Channel Myanmar

Another Me (2019)

七月与安生

1 Seasons 53 Episodes
Returning Series

Another Me (2019)

no data

General information

Original name七月与安生



Backdrops

Another Me (2019)

Synopsis of Another Me (2019)

mmbusticket

 

 

 

“Another Me” (2019 Chinese Drama Series)
===========================

“Another Me” ဆိုတာနဲ့ နာမည်လေးဖတ်ပြီးတော့ ရင်ထဲတစ်မျိုးလေး ထင်သွားကောင်း ထင်သွားနိုင်ပါတယ်နော်။

ပရိတ်သတ်တို့လည်း ဘဝတစ်ကွေ့မှာ ကိုယ့်ရဲ့ကိုယ်ပွားလေးလို အမွှာလေးလို ဖြူစင်တဲ့သံယောဇဉ်တွေနဲ့ ချစ်ရခင်ရတွယ်တာရတဲ့ သူငယ်ချင်းတစ်ယောက်တော့ ရဖူးကောင်း ရဖူးကြမှာပါ။

ဇာတ်လမ်းလေးကို အစဖွင့်ရမယ်ဆိုရင် …

အန်းရှန်လို့ခေါ်တဲ့ အထက်တန်းကျောင်းသူလေးက ၃နှစ်အရွယ်ထဲက ဖခင်ရဲ့စွန့်ပစ်မှုကို ခံခဲ့ရပါတယ်။ မိခင်ဖြစ်သူကလည်း အဝေးမှာအလုပ်ကြိုးစားပြီးတော့ အန်းရှန်ဆီကို တစ်ခါတစ်လေမှ အလည်လာခဲ့တယ်။ မိဘမေတ္တာကို ငတ်မွတ်နေတဲ့ အန်းရှန် တစ်ယောက် ကျောင်းပြေး အတန်းနောက်ကျ ရန်ဖြစ် စတဲ့မကောင်းတာမှန်သမျှ အကုန်လုပ်ပါတယ်။ အန်းရှန်တစ်ယောက် ဒီလိုဆိုးသွမ်းနေရင်းနဲ့မှ သူကိုယ်တိုင်နဲ့ မတူခြားနားတဲ့ ကျောင်းသူလေးနဲ့ မထင်မှတ်ပဲ ရင်းနီးသွားခဲ့ကြတယ်။ အန်းရှန်ရဲ့ သူငယ်ချင်းအသစ်လေး ချီယွဲ့က တကယ်တော့ အဆိုးဆုံးကျောင်းသူလေး အန်းရှန်ကို အစတည်းကသိနေခဲ့တာလေ။ အန်းရှန်ကျောင်းမှာ ပြဿနာရှာတာတွေကို ချီယွဲ့က အိမ်ရောက်တိုင်း မိသားစုထမင်းဝိုင်းမှာ ပြန်ပြောပြနေကျပါ။ အန်းရှန်က ကျောင်းမှာဆိုးသလောက် ချီယွဲ့က အဆင့် ၁ ကနေ ၁၀ အတွင်းဝင်နေကျကျောင်းသူ ဖြစ်ပါတယ်။ ဆိုပေမဲ့ချီယွဲ့နဲ့ပေါင်းမိပြီးတော့ အန်းရှန် တဖြေးဖြေးနဲ့လိမ္မာလာတယ်။ အန်းရှန်က အမေဖြစ်သူရဲ့ မေတ္တာကို မရခဲ့ပေမဲ့ ချီယွဲ့မှာတော့ နွေးထွေးတဲ့မိသားစုလေးရှိပါတယ်။ တစ်နေ့တော့အန်းရှန်က အမေဖြစ်သူပြန်လာအောင်လို့ ကျောင်းထုတ်ခံရမဲ့ အခြေအနေရောက်အောင် လုပ်တတ်တာကို ချီယွဲ့နဲ့ အန်းရှန်အမေ သိသွားခဲ့ပါတယ်။ အန်းရှန်လိုချင်ခဲ့တဲ့ မေတ္တာတွေကို မပေးနိုင်တဲ့ မိခင်ဖြစ်သူမှာလည်း အန်းရှန်အနားက ထပ်ပြီးထွက်သွားပြန်တယ်။ အဲဒီလိုနဲ့ အန်းရှန်အတွက် ချီယွဲ့က အားပေးဖော် ရင်ဖွင့်ဖော် စာကျက်ဖော် အမြဲတပူးတတွဲ သူငယ်ချင်းအရင်းတွေ ဖြစ်လာခဲ့တယ်။ အချင်းချင်း ကူညီရိုင်းပင်းရင်းနဲ့ နေလာခဲ့ကြတာ သံယောဇဉ်တွေတွယ်လာကြတယ်။ အန်းရှန်က ချီယွဲ့ဆီက “အနားမှာအမြဲတမ်း ရှိနေပေးပြီး ဘယ်တော့မှ ထားမသွားဘူး” ဆိုတဲ့ကတိကိုရခဲ့ပါတယ်။

သူပျော်ရင် ကိုယ်လည်းပျော် သူဝမ်းနည်းရင် ကိုယ်လည်းဝမ်းနည်းတဲ့ အမွှာတွေလို ကိုယ်ပွားလေးလို စိတ်တူကိုယ်တူဖြစ်လာကြတဲ့ သူငယ်ချင်းနှစ်ယောက်ကို ကံကြမ္မာက မျက်နှာသာမပေးခဲ့ပါဘူး။

ချီယွဲ့က ကောင်လေးတစ်ယောက်ကို စိတ်ဝင်စားမိနေမှန်း သိသွားတဲ့အန်းရှန်က အဲဒီကောင်လေးအကြောင်းတွေ စတင်စုံစမ်းပါတော့တယ်။ အဲဒီလိုနဲ့ စူးကျားမင်လို့ အမည်ရတဲ့ ကျောင်းသားလေးက သူတို့ရဲ့ဘဝထဲ ဝင်ရောက်လာခဲ့တယ်။ စူးကျားမင်က အန်းရှန် ချီယွဲ့ တို့နဲ့ ခင်မင်ရင်းနီးသွားတာပေါ့နော်။ ကံကြမ္မာက ဘယ်လောက်ထိ ဆန်းကျယ်ခဲ့သလဲဆိုရင် အန်းရှန်ကလည်း စူးကျားမင်ကို သဘောကျမိသွားပါတယ်။ တစ်နေ့တော့ အန်းရှန်က စူးကျားမင်ဟာ မိမိကိုသူငယ်ချင်းအဖြစ်နဲ့ပဲ သတ်မှတ်မှန်း သိလိုက်ရတယ်။ ရှေ့ဆက်မတိုးဖို့ ဆုံးဖြတ်ပြီး ချီယွဲ့နဲ့ စူးကျားမင်ရဲ့ ဝေးရာကိုထွက်သွားတယ်။
သိပ်ချစ်ကြတဲ့ သူငယ်ချင်းနှစ်ယောက်ဟာ သုံးပွင့်ဆိုင် အချစ်ဇာတ်လမ်းရဲ့ ဇာတ်လိုက်တွေ ဖြစ်လာခဲ့တာမို့ စိတ်သဘောထားခံယူချက်တွေ ပြောင်းလဲသွားခဲ့ကြတယ်။
အချစ်နဲ့ သူငယ်ချင်းသံယောဇဉ်ဆိုတဲ့ မျဉ်းပြိုင်နှစ်ခုကြားမှာ လွန်ဆွဲနေတဲ့ သူတို့နှစ်ဦး နောက်ဆုံးမှာ ဘယ်သူက အချစ်ကိုရွေးချယ်ပြီးတော့ ဘယ်သူက သူငယ်ချင်းသံယောဇဉ်ကိုငဲ့ကြည့်မှာလဲ။ နှစ်ယောက်လုံးက အချစ်ကိုသာကိုးကွယ်ကြမှာလား ??

“Another Me” ဇာတ်လမ်းတွဲဟာ နာမည်ကျော်စာရေးဆရာ Anni Baobei ရဲ့ “Soul Mate” အမည်ရတဲ့ web-based series ဖြစ်ပါတယ်။

2016 မှာ ထွက်ရှိထားတဲ့ “Soul Mate” ရုပ်ရှင်ရဲ့ remake version ဆိုရင်လည်း မမှားပါဘူး။ movie ကြည့်ဖူးတဲ့သူတွေကတော့ ဒီလိုဇာတ်လမ်းကောင်း တစ်ပုဒ်ရဲ့ အနှစ်သာရကို ခံစားဖူးကြမှာပါနော်။

(အညွှန်းရေးသားထာသူကတော့ Nway Htwe Aung ဖြစ်ပါတယ်)

Drama: Another Me
Native Title: 七月与安生
Episodes: 53
Aired: Jul 22, 2019
Aired On: Monday, Tuesday, Wednesday, Thursday
Network: Hunan TV, iQiyi, iQiyi
Duration: 45 min

 


File size : ( 400 MB )
Quality : 720p-HDTV
Format : mp4
Subtitle : Myanmar Subtitle (Hardsub)
Translated by Nway Htwe Aung & Minnie Hanna
Encoded by Naing Aung Latt

 

Episode (1)
GDrive / Openload / Megaup / SolidDrive

Episode (2)
GDrive / Openload / Megaup / SolidDrive

Episode (3)
GDrive / Openload / Megaup / SolidDrive

Episode (4)
GDrive / Openload / Megaup / SolidDrive

Episode (5)
GDrive / Openload / Megaup / SolidDrive

Episode (6)
GDrive / Openload / Megaup / SolidDrive

Episode (7)
GDrive / Openload / Megaup / SolidDrive

Episode (8)
GDrive / Openload / Megaup / SolidDrive

Episode (9)
GDrive / Openload / Megaup / SolidDrive

Episode (10)
GDrive / Openload / Megaup / SolidDrive

ဆက်ရန်…

ဒီကြားထဲကြာနေတာ တောင်းပန်ပါတယ်နော်…ဆက်တင်ပေးနေပါတယ် အားပေးကြလို့ကျေးဇူးပါ

Airs On
Release Year
Firt air date
Last air date2019-07-24
TypeScripted
Episode runtime45 min
Popularity2.744
TV StatusReturning Series

Videos

No data available

Comments