Channel Myanmar

KEYEAST

Psychopath Diary (2019) 7.1
Psychopath Diary (2019) Psychopath Diary (2019)************************အပိုင်း (၁ မှ ၁၆) စ/ဆုံး ဒီတစ်ခါမှာတော့ သရုပ်ဆောင် Yoon Shi Yoon, Jung In Sunနဲ့Park Sung Hoonတို့ အဓိကပါဝင်သရုပ်ဆောင်ထားတဲ့Psychopath Diary ဆိုတဲ့ ဟာသမှုခင်းစီးရီးလေးကို တင်ဆက်ပေးလိုက်ပါတယ်။ဇာတ်လမ်းအညွှန်း..Yook Dong Sik ဆိုတဲ့လူဟာ အာမခံကုမ္ပဏီက ဝန်ထမ်းတစ်ဦးဖြစ်ပြီးရိုးအလွန်းတဲ့စရိုက်ကြောင့် ကုမ္ပဏီတစ်ခုလုံးက သူတွေအပြင်အခင်ဆုံးသူငယ်ချင်းဆီကနေပါ အမြတ်ထုတ်ခံရတဲ့သူပါ။အဲဒီလို အလုပ်မှာအဆင်မပြေဖြစ်နေတဲ့ Dong Shik တစ်ယောက်တစ်ရက်မှာ စိတ်ညစ်ညစ်နဲ့ အိမ်အပြန်အလာ လူသတ်မှုတစ်ခုစီကိုမှတ်တမ်းတင်ထားတဲ့ ကွင်းဆက်လူသတ်သမားရဲ့ ဒိုင်ယာရီကိုကောက်ရခဲ့ပါတယ်။ဒါ့အပြင် အဲဒီလူသတ်သမား လူသတ်နေတာကို မျက်မြင်တွေ့ပြီးထိတ်လန့်တကြားထွက်ပြေးရာက ရဲအရာရှိ Shim Bo Kyungမောင်းလာတဲ့ကားနဲ့ ဝင်တိုက်သွားမိပါတယ်။အဲဒီနောက်မှာ မှတ်ဉာဏ်ပျောက်ဆုံးသွားပြီး သူကောက်ရခဲ့တဲ့ဒိုင်ယာရီထဲကလူသတ်မှုတွေကို သူလုပ်ခဲ့တာပါလို့ ထင်မှတ်မှားပါတော့တယ်။အဲဒီနောက်မှာ သူ့ကိုယ်သူ လူသတ်သမားလို့ထင်နေတဲ့Dong Shik တစ်ယောက် ဘယ်လိုတလွဲတွေလုပ်မလဲ...။Bo Kyung ကရော လူသတ်သမားကို ဘယ်လိုကူဖမ်းပေးမလဲ...။လူသတ်သမားကရော ဘယ်သူလဲ...ဆိုတာတွေကို ...
7.1
TMDb: 7.1/10 18 votes
tv

Psychopath Diary (2019)

2019
Dream High Season 1 and Season 2 7.3
Dream High Season 1 and Season 2 Dream High Season 1 (2011)Dream Highလို့ပြောလိုက်တာနဲ့ ငယ်ငယ်က ကျူရှင်အပြီးမှာ အိမ်အပြေးပြန်ပြီး ကြည့်ခဲ့ဖူးတဲ့ အမှတ်တရတွေပြန်တွေးမိနေပြီလား?တကယ်လည်း 2011ကထွက်ရှိခဲ့တဲ့ ဒီကားလေးက Kdrama ချိုးကပ်တွေနဲ့ မစိမ်းတဲ့ကားလေးပါနော်။အိပ်မက်‌တွေဆီကို အရောက်လှမ်းနိုင်ဖို့ အထောက်အပံ့တစ်ခုဖြစ်တဲ့ နာမည်ကြီး ဂီရင်းအနုပညာကျောင်းတော်ကြီးမှာပုံစံမတူ၊အခြေအနေမတူကြတဲ့ လူငယ်တွေစုဝေးနေပြီး သူတို့အားလုံးမှာ တူညီတာတစ်ခုက ပွဲဦးထွက်ပြီး တောက်ပတဲ့ကြယ်ပွင့်‌လေးတွေ ဖြစ်ချင်တဲ့ အိပ်မက်တစ်ခုတည်းပါပဲ။လူအများရှေ့မှာ လင်းလက်နေချင်တဲ့ အလင်းရောင် ထွက်ပေါ်ခါစ ကြယ်ပွင့်လေးတွေရဲ့ တစ်လှမ်းချင်းလှမ်းရင်း တလက်လက်တောက်ပလာပုံကို ကြည့်နေရတာက ဒီကားရဲ့အရသာဆိုတာ ရင်းနှီးတဲ့လူတိုင်း သိလောက်မှာပါ။အရည်အချင်းရှိရင်ရှိသလောက် ကြိုးစားရင်ကြိုးစားသလောက် ဘယ်လောက်ပဲမြင့်မားတဲ့အိပ်မက်ဖြစ်နေပါစေ ကြိုးစားနေသ၍ အောင်မြင်မှုဆိုတာ ရှိစမြဲပဲဆိုတာကို ပြောပြပေးခဲ့တဲ့ ဇာတ်လမ်းလေးပါ။ပါဝင်အားဖြည့်ထားတဲ့ Cast တွေကလည်း လက်ရှိမှာဒိတ်ဒိတ်ကြဲအောင်မြင်နေတဲ့ နာမည်ကြီးအနုပညာရှင်တွေပါပဲ။- ကျေးတောရွာလေးက အရည်အချင်းရှိတဲ့ လူငယ်လေးအဖြစ်(Kim Soo Hyun) - မွေးကတည်းက ရွှေဘုံနန်းစံလေး ဖြစ်ပြီး အထိမခံ မာန‌ခဲလေးအဖြစ်(Bae Suzy) - အရည်အချင်းရှိရဲ့သားနဲ့ အိပ်မက်ကိုတက်လှမ်းဖို့ လမ်းစပျောက်နေတဲ့ လူငယ်လေးအဖြစ် (2PM-Ok Taecyeon) - ဘုရားပေးတဲ့ဆုလာဘ်အနေနဲ့ ချိုသာတဲ့အသံကိုပိုင်ဆိုင်ထားတဲ့ ကောင်မလေးအဖြစ် (IU) - အရည်အချင်းရှိပြီး အလားအလာကောင်းတဲ့ ...
7.3
TMDb: 7.3/10 30 votes
tv

Dream High Season 1 and Season 2

2011
The One and Only (2021) 8.0
The One and Only (2021) The One and Only (2021)===================2021 မကုန်ခင်မှာ CMက ဘာသာပြန်တင်ဆက်ပေးမယ့် နောက်တစ်ကားကတော့ JTBCက ထုတ်လွှင့်ပြသမယ့် melodramaဇာတ်လမ်းကောင်းလေးပဲ ဖြစ်ပါတယ်။ ငယ်စဉ်က မိဘစွန့်ပစ်တာခံခဲ့ရပြီး အဘွားလက်ထဲမှာ ကြီးပြင်းခဲ့ရတဲ့ Pyo In Sook(Ahh Eun Jin)က နာမကျန်းဖြစ်ခဲ့မှုကြောင့် အာရုံခံစားနိုင်မှုတွေ ပျောက်ဆုံး နေပြီး သေခြင်းနဲ့နီးကပ်နေပြီဖြစ်တဲ့ မိန်းကလေးတစ်ယောက်ပါ။အမျိုးသားဇာတ်လိုက်ဖြစ်တဲ့ Woo Cheon(Kim Kyung Nam) ကတော့ လူသတ်မှု တစ်ခုမှာ ပါဝင်ခဲ့ပြီးနောက် အလွတ်စုံထောက်အဖြစ် လုပ်ကိုင်နေသူဖြစ်ပြီး တရားမဝင်တဲ့ ကိစ္စတွေကိုတောင် တုံ့ဆိုင်းခြင်းမရှိ လုပ်ဆောင်နိုင်သူ... ဘဝမှာဘာအကြောက်တရားမှ မရှိတဲ့ လူတစ်ယောက်။ဒီနှစ်ယောက်ပဲလားဆိုတော့ မဟုတ်ပါဘူး နောက်ထပ် ကိုယ်စီအပူအပင်အပြည့်နဲ့ဇာတ်ကောင် နှစ်ဦးလည်းပါပါသေးတယ်။ သာမန် အိမ်ထောင်သည်ဘဝနဲ့ နေထိုင်ခဲ့ပေမဲ့ အထီးကျန်နေခဲ့ပြီး သေခြင်းရဲ့ဒဏ်ခတ်မှုနဲ့ကိုပါခံနေရသူ Se Yeon(Gang Ye Won)... ဆိုရှယ်မီဒီယာမှာ influencer အနေနဲ့ ရပ်တည်နေသူဖြစ်ပေမယ့်၊ တကယ်တမ်းကျ မကြာခင် သေဆုံးရတော့မယ့် ကောင်မလေး Mi Do(Joy)...မတူညီတဲ့ဇာတ်ကောင်တွေဆိုပေမဲ့ တစ်ဦးစီမှာရှိနေ‌တဲ့ နာကျင်မှုတွေက မထူးမခြားမနားပါပဲ။ ဘဝမှာ ...
8.0
TMDb: 8.0/10 5000 votes
tv

The One and Only (2021)

2021
Voice 4: Judgment Hour (2021) 6.5
Voice 4: Judgment Hour (2021) Voice 4: Judgment Hour (2021)ဇာတ်လမ်းတွဲအညွှန်း****************************************အပိုင်းသစ်(၁ မှ ၁၄ ထိ)စ/ဆုံး Season 4 မှာတော့ 112 call center စင်တာမှူးကြီး K‌ang Kwon Jo ဟာ Season 1,2,3မှာ ရခဲ့တဲ့ စိတ်ဒဏ်ရာတွေကြောင့်trauma ရသွားကာ psychopath တစ်ယောက်အဖြစ် ပြောင်းလဲသွားပြီး လူတွေကို လိုက်သတ်နေတာလား ...ဒါမှမဟုတ် အမြွှာလို ရုပ်ချင်းတူတဲ့ သူတစ်ယောက်ကများ စင်တာမှူးလိုဟန်ဆောင်ပြီး လိုက်သတ်နေတာလားဆိုတာကိုဖော်ထုတ်ရမှာပါ။မင်းသားနေရာ‌မှာတော့ LA ကပြောင်းလာတဲ့ စုံထောက် Derek Jo (ဂျွန်စော)ပါ၀င်လာပြီးတော့ကွင်းဆက်လူသတ်သမားအမှုနဲ့ အမှုများစွာကို ထပ်မံဖော်ထုတ်ဦးမှာ ဖြစ်ပါတယ်။အညွှန်းအများကြီးမရေးသင့်တဲ့စီးရီးမို့ ကိုယ်တိုင်ပဲ ရင်ခုန်စိတ်လှုပ်ရှားစွာ စောင့်မျှော်ကြည့်ရှုကြပါကုန်...Duration – 60Min (@Episode)Subtitle – Myanmar HardsubFormat – Mp4Genres-  Crime,Adventure,Thriller, DramaTranslated by Ei ...
6.5
TMDb: 6.5/10 29 votes
tv

Voice 4: Judgment Hour (2021)

2021
Voice 3(2019) 6.4
Voice 3(2019) Voice 3(2019) အညွှန်း********************အပိုင်းသစ်( ၁ မှ ၁၆) ထိ စ/ဆုံးဒီတစ်ခေါက် Season 3 မှာတော့ Season 2 တုန်းက မပြီးပြတ်သေးတဲ့အမှုကို ဆက်လက် အဖြေရှာကြမှာပဲဖြစ်ပါတယ်။အလွန်ကောင်းမွန်တဲ့ အကြားအာရုံရှိပေမယ့် ဦးနှောက်အာရုံကြောဝေဒနာတစ်မျိုး ခံစားနေရတဲ့ စင်တာမှူး Kang Gwon Ju ၊နားလည်ရခက်တဲ့ အဖွဲ့မှူး Do Kang Woo နဲ့ Golden Time ကအဖွဲ့သားတို့ဟာ 112 call center ကိုတိုင်ကြားလာတဲ့ ရာဇ၀တ်မှုခင်းတွေကို တက်ညီလက်ညီနဲ့ လိုက်လံဖော်ထုတ်ဖြေရှင်းပေးသွားကြမှာပါ။Season 3 မှာ နောက်ထပ်ပါ၀င်လာတဲ့ အမှုတစ်ခုကတော့ Doctor Fabre ဆိုတဲ့ Dark Web တစ်ခုရဲ့ အဓိကကြိုးကိုင်တဲ့သူကိုရှာဖွေရမှာဖြစ်ပါတယ်။ အဲ့ဒီအဓိကကြိုးကိုင်သူဟာ Do Kang Woo ရဲ့ အတိတ်ကိုဘာလို့အဲ့‌လောက်ထိသိနေရတာလဲ ဘာလို့အမြဲတမ်း ...
6.4
TMDb: 6.4/10 28 votes
tv

Voice 3(2019)

2019
Voice 2(2018) 8.0
Voice 2(2018) Voice 2(2018) ဇာတ်လမ်းတွဲအညွှန်း*****************************အပိုင်းသစ်(၁ မှ ၁၂ )ထိ စ/ဆုံးVoice season 2 မှာလည်း season 1 တုန်းကလိုပဲ 112 call center ကို ဖုန်းဆက်ပြီး အကူအညီတောင်းလာတဲ့သူတွေကို ကယ်တင်ပေးရင်း mysterious ဖြစ်နေသောအမှုအခင်းများကို လိုက်လံဖော်ထုတ်ကြမှာပဲဖြစ်ပါတယ်.....မင်းသမီးကတော့ ထုံးစံအတိုင်း ဟိုးအဝေးကလာတဲ့ အသံသေးသေးလေးတွေကအစ ကြားနိုင်စွမ်းရှိတဲ့ 112 call center ကစင်တာမှူး Kang Gwon Ju ပါ...မင်းသားနေရာမှာတော့ season 1 ပါ၀င်ခဲ့တဲ့ Mu Jin Huyk နေရာမှာ Do Kang Woo အစားထိုးပါ၀င်လာပါတယ်။သူတို့နှစ်ယောက်အတူ ပူးပေါင်းပြီးတော့ ကွင်းဆက်လူသတ်သမားအမှုကိုပဲ ဖော်ထုတ်ကြမှာပဲ ဖြစ်ပါတယ်။Season 2မှာ စုစုပေါင်း အပိုင်း ၁၂ပိုင်း ပါ၀င်မှာဖြစ်ပြီးတော့ သည်းထိတ်ရင်ဖို အမှုအခင်း ဇာတ်လမ်းတွဲကြိုက်သူတွေလက်မလွတ်တမ်း ...
8.0
TMDb: 8.0/10 28 votes
tv

Voice 2(2018)

2017
Voice(2017) Season 1[ Complete] 6.4
Voice(2017) Season 1[ Complete] Voice(2017) Season 1 ဇာတ်လမ်းတွဲ***************************************အပိုင်း(၁ မှ ၁၆ )ထိ စ/ဆုံးVoiceစီးရီးနဲ့ပတ်သက်ပြီး အညွှန်းတော့ထွေထွေထူးထူးရေးစရာမလိုလောက်.....အသက်နဲ့သစ္စာလို့လူသိများကြပါတယ်....ဒီစီးရီးက ရဲမှုခင်းဌာနရဲ့ Call Center တစ်ခုကိုအခြေပြုပြီးတော့ ဇာတ်အိမ်ဖွဲ့ထားတာပါ...ကိုရီးယားရဲ့ လူသိများတဲ့ဇာတ်ကောင်ကPsychopath ပါပဲ...ကြည့်နေတုန်း Screen ထဲဝင်ပြီး သတ်ပစ်ချင်လောက်အောင် ဖမ်းစားနိုင်ပါတယ်....အဲ့လိုနေရာကို နာမည်ကြီးသရုပ်ဆောင်တွေထားသလို ဇာတ်အိမ်ကိုအမြင့်ဆုံးဖြစ်စေနိုင်တဲ့ နာမည်ရသရုပ်ဆောင်တွေPlot Twist အလန်းစားတွေနဲ့ ဖွဲ့စည်းပြီး အဆင့်အတန်းမြင့် Crimeဇာတ်လမ်းတွေဖန်တီးလေ့ရှိတယ်...လူကြိုက်များလှသလို ဒီ Voiceစီးရီးကလည်း အထင်ကရ စီးရီးဆက်ကြီးလို့ပြောရင်လည်းမမှားပါဘူး.....Voiceရဲ့အကောင်းဆုံးကတော့ SE1ရဲ့ အပိုင်း(၁)စပြီး Tempoကိုကျမသွားတာပါပဲ...ကိုယ်တိုင် ဇာတ်လမ်းထဲရောက်သွားသလိုခံစားရပြီး ကိုယ်တိုင်အမှုတွေအဖြေရှာရ  Psychopath က ဘယ်သူဖြစ်မလဲကိုတွေးရ အသံတွေကြားပြီးဘာမှမကယ်နိုင်အကူအညီမပေးနိုင်နဲ့   တော်တော်ဒုက္ခများတယ်လို့ပြောရမှာပါပဲ...တစ်ချို့အခန်းတွေဆို ဟာ ဟင် ထအော်ရတာမျိုးရှိသလို ကြည့်ရင်း လည်ချောင်းတွေခြောက်ပြီးရေတွေပါငတ်တဲ့အခြေအနေမျိုးတွေလည်းကြုံရပါတယ်...ဇာတ်လမ်းအညွှန်းက ခုမှလာပါပြီ...ဇာတ်လမ်းအညွှန်း++++++++++++နင်းကန်ကောင်းတဲ့စီးရီးပါ.... Quality – WEB-DL 720pDuration – 60Min (@Episode)Subtitle – Myanmar HardsubFormat – Mp4Genres-  Crime,Adventure,Thriller, ...
6.4
TMDb: 6.4/10 28 votes
tv

Voice(2017) Season 1[ Complete]

2017
Hush (2020)
Hush (2020) Hush ၂၀၂၀ •••••••••••••••••••••••••••••••••••   ဒီတစ်ခါတော့ ကိုးရီးယားဒရမ်မာတွေကကြားကနေ   တစ်မူကွဲထွက်နေတဲ့ ဇာတ်လမ်းလေးတစ်ခုကို မိတ်ဆက်ပေးချင်ပါတယ်   Hush ဆိုတဲ့ ဒီဇာတ်လမ်းတွဲကတော့   သတင်းထောက်တွေရဲ့ နေ့စဉ်ဘဝဖြတ်သန်းမှုတွေ အခက်အခဲတွေနဲ့   ကြုံတွေ့ရတဲ့ ပြသနာတွေကို ရိုက်ကူးပုံဖော်ထားတဲ့   Office drama ပါ   ဝါရင့်သတင်းထောက်တစ်ယောက်ဖြစ်တဲ့ ဟန်ဂျွန်ဟျော့ဟာ   အစပိုင်းမှာတော့ တရားမျှတမှုတွေကိုဖော်ထုတ်ပေးချင်တဲ့ ရည်ရွယ်ချက်နဲ့ အလုပ်ဝင်ခဲ့သူပါ   ကြာလာတော့ စိတ်ကူးနဲ့လက်တွေ့ကြားထဲမှာ လမ်းပျောက်နေတဲ့သူပေါ့   ခင်ပွန်းသည်တစ်ယောက်အဖြစ်ရော ဖခင်တစ်ယောက်အဖြစ်ပါ တာဝန်ယူထားရတဲ့သူဟာ   ကိုယ်ရေးကိုယ်တာပြသနာတွေနဲ့ လုံးထွေးနေရပါတယ်   လီဂျီဆူကတော့ မှန်တယ်ထင်ရင် ဘာမဆိုပြောတတ် လုပ်တတ်တဲ့သူပါ   သူသတင်းထောက်အဖြစ်အလုပ်ဝင်တော့   ဟန်ဂျွန်ဟျော့နဲ့တွေ့ပြီး သတင်းထောက်စစ်စစ်တစ်ယောက်ဖြစ်လာဖို့ ကြိုးစားရင်း   ဘယ်လိုတွေနဲ့ ရင်ဆိုင်ရမလဲဆိုတာ ကြည့်ရှုရမှာပါ   သတင်းထောက်တွေရဲ့ စိတ်ကူးနဲ့လက်တွေ့   ကွာဟချက်များပဲ ဖြစ်ပါတယ်   အပတ်စဉ် သောကြာနေ့နဲ့ စနေနေ့တိုင်း   JTBC ကနေ ထုတ်လွင့်ပြသသွားမှာပါ    Review by ~ Amelia Translated by : Thin Zar Htet ~ Jerrica ~ Thet Hnin Hsu ~ Phue Nge ~ Amelia ~ Hazel ~ Emily ~ May Tu ...

Hush (2020)

2020
My Dangerous Wife(2020)[စ/ဆုံး]
My Dangerous Wife(2020)[စ/ဆုံး] My Dangerous Wife(2020)အညွှန်း******************************အပိုင်း(၁ မှ ၁၆ )ထိ စ/ဆုံးတစ်သက်လုံးချစ်မယ်လို့ တစ်သက်လုံးရိုးမြေကျပေါင်းသင်းမယ်လို့ ကတိတွေပေးရင်းသိပ်လှတဲ့ မင်္ဂလာပွဲကိုကျင်းပခဲ့ပေမဲ့ ဒီကတိတွေကို  မတည်တဲ့အိမ်ထောင်သည် တစ်ချို့ရှိတယ်....ဟန်ဆောင်အပြုံးတွေနဲ့ နှုတ်ဆက်ရင်း အိမ်မှာရှိတဲ့အချိန်ငရဲကျသလိုဖြစ်နေရင်းအလုပ်သွားတဲ့အချိန်မှာ လွတ်ပြီကျွတ်ပြီဆိုတဲ့ပုံဖြစ်နေတဲ့ အိမ်ထောင်ဉီးစီးတစ်ချို့ရှိတယ်.....လင်မယား(၂) ယောက်ရှိတယ်.....ဟန်ဆောင်အပြုံးတွေနဲ့......အထူးသဖြင့် ယောင်္ကျားဖြစ်သူ....မိန်းမငယ်ငယ်ချောချောလေးနဲ့ဖောက်ပြန်ရင်းအိမ်ကမယားကြီးကို အသေသတ်ဖို့အထိ စဉ်းစားနေတဲ့သူ....တစ်နေ့တော့ သူဖောက်ပြန်တဲ့မိန်းမက ရဲတွေ သံသယကင်းနိုင်တဲ့ လူသတ်နည်းတစ်ခုပေးလိုက်တယ်..အဲ့ဒီနည်းကို အသုံးချမယ်ဆိုပြီး ဖောက်ပြန်တဲ့မိန်းမနဲ့အိပ်ပြီးတဲ့နောက်မှာအိမ်ကိုပြန်လာခဲ့တယ်....အဲ့ဒီမှာတော့ ပြဿနာကြီးကြီးစတက်တော့တာပဲ...အိမ်တစ်ခုလုံးရှုတ်ပွနေတဲ့အပြင် သွေးတွေလည်းနေရာအနှံ.....စာလေးတစ်စောင်ချန်ထားခဲ့တယ်...မင်းမိန်းမကိုလိုချင်ရင် ဝမ် ၅ မီလီယံနဲ့လာရွေးပေးပါတဲ့...ကိုင်းအဲ့ဒီနောက်တော့ ဘာတွေဆက်ဖြစ်မလဲဆိုတာ ခံစားကြည့်ပါ...ဒီစီးရီးက တခြားဇာတ်လမ်းတွဲနဲ့မတူဘဲ ခပ်ဆန်းဆန်းစထားတယ်....(18+ အခန်းတွေပါလို့ သတိထားကြည့်စေချင်တယ်....)မှုခင်းကားအမျိုးအစားဖြစ်ပြီးစိတ်ဝင်စားဖို့ကောင်းသလို သရုပ်ဆောင်တွေကလည်း တကယ့်လူတွေကြီးပဲမို့ခံစားကြည့်ကြပါဉီး.... Quality – HD-TV 720pDuration – 60Min (@Episode)Subtitle – Myanmar HardsubFormat – Mp4Genres- , Drama,CrimeTranslated by Lwin Lwin Aung,Shoon Thu Thu Chain,Ei Phyu ...

My Dangerous Wife(2020)[စ/ဆုံး]

2020
Hyena [2020] 7.7
Hyena [2020] Hyena 2020 ဒီကားကတော့ ကိုရီးယားမှာ ၂၀၂၀ခုနှစ်ကမှ လတ်လတ်ဆတ်ဆတ်ထွက်ထားတဲ့ Drama ဇတ်လမ်းဖြစ်ပြီး IMDB 7.8/10ထိရထားတဲ့ ဇတ်လမ်းတွဲလေးလည်းဖြစ်ပါတယ်။ ဇာတ်လမ်းအကျဉ်းလေးမိတ်ဆက်ပေးရရင် ကိုရီးယားရှေ့နေလောကဆိုတာ တကယ်တော့ အပြိုင်အဆိုင်တွေအရမ်းများပါတယ်။ ကတုံးပေါ်ထိပ်ကွက်ဆိုတဲ့အတိုင်း တယောက်နဲ့တယောက် ဘယ်သူသာမလဲ ၊နိုင်မလဲဆိုတာကိုပဲချောင်းနေရတာပါ။ အဲ့ဒီမှာထိပ်တန်းရှေ့နေနှစ်ယောက်ဖြစ်တဲ့ ယွန်းဟီဂျယ်နဲ့ ဂျောင်းဂွန်းမ်ဂျာဆိုတဲ့ သူနှစ်ဦးက မတည့်အတူနေဆိုသလို တယောက်နဲ့တယောက် ထေ့လိုက် ငေါ့လိုက်နဲ့ အချိန်တန်ရင် သူတို့ အောင်မြင်ဖို့အတွက်ဆို ဘာမဆိုလုပ်ကြတဲ့ သူတွေပါ။ အဲ့ဒီထိပ်တန်း Master brain နှစ်ယောက်ရဲ့ အားပြိုင်ပုံလွန်ဆွဲပုံတွေကို သရုပ်ဆောင်ချက်ကောင်းကောင်းတွေနဲ့ ခံစားကြည့်ရှုကြရမှာပါ။ မင်းသမီးကတော့ အားလုံးသိထားပြီးတဲ့ Signal ကားထဲကသရုပ်ဆောင်ကောင်းတဲ့ မင်းသမီး Kim Hye Soo ဖြစ်ပြီး မင်းသားကတော့ Along With the God ထဲက Ju Ji-Hoon တို့ပဲဖြစ်ပါတယ်။ အားလုံးပဲခံစားကြည့်ရှုလိုက်ကြပါအုန်း။ ဘာသာပြန်ပေးထားတာကတော့ Little Neo , CharmWave . Htoo Htoo Ka Joe, August , Phu Nge Nge Thein , Kyi Kyi , Moe Pwint , Nay ...
7.7
TMDb: 7.7/10 3 votes
tv

Hyena [2020]

2020