Channel Myanmar

Studio Dragon

Adamas (2022) [Complete] 6

Adamas (2022) [Complete]

2022
Tunnel (2017) 8.3
Tunnel (2017) Tunnel (အညွှန်း)"ကံကြမ္မာနှင့် အချိန်တိုကြားက ပေါင်းကူး" 𝗧𝘂𝗻𝗻𝗲𝗹Legendary Zombie စုံထောက်ကြီး Choi Jin-hyuk အာဂျောရှီး ရဲ့ "Old But Gold" ကားကောင်းလေး ပြန်လည် တင်ဆက်ပေးလိုက်ပါပြီ My Holo Love ထဲက မင်းသား Yoon Hyun-Min နဲ့ Insider ထဲက မင်းသမီးကြီး Lee Yoo-Young တိုလည်း ပါဝင်ပါတယ်ဇာတ်လမ်းအကျဉ်းအကြမ်းဖက်မှုခင်းအဖွဲ ၁ က စုံထောက်ကြီး ပတ်ဂွမ်ဟို (Choi Jin-Hyuk) က ကွင်းဆက်လူသတ်သမားကို အပြင်းအထန်ကြိုးစားပြီး ဖမ်းနေတဲ့ အနိုင်မခံအရှုးမပေးစုံထောက်တစ်ယောက်ဖြစ်ပါတယ် 1986 ခုနှစ်မှာ ကွင်းဆက်လူသတ်မှုကို ဖော်ထုတ်ရန် မှုခင်း‌နေရာဖြစ်တဲ့ လိုဏ်ဂူထဲကို သွားရင်း တခြားတစ်ဖက်ကို ရောက်တဲ့အခါ သူ့အတွက် ကမ္ဘာကြီး တစ်ခုလုံး ပြောင်းလဲ သွားပါတော့တယ်အနာဂတ် အနှစ်သုံးဆယ်ဖြစ်တဲ့ 2017 ခုနှစ်ကို ရောက်သွားတာဖြစ်ပြီး အဲဘက်မှာလည်း ကွင်းဆက်လူသတ်မှုက ...
8.3
TMDb: 8.3/10 37 votes
tv

Tunnel (2017)

2017
Alchemy of Souls S01 (2022) [Complete] 7
Alchemy of Souls S01 (2022) [Complete] Alchemy of Souls S01 (2022) [အစ-အဆုံး] အပိုင်း -  ၂၀ (ဇာတ်သိမ်းပိုင်း)(1080p ရပါပြီ ခင်ဗျာ) TVN TVING နဲ့ Netflix တို့ရဲ့ အလန်းစား ဒရမ်အသစ်လေး လာပါပြီ။ cast တွေနဲ့တင် တစ်ဝက်လောက် ကြည့်သင့်နေတဲ့ ဒရမ်မာလေးပါ။ဇာတ်လမ်းအကျဉ်းကတော့ ...ဒယ်ဟိုမြို့တော်က ကြီးမြတ်တဲ့ဂျန်မျိုးနွယ်မှာ မနှစ်မြို့စရာလျှို့ဝှက်ချက်နဲ့အတူ ဂျန်အူဂီကို မွေးဖွားခဲ့တယ်။ နောက်ကွယ်မှာတော့ တစ်မြို့လုံးက ဂျန်အူဂီနဲ့သူ့မိသားစုကိုမကောင်းပြောကြတာပေါ့။ ဖခင်ဖြစ်သူက သူ့အပေါ်မန္တန်နဲ့တားမြစ်ခဲ့တဲ့အတွက် အရွယ်ရောက်တဲ့အချိန်မှာတောင် မှော်ပညာကိုမသင်နိုင်လို့ ဂျန်အူဂီတစ်ယောက်ကတော့ ဒေါသပုံထပြီး သူ့စွမ်းအင်ကိုဖွင့်ပေးမဲ့ ဆရာကိုရှာဖို့ စိတ်အလိုဆန္ဒပြင်းထန်လိုချင်နေခဲ့ပါတယ်။ ဒီလိုအမြဲပြဿနာတွေနဲ့ ဒုက္ခပင်လယ်ဝေတဲ့ ဂျန်အူဂီတစ်ယောက် တစ်နေ့မှာတော့ မူဒေါ့ဆိုတဲ့ ကောင်မလေးနဲ့တွေ့ဆုံခဲ့တယ်။ မူဒေါ့ကတော့ တစ်ချိန်က အရိပ် လူသတ်သမားဖြစ်ပေမဲ့ သူ့မရဲ့ ဝိညာဉ်က အားနည်းတဲ့ ခန္ဓာကိုယ်ထဲမှာ ပိတ်မိနေပြီး စွမ်းအင်တွေပျောက်ဆုံးနေရှာတယ်။ ဒီလိုနဲ့ မူဒေါ့က ဂျန်အူဂီရဲ့ အစေခံဖြစ်လာပြီး နောက်ကွယ်မှာ တိုက်ခိုက်ဖို့ ...
7
TMDb: 7/10 1 votes
tv

Alchemy of Souls S01 (2022) [Complete]

2022
Player (2018) 7.5
Player (2018) Player (2018) ဇာတ်လမ်းတွဲ***************************အပိုင်း ( ၁ မှ ၁၄ ) ထိ စ / ဆုံး ဒီဇာတ်လမ်းတွဲဟာ မင်းသားကြီး ဂျွန်စော နဲ့ f(x) အဖွဲ့ဝင်ဖြစ်တဲ့ Krystal အဓိကပါဝင်သရုပ်ဆောင်ထားတယ်..ရုပ်ထွက်ကိုလည်းရှယ်ဖြစ်အောင် ပြုလုပ်ပေးထားလို့ကြည့်ပြီးသားသူတွေလည်း အရသာတစ်မျိုးရနေပါလိမ့်မယ်..မှုခင် အက်ရှင်ဇာတ်လမ်းတွဲဖြစ်သည့်အလျှောက် အပိုင်း (၁)မှာကတည်းကဇာတ်ရှိန်ခပ်သွက်သွက်နဲ့ကိုသွားထားပါတယ်.. ဟာရီဆိုတဲ့ဘဲကသူများမျက်ခုံးမွေးပေါ်လမ်းလျှောက်ဖို့မွေးဖွားလာတဲ့သူလို့ဆိုရမယ်..သူက ထက်မြက်တဲ့သူတွေစုစည်းပြီး  မကောင်းတဲ့နည်းတွေနဲ့ ချမ်းသာလာတဲ့လူတွေကိုမှာ လိုက်ပြီးဗျင်းတာဖြစ်ပါတယ်... ရဲတွေနဲ့ ထိုးကျွေးလိုက်ပိုက်ဆံတွေ ဖြတ်ခုတ်လိုက်နဲ့..ဒီလို ကတုံးပေါ်ထိပ်ကွက်နည်းမျိုးစုံကိုအထူးကျွမ်းကျင်တဲ့သူလို့ဆိုရမှာဖြစ်ပါတယ်..ဒီတော့ တစ်ချို့ သူဌေးကြီးတွေအတွက် အသေသတ်ပစ်ဖို့ပစ်မှတ်ထားခံရသလို ရဲတွေကလည်း တရားမဝင်တဲ့သူ့နည်းတွေအတွက်ဖမ်းဆီးဖို့ကြိုးစားပါတယ်...ဒီလိုကြားထဲမှာ သူဘယ်လိုတွေဆက်လှုပ်ရှားမလဲဆိုတာကိုတော့...ဒီစီးရီးထဲမှာ ဟက်ကာနည်းပညာတွေနဲ့  ကားစတန့်ဆိုင်ကယ်စတန့်တွေ အက်ရှင်ခန်းတွေနဲ့Krystal လေးရဲ့  ဆွဲဆောင်မှုရှိတဲ့ဟန်ပန်တွေကြောင့်၁၄ပိုင်းလုံးမပျင်း မရှိနဲ့ ရှယ်ကြီးပါပဲ... Episodes: 14Aired: Jun  Sep 29 ,2018  Nov 11 , 2018Aired On:  Saturday, SundayFile Size: 1.14GB, ...
7.5
TMDb: 7.5/10 11 votes
tv

Player (2018)

2018
Bad Guys: Vile City (2017) 8
Bad Guys: Vile City (2017) BAD GUYS 2CM Fanတွေ ခဏ ခဏ တောင်းဆိုနေကြတဲ့ Bad Guys S2 ကို တင်ပေးလိုက်ပါပြီ Action ကြိုက်တဲ့လူတွေအတွက်တော့ တကယ်ကို ကြည့်ရတာတန်မယ့် ဇာတ်လမ်းတစ်ခုပါပဲ SEASON 1 ကြည့်ပြီးသား fan တွေကတော့ သိပြီးသားဖြစ်ပါလိမ့်မယ် ၊ S1 နဲ့ ဇာတ်လမ်းတစ်ခုစီဆိုပေမယ့် ဆက်စပ်မှုတော့ရှိနေပါသေးတယ်ဇာတ်လမ်းအကျဉ်းဆောဝန်ခရိုင်က အကြမ်းဖက်မှု လူသတ်မှု ပြန်ပေးဆွဲမှု မုဒိန်းမှု စတဲ့ဒုစရိုက်မှုများစွာအပြင် မူးယစ်ဆေးဝါးအများဆုံးထွက်တဲ့ မြို့တစ်မြို့ဖြစ်တယ်ဆောဝန်မှာအရှေ့လူမိုက်ဂိုဏ်းလို့ခေါ်တဲ့ လူဆိုးဂိုဏ်းက မူးယစ်ဆေးဝါးရောင်းဝယ်ဖောက်ကားမှုကို အကြီးအကျယ်ပြုလုပ်တယ်ဒီလူမိုက်ဂိုဏ်းရဲ့နောက်ကွယ်ကနေ ထောက်ပံ့ကြိုးကိုင်နေတဲ့လူတွေကတော့ လူအများရှေ့မှာ လေးစားခံ လူကြီးလူကောင်းအဖြစ်နေ,နေကြတယ်အဲဒီတော့ ဆောဝန်မြို့ကို ကယ်တင်ပေးချင်တဲ့ လူတစ်စုက ဆောဝန်မှာ ဒုစရိုက်မှုတွေရှင်းလင်းစေဖို့ စတင်လုပ်ဆောင်ခဲ့တယ်ဒါပေမယ့် ဒီအမှုတွေမှာ အထက်က အကောင်ကြီးတွေပါတွေပါနေတဲ့အခါ...သူတို့ဘယ်လိုဆက်လုပ်ကြမလဲသူတို့လိုချင်တဲ့ပန်းတိုင်ရောက်တဲ့အထိ ဘယ်လိုဆက်တိုက်ခိုက်မလဲဆိုတာ ဒီဇာတ်လမ်းမှာ ဆက်လက်ကြည့်ရှုကြပါရှင် ။Drama: Bad Guys: City of Evil Country: South Korea Episodes: ...
8
TMDb: 8/10 11 votes
tv

Bad Guys: Vile City (2017)

2017
Link: Eat, Love, Kill (2022) [Complete]
Link: Eat, Love, Kill (2022) [Complete] Link: Eat, Love, Kill (2022) ဇာတ်လမ်းအညွှန်း [အစ-အဆုံး] အပိုင်းသစ် - ၁၆ (ဇာတ်သိမ်းပိုင်း)(1080p ကြည့်လို့ရပါပြီ) အားလုံးစောင့်မျှော်နေကြတဲ့ True Beauty ထဲကအချောလေး အင်ဂျူဂယောင်းရယ် Hotel Del Luna ထဲကအချစ်တော်ကြီး ဂူချန်းဆောင်းတို့ရဲ့ Romance ကားသစ်လေးလာပါပြီ။လွန်ခဲ့တဲ့ နှစ်ပေါင်း (၂၀) လောက်မှာ အွန်းဂယ်ဟွန်းရဲ့ အမြွှာ ညီမလေး တစ်ယောက် ပျောက်ဆုံးသွားခဲ့ပါတယ်။ လက်ရှိမှာတော့ အွန်းဂယ်ဟွန်းက အရွယ်ရောက်ပြီးသား စာဖိုမှူးတစ်ယောက်အဖြစ် ရှင်သန်နေပြီး ညီမဖြစ်သူ ပျောက်ဆုံးသွားတဲ့ စားသောက်ဆိုင်မှာ အလုပ်လုပ်ပါတယ်။တစ်ရက်မှာတော့ နိုဒါဟွန်းရဲ့ ခံစားချက်တွေ ပျော်ရွှင်မှု ဝမ်းနည်းမှုနဲ့ နာကျင်မှုတွေက သူ့ခံစားချက်နဲ့ ချိတ်ဆက်မိသွားခဲ့ပါတယ်။နိုဒါဟွန်းလေးကတော့ ကံမကောင်းတဲ့သူဖြစ်ပြီး အထူးသဖြင့် အချစ်ရေးမှာ ကံမကောင်းတဲ့ကောင်မလေးဖြစ်တာကြောင့် စာဖိုမှူးအွန်းဂယ်နဲ့ ခံစားချက်ချင်း ချိတ်ဆက်မိပြီးနောက်ပိုင်း ဘယ်လိုပြောင်းလဲသွားမလဲဆိုတာ ရယ်စရာလေးတွေနဲ့အတူ ကြည့်ပြီးရင်ခုန်ရမယ့် ကားလေးမို့ Channel Myanmar ကနေ အပတ်စဉ် ...

Link: Eat, Love, Kill (2022) [Complete]

2022
Yumi’s Cells 2 (2022) [Complete] 7.4
Yumi’s Cells 2 (2022) [Complete] Yumi's Cells 2 (2022) ဇာတ်လမ်းတွဲ [အစ-အဆုံး]*******************************အပိုင်းသစ်(၁၃ နှင့် ၁၄)(ဇာတ်သိမ်းပိုင်း) ယူမီရဲ့ဆဲလ်လေးတွေ တစ်ဖန်ပြန်ရှင်သန်လာပါပြီ ပရိတ်သတ်တွေ တစ်ခဲနက်အားပေးခဲ့ကြတဲ့ Season 1 မှာနာကျင်ရတဲ့လမ်းခွဲမှုကြောင့်ပြိုလဲသွားခဲ့တဲ့ ယူမီရဲ့အချစ်ဆဲလ်လေးကဝန်းလေးနဲ့တွေ့ပြီးနောက်ပိုင်းမှာ ပြန်လည်သက်ဝင်နိုးကြွလာခဲ့တဲ့အကြောင်းလက်တွေ့ကျကျရိုက်ကူးတင်ဆက်သွားခဲ့ပါတယ်.... အဆင်ပြေတဲ့ဆက်ဆံရေးတစ်ခုတည်ဆောက်နိုင်ခဲ့ပေမယ့် အကြောင်းအမျိုးမျိုးကြောင့်ယူမီနဲ့ဝန်းလေးတို့ အချိန်တွေအကြာကြီးလက်မတွဲနိုင်ခဲ့ဘဲ လမ်းခွဲလိုက်ကြပါတယ်... ဒီ Season မှာတော့ပိုရင့်ကျက်စွာနဲ့ တွေးခေါ်တတ်လာတဲ့ယူမီကမထင်ထားတဲ့စိန်ခေါ်မှုတွေကို ရင်ဆိုင်ဖို့ဆန္ဒရှိလာခဲ့ပါတယ်... ဒီလိုနဲ့ သူ့အိမ်မက်တွေကို အကောင်အထည်ဖို့ အခက်အခဲတွေကိုရင်ဆိုင်ရင်းဘေးက‌နေလှုံ့ဆော်အားပေးနေတဲ့ ယူဘာဘီနဲ့ဆက်ဆံရေးအသစ်တစ်ခု တိုးလာတဲ့အခါမှာတော့...အလုပ်ကြိုးစားလွန်းတဲ့ ယူမီရဲ့ဆဲလ်လေးတွေနဲ့ ယူဘာဘီတို့ဘယ်လိုဇာတ်လမ်းဆက်ဖြစ်ဦးမလဲဆိုတာ ရင်ခုန်စွာနဲ့စောင့်မျှော်အားပေးကြပါဦးနော်.....ဇာတ်လမ်းအညွှန်းကိုတော့ Hnin Pale မှ ရေးသားပေးထားပါတယ်..  Episodes: 14Aired: Jun 10, 2022 - Jul 23, 2022File Size: 900MB & 400MBQuality :Web-DL 1080p,720pGenres: Comedy, Romance, LifeTranslated by Hnin Wut Ye,ChitThe, Lwin Lwin Aung  &  Hnin PaleEncoded by  ...
7.4
TMDb: 7.4/10 7 votes
tv

Yumi’s Cells 2 (2022) [Complete]

2022
EVE (2022)
EVE (2022) EVE (2022)ကိုရီးယားရဲ့နာမည်ကျော် ဝမ် ၂ ထရီလီယံ ကွာရှင်းမှုအကြောင်းကို အခြေတည်ထားတဲ့ ဒရာမာကားကောင်းကောင်းလေး လာပါပြီ။ဇာတ်လမ်းအကျဉ်းကတော့ ..... Lee Ra El ဆိုတဲ့အမျိုးသမီး လက်စားချေလိုစိတ် ပြင်းထန်နေတဲ့ အမျိုးသမီးတစ်ယောက်ပါ။ ဘာလို့ လက်စားချေလိုစိတ် ကြီးရတာလဲဆိုတော့ ငယ်ငယ်တုန်းက အာဏာကြီးသူတွေရဲ့လက်ထဲ မတရားမှုနဲ့ သေဆုံးသွားခဲ့ရတဲ့ သူမရဲ့အဖေကြောင့်ပဲဖြစ်ပါတယ်။Lee Ra El ရဲ့အဖေ သေဆုံးသွားပြီးနောက်မှာတော့ သူတို့မိသားစုလေးဟာ ပျက်စီးသွားခဲ့ရပါတယ်။ တစ်ချိန်မှာတော့ သူမ လက်စားချေဖို့ အကြောင်းဖန်လာပါတော့တယ်။ လက်စားချေဖို့အတွက် သူမရဲ့ပစ်မှတ်ကတော့ LY Group ကို ဦးဆောင်နေတဲ့ Kang Yoon Gyeomပဲဖြစ်ပါတယ်။ Ra El က Seo Eun Pyung ရဲ့အကူအညီနဲ့ အစီအစဉ်ကိုအကောင်ထည်ဖော်ခဲ့ပါတယ်။ Seo Eun Pyung ကတော့ မိဘမဲ့ဂေဟာ‌‌မှာ ကြီးပြင်းခဲ့တဲ့သူဖြစ်ပြီး အမျိုးသားလွှတ်တော်ရဲ့ အသက်အငယ်ဆုံး အမတ်တစ်ဦးလည်း ဖြစ်ပါတယ်။ဇာတ်လမ်းရဲ့အသက်ကတော့ Lee Ra El ဟာ Kang Yoon Gyeom နဲ့ကွာရှင်းဖို့အတွက် ဝမ်၂ထရီလီယံ တောင်းဆိုရာကနေ စပါတော့တယ်။ ဘာတွေ ...

EVE (2022)

2022
Another Miss Oh(2016) 8.2
Another Miss Oh(2016) Another Miss Oh(2016) ဇာတ်လမ်းတွဲ**********************************အပိုင်း ( ၁ မှ ၁၈) ထိ စ/ဆုံးWHY HER (2022) ဇာတ်လမ်းတွဲထဲက မမ အိုဆူဂျယ်ရဲ့ဇာတ်လမ်းတွဲကောင်းဖြစ်တဲ့ ဒီစီးရီးလေးကိုတင်ဆက်ပေးလိုက်ပါတယ်..ဒီဇာတ်လမ်းတွဲဟာ သူမရဲ့အကောင်းဆုံးစီးရီးတွေထဲက တစ်ခုဖြစ်လို့အားပေးတဲ့သူလည်း များပြားလှပါတယ်...ဒါ့ကြောင့် CM ကနေ ရုပ်ထွက်အကောင်းဆုံး 1080Pလေးနဲ့တင်ဆက်ပေးလိုက်တာမို့ မိုးအေးအေးလေးနဲ့ခံစားချင်သူများအတွက်အဆင်ပြေမယ်လို့ထင်ပါတယ်...ဒီဇာတ်လမ်းတွဲထဲမှာတော့ သူမက မင်္ဂါလာဆောင်ခါနီး တစ်ရက်အလိုမှာတင်သတို့သားနဲ့ သတို့သားနဲ့ ခွာပြဲခဲ့တာကြောင့် မိသားစုအသိုင်းအဝန်းကြားမျက်နှာပျက်ခဲ့ရပါတယ်...ဒါ့အပြင် အလုပ်မှာလည်းအဆင်မပြေမှုများစွာနဲ့ဖြတ်သန်းနေရတဲ့ကောင်မလေးပေါ့...ဒီလိုကံကြမ္မာဆိုးဟာ တကယ်တော့ ယောင်္ကျားလေးတစ်ယောက်ကြောင့်ဖြစ်ရတယ်ဆိုလည်းမမှားပါဘူး...ဒီလိုယောင်္ကျားနဲ့ဆုံဖို့ အကြောင်းဖန်လာတဲ့အခါမှာတော့...ဒီဇာတ်လမ်းတွဲဟာ ရယ်ရတဲ့အခိုက်အတန့်တွေလည်းရှိသလိုသနားရ ဝမ်းနည်းရ ကြည်နူးရနဲ့မို့ ရသစုံလင်တဲ့ဇာတ်လမ်းတွဲလေးလို့လည်းဆိုနိုင်ပါတယ်...မင်းသား,မင်းသမီးတွေကလည်းနာမည်ကြီးတွေမို့ ခံစားကြည့်ကြပါဦး..Episodes: 18Aired: Jun 10, 2022 - Jul 23, 2022File Size: 1.4GB & 500MBQuality :Web-DL 1080p,720pGenres: Comedy, Romance, LifeTranslated by Hnin Wut Ye,ChitThe, Estel,So Ri,Thynn ...
8.2
TMDb: 8.2/10 152 votes
tv

Another Miss Oh(2016)

2016
Our Blues(2022)
Our Blues(2022) Our Blues(2022) ဇာတ်လမ်းတွဲအညွှန်း ********************************အပိုင်း ( ၁ မှ ၂၀ ) ထိ စ/ဆုံးဒီကားလေးက တွေ့မြင်နေကြ လူငယ်အချစ်သဘာဝပုံစံမျိုးကို ခံစားရမှာမဟုတ်ဘဲ လောကကြီးမှာ နေတာကြာလာတာနဲ့အမျှ ရင့်ကျက်လာကြ၊ တွေးတောတတ်လာကြပြီး အခြေအနေအရထိုက်သင့်တဲ့ဆုံးဖြတ်ချက်တွေကို ချခဲ့ရတဲ့ လူလတ်ပိုင်းနဲ့ လူကြီးပိုင်းတွေနဲ့ Lifestyle ကို မြင်သာထင်သာရှိအောင် ဖော်ပြပေးမှာမလို့ Hometown Cha Cha Cha လို ကျေးရွာလေးနဲ့ ပင်လယ်ကို ခံစားနိုင်တဲ့ ရသရမဲ့အပြင်ပါနေကြမဟုတ်တဲ့ လူလတ်ပိုင်းအရွယ်တွေရဲ့ အချစ်ရေးလေးတွေပါတာမလို့ ကြည့်ရတာ တမူထူးခြားပြီး ကြည့်လို့ကောင်းနေစေမှာပါ။ ဒါ့အပြင် သရုပ်ဆောင်ပညာပိုင်နိုင်တဲ့ ဝါရင့်သရုပ်ဆောင်တွေချည်းပဲဆိုတော့ ပြောနေစရာကိုမလိုဘဲ ကြည့်ရှုသင့်တဲ့ ဇာတ်ကားအဖြစ် မထုတ်လွှင့်ခင်ကတည်းက သတင်းမွှေးနေတာပါ။ဇာတ်လမ်းအကျဉ်း....ဂျယ်ဂျူကျွန်းပေါ်က ရွာလေးတစ်ရွာမှာ မွေးဖွားလာပြီး ကုန်ကားတစ်စီးနဲ့ ကျွန်းပေါ်ဈေးပတ်ရောင်းပြီး စီးပွားရှာတဲ့ လူရိုးကြီး 'အီဒုံဆော့' က ကျွန်းပေါ်ကို အခုမှပြောင်းရွှေ့လာတဲ့ Mystery ဆန်ဆန် 'မင်ဆွန်းအာ' ဆိုတဲ့ ကောင်မလေးနဲ့တွေ့ပြီးတဲ့အခါမှာတော့...ဘာဆက်ဖြစ်ကြမလဲကျွန်းပေါ်မှာမွေး၊ ကျွန်းပေါ်မှာပဲကြီးတဲ့ 'ချွဲဟန်ဆူ' ကတော့ အကြာကြီးနေမှ ...

Our Blues(2022)

2022
Sh**ting Stars (2022)
Sh**ting Stars (2022) Shooting Starsဆော့ဟွန်းလေးနဲ့ ဘုတ်ဂျူးလေးတို့ နှစ်ယောက်ရဲ့ ကြောင်နဲ့ကြွက်အချစ်ဟာသအခွီကားလေး လာပါပြီLee Sung Kyung ဟာ အင်တာတိန်းမန့် ကုမ္ပဏီတစ်ခုရဲ့ PR အဖွဲ့ခေါင်းဆောင်ဖြစ်ပြီးတော့Kim Young Dae ကတော့ အဲ့ကုမ္ပဏီကနေ ပွဲဦးထွက်ထားတဲ့ ထိပ်တန်းနာမည်ကြီးမင်းသားတစ်လက်ဖြစ်ပါတယ်ပရိသတ်တွေကတော့ ချိုသာယဉ်ကျေးတဲ့မင်းသားမို့ သဘောကျကြသလောက် နောက်ကွယ်မှာတော့Kim Young Dae ဟာ ဆတ်ဆတ်ထိမခံတဲ့ ဒေါသအိုးလေး ဖြစ်လို့နေပါတယ်ကုမ္ပဏီကလူတွေအတွက်ကတော့ ဒါဟာ နေ့ရက်တိုင်းမှာ စိန်ခေါ်မှုတွေကို အမြဲကြုံနေရသလိုပါပဲဒီလိုအခြေအနေကို စီမံခန့်ခွဲမှုအရမ်းတော်တဲ့ မမLee Sung Kyung အနေနဲ့ ဘယ်လိုတွေ စီမံခန့်ခွဲသွားမလဲဒေါသအိုးမင်းသားလေးနဲ့ ထက်မြက်တဲ့မမနဲ့ ရိုမန့်တစ်အနေအထားလေးတွေ ဘယ်လိုတွေ ဖြစ်သွားမလဲဆိုတာကို အခွီလေးတွေ အရယ်အမောလေးတွေနဲ့ ကြည့်ရမှာပါPenthouse က ရိုနာ့အဖေလည်းပါပြီးတော့ ဂီတမှူးဆရာလည်းပါပါတယ်Lee Lung Shin ဆိုတဲ့ ကောင်လေးလည်း ပါမှာမို့လို့ အဆင်လေးတွေနဲ့ ကြည့်ပျော်တဲ့စီးရီးလေးဖြစ်မှာသေချာတယ်ဒီဇာတ်ကားလေးကို TVN က ထုတ်လွှင့်မှာဖြစ်ပြီးတော့ ဒါရိုက်တာကတော့ ...

Sh**ting Stars (2022)

2022
The Killer’s Shopping List(2022)
The Killer’s Shopping List(2022) The Killer's Shopping List(2022)ဇာတ်လမ်းတွဲအညွှန်း**********************************************အပိုင်း(၁ မှ ၈) အထိ စ/ဆုံးအားလုံးအတွက် ဟာသလည်းပါပြီး သဲထိတ်ရင်ဖိုဖြစ်ရမယ့် ဇာတ်ကားအသစ်လေးနဲ့ မိတ်ဆက်ပေးချင်ပါတယ်....အဲဒါကတော့ မင်းသားလီကွမ်ဆူနဲ့ AOA ကအချောလေး ‌Seolhyunတို့ပါဝင်သရုပ်ဆောင်ထားတဲ့The Killer's Shopping Last ဇာတ်ကားလေးဖြစ်ပါတယ်.....Ahn Dae Sungက မှတ်ဉာဏ် အလွန်ကောင်းသူ တစ်ယောက်ဖြစ်ပါတယ်....အစိုးရဝန်ထမ်း သုံးခါ ကျပေမဲ့လည်း သူဟာ ဇွဲမလျှော့ဘဲ စာဆက်ကြိုးစားနေဆဲပါပဲ....Ahn Dae Sungဟာ သူ့အမေပိုင်တဲ့ MS martမှာ အချိန်ပိုင်း ဝန်ထမ်းအဖြစ် အလုပ်လုပ်ပြီးသူ့ချစ်သူဖြစ်တဲ့Ah Hee က ရဲဝန်ထမ်းတစ်ယောက်ပါ.....တစ်နေ့တော့ ထူးဆန်းလျှို့ဝှက်တဲ့ လူသတ်မှုတစ်ခုဟာ သူတို့ရဲ့ MS martနားကတိုက်ခန်းမှာ ဖြစ်ပွားခဲ့ပါတယ်..... ဒီအမှုကို Dae Sung, Ah Heeနဲ့ Dae Sung အမေ Myung Sook တို့သုံးယောက်သား ဘယ်လို စုံစမ်းဖော်ထုတ်ကြမလဲဆိုတာကို ...

The Killer’s Shopping List(2022)

2022
A Superior Day ( 2022 )
A Superior Day ( 2022 ) အီဟိုချောဟာ မီးသတ်သမားဝန်ထမ်းတစ်ယောက်ဖြစ်ပြီးသာမန်ပျော်ရွှင်ဖွယ်ရာမိသားစုလေးကို ပိုင်ဆိုင်ထားသူပါဒါပေမဲ့ တစ်နေ့မှာတော့ ဟိုချောဆီကို ကံကြမ္မာဆိုးတစ်ခုရောက်လာခဲ့ပါတယ်အဲဒါကတော့ အမည်မသိသူစိမ်းတစ်ယောက်က သူဆီကို သတင်းခေါင်းစီးမှာပါတဲ့လူသတ်သမားက သူ့ဘေးအိမ်ကလို့ သတင်းပေးခဲ့တာပဲဖြစ်ပါတယ်ဒါတင်မကသေးဘဲ ဒီသတင်းထက်ပိုဆိုးနေတာကတော့သတင်းပေးကလည်းသာမန်လူတစ်ယောက်မဟုတ်ဘဲ ကြေးစားလူသတ်သမားတစ်ယောက်ဖြစ်နေတာပဲဖြစ်ပါတယ်ဟိုချောတစ်ယောက် အဲဒီသတင်းရပြီးချိန်မှာတော့ ကိုယ်တိုင်တောင်မသိလိုက်ဘဲလူသတ်သမားနှစ်ယောက်ကြား,ကြားညှပ်သွားပြီးသူ့ဘဝကြီး ဗြောင်းဆန်ကာ ချစ်ရတဲ့မိသားစုဝင်တွေပါ,ပါဝင်ပတ်သတ်လာတဲ့အခါမှာတော့...သာယာပျော်ရွှင်နေတဲ့ သူတို့မိသားစုလေး ကံကြမ္မာဆိုးတွေကိုဘယ်လို အလူးအလဲခံစားရမလဲ လူသတ်သမားနှစ်ယောက်ရဲ့ပတ်သတ်မှုကရော ဘာတွေဖြစ်နေမလဲဆိုတာစိတ်လှုပ်ရှားခြောက်ခြားဖွယ်ဆက်ကြည့်ရမှာပဲဖြစ်ပါတယ်  Quality : HDTV 1080p , 720p Format : mp4 Total Episodes : 8 Ep Duration : 1h ( Per Episode ) Aired On March 13 2022 Genres : Drama , Mystery Subtitle : Myanmar Subtitle ( Hardsub ) Translated by CM Team Encoded by LK   Episode 1 Yoteshin / ...

A Superior Day ( 2022 )

2022
Monstrous(2022) 6
Monstrous(2022) Monstrous(2022) ဇာတ်လမ်းတွဲအညွှန်း**********************************အပိုင်း( ၁ မှ ၆) ထိ စ/ဆုံးရှေးနှစ်ပေါင်းများစွာက လူတွေဟာ ဘာသာအလိုက် ဆင်းတုတော်တွေထုလုပ် ပြီးကိုးကွယ်ကြတယ်...အဲ့တုန်းက ခပ်ဆန်းဆန်းစာတွေ ထွင်းပြီး ထုလုပ်တဲ့ ဗုဒ္ဓဆင်းတုတော်တစ်ခုရှိခဲ့တယ်....ထုလုပ်ပြီးမကြာဘူး ...အဲ့ပတ်ဝန်းကျင်မှာ မကောင်းမှုတွေဖြစ်ရပ်ဆန်းတွေနဲ့ ကြောက်မက်ဖွယ်ရာအဖြစ်ဆိုးနဲ့ကြုံတဲ့လူသေမှုတွေရှိခဲ့တယ်လို့ဆိုတယ်...ကျွန်တော်တို့အရပ်အခေါ်ဆို ခိုက်တယ်လို့ပြောရမှာပေါ့....အဲ့ဒီနောက်ဘာသာရေးခေါင်းဆောင်တွေဟာ ဒီကြံမ္မာဆိုးကိုကာကွယ်ဖို့  ခိုက်တဲ့ဆင်းတုတော်ကို ကုစားဖို့ရာ နောက်ထပ်ဆင်းတုတော်တစ်ခု ထုလုပ်ပြီး ဖြစ်ရပ်ဆိုးတွေကိုကာကွယ်ဖို့ကြိုးစားခဲ့ကြတယ်လို့ဆိုတယ်...အဲ့ဒီနောက် ဆင်းတုတော် ၂ခုလုံးကိုမြှုတ်နှံခဲ့ကြတယ်...ဒါပေမဲ့ ဒီနေ့ခေတ်မှာ မတော်လောဘသမားတွေဟာ ဒီဆင်းတုတော်အကြောင်းကို မသိဘဲ တူးဖော်ခဲ့ကြတယ်...အဲ့ဒီနောက်မှာတော့ ဘာတွေဆက်ဖြစ်မလဲဆိုတာတော့...ဒီစီ:ရီးက တော်တော်လန့်ဖို့ကောင်းတယ်....အပိုင်း (၁)ကနေကိုစကြမ်းတာ...နည်းနည်းကြောက်တတ်တဲ့သူတွေတော့မကြည့်သင့်ပါဘူး... Episodes: 6Duration: 40MinQuality :Web-DL 1080p,720pGenres:  Mystery ,Horror ,DramaTranslated by  Win , Yumeko , ThynnNuSwe  & ChitTheEncoded by  Phyo Pyae  Episode 1 720P(250MB)>>>>  | Yoteshin |     MegaUp    |     Mega.NZ ...
6
TMDb: 6/10 1 votes
tv

Monstrous(2022)

2022
Military Prosecutor Doberman ( 2022 ) 7
Military Prosecutor Doberman ( 2022 ) စစ်တပ်ထဲမှာရှိတဲ့ အကျင့်ပျက်ချစားမှု အရှုပ်အရှင်းတွေကို ဥပဒေနဲ့အညီအလန်းစားဖော်ထုတ်ကြမယ့် DOTS ထဲက တပ်ကြပ်လေးAhn Bo Hyun နဲ့ မြေခွေးကားထဲက မင်းသမီးလေး Jo Bo Ah ရဲ့ဇာတ်ကားလေးကတော့ ထွက်ရှိလို့လာပါပြီ။စစ်ဘက်ဆိုင်ရာရှေ့နေ့တစ်ဦးဖြစ်တဲ့ Do Bae Man ဆိုတဲ့ကောင်လေးတစ်ယောက် အလုပ်ကနေထွက်ပြီး အောင်မြင်မှုကိုရှာဖို့ရည်ရွယ်နေချိန်မှာ တရားမျှတမှုကိုလိုလားတဲ့ အမျိုးသမီးစစ်ဗိုလ်လေးCha Woo In နဲ့ပူးပေါင်းမိပြီး မကောင်းမှုတွေကိုဥပဒေနဲ့အညီဖြိုခွင်းဖို့ ကြမ္မာဖန်လာပါတော့တယ်။သူတို့နှစ်ဦးလိုက်မယ့် စစ်တပ်အတွင်းကမှောင်ချထားတဲ့အမှုတွေက ဘာတွေလဲ ?သူတို့ရဲ့အတိတ်နဲ့ရော ဘာတွေပတ်သတ်နေမလဲ ?ဗီလိန်တွေကရော ဘယ်လိုတွေယုတ်မာကြမလဲ ? ဆိုတာကိုတော့အပတ်စဥ် တနင်္လာနဲ့ အင်္ဂါနေ့တွေမှာ CM မှာတင်ဆက်ပေးသွားမှာမို့ လက်မလွှတ်တမ်းစောင့်မျှော်ကြည့်ရှုပေးကြပါဦးနော်။  Quality : HDTV 1080p , 720p Format : mp4 Total Episodes : 16 Duration : 1h 10min ( Per Episode ) Aired ...
7
TMDb: 7/10 1 votes
tv

Military Prosecutor Doberman ( 2022 )

2022
The King of Pigs (2022) 6.0
The King of Pigs (2022) The King Of Pigs(2022)==================လွန်ခဲ့တဲ့နှစ်၂၀ကကျောင်းတွင်းအကြမ်းဖက်မှုဒဏ်ခံခဲ့ရတဲ့ဟွမ်ဂယောင်မင်ဟာ အဲဒီစိတ်ဒဏ်ရာနဲ့ပဲနေထိုင်ရင်းထင်မှတ်မထားတဲ့ကိစ္စတစ်ခုကြောင့်အဲစိတ်ထိခိုက် မှုတွေပြန်ပေါ်လာခဲ့ပြီး ...အဲအချိန်မှာပဲ စုံထောက်ဂျူံဆော့ဆီကိုလွန်ခဲ့တဲ့နှစ်၂၀တုန်းကသူငယ်ချင်းတစ်ယောက် ပို့လိုက်တဲ့ ပဟေဠိဆန်တဲ့စာတစ်စောင်လက်ခံရပြီး‌တော့ အဲတုန်းကကျောင်းတွင်း အကြမ်းဖက်မှုကိုပြန်သတိရစေခဲ့ပါတယ်။ဂျူံဆော့တစ်ယောက် အဆိုပါပ‌ဟေဠိဆန်တဲ့စာနောက်ကိုလိုက်ရင်း ပဟေဠိဆန်တဲ့ကွင်းဆက်လူသတ်မှုတွေစတင်ပြီးဆက်တိုက်ဖြစ်ပေါ်လာချိန်မှာတော့...ဝမ်းနည်းဖွယ်ကံကြမ္မာနဲ့ ဒီကာရိုက်‌တာတွေကနေတဆင့် ကျောင်းတွင်းအကြမ်းဖက်မှုတွေ အနိုင်ကျင့်မှုတွေပြည့်နှက်နေတဲ့ မျက်မှောက်ခေတ်လူ့အဖွဲ့အစည်းကိုဖော်ပြထားတဲ့ thriller dramaဖြစ်ပါတယ်။Country: South Korea Type: Drama Episodes: 12 Aired: Mar 18, 2022 - Apr 22, 2022 Aired On: Friday Original Network: tvN Duration: 40 min 720P (300 Mb)------------------------Episode(1)Yoteshin / Megaup / MegaNZ / Streamsb / Usersdrive Episode(2)Yoteshin /  Megaup / MegaNZ / Streamsb / Usersdrive Episode(3)Yoteshin /  Megaup / MegaNZ / Streamsb / Usersdrive Episode(4)Yoteshin /  Megaup / MegaNZ ...
6.0
TMDb: 6.0/10 2300 votes
tv

The King of Pigs (2022)

2022
Twenty Five Twenty One (2022)
Twenty Five Twenty One (2022) Twenty Five Twenty One (2022)ဒီဇာတ်လမ်းကတော့ ၁၉၉၈ ခုနှစ်မှာ ကိုရီးယားလူငယ်တွေရဲ့အိပ်မက်တွေ ပျက်စီးခဲ့ရပြီး လမ်းသစ်ဖောက်ရှာဖွေခဲ့ရတဲ့အချိန်ကို တည်ပြီးတော့ ရိုက်ကူးထားတဲ့ ဇာတ်လမ်းပဲ ဖြစ်ပါတယ်။ အသက် ၂၂ နှစ် နဲ့ ၁၈ နှစ် မှာ စတွေ့ခဲ့ကြတဲ့ လူနှစ်ယောက်က နောက်ထပ် ၃ နှစ်အကြာ ၂၅ နှစ် နဲ့ ၂၁ နှစ်မှာ ပြန်တွေ့ပြီး အချစ်ဇာတ်လမ်းလေး ဖြစ်ပေါ်ခဲ့ကြတာပါ။နာဟီးဒို ကတော့ အထက်တန်းကျောင်း ဓားသိုင်းအားကစားအဖွဲ့ဝင်တစ်ယောက် ဖြစ်ပါတယ်။ ကိုရီးယားနိုင်ငံရဲ့ စီးပွားရေးဆုတ်ကပ် ဆိုက်ချိန်မှာတော့ အထက်တန်းကျောင်း ဓားသိုင်းအားကစားအဖွဲ့ကို ဖျက်သိမ်းခဲ့ရပါတော့တယ်။ အခက်အခဲတွေအားလုံးကို ကျော်ဖြတ်ပြီးချိန်မှာတော့ သူက နိုင်ငံတော်အဆင့် ဓားသိုင်းအားကစားအဖွဲ့ဝင် ဖြစ်လာခဲ့ပါတယ်။တောင်ကိုရီးယားနိုင်ငံရဲ့ စီးပွားရေးဆုတ်ကပ်ကြောင့် ဘဲ့အီဂျင်အဖေက စီးပွားပျက်ပြီး ဒေဝါလီခံခဲ့ရပါတယ်။ အဲဒါကြောင့် ဘဲ့အီဂျင်အတွက် ဘဝစိန်ခေါ်မှုတွေ ကြုံခဲ့ရပြီး သူဌေးသားဘဝကနေ တမုဟုတ်ချင်း ကုန်းကောက်စရာ မရှိတဲ့ ဆင်းရဲသား ဖြစ်ခဲ့ရပါတယ်။ သတင်းစာပို့တဲ့ အချိန်ပိုင်းအလုပ်လိုမျိုး လုပ်ရင်းနဲ့ ရုပ်သံလွှင့်ဌာနတစ်ခုရဲ့အားကစားသတင်းထောက် ဖြစ်လာပါတော့တယ်။ခက်ခဲတဲ့ဘဝတွေကြားက ဖြစ်တည်လာတဲ့ အချစ်ဇာတ်လမ်းလေးတစ်ပုဒ်မို့ ဆွတ်ပျံ့လွမ်းမောဖွယ်ရာ ဇာတ်လမ်းတစ်ပုဒ် ဖြစ်မှာကတော့ ...

Twenty Five Twenty One (2022)

2022
Tell Me What You Saw (2020) 7.4
Tell Me What You Saw (2020) Tell me what you saw (2020)ကိုရီးယားဇာတ်လမ်းတွဲကိုမှ Thriller အမျိုးအစားကို ကြိုက်နှစ်သက်သူများအတွက် ဇာတ်လမ်းတွဲကောင်းကောင်းလေး တစ်ခုကို တင်ဆက်ပေးလိုက်ပါပြီဗျာ။ဇာတ်လမ်းနာမည်အတိုင်းပါပဲ .... မြင်မြင်သမျှကို ဓာတ်ပုံရိုက်ထားသလို မှတ်မိတဲ့ Photographic Memory ကို ပိုင်ဆိုင်ထားသူ ချာဆူယောင်းက ငယ်ရွယ်စဉ်ကလေးဘဝမှာ အမေဖြစ်သူကို ဆုံးရှုံးလိုက်ရပါတယ်။ ဆုံးရှုံးလိုက်ရတဲ့နေ့ကလည်း ထူးထူးခြားခြား မိုးတွေရွာတဲ့နေ့တစ်နေ့ ဖြစ်နေခဲ့ပါတယ်။တစ်နေ့တော့ သူ တာဝန်ထမ်းဆောင်နေတဲ့ရွာမှာ အလောင်းတစ်လောင်းကို လက်ဆွဲသေတ္တာနဲ့ စွန့်ပစ်ထားတာကို တွေ့ရပါတော့တယ်။ အဲဒီအထဲက ပူရှိန်းသကြားလုံးတစ်လုံး ပါလာပါတယ်။ အရင်ကလည်း ပူရှိန်းသကြားလုံးတစ်လုံးနဲ့ လူသတ်ပြီး ချန်ခဲ့တဲ့ ပူရှိန်းသကြားလုံး ကွင်းဆက်လူသတ်သမား ဆိုတာ ရှိခဲ့ပါတယ်။ အခု ဖြစ်ရပ်ကတော့ ၅ နှစ်အကြာမှာ ထပ်မံပေါ်ပေါက်လာတာပါ။ ဒေသဆိုင်ရာစုံစမ်းရေးအဖွဲ့လို အထူးအဖွဲ့တွေ ပါ ပါဝင်လာချိန်မှာတော့ ဇာတ်လမ်းက ရှုပ်ထွေးလာပါတော့တယ်။ "ပူရှိန်းသကြားလုံး" ကရော လူသတ်မှုနဲ့ ဘယ်လိုပတ်သတ်နေလဲ။ လွန်ခဲ့တဲ့ ၅ နှစ်က သေဆုံးသွားပြီလို့ ထင်ထားခဲ့တဲ့ "ပူရှိန်းသကြားလုံး ကွင်းဆက်လူသတ်သမား" က တကယ်ပဲ မသေသေးတာလား ဒါမှမဟုတ် အတုခိုးပြီး လိုက်သတ်တဲ့ လူသတ်သမားလား ဆိုတဲ့ ...
7.4
TMDb: 7.4/10 14 votes
tv

Tell Me What You Saw (2020)

2020
Ghost Doctor (2022)
Ghost Doctor (2022) Ghost Doctor (2022)အနုပညာလှုပ်ရှားမှု​တွေ ခပ်ကျဲကျဲ ပဲ လုပ်​တော့တဲ့ မင်းသားကြီး Rainနဲ့ မအို​ဆေးစားထားတဲ့မင်းသား Kim Bumတို့ ခေါင်း​ဆောင် ပါဝင်ထားတဲ့ Ghost Doctor စီးရီးသစ်ထွက်ပါပြီCha Young Min ( Rain )ဟာ ခွဲစိတ်ကုသဖို့ ဘုရားက​ပေးလိုက်တဲ့ ဆရာဝန်လို့​ ဆိုရ​အောင် ပါရမီထူးတဲ့ ခွဲစိတ်ဆရာဝန်တစ်ဦးပါ၊ ဒါ​ပေမဲ့ ပါရမီရှင်တို့ရဲ့ထုံးစံအတိုင်း ပညာဂုဏ်​မောက်ရာမှာ သူမတူသလို တစ်ကိုယ်​ကောင်းလည်းဆန်ပြီး တခြားဘယ်ဆရာဝန်ကိုမှ ထီမထင်တဲ့ ​ငါစွဲသမား အတ္တကြီးတဲ့သူပါ၊Go Seong Tak (Kim Bum) က​တော့ ​မြောင်ရှင်း​ဆေးရုံဥက္ကဌရဲ့သား၊ တည်​ထောင်သူရဲ့ ​မြေးဖြစ်ပြီး မိသားစု​နောက်ခံနဲ့ ဒီ​ဆေးရုံကို ​ရောက်လာတဲ့ အလုပ်သင်ဆရာဝန်တစ်​ယောက်ပါ၊ ​ အကပ်နဲ့ ​နေရာရလာသူတို့ထုံးစံအတိုင်း ​​ပေါ့​ပေါ့​နေ ​ပေါ့​ပေါ့စား၊ ဆရာဝန်အလုပ်ကို မ​လေးစားတတ်တဲ့ သူမျိုးပါJang Se Jin ( Uee)က Cha Young Min ရဲ့ ရည်းစား​ဟောင်း အာရုံ​ကြောခွဲစိတ်ကု ...

Ghost Doctor (2022)

2022
Bulgasal: Immortal Souls (2021)
Bulgasal: Immortal Souls (2021) Bulgasal : Immortal souls (2021)Dan hwal (Lee Jin-Wook)ကအမြဲတမ်းထာဝရရှင်သန်နေတဲ့ လွန်ခဲ့သောနှစ်ပေါင်း 600 က လူသားတစ်ဦးဖြစ်ပါတယ် ရှေးခေတ်မှာ တပ်မှူးတစ်ယောက်အဖြစ် တာဝန်ကို ထမ်းဆောင်နေပြီး နှစ်ပေါင်း 600 လုံးလုံး မသေနိုင်ခဲ့ပါဘူးMin Sang Woon(Kwon Na-Ra) ကလည်းမသေနိုင်တဲ့လူဖြစ်ခဲ့‌ပေမယ့် အခုတော့ သူမက လူသားအဖြစ်ကို ပြန်လည်ဝင်စားပြီးတော့ လူသားအဖြစ် နေထိုင်‌နေပါတယ် သူမရဲ့ ကြေကွဲဖွယ်ဖြစ်ရပ်တစ်ခုကို ဖြတ်သန်းပြီးတော့ သူမရဲ့ တကယ့်နာမည်နှင့် အထောက်အထား‌တွေကို ပြောင်းလဲပြီး နေထိုင်နေခဲ့ပါတယ် သူမရဲ့ကြေကွဲစရာအဖြစ်အပျက်ကို လက်စားချေဖို့ ပြင်ဆင်ရင်း လျှို့ဝှက်စွာ နေနေခဲ့ပါတယ် အတိတ်မှာ Dan Sol က Dan Hwal ရဲ့ ဇနီးဖြစ်ခဲ့ပြီး သူမမှာ ထူးခြားမှုတစ်ခုရှိနေပါတယ်Ok Eul Tae ကလည်း Dan Hwal လိုမျိုး မသေနိုင်တဲ့လူသားပါ ဒါပေမယ့် သူကတော့ သေရမှာကိုမကြိုက်တဲ့သူ၊ ဒီလိုရှင်သန်နေရတာကို ပျော်မွေ့နေတဲ့သူပါအဲ့တော့ သူက ဗီလိန်ဖြစ်လာမှာလား...မွေးကတည်းက ကျိန်စာတိုက်ခံရပြီး သေခြင်းမှ ...

Bulgasal: Immortal Souls (2021)

2021