A Small Light (2023)
===============
IMDb Rating – 8.4/10
ဒီတစ်ခါမှာတော့ (၁၉၃၉-၁၉၄၅)ဒုတိယကမ္ဘာစစ်ကာလကို ပြန်လည်
ခေါ်ဆောင်သွားမယ့် (၂၀၂၃)ခုနှစ်ထွက် စိတ်ဝင်စားစရာ ဖြစ်ရပ်မှန်
စီးရီးအသစ်လေးနဲ့ မိတ်ဆက်ပေးပါရစေ။ အန်းဖရန့်ခ်ဆိုတဲ့ (၁၅)နှစ်
အရွယ် ဂျူးလူမျိုးကောင်မလေးရဲ့ ဒိုင်ယာရီလေးကို အခြေခံရိုက်ကူး
ထားတာပါ။ ဂျူးလူမျိုးမိသားစုတစ်စုကို နာဇီရန်ကနေ ကယ်ပြီးဖွက်
ထားပေးခဲ့တဲ့ မိပ်ဂီးစ်ဆိုတဲ့ အမျိုးသမီးကို အဓိကဇာတ်ကောင်နေရာ
ကနေ ထည့်သွင်းထားပါတယ်။
မိပ်ရဲ့မွေးရပ်က ဩစတြီးယားနိုင်ငံ၊ ဗီယန်နာမြို့။ (၁၉၀၉)ခုနှစ်မှာမွေး
တယ်။ ဟိုလန်လို့လည်းသိကြတဲ့ နယ်သာလန်နိုင်ငံက ဒတ်ခ်ျလူမျိုး
မိသားစုဆီမှာ မွေးစားခံရပြီး ကြီးပြင်းလာတဲ့သူတစ်ယောက်။ မိပ်ရဲ့
ထူးခြားချက်က ရဲဝံ့တာပဲ။ မကြောက်ဘူးလားဆိုတော့ ကြောက်တယ်။
ဒါပေမဲ့ အကြောက်တရားကိုရင်ဆိုင်ရဲတဲ့ သတ္တိရှိတဲ့ မိန်းမငယ်လေးပေါ့။
(၁၉၃၃)ခုနှစ်က ဂျာမနီမှာ ဟစ်တလာ အာဏာကြီးစိုးချိန်ဆိုတော့
ဂျူးတွေကို ဖိနှိပ်ခွဲခြားတယ်။ ဒါကြောင့် ဂျာမနီက ဂျူးလူမျိုးတွေဖြစ်
ကြတဲ့ ဖရန့်ခ်မိသားစုက နယ်သာလန်ကိုပြောင်းလာကြတယ်။ အိမ်
ထောင်ဦးစီးဖြစ်တဲ့ အော့တိုဖရန့်ခ်ရဲ့ အော်ပတ်တာကုမ္မဏီမှာ မိပ်
အလုပ်ရတယ်။
အဲ့အချိန်တုန်းက နယ်သာလန်နိုင်ငံက ကြားနေနိုင်ငံ။ ဂျာမနီက ဟစ်
တလာကတော့ ပြင်သစ်ကိုသိမ်းဖို့ စိုင်းပြင်းနေတာ။ ပြင်သစ်ရဲ့ အရှေ့
ဘက်နယ်နိမိတ်ကို ကာထားတဲ့ မက်ဂျီနိုလိုင်းဆီ ရောက်ဖို့ဆို နယ်သာ
လန်ကို ဖြတ်ကိုဖြတ်ရမယ်။ ကြားနေဆိုပေမဲ့ ပြင်သစ်သာ စစ်ကြေညာ
ရင် ဂျာမနီက နယ်သာလန်ကို ဝင်မှာပဲ။ မိပ်ကတော့ ကြားနေနိုင်ငံမို့
မဝင်လောက်ဘူးပဲထင်ခဲ့တာ။ ဝင်ရင်လည်းတိုက်မယ်ပေါ့လေ။ ဒါပေမဲ့
(၁၉၄၀)ခုနှစ်မှာ နယ်သာလန်ကို ဂျာမနီဝင်တော့ ၅ရက်ပဲခုခံလိုက်ရ
သေး၊ မေလ(၁၅)ရက်နေ့မှာ နယ်သာလန်ကျတယ်။ နယ်သာလန်ဘုရင်
မကြီးက လန်ဒန်ကိုထွက်ပြေးရပြီး နယ်သာလန်(ဟိုလန်)က ဂျူးလူမျိုး
တွေပါ အဖိနှိပ်ခံရတယ်။ ပုန်းအောင်းသူရော လက်ခံသူကိုပါ ထောင်ချ၊
သေဒဏ်ပေးနေကြတဲ့ခေတ်။
နယ်သာလန်မှာ ပိတ်မိသွားတဲ့ ဂျူးလူမျိုး ဖရန့်ခ်မိသားစုကို မိပ် ပစ်မ
ထားရက်။ အခက်အခဲအတားအဆီးကြားထဲကနေ ရအောင်ဖွက်တယ်။
အဲ့တုန်းက နာဇီလက်ထဲကနေ ဂျူးလူမျိုးတွေကို ကယ်ခဲ့တဲ့သူတွေအ
များကြီးရှိတယ်။ မိပ်က အဲဒီသူတွေထဲတစ်ယောက်။ ဖြစ်ရပ်မှန်ကို အခြေ
ခံပြီး ရိုက်ကူးထားတဲ့စီးရီးမို့ ဇာတ်သိမ်းမတိုင်ခင် ဂူးဂဲကို ပြေးပြီးသမိုင်း
သွားဖတ်ရင်တော့ စပွိုင်းမိသွားမှာဖြစ်ကြောင်း ကြိုတင်အသိပေးပါရစေ။
IMDb rating 8.4/10 နဲ့ Rotten Tomatoes 100%ထိ ရရှိထားတဲ့စီးရီးမို့
ကြည့်ရတာနောင်တမရစေမယ့် စီးရီးမျိုးပါ။ အပိုအလိုမရှိတဲ့ဇာတ်ကွက်
တွေနဲ့အတူ ဇာတ်ကောင်တစ်ကောင်ချင်းစီတိုင်းကို သံယောဇဉ်တွယ်
လာပြီး စီးရီးအစကနေအဆုံး ချို၊ချဉ်၊ဖန်၊ခါး ရသမျိုးစုံကို လေးလေးပင်ပင်
ပျစ်ပျစ်နှစ်နှစ် ခံစားရမှာပါ။
ဒီစီးရီးထဲမှာဆိုရင် ဒုတိယကမ္ဘာစစ်ကာလ အပြင်အဆင်တွေ၊ လူနေမှု
ပုံစံတွေ၊ ဝတ်စားဆင်ယင်မှုတွေအပြင် ဂျူးတွေဘယ်လိုဖိနှိပ်ခံရကြောင်းနဲ့
အဲဒီခေတ်ရဲ့သမိုင်းကြောင်းတွေကိုပါ တဝကြီး ကြည့်ရှုနိုင်မှာဖြစ်ပါတယ်။
ဒီစီးရီးထဲမှာ မျောပါရင်း ဒုတိယကမ္ဘာစစ်ကာလကို အချိန်ခရီးသွားကြည့်
ကြရအောင်ဗျာ။
(ဒီစီးရီးရဲ့ အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Ngwe Zin ဖြစ်ပါတယ်။)
File Size………….(300 MB) / (800 MB)
Quality……………WEB-DL 720p / 1080p
Duration…………50Min(@Episode)
Subtitle…………..Myanmar Hardsub
Format……………MP4
Genre……………..Biography, Drama, History
Translator……….Ngwe Zin
Encoder…………..SWM
720P (250 Mb)
———————————–
Episode(1) – Yoteshin / Megaup / MegaNZ / Streamsb / Usersdrive / Streamvid
Episode(2) – Yoteshin / Megaup / MegaNZ / Streamsb / Usersdrive / Streamvid
Episode(3) – Yoteshin / Megaup / MegaNZ / Streamsb / Usersdrive / Streamvid
Episode(4) – Yoteshin / Megaup / MegaNZ / Streamsb / Usersdrive / Streamvid
Episode(5) – Yoteshin / Megaup / MegaNZ / Streamsb / Usersdrive / Streamvid
Episode(6) – Yoteshin / Megaup / MegaNZ / Streamsb / Usersdrive / Streamvid
Episode(7) – Yoteshin / Megaup / MegaNZ / Streamsb / Usersdrive / Streamvid
Episode(8) – Yoteshin / Megaup / MegaNZ / Streamsb / Usersdrive / Streamvid – END
1080P (650 MB)
———————————–
Episode(1) – Yoteshin / Megaup / MegaNZ / Streamsb / Usersdrive / Streamvid
Episode(2) – Yoteshin / Megaup / MegaNZ / Streamsb / Usersdrive / Streamvid
Episode(3) – Yoteshin / Megaup / MegaNZ / Streamsb / Usersdrive / Streamvid
Episode(4) – Yoteshin / Megaup / MegaNZ / Streamsb / Usersdrive / Streamvid
Episode(5) – Yoteshin / Megaup / MegaNZ / Streamsb / Usersdrive / Streamvid
Episode(6) – Yoteshin / Megaup / MegaNZ / Streamsb / Usersdrive / Streamvid
Episode(7) – Yoteshin / Megaup / MegaNZ / Streamsb / Usersdrive / Streamvid
Episode(8) – Yoteshin / Megaup / MegaNZ / Streamsb / Usersdrive / Streamvid – END
Yoteshin Linkကို Web Browserမှ ဒေါင်းမည့်သူများ ဒီလင့်မှာ login အရင်ဝင်ထားပေးဖို့လိုအပ်ပါတယ်။