Channel Myanmar

Tencent Video

Angels Fall Sometimes
Angels Fall Sometimes Lin Yi ကိုချစ်ကြတဲ့ ပရိသတ်တွေအတွက် March လကတော့ တကယ်ကိုပျော်စရာအကောင်းဆုံးလဖြစ်နေတော့မှာပါပဲ ။ Every one loves me ကိုပြနေတုန်းမှာပဲလင်ယိကောကောရဲ့ Angels fall sometime ဆိုတဲ့နောက်ထပ်ဇာတ်ကားအသစ်လေးထွက်ရှိလို့လာပြန်ပါပြီ ။ ဒီကားလေးထဲမှာ လင်ယိက Lin Tuo ဆိုတဲ့ကောင်လေးအနေနဲ့ပါဝင်သရုပ်ဆောင်ထားပါတယ် ။ဇာတ်လမ်းအကျဉ်းလေးအနေနဲ့ -Lin Tuo ဆိုတဲ့ကောင်လေးက သူ့ရဲ့လူငယ်ဘဝအစပြုနေတဲ့အချိန်မှာ ဂျူနီယာနှစ်နွေရာသီအလုပ်သင်ခေါ်ယူခြင်း အစီအစဉ်မှာ ပါဝင်ရင်း An Zhi Yue ဆိုတဲ့ကောင်မလေးနဲ့တွေ့ဆုံခဲ့ပါတယ် ။နှစ်ယောက်လုံးက တစ်ယောက်ကိုတစ်ယောက် မြင်မြင်ချင်းမှာပဲ ချစ်မိသွားခဲ့ကြပါတယ် ။ဒီလိုနဲ့ ဘွဲ့ယူရမဲ့အချိန်ကလည်းနီးလာပြီး နှစ်ယောက်လုံးကလည်း ခံစားချက်တွေတည်ဆောက်ရင်းတကယ့်လက်တွေ့ဘဝထဲမှာ အလုပ်တွေလုပ်ရင်းနဲ့ အနာဂတ်ကိုပုံဖော်အစပျိုးနေကြတဲ့အချိန်ပေါ့ ။ဒါပေမဲ့ ဘဝကအမြဲတမ်း သာယာမနေတတ်ခဲ့ပါဘူး ။ အရာအားလုံးအဆင်ပြေနေပြီလို့ထင်နေတဲ့အချိန်မှာပဲ Lin Tuo မှာ ALS လို့ခေါ်တဲ့ အာရုံကြောရောဂါတစ်မျိုးရှိနေကြောင်းဆေးစစ်ချက်အဖြေထွက်လာခဲ့ပါတယ် ။ ဒါပေမဲ့ စိတ်ဓာတ်မာကျောတဲ့ Lin ...

Angels Fall Sometimes

2024
Amidst a Snowstorm of Love ( 2024 ) 9
Amidst a Snowstorm of Love ( 2024 ) ဆယ်နှစ်မှာတစ်ကြိမ် ကြုံရခဲတဲ့ နှင်းမုန်တိုင်းထန်တဲ့ညတစ်ညမှာပရိုဘိလိယက်ကစားသမားတစ်ဦးဖြစ်ခဲ့တဲ့လင်ယိယန်(Wu Lei)နဲ့ဘောလုံး(၉)လုံးထိုး ဘိလိယက်ကစားသမားဖြစ်တဲ့ယင်းကော(Zhao Jinmai)တိုအမှတ်မထင်ဆုံစည်းခဲ့ကြတယ်။ ယင်းကောမောင်ဝမ်းကွဲလေးရဲ့ကူညီပေးမှုအောက်မှာ နှစ်ယောက်သား တဖြည်းဖြည်းသိကျွမ်းလာပြီးယင်းကောက လင်ယိယန်ရဲ့အတိတ်အကြောင်းကို သိလာခဲ့ရတယ်။ယင်းကောနဲ့တွေ့ဆုံပြီး‌တဲ့နောက်မှာ ယင်းကောကြောင့် လင်ယိယန်ရဲ့ကနဦးအိပ်မက်ကိုပြန်အကောင်အထည်ဖော်ဖိုဖြစ်လာတာနဲ့အတူ နှစ်ဦးကြားကသံယောဇဉ်ချစ်ခြင်းတွေပေါ်ပေါက်လာတာကိုပါ ကြည့်ရှူရမှာဖြစ်ပါတယ်။စုစုပေါင်း အပိုင်း(၃၂)ပိုင်းထုတ်လွှင့်မှာဖြစ်ပြီးတော့Channel Myanmar Website မှာ ‌စောင့်မျှော်ကြည့်ရှုနိုင်ပါပြီ။=====================================Quality : WEB-DL 4K , 1080p , 720p Total Episodes : 32 Format : mp4 Genres : Romance , Sports Runtime : 45 min Subtitle : Myanmar Subtitle ( Hardsub ) Translated by CM Team Reviewed By Phyu Phway Thant Encoded by LK=============================== Ep 1 (720p) - Yoteshin/ Usersdrive/ MegaUp/ ...
9
TMDb: 9/10 1 votes
tv

Amidst a Snowstorm of Love ( 2024 )

2024
Sword and Fairy (6) 2024
Sword and Fairy (6) 2024 အားလုံးရဲ့ အချစ်တော် ပူတင်းတုံးလေး Yu Shuxin နဲ့ ကိုကို Xu Kai တို့ရဲ့ Chinese Paladin 6: Sword and Fairy ကို ဒီနေ့ စကြည့်ရပါပြီနော်(function(f,b,n,j,x,e){})();ယွဲ့ကျင်းကျောင်း နဲ့ ယွဲ့ချီတို့ ၂ ယောက်ဟာ ဝူးယန်ရွာလေးမှာ ၃ နှစ်တာလုံး တစ်ယောက်ကိုတစ်ယောက်အဖော်ပြုပြီး နေလာခဲ့ကြရင်း တစ်ယောက်အပေါ်တစ်ယောက် ထူးဆန်းတဲ့ ခံစားချက်မျိုးရှိပေမဲ့ သူတို့ရဲ့နောက်ကြောင်းနဲ့ ပတ်သက်ပြီး တစ်ခုမှ မမှတ်မိခဲ့ကြတာကြောင့် သူတို့ရဲ့နောက်ကြောင်းနဲ့ ပတ်သက်တဲ့ မှတ်ဉာဏ်တွေကို ရှာဖွေဖို့ ခရီးထွက်လာခဲ့ပါတယ်၂ ယောက်လုံးဟာ လမ်းခရီးမှာ ချီယွမ်သူတော်စင်ဂိုဏ်းရဲ့ အရှုပ်အထွေးတွေနဲ့ လော့အိမ်တော်ခံတပ်ရဲ့ သွေးနဲ့ယဇ်ပူဇော်မှုလို ထူးဆန်းတဲ့ ကိစ္စတွေကြားထဲမှာ ပါဝင် ပတ်သက်မိသွားသလို သူတော်စင်ဂိုဏ်းနဲ့ အတိုက်အခံဖြစ်နေတဲ့ကာလမှာ ယွဲ့ချီရဲ့ မှတ်ဉာဏ်တွေနဲ့ ခံစားချက်တွေကိုကို ချိတ်ပိတ်ထားတာ ပြန်ပွင့်သွားခဲ့ပါတယ်။အဲဒီနောက်မှာတော့ လော့အိမ်တော်က လော့ကျားပေါင်နဲ့ လော့ကျောက်ယန်တို့ အမြွှာ ၂ ယောက်ရယ်၊ နှစ်တစ်ထောင်ဝံပုလွေမိစ္ဆာရှန်ချင်းအပြင် ကုဟန့်ကျန်းနဲ့မင်ရှို့တို့ ဆရာတပည့်နဲ့အတူ သိုင်းလောကထဲက အရှုပ်အထွေးတွေကို ဘယ်လို‌ဖြေရှင်းကြမလဲမှတ်ဉာဏ်တွေ ပြန်ရလာတဲ့အခါ ...

Sword and Fairy (6) 2024

2024
Love Me, Love My Voice ( 2023 )
Love Me, Love My Voice ( 2023 ) ကုရှန်းလို့ခေါ်တဲ့ တက္ကသိုလ်ကျောင်းသူတစ်ယောက်မှာ နောက်ထပ်နာမည်တစ်ခုရှိနေတယ်... "ရှန်းရှန်းမန့်" တဲ့။ သူကအွန်လိုင်းမှာ နန်းတွင်းဇာတ်လမ်းများအတွက် သီချင်းဖန်တီးပေးသူဖြစ်ပြီးတော့ အိပ်မက်လေးတစ်ခုရှိနေပါတယ်။ အဲ့ဒီအိပ်မက်လေးကတော့ သူ့ရဲ့အိုင်ဒေါတစ်ယောက်ဖြစ်တဲ့ အသံနောက်ခံစကားပြောနတ်ဘုရား ချန်ချင်းချီနဲ့ ပူးပေါင်းဆောင်ရွက်ချင်တာပါပဲသူ့အိပ်မက်ကြောင့် တက္ကသိုလ်မှာ အကောင်းဆုံးကြိုးစားပြီးတော့ သီချင်းတွေဖန်တီးခဲ့တယ်။ သူ့ရဲ့လျှို့ဝှက်အိပ်မက်လေးကို အသံတစ်သံကိုမကြားလိုက်ရခင်ထိ ဘယ်သူ့ကိုမှမပြောဖူးဘူးတဲ့။ ကံကြမ္မာရေစက်ဖန်ချင်တော့ သူ့ကိုချက်နည်းပြုတ် နည်းဖတ်ပြနေတဲ့ မော့ချင်းချန်ကြောင့် ရင်ခုန်သွားတယ်တဲ့လေCM ကနေ ထပ်မံတင်ဆက်ပေးမယ့် အရိုအချိုကားလေးကို စောင့်မျှော်ကြည့်ရှုပေးပါဦးနော်=========================Quality : WEB-DL 1080p , 720p Total Episodes : 33 Format : mp4 Genres : Drama , Romance Runtime : 45 min Subtitle : Myanmar Subtitle ( Hardsub ) Translated by CM Team Reviewed By Minnie Encoded by LK========================Ep 1 ( 720p ) - Yoteshin / Usersdrive / MegaUp / ...

Love Me, Love My Voice ( 2023 )

2023
Ripe Town ( 2023 ) 8.3
Ripe Town ( 2023 ) ကဲ တရုတ်ဇာတ်ကားတွေထဲက အခုနှစ်တွေမှာ အဆင့်မြင့်လာတယ်လို့ ပြောရလောက်အောင်ကို ဇာတ်လမ်းဇာတ်အိမ်တွေကအစ ဆွဲဆောင်မှုရှိလာတာ တွေ့ရမှာပါ။ အခုလည်း တရားမျှတမှုကို မရလို့ ကိုယ်တိုင် တရားစီရင်ပေးတဲ့အကြောင်းကို တွေ့ရမယ့် ဇာတ်ကားပါ။နာမည်က 繁城之下 Ripe Town လို့ခေါ်တယ်။ ဇာတ်လမ်းကို မင်မင်းဆက်ခေတ် ဝမ့်လိဧကရာဇ် 萬曆皇帝 ၃၇ နှစ်မြောက်အချိန်မှာ စတင်ထားပါတယ်။ ဝမ့်လိဧကရာဇ် နန်းသက် ၃၇ နှစ်မြောက်ကာလ ကျန်းနန်ဒေသက ရှေးဟောင်းမြို့လေးမှာ ကွင်းစက်လူသတ်မှုတွေ ဆက်တိုက်ပေါ်ပေါက်လျက်ရှိတယ်။သေဆုံးမှုတွေထဲမှာ လူအမျိုးမျိုး ပါဝင်နေပြီး သေဆုံးသူတွေ တစ်ယောက်နဲ့ တစ်ယောက်ကလည်း အဆက်အစပ် မရှိကြဘူး။ အဲ့ဒါထက် ထူးဆန်းတာက သေဆုံးသူတွေရဲ့ ရုပ်အလောင်းကို ထူးဆန်းတဲ့ ကိုယ်ဟန်အနေအထား ပုံစံအမျိုးမျိုးနဲ့ သတ်ဖြတ်ပြီး ချန်ထားခဲ့တာပါပဲ။ ဒါ့အပြင် မှုခင်းဖြစ်တဲ့နေရာမှ ာ စီရင်ချက်ချလိုက်ကြောင်း စာတစ်ကြောင်းကို ချန်ရစ်ထားခဲ့လေ့ ရှိပါတယ်။အလုပ်သင်အနေနဲ့ ပထမဆုံးမှုခင်းကို ကိုင်တွယ်နေရတဲ့ ရဲမက်ဗိုလ်လေး ချွီဆန်းကန်းဟာ သူ့ထက်ဝါနုတဲ့ တွဲဖက်တစ်ယောက်နဲ့အတူ ဒီအမှုတွေကို စုံစမ်းစစ်ဆေးရပါတော့တယ်။ အမှုက နက်ရှိုင်းလာတာနဲ့အမျှ ဟိုးအခြေခံ လယ်သမားလူတန်းစားကစလို့ သူဌေးသူကြွယ်ကနေ ရာထူးအာဏာရှိတဲ့ မှူးမတ်တွေနဲ့ပါ ဆက်နွယ်နေတာကို သူတို့ သိလာကြတယ်။ ...
8.3
TMDb: 8.3/10 3 votes
tv

Ripe Town ( 2023 )

2023
Lost You Forever ( 2023 )
Lost You Forever ( 2023 ) ခုတစ်ခါမှာတော့ အားလုံးစိတ်ဝင်စားပြီး သဘောကျလောက်မယ့် တရုတ်ဇာတ်လမ်းတွဲလေးနဲ့ မိတ်ဆက်ပေးချင်ပါတယ်ဇာတ်လမ်းအကျဉ်းလေးကို ပြောပြရမယ်ဆိုရင် လူ နတ် မကောင်းဆိုးဝါးတို့အတူ ယှဉ်တွဲနေထိုင်ကြတဲ့ရှေးခေတ်မှာ ရှန်နုန် ရွှမ်းယွမ် ကောင်းရှင်းဆိုတဲ့ တိုင်းပြည်၃ခုက ကြီးစိုးနေတဲ့အချိန် ဝေးလံတဲ့အရပ်ကို ခရီးနှင်နေတဲ့ ကောင်းရှင်းပြည်ရဲ့မင်းသမီး ကျိုယောင် (ရှောင်ယောင်း)ဟာ အခက်ခဲဒုက္ခတွေနဲ့ကြုံတွေ့ပြီးနောက်မှာတော့သူမရဲ့ ရာထူး အသွင်အပြင်တွေပါ ပျောက်ဆုံးသွားခဲ့ပါတယ် အဲ့နောက်မှာတော့ ချင်းရွှေမြို့ကိုရောက်လာခဲ့ပြီး ဝိန်းရှောင်လျို့အဖြစ် ဆက်လက်နေထိုင်ခဲ့ရင်း သူမရဲ့အစ်ကိုဝမ်းကွဲဖြစ်သူ ရွှမ်းယွမ်ပြည်မင်းသား ချန်ရွှမ်းက သူမကိုလိုက်ရှာနေရာကနေ ချင်းရွှေမြို့ကို ရောက်လာခဲ့ပါတယ် စစတွေ့ချင်းမှာတော့ ရှောင်ယောင်းက သူ့အစ်ကိုဝမ်းကွဲကို မမှတ်မိဘဲ တစ်ဖက်မှာလည်း ချင်းချိုးသခင်လေး ထူရှန်းကျင်ကို အန္တာရာယ်ကြားမှ ကယ်တင်ပေးခဲ့ရာက‌နေ နောက်ပိုင်းမှာ နှစ်ဦးမေတ္တာမျှခဲ့ကြပြီးတော့မှ ရေစက်ကုန်လို့ဝေးခဲ့ရပြန်ပါတယ်အဲ့နောက်မှာတော့ ရှန့်လျိုနဲ့ဆုံတွေ့မိပြီး နှစ်ဦးက သဘောထားချင်းကိုက်ညီကြရာကနေ ခင်မင်ရင်းနှီးသွားခဲ့ကြပါတယ် လောကဓံအလှည့်အပြောင်းတွေနဲ့ ကြုံတွေ့ပြီးနောက်မှာတော့ ရှောင်ယောင်းနဲ့ သူ့အစ်ကိုတို့ အချင်းချင်းပြန်မှတ်မိသွားခဲ့ပါတယ်ဒီကားလေးရဲ့ Main Cast တွေကတော့ ရှောင်‌ယောင်း ဝိန်ရှောင်လျို့ အဖြစ် Yang Zi ရွှမ်းဟွမ်းမင်းသားချန်ရွှမ်း အဖြစ် Zhang Wanyi ချင်းချိုးသခင်လေးထူရှန်းကျင် အဖြစ်Deng Wei ရှန်နုန်ပြည်စစ်သူကြီး ရှန့်လျိုအဖြစ် Tan Jianciတို့က အဓိကပါဝင်ထားတာဖြစ်ပါတယ်မတူညီတဲ့ ဇာတ်ကောင်လေးခုရဲ့ အချစ်အပေါ်ခံယူချက်နဲ့ ဖော်ပြပုံတွေကို ရှုထောင့်မျိုးစုံကနေ အသွင်မျိုးစုံနဲ့ ...

Lost You Forever ( 2023 )

2023
Snow Eagle Lord ( 2023 )
Snow Eagle Lord ( 2023 ) ယခုတစ်ခေါက် CM ပရိသတ်တွေအတွက် မင်းသားချောလေး Xu Kai ခေါင်းဆောင် သရုပ်ဆောင်ထားတဲ့ ကားလေးကို ဘာသာပြန်တင်ဆက်ပေးလိုက်ပါတယ်။ ဇာတ်လမ်းအကျဉ်းလေးက-တုန်းပေါရွှယ်ယင်းဆိုတဲ့ ကောင်လေးတစ်ယောက်ဟာ ငယ်စဉ်ဘဝက အပြောင်းအလဲကြီးတစ်ခုကြောင့် သူ့ဘဝ တစ်ခုလုံး ပြောင်းလဲ သွားခဲ့ပြီး အကြံအစည်ကြီး တစ်ခုထဲကို ဝင်ရောက်သွားခဲ့ပါတယ်။သူ့ချစ်ရသူတွေကို ကာကွယ်ပေးရန်အတွက် တုန်းပေါရွှယ်ယင်းဟာ ချန်ဖုန်းစာသင်ကျောင်းမှာ အစွမ်းတွေ တိုးတက်လာအောင် ကြိုးစား ကျင့်ကြံခဲ့ပါတယ်။ ထိုအချိန်အတွင်းမှာ သူဟာ သူ့ဘဝအတွက် အချစ်ရဆုံးဖြစ်သူ ယွီကျင့်ချိုးနဲ့ ဆုံတွေ့ခဲ့ပါတယ်။ အချင်းချင်း ကြည့်မရတဲ့အဆင့်ကနေ အချင်းချင်း မေတ္တာသက်ဝင်သွားကြပါတယ်။ညီဖြစ်သူ တုန်းပေါချင်းရှီက ကျီးရုန်ရဲ့ မြှူဆွယ်ခြင်းကို ခံခဲ့ရလို့ မိစ္ဆာမျိူးနွယ်ဝင်ရောက်ခြင်းကို ခံခဲ့ရပြီး ရွှယ်ယင်းနယ်မြေကြီး တစ်ခုလုံး ဒုက္ခတွင်းထဲ ကျရောက်သွားခဲ့ပါတယ်။တုန်းပေါ်ရွှယ်ယင်းတစ်ယောက် ချစ်ရသူနဲ့ လောကသားတွေကို ကာကွယ်ဖို့အတွက် ဘယ်လို ဒဏ္ဍာရီမျိုးတွေ ချန်ရစ်ခဲ့မလဲဆိုတာ ဇာတ်လမ်းလေးကိုပဲ ခံစားကြည့်ရှုလိုက်ရအောင်နော်။Quality : WEB-DL 1080p , 720p Total Episodes : 40 Format : mp4 Genres : Drama , Romance , Fantasy Runtime ...

Snow Eagle Lord ( 2023 )

2023
Catch me Baby (2022)
Catch me Baby (2022) “အချစ်စိန်ပြေးတမ်း” Catch Me Baby (2022)သူ့ရဲ့စားဝတ်နေရေးအတွက် Relationship Juggler လို့ခေါ်တဲ့ အိမ်ထောင်ရေးအကျိုးဆောင်အလုပ်ကို လုပ်နေတဲ့ Phat ဟာ အသွင်ပြောင်းတဲ့နေရာမှာ ကျွမ်းကျင်ပြီး ဘယ်သူကမှ သူ့ကိုမဖမ်းမိနိုင်လောက်အောင်တော်တဲ့ ဉာဏ်ကြီးရှင်ပါ"အိမ်ထောင်ရေးအကျိုးဆောင်" ဆိုတဲ့ အလုပ်ကတော့ ‌ နောက်မီးလင်းချင်တဲ့သူတွေ လင်းနေတဲ့သူတွေကို သူတို့ရဲ့ဆိုင်ရာပိုင်ရာတွေ မသိရှိရအောင် လိုက်လံကူညီပြီး စီစဉ်ပေးရတဲ့အလုပ်မျိုးပါပဲဝင်ငွေကောင်းတဲ့အလုပ်တစ်ခုဖြစ်တာကြောင့် Phat ကတော့ ဒီအလုပ်ကို လက်လွှတ်လိုက်ဖို့ လုံးဝ စိတ်ကူးမရှိပါဘူးတစ်ဖက်မှာလည်း Cher က အိမ်ထောင်ရေးဖောက်ပြန်မှုတွေကို လိုက်လံစုံစမ်းအရေးယူနေတဲ့ စုံထောက်တစ်ယောက် ဖြစ်နေပါတယ်ဒီလိုနဲ့ အလုပ်အကိုင်ကအစ ဆန့်ကျင်ဘက်ဖြစ်နေကြတဲ့ Phat နဲ့ Cher တို့နှစ်ယောက်ကို ကံကြမ္မာက တွေ့ဆုံခွင့်ပေးလိုက်တဲ့အခါမှာတော့...Phat ရဲ့ အလုပ်အကိုင်နဲ့ပတ်သက်ပြီး Cher တစ်ယောက် ဘယ်လိုတွေလိုက်လံဖော်ထုတ်သွားမလဲ၊ အိမ်ထောင်ရေးဖောက်ပြန်မှုတွေကြားမှာ ကျင်လည်လာတဲ့ ဒီနှစ်ယောက်ရဲ့ အချစ်ရေးကရော ဘယ်လိုများဖြစ်လာမလဲဆိုတာ စိတ်ဝင်စားဖွယ် ကြည့်ရှုကြရမှာပါNetJames တို့နှစ်ယောက်ကိုလည်း ဒီဇာတ်ကားလေးထဲမှာ BL Couples အနေနဲ့ Support Role မှာ ရှုစားကြရမှာဖြစ်လို့ BL ပရိသတ်ကြီးတို့လည်း လက်မလွှတ်သင့်တဲ့ဇာတ်ကားတစ်ကားပါပဲအညွှန်းကိုတော့ Hmwe Thet Winn ...

Catch me Baby (2022)

2022
Side Story of Fox Volant (2022)
Side Story of Fox Volant (2022) Side Story Of Fox Volant (2022)ဒီကားလေးက သိုင်းလောကသားတွေအားလုံးသိကြတဲ့နှင်းတောင်သူရဲကောင်းကားလေးကိုပြန်လည်ရိုက်ကူးထားထားပါနှင်းတောင်သူရဲကောင်းဆိုတာနဲ့ထွေထွေထူးထူးမိတ်ဆက်နေစရာမလိုလောက်အောင်ကိုအားလုံးကြားဖူးနေမှာပါဟူမိသားစုရဲ့မျိုးဆက် ဟူဖေးမွေးပြီးချိန်မှာသူ့အဖေဟူသူရဲကောင်းနဲ့သူငယ်ချင်းဖြစ်သူမြောင်သူရဲကောင်းတိုဟာမသမာသူတစ်ယောက်ကြောင့် တိုက်ခိုက်ရင်းဟူသူရဲကောင်းသေဆုံးသွားခဲ့ရပါတယ်သူ့အဖေသေဆုံးမှုဟာသွေးရိုးသားရိုးမဟုတ်မှန်းသိတဲ့ဟူဖေးတစ်ယောက်အဖေမရှိဘဲရှင်သန်ရင်းသူ့အဖေထားခဲ့တဲ့မိသားစုအမွေအနှစ်သိုင်းကျမ်းကိုကျင့်ကြံကာ အဖေကိုသတ်ခဲ့တဲ့ရန်သူကိုပြန်လက်စားချေဖို အစီအစဥ်တွေဆွဲပါတော့တယ်လက်စားချေဖိုလျှောက်လုပ်ရင်းပြသနာအရှုပ်အထွေးတွေရောပါကာသူ့အဖေရဲ့ရန်သူကိုတွေ့ရပါ့မလားကလဲ့စားချေနိုင်ပါ့မလားဆိုတာတော့ဇာတ်လမ်းထဲတွေ့ရမှာပါသိုင်းFanတွေလက်မလွှတ်သင့်တဲ့ကားကောင်းတစ်ကားပါနော်အရင်versionလည်းကြည့်ဖူးပြီးသားမိုအခုvetsionမှာဘာတွေကွာသွားမလဲစိတ်ဝင်တစား ကြည့်ကြည့်ရအောင်နော်(အညွှန်းရေးသားထားသူကတော့ Kong Hou ဖြစ်ပါတယ်)Quality : WEB-DL 720pTotal Episodes : 40Format : mp4Genres : WuxiaDuration : 45 min per EpisodeSubtitle : Myanmar Subtitle ( Hardsub )Translated by CM TeamEncoded by LK VIP Link : Click Here Episode 1 - MegaUp / Yoteshin / Usersdrive / StreamSB Episode 1 (1080p) - MegaUp / Yoteshin / Usersdrive / StreamSB Episode 2 ...

Side Story of Fox Volant (2022)

2022