Angel’s Last Mission: Love (2019)[စ/ဆုံး]
CM Fan တွေ အတွက် အသစ်ထွက်
ကိုရီးယား ဒရာမာ စီးရီးလေး တစ်ခုနဲ့
မိတ်ဆက်ပေးချင်ပါတယ်…
ရယ်လဲ ရယ်ရတယ် ချစ်ဖို့လဲ ကောင်းတဲ့
ဇတ်လမ်းမျိုးပါပဲ နာမည်ကတော့ Angel’s Last Mission : Love ပါတဲ့
ဒန် ဆိုတဲ့ နတ်သားလေးဟာ လူ့ပြည်မှာ ခွေးလေး ကြောင်လေးတွေ
သေရင် နတ်ပြည်ကို ပို့ဆောင်ပေးရတဲ့ တာဝန်ကို ထမ်းဆောင်နေတာပါ
သူ့ တာဝန် အရ လစ်မစ် ပြည့်ခဲ့ရင် အထက်နန်း ဘုံဆောင်ကို ၀င်ခွင့်ရမှာပါ
နတ်သား စစ်စစ် မဖြစ်ခင် ထမ်းဆောင်ရမယ့် တာဝန်တွေကိုတော့
တိတိ ကျကျ ထမ်းဆောင်ရပါတယ် လူသားတွေ ကို မထိရပါဘူး
မကူညီရသလို နှောက်ယှက်လို့လဲ မရပါဘူး…
ဒါပေမဲ့ တစ်ရက်မှာတော့ ကားမှောက်ပြီး သေမလိုဖြစ်နေတဲ့
ကောင်မလေး တစ်ယောက်ကို နတ်သားဒန် ကယ်ခဲ့မိတယ်..
လူသား နဲ့ ထိတွေ့မိလို့ နတ်သား ဘ၀ ကရော ဖြစ်တည်မှုကပါ
ကွယ်ပျောက်မလို ဖြစ်ခဲ့ပေမဲ့ သူကယ်ခဲ့ဖူးတဲ့ သတ္တ၀ါလေးတွေက
ဘုရားသခင်ဆီမှာ ၀ိုင်းဆုတောင်းပေးလို့ ပြစ်ဒဏ် တစ်ရပ်အနေနဲ့
နတ်သားဒဏ်ကို လူသား အဖြစ် ရက်ပေါင်း (၁၀၀ ) ထမ်းဆောင်ရမယ့်
တာဝန် အသစ်တစ်ခုကို ပေးခဲ့ပြန်ပါတယ်….
ဒီ ရက်ပေါင်း တစ်ရာ အတွင်းမှာ နတ်သားဒဏ်အနေနဲ့
မာန ကြီးပြီး ဘ၀င်မြင့်တဲ့ ချစ်တက်တဲ့စိတ်ဓါတ်မရှိသူ
မိန်းကလေး တစ်ယောက်ကို ချစ်တက်လာအောင်
အနားမှာနေပြီး တာဝန်ထမ်းဆောင်ရမှာဖြစ်ပါတယ်
အဲ့ဒီ မိန်းကလေးက ဘယ်သူလဲ နတ်သားဒန်ကရော
တာဝန်ကျေကျေ ရက်ပေါင်း ၁၀၀ ထမ်းဆောင်နိုင်မှာလား
ဆိုတာကို JJ က ဘာသာ ပြန်ပေးထားလို့
ဆက်လက်ကြည့်ရှုလိုက်ကြပါ…
Translated by Htet Nandar Aung & Hay Thar Oo
Download Now
===========
CM Links