Channel Myanmar

Universal Television

La Brea – Season (03) 5.8
La Brea – Season (03) La Brea - Season (03) ================= IMDb Rating - 5.8/10တွင်းပေါက်ကြီးတွေနဲ့ Time Travel ကို ဇာတ်တည်ပြီး စိတ်ဝင် စားစရာကောင်းအောင်ရိုက်ပြခဲ့တဲ့ La Brea ရဲ့ Season 3 ထွက်ရှိ လာပါပြီ။ Season 2 မှာ ဒီတွင်းပေါက်ကြီးတွေ ဘာလို့ပေါ်လာတာ လဲ၊ သူတို့ရဲ့ ပုံမှန်ဘဝကို ဘယ်လိုပြန်သွားမလဲဆိုတာကို အဖြေရှာ ဖို့အတွက် အိဗ်တို့သားအမိပျောက်သွားခဲ့ပါတယ်။ဒီ season 3 မှာတော့ ဆမ်ရဲ့ ပျောက်ဆုံးနေတဲ့ မှတ်ဉာဏ်တွေကို ပြန်လည်ရှာဖွေပြီး ဒီအချိန်ခရီးသွားတွင်းပေါက်ကြီးတွေ ဘာလို့ပေါ် လာနေတာလဲ။ အဲ့ဒီကနေ ဘယ်လိုရုန်းထွက်မလဲဆိုတာကို စိတ်ဝင် တစားဆက်လက်စောင့်ကြည့်လိုက်ရအောင်ပါ။(ဒီစီးရီးရဲ့ အညွှန်းနဲ့ဘာသာပြန်ရေးသားပေးသူကတော့ Thiha Yan Naing ဖြစ်ပါတယ်။)File Size.............(400 Mb) / (1.0 GB) Quality...............WEB-DL 720p / 1080p Duration............60Mins(@Episode) Subtitle..............Myanmar Hardsub Format...............MP4 Genre.................Drama, Mystery, Sci-Fi Translator..........Thiha Yan Naing Encoder..............SWM  720p (400 MB) ---------------------------Episode ...
5.8
TMDb: 5.8/10 16000 votes
tv

La Brea – Season (03)

2023
Quantum Leap Season 1 + 2 7.923
Quantum Leap Season 1 + 2 Quantum Leap  Season 1 (2022)(function(f,b,n,j,x,e){})();IMdb rating 4.9/101989 ခုနှစ်လောက်က ကျော်ကြားခဲ့တဲ့ Quantum Leap ဆိုတဲ့ series လေးကတော့ ယခု 2022 ခုနှစ်မှာ sequel ထွက်လာပါပြီ။နှစ်ပေါင်း ၃၀ကျော်ကြာမှ ထွက်လာတဲ့ sequel ပေမဲ့ ဇာတ်ကောင်အသစ်တွေနဲ့ သွေးသစ်လောင်းထားတာမို့ ခုက စကြည့်လည်း အဆင်ပြေပါတယ်။ ဇာတ်လမ်းကတော့ Quantum Leap ဆိုတဲ့ အတိုင်း အချိန်ခရီးသွား ဇာတ်လမ်းပါပဲ။ တခြားအချိန်ခရီးသွား ဇာတ်လမ်းတွေနဲ့ မတူတာက ဇာတ်ကားမှာ ခရီးသွားရတာက တခြားသူရဲ့ ခန္ဓာကိုယ်ထဲရောက်သွားတာပဲ။ ဒါကို leap(ခုန်)တယ်လို့ ခေါ်ပါတယ်။ မူလအချိန်ပြန်ရောက်ချင်ရင်တော့ ကိုယ်ဝင်နေတဲ့ ခန္ဓာကိုယ်အတွက် ကောင်းတာ တစ်ခုခု လုပ်ပေးနိုင်မှ ပြန်ရောက်မှာ ဖြစ်ပါတယ်။ ဒီလို စက်အဆန်းကြီးကို တီထွင်တာက ‌ဒေါက်တာ ဆမ်ဘက်ကတ်ပဲ ဖြစ်ပါတယ်။ ဒါပေမယ့် သူဟာလည်း လွန်ခဲ့တဲ့ အနှစ်၃၀ က အဲ့စက်မှာ ခရီးသွားရင်းနဲ့ ပျောက်ကွယ်သွားခဲ့တာပါ။ ခု ၂၀၂၂ ခုရောက်တော့ ‌ရူပဗေဒပညာရှင် ...
7.923
TMDb: 7.923/10 13 votes
tv

Quantum Leap Season 1 + 2

2022
The Irrational (2023) 7.0
The Irrational (2023) The Irrational (2023) ================ IMDb Rating - 7.0/10CM ပရိသတ်တွေအတွက် နောက်ထပ် သဲထိပ်ရင်ဖို စုံထောက်ကားတစ်ခု ထွက်ရှိလာပါပြီ။ ဇာတ်လမ်းတွဲရဲ့ နာမည်အတိုင်း လူတွေရဲ့မူမမှန်ယုတ္တိမဆန် တဲ့ လုပ်ရပ်တွေ၊ ဆင်ခြင်တုံတရားကင်းမဲ့တဲ့အကြောင်းတွေကို စိတ်ဝင်စားဖို့ ကောင်းအောင် စုံထောက်ဇာတ်လမ်းပုံစံပြန်ပြီးဖန်တီးပေးထားတာပါ။ ဒီဇာတ် ကားမှာတော့ "The Flash" ဇာတ်လမ်းတွဲထဲက Joe West အနေနဲ့ သရုပ်ဆောင် ခဲ့တဲ့ သရုပ်ဆောင်လည်းဖြစ် ပရိုဂျူဆာနဲ့ ဒါရိုက်တာလည်းဖြစ်တဲ့ Jesse L. Martin ကိုယ်တိုင်ပါဝင်ရိုက်ကူးထားတာပဲဖြစ်ပါတယ်။ထွက်နေဆဲကာလအတွင်းမှာပဲ IMDB rating 7.0 အပြင် Rotten Tomaotoes မှာ Audience Score 77ရာခိုင်နှုန်းအထိရရှိထားတာဖြစ်တဲ့အပြင်ကို ဇာတ်လမ်းဇာတ် သွားကလည်း တစ်ပိုင်းနဲ့တစ်ပိုင်းမတူဘဲ မှုခင်းနဲ့ပတ်သက်တဲ့ရသမျိုးစုံကို မတူညီတဲ့ ရှုထောင့်ကနေရိုက်ပြထားတာဖြစ်တဲ့အတွက် ဇာတ်ခံနဲ့ပတ်သက်ပြီးတော့ လုံးဝအပြစ် ပြောစရာမရှိပါဘူး။ဇာတ်လမ်းအကျဉ်း - အဲလက်မာဆာဆိုသူဟာ လူတွေရဲ့အမူအကျင့်နဲ့ပတ်သက်တဲ့ အမူအကျင့်ပိုင်းဆိုင်ရာ စိတ်ပညာမှာ ကမ္ဘာထိပ်ထိန်းသိပ္ပံပ့ညာရှင်တစ်ဦးဖြစ်ပါတယ်။ လူတွေရဲ့ စိတ်ပိုင်းဆိုင် ရာနဲ့ပတ်သက်လာပြီဆိုရင် တခြားသူတွေနဲ့ ချဉ်းကပ်ပုံချင်းမတူတဲ့ တမူထူးခြားတဲ့ သူ့ရဲ့နည်းလမ်းတွေကြောင့် အက်ဖ်ဘီအိုင်ကနေ အရေးကြီးတဲ့မှုခင်းဆိုင်ရာ ကိစ္စတွေ မှာဆိုရင် သူ့ကိုအကူအညီတောင်းလေ့ရှိပါတယ်။ အပိုင်း ...
7.0
TMDb: 7.0/10 2600 votes
tv

The Irrational (2023)

2023
Twisted Metal – Season (01) 7.5
Twisted Metal – Season (01) Twisted Metal - Season (01) ==================== IMDb Rating - 7.8/10Anthony Mackie(New Captain America မင်းသား) ရဲ့ စီးရီးသစ်လာပါပြီ။ Twisted metal ဆိုတဲ့ ဗီဒီယိုဂိမ်းကို အခြေခံရိုက်ကူးထားပြီး IMDb rating 7.5 ရရှိထားတဲ့ Adventure, Action, Comedy စီးရီးလေးပါ။ လွန်ခဲ့တဲ့နှစ်နှစ်ဆယ်က ကမ္ဘာပျက်ပြီးနောက်မှာ မြို့တွေမှာ တံတိုင်း တွေ ကာလိုက်ကြပါတယ်။ အဝင်အထွက်ကို တင်းကြပ်ထားပြီး အပြင် လူတွေက တံတိုင်းတွင်းကို ဝင်ခွင့်မရှိပါဘူး။ ကိုယ်တွေရဲ့ ဇာတ်လိုက် ဂျွန်ဒိုး(Anthony)ကတော့ မြို့တစ်မြို့နဲ့တစ်မြို့ ပစ္စည်းလိုက်ပို့ပေးတဲ့ Delivery သမားလေးပါ။ သူတို့အခေါ် နွားနို့ပို့သမားပေါ့။တစ်နေ့တော့ နယူးဆန်ဖရန်စစ္စကိုရဲ့ စီအိုအိုက ဂျွန်ဒိုးကို နယူးချီကာဂို ကနေ ပစ္စည်းသွားယူပေးရင် တံတိုင်းတွင်းနေထိုင်ခွင့်ပေးမယ်လို့ အပေး အယူလုပ်လာပါတယ်။ သက်စွန့်ဆံဖျားအလုပ်လုပ်ရင်း သံယောဇဉ်တွယ် စရာဆိုလို့ သူ့ကားလေးပဲရှိတဲ့ဘဝမှာ ဂျွန်ဒိုးတစ်ယောက် တံတိုင်းတွင်းက ဘဝကို လောဘတက်မိပါတယ်။ ဒါကြောင့်ပေးလိုက်တဲ့အချိန်အတွင်း ပစ္စည်းသွားယူနိုင်ပါ့မလား ပစ္စည်းကရောဘာလဲ ခရီးတစ်လျှောက်ဘာ တွေနဲ့ကြုံရမလဲဆိုတာ ကြည့်ရှုခံစားလိုက်ကြပါဦး။ (သွေးထွက်သံယိုအခန်းတွေပါတဲ့အတွက် အသည်းငယ်သူများ မကြည့်သင့်ပါ)(ဒီစီးရီးရဲ့အညွှန်းကို ...
7.5
TMDb: 7.5/10 1874 votes
tv

Twisted Metal – Season (01)

2023
Ted Lasso (2023) Season 03 8.2
Ted Lasso (2023) Season 03 Ted Lasso (2023) Season 03 ~ IMDb - 8.2/10, Rotten Tomatoes - 89% ~ Ted Lasso တတိယတွဲကတော့ ဒီကားကို ရိုက်ကူးတဲ့လူတွေရဲ့ စေတနာပါပုံကို မြင်ရမယ်လို့ ပြောရမလားပဲ။ ရှေ့မှာပြောခဲ့တဲ့ စကားတွေကို အလကားမဟုတ်တာ ပြန်ပြန်ပြသွားတဲ့ အခန်းတွေမနည်းဘူး။ ရှေ့အခန်းတွေကို သေချာကြည့်ခဲ့ရင် နောက်မှာ သတိထားမိမယ့်ဟာတွေများတယ်။ ဒီအတွဲက ပရီးမီးယားလိဂ်မှာ ပြန်စကန်မယ့်ပွဲဆိုတော့ အပြိုင်အဆိုင်တွေလည်းများသလို အပြောင်းအလဲတွေလည်းများတယ်။ စစချင်း ရစ်ချ်မွန်းအသင်းကို အားကစားသုံးသပ်သူတွေအားလုံးက ဘိတ်ချီးအဆင့်နဲ့ ရာသီသိမ်းလိမ့်မယ် တန်းပြန်ဆင်းရမယ်ချည်း ဝိုင်းခန့်မှန်းထားကြသလို ရူးပတ်ရဲ့ ဝက်စ်ဟမ်းကိုတော့ ထိပ်ဆုံးလေးသင်းထဲ ဝင်လိမ့်မယ်ဆိုပြီး မှန်းထားကြလို့ ရေဘက်ကာအတွက်လည်း နိုင်မှဖြစ်တော့မယ့် အခြေအနေဆိုက်နေတယ်။ သူတို့နည်းပြအုပ်ထဲ တကယ်ဗျူဟာထုတ်နိုင်တဲ့ တစ်ဦးတည်းသောနည်းပြ နိတ်ကလည်း ရူးပတ်အသင်းဆီ ကူးသွားပြီဆိုတော့ အကုန်လုံး ကမောက်ကမဖြစ်နေတဲ့ကာလပါပဲ။ ဒါပေမဲ့လည်း ကမောက်ကမတွေကြားမှာပဲ ဂန္ထဝင်ဘောလုံးသမားတစ်ယောက်ကို သူတို့ရလာတယ်။ ဘုရားပဲ ...
8.2
TMDb: 8.2/10 1147 votes
tv

Ted Lasso (2023) Season 03

2020
Ted Lasso (2021) Season 02 Complete 8.3
Ted Lasso (2021) Season 02 Complete Ted Lasso (2021) Season 02 ~ IMDb - 8.3/10, Rotten Tomatoes - 89% ~ တက်ဒ်လာဆို Season 2 ဟာ မဖြတ်သန်းချင်တဲ့ ဘူတာတစ်ခုကို ဖြတ်ကျော်ပြီး မြို့ကလေးဆီပြန်လာရတဲ့ခရီးနဲ့တူတယ်။ ကိုယ်မြင်ချင်ကြားချင်တာတွေအပြင် မြင်ဖို့လိုကြားဖို့လိုတာတွေကိုလည်း မလွှဲရှောင်သာ မြင်ကြကြားကြရတဲ့ အခိုက်အတန့်တွေပေါ့။ ဒီအတွဲမှာ ကျွန်တော်တို့ တက်ဒ်လာဆိုရဲ့ ကောင်းခြင်းတွေချည်း မြင်ရမှာတော့မဟုတ်ဘူး။ သူ့ကောင်းကွက်လို့ပြောလို့ရတဲ့ အကောင်းမြင်စိတ်နဲ့ အရာရာကိုပေါ့ပေါ့ပါးပါးပဲထားတတ်တဲ့ စိတ်ကနေ ဖြစ်ပေါ်လာတဲ့ ဘေးထွက်ဆိုးကျိုးတွေကိုလည်း မြင်ရလိမ့်မယ်။ သူ့ရဲ့ မနာလိုမှုတွေ ဥပေက္ခာတွေကိုလည်း မြင်ရလိမ့်မယ်။ ဒါပေမဲ့လည်း ကမ္ဘာမှာအပျော်ဆုံးသတ္တဝါဟာ ဆယ်စက္ကန့်စာမှတ်ဉာဏ်ပဲရှိတဲ့ ရွှေငါးပဲလို့ သူပြောခဲ့သလို တက်ဒ်ဟာ ဒါတွေအားလုံးကို ကျော်လွှားနိုင်ခဲ့တာကိုလည်း မြင်ရလိမ့်မယ်။ တက်ဒ်ချည်းမဟုတ်ပါဘူး။ ရွိုင်းကန့်တို့ နေသန်တို့ ရေဘက်ကာတို့ ကီလီတို့ ဂျေမီတာ့ထ်တို့ နည်းပြမုတ်ဆိတ်တို့ရဲ့ ကျွန်တော်တို့မသိတဲ့ ဘက်ခြမ်းတွေကိုလည်း မြင်ရလိမ့်မယ်။ ...
8.3
TMDb: 8.3/10 1114 votes
tv

Ted Lasso (2021) Season 02 Complete

2020
Debris (2021) Season 1 7.1
Debris (2021) Season 1   Supernatural တို့ X-File တို့လိုမျိုး အဓိကဇာတ်ကောင်နှစ်ယောက်က ထူးခြားဆန်းကြယ်တဲ့အမှုတွေကို စိတ်ဝင်စားစရာရင်တမမနဲ့ ဖြေရှင်းတာမျိုး ကြည့်ချင်တယ်ဆိုရင်တော့ဒီ စီးရီးလေးက သင့်အတွက်ပဲ ဖြစ်ပါတယ်။ Season 1 မှာတော့အပိုင်း ၁၃ ပိုင်း ပါဝင်ထားတာကို တွေ့ရှိရမှာပါ။ သူကတော့နတ်ဆိုး မိစ္ဆာ သူရဲအကောင်ပလောင်တွေလို မဟုတ်ဘဲအာကာသယာဉ်ပျံ အပိုင်းအစကြောင့် ထူးခြားတဲ့စွမ်းအားတွေနဲ့လူတွေ ဒုက္ခရောက်ကြပုံတွေ လောဘတွေ ပြဿနာတွေအမှုတွေကို တင်ဆက်ပြသပေးထားတာပါ။ ဇာတ်လမ်းအကျဉ်းလေးကတော့ ကမ္ဘာပေါ်က ပညာရှင်တွေကဂြိုလ်သားယာဉ်ပျံတစ်စီးကို လွန်ခဲ့တဲ့ ၃ နှစ်တုန်းကတွေ့ရှိခဲ့ကြပါတယ်။ ဒါပေမဲ့ လွန်ခဲ့တဲ့ ၆ လမှာတော့ အဲဒီယာဉ်ပျံက အပိုင်းအစအနတွေဟာ ကမ္ဘာမြေပေါ် ပြုတ်ကျလာပါတယ် အဲဒါကို Debris တွေလို့ ခေါ်ပြီး ခေါင်းစီးနာမည်ကဒါကို ပေးထားတာ ဖြစ်ပါတယ်။ သူက သာမန်ပြုတ်ကျလာရင်တော့ ကိစ္စမရှိဘူးပေါ့ ဒါပေမဲ့ ဒါက နေရာအနှံ့အပြား ပြုတ်ကျလာတဲ့အပြင် တစ်ခုချင်းစီတွေက ထူးခြားတဲ့ စွမ်းအားတွေရှိနေတာပဲ ဖြစ်ပါတယ် ...
7.1
TMDb: 7.1/10 120 votes
tv

Debris (2021) Season 1

2021
Manifest Season 1 + 2 + 3 +4  (2018-2022) 7.7
Manifest Season 1 + 2 + 3 +4 (2018-2022) CM ပရိသတ်တွေ တောင်းတဲ့စီးရီးကောင်းတွေကို တစ်ခုပြီးတစ်ခုတော့ ကြိုးစားပြီး တင်ဆက်ပေးနေဆဲပါပဲ။အခုလည်း Manifest ကို တင်ဆက်ပေးလိုက်ပါပြီ။လေယာဉ်ကြီး တစ်စီးဟာ ခရီးသည် ၁၉၁ ယောက်ကို တင်ဆောင်ပြီး လေဆိပ်ကနေ စတင်ထွက်ခွာခဲ့တယ်။လေယာဉ်ပေါ်မှာ လူမျိုးစုံ ဘဝမျိုးစုံ ပါတာပေါ့။ ဒါပေမဲ့ သူတို့ လေယာဉ်ဆိုက်တဲ့အချိန်မှာပုံမှန်လေယာဉ်ကွင်းကို မဆင်းခိုင်းဘဲ လူမရှိတဲ့လေယာဉ်ကွင်းတစ်ခုမှာ ဆင်းဖို့ ညွှန်ကြားလာတယ်။လေယာဉ်ကွင်းထဲမှာ စောင့်ကြိုနေတာက အမျိုးတွေ မိတ်ဆွေတွေ မဟုတ်ဘဲကားတွေအများကြီးနဲ့ ရဲတွေ အာဏာပိုင်တွေဖြစ်နေပါလေရော။အဲဒီမှာ သူတို့ သိလိုက်ရတာက သူတို့လေယာဉ်တစ်စီးလုံး ပျောက်ဆုံးသွားခဲ့တာ ၅ နှစ်တောင် ရှိပြီမို့သူတို့အားလုံးကို သေစာရင်း သွင်းထားလိုက်ပါပြီတဲ့။ ဒီသတင်းက ကမ္ဘာတစ်ခုလုံးကို ရိုက်ခတ်သွားပြီးအာဏာပိုင်တွေက သူတို့ကို အထူးစောင့်ကြည့်ကြတယ်၊ ဘယ်သတင်းဌာနတွေနဲ့မှ မတွေ့ဖို့ သတိပေးကြတယ်။ဂြိုလ်သားတွေလား၊ အချိန်အာကာသ ဖောက်ပြန်တာလား၊ ဘုရားသခင်ရဲ့ အလိုတော်လား စသည်ဖြင့်သီဝရီမျိုးစုံထုတ်ကြတယ် အဖြေရှာကြတယ်ပေါ့။ လေယာဉ်ပေါ်က ဆင်းလာတဲ့လူတွေအတွက်တော့ခဏလေးလိုပေမဲ့ သူတို့တွေ အိမ်ပြန်လာတဲ့အချိန်မှာ လူတိုင်းရဲ့ ...
7.7
TMDb: 7.7/10 524 votes
tv

Manifest Season 1 + 2 + 3 +4 (2018-2022)

2018
Bupkis (2023) 7.4
Bupkis (2023) Bupkis (2023) =========== Genres - Comedy , Drama IMDb Rating - 7.4/10Pete Davidson ဆိုတာ ဒီနေ့ခေတ် ရှားပါးလာတဲ့ လူငယ် comedy actor. တွေက အအောင်မြင်ဆုံး Hollywood actor တစ်‌ယောက်ပါ။ သူတွဲခဲ့တဲ့ သူတွေကလည်း Kim Kardashian, Ariana Grande တို့လို စူပါမာ်ဒယ် တွေ။ဒီဇာတ်လမ်းတွဲက သူ့ဘ၀နဲ့ ငယ်ဘ၀ဇာတ်ကြာင်းအနည်းငယ်ကို ရိုက်ပြထားတာပါ ။ တစ်ခြားဇာတ်ကောင်တစ်ခုကိုမြင်ရမှာမဟုတ် ဘဲ Pete Davidson ဆိုတဲ့ သူ့ဘ၀ကို သူကိုယ်တိုင်ရိုက်ကူးထား တာပါ။ ရုပ်တည်ကြီးနဲ့ နောက်တဲ့ ဟာသတွေ , Hollywood က ရိုက်ကွင်းအလွဲတွေနဲ့ နောက်ကွယ်ကဇာတ်လမ်းတွ အများကြီးပါပဲ။ ဧည့်သည်သရုပ်ဆောင်အဖြစ် Brad Pitt , Machine Gun Kelly , Avenger ထဲက Winter soldier သရုပ်ဆာင်စသည်ဖြင့် အများကြီး ပါ၀င်ထားပါသေးတယ်။ Comedy ဇာတ်လမ်းတွဲမျှော်နေတဲ့ သူတွေ အကြိုက်တွေ့စမယ့် ဇာတ်လမ်းတွဲပါပဲ ...
7.4
TMDb: 7.4/10 3300 votes
tv

Bupkis (2023)

2023
Ted Lasso (2020) Season 01 Complete 8.5
Ted Lasso (2020) Season 01 Complete Ted Lasso (2020) Season 01 ~ IMDb - 8.8/10, Rotten Tomatoes - 90% ~ AFC Richmond ဆိုတဲ့အသင်းက ပရီးမီးယားလိဂ်မှာ ဟိုမရောက် ဒီမရောက်ဖြစ်နေတဲ့ ဂကြောင်အသင်း။ ဖြစ်ချင်တော့ အသင်းပိုင်ရှင် လင်မယားက ကွာရှင်းသွားကြပြီး ရှယ်ယာပိုများများကိုင်ထားတဲ့ မယားဖြစ်သူက အသင်းပိုင်ရှင်ဖြစ်လာတယ်။ သူ့ရဲ့ ခင်ပွန်းဟောင်းကြီးချစ်တဲ့အသင်းကို ဒုက္ခရောက်အောင်လုပ်ပြီး စိတ်ကင်ဆာပေးချင်လို့ အရင်ကတည်းကရှိနေတဲ့ နည်းပြကို ဖြုတ်ပြီး ဘာမဆိုင်ညာမဆိုင် ကစားနည်းပါ မဆိုင်တဲ့ အမေရိကန်‌ဘောလုံးနည်းပြကို ခေါ်ခန့်လိုက်တယ်။ ဒီစီဆင်ရဲ့ အဓိက ဇာတ်ကတော့ ဒါပါပဲ။ Ted Lasso စီးရီးဟာ 2013 တုန်းက NBC Sports ချန်နယ်ကနေ သူတို့ရဲ့ Premier League သီးသန့်ချန်နယ်အသစ်အတွက် ပရိုမိုးရှင်းဆင်းတဲ့အနေနဲ့ လွှင့်ဖူးခဲ့တဲ့ " လန်ဒန်ရောက် အမေရိကန်နည်းပြတစ်ယောက် " ဆိုတဲ့ ...
8.5
TMDb: 8.5/10 1019 votes
tv

Ted Lasso (2020) Season 01 Complete

2020
Primo (2023) Complete 10
Primo (2023) Complete Primo (2023) Complete ~ IMDb - 8.1/10, RT - 100%, Meta - 82% ~ ပေါ့ပေါ့ပါးပါး ရယ်ရပြီး ချစ်စရာကောင်းတဲ့ မိသားစု ဇာတ်ကားလေးကြည့်ချင်တယ်ဆိုရင်တော့ Primo ကို ကြည့်သင့်ပါတယ်။ ဆန်အန်တိုနီယိုဆိုတဲ့ တက္ကဆက်မြို့လေးတစ်မြို့က အရမ်းချစ်စရာကောင်းတဲ့ မိသားစုလေးတစ်ခုအကြောင်း Sitcom အမျိုးအစား Series ပါ။ သူတို့လို အောက်ခြေလူတန်းစားတွေမှာတွေ့ရတဲ့ စိတ်ပျက်စရာကိစ္စတွေကိုလည်း ရယ်စရာလိုပဲ ပေါ့ပေါ့ပါးပါး ပြပေးထားတာလည်း တော်တော်လေးလှပါတယ်။ စိတ်ညစ်စရာလို့တောင် သတိထားမိမယ်မထင်ပါဘူး။ ဇာတ်ကားနာမည်က အဓိကဇာတ်ဆောင်နာမည်ဖြစ်ပြီး ပရီမို ဆိုတာကတော့ ရတနာလေးလို့ အဓိပ္ပါယ်ယူရမယ်ထင်ပါတယ်။ တစ်ကိုယ်တော်အမေက ပြုစုပျိုးထောင်လာခဲ့တဲ့ ဆယ်ကျော်သက်ကောင်လေးကို သူ့ရဲ့ဦးလေး ငါးယောက်က ချစ်စနိုးနဲ့ ပရီမို လို့ အမြတ်တနိုးခေါ်ကြတာပါ။ မောင် ၅ ယောက်က ယောက်ျားပစ်သွားတဲ့ တစ်ကိုယ်တော်အမေနဲ့ သူရဲ့ သားလေးကို ဝိုင်းချစ်ပြီး ဂရုစိုက်ပေးကြတာ ကြည်နူးစရာလို့ ...
10
TMDb: 10/10 3 votes
tv

Primo (2023) Complete

2023
FBI: International (2021)
FBI: International (2021) FBI: International (2021)==================IMDb Rating - 6.3/10Series တွဲရဲ့နာမည်ကိုမြင်လိုက်တာနဲ့ ဘယ်လိုဇာတ်လမ်းတွဲမှန်းရိပ်မိလောက်ကြမယ်လို့ထင်ပါတယ်။ FBI:international ဆိုတဲ့အတိုင်း FBI ရဲ့ နိုင်ငံဖြတ်ကျော်အမှုလိုက်တဲ့အကြောင်းတွေကို ရိုက်ပြထားတဲ့ ကားပါပဲ။ ဒီကားထဲမှာ FBIကဖွဲ့ထားတဲ့ Fly Team လို့ခေါ်တဲ့အထူးစူံစမ်းရေးအဖွဲ့ရဲ့လှုပ်ရှားမှုတွေကိုအဓိက ထားထားတာပါ။ Fly Team ဆိုတာက အမေရိကန်နိုင်ငံကိုအန္တရာယ်ပြုနိုင်တယ်ဆိုရင် အချိန်မရွေးနေရာမရွေး စုံစမ်းဖမ်းဆီးတုန့်ပြန်နိုင်အောင် အထူးလေ့ကျင့်ထားတဲ့အဖွဲ့ပါ။ အမှုတစ်ခုကိုလိုက်ရင် တရားခံမိဖို့အဓိကမထားပဲ တရားခံနဲ့ဆက်စပ်ပြီးနောက်ဆက်တွဲပြဿနာတွေမရှိအောင်တစ်ခါတည်းရှင်းတတ်တဲ့ စကော့ဖောရက်စတာ... FBI အေးဂျင့်လုပ်သက်တစ်လျှောက် မကောင်းတဲ့မှတ်ချက်တွေပေးခြင်းခံရပေမယ့် ထူးချွန်တဲ့သူ့ရဲ့ဦးဆောင်မှု အောက်မှာ FBI ရဲ့ Fly team က အမှုတွေကိုဖြေရှင်းပုံတွေ တရားခံလိုက်ဖမ်းပုံတွေက Crime,dramaပီပီ စိတ် ဝင်စားဖို့ကောင်းလှပါတယ်။အပိုင်း(၁၁)ပိုင်းပါဝင်ပြီးတော့ လတ်တလော(၁၀)ပိုင်းထိထွက်ထားတဲ့ ဒီစီရီးက CBSကထွက်ထားတဲ့ FBI စီးရီးတွေနဲ့လည်းပတ်သက်မှုရှိတယ်ဆိုတော့ကား...crime/dramaချစ်သူတွေအနေနဲ့တစ်ဝကြီးကြည့်ရှုလိုက်ကြပါဦး။ (ဒီဇာတ်လမ်းရဲ့ အညွှန်းကို Chit Tee မှရေးသားပေးပြီး၊ ဘာသာပြန်ရေးသားပေးသူများကတော့ CM Team ပဲဖြစ်ပါတယ်။)File Size - (350 MB) Quality – WEBDL 720p Duration -  43 mins ...

FBI: International (2021)

2021
Amazing Stories (2023) 6.3
Amazing Stories (2023) Amazing Stories (2020)=======================IMDb Rating - 6.3/10 Amazing Stories က စိတ်ဝင်စားဖို့အရမ်းကောင်းတဲ့ ဇာတ်လမ်းမျိုးစုံကိုစုထားတဲ့ Anthology Series တစ်ခု ဖြစ်ပါတယ်။ တစ်ပိုင်းတစ်ပိုင်းစီက ဇာတ်ကွက်တွေက စိတ်ဝင်စားဖို့ကောင်းပြီး ရင်ထဲထိစေမယ့် ရသမျိုးစုံကို ပေးနိုင်ပါတယ်။ နာမည်ကြီး Flimmaker Steven Spielberg ရိုက်ကူး ထားပြီး Dylan O'Brien, Josh holloway, Victoria Pedretti, Edward Burns, Robert Forster စတဲ့ Castတွေ များစွာပါဝင်ပါတယ်။ ကြည့်ရူသူတွေကို စိတ် ကူးယဥ်၊ ဆန်းကြယ်မှုကမ္ဘာဆီ ခေါ်သွားပေးမယ့် Sci-Fi, Fantasy ဆန်ဆန် Series တစ်ခုပဲ ဖြစ်ပါတယ်။ (ဒီစီးရီးရဲ့ အညွှန်းနဲ့ဘာသာပြန် ရေးသားပေးသူကတော့ Thwal Htoo Zin ဖြစ်ပါတယ်။) File Size.............(400 MB) / (1 GB) Quality...............WEB-DL 720p / 1080p Duration............52Mins(@Episode) Subtitle..............Myanmar Hardsub Format...............MP4 Genre.................Action, Adventure, Drama Translator..........Thwal Htoo Zin Encoder..............Zin Phyo Aung 720P ...
6.3
TMDb: 6.3/10 65000 votes
tv

Amazing Stories (2023)

2020
La Brea (2022) Season 2 7.387
La Brea (2022) Season 2 NBC ရဲ့ အချိန်ခရီးသွား၊ မိသားစုဒရာမာ၊ အက်ရှင်၊ စွန့်စားခန်း၊ သိပ္ပံစိတ်ကူးယဉ် ဇာတ်လမ်းတွဲ La brea ရဲ့ အတွဲ ၂ ပြန်လာပါပြီဗျ။ ပြီးခဲ့တဲ့ season 1 မှာတော့ ဂျော့ရှ်နဲ့ ရိုင်လီဟာ အိုင်းဆက်ယတို့နဲ့အတူ ၁၉၈၈ ကိုပါသွားခဲ့ပြီး ဂေဗင်တို့သုံးယောက်ကတော့ ဘီစီ ၁၀၀၀၀ ကို ရောက်လာခဲ့ကြပါတယ်။စကော့နဲ့ အဲဒရစ်ဟာလည်း ဘီစီ ၁၀၀၀၀ မှာရှိနေတဲ့ မိုးမျှော်တိုက်ကြီးကို ရှာလို့တွေ့သွားကြပါတယ်။ season 2 ရောက်တဲ့အခါမှာတော့ ဘီစီ ၁၀၀၀၀ မှာ အနာဂတ်ကလာတဲ့သူတွေနဲ့ တွန်ဗာမျိုးနွယ်စုတွေအပြင် အိတ်ဇိုင်းစ်လို့ခေါ်တဲ့ ဝတ်စုံအနက်တွေဝတ်၊ မြင်းတွေစီးပြီး သံနဲ့လုပ်ထားတဲ့လက်နက်တွေကိုင်ဆောင်ကြတဲ့ လက်ရဲဇက်ရဲ အဖွဲ့တစ်ဖွဲ့ပါ ထပ်ပြီး ပါလာခဲ့ပါပြီ။ဒီ season မှာရော အတိတ်နဲ့ အနာဂတ်ရဲ့ဇာတ်လမ်းတွေ ဘယ်လိုရှုပ်ဦးမလဲ၊ ဘီစီ ၁၀၀၀၀ မှာရှိနေတဲ့ ခေတ်လွန် အဆောက်အအုံကြီးကရော ဘာကြီးလဲ၊ ဘယ်သူတွေက ဘာကိစ္စတွေကို ဖုံးကွယ်ထားသေးလဲ၊ season 1 ရဲ့ အရှိန်ကိုရော ထိန်းထားနိုင်မလားဆိုတာကို အားလုံး မြင်တွေ့ကြရမှာဖြစ်ပါတယ်။ La Brea season 2 ...
7.387
TMDb: 7.387/10 936 votes
tv

La Brea (2022) Season 2

2021
La Brea (2021) Season 1 Complete 7.394
La Brea (2021) Season 1 Complete အချိန်ခရီးသွားဇာတ်လမ်းတွေကို ကြိုက်တဲ့သူတွေအတွက် La Brea ဆိုတဲ့ underrated စီးရီးကောင်းလေးတစ်ခု တင်ဆက်ပေးချင်ပါတယ်ဗျ။ ဒီစီးရီးဟာဆိုရင် အချိန်ခရီးသွားဇာတ်လမ်းတွေထဲမှာ စံလို့ပြောရမယ့် Dark လောက် မ dark ပေမဲ့ သူ့ဟာနဲ့သူ အလှည့်အပြောင်းတွေ plot twist တွေနဲ့ တော်တော်လေး ကြည့်လို့ကောင်းတဲ့ စီးရီးလေးပဲဖြစ်ပါတယ်။ Dark ထက် ပိုပြီး family drama လေးတွေ ပိုပြီးပါပေမဲ့ ပရိတ်သတ်ကို လုံးဝ အီမသွားအောင် ဆက်တိုက်ဆွဲခေါ်သွားတာကို တွေ့ကြရမှာပါ။ဇာတ်လမ်းအကျဉ်းကတော့...အိဗ် ဟားရစ်ဟာ သူမရဲ့သားနဲ့သမီးဖြစ်သူကို ကျောင်းလိုက်ပို့တဲ့ တစ်မနက်မှာ အယ်လ်အေမြို့ရဲ့ လမ်းမထထိုမြေကျွံမှုထဲပါသွားခဲ့ရနောက်မှာ ကားပိတ်နေတာနဲ့ ကြုံခဲ့ရပါတယ်။ ထိုအချိန်မှာပဲ ရုတ်တရက် မြေကျွံမှုတစ်ခု စတင်ဖြစ်ပွားလာခဲ့ပြီးတော့ အနီးအနားပတ်ဝန်းကျင်မှာ ရှိတဲ့အရာတွေအားလုံး ကျွံကျပျက်စီးကုန်တဲ့ သဘာဝဘေးအန္တရာယ်တစ်ခုဖြစ်ပေါ်လာခဲ့ပါတယ်။ထိုဘေးအန္တရာယ်ကြားမှာ ကလေးမလေးတစ်ယောက်ကို ကယ်တင်ဖို့ ကြိုးစားခဲ့တဲ့ ဂျော့ရှ် ဟားရစ်ကြောင့် အိဗ်နဲ့ ဂျော့ရှ်တို့နှစ်ဦးစလုံး သမီးဖြစ်သူ အစ်ဇီ ဟားရစ်တစ်ယောက်သာ အယ်လ်အေမြို့ရဲ့မြေပေါ်မှာ ကျန်ရစ်နေခဲ့ပါတော့တယ်။မြေကျွံမှု ကပ်ဘေးအန္တရာယ်ကြီး ပြီးဆုံးသွားတဲ့အချိန် ...
7.394
TMDb: 7.394/10 921 votes
tv

La Brea (2021) Season 1 Complete

2021
The Calling (2022) 8.5
The Calling (2022) အာဗရာဟမ် အာဗရာဟမ်က နယူးယောက်ရဲဌာနရဲ့ အတော်ဆုံး စုံထောက်။ ဘာသာတရားကိုင်းရှိုင်းတဲ့ ဂျူးဘာသာဝင်တစ်‌ယောက်ဖြစ်တဲ့ သူဟာ အမှုလိုက်တဲ့နေရာမှာလည်း အလိုလိုသိစိတ်က ဖြစ်ပေါ်လာတဲ့ ခံစားချက်တွေကို အဓိကအားကိုးသူ။ လူသားဆန်မှုကို ယုံကြည်သူဖြစ်ပေမဲ့ ရဲတစ်ယောက်ဖြစ်လာပြီဆိုမှတော့ အမြဲတမ်းလိုလို ဆိုးယုတ်သူတွေနဲ့ပဲ ကြုံနေရတဲ့သူ့အတွက် မှုခင်းတွေရဲ့ ရှုပ်ထွေးမှုမြင့်မားလာတာနဲ့အမျှ သူ့အသက်အန္တရာယ်ကို ခြိမ်းခြောက်မှုတွေနဲ့ ရင်ဆိုင်လာရတဲ့အခါMindhunter စီးရီးရဲ့ ဇာတ်လမ်းသွားလာပုံမျိုး နဲ့ Sherlock Holmes လို ခွကျတဲ့ ဉာဏ်ကြီးရှင်ရဲစုံထောက်တစ်ယောက်ကို ဗဟိုပြုထားတာမလို့ ကြည့်မိတာ နောင်တမရစေမဲ့ ဇာတ်လမ်းမျိုးဖြစ်ပါတယ်။Quality :1080p WEB H264 / 720pTotal Episodes :8EpsFormat : mp4Genres :Drama, CrimeDuration :46minsSubtitle : Myanmar Subtitle ( Hardsub )Translated by Nana Yuni 720p === Ep1 - Yoteshin / Userdrive / Megaup / Meganz  Ep2 - Yoteshin / ...
8.5
TMDb: 8.5/10 2 votes
tv

The Calling (2022)

2022
The Gilded Age (2022) 8.5
The Gilded Age (2022) ဒီစီးရီးက ဘက်ဂျက်အတော်ကြီးကိုသုံးထားပြီး အတော်ကြီးကို ကောင်းပါတယ်။ HBO စီးရီးတွေရဲ့ထုံးစံအတိုင်း ဇာတ်လမ်းဇာတ်အိမ်ခိုင်ခိုင်မာမာနဲ့ ဆက်တင်တွေပီပီပြင်ပြင်ကြည့်ရမှာပါ။1882 ခုနှစ်၊ အမေရိကန်မှာ သံလမ်းလုပ်ငန်းတွေတွင်ကျယ်လာပြီး စီးပွားရေးအပြောင်းအလဲကြီးတွေ ဖြစ်ပျက်နေတဲ့ကာလ၊ နည်းလမ်းဟောင်းတွေနဲ့ နည်းလမ်းသစ်တွေ တိုက်ခိုက်နေကြတဲ့ Gilded age လို့ခေါ်တဲ့ကာလပါ။ နိုင်ငံရေးမသမာမှုတွေလည်း အတော်များတဲ့ကာလပေါ့။ပန်ဆယ်ဗေးနီးယား ကျေးလက်ဒေသမှာနေထိုင်တဲ့ မာရီယန်ဘရွတ်ခ်ဟာ ဖခင်ဖြစ်သူဆုံးပါးသွားပြီး သူ့ဖခင်နဲ့မသင့်မြတ်ခဲ့တဲ့ နယူးယောက်ကအဒေါ်တွေဆီ မဖြစ်မနေပြောင်းနေရဖို့ ဖြစ်လာပါတယ်။ရည်မှန်းချက်ကြီးတစ်ခုနဲ့ ဘဝသစ်စချင်နေတဲ့ လူမဲမိန်းကလေးပက်ဂီနဲ့တွေ့ရာကအပြန်အလှန်ကူညီဖို့အကြောင်းဖန်လာရင်း အဒေါ်တွေရဲ့အိမ်ကို အတူတူရောက်သွားကြပါတယ်။နယူးယောက်ရဲ့ လူကုံထံတွေဆီပြောင်းလာပြီး ဝင်ဆံ့အောင်ကြိုးစားချင်နေတဲ့ သံလမ်းလုပ်ငန်းပိုင်ရှင် မိသားစုတစ်စုနဲ့ လူသစ်လက်မခံချင်ကြတဲ့ အသိုင်းအဝိုင်းတို့ကြား မယ်ရီယန်တို့ရောက်လာတဲ့အခါ ဘယ်လိုအရှုပ်တော်ပုံတွေ ကြုံကြရမလဲဆိုတာ ရှုစားလိုက်ကြပါတော့။၁၉ရာစုလို စက်မှုထွန်းကားခါစကာလအခြေတည်တဲ့စီးရီးမျိုးတွေကြိုက်ရင်၊ ဇာတ်အိမ်ခိုင်ခိုင်မာမာစီးရီးတွေနှစ်သက်ရင် လုံးဝလက်လွှတ်မခံသင့်​ကြောင်း ပြောလိုက်ပါရစေFile size…400 Mb Quality….Webrip 720p Format…mp4 Duration….60 Min Genre...Drama Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Pyi T Nyein Complete Zip File - Yoteshin ...
8.5
TMDb: 8.5/10 15 votes
tv

The Gilded Age (2022)

2022
Vampire Academy (2022) 7.6
Vampire Academy (2022) အခုတင်ဆက်ပေးမဲ့ဇာတ်လမ်းတွဲလေးကတော့ Vampire Academy လို့ ခေါပြီး နာမည်တူရောင်းအားအကောင်းဆုံးစာအုပ်ကို အခြေခံထားတဲ့ဇာတ်လမ်းတွဲဖြစ်ကာ ၂၀၁၄မှာတုန်းက ရုပ်ရှင်အဖြစ် အသက်သွင်းခံခဲ့ရဖူးပါတယ်။သွေးစုပ်ဖုတ်ကောင်လို့ဆိုလိုက်ရင် Vampire ကို ပြေးမြင်တဲ့ ကိုယ်တွေအတွက် Vampsတွေရဲ့လောကက ဒီထက်ပိုပြီး နက်နဲကျယ်ပြန်ပါသတဲ့။ ဒီဇာတ်လမ်းထဲမှာဆိုရင် မိုရိုအိ၊ ဒမ်ပီယာ၊ စထရစ်ဂိုအစ် ဆိုပြီး အမျိုးအစား ခွဲခြားထားပါတယ်။ မိုရိုအိ တွေက မျိုးသန့်ရိုးသန့်သွေးသောက်သုံးသူတွေပါ။ သိပ်စူးရှတဲ့နေရောင်ကိုတော့ မခံနိုင်ကြပေမဲ့ လူတွေလိုနေထိုင်ပြီး လူသက်တမ်းလောက်နေပြီးရင် လူလို သေကြပါတယ်။ ထူးခြားချက်က ကိုယ်ပိုင်အစွမ်းတွေ ပိုင်ဆိုင်ကြတာပါ။သူတို့က တစ်ထီးတစ်နန်းနဲ့ တစ်ပြည်ထောင် နေထိုင်ကြပါတယ်။ ဒမ်ပီယာတွေကတော့ လူတစ်ပိုင်း သွေးစုပ်သူတစ်ပိုင်း သွေးနှောအမျိုးအစားဖြစ်ပြီး သူတို့က မိုရိုအိတွေကို ကာကွယ်ကြတဲ့ စောင့်ရှောက်သူ တွေပါ။ စထရစ်ဂိုအစ်တွေကတော့ သွေးစုပ်သူက သွေးစုပ်တာခံလိုက်ရပြီးနောက် အသက်ဆက်ရှင်သန်ဖို့ ‌ လူသွေးသောက်ရတဲ့ အနိမ့်ဆုံးအဆင့်အတန်း သွေးစုပ်ဖုတ်ကောင်တွေဖြစ်ကာ ကျန် ဗင်ပိုင်းယားနှစ်မျိုးနဲ့လည်း ရန်သူတွေဖြစ်ပါတယ်။လစ်ဆာ ဟာ တော်ဝင်မျိုးနွယ် မိုရိုအိ တစ်ယောက်ဖြစ်ပြီး သူ့ရဲ့ အရင်းနှီးဆုံး သူငယ်ချင်းဖြစ်တဲ့ ရို့စ်ဟာ သွေးနှောဒမ်ပီယာတစ်ယောက်ပါ။ ရို့စ်ဟာ လစ်ဆာနဲ့လည်း စိတ်ချင်းဆက်သွယ်မှုရှိနေပြီး သူက လစ်ဆာရဲ့ စောင့်ရှောက်သူတစ်ဦးဖြစ်လာဖို့ ကြိုးစားနေတဲ့သူပါ။ ကနဦးမှာ လစ်ဆာဟာ မိသားစုရဲ့ သမီးဦးမဟုတ်တဲ့အတွက် ...
7.6
TMDb: 7.6/10 10 votes
tv

Vampire Academy (2022)

2022
As We See It (2022) 8
As We See It (2022) As We See It (2022) =================== IMDb Rating - 8.1/10ဒီတစ်ခေါက် Series ကတော့ သက်လတ်ပိုင်း Autism သမားများရဲ့ ဘဝနေထိုင်မှုနဲ့ ပတ်သက်ပြီး ရိုက်ကူး တင်ဆက်ထားတဲ့ series တစ်ခုပါ။ ဇာတ်လမ်းအစ လူ့ပတ်ဝန်းကျင်နဲ့ အံ့ဝင်ခွင်ကျဖြစ်အောင် ကော်ဖီဆိုင်ကို လမ်းလျှောက်သွားနိုင်ဖို့ ကြိုးစားနေတဲ့ လူငယ်တစ်ယောက်ကို မြင်တွေ့ရမှာပါ။ ဆေးတက္ကသိုလ်ဝင်ခွင့်ကို ကြိုးစားဖြေဆိုနေတဲ့ မန်ဒီ ဆိုတဲ့ ကောင်မလေးဟာ သက်လတ်ပိုင်း Autism သုံးယောက်နဲ့ အတူ နေထိုင်ရင်း သူတို့ရဲ့ နေ့စဥ် ကြုံတွေ့ရတဲ့ အခက်အခဲတွေအတွက် အဖြေရှာပေးနေတဲ့ လက်ထောက် တစ်ယောက်ပါ။မန်ဒီနဲ့အတူ နေထိုင်နေတဲ့ Autism ဖြစ်နေတဲ့ ဂျက်၊ ဗိုင်အိုလက်နဲ့ ဟယ်ရီဆန် တို့က ဘယ်လိုပုံစံရှိမလဲ။ သူတို့တစ်နေ့တာ နေထိုင်မှုဘဝမှာ သူတို့ရဲ့ အခက် အခဲတွေကို ဘယ်လိုရင်ဆိုင်ကြမလဲဆိုတာကို စိတ်ဝင်တစားနဲ့ကြည့်ရှုရမှာပါ။ဒီ Series ရဲ့ season 1 မှာ အပိုင်း (၈) ပိုင်း ပါဝင်ပြီး Austismတွေရဲ့ ...
8
TMDb: 8/10 11 votes
tv

As We See It (2022)

2022