ဖလူး အဖြစ် Off Jumpol
ဖူခေါင် အဖြစ် Ohm Pawat
ခေါင်ခွမ် အဖြစ် Tu Tontawan
ဇာတ်လမ်းအကျဉ်း
ဖူခေါင်နဲ့ ခေါင်ခွမ်တို့က အရမ်းခင်ကြတဲ့ ငယ်သူငယ်ချင်းတွေဖြစ်ပြီး မိသားစုချင်းလည်း အရမ်းရင်းနှီးကြတယ်
ဒါပေမဲ့ သူတို့ကြားက အဖြစ်ဆိုးကတော့ ခေါင်ခွမ့်အစ်မဖြစ်သူက ဖူခေါင့်အစ်ကိုကို သတ်လိုက်ချိန်မှာ စတင်လာပါတော့တယ်
ဖူခေါင့်အနေနဲ့ အစ်ကိုဖြစ်သူကို ဆုံးရှုံးလိုက်ရရုံမကဘဲ ဖခင်ဖြစ်သူကပါ သူနဲ့မိခင်ဖြစ်သူကို ထားသွားခံခဲ့ရသလို ခေါင်ခွမ့်အစ်မကလည်း လူစတ်မှုနဲ့ ထောင်ဒဏ်ကျခဲ့ရပြီး နာမည်ဆိုးတွင်ခဲ့ရတယ်
အဲဒီချိန်ကစပြီး ဖူခေါင်က ခေါင်ခွမ်အပေါ် ခင်မင်မှုသံယောဇဉ်အစား လူသတ်သမားရဲ့ ညီမဆိုတဲ့ အမုန်းတရားနဲ့ လက်စားချေဖို့ပဲ ကြိုးစားပါတော့တယ်
ခေါင်ခွမ့်အပေါ် အနိုင်ကျင့်နေတာကို မခံနိုင်တဲ့ ဖူခေါင့်အခင်ဆုံးသူငယ်ချင်း ဖလူးက သူငယ်ချင်းသံယောဇဉ်ပျက်ပါစေ ကာကွယ်ပေးလာချိန်မှာတော့…
ဖူခေါင် ၊ခေါင်ခွမ်နဲ့ ဖလူးတို့ကြား ဘာတွေဆက်ဖြစ်လာမလဲ
ဖူခေါင့်အနေနဲ့ အတိတ်ရန်ငြိုးတွေကို စွန့်လွှတ်သွားနိုင်မလား
ဖလူးကရော ခေါင်ခွမ့်ကို ကာကွယ်ပေးနိုင်မလား
လွန်ခဲ့တဲ့ဆယ်နှစ်က ဖူခေါင့်အစ်ကိုနဲ့ ခေါင်ခွမ့်အစ်မကြား ဘာတွေဖြစ်ခဲ့သလဲဆိုတာ “10 years ticket” ဇာတ်လမ်းတွဲမှာ ကြည့်ရှုရမှာပဲ ဖြစ်ပါတယ် ။
( အညွှန်းရေးသားထားသူကတော့ Nue Nue lay ပါ )
Native Title: หนังรักเรื่องที่แล้ว
Episodes: 16
Aired: Dec 14, 2022 – ?
Aired On: Wednesday, Thursday
Original Network: GMM 25
Translated by Fake Love & Nang Mwe Kham
Encoded by Naing Aung Latt
ရုပ်ရှင်များကို လွယ်ကူစွာကြည့်ရှုလိုပါက CM App ကို www.cmapp.tv မှာ ရယူပါ။ CM App မှာ Streaming လည်းရသလို One Click Download လည်း ပြုလုပ်နိုင်ပါတယ်။