်ဖိုကောင်းတဲ့အရာတစ်ခု ကမ်းလှမ်းလာခဲ့ပါတယ် ယန်ဂျင်းအာကတော့ ဆိုးဝါးတဲ့ယောကျာ်းတစ်ယောက်ကိုပိုင်ဆိုင်ထားပြီးသူ့ယောကျာ်းသေဆုံးသွားမှုကြောင့် အာမခံကြေးအမြောက်အများကိုရရှိထားသူဖြစ်ပါတယ် သူရတဲ့ငွေတွေနဲ့ သက်သောင့်သက်သာနေရမဲ့ဘဝတစ်ခုကိုရနိုင်သော်ငြားလည်း ရုတ်တရက်ကြီးရလာတဲ့ငွေတွေကိုတစ်ယောက်ယောက်ကလုယူသွားမှာ စိုးထိတ်နေပြီးပူပန်ကြောင့်ကြတဲ့ဘဝနေနေရသူတစ်ယောက်လည်းဖြစ်ပါတယ် ဒီလို အခက်အခဲကိုယ်စီကြုံတွေ့နေရတဲ့ သူငယ်ချင်း ၃ယောက်ဟာသတ်ပစ်ချင်လောက်တဲ့ရန်သူတွေပေါ်လာပြီးစုန်းမတွေအလား ရူးသွပ်မှုတွေကြီးစိုးလာချိန်မှာတော့...ဘာတွေဘယ်လိုဆက်ဖြစ်ပြီး သူတို့စိတ်အလိုအတိုင်းတကယ်ပဲသတ်ပစ်နိုင်မှာလားဆိုတာကို ကြည့်ရှုကြရမှာပါဗျာ Quality : WEB-DL 720p,1080pTotal Episodes : 12Format : mp4Genres : Comedy,MysteryDuration : 1 hr 10 min per EpisodeSubtitle : Myanmar Subtitle ( Hardsub )Translated by CM TeamEncoded by ...
9
TMDb: 9/10 1 votes
tv
Becoming Witch (2022)
2022
Two Weeks(2013) 8.4
Two Weeks(2013) Two Weeks(2013) ဇာတ်လမ်းတွဲအညွှန်း*********************************အပိုင်း (၁ မှ ၁၆) ထိ စ/ဆုံး ဂျန်ထယ်ဆန်းဆိုတဲ့ လူဟာ အပေါင်ဆိုင်က မန်နေဂျာ..ငွေရဖို့ဆို ဘာမဆိုလုပ်မဲ့လူ...ယုတ်စွအဆုံး ဖာဂေါင်းပါလုပ်တယ်...ရုပ်ရည်က ဖြူစုတ်စုတ်... စုတ်ချွန်းချွန်းနဲ့...မျက်လုံးက ပေမှေးမှေးနဲ့ ..အဝတ်ကောင်းအစားကောင်းလေးဝတ်ပြီး ကလပ်က မမကြီးတွေလည်းပိုက်ဆံရဖို့အတွက် ဖျော်ဖြေရေးတွေလည်းပေးသေးတယ်..ထောင်ထဲကလည်း (၂)ခါတောင်ရောက်ခဲ့ပါသေးတယ်...ဒီလိုနဲ့ သူဟာ သူ့အပေါင်ဆိုင်ကို ခဏ ခဏလာတဲ့ကောင်မလေးအိမ်ကိုသွားမိတယ်...အဲ့ဒီအချိန်မှာပဲ တစ်စုံတစ်ယောက်က ခေါင်းကိုနောက်က ရိုက်ချလိုက်လို့ သတိမေ့သွားတယ်...သတိရလာတော့ ကောင်မလေးဟာ ဓားအချက်ပေါင်းများစွာနဲ့သေနေသလို သူ့ကိုယ်မှာလည်းသွေးပေနေတယ်..ဒါ့အပြင် ဓားကိုလည်းကိုင်ထားမိချိန် ဂျန်ထယ်ဆန်းတစ်ယောက်ဆီကို ရဲတွေ အများကြီးရောက်လာပါတော့တယ်...လက်ဗွေတွေအကုန်လုံးက သက်သေအဖြစ်သူ့ကိုဉီးတည်နေလို့ ထောင်ထဲကိုမဖြစ်မနေသွားရဖို့အကြောင်းဖန်လာတယ်..အဲ့ဒီအချိန် ဂျန်ထယ်ဆန်းဆီကို ထောင်ထဲလုံးဝ ဝင်သွားလို့မရတဲ့အကြောင်းတစ်ခုဖြစ်လာတယ်..ဒါ့ကြောင့်သူဟာ ထွက်ပြေးပြီ: ဒီအဖြစ်မှန်ကို ဖော်ထုတ်ဖို့ကြိုးစားပါတော့တယ်..အဲ့ဒီနောက် ကိုးရီးယားရဲ့ ထိပ်သီးလူကြီးတစ်ယောက်ပါဝင်နေသလို အာဏာရှိလွန်းတဲ့ သူဌေးကြီးတစ်ယောက်ပါသူ့ကို သတ်ဖို့ကြိုးစားတဲ့အခါမှာတော့...သူ့မှာလည်း သေရေးရှင်ရေးတစ်မျှ ၂ပတ်ပြည့်ရင် လုပ်ရမဲ့ကိစ္စကြီးတစ်ခုရှိလာတဲ့အခါ..ဒီစီးရီးလည်းတော်တော်မိုက်ပါတယ်.. ၁၆ပိုင်းလုံးမပျင်းရသလို ချောင်ပိတ်ရိုက်ခံရတဲ့လူတစ်ယောက်ကိုယ်စွမ်းဉာဏ်စွမ်းရှိသရွေ့  ကြိုးစားတဲ့အခန်းတွေက တကယ့်ကို သည်းထိတ်ရင်ဖိုပါပဲ...မင်းသမီးလေးလည်းလှတာမို့  ခံစားကြည့်ကြပါဦးလို့....   Episodes: 16Duration: 65 ...
8.4
TMDb: 8.4/10 11 votes
tv
Two Weeks(2013)
2013
Chimera 8
Chimera Chimera 2021Chimeraဆိုတာ ခြင်္သေ့ခေါင်း ဆိတ်ကိုယ်လုံး မြွေအမြီးနဲ့ ပါးစပ်ကမီးမှုတ်ထုတ်နိုင်တဲ့ ဒဏ္ဍာရီလာသတ္တဝါတစ်ကောင်ကို ခေါ်သတဲ့ အဲ့အကောင်နဲ့ ဒီဇာတ်လမ်းဘယ်လိုဆက်စပ်နေသလဲဆိုတော့ကား 1984ခုနှစ်မှာ ဖြစ်ခဲ့တဲ့ပေါက်ကွဲမတော်တဆမှုတစ်ခု... ထူးဆန်းစွာပဲ နောက် ၃၅နှစ်အကြာမှာ အဲ့လိုတပုံစံတည်းပေါက်ကွဲမှုထပ်ဖြစ်ခဲ့ပြီး လူသတ်သမားချန်ထားတဲ့ Chimera သင်္ကေတကြောင့် Chimera ကွင်းဆက်လူသတ်မှုရယ်လို့ အမည်တွင်ခဲ့ပါလေရော အဲ့ဒီလို နှစ်ချီကြာ ကွင်းဆက်အမှုကြီးမှာ လူသတ်အကြမ်းဖက် ရာဇဝတ်မှုစုံထောက် ချားဂျယ်ဟွမ်... ရာဇဝတ်မှုပရိုဖိုင်လာလုပ်နေတဲ့ ယူဂျင်းနဲ့... ခွဲစိတ်ဆရာဝန် ဂျွန်ယော့တို့ ပါဝင်ပတ်သက်လာပြီး အမှုနှစ်ခုကြားက လျှို့ဝှက်ချက်အမှန်တရားတွေကို ဖော်ထုတ်ကြတဲ့အခါမှာတော့... ကဲ...ကွင်းဆက်လူသတ်မှုနဲ့ မှုခင်း အရှုပ်တော်ပုံတွေကြား ရင်တမမ ခေါင်းတခဲခဲကြည့်ရတာကိုမှ အားရကျေနပ်တဲ့သူများအနေနဲ့ OCNရဲ့ အသစ်စက်စက် ဒီစုံထောက်ရဲဇာတ်လမ်းတွဲသစ်မှာ ကြည့်ရှုခံစားလို့ရပါပြီ Main roleက သရုပ်ဆောင်ထားကြတဲ့ အာဂျူရှီးကလည်း ခုတလော ထိန်းမရအောင် ခေတ်စားနေတဲ့ Squid Game ထဲက No 218 ဂျိုဆန်းဝူးနဲ့ Blue seaမှာ ဟောဂျွန်းဂျယ်တို့စကွက်ထဲက အာဂျူးရှီးတို့ပဲ ဖြစ်ပါတယ် Translated by : Deer~Myo Myo Htet ~ Lai Laii ~ Elrond Encoded by : ...
8
TMDb: 8/10 1 votes
tv
Chimera
2021
Bossam: Steal the Fate (2021) 2
Bossam: Steal the Fate (2021) Bossam : Steal the Fate (2021)"ဘိုဆမ်" ဆိုတာကတော့ ဂျိုဆွန်းခေတ်က ဓလေ့တစ်ခုပဲ ဖြစ်ပါတယ်။ ကံကြမ္မာကို ခိုးယူတယ် လို့ လည်း ခေါ်ပါတယ်။ဘာလို့ အဲဒီလို ခေါ်ရတာလဲ ဆိုတာကတော့ ....... အိမ်ထောင်ပြန်ပြုလို့ မရတော့တဲ့ မုဆိုးမကို ညဘက်မှာ စောင်နဲ့ထုပ်ပြီး တိတ်တိတ်လေး ခေါ်လာပြီးတော့ လင်မယားအရာ မြောက်စေတာပဲ ဖြစ်ပါတယ်။ မုဆိုးမ ခိုးတဲ့ အလေ့အထ ပဲ ဖြစ်ပါတယ်။ဒီဓလေ့ကြောင့်ပဲ ဘာအူ နဲ့ ဆူယောင်း မင်းသမီး တို့ တွေ့ဆုံခဲ့ကြတာပါ။ဆူယောင်း မင်းသမီးက နိုင်ငံရေးအရ လက်ဆက်ခဲ့ရပြီး လက်ထပ်တဲ့နေ့မှာပဲ သတို့သား ဆုံးသွားတဲ့အတွက် အိမ်ထောင်မကျဘဲ မုဆိုးမ ဖြစ်ခဲ့ရပါတယ်။ဘာအူကတော့ လူဆိုးသူခိုး တစ်ယောက် ဖြစ်ပြီး မုဆိုးမ ခိုးတဲ့ အလုပ်ကို လုပ်ကိုင်တဲ့သူပဲ ဖြစ်ပါတယ်။ဘာအူက ဆူယောင်း မင်းသမီးကို မှားယွင်းခေါ်ဆောင်လာခဲ့ချိန်မှာတော့ ......ဒီဇာတ်လမ်းကတော့ ဂွမ်ဟယ် ဘုရင် လက်ထက်က အမျိုးသမီးတို့ရဲ့ အဖိနှိပ်ခံရတဲ့ ဘဝနဲ့ ...
2
TMDb: 2/10 1 votes
tv
Bossam: Steal the Fate (2021)
2021
MINE (2021) 8
MINE (2021) Mine (2021)ငါစွဲကြီးသူများ .....ငါပိုင်တဲ့ဟာ ငါ့အရာ ဆိုတာမျိုးက လူ့အပေါ်ယံလွှာ ရေပေါ်ဆီတွေကြားမှာ ရေပန်းစားတဲ့ စကားလုံးပဲ ဖြစ်ပါတယ်။အတ္တတွေနဲ့ ပြည့်နှက်နေတဲ့ အထက်တန်းလွှာတွေကြားက အားပြိုင်မှုတွေကို တင်ဆက်ထားတဲ့ ဟဲဗီးဒရာမာ ဇာတ်လမ်းတွဲအသစ်ကို တင်ဆက်ပေးလိုက်ပါတယ်။လောင်ရမှာ ကြိုက်တဲ့ ပရိသတ်ကြီးတွေအတွက် ငရဲမီးကို ဓာတ်ဆီနဲ့လောင်းသလို ခံစားရဦးမယ့် ဇာတ်လမ်းပဲ ဖြစ်ပါတယ်။နာမည်ကြီးမင်းသမီးတွေ ဖြစ်တဲ့ Lee Bo Young နဲ့ Kim Seo Hyung အပြိုင်အဆိုင်သရုပ်ဆောင်ထားကြတာ ဖြစ်တဲ့အတွက် အတွဲအစပ်ကတော့ အတိုင်းထက်အလွန် တံခွန်နဲ့ကုက္ကားပါပဲ။ဆောဟီဆူး( Lee Bo Young)က နာမည်ကြီး သရုပ်ဆောင်တစ်ယောက်ဖြစ်ပြီးတော့ ချယ်ဘိုမိသားစုရဲ့ ဒုတိယမြောက်သားနဲ့လက်ထပ်ဖို့အတွက် သူအလုပ်အကိုင်ကို စွန့်လွှတ်ခဲ့ပါတယ် ချယ်ဘိုမိသားစု ဟျိုဝန်းကုမ္ပဏီကို လုပ်ကိုင်နေပြီးတော့ အရမ်းကိုချမ်းသာတဲ့မိသားစုတစ်စုလည်းဖြစ်ပါတယ် (ဇာတ်ကားကြည့်ရင်းနဲ့ မျက်ရည်ပါသုတ်ရမယ်နော် ချမ်းသာချက်က)မိသားစုရဲ့ ဒုတိယချွေးမအနေနဲ့ကော ကလေးရဲ့မိထွေးအနေနဲ့ပါ အဲ့မိသားစုထဲဝင်ဆန့်အောင် ကိုယ့်ကိုယ်ကို အကောင်းဆုံးကြိုးစားပြီး နေထိုင်းရင်းနဲ့ တစ်ချိန်တည်းမှာပဲ သူကိုယ်သူပျောက်ဆုံးသလိုခံစားနေရတဲ့ ဆိုဟီဆိုဂျောင်ဆူဟွန်း (Kim Seo Hyung) ကတော့ ပထမသားနဲ့လက်ထပ်ထားတဲ့ ချွေးမကြီးဖြစ်ပြီးတော့ ထက်မြတ်တယ် အလုပ်လုပ်ရင်းလည်းတိကျတယ်မတူညီတဲ့မိသားစုနှစ်စုလာတဲ့ ချွေးမနှစ်ယောက် ညီအစ်ကိုနှစ်ယောက်ကိုလက်ထပ်ပြီးတဲ့နောက်မှာသူတို့ရဲ့ ပုံစံအစစ်အမှန်ကို ဘယ်လိုရှာဖွေကြမလဲ????ဆုံးဖြတ်ချက်တွေ ...
8
TMDb: 8/10 1 votes
tv
MINE (2021)
2021
Money Game(2020)[စ/ဆုံး] 8
8
TMDb: 8/10 votes
tv
Money Game(2020)[စ/ဆုံး]
2020
Class of Lies (2019) 7
Class of Lies (2019) ဒီတစ်ခေါက်မှာတော့ CM ပရိတ်သတ်ကြီးအတွက်ကျောင်းတွင်း မှုခင်းကားကောင်းလေး တစ်ကားကို တင်ဆက်ပေးမှာပါဒီဇာတ်လမ်းတွဲလေးကို July 17 ရက်က စတင်ပြီး OCN ရုပ်သံလိုင်းကနေ ထုတ်လွှင့်ခဲ့တာပါအပတ်စဉ် ဗုဒ္ဓဟူး ကြာဿပတေးနေ့တိုင်း အပိုင်းသစ်ထွက်ရှိပြီးအပိုင်းပေါင်း ၁၆ ပိုင်းထိ ထွက်ရှိမှာဖြစ်ပါတယ်ချွန်းမြောင်အထက်တန်းကျောင်းမှာ လူသတ်မှုဖြစ်ပွားပုံနဲ့ ဇာတ်အိမ်တည်ထားတာပါချွန်းမြောင်းအထက်တန်းကျောင်းကတော့ လူကုံထံတွေရဲ့သားသမီးတွေ အာဏာပိုင်တွေရဲ့ သားသမီးတွေနဲ့ စာအရမ်းတော်တဲ့ကလေးတွေအနုပညာအသိုင်းဝိုင်းက ကလေးတွေအများစုတက်ကြတဲ့ လူချမ်းသာ အထက်တန်းကျောင်းတစ်ခုပါဒီကျောင်းမှာ ကျောင်းရဲ့မော်ဒယ် ဂျောင်ဆူအာကို သတ်တဲ့ လူသတ်မှုတစ်ခုဖြစ်ပွားခဲ့ပါတယ်အမှုရဲ့တရားခံအဖြစ် စွဲချက်တင်ခံထားရတဲ့ ကင်ဟန်ဆူကအမှုရုံးတင်နေချိန်အတွင်း ကိုယ့်ကိုကိုယ် သေကြောင်းကြံခဲ့တာကြောင့်သူသတိပြန်မရခင်အထိ အမှုကို ဆိုင်းငံ့ထားခဲ့ရပါတယ်ဒီအမှုကို တာဝန်ယူရှေ့နေလိုက်ပေးရတဲ့ ရှေ့နေကလည်း အထက်လူကြီးရဲ့အမိန့်ကိုဆန့်ကျင်ပြီး သူ့ရဲ့အမှုသည်မှာ အပြစ်မရှိကြောင်းတရားရုံးမှာ လျှောက်ထားလိုက်တဲ့အတွက် အလုပ်ကနေ ထုတ်ခံခဲ့ရပါတယ်ပြီးတော့ လာဘ်စားမှုတွေနဲ့ အမှုဆင်ခံရပြီး ရှေ့နေလိုင်စင် သိမ်းခံခဲ့ရပါတယ်အဲ့အတွက်ကြောင့် သူဟာ ဒီအမှုကို အမှန်တိုင်း ပေါ်ပေါက်အောင် ဖော်ထုတ်ဖို့အတွက်အမှုဖြစ်ခဲ့တဲ့ ချွန်းမြောင် အထက်တန်းကျောင်းမှာလက်ထောက်ကျောင်းဆရာအဖြစ် အလုပ်ဝင်ခဲ့ပါတယ်ကဲ ဒီဇာတ်လမ်းတွဲလေးမှာ ဘယ်လို ...
7
TMDb: 7/10 1 votes
tv
Class of Lies (2019)
2019