Arrow Season 7 ပြန်စပါပြီ…
Season 6 အစပိုင်းတလျောက်လုံး စိတ်ပျက်လာခဲ့သမျှကို
Season 6 နောက်ဆုံးပိုင်းတွေမှာတော့ ပြန်လည်ဆယ်ယူသွားခဲ့သလို
အခု Season 7 မှာ ပြန်ပြီးတော့ကြည့်လို့ကောင်းမလားဆိုတာ
စောင့်ကြည့်ရမှာပါ….
အစပိုင်းကိုပြောရရင်တော့ အိုလီဗာကွင်းထောင်ကျသွားတဲ့အပိုင်းကစပြီးပြောရမှာပါ…
ပြီးခဲ့တဲ စီဆင်တုန်းက သူ့အဖွဲ့ကိုလွှတ်ပေးလိုက်ပြီးတော့
သူတစ်ယောက်တည်းပဲ အပြစ်တွေစုခံခဲ့တဲ့ အဲရိုးတစ်ယောက်
ထောင်ထဲမှာ ၅လလောက်ရှိနေခဲ့ပါပြီ…
ကြောင်မရှိကြွက်ထဆိုသလို စတားစီးတီးမှာ အဲရိုးမရှိတော့တဲ့နောက်ပိုင်း
ရာဇဝတ်မှု့တွေကို မနိုင်တော့သလို အကြမ်းဖက်မှု့တွေကလည်းများလာပါတယ်..
အဲရိုးအဖွဲ့လည်း ပြိုကွဲသွားခဲ့ပြီး ကိုယ့်ဘဝကိုယ်ကြိုးစားရပ်တည်နေကြရပါတယ်..
အဲအချိန်မှာပဲ စိတ်ဝင်စားမှု့တစ်ခုအနေနဲ့ကတော့
နောက်ထပ်အဲရိုးအသစ်တစ်ယောက်ပေါ်လာတာပါပဲ…
သူဟာ ဘယ်သူလဲ…. ဘယ်လိုအကြောင်းနဲ့ပေါ်လာတာလဲဆိုတာကတော့
အဲရိုးဖန်တိုင်း စဉ်းစားတတ်ကြမှာပါ….
ကျွန်တော်ကတော့ စဉ်းစားဆဲပါပဲ….
ဘာပဲဖြစ်ဖြစ် အဲရိုး ဒီစီဆင်မှာတော့ အစပိုင်းမှာစိတ်ဝင်စားစရာတွေနဲ့ပြည့်နေပြီးတော့
ဒီအက်စ် ပြန်ပေါ်လာတာကိုလည်း မြင်ရမှာဖြစ်ပါတယ်…
နောက်ပိုင်းတွေကိုတော့ တစ်ပတ်တစ်ခါစောင့်ကြည့်လိုက်ရအောင်လား…
Translator ….. Aye Mon Kyaw
Encoder ….. Moe Myint Lwin
Yoteshin Linkကို Web Browserမှ ဒေါင်းမည့်သူများ ဒီလင့်မှာ login အရင်ဝင်ထားပေးဖို့လိုအပ်ပါတယ်။