Channel Myanmar

TV Series

My Absolute Boyfriend (2019)
My Absolute Boyfriend (2019)   အိုက်ဒေါလ်တစ်ယောက်နဲ့ချစ်ရတဲ့ဒုက္ခကိုသင်ခံစားဖူးပါသလား အရမ်းပျော်ရွှင်ရမယ်ပဲတွေးမိကြမှာနော် ဒါပေမယ့် ကန့်လန့်ကာရှေ့မထွက်ရတဲ့နာကျင်မှုကိုသိမှာလား အဲ့လိုမျိုးနှစ်တွေအကြာကြီးတွဲလာပြီး ဘာမှပြန်မရတဲ့ခံစားချက်မျိုး အဲ့ကောင်မလေးရဲ့နာကျင်မှုကို ကိုယ်တို့ခံစားတတ်မှာမဟုတ် အဲ့လိုနာကျင်မှုတွေခါးစည်းခံပြီး ပြတ်တောက်ခဲ့ချိန်မှာ သူ့အတွက်ကံကောင်းခြင်းလို့ဆိုမလား ကံတရားရဲ့ဖေးမမှုနဲ့ လူသားနဲ့အတူညီဆုံးစက်ရုပ်တစ်ရုပ်ရောက်လာတဲ့အခါ...   တစ်လောလေးကမှ My Crowned crown ကားနဲ့အရမ်းသည်းသည်းလှုပ်ခံနေရတဲ့ Asian's brother လေး ယိုဂျင်ဂူးလေးရယ် Moon loverထဲကအကျင့်ပုတ်တဲ့အစ်ကိုကြီးလုပ်သွားတဲ့ ဟွန်းဂျွန်းဟွန်းရယ် မင်းသမီးလေးက Beautiful Gong shim ထဲကချစ်စရာမင်းသမီးလေး ဘန်မင်အာရယ်ပါဝင်ထားတာပါ အပတ်စဉ်တိုင်း ဗုဒ္ဓဟူး ကြာသပတေးညတွေမှာပြသမှာမို့ စောင့်ကြည့်ပေးကြပါဦးဗျို့။   Profile Drama: My Absolute Boyfriend Revised romanization: Jeoldae Geui Hangul: 절대 그이 Director: Jung Jung-Hwa Writer: Yuu Watase (manga), Yang Hyuk-Moon Network: SBS Episodes:20 Release Date: May 15, 2019 -- Runtime: Wed. & Thu. 22:00 (35 minutes / 2 episodes ...

My Absolute Boyfriend (2019)

2019
Her Private Life (2019) 8
Her Private Life (2019) ကိုရီးယားကားကြည့်ရင်း အိုက်ဒေါလ်တွေကိုကြွေနေတဲ့သူလေးတွေရှိတယ်မို့လား ကိုယ်တွေနိုင်ငံကတော့ သတင်းတွေမွှေနှောက်ကြည့်ရုံပဲတတ်နိုင်တာပေါ့ ။ ကိုရီးယားမှာကတော့ ပိရိသတ်မိန်းကလေးများက သူတို့ချစ်တဲ့အနုပညာရှင်အိုက်ဒေါလ်တွေနောက် တစ်ကောက်ကောက်ကိုလိုက်ကြပါသတဲ့ ဒီကားထဲက အတွင်းရေးမှုးကင်မ်လို့သိထားတဲ့ပတ်မင်ယောင်းလေးကလဲ အဲ့လို အိုက်ဒေါလ်တွကိုရူးသွပ်သူလေးပါ ဒါပေမယ့် သူမရဲ့အလုပ်နဲ့မိသားစုကိုပါဖုံးကွယ်ထားရပါတယ် အလုပ်မရမှာကြောင့်ရော သူ့အမေလက်စကိုကြောက်လို့ရောပေါ့။ သူအလုပ်လုပ်တဲ့ပန်းချီပြခန်းကိုဒါရိုက်တာအသစ်ရောက်လာပြီး ဘယ်လိုတွေဘုဘောက်ကျပြီး ဘာတွေဘယ်လိုဖြစ်ပျက်မလဲဆိုတာကတော့ ကြည့်သာကြည့်လိုက်ပါတော့ Romance comedy တွေပိုင်တဲ့ အတွင်းရေးမှူးမလေးနဲ့ စကီလေးတွေအသည်းဖာသာလေးတို့ရဲ့ ဘယ်လိုတွေရိုကြမလဲဆိုတာကိုပေါ့။ File size : (600 MB) Quality : 720p-HDTV Format : mp4 Subtitle….Myanmar Subtitle (Hardsub) Translated by ThinZar Htet , Thitsar Oo, Lwinlwin Aung, May Tharaphi Lwin Encoded by Naing Aung Latt   Run time : Wed & Thu Release date : April 10 Episode : 16 Genre : Romantic Comedy   Episode (1) GDrive / Openload / ...
8
TMDb: 8/10 1 votes
tv

Her Private Life (2019)

2019
Put Your Head on My Shoulder (2019) 9.1
Put Your Head on My Shoulder (2019) စစ်ထူမော့ လို့အမည်ရတဲ့ တက္ကသိုလ်ကျောင်းသူလေးက ဘွဲ့ယူဖို့နီးကပ်နေပြီမို့ အနာဂတ်အစီအစဉ်တွေနဲ့ အလုပ်ရှုပ်နေတာပေါ့ နည်းလမ်းပေါင်းစုံကို ကြိုးစားနေရင်းနဲ့ပဲ သူမရဲ့ ကိုယ်ပိုင်ဆုံးဖြတ်ချက်တွေကို မချနိုင်ခဲ့ဘူး စစ်ထူမော့ရဲ့ ဘဝထဲကို ဥာဏ်ကြီးရှင် Physics ကျောင်းသားလေး ကူဝေ့ယိ ရောက်လာခဲ့ပြီးတဲ့နောက်မှာတော့ သူမရဲ့ နေ့ရက်တွေက ရုတ်တရတ်ဆိုသလို ဗြောင်းဆန်သွားခဲ့ပါတယ် သူတို့နှစ်ယောက်ရဲ့ကြားမှာ အခြေအနေတွေက ဗရမ်းဗတာတွေဖြစ်ပြီးတော့ ဘယ်လိုများ ဆက်ဖြစ်ကြမလဲ ?? (ဘာသာပြန်ပြီး အညွှန်းရေးပေးထားတာကတော့ Soo Bin ဖြစ်ပါတယ်) စစ်ထူမော့ အဖြစ် Fair Xing ကူဝေ့ယိ အဖြစ် Lin Yi ရွှီကျဲအာ အဖြစ် Yi Sha ရှဲယွီယင်း အဖြစ် Zhou Zi Xin   Drama: Put Your Head on My Shoulder Country: China Episodes: 24 Aired: Apr 10, 2019 - May 8, 2019 Aired On: Wednesday, Thursday ...
9.1
TMDb: 9.1/10 votes
tv

Put Your Head on My Shoulder (2019)

2019
Lucifer Season 4 7.4
Lucifer Season 4 Lucifer(2019) လူစီဖာ အတွဲ ၄ ကို တင်ပေးနေပါပြီ။ ဒီစီစန်ကိုတော့ နက်ဖလစ်က ရိုက်ကူးခဲ့ပြီး စုစုပေါင်း ၁၀ ပိုင်းရှိပါတယ်။ စီစန် ၃ အဆုံးမှာ လူစီဖာရဲ့ ဘဝမှန်ကို ကလိုဝီဒက်ကာက သိသွားခဲ့တာနဲ့ အဆုံးသတ်သွားခဲ့ပါတယ်။ ဒီစီးရီးကို Fox က cancel ပြီး နက်ဖလစ်ကို ယူဖြစ်သွားတာ ဖန်တွေအတွက် ကောင်းတယ်ပြောရမယ်ထင်ပါတယ်။ ဇာတ်လမ်း နဲ့ တိုက်ခိုက်ခန်းတွေ အထူးပြုလုပ်ချက်တွေ၊ ဒိုင်ယာလော့တွေ အကုန်ပိုကောင်းလာသလို အချိတ်အဆက်တွေနဲ့ ဇာတ်ရှိန်အတက်အကျတွေကလည်း တကယ့်ကိုစိတ်ဝင်စားစရာကောင်းလာပါတယ်.... ဆက်ပြီးအားပေးလိုက်ကြပါဦးအပိုင်း(၁၀) ပိုင်းလုံးတင်ဆက်ပေးထားပါတယ်...   Quality –  WEB-DL 720p Duration – 50min (@Episode) Subtitle – Myanmar Hardsub Format – Mp4 Genre : Crime, Drama, Fantasy  Translator - Littleneo Encoder –  Phyo Pyae Season 4 Ep (1)  ============   720p x264 (320 MB) ...
7.4
TMDb: 7.4/10 936 votes
tv

Lucifer Season 4

2016
Abyss (2019) 8.10
Abyss (2019) ဒီတစ်ခေါက် CM ပရိတ်သတ်တွေအတွက် တင်ဆက်ပေးမဲ့ ongoing series လေးကတော့ `Abyss´ ဆိုတဲ့ series လေးပဲဖြစ်ပါတယ် အဓိက မင်းသားကတော့ thirty but seventeen ထဲက ယူချန်း (Ahn Hyo Seop) လေးပါနော် မင်းသမီးကတော့ strong woman Do Bong Soon ထဲက ပရိတ်သတ်အချစ်တော် ဘုံဘုံ (Park Bo Young) လေးပါ ဇာတ်လမ်းလေးကတော့ သဘာလွန်ပုံစံလေးပါ သေပြီးနောက်တစ်ဖန် ခန္ဓာအသစ်နဲ့ပြန်လည်ရပ်တည်ခွင့်ရတဲ့ ကောင်လေးတစ်ယောက်နဲ့ ကောင်မလေးတစ်ယောက် အကြောင်းပါ ချာမင်ဟာ ကိုရီးယား ထိပ်တန်း အလှကုန် ကုပ္မဏီတစ်ခုရဲ့ ဆက်ခံသူဖြစ်ပေမဲ့ သူ့ရဲ့ရုပ်ရည်နဲ့ပက်သက်ပြီး အမြဲတမ်း စိတ်ဓာတ်ကျအားငယ်နေတတ်သူပါ သူငယ်ချင်းဂိုစဲယွန်းကမိတ်ဆက်ပေးတဲ့ ကောင်မလေးတစ်ယောက်နဲ့တွဲပြီး လက်ထပ်ဖို့လုပ်ခဲ့ပေမဲ့ ကောင်မလေးက ပစ်သွားခဲ့ပါတယ် အဲ့အတွက် စိတ်ဓာတ်ကျပြီး သေကြောင်းကြံရာကနေ မတော်တဆဖြစ်ပြီး တကယ်သေသွားခဲ့ပါတယ် ဒါပေမဲ့ စိတ်ဝိဥာဉ်ဖန်လုံးကြောင့် အသက်ပြန်ရှင်လာပြီး ရုပ်ရည်ကလဲ အရင်နဲ့မတူပဲ ချောမောတဲ့ ကောင်လေးတစ်ယောက်ဖြစ်သွားခဲ့ပါတယ် ဂိုစဲယွန်းကတော့ လှပတဲ့ အမှုစစ်ရှေ့နေတစ်ယောက်ဖြစ်ပါတယ် ဒါပေမဲ့ သူဟာ အသတ်ခံခဲ့ရပါတယ် ဂိုစဲယွန်းရဲ့ ဇပနကို ချာမင်ရောက်လာခဲ့ပြီး စိတ်ဝိဥာဉ်ဖန်လုံးနဲ့ ဂိုစဲယွန်းကို အသက်ပြန်သွင်းဖို့ ကြိုးစားခဲ့ပါတယ် အဲ့အချိန်မှာပဲ ဂိုစဲယွန်းက ခန္ဓာအသစ်တစ်ခုနဲ့ ...
8.10
TMDb: 8.10/10 votes
tv

Abyss (2019)

2019
Marvel’s Agents of S.H.I.E.L.D. ( Season 6 ) 6.8
Marvel’s Agents of S.H.I.E.L.D. ( Season 6 ) Agents of S.H.E.L.D (Season 6) =================== ပြီးခဲ့တဲ့ Season 5 မှာ Monolith လို့ခေါ်တဲ့ မှော်ဆန်ဆန်ကျောက်တုံးတွေကြောင့် Phil Coulson တို့အုပ်စု ကမ္ဘာပျက်ပြီး အသက်ရှင်ကျန်ခဲ့တဲ့လူတွေကို Kree ဂြိုလ်သားတွေကနေ ကျွန်ပြုထားတဲ့ခေတ်ကို ရောက်သွားပါတယ် အဲ့ဒါကြောင့် Coulson တို့ မူလအချိန်ကို ပြန်ရောက်လာနိုင်တဲ့အခါမှာ ကမ္ဘာမပျက်အောင် တားဆီးခဲ့တာကို အမှတ်ရကြအုန်းမှာပါ။ ဒီ Season (6) မှာတော့ Season (5) ဖြစ်ရပ်အပြီး တစ်နှစ်အကြာမှာ ဇာတ်လမ်းစထားတာဖြစ်ပြီးCoulson မရှိတော့နောက်ပိုင်း S.H.E.L.D Director အသစ်အဖြစ် Mark ကဦးဆောင်နေပါတယ်။ ဒီနေရာမှာ Fitzအကြောင်းနည်းနည်းလေးပြောချင်ပါတယ်။ Fitz က Season (5) မှာ တိုက်ပြိုကျတဲ့အတွက် သေသွားတာဖြစ်နိုင်ပါတယ်။ အဲ့ဒါကြောင့်လဲ Daisy နဲ့ Jemma တို့က ဒီ Season (6) မှာ အာကာသထဲထပ်သွားပြီး ဖန်လုံခန်းထဲမှာ ရေခဲရိုက်ခံထားရတဲ့ Fitz ကိုပြန်ရှာနေတာပါ။ Mark ကရော Coulson လို ခေါင်းဆောင်ကောင်းဖြစ်နိုင်မလား၊ ...
6.8
TMDb: 6.8/10 1257 votes
tv

Marvel’s Agents of S.H.I.E.L.D. ( Season 6 )

2013
My First First Love (2019) 7
My First First Love (2019) My First First Love / Because it's My First Love April 18 ရက်နေ့က Netflix မှာထုတ်လွှင့်သွားတဲ့ TV series "My First First Love" မှာ အပိုင်း ၈ ပိုင်း ပါဝင်မှာ ဖြစ်ပါတယ်။   အသက် နှစ်ဆယ်အရွယ်လူငယ် ငါးဦးက ကိုယ်ရေးကိုယ်တာ ပြဿနာကိုယ်စီကြောင့် တစ်အိမ်ထဲမှာစုပြီး နေဖြစ်သွားကြတယ်။   ယွန်းထယ်အို နဲ့ ဟန်ဆုန်းအီ က မူလတန်းထဲက သူငယ်ချင်းတွေပါ။   ဆောဒိုဟျွန်းကတော့ ယွန်းထယ်အိုရဲ့ ကောလိပ်ကျောင်းအတူတက်တဲ့ သူငယ်ချင်းပေါ့။   ဟန်ဆုန်းအီ နဲ့ ဆောဒိုဟျွန်းက တစ်ယောက်ကိုတစ်ယောက် ကြိုက်သွားကြတဲ့ အခါမှာတော့ ဘယ်လိုတွေဆက်ဖြစ်ကြမလဲ ???   ဒီဇာတ်ကားလေးဟာ ပေါ့ပေါ့ပါးပါး ပျော်ပျော်ရွှင်ရွှင် ကြည့်ရမယ့် Kdrama Romance ဇာတ်ကားလေးဖြစ်ပါတယ်။   ( အညွှန်းရေးသားထားသူကတော့ Soo Bin ဖြစ်ပါတယ် )   ယွန်းထယ်အို အဖြစ် Ji ...
7
TMDb: 7/10 1 votes
tv

My First First Love (2019)

2019
Game of Thrones Season 8 8.2
Game of Thrones Season 8   ဒီ TV Series ကို April 17, 2011 ခုနှစ်မှာ HBO ရုပ်သံလိုင်းက စတင်ထုတ်လွှင့်ခဲ့တာ ဖြစ်ပါတယ်။ George R.R. Martin ရဲ့ရောင်းအကောင်းဆုံးစာအုပ်ဖြစ်တဲ့ “A Song of Ice and Fire” စာအုပ်ကိုအခြေခံပြီး ရိုက်ကူးထုတ်လွှင့်နေတာဖြစ်ပါတယ်။ ဇာတ်လမ်းကတော့ ခုနှစ်ပြည်ထောင်တိုင်းရဲ့ ပလ္လင်ကို လုကြမယ့် မျိုးနွယ်စုတွေ…မိသားစုတွေ….နဂါးတွေ…လူရိုင်းတွေ…လူသန်ကြီးတွေ…မကောင်းဆိုးဝါးတွေ…စတဲ့ မျိုးနွယ်မတူကြသူတွေတိုက်ခိုက်ကြမှာ ဖြစ်ပြီး ကြမ်းကြုတ်ရက်စက်မှုတွေ…..မေတ္တာတရားတွေ…လိမ်လည်လှည့်ဖျားမှုတွေ…ရိုးသားဖြောင့်မတ်သစ္စာစောင့်သိမှုတွေကို တွေ့မြင်ကြရမှာဖြစ်ပါတယ်။ ဇာတ်လမ်းက တကယ့်ကို မထင်မှတ်တာတွေပဲရိုက်ပြထားပြီးသတ်တာဖြတ်တာတွေပီပြင်လွန်းတာကြောင့် စိတ်မခိုင်သူများမကြည့်သင့်ပါဘူး။ အမှန်တရားမရှိတဲ့ အရိုင်းဆန်ဆန်ခေတ်တစ်ခုကိုမြင်ရမှာဖြစ်ပြီး ပွင့်လင်းလွန်းစွာတင်ဆက်ထားပါတယ်။ ဇာတ်ကားက အစပိုင်းလောက်မှာ(ဇာတ်ကောင်တွေကိုမသိသေးတာကြောင့်)နည်းနည်းအေးနေပေမယ့် နောက်ပိုင်းတွေမှာတော့ ထိုင်ရာမထ (အိပ်ရေးပျက်ခံ)ကြည့်ရှုမိမယ့် ဇာတ်ကားမျိုးဖြစ်ပါတယ်။ Adventure | Drama | Fantasy | 18+ အမျိုးအစားဖြစ်ပြီး IMDb Rating က အံ့သြစရာကောင်းအောင်(9.5/10) ရရှိထားတာဖြစ်ပါတယ်။ Rating မြင့်သလို ဇာတ်ညွှန်းကလဲ ဆွဲဆောင်မှုအပြည့်ရှိတဲ့ TV Series တစ်ခုဖြစ်ပါတယ်။   (ဘာသာပြန်တင်ဆက်ထားသူကတော့ Littleneo ဖြစ်ပါတယ်။)   Quality – ...
8.2
TMDb: 8.2/10 5612 votes
tv

Game of Thrones Season 8

2019
The Protector Season 2 [COMPLETE] 6.4
The Protector Season 2 [COMPLETE] Rating မြင့် 2018 တုန်းကထွက်ရှိခဲ့တဲ့ Netflix ကထုတ်တဲ့တူရကီ Series The Protector Season 1 ရဲ့အဆက်အဖြစ်ထွက်ရှိလာတဲ့ Season 2 လေးပဲဖြစ်ပါတယ်။ ကြည့်ဖူးသူတွေကတော့ ဇာတ်ကြောကိုနားလည်ပြီးဖြစ်သလို season 1 မှာဆန့်တငင်ငင်နဲ့အဆုံးသတ်သွားတာကို season 2 မှာပြန်လည်ချိတ်ဆက်လို့ရပါပြီ။ ရှေ့ Season ရဲ့ဇာတ်လမ်းအကျဉ်းချုပ်ကိုပြောရရင် သာမန်လူတွေလိုပဲ ဘာမှမသိသေးခင်ဘဝကိုပေါ့ပေါ့ပါးပါးဖြတ်သန်းနေတဲ့လူငယ်တစ်ယောက် ရုတ်တရက်အခြေအနေတွေရှုပ်ထွေးကုန်ပြီး မွေးစားအဖေကလည်းသေ၊ အဲဒါရဲ့နောက်ဆက်တွဲ သူလုံးဝမကြားဖူးတဲ့အကြောင်းအရာတွေကြားရပြီး အစ္စတန်ဘူမြို့ကြီးရဲ့ The Protector ဖြစ်နေမှန်းသိလိုက်တဲ့နောက် သူ့ဘဝနောက်ကြောင်းမှန်တွေသိခဲ့ရပြီး Immortal တွေဖြစ်တဲ့ မသေမျိုး ၇ယောက်ထဲမှာ နောက်ဆုံး၁ယောက်ပဲကျန်တာကို လိုက်ချေမှုန်းဖို့ကြိုးစားရင်း မရင့်ကျက်သေးတဲ့ Protector ကြီးရဲ့သွေးကြောင့် သတ်ပြီးသား Immortal ၆ ယောက်လုံးပြန်ရှင်လာပြီး season 1 ပြီးဆုံးခဲ့ပါတယ်။ ခု season 2 မှာတော့ ရန်သူက ၇ယောက်ပြန်ဖြစ်လာပြီဖြစ်တဲ့အတွက် The Protector ကြီးတို့တစ်ဖွဲ့လုံး အစ္စတန်ဘူမြို့ကြီးကို ရုန်းကန်ကာကွယ်ရတော့မှာပဲ ဖြစ်ပါတယ်။ ဘယ်လိုကာကွယ်မယ်ဆိုတာတော့ ကိုယ်တိုင်ပဲကြည့်လိုက်ပါဦး။   (ဘာသာပြန်တင်ဆက်ထားသူများကတော့  Thura Zarni ...
6.4
TMDb: 6.4/10 21 votes
tv

The Protector Season 2 [COMPLETE]

2018
Heart of Stone (2019) 8
Heart of Stone (2019)   "ကျောက်ဖြစ်သွားသောနှလုံးသား" လူချမ်းသာတယောက်ရဲ့ မယားငယ်ကနေမွေးလာခဲ့တဲ့ သော်ဟာ သူ့အမေသေဆုံးပြီးနောက် မယားကြီးနဲ့သူ့သား အနိုင်ကျင့်တာခံပြီး အဖေဘက်ကမိသားစုနဲ့ နေခဲ့ရတယ်။ သော်ရဲ့တဦးတည်းသောသူငယ်ချင်းက သူ့လိုပဲ အမေနဲ့အမအနိုင်ကျင့်တာ အမြဲခံနေရတဲ့ မင်တာဆိုတဲ့ကောင်မလေး... တစ်ညမှာ သော့်ကို မယားကြီးနောက်ကလိုက်ဖမ်းလို့ပြေးရင်း မြစ်ထဲပြုတ်ကျသွားရင်း သေပြီလို့အားလုံးကမှတ်ခဲ့တယ်။ တကယ်က မသေပဲ သူ့အမေကိုသိတဲ့ မိန်းမတယောက်ဖြစ်တဲ့ မမ်ဆီမှာ စီလာဆိုတဲ့နာမည်နဲ့ကြီးပြင်းလာခဲ့တယ် ။ နှစ်တွေကြာပြီးတဲ့နောက် စီလာဟာ လူချမ်းသာတယောက်အနေနဲ့ အတိတ်ကသူ့ကို နှိပ်စက်ခဲ့သူတွေကို လက်စားချေဖို့ပြန်လာခဲ့တယ်။ မထင်မှတ်ထားပဲ တဦးတည်းသောငယ်သူငယ်ချင်း မင်တာနဲ့ ပြန်တွေ့တဲ့အခါ ဘာတွေဖြစ်လာမလဲ... မွေးစားအမေ မမ်ပြောတဲ့အတိုင်း လက်စားချေတာကိုစွန့်လွှတ်ပြီး အေးအေးချမ်းချမ်းနေမယ့် လမ်းကိုရွေးသွားမလား... သူချစ်ရတဲ့ မင်တာကို စွန့်လွှတ်ရပါစေ အတိတ်ကနာကျင်စေခဲ့တဲ့ လူတွေကိုခွင့်မလွှတ်ပဲ လက်စားချေမလား...   (ဘာသာပြန်ပြီး အညွှန်းရေးပေးထားတာကတော့ Kyi Nue Zin ဖြစ်ပါတယ်)     သော်/စီလာ အဖြစ် - Thanapob Leeluttanakajorn မင်တာအဖြစ် - Fern Nopjira Lerkkajornnamkul မွေးစားအမေ အမ် အဖြစ် - Wattanajinda Sirapan မယားကြီး စီဒါအဖြစ် - Ann Siriam Pakdeedumrongrit အမေမတူတဲ့အကို အယ် အဖြစ် ...
8
TMDb: 8/10 1 votes
tv

Heart of Stone (2019)

2019
Doom Patrol Season 1 (2019) 4
Doom Patrol Season 1 (2019) Doom Patrol Season 1 (2019) DCUရဲ့ Superheroes seriesပါ။ Titans seriesတစ်ပိုင်းမှာပါဝင်ထားပြီးသားဖြစ်ပါတယ်။ ဒီလူတွေကို Team တစ်ခုအနေနနဲ့ထွက်လာဖို့မျှော်လင့်ခဲ့တာ အခုတော့ မျှော်လင့်ချက်ပြည့်ခဲ့ပါပြီ... ရူးသွပ်တဲ့သိပ္ပံပညာရှင်တစ်ယောက်ရဲ့ဖန်တီးမှုတွေကနေ ပေါ်ထွက်လာတဲ့ စွမ်းအားရှင်လူသားအဖွဲ့တစ်ဖွဲ့ပဲဖြစ်ပါတယ်။ အဖွဲ့ဝင်တစ်ယောက်စီမှာ ချို့ယွင်းချင်ကိုယ်စီရှိကြသလို ဇာတ်လမ်းကိုယ်စီနဲ့ပါ။ မတော်တဆမှုတစ်ခုကျောက် ပြစ်ချွဲချွဲမိစ္ဆာတစ်ကောင်အဖြစ်ပြောင်းသွားတဲ့ 1950ခုနှစ်ကမင်းသမီး Rita Farr ကားမှောက်ရာကနေ ဦးနှောက်တစ်ခုပဲအကောင်းအတိုင်းရှင်ကျန်ရစ်ရာကနေ Chiefရဲ့ကူညီမှုကြောင့် Robotmanဖြစ်သွားတဲ့ Cliff အာကာသယာဉ်မတော်တဆမှုကြောင့် Negative Manဖြစ်သွားရတဲ့ Larry လူတစ်ကိုယ်တည်းနဲ့စိတ်အမျိုးမျိုးဖြစ်နေတဲ့ Crazy Jameနဲ့ Cyborgတို့ပါဝင်မှာဖြစ်ပါတယ်။ ယခုတစ်ပတ်အပိုင်းမှာတော့ Cyborgမပါသေးပါဘူး။ လူတွေနဲ့ဝေးရာအရပ်မှာနေထိုင်ရင်းနဲ့ တစ်နေ့မှာ သူတို့ရဲ့ခေါင်းဆောင်မရှိတုန်း အပြင်လောကကြီး ထွက်လည်လိုက်ရာကနေ ပြဿနာတွေကိုဖိတ်ခေါ်လိုက်သလိုဖြစ်သွားခဲ့ပါတော့တယ်။   Translator : Ye Man Aung Encoder : May Pyae Sone Oo Episode - 1 GDrive / Openload / SolidDrive ...
4
TMDb: 4/10 2 votes
tv

Doom Patrol Season 1 (2019)

2019
The Flash Season (5) 6.7
The Flash Season (5) အားလုံးစောင့်မျှော်နေကြတဲ The Flash Season 5 ပြန်ပြီးစတင်ပါပြီ... Season 4 မှာ အတွေးခေါ်စွမ်းအားရှင်ဖြစ်တဲ့ Thinker တဖြစ်လဲ ဒီဗိုးကို အနိုင်ယူလိုက်ပြီးနောက်ပိုင်းမှာ Season 5 ပြန်လည်စတင်ဖို့အတွက် ပြသနာအကြီးကြီးတစ်ခုဖြစ်လာပါတော့တယ်.... အားလုံးလည်းသိကြတဲ့အတိုင်းပဲ CrossOver:Crisis On Earth X မှာ ဘယ်ရီတို့ရဲ့မင်္ဂလာပွဲမှာကောင်မလေးတစ်ယောက် မထင်မှတ်ပဲပေါ်လာခဲ့ပါတယ်... နောက်ပိုင်းတွေမှာလည်း အဲကောင်မလေးဟာ ဘယ်ရီတို့နားမှာ အရိပ်တစ်ခုလိုပေါ်လာနေတတ်ပါတယ်... နောက်ဆုံး ဒီဗိုးကိုအနိုင်ယူလိုက်တဲ့အခန်းမှာ ဓာတ်ခွဲခန်းရဲ့ ဂြိုလ်တုကို ဖျက်ဆီးတဲ့အချိန်မှာ ဘယ်ရီနဲ့အတူနောက်ထပ် အမြန်လူသားတစ်ယောက်ရှိနေခဲ့ပါတယ်.... ဘယ်သူလဲဆိုတာ လူတိုင်းစိတ်ဝင်စားခဲ့သလို Season 4 မှာလည်း လူတိုင်းအဖြေထုတ်အငြင်းပွားခဲ့ပါတယ်... ဒီအဖြေကို ဒီ Season 5 မှာ ပြန်လည်ဖြေရှင်းပေးလိုက်ပါတယ်... အဲကောင်မလေးနာမည်ကတော့ နိုရာဝက်စ်အယ်လန် ဖြစ်ပြီးတော့ ဘယ်ရီအယ်လန် နဲ့. အိုင်းရစ်ဝက်စ်အယ်လန် တို့ရဲ့ အနာဂါတ်ကလာတဲ့ သမီးလေးဖြစ်ပါတယ်... နောက်ပြီးတော့ ဒီကောင်မလေးကလည်း ဘယ်ရီကိုကိုယ်စားပြုတဲ့ အ၀ါရောင်အလင်းတန်းနဲ့ အိုင်းရစ်အမြန်လူသားဖြစ်ခဲ့စဉ်ကထွက်ရှိခဲ့တဲ့ ခရမ်းရောင်အလင်းတန်းပေါင်းစပ်ထားတဲ့ အမြန်လူသားတစ်ယောက်ဆိုတာပါပဲ.... ဒီကောင်မလေး ဘာလို့ သူ့မိဘတွေရှိတဲ့ အတိတ်ကိုပြန်လာခဲ့ရတာလဲဆိုတာကိုတော့ အားလုံးပဲ အတူတူခံစားကြည့်လိုက်ရအောင်လားဗျာ....   Translator ..... Aye Mon Kyaw Encoder ....... Moe Myint Lwin   Episode (1) GDrive ...
6.7
TMDb: 6.7/10 2266 votes
tv

The Flash Season (5)

2014
American Gods {Complete} 8/10
American Gods {Complete} Supernatural စီးရီးအပြီးမှာ ကျွန်တော် စိတ်ဝင်တစားကြည့်မိတဲ့ စီးရီးတစ်ခုပါ။ အမေရိကန် နတ်ဘုရားများလို့ နာမည်ပေးထားပေမယ့် တကယ်တော့ နတ်ဘုရားတွေ အတော်စုံပါတယ်။ Greek, Egypt, Norse နတ်ဘုရားတွေနဲ့ အခြား ပုံပြင်ထဲက သတ္တ၀ါဆန်းတွေ ပါပါတယ်။ နတ်ဘုရားတွေဟာ လူတွေကြားထဲမှာ ရောပြီးနေကြရင်း အမေ့လျော့ခံ ကိုးကွယ်သူမရှိတဲ့ ဘ၀တွေမှာ ရုန်းကန်နေကြတာပါ။ ဒါပေမယ့် ခေတ်သစ်နတ်ဘုရားတွေကတော့ လူတွေအပေါ် နည်းလမ်းသစ်တွေနဲ့လွှမ်းမိုးနေကြပြီး ခေတ်ဟောင်းနဲ့ ခေတ်သစ်နတ်ဘုရားတွေရဲ့ အားပြိုင်မှုမှာ တင်းမာမှုတွေနဲ့ စစ်ပွဲကြီးဖြစ်လာတော့မယ် အခြေအနေပါ။ ဒီစီးရီးဟာ Neil Gaiman ရဲ့ American Gods ၀တ္ထုကို ပြန်ရိုက်ထားတာပါ။ ၀တ္ထုတွေကနေ ပြန်ရိုက်တဲ့ အချို့ ရုပ်ရှင်တွေမှာ ဇာတ်ညွှန်း အပြောင်းအလဲတွေ အ၇မ်းကောင်းရင် ပိုစိတ်ဝင်စားစရာကောင်းသွားတာတွေ ရှိနေတတ်ပါတယ်။ ဒီစီးရီးဟာလည်း စာအုပ်မဖတ်ပဲ အရင်ကြည့်သင့်တဲ့ စီးရီးထဲမှာ ပါပါလိမ့်မယ်။ အခန်းတွေကို ရှေ့နောက်ပြန်စီထားတာတွေ၊ မြှပ်ကွက်ထပ်ထည့်ထားတာတွေနဲ့ အခန်းပိုအချို့ ထပ်ထည့်ထားတာတွေ အကုန်ကောင်းနေပါတယ်။ ကျွန်တော်လည်း စာအုပ်ကို စီးရီးရောက်သလောက်ပဲ ဖတ်ပြီး ဆက်မဖတ်ဘဲ ရပ်ထားပြီး စီစန် ၂ ...
8/10
TMDb: 8/10/10 80.834 votes
tv

American Gods {Complete}

2017
Ash vs Evil Dead {Complete} 8.5/10
Ash vs Evil Dead {Complete} Ash Vs Evil Dead ဒီဇာတ်လမ်းတွဲဟာ 1981 ခုနှစ်ကစတင်ခဲ့တဲ့ Evildead ရုပ်ရှင်ဇာတ်ကားများမှာပါတဲ့ဖြစ်ရပ်များဖြစ်ပွားခဲ့ပြီး နှစ်ပေါင်းသုံးဆယ်ကြာပြီးတဲ့နောက်မှစတင်ပြီးဇာတ်အိမ်ဖွဲ့ထားခြင်းဖြစ်ပါတယ်.. ထိုဖြစ်ရပ်များဖြစ်ပွားခဲ့ပြီးနှစ်သုံးဆယ်ကြာတဲ့တိုင်အောင် အက်ရှလေဝီလီယံ တစ်ယောက်ဘဝကို အထီးကျန်စွာဖြတ်သန်းခဲ့ရပါတယ်။တစ်နေ့မှာတော့ မမျှော်လင့်ပဲ သေမင်းစာအုပ်ကိုပြန်တွေ့ခဲ့ရာမှတစ်ဆင့် မှားယွင်းရွတ်ဆိုခဲ့မိတဲ့အတွက်ကြောင့် မိစ္ဆာနတ်ဆိုးတွေပြန်လည် လွတ်မြောက်နိုးထလာပြီး အက်ရှလေဝီလီယံ ကိုအမဲဖျက်ဖို့ရန် အတွက်ကြိုးပမ်းခဲ့ကြပါတယ် အက်ရှ် ကရော သူတို့လက်က လွတ်မြောက်နိုင်ပါ့မလား ဇာတ်လမ်းတစ်လျှောက် တွေ့ကြုံရတဲ့ဖြစ်ရပ်ဆန်းတွေကိုရောကျော်လွှားနိုင်ပါ့မလား တွေ့ဆုံရတဲ့လူတွေကရော သူ့အတွက်အကူအညီအထောက်အပံ့ပေးနိုင်မဲ့ လူတွေဖြစ်ပါ့မလားဆိုတာ ဒီဇာတ်လမ်းတွဲလေးကိုသာ ဆက်လက်ကြည့်ကြပါ.. Season 1 Complete ============= Drive / Megaup (2GB) Season 2 Complete ============= Drive / Megaup (2GB) Season 3 Complete ============= Drive / Megaup (2GB)   Android Mobile သုံးသူများ Winrar App လေးကို Download ဆွဲပြီး Zip ဖြေနိုင်ပါတယ်။
8.5/10
TMDb: 8.5/10/10 56,303 votes
tv

Ash vs Evil Dead {Complete}

2015
The Sound of Your Heart (2016) 8.2
The Sound of Your Heart (2016) CM ပရိသတ်ကြီးကို အရမ်းကိုရယ်ရတဲ့ ကားလေးတစ်ကားနဲ့ မိတ်ဆက်ပေးချင်ပါတယ်   ၀ဘ်တွန်းရေးဆရာဂျိုဆော့နဲ့ သူ့မိသားစုအကြောင်းကို ပုံဖော်ရိုက်ကူးထားတာပါ ဘယ်လိုဆွဲဆွဲ ထုတ်ဝေသူသဘောမကျတဲ့အဆုံး သူတို့မိသားစုရဲ့အလွဲပေါင်းစုံကို ကာတွန်းထဲထည့်ဆွဲတော့မှပဲ အောင်မြင်သွားတော့တာပါ တကယ့်ကိုအလွဲများနဲ့မိသားစုပါပဲ မိသားစုဝင်လေး လေးယောက်ရှိတာကို တစ်ယောက်တစ်မျိုး မရိုးရအောင် လွဲနေတဲ့မိသားစုပါ သူတို့နေတဲ့တိုက်တစ်တိုက်လုံးကိုဒုက္ခပေးပြီး ငါတို့မိသားစုပဲပုံမှန်ဖြစ်နေတာ ဆိုတာမျိုးကလည်း ရှိပါသေးတယ် တစ်မိသားစုလုံးပတ်ခွီနေရတဲ့အထဲမှာ ဂျိုဆော့က အယ်ဘုံဆိုတဲ့ကောင်မလေးနဲ့ကြိုက်တဲ့အခါ ပိုလို့တောင်ခွီရပါသေးတယ်.. တစ်ခါမှရည်းစားမထားဖူးတဲ့ ငယ်သူငယ်ချင်းနှစ်ယောက် အတည်တွေလုပ်နေရင်းကို လွဲလွဲကုန်တာပါ အပိုင်း ၁၀ ပိုင်းလုံး တစ်ချက်မှမရပ်မနား ပိုးဆိုးပက်စက်ခွီနေရဖို့ အာမခံပါတယ် ပေါတောတောခွီနေရတာမျိုးမဟုတ်ပဲနဲ့ အဓိပ္ပာယ်ရှိရှိကြီးကိုခွီရမှာပါ.. Episode (1) GDrive / Openload / Mega / SolidDrive / MirrorAce   Episode (2) GDrive / Openload / Mega / SolidDrive / MirrorAce   Episode (3) GDrive / Openload / Mega / SolidDrive / MirrorAce   Episode (4) GDrive / Openload / ...
8.2
TMDb: 8.2/10 5 votes
tv

The Sound of Your Heart (2016)

2016
In The Dark (2019) 9.0
In The Dark (2019) ဒီဇတ်လမ်းကတော့ မာဖီ ဆိုတဲ့ မျက်မမြင် ကောင်မလေး နဲ့ စရမှာပဲ ဆယ်ကျော်သက် အရွယ်မှာ မျက်လုံးကွယ်ခဲ့ပြီး ဘ၀ ကြီးကို ဖြစ်သလိုနေထိုင်တဲ့ ကောင်မလေး ချောချောလေး တစ်ယောက်ပေါ့ သဘောကျတဲ့ ကောင်လေးတွေ နဲ့ ဒိတ်တယ် တစ်ည အိပ်ပြီးရင် ဘာမှ ဆက်ဖြစ်မလာဘူး ဘယ်ယောင်္ကျားကိုမှ မယုံသလို တစ်ညအိပ်ဖို့ကလွဲရင် ဘယ်သူ့ကိုမှ အတည်မတွဲတက်သူ ဒါပေမဲ့ သူ ခင်တဲ့သူ တစ်ယောက် ရှိတယ် လမ်းဘေး မှာ ဆေးရောင်းနေတဲ့ လူမဲ ကလေးလေး တစ်ယောက် အဲ့ဒီ ကလေးက မာဖီ ရဲ့ အသက်ကို ကယ်ခဲ့တဲ့ သူ တစ်ရက် မာဖီ လမ်းလျှောက်လာတုန်း ဓါးမြတိုက်ခံရတယ် သေလုမတက် ရိုက်နှပ်သွားပြီး လမ်းပေါ်မှာ လဲ နေခဲ့တယ် လူမဲ ကောင်လေးက တွေ့လို့ ရဲခေါ် ကယ်ဆယ်နိုင်လို့ မာဖီ တစ်ယောက် အသက်ဆက်နိုင်ခဲ့တာပါပဲ မာဖီ အားရင် လူမဲ ကောင်လေး နဲ့ အချိန်ဖြုန်း စကားတွေ ပြောလေ့ ရှိတယ် တစ်ယောက်နဲ့ ခင်မင်မှုတွေ ရှိလာပြီး အကောင်းဆုံးသူငယ်ချင်းတွေ ဖြစ်လာခဲ့တယ်... ဒါပေမဲ့ ...
9.0
TMDb: 9.0/10 941 votes
tv

In The Dark (2019)

2019
13 Reasons Why {Complete} 8.1
13 Reasons Why {Complete} ဒီစီးရီးကိုတော့ လူအတော်များများ ကြားဖူးပြီးနေလောက်ပါပြီ။ Netflix ရဲ့ ကမ္ဘာတစ်ဝှမ်းမှာ ကျော်ကြားသွားတဲ့ စီးရီးပါပဲ။ IMDb နဲ့ RT တွေမှာ rating 9 ကျော်နေပြီး  ဝေဖန်ရေးဆရာတွေရဲ့ ချီးကျူးသံတွေ ဆက်တိုက်ရရှိခဲ့တဲ့ စီးရီးလေးပါ။ ၂၁ ရာစု အကောင်းဆုံး High School Drama တွေထဲက တစ်ခုလို့ ချီးကျူးကြတယ်။ စလယ်ဆုံး ဇာတ်ရှိန်မကျဘဲ ဆွဲခေါ်သွားနိုင်တယ်။ ခံစားချက်မျိုးစုံကို ပေးနိုင်တယ် စသည်ဖြင့် မှတ်ချက်တွေပြည့်နေခဲ့ပါတယ်။  ဝေဖန်ခံရတဲ့ အချက်ကတော့ ဇာတ်လမ်းရဲ့ အဓိကဇာတ်ဆောင်ဟာ မိမိကိုယ်ကို သတ်သေခဲ့ပြီးမှ သူ့ရဲ့  နောက်ဆက်တွဲတွေကို ခမ်းနားစွာ ဖော်ပြထားတဲ့ ဇာတ်ကြောင်းဖြစ်နေလို့ သတ်သေမှုတွေကို တနည်းအားဖြင့် အားပေးနိုင်တယ်ဆိုပြီး  ပြောသူတွေတော့ ရှိပါတယ်။ ဒါပေမယ့် ဒီစီးရီးရဲ့ အကြောင်းအရာတွေမှာ အထက်တန်းကျောင်းသားတွေရဲ့ စိတ်ဖိအား၊ခံစားချက်တွေတွေကို နားလည်ဖို့နဲ့ ဆရာတွေမိဘတွေ ပိုပြီး သတိထားမိလာစေဖို့၊ ကျောင်းသားသူတွေကြားထဲက ကိုယ်ချင်းစာတရားတွေ ပိုကောင်းမွန်လာဖို့ အားပေးတဲ့အချက်တွေ အများကြီးပါပါတယ်။ ဒီစီးရီးရဲ့ အဓိက သရုပ်ဆောင် ၂ ယောက်ဟာလည်း တကယ်ကောင်းမွန်ခဲ့တာမို့ ချီးကျူးမှုတွေ အများအပြားရရှိထားပြီး သူတို့ သရုပ်ဆောင်ဘ၀လမ်းကတော့ ပိုပြီးတောက်ပြောင်လာလိမ့်မယ် ထင်မိပါသေးတယ်။ ဇာတ်လမ်း အကျဉ်းပြောရရင် အစမှာ ဟန်နာ ဆိုတဲ့ အထက်တန်းကျောင်းသူလေး မိမိကိုယ်ကို သေကြောင်းကြံသွားခဲ့တာက စပါတယ်။ အဲဒီအဖြစ်ရဲ့ ရိုက်ခတ်မှုတွေဟာ ဆရာတွေ၊ကျောင်းသားတွေ နဲ့ မိဘတွေကြားမှာနည်းမျိုးစုံနဲ့ သက်ရောက်နေခဲ့တယ်။ ကျောင်းသားတွေထဲမှာမှ ဟန်နာနဲ့ထူးထူးခြားခြားသိကျွမ်းခဲ့တဲ့ ကလေးရ်(Clay) ဆိုတဲ့ ကောင်လေးကတော့ ပိုပြီးသူ့ကို သတိရနေခဲ့သူပါ။ တစ်ညမှာတော့ ကလေးရ်ဆီကို ဟန်နာ အသံသွင်းထားတဲ့ တိတ်ခွေလေးတွေ ရောက်လာခဲ့တယ်။ တိတ်ခွေမှာ အကြောင်း ...
8.1
TMDb: 8.1/10 750 votes
tv

13 Reasons Why {Complete}

2017
Marvel’s Cloak & Dagger Season (1) 6.8
Marvel’s Cloak & Dagger Season (1) ယခုစီးရီးကတော့ Marvel Comic Book Series များထဲမှ တစ်ခုဖြစ်ပါတယ် ဇာတ်အိမ်တည်ထားတာကတော့ နယူးအော်လန်ဆိုတဲ့ မြို့လေးမှာပါ တန်ဒီဘိုဝင်နဲ့တိုင်ရိုဂျွန်ဆင်ဆိုတဲ့ ကလေးနှစ်ယောက်ဟာ တစ်ရက်တည်းမှာပဲ ကံဆိုးမှုကိုယ်စီ ကြုံတွေ့ခဲ့ကြပြီး တန်ဒီ့အဖေ နေသန်ဘိုဝင်နဲ့ တိုင်ရို့အစ်ကို ဘီလီတို့ကို ဆုံးရှုံးလိုက်ရပါတယ် သေဆုံးမှုရဲ့ဆက်နွယ်မှုအကြောင်းတရားကလည်း နေသန်ဘိုဝင်အလုပ်လုပ်တဲ့ ရေနံစင်ကြီး ပေါက်ကွဲသွားလို့ပါပဲ ရေနံတူးဖော်တယ်လို့သာ လူသိထားတဲ့ ရေနံစင်ဟာ တကယ်တော့ ရေနံထက် ၁၀ ဆ ပိုပြင်းတဲ့ စွမ်းအင်တစ်မျိုးကို လူမသိသူမသိ တူးထုတ်နေခဲ့တာပဲဖြစ်ပါတယ် ပေါက်ကွဲသွားတဲ့အချိန်မှာ ရေထဲမှာရှိနေတဲ့ သက်ရှိလူသားနှစ်ဦးဖြစ်တဲ့ တန်ဒီနဲ့ဘိုဝင်ဆီကို စွမ်းအင်တွေ ကူးပြောင်းသွားပါတော့တယ် သူတို့နှစ်ဦးဟာ နှစ်ပေါင်းများစွာ တစ်ယောက်နဲ့တစ်ယောက် မသိခဲ့ဘဲ၊ ကိုယ်ပိုင်ထားတဲ့စွမ်းအင်တွေကို မသိခဲ့ပဲနေခဲ့ရာက သူတို့နှစ်ဦး အမှတ်မထင်ဆုံတွေ့ပြီး လက်ချင်းထိမိခဲ့တဲ့အချိန်မှာတော့ စွမ်းအင်တွေက ပေါ်ထွက်လာခဲ့ပါတော့တယ် ကိုယ်ပိုင်ထားတဲ့စွမ်းအင်ကို ဘာမှန်းမသိ၊ ဘယ်လိုအသုံးချရမယ်မှန်းမသိသေးခင်မှာပဲ တရားမျှတမှုကို လိုက်ရှာရင်းနဲ့ အင်အားကြီးအဖွဲ့တွေရဲ့ အရှုပ်အထွေးတွေထဲမှာ ပါဝင်မိနေရက်သား ဖြစ်နေပါတော့တယ် ...
6.8
TMDb: 6.8/10 101 votes
tv

Marvel’s Cloak & Dagger Season (1)

2018
Game of Thrones 1 To 7 {Complete} 9.5
Game of Thrones 1 To 7 {Complete} ဒီ TV Series ကို April 17, 2011 ခုနှစ်မှာ HBO ရုပ်သံလိုင်းက စတင်ထုတ်လွှင့်ခဲ့တာ ဖြစ်ပါတယ်။ George R.R. Martin ရဲ့ရောင်းအကောင်းဆုံးစာအုပ်ဖြစ်တဲ့ "A Song of Ice and Fire" စာအုပ်ကို အခြေခံပြီး ရိုက်ကူးထုတ်လွှင့်နေတာဖြစ်ပါတယ်။ ဇာတ်လမ်းကတော့ ခုနှစ်ပြည်ထောင်တိုင်းရဲ့ ပလ္လင်ကို လုကြမယ့် မျိုးနွယ်စုတွေ...မိသားစုတွေ.... နဂါးတွေ...လူရိုင်းတွေ...လူသန်ကြီးတွေ...မကောင်းဆိုးဝါးတွေ...စတဲ့ မျိုးနွယ်မတူကြသူတွေ တိုက်ခိုက်ကြမှာ ဖြစ်ပြီး ကြမ်းကြုတ်ရက်စက်မှုတွေ.....မေတ္တာတရားတွေ...လိမ်လည်လှည့်ဖျားမှုတွေ... ရိုးသားဖြောင့်မတ်သစ္စာစောင့်သိမှုတွေကို တွေ့မြင်ကြရမှာဖြစ်ပါတယ်။ ဇာတ်လမ်းက တကယ့်ကို မထင်မှတ်တာတွေပဲရိုက်ပြထားပြီး သတ်တာဖြတ်တာတွေပီပြင်လွန်းတာကြောင့် စိတ်မခိုင်သူများမကြည့်သင့်ပါဘူး။ အမှန်တရားမရှိတဲ့ အရိုင်းဆန်ဆန်ခေတ်တစ်ခုကိုမြင်ရမှာဖြစ်ပြီး ပွင့်လင်းလွန်းစွာတင်ဆက်ထားပါတယ်။ ဇာတ်ကားက အစပိုင်းလောက်မှာ(ဇာတ်ကောင်တွေကိုမသိသေးတာကြောင့်)နည်းနည်းအေးနေပေမယ့် နောက်ပိုင်းတွေမှာတော့ ထိုင်ရာမထ (အိပ်ရေးပျက်ခံ)ကြည့်ရှုမိမယ့် ဇာတ်ကားမျိုးဖြစ်ပါတယ်။ Adventure | Drama | Fantasy | 18+ အမျိုးအစားဖြစ်ပြီး IMDb Rating က အံ့သြစရာကောင်းအောင်(9.5/10) ရရှိထားတာဖြစ်ပါတယ်။ Rating မြင့်သလို ဇာတ်ညွှန်းကလဲ ဆွဲဆောင်မှုအပြည့်ရှိတဲ့ TV Series တစ်ခုဖြစ်ပါတယ်။ Quality....WEB-DL Rip 480p Format...mp4 Total Episode... ...
9.5
TMDb: 9.5/10 5623 votes
tv

Game of Thrones 1 To 7 {Complete}

2011
Arrow Season(7) 6
Arrow Season(7) Arrow Season 7 ပြန်စပါပြီ... Season 6 အစပိုင်းတလျောက်လုံး စိတ်ပျက်လာခဲ့သမျှကို Season 6 နောက်ဆုံးပိုင်းတွေမှာတော့ ပြန်လည်ဆယ်ယူသွားခဲ့သလို အခု Season 7 မှာ ပြန်ပြီးတော့ကြည့်လို့ကောင်းမလားဆိုတာ စောင့်ကြည့်ရမှာပါ.... အစပိုင်းကိုပြောရရင်တော့ အိုလီဗာကွင်းထောင်ကျသွားတဲ့အပိုင်းကစပြီးပြောရမှာပါ... ပြီးခဲ့တဲ စီဆင်တုန်းက သူ့အဖွဲ့ကိုလွှတ်ပေးလိုက်ပြီးတော့ သူတစ်ယောက်တည်းပဲ အပြစ်တွေစုခံခဲ့တဲ့ အဲရိုးတစ်ယောက် ထောင်ထဲမှာ ၅လလောက်ရှိနေခဲ့ပါပြီ... ကြောင်မရှိကြွက်ထဆိုသလို စတားစီးတီးမှာ အဲရိုးမရှိတော့တဲ့နောက်ပိုင်း ရာဇ၀တ်မှု့တွေကို မနိုင်တော့သလို အကြမ်းဖက်မှု့တွေကလည်းများလာပါတယ်.. အဲရိုးအဖွဲ့လည်း ပြိုကွဲသွားခဲ့ပြီး ကိုယ့်ဘ၀ကိုယ်ကြိုးစားရပ်တည်နေကြရပါတယ်.. အဲအချိန်မှာပဲ စိတ်ဝင်စားမှု့တစ်ခုအနေနဲ့ကတော့ နောက်ထပ်အဲရိုးအသစ်တစ်ယောက်ပေါ်လာတာပါပဲ... သူဟာ ဘယ်သူလဲ.... ဘယ်လိုအကြောင်းနဲ့ပေါ်လာတာလဲဆိုတာကတော့ အဲရိုးဖန်တိုင်း စဉ်းစားတတ်ကြမှာပါ.... ကျွန်တော်ကတော့ စဉ်းစားဆဲပါပဲ.... ဘာပဲဖြစ်ဖြစ် အဲရိုး ဒီစီဆင်မှာတော့ အစပိုင်းမှာစိတ်ဝင်စားစရာတွေနဲ့ပြည့်နေပြီးတော့ ဒီအက်စ် ပြန်ပေါ်လာတာကိုလည်း မြင်ရမှာဖြစ်ပါတယ်... နောက်ပိုင်းတွေကိုတော့ တစ်ပတ်တစ်ခါစောင့်ကြည့်လိုက်ရအောင်လား...   Translator ..... Aye Mon Kyaw Encoder ..... Moe Myint Lwin   Episode (1) GDrive / Openload / SolidDrive / ClickUpload / Streamango / UptoBox / ...
6
TMDb: 6/10 1969 votes
tv

Arrow Season(7)

2012

Sponsored

Categories

Genres

Archives